book

Index 8

အပိုင်း(၈)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးလေးက ပြတင်းပေါက်ကိုကျော်ကာ မာန်ရဲ့ မှိတ်ထားသောမျက်လုံးပေါ်သို့ကျရောက်လာသည်။အိပ်ပျော်နေသော မာန် မျက်လုံးဖွင့်ကာနိုးလာခဲ့သည်။

"ဟမ် ကလေးမ ငါရင်ခွင်ထဲတိုးဝင်ပြီးအိပ်နေပါလား။ခါးကိုလည်းဖက်ထားတယ် ။ငါကလည်းသူ့ကိုပြန်ဖက်ထားတာပဲ။အဲဒါကြောင့် အိပ်ရတာကောင်းတဲ့လိုခံစားနေရတာကို့။နေပါအုံး ဘာလို့ငါကပြုံးနေရတာလဲ။ဒါကြည်နူးတာလား နှိုငျးမာနျဖွိုး အသိစိတ်ဝင်စမ်း အဲဒီလိုခံစားချက်ကို ငါမကြိုက်ဘူးနော် သတိထားစမ်းပါ တီတိုးရေးရွတ်ပြီး အိပ်ယာမှာထကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။

မာန် ရေချိုးခန်းက ထွက်လာတဲ့အထိ ငြိမ်းက မထသေးပါ။

"ဒီကလေးမ မထသေးပါလား။တီတီကြီးတို့က ကလေးမကိုကြည့်ရတာမဟုတ်ဘူး"

"ဟေ့ ဟေ့ ကလေးမ ထတော့"

"ဟုတ်..ဟုတ် ငြိမ်း ထပြီး"

"ပါးစပ်ကပဲထမနေနဲ့ မျက်လုံးဖွင့်အုံး"

"ဟုတ်ကဲ့ပါ ဉီးမာန်ကလည်း ပြောပြီး မျက်လုံဖွင့်တော့

"အားး.ဉီးမာန် ဘာလိုဒီလိုပုံစံဖြစ်နေရတာလဲ"

"ငါ ရေချိုးထားတာက ဒါကြောင့်ဒီလိုပုစံဖြစ်နေတာပေါ့"

"ဉီးမာန် မိန်းကလေးတစ်ယောက်အရှေ့မှာ ဒီလို့မနေသင့်ဘူးလေး"

"နေပါအုံး မိန်းကလေးဆိုတာ ကလေးမ ကိုပြောတာလား"

"ငြိမ်း မဟုတ်လို့ဘယ်သူဖြစ်ရမှလဲ"

"အဟွန့် ငါက ကလေးမရဲ့ယောကျာ်းနော် လင်မယားပဲဖြစ်နေပြီးကို့ အရှက်သည်းပြနေတဲ့ ပိတ်ထားတဲ့မျက်လုံးကိုဖွင့်ပြီး ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်အုံး"

"ဉီးမာန် အဝတ်စားအရင်လှဲ ပြီးမှမျက်လုံးဖွင့်မယ်"

မာန် အဖြစ်သည်းနေတဲ့ ကလေးမကိုစချင်လာပါတယ်။

"ကလေးမ ကငါရဲ့ရင်အုံကျယ်ကျယ်ကိုမြင်ပြီး ရင်ခုန်သွားတာလား"

"ဖြစ်ရမယ် အားကြီးကြီး ဉီးမာန် ဘာသာအရှက်မရှိ မိန်းမကလေးတစ်ယောက်အရှေ့မှာ တစ်ပတ်တစ်ထည်ကို ခါးမှာဝတ်ပြီး အနေထိုင်ပက်စက်တာကို့ ဘယ်မိန်းကလေးက ကြည်ရဲမှလဲ"

"ဘယ်မိန်းကလေးကမှမကြည့်ရဲရင်တောင် ကလေးမကတော့ ကြည့်ရဲရမယ်လေး"

"ဘာကြောင့်လဲ ဉီးမာန် အရှက်မရှိတိုင်း ငြိမ်းက အရှက်မဲ့ရမှာလား"

"တော်တော့ စကားဆက်မများချင်ဘူး အခု၈နာရီထိုးပြီးနော် ကလေးမ"

"ဟမ် ဟုတ်လား နောက်ကျနေပြီးပြောကာ ပျာတိပျာယာ ရေချိုးခန်ထဲဝင်ပြေးမယ်ပြင်တော့လည်း လမ်းတစ်ဝက်မှာခြေချော်ပြီး လှဲကျတော့

"အေမ့!!"

"ဟာ.ဒီကလေးမ တော့ ပြောပြီး မာန်ဆီးဖမ်းလိုက်တယ်။ငြိမ်းရဲ့ ကိုယ်လုံးလေးက ကျယ်ပြင်သော သူရင်ခွင်ထဲသို့ကျရောက်သွားတယ်။ ငြိမ်း မျက်နှာတစ်ခုလုံး ပန်းဆီရောင်သန်းသွားရပါသည်။ထို့နောက် သူရင်ခွင်မှာအတင်းရုန်းထွက်သည်။

"ဘာကြောင့်အတင်းရုန်းနေရတာလဲ"

"နောက်ကျနေလို့ ဉီးမာန်လည်း ဘာလိုမလွှတ်ပေးသေးတာလဲ"

"ထပ်ပြီးချော်လှဲမှာစိုးလို့ ကဲ့ သတိထား သွားနောက်တစ်ခါချော်လှဲရင် ငါရင်ခွင်ထဲမရောက်ပဲ သံမံတလင်းနဲ့မိတ်ဆွေဖြစ်သွားမယ် မိန်းကလေးဖြစ်ပြီး ပျာတိပျာယာနဲ့"

"မချော်လှဲစေရပါဘူး လွှတ် "ပြောကာ သူမရေချိုးခန်းထဲပြေးဝင်သွားပါသည်။မာန်ကတော့ သူမရဲ့ရှက်မျက်နှာလေးကိုမြင်ယောင်မိကာ ပြုံးနေလျက်ပါ။

"ဖြိုးရဲ့ ချွေးမကိုမတွေ့ပါလား"

"သမီးက အောက်မဆင်းလာသေးဘူး။အပေါ်မှာ သားကိုစောင့်နေလိုဖြစ်မယ်။လင်းမယားနှစ်ယောက်အတူတူဆင်းလာမယ်ထင်တယ် မမကြီး"

"မမကြီးတော့ ဖြိုးချွေးမကို သိပ်သဘောမကျဘူး။ဒီအချိန်ဆိုရင်သူ့က မနက်စာပြင်နေရမှာ"

"မမကြီးကလည်း သမီးကဒီနေ့ပဲနောက်ကျတာပါ။ပြီးတော့ အိမ်ထောင်ကျတာမကြာသေးတော့... "

"ဆက်ပြောလေး ဘာလိုရပ်လိုက်တာလဲ"

"အဲဒီစကားက အိမ်ထောင်ရှင်တွေပဲသိတာ မမကြီးတို့ကိုပြောရမှာအားနာတယ်"

"ငါလည်းသိပါတယ်အေး တစ်ညလုံးသူတို့နှစ်ယောက်ချစ်ခန်းဖွဲ့နေလို့ဖြစ်မယ်"

"အဟီး..မမကြီးကလည်း သိတာပဲလား"

"ငါတို့က အပျိုကြီးဆိုပေမဲ့ အကုန်သိပါတယ်အေ ဒါကြောင့်အိမ်ထောင်မပြုတာ ။ဒါနဲ့ သားမာန်ကို တကယ်သီးသန့်နေခိုင်းတော့မှာလား"

"ဟုတ်တယ် မမကြီး အဘိုးအဘွားတွေက သားအတွက်အမွှေပေးထားတဲ့ အိမ်ရှိတယ်လေး။အဲဒီမှာသွားနေကြမှာ အကုန်ပြင်ဆင်ပြီးပြီး"

"ဖြိုး ကတကယ်ခွဲနိုင်လို့လား သားမာန်ကို့"

"မခွဲနိုင်ပေမဲ့လည်း ခွဲရမှာပဲလေး သူ့အိမ်နဲ့သူ့အိမ်ထောင်ဖြစ်သင့်တာပေါ့"

"အေးပါ အေး မနက်စာစားဖို့ ကိုကိုကြီးကိုသွားခေါ်တော့မယ် ပြောကာထွက်သွားပါတယ်။

"တောက် မိငြိမ်း ဘာလိုမရောက်လာသေးတာလဲ။ကိုအောင် မနက်စာစားဖို့မပြင်ရသေးဘူး။ဒီကောင်မနော် ငါကိုအရမ်းစိတ်အနှောက်အယှက်ပေးတယ်။လာပါစေအုံး တွေ့မှာနာရင်းကိုအုပ်ပစ်မယ်။

"မိန်းမ မနက်စာဘာပြင်ထားလဲ ငါဗိုက်ဆာပြီး"

"အဟင်း..ဘာမှမပြင်ဆင်ရသေးဘူး ကိုအောင်"

"ဘာကွ အခုဘယ်အချိန်ရှိပြီးလဲ မနက်စားမပြင်ရသေးဘူးဆိုတော့ မင်းဘာလုပ်နေတာလဲ"

"အလှပြင်နေလို့ပါ"

"ဘာကွ အလှပြင်ရအောင် မင်းအရွယ်က ဆယ်ကျော်သက်လား။သမီးတောင် ယောကျာ်းရရင်အခုဆိုရင်မြေးချီနေရပြီး မင်းကိုယ်ကို့ပြန်ကြည့်အုံး မကျြနှာမှအရကွောငျးတှပေါာနပွေီး။ခေါငျးကဆံပငျလညျးဖွူနပွေီး။တောကျ အရေးမပါတာတွေလုပ်နေတယ်။ သွား ငါအတွက်စားစရာ တစ်ခုခုပြင်ခဲ့"

"ဟွန့်"

ဒေါ်မြင့်ဇူ ခြေစောင့်ကာ မီးဖိုချောင်ထဲဝင်သွားသည်။

ငြိမ်းတစ်ယောက် ဒေါ်ဒေါ်ဆီသွားဖို့ချောင်းနေပါတယ်။ဒါပေမဲ့ အိမ်ပြောင်းရမှာဆိုတော့ ဒီမှာလည်းအလုပ်ရှုပ်နေကြပါတယ်။

."သမီးဘာဖြစ်လိုလဲ မျက်နှာလည်းမကောင်းပါလား"

"ဒေါ်ဒေါ်ကို အိမ်ပြောင်းတဲ့အကြောင်းသွားပြောရမလား မာမီ"

"အဲဒါကြောင့် အခုလိုဖြစ်နေတာလား"

"ဟုတ်တယ်မာမီ"

"မာမီ ဖုန်းဆက်ပြီးပြောလိုက်ပါမယ် ဘာမှစိတ်ညစ်ခံမနေနဲ့ သမီး အိမ်အသစ်အတွက် ဘာတွေလိုသေးလဲ"

"ချက်ပြုတ်ဖို အိုးခွက်တစ်ချို့ ဉီးမာန်အဝတ်စားထည့်ဖိုဗီရိုတစ်လုံး အခန်းဆီးစ အိပ်ယာခုတင်..နောက်ပြီး"

"မာမီ အားလုံးပြင်ဆင်ပြီးပြီး သမီးအတွက်ကိုမေးနေတာ."

"သမီးက ဘာမှမလိုပါဘူး မာမီ။ဉီးမာန်အတွက်ဘာလိုလဲစဉ်းစာရခက်နေတာ"

"သားအတွက်လည်းမပူနဲ့ မာမီစီစဉ်ပြီးပြီး"

"အဟီး မာမီက အရမ်းတော်တာပဲ အကုန်လုံးပြင်ဆင်ပြီးနေပြီး"

"မာမီကအရမ်းတော်တယ်လေး အဟင်း သမီးကိုလည်း အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ပြောပြရအုံးမယ်။အဲဒါကနောက်မှပြောမှာ အခု သမီးလုပ်ရမှာက မာမီအတွက်ပုဝါတစ်ထည်လောက်သိုးမွှေးထိုးပေးပါနော်"

"ဟုတ်ကဲ့ မာမီ သမီးအခုပဲထိုးပေးပါမယ်ပြောကာ ဧည်ခန်းဘေးက စက်ချုပ်ခန်းထဲဝင်သွားပါတယ်။

"ဟူးး တော်သေးတယ် သိုးမွှေးထိုးခိုင်းပြီး အာရုံပြောင်းလိုက်လို့ မဟုတ်ရင် သူ့အဒေါ်ဆီသွားမှာ။သမီး အနားမှာမကောင်းကြံမဲ့သူတွေအများကြီးပါလား။အိမ်ကလုံးတင်အပျိုကြီးမမကတစ်ဖွဲ့၊ဟိုဘက်ကအမေကြမ်း သားမိကတစ်ဖွဲ့ ဟူးး..သူတို့နဲ့ဝေးရာကိုပို့လိုက်တာပဲကောင်းတယ်။ငါလည်း ဘုရားပန်းကပ်အုံးမှာ တစ်နေ့တစ်နေ့ ပူလောင်နေရတာ အေးချမ်းအောင် ဘုရားတရားလုပ်မှာ"

".ကလေးမ ကလေးမ.. ထတော့ ရောက်ပြီး"

"ဟုတ်လား ငြိမ်း အိပ်ပျော်သွားတယ်"

"ဟုတ်တယ် တစ်လမ်းလုံးအိပ်လာတာ မသိရင်ကာလနဂါးနဲ့အလောင်းအစားလုပ်ထားပြီး ပြိုင်အိပ်နေသလားထင်ရတယ်"

"ဉီးမာန်ကလည်း ငြိမ်းကိုပြောဖို့ချည်းပဲ"

"အမှန်တရားပြောတာပါ ကဲ့ ကဲ့ ဆင်းတော့ အိမ်သန့်ရှင်လည်းလုပ်စရာမလို့ဘူး။မာမီက အကုန်လုပ်ပေးပြီးသာမို့လို ည၈နာရီတော့ထိုးနေပြီး တစ်ခါတည်း ခြေလက်ဆေးပြီး အိပ်ရာတန်းဝင်ရမယ်။ဒီနေ့ဆေးရုံးမှာ လူနာတွေကအရမ်းများတော့ ပင်ပန်းတယ်ကွာ"

"ဉီးမာန် ကိုငြိမ်း နိပ်ပေးရမလား"

"ကောင်းတာပေါ့ နိပ်ပေးအုံးကွာ ဇက်ကြောတွေညောင်းနေတယ်"

"ဟုတ် နိပ်ပေးပါမယ်။အခုတော့အိမ်ထဲဝင်ကြစို့"

သူတို့နှစ်ယောက်ရဲ့အိပ်ခန်းလေးက အရမ်းကိုလှပပါသည်။နံရံကိုအပြာရောင်ဆေးသုတ်ပြီး သူတို့လင်းမယားမဂ်လာဆောင်ပုံအကြီးကြီးကိုချိတ်ထားပါသည်။အိပ်ရာခင်း၊ခေါင်းအုံးစွပ်၊ဖက်လုံးစွပ်ကအစအပြာရောင်လေးပါ။ခုတင်ဘေးကအလှပြင်မှန်တင်ခုံတစ်ခု၊ခုတင်ရဲ့ဘေးတစ်ဖက်မှာတော့ညထွန်းမီအိမ်အပြာလေးတစ်ခုနဲ့ ဉီးမာန်ရဲ့ဆေးစာအုပ်အထူကြီးထားရှိပါတယ်။ဒီအခန်းထဲကိုဝင်လိုက်တာနဲ့ ကောင်းကင်ပြာထဲရောက်သလိုခံစားမိစေမှာပါ။ငြိမ်းကတော့ အခန်းအပြင်အဆင်ကိုသဘောကျစွာကြည့်နေမိတယ်။

"ကလေးမ ငေးမနေနဲ့ ငါကိုလာနိပ်ပေးတော့"

"ဟုတ်ကဲ့ပါ ဉီးမာန် ပြောကာခုတင်ပေါ်တက်ပြီး သူကို့ဇက်ကြောဆွဲပေးတယ်။"

"ကလေးမ လက်ကပေါက်တယ်နော် အညောင်းကိုပြေလို ဉီးမာန်ရဲ့အဝတ်ဗီရီုအပေါ်ထပ်မှာ မီးခံသစ်သာရှိတယ် သော့ကတော့ကလေးမရဲ့အလှပြင်မှန်တင်ခုံပေါ်မှာတင်ထားတဲ့။တစ်ခုခုဝယ်စရာရှိရင်ယူသုံးပြီးတော့လက်ဝတ်လက်စားတစ်စုံယူဝတ်"

"ဟာ ဉီးမာန်ကလည်း ငြိမ်း မဝတ်ချင်ဘူးအိမ်မှာနေတာပဲကို့ ဝတ်စရာမလိုပါဘူး"

"အိမ်မှာနေပေမဲ့လည်းဝတ်ရမယ် တစ်ချို့မိန်းကလေးတွေလည်းဝတ်တာပဲ ငြင်းဖို့မကြံနဲ့တစ်စုံယူဝတ်"

"ဉီးမာန် ကလည်း ငြိမ်းမှမကြိုက်တာကို့"

"မသိဘူးကွာ ဝတ် ဒါပဲ စကားမများတော့နဲ့ သေနိပ်ပေး"

"ဟွန့် ကြီးနိုင်ငယ်ညှင်းကြီး"

"ဘာ.."


"ဘာမှမဟုတ်ဘူး နိပ်ပေးမယ်လို့ပြောတာ "

မာန်တစ်ယောက် ပြောင်လိမ်နေတဲ့ ကလေးမ ကြောင့်ပြုံးမိပါတယ်။ကလေးမ တကယ်အဖြူထည်လေးပါ။ မချစ်ပေမဲ့ ညီမလေးလို့ အပြည့်အဝကာကွယ်စောင့်ရှောက်မယ်လို့ အစကတည်းကဆုံးဖြတ်ချက်ချပြီးသာပါ။

"ဖြိုးပြောတာက ငြိမ်းတို့အိမ်ပြောင်းသွားပြီးပေါ့"

"ဟုတ်တယ် မမြင့်ဇူ သမီးလေးကလာနှုတ်ဆက်ချင်တာ ဒါပေမဲအလုပ်ရှုပ်နေတော့ ဖြိုး မလာခိုင်းတာပါ။

"အေးပေါ့ ဖြိုးရ အိမ်ပြောင်းတယ်ဆိုတော့အလုပ်ရှုပ်မှာပေါ့ မြင့်ဇူ နားလည်ပါတယ်။သူတို့လိပ်စာရော့"

"ဖြိုးတို့ အိမ်တက်ပွဲလုပ်အုံးမှာအဲဒီကျမှာအတူတူသွားရအောင် ။အခုတော့ချစ်စခင်စဇနီးမောင်နှံပျော်ပါစေအုံး"

"ဒါပေါ့ ဖြိုးရ ကိုအောင်အလုပ်ကပြင်လာရင်လည်း ပြောပြရမယ် အဟင်းး ဪ ဖြိုးကိုတောင်ဘာမှဧည့်မခံရသေးဘူး"

"ရတယ် ဘာမှလုပ်မနေနဲ့ မမြင့်ဇူ ဒါနဲ့မြတ်နိုး ခရီးထွက်တာ ပြန်မလာသေးဘူးလား"

"နောက်နှစ်ရက်နေ ပြန်လာမယ် အဟင်းး သမီးလေးကအရမ်းတော်တာ သားရှင်တော်တော့များများက မမြင့်ဇူကိုနားဖောကျနတော သမီးကစိတ်မဝင်စားလို့ ဖြိုးရေ တစ်ချို့လူတွေကျတော့လည်း စိန်ကိုတန်ဖိုးထားရမှန်းမသိပဲ ရှေကို ရွှေးချယ်ကြတဲ့လူတွေလည်းရှိတယ် ဖြိုးရေ"

"ဒါငါကိုစောင်းပြောတာ သူ့သမီးကိုမရွှေးဘဲ ငြိမ်းကိုရွှေးလို့ မမြင့်ဇူရေ ဖြိုးတို့ကလည်းပြန်ပြောတတ်ပါတွေးရင် မျက်နှာကပြုံးပြုံးလေးထားက

"စိန်ကစျေကြီးပေမဲ့လူတိုင်းမဝတ်နိုင်ဘူးလေး။ဒါပေမဲ့စိန်ရှိတဲ့လူတွေကတော့ စိန်ကိုပိုပြီးလှပအောင်ရွှေနဲ့ကွပ်ကြတယ်။အဲဒါကြောင့်လှပအောင်ပုံဖော်ပေးတဲ့ရွှေကိုရွေးတာဖြစ်မှာပါ.ပြန်လည်ချေပလိုက်ပါတယ်။

နောက်နေ့ဆက်ရန်

ရေးသူ သွေးမိန့်



rate now: