book

Index 6

အပိုင်း(၆)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

မဂ်လာစင်မြင့်ထက်ကိုရောက်ရှိနေသော သတို့သားရဲ့ရင်ခုန်သံက မဂ်လာ တီးလုံးနဲ့အညီခုန်နေပါတယ်။သတို့သားရဲ့ နဖူးမှာလေး ချွေးတွေထွက်နေပါသည်။စိတ်လုပ်ရှားခြင်းကြောင့်လား ဒါမှမဟုတ်ရာသီဉတုပူလို့လားတော့မသိပါ။

"မာန် နဖူးမှာချွေးထွက်နေပြီး သုတ်လိုက်အုံး"

"အေးပါကွာ ကျေးဇူး"

"အရမ်းကြီး စိတ်လှုပ်ရှားနေတာလား အဟင်း"

"ဇွဲ နော် ပူလို့ပါကွာ"

"ငါတောင်ချမ်းနေတာကို့ မဂ်လာခန်းမထဲမှာ အင်ယားကွန်းဖွင့်ထားတဲ့လေ"

"ဇွဲ စကားအရမ်းများတဲ့ တိတ်တိတ်နေ ဟိုမှာ သတိုသမီးလာနေပြီး"

မာန် ရဲ့သတိပေးမှုကြောင့် ဇွဲ စကားပြောရပ်သွားပါတယ်။

ငြိမ်း အတွက်ဒီနေ့လှမ်းတဲ့ခြေလမ်းတွေက အရမ်းနှေးလွန်ပါတယ်။သူမ ဝတ်ထားတဲ့ အပြာရောင်ပိုးသားလေ အရမ်းလှပနေပါတယ်။မျက်နှာကိုပြင်ထားတာကလည်း ကြည့်ကောင်းပါတယ်။နဂိုရှိလို နကိုင်းထွက်ဆိုသလိုပေါ့ အရမ်းကိုချစ်ဖို့ကောင်းနေပါတယ်။

"သတို့သမီးက အသက်ပြည့်ရဲ့လား ငယ်သေးတဲ့နော်"

"အေးဟာ ငယ်ငယ်လေး ငါသမီးသာဆိုရင်နှာမျော်ပြီး ယောကျာ်းမပေးစားဘူး"

"မဖြိုး တို့ကတော့ ရှာတက်ပါ။သူ့သားနဲ့လည်း လိုက်ဖက်တယ်"

"ဟုတ်တယ် တို့လူ နှိုင်းမာန်ဖြိုး ကလည်းခန့်ခန့်ချောချောကြီးလေး မိန်းကလေးလည်းချစ်စရာလေးနော်"

"အသက်က ၂၀ပြည့်ပြီးတဲ့ စင်မြင့်ပေါ်မှာသူ့ဉီးလေးနဲ့သူ့အဒေါ် မိဘမရှိတော့ဘူးတဲ့။သူဉီးလေးရဲ့ သမီးကအလုပ်ရှိလိုခရီးထွက်သွားတယ်တဲ့"

"သိလိုက်ချည်းလာ မမပွင့်"

"သိဆို ကိုယ်တွေက ဖြိုးရဲ့အိမ်ကိုဝင်ထွက်နေတာလေး"

"စကားတွေများ မနေနဲ့ ဘာတွေပြောလည်း နားထောင်ကြရအောင်"

"မဂ်လာသတို့သားနဲ့သတို့သမီး အိုအောင်မင်းအောင်ပေါင်းရပါစေ။တစ်ဉီးနဲ့တစ်ဉီးနားလည်မှုရှိကြပါစေ။သက်ဆုံးတိုင်ချစ်နိုင်ကြပါစေ။ဘာသာသာသနာလည်း ပြုလုပ်နိုင်ပါစေ။"

"ပေးတဲ့ဆုပြည့်စေဗျာ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့်"

"မဂ်လာဧည်ခံပွဲ အစားအစားများသုံးဆောင်နိုင်ပါပြီးဗျာ"

မဂ်လာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ဒီပွဲမှာမပျော်ရွှင်တဲ့လူ အသီးသီးရှိပါသည်။ထိုလူတွေကတော့ အဒေါ်အပျိုကြီးသုံးယောက်နဲ့ ဟိုသားမိနှစ်ယောက်ပါ။

ကဲ့ဒီလင်းဒီမယား အိုအောင်မင်းအောင်ပေါင်းရပါစေ။သမီးငြိမ်း သားမာန် အပေါ်မဆိုးရဘူးနော်။သားမာန်က သမီးရဲ့ခင်ပွန်းဖြစ်သွားပြီး။တစ်နည်းအားဖြစ် သမီးရဲ့ဘဝသက်တမ်းတစ်လျှောက်ဘေးနားမှာရှိနေမယ် အဖော်မွန်ပါ။လိမ်လိမ်မာမာနေနော်"

"ဟုတ္ကဲ့ ဉီးဉီး"

"မြင့်ဇူ တူမလေးကိုဆုပေးလိုက်အုံး"

"ကိုအောင် ပေးပြီးပြီး ကို့"

"မတူဘူးလေး ကွာ"

"မြင့်ဇူဆုကလည်း ကိုအောင်နဲ့အတူတူပါပဲ"

"အေးပါကွာ အေး"

"မာမီကတော့ သားနဲ့သမီးကို ဆုမပေးတော့ဘူး။မာမီလိုချင်တာပဲ တောင်းတော့မယ် ။သားနဲ့သမီး နောက်နှစ်မာမီမွေးနေ့အတွက် မြေးလေးတစ်ယောက်လောက်လက်ဆောင်ပေးပါနော်"

"မာမီ တောင်းစရာရှားလိုဗျာ ။ဒယ်ဒီရဲ့ မိန်းမကိုပြောအုံး"

"သားမာမီက ချစ်သူဘဝထဲကတည်းက အဲလိုပဲတောင်းနေတာ ဒယ်ဒီလည်းချစ်လို့ ပေးတာပဲ။သားလည်းချစ်ရင်ပေးပေါ့"

"သားဒယ်ဒီပြောတာအမှန်ပဲ"

"ရှေ့နေငှားမှ ထောင်လုံးလုံးကျပဲ လို့ မာန်ကပြောလိုက်တော့ ဧည်ခန်းထဲလူတွေဝိုင်းရယ်ကြပါတယ်။

"ငြိမ်း ညည်း ငါပြောတာမှတ်မိတယ်နော်"

"ဟုတ်ကဲ့ ငြိမ်း အားရင်လာခဲ့ပါမယ်"

"အားမှာမလုပ်နဲ့ ငါအိမ်မှာအိမ်သန့်ရှင်းရေးလုပျဖို့လူမရှိဘူး အကြောင်းတစ်ခုခုပြပြီးလာခဲ့"

"ငြိမ်း ကအိမ်ထောင်သည်ဖြစ်နေပြီးဆိုတော့ ဒီအိမ်ရဲ့ချက်ရေးပြုတ်ရေးကို လုပ်ရအုံးမယ်လေး ဒေါ်ဒေါ်ရဲ့"

"အို..အဲဒါတွေငါမသိဘူး ညည်းငါအိမ်မှာအရင်လိုထမင်းလာချက်ပေး အဝတ်လျှော်ပေး ဒါပဲ"

"မဖြစ်နိုင်တာကို ဒေါ်ဒေါ်ကလည်း"

"ဘာတွေမဖြစ်နိုင်တာလဲ သမီး"

"အန်တီဖြိုး "

"သမီးအခေါ်ဝေါ်က သူစိမ်းဆန်တုန်း သားခေါ်သလို မာမီလိုခေါ်ပါ။ဒါနဲ့ မမမြင့်ဇူကဘာပြောလို သမီးကမဖြစ်နိုင်ဘူးလို့ပြောတာလဲ"

"အော် ဖြိုးရေ မြင့်ဇူက အိမ်ထောင်ရှင်မတစ်ယောက်ရဲ့တာဝန်တွေကိုလုပ်ဖို့ပြောပြနေတာ။ငြိမ်းက တာဝန်တွေများလို့ မဖြစ်နိုင်ဘူးထင်နေတာ"

"ဪ သမီးအတွက်အိမ်ထောင်ရှင်မတာဝန်ကို မာမီကဖြေးဖြေးချင်သင်ပေးမှာပေါ့ မများပါဘူးကွယ်။မမမြင်ဇူ့လည်း အခုလို သမီးကိုပြောပြတော့ အဒေါ်တစ်ယောက်ထက်မိခင်တစ်ယောက်လိုသွန်သင်ဆုံးမတဲ့လို့ခံယူမိပါတယ် ။အရမ်းကောင်းတယ် အဒေါ်တစ်ယောက်ပါပဲ"

"ဖြိုးကလည်း ငြိမ်းကိုသမီးအရင်းလိုချစ်လာရတာ။အခုတောင် အိမ်ထောင်ပြုစေချင်တာမဟုတ်ဘူး။ဒါပေမဲ့လည်း အချိန်တန်ခွဲရမယ်ဆိုပြီး စိတ်တင်းပြီး ပေးစားလိုက်တာ"

"ဟုတ်ကဲ့ မမမြင့်ဇူ။သမီးလည်း အခန်းထဲသွားနားတော့ တစ်နေ့ကုန်ပင်ပန်းထားတဲ့လေး"

"ဟုတ်ကဲ့ အန်..အယ်ဟုတ်ပါဘူး မာမီ"

"ကျင့်သာရအောင်လုပ်ထား သမီးလို့ပြောတော့ ငြိမ်း ပြုံးပြီးခေါင်းငြိမ့်လိုက်ပါတယ်။

"ပင်ပန်းလိုက်တာနော် တစ်နေ့ကုန် ဟိုလူပြုံးပြရဒီလူကိုပြုံးပြရနဲ့ပြီးတော့ လိုက်နှုတ်ဆက်နေရတာညောင်းလိုက်တာကွာ"

"ဉီးမာန် နိပ်ပေးရမလားဟင်"

"ကောင်းတာပေါ့ နည်းနည်းလောက်နိပ်ပေးစမ်းပါ ကလေးမရာ ။

"ဟုတ်ကဲ့ပြောကာ ခြေသံလုံးကိုနိပ်ပေးနေမိတယ်။

ဉီးမာန္ရဲ႕အခန္းကို အျပာေရာင်ခြယ်ထားပါတယ်။လိုက်ခန်းစီလေးတွေကာအပြာရောင်၊စားပွဲလည်းအပြာရောင်၊အဝတ်ထဲဗီရိုကအစအပြာရောင်ပါ။တစ်ခန်းလုံးကိုအပြာရောင်တွေလွှမ်းမိုးပြီး မျက်စိအေးနေပါသည်။

"ကလေးမ ဇတ်ကျောလေးပါဆွဲပေးပါလား"

"ဟုတ်ကဲ့ ဉီးမာန်"

"အား လက်ပေါက်တယ် အနိပ်ခံရတာကောင်းတယ်။ဒီလိုဇိမ်မခံရတာ ကြာပြီး ဒါနဲ့ငါသူငယ်ချင်းတွေညစာစားဖို့ဖိတ်ထားတဲ့ ကလေးမ လိုက်ခဲ့ရမယ်"

"ဟာ.ဉီးမာန်ကလည်း ငြိမ်း မလိုက်ချင်ဘူး ဉီးမာန် ဘာသာသွား"

"မလိုက်လို့မရဘူး ငါသူငယ်ချင်းတွေက ကလေးမကိုတွေ့ချင်နေတာ ငါကိုတွေ့ချင်တာမဟုတ်ဘူး"

"မဂ်လာဆောင်မှာတွေ့ပြီးပြီးပဲကို့"

"ငြင်းဆန်ဖို့မကြိုးစားနဲ့လိုက်ခဲ့ "

."ဟာ ဉီးမိန့် ငြိမ်းအပေါ်အမိန့်ပေးလွန်တဲ့"

"အမိန့်ပေးတာမဟုတ်ဘူး ကလေးမ လိုက်ကိုလိုက်သင့်လို့ခေါ်တာ"

"ဟွန့် လိုပြောရင်စိတ်တိုစွာ သူကိုနိပ်ပေးနေတာကို့အားထည့်လိုက်တော့

"အားး နာလိုက်တာကွာ အရိုးဘာဖြစ်သွားပြီးလဲမသိဘူး."

"ယောကျာ်း မဟုတ်ဘူးလား ဒီလောက်လေးကို"

"ယောကျာ်း ဟုတ်မဟုတ်စမ်းကြည့်မလားပြောကာ ငြိမ်းရဲ့ ကိုယ်ကို့ သူရင်ခွင်အောက်ရောက်အောင်လုပ်လိုက်တယ်။

"ဉီးမာန် ဖယ် ငြိမ်း အပေါ်ကနေဖယ်ပေး."

"ကလေးမ ပဲယောကျာ်းမဟုတ်ဘူးဆို"

"အဲဒါက အရမ်းနုနေလိုပြောတာ ငြိမ်း နည်းနည်းပဲအားထည့်တာကို အော်လို့"

"နုတယ်ဆိုတော့ ကြမ်းပြမယ်လေး"

"ဉီးမာန်!!"

"အရမ်းအော်ရလား နားအူသွားတာပဲ"

"ဖယ် ဖယ်ဆို"

ငြိမ်း သည်ယောကျာ်းတစ်ယောက်နဲ့နီးနီးကပ်ကပ်တစ်ခါမှမနေဖူးတာကြောင့် ရင်တွေခုန်ကာ မျက်နှာကနီရဲလာပါတယ်။ဉီးမာန်ရဲ့ အသက်ရှုသွင်းရှုထုတ်လုပ်နေတဲ့လေကလေးက သူမရဲ့မျက်နှာလေးကို လာရောက်ကျီစယ်နေသလို့ပါ။

မဖယ်ဘူးကွာ ယောကျားဟုတ်ကြောင်းပြမလို့လေး"

"ဉီးမာန် ရူးနေလားပြောကာ အတင်းရုန်းသောလည်း မာန်ကမရုန်းနိုင်အောင်ချုပ်ထားကာ ခုတင်တစ်ခုလုံးလှုပ်ခါနေပါတယ်။

"အယ် ခုတင်လုပ်သံကြားရတယ် ဒါဆိုရင် သားနဲ့သမီးက အဟီး"

"မာမီ ကိုကိုအခန်းရှေ့မှာ ဘာချောင်းနေတာလဲ"

ဖြိုး တစ်ယောက် သားအခန်းမှာဘာသံကြားရလဲလို့တံခါးပေါက်နဲ့နားကိုကပ်ပြီးနားထောင်နေတာဖြစ်ပါသည်။သမီးဖြစ်သူက အနားကပ်ပြီးလာပြောတော့

"အမေ့ လန့်လိုက်တာအေ ရွှေဖြိုးမာန် အမေကိုလန့်အောင်လုပ်ရလား"

"သမီးက ဘာမှမလုပ်ပါဘူး မာမီကဘာချောင်းနေတာလဲ"

"ဘာမှမချောင်းပါဘူး သားမာန်တို့ရန်ဖြစ်နေတာလားလို့ .သမီးကရော့ စာကျက်စရာရှိတယ်မဟုတ်လား သွား သွား သွားကျက်"

အတင်းနှင်ထုတ်နေတဲ့ မာမီကြောင့် ရွှေဖြိုးမာန် ကြောင်တောင်တောင်ဖြစ်ကာ ကိုယ်အခန်းကိုယ်ပြန်လာခဲ့ရပါသည်။

ညစာစားပွဲမှာ ဆရာဝန်တွေချည်းပါပဲ အားလုံးကသန့်သန့်ပျံပျံပါပဲ။

"ဂုဏ်ပြုတယ်ကွာ မာန်ကိုငှက်ပျော်ပင်နဲ့ညားပြီးမှတ်တာ"

"အခုတော့ အသက်မပြည့်သေးတဲ့ကလေးနဲ့ညားတာလေး ကိုစိုးရ"


"ဇွဲ နော်ငါမိန်းမက ၂၀ပြည့်ပါပြီးကွာ"

"ဟေး မထင်ရဘူးနော် ညီမလေးက ၂၀ဆိုတာ မမတောင်မယုံနိုင်ဘူး"

"အေးဟာ ငါလည်းမယုံနိုင်ဘူး နန်းရေ ဒေါက်တာမာန် ကတကယ်အချောလေးရထားတာ"

"အမှန်ပဲ ငါထောက်ခံတဲ့ဒီညဒီဝိုင်းကိုငါရှင်းမယ်နော် အသစ်စက်စက်ဇနီးမောင်ကိုဂုဏ်ပြုတဲ့အနေနဲ့ပေါ့ အဟင်းး"

ဉီးမာန်ရဲ့ သူငယ်ချင်းတွေကတကယ်ခင်ဖို့ကောင်းပါတယ် ။ဆရာဝန်တွေဆိုပေမဲ့ တည်တည်တံတံတွေမဟုတ်ပါဘူး ။လူငယ်တွေလိုပျော်ပျော်ပါးပါးပါပဲ။

"ညီမလေးငြိမ်း တစ်ခုခုအကူညီလိုရင်ပြောနော် မမတို့ကို့"

"ဟုတ်မမ"

"ဒါနဲ့ မင်းပြောတော့ ဆံပင်အရှည်ကြီးဆို အခုတော့ဘယ်လိုလုပ်ပြီးတိုသွားတာလေး မာန်"

"အဲဒါကတော့ ဇွဲရေ ကာယကံရှင်ကိုသာ မေးကွညျ့"

"ဘယ်လိုဖြစ်တာလဲ ငြိမ်း"

"ငြိမ်း အရမ်းပူလိုညှပ်ပစ်လိုက်ရတာပါ အကိုဇွဲ"

"မသိပါဘူး ငါကောင်ကြီးကို ကလေးအဖေထင်အောင် လို့ညှပ်ပစ်တာလားလို့ အဟင်းး"

"ဟုတ်တယ်နော် နန်းလည်း သူတိုအတွဲဆင်းလာတော့ သားဖလို့ထင်မိတာ မျက်နှာမမြင်ရခင်အချိန်ထိ ငြိမ်လေးက ပုတုတုလေးလေး မာန်ကထွားထွားကြိုင်ကြိုင်ကြီးဆိုတော့"

"ငါကို ဘယ်ကတည်းအငြိုးတွေနဲ့ဝိုင်းဖဲ့နေကြတာလေး"

"ဆေးကျောင်းသားဘဝတုန်းထဲက နင်ကိုငါတို့ဖဲ့ချင်တာ"

"နန်းနော် ငါနင်ကိုဘာလုပ်လို့လဲ"

"စာမပြတာလေး ပြီးတော့အလောင်းကိုသုတေသနာလုပ်တုန်း နင်ငါကိုခြောက်တာလေး"

"အဟီးး နန်းပြောမှာ ငါတောင်မျက်စိထဲမြင်ပြီးကျောင်းသားဘဝကို ပြန်လွမ်းတယ်"

"အေးနျော အလောင်းကိုသုသေတနာလုပ်တဲ့နေ့ က အခန်းထဲမှာဘယ်သူမှမရှိတုန်း နန်းနဲ့ငါကအလောင်းကို သွားပြီးလေ့လာနေတာ။ ငါကအလောင်းကောင်ရဲ့လက်ကို ယူပြီး စာမှတ်နေတဲ့ နန်းရဲ့ ပါးကိုထိလိုက်တာ နန်းတို့အော်တာများ ပျားတုပ်တာကျနေတာပဲ"

"ကောင်စုတ် ရုတ်တရက်ဆိုတော့လန့်တာပေါ့ အလောင်းရဲ့လက်ကတောင့်တောင့်အေးအေးကြီး ရေခဲတိုက်မှာထုတ်ခါစဆိုတော့"

"မမတို့တွေမကြောက်ဘူးလားဟင်"

"ကြောက်ပေမဲ့လည်း ဆရာဝန်ဖြစ်ချင်တော့ကြိုးစားပြီးကိုင်ရတာပဲ ငြိမ်းရဲ့"

"ဇွဲနဲ့မာန်ကလုံးဝမကြောက်ဘူး အလောင်းတွေထုတ်တာနဲ့ သူများတွေထက်ဉီးအောင်ကိုင်တွယ်ပြီးလေ့လာတာ"

"ကဲ့စားကြတော့..ဒီနေ့ မာန် အရက်သောက်ရမှာနော်"

."ဟုတ်တယ် ငါတို့အားလုံးဂုဏ်ပြုတာကိုလက်သင့်ခံတဲ့အနေနဲ့သောက်ရမယ်"

"အပြန်ငါ ကားမောင်းရမှာနော် မောင်းရင်မမူးနဲ့ဆိုတဲ့ဆိုင်းဘုတ်အတိုင်း ငါသောက်လို့မရဘူး"

"မရဘူးကွာ ငါပြန်လိုက်ပို့မယ်ပြောကာ သူငယ်ချင်းတွေကအတင်းတိုက်ကြပါတယ်။

စာရေးသူ သွေးမိန့်


rate now: