တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
"အော့ အေ ငါကိုထပ်တိုက်ကြအုံး ငါမဝသေးဘူး"
"ဉီးမာန် အိမ်ရောက်နေပြီးလေး"
"ဟာ ချစ်ဇနီးလေး အေ့ ငါ..ဘာလို့ ဒီလောင်မူးနေရတာလဲ"
"အရက်သောက်ထားတာကို့ မူးမှာပေါ့ ဉီးမာန်ရ"
"အဟွန်းး ဟုတ်လား အေ့ မသိတော့ဘူး ချစ်ဇနီးလေးရာ ပြောကာ ငြိမ်းရဲ့မေးစေ့ကိုလက်နဲ့ကိုင်လိုက်တယ်"
"ဟာ ဉီးမာန် ငြိမ်ငြိမ်နေ အဝတ်စားလှဲပေးနေတယ်"
"လှဲစရာလို့လိုလား ကွာ ဒီအတိုင်းအိပ်လည်း ရတာကို့ "
"အရက်နံတွေမွန်းထူနေတာကို့ ဒီအတိုင်းအိပ်လို့ရမှလား "
"ဘာလဲ ကလေးက ငြိငြင်တာလား ကိုယ်ယောကျာ်းကို့"
"ငြိငြင်တာတော့မဟုတ်ပါဘူး ဒါပေမဲ့..
ဉီးမာန်တစ်ယောက် စကားကိုဆုံးအောင်ပြောခွင့်မပေးပဲ ငြိမ်းရဲ့ကိုယ်ကိုရင်ခွင်ထဲထည့်ပြီး ငြိမ်းရဲ့မျက်နှာလေးကို နေရာအနမ်းနမ်းရှိုက်နေပါသည်။ငြိမ်း ရုန်းသောလည်းမရပါ။နောက်ဆုံးသူခေါ်ဆောင်ရာ အိပ်မက်တစ်ခုကို ခံစားချက်ပေါင်းများစွာနဲ့လိုက်သွားရပါသည်။
ဝ"ါးး.အိပ်လို့ကောင်းလိုက်တာ ခေါင်းကလည်းနည်းနည်းကိုက်နေတဲ.။ညက ငါသောက်တာများသွားတယ်ထင်တယ်။ ဟင် ငါအဝတ်စားတွေဘာလိုမရှိတော့တာလည်း ကလေးမရော့ မတွေ့ပါလား။ငါအဝတ်စားတွေကို ငါမူးနေရင်ချွတ်လိုက်တာထင်တယ်။ဒါနဲ့ ဟိုကလေးမ ကဘယ်မှအိပ်တာလဲ"
"ဉီးမာန် နိုးပြီးလား"
"အင်း နိုးပြီးခေါင်းအရမ်းကိုက်နေတယ်"
"ဒီမှာကော်ဖီထဲကို သံပုရာရည်ညစ်ထဲထားပေးတဲ့ သောက်ကြည့်"
မာန် ကော်ဖီခွက်ကိုယူပြီး သောက်လိုက်တယ်။
"အင်းး ခေါငျးကွညျသှားပွီး။ဒါနဲ့ညက မင်းဘယ်မှာအိပ်တာလဲ"
"ဟမ် ဟို... ငြိမ်း..ငြိမ်း"
"ဘာလိုစကားကထစ်နေတာလဲ ကလေးမ"
"ဘာမှမဖြစ်ပါဘူး ငြိမ်း ကုတင်အောက်ကအိပ်တယ်လိုပြောမလို့"
"ဘာလို့ကုတင်အောက်မှာအိပ်တာလဲ"
"ဘာမှမဖြစ်ပါဘူး ကုတင်ပေါ်မှာ ဉီးမာန် လွတ်လပ်စွာအိပ်ရအောင်လို့ပါ"
"မဟုတ်တာကွာ နှိုင်းမာန်ဖြိုးရဲ့ဇနီးက ကုတင်အောက်မှာအိပ်ရတာလူကြားလို့မကောင်းပါဘူးကွာ။နောက်မအိပ်နဲ့ကြားလား"
"ဟုတ်ကဲ့ ဉီးမာန် မျက်နှာသစ်ပြီးအောက်ဆင်းခဲ့တော့ မာမီတို့စောင့်နေတဲ့"
"ရေချိုးအုံးမယ် ငါကိုအဝတ်စားထုတ်ထားပေး ကလေးမ"
"ဉီးမာန်အကြိုက် ငြိမ်း မသိဘူး"
"သိသိ မသိသိထုတ်ထားပေး နောက်ဆိုရင် ကိုယ်ယောကျာ်းဘာကြိုက်လဲဆိုတာလေ့လာထား"
"ဟုတ်ပါပြီး ရေသွားချိုးတော့"
"ဒီအတိုင်းသွားရမှာလား ငါမှာဘာအဝတ်စားမှမရှိဘူးနော်"
"မသွားနဲ့အုံး ငြိမ်းအဝတ်စားထုတ်ပြီးအပြင်ထွက်မှာသွား"
"ပြီးရော "
ငြိမ်း အမြန်အဝတ်စားထုတ်ကာ အောကျထပျကိုပွေးဆငျးခဲ့ပါတယျ။
ထမင်းဝိုင်းကလူစုံပြီး စည်ကာလှပါသည်။ အဒေါ်အပျိုကြီး ၃ယောက်ကတော့ ငြိမ်း ကိုမကြည့်ကြဘူးလေး ဒါကြောင့် အပြစ်မရှိအပြစ်ရှာရန် တီတီကြီး ကဟင်းရည်သောက်ပြီး
"ဟင်းရည်ကြီးကဘယ်လိုအရသာချည်းလဲ ပေါ့လိုက်တာ"
"ဟုတ်လား ပြောကာအန်တီလေးကထပ်သောက်ကြည့်ပါတယ်။
"အမှန်ပဲ ဟင်းရည်ကလည်းပေါ့လိုက်တာ ငြိမ်း ဘယ်လိုများချက်ထားတာလဲ"
"သမီးက တီတီကြီးတို့သွေးတိုးရှိတဲ့ပြောလို့ နည်းနည်းပေါ့ထားပေးတာပါ"
"အော် ငါတို့သွေးတိုးရှိပေမဲ့လည်း ဒီလိုမချက်သင့်ဘူးလေး"
"ရှင် "
"မမကြီးနဲ့ မမလေးရဲ့ သမီးက စေတနာနဲ့ချက်ထားပေးတာပါ။ဖြိုး သောက်ပြီးပြီးအရမ်းလည်းမပေါ့ပါဘူး"
"ဟုတ်တယ် တီလေး သမီးကတော့အရမ်းကြိုက်တယ် မမငြိမ်းလက်ရာက ကျန်းမာရေးနဲ့လည်းညီညွတ်တယ်။တစ်ခြားဟင်းတွေကလည်းစားကောင်းတယ်"
"မိရွှေ နင်ကဘာသိလို့ဝင်ပြောတာလည်း ဟင်းတောင်မချက်တတ်တာကို့ ကလေးကကလေးလိုနေ လူကြီးစကားပြောရင်ဝင်မရှုပ်နဲ့"
ရွှေဖြိုးမာန်လေး စိတ်မကောင်းဖြစ်ပြီးထမင်းကိုသာငုတ်စားနေပါတယ်။
"မမကြီးနဲ့မမလေးတုိ့ပေါ့ရင် ဖြိုးဆားပြန်ထည့်ပေးပါမယ်"
"ရတယ် ငါတို့မစားတော့ဘူး ဖြိုးအရမ်းချစ်တယ်ချွေးမ ချက်ထားတာ ဖြိုးပဲစားပါ"
"တီတီကြီး တီတီလေး ဘာတွေဖြစ်နေတာလဲ"
"သားမာန်ရေ ဟင်းရည်ပေါ့လို့ပြောနေတာ "
"ကလေးမ ချက်ထားတာလား"
"ဟုတ်တယ် သားမာန်ရဲ့"
"တီတီကြီးနဲ တီတီလေးက သွေးတိုးရှိတယ်လေး အပေါ့ပဲစားရမှာပေါ့ဗျာ။ကလေးမကို သားကအပေါ့ချက်ဖို့ပြောထားတာ။ သားရဲ့တီတီတွေကို ကျန်းမာရေး ကရုစိုက်ဖို့သေချာမှာထားတာလေး"
"အဲလို့လား သားမာန်စကားကိုနားထောင်ရမှာပေါ့ လေး ငါတို့မနက်စာစားရအောင်"
"ဟုတ် မမကြီး"
ထမင်းဝိုင်းလေးက ပြသာနာမဖြစ်တော့ပဲအေးချမ်းစွာ စားသောက်နေကြပါသည်။
"မေမေ အခြေနေဘယ်လိုလဲ"
"အခြေနေကတော့ မိငြိမ်းမက အေးဆေးနေတာပေါ့ ဒါပေမဲ့မပူပါနဲ့ သူရဲ့အိမ်ထောင်ရေးပြိုကွဲစေရမယ်"
"ဟုတ်တယ် မေမေ ပြိုကွဲအောင်လုပ်ကိုလုပ်ရမယ် သမီးလည်း ဖေဖေကြောင့်ခရီးထွက်လာရတာ မဟုတ်ရင်မဂ်လာပွဲကိုရအောင်တားတဲ့"
"မေမေလည်း တားတာပဲ သမီးအဖေကလက်ဉီးမှုရသွားတာကို့ "
"ဒီတစ်ခါတော့ သမီးတို့လက်ဉီးမှုအရယူကြမယ်"
"ဟုတ်တယ် အခုတော့ပျော်နေပါစေအုံး မကြာခင်ငိုကြွေးစေရမယ်"
"ဟုတ်တယ် မေမေ ဒါပဲနော် သမီးအလုပ်ရှိသေးလို့"
"အေး အေး သမီး ကျန်းမာရေးကရုစိုက် တာတာ့"
ဖုန်းကိုချပြီးတော့ ဒေါ်မြင့်ဇူ အလှပြင်နေသည်။သူမကအလှကြိုက်သူပါ။အိမ်အလုပ်လည်းဘာမှမလုပ်ပါ။ထမင်းဟင်းကိုတော့ ငြိမ်းက အစောကြီးလာချက်ပေးသွားလို့ချက်စရာမလိုဘူးလေး။ဒါတောင် ငြိမ်း အပေါ်မကောင်းမြင်တုန်း။
"မမကြီးနဲ့မမလေး ဟိုကောင်မကို ဘယ်လိုမကောင်းကြံကြမလဲ"
"အေးဟာ မြင့်ဇူက ငါကိုသေချာပြောသွားတာ ငြိမ်းက အကျင့်မကောင်းဘူးတဲ့။သူအိမ်မှာနေရင်အလုပ်လည်းမလုပ်ဘူးတဲ့။အခုလည်း ဖြိုးနဲ့ သားမာန်ကို ဘာတွေနဲ့ပြုစားထားလဲမသိဘူး"
"ဟုတ်တယ် မမကြီး ဖြိုးကသူချွေးမဘက်ကပဲနော် အပြောတောင်မခံဘူး"
"အပြောမဟုတ်ဘူး ဖြိုးကိုကြည့်ရတာ ငြိမ်းကို မျက်ထောင်နီနဲ့ကြည့်တာတောင်မကြိုက်ဘူးထင်တယ်"
"အေးဟာ ဖြိုးငါတို့ကိုအသိပေးတုန်းက ငါလည်းအရမ်းကန့်ကွက်တာပဲ။ ဒါပေမဲ့ သားမာန်ကိုယ်တိုင်သဘောတူတယ်ဆိုတော့ ငါဘာမှဝင်ပြောလို့မရဘူး"
"သားမာန်က ဘယ်လိုမြင်ပြီးကြိုက်သွားရတာလဲ ဘာပဲဖြစ်ဖြစ် ငြိမ်းကို ငါတို့ပညာပေးရမယ်။"
"ဟုတ်တယ်မမကြီး ငယ်တို့ငြိမ်းကို သားမာန်အနားကနေ အမြန်ဆုံးထွက်သွားအောင်မောင်းထုတ်ကြမယ်ပြောကာ အပျိုကြီးသုံးယောက်တိုင်ပင်ကြပါတယ်။
ငြိမ်းတစ်ယောက်မနားရပါ အလုပ်တွေကိုဆက်တိုက်လုပ်နေရတယ်။တီတီကြီး၊တီတီလေး၊တီတီငယ်တို့ခိုင်းတာကို့ စိတ်ရှည်စွာလုပ်ပေးရတာမလွယ်ပါ။
"ငြိမ်းရေ မမကြီးက ငြိမ်းသိုးမွေးထိုးတတ်တဲ့ပြောလို့ သူကိုလည်းဒီအဆင်လေးထိုးပေးပါတယ်။ဒီညဝတ်ချင်တဲ့လိုပြောတယ်။
"ဟုတ် ငြိမ်းလုပ်လိုက်ပါမယ်"
"ပြီးရင် ဒီအဝတ်တွေကိုချုပ်လိုက်အုံးနော် အသစ်ဝယ်ဖို့ကြတော့ ဒါတွေကအကောင်ကြီးလေး နည်းနည်းလေးပဲပြဲတာချုပ်မှာအဆင်ပြေမှာလေး"
"ဟုတ်ကဲ့တီလေး ငြိမ်း ချုပ်လိုက်ပါမယ်။
"ငြိမ်းရေ တီငယ် သံပုရာရည်လေးသောက်ချင်လို့ဖျော်ပေးပါကွယ် ကောင်မလေးဖျော်တာကိုမကြိုက်လို့"
"ဟုတ်ဖျော်လိုက်ပါမယ် တီငယ်"
"ငြိမ်းရေ တီလေး လက်ဖက်သုတ်စားချင်လို့ သုတ်ပေးပါအုံး"
"ဟုတ် တီငယ်"
ငြိမ်းတစ်ယောက် အိမ်ထောင်ကျမှာပိုပင်ပန်းနေရပါတယ်။ဒါကို ဖြိုးသိတော့ သားနဲ့သမီးကိုသီသန့်နေခိုင်းဖို့ဆုံဖြတ်လိုက်ပါတယ်။
ခမ်းနားထည်ဝါတဲ့ဧည်ခန်းထဲ အိမ်သားတွေအစုံရှိပါတယ်။ဧည့်ခန့်ရဲ့နံရံလေးက ဆေးအဖြူရောင်သုတ်ထားပါသည်။ဧည်ခန်းထဲတွင် တိုင်ကပ်တီဗီအကြီးကြီးတပ်ဆင်ကာ နံရံပေါ်တွင်လည်း မိသားစုပုံ ပန်းချီပုံလေးတွေကိုပါချိတ်ထားပါသည်။
"ကိုကိုကြီး အခုလိုလူစုံအောင်ခေါ်တာဘာပြောမလို့လဲ"
"ပွောစရာကတော့သိပျမရှိပါဘူး သားမာန်တို့ကိုအိမ်ခွဲနေခိုင်းမလို့ပါ။အဲဒါကို လူစုံမှာပြောချင်လို့"
"ဒီအိမ်ကအကျယ်ကြီးပါ ကိုကိုကြီး သားမာန်တို့နေလည်းရတာပဲကို့"
"ငါကတော့မနေခိုင်းချင်ဘူး ။အိမ်ထောင်ကျရင် ကိုယ်အိမ်နဲ့ကိုယ်ပဲကောင်းတယ်။နင်တို့၃ယောက်တောင်အိမ်ထောင်မကျလို အတူတူနေခိုင်းတာ။အိမ်ထောင်ကျရင် အတူတူမနေခိုင်းတော့ဘူး"
"ကိုကိုကြီးကလည်း သားမာန်ကိုညီမလေးတို့မခွဲနိုင်ဘူး"
"အကြီးမ မရှည်နဲ့ မခွဲနိုင်ရအောင်နိုင်ငံခြားအထိသွားခိုင်းတာလည်းမဟုတ်။တွေ့ချင်တယ်ပြောရင် အပြေးလေးသွားတွေ့လိုရတာကို အိုဗာတွေလုပ်မနေကြနဲ့ ဟိုနှစ်ယောက်လည်း ကန့်ကွက်မယ်မကြံနဲ့ ဒီအိမ်မှာငါအကြီးဆုံးပဲ။ သားတို့မနက်ဖြန်ပြောင်းဖို့ပြင်ဆင်ပါ။"
"ဟုတ်ကဲ့ ဒယ်ဒီ သားရဲ့အခန်းကိုတော့ဘာမှမလုပ်ပါနဲ့ သားတို့တစ်ပတ်တစ်ခါလာလည်ပါမယ်"
"ကောင်းတာပေါ့ သားရဲ့ မာမီတို့တစ်ပတ်တစ်ခါအတူတူနေကြမှာပေါ့။သမီးငြိမ်းနဲ့အတူဝိုင်းကူဖို့ ကောင်မလေးတစ်ယောက်ထဲပေးလိုက်မယ်"
"မဟုတ်တာ မာမီ သမီးအိမ်အလုပ်တွေကိုတစ်ယောက်ထဲလုပ်နိုင်ပါတယ်။"
"သားကဆေးရုံနဲ့ ဆေးခန်းပြေးနေရတာ အိမ်မှာသိပ်ရှိမှာမဟုတ်ဘူး သမီးတစ်ယောက်ထဲစိတ်မချပါဘူးကွယ်။ကောင်မလေးတစ်ယောက်အဖော်ထဲပေးမယ် မာမီစီမံတာကို မငြင်းရဘူး သမီး"
"ဟုတ်ကဲ့ မာမီ"
"ကဲ့ အကုန်လုံးသွားအိပ်ကြတော့ ပြောစရာရှိတာပြောပြီးပြီးပြောကာ ဉီးနှိုင်းမာန် သူမိန်းမကိုခေါ်ပြီး အပေါ်တက်ခဲ့ပါတယ်။
"ဉီးမာန် အဝတ်စားတွေထည့်ထားရမလား"
"မထည့်နဲ့ ကောင်မလေးတွေမနက်ကျရင်ထည့်လိမ့်မယ် အိပ်ချိန်ရောက်ပြီးလာအိပ်တော့"
"ဉီးမာန်နော်..."
"ဟာ ဘာလိုဒီလောက်လန့်နေရတာလဲ မနေ့ညက ငါတို့နှစ်ယောက်ကြားမှာတစ်ခုခုရှိခဲ့တဲ့ထင်တယ်"
"မရှိပါဘူး နော် ဉီးမာန်ဘာသာအိပ် ငြိမ်း လုပ်စရာရှိသေးတယ်"
"မင်းက ဘာလုပ်စရာရှိတာလဲ"
"ငြိမ်း..ငြိမ်းး"
"ငြိမ်း မနေနဲ့ လာအိပ် ဒီဖက်လုံးကိုငါတို့နှစ်ယောက်ကြားထဲထားမယ် ကလေးမကို ငါဘာမှမလုပ်ဖူးအေးဆေးအိပ် ငါလည်းအိပ်ချင်ပြီး။မီးပိတ်ပြီးခုတင်ပေါ်တက်ခဲ့။
"ဟုတ်..ဟုတ်ကဲ့ ဉီးမာန်"
"ငြိမ်း သူ့စကားကိုနားခံစွာ မီးပိတ်ပြီးခုတင်ပေါ်တက်ကာ အိပ်ပစ်လိုက်ပါသည်။တစ်နေ့ကုန်ပင်ပန်းထားတော့ ချက်ချင်းအိပ်ပျော်ပါသည်။
"တောက် ကိုကိုကြီးက ငါတို့အကြံအစည်ကိုဖျက်စီးပြန်ပြီး"
"ဟုတ်တယ် မမကြီးရေ ဒီနေ့တစ်နေ့လုံးပျော်နေတာတောင်ဘယ်ပျောက်သွားလဲမသိဘူး"
"ငယ်ရော့ ဒီနေ့ဟိုကောင်မလေး နားတောင်မနားရဘူး ငယ်တို့ခိုင်းတာကိုလုပ်ရတယ်။ဒီလိုမျိုးသာ တစ်ပတ်လောက်ခိုင်းကြည့် ချက်ချင်းအဲဒီကောင်မလေး အကြောင်းအမျိုးမျိုးရှာပြီးထွက်ပြေးမှာ။"
"ဟုတ်တယ် သားမာန်ကိုလည်း သူစိတ်ပျက်မှာအသေအချာပဲ။ပြီးတော့ သူတို့အိမ်ထောင်ရေးက သာယာမှုရှိမှမဟုတ်ဘူး"
"သေချာတာပေါ့ အဲလိုအချိန်မှာ ကောင်လေးတစ်ယောက်နဲ့ဟိုဟိုဒီဒီထွက်ကြည့် လုံးဝအကွဲ"
"စိတ်ကူးယဉ်မနေကြနဲ့ အိပ်ကြရအောင်ပြောကာအခန်းမီပိတ်ကာ အပျိုသုံးယောက်စိတ်မချမ်းသာစွာအိပ်စက်ကြပါသည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်