တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
"သမီး မအိပ်သေးဘူးလား."
"အန်တီဖြိုး ညဘက်ကြီးခြံထဲဘာဆင်းလုပ်တာလဲရှင့်"
"အိပ်မပျော်လို လမ်းဆင်းလျောက်တာ သမီးကိုတွေ့လို့ခြံဘေးလာခဲ့တာ"
"ဟုတ်ကဲ့ အန်တီကို ငြိမ်း ပြောစရာရှိနေတာနဲ့အတော်ပဲ"
"အန်တီလည်း သမီးနဲ့စကားပြောချင်နေတာ"
"အဟင်း အတူတူပဲပေါ့"
"သမီး အရင်ပြောလေး"
"ငြိမ်း..ကြောင့်ဘယ်သူကိုမှမထိခိုက်စေချင်ဘူး..အန်တီ..ငြိမ်း..ဉီးမာန်..ကိုလက်မထပ်ဘူး..တောင်ပန်းပါတယ်..ငြိမ်းကိုဖိအားမပေးပါနဲ့..သဇင်ပန်းကိုပန်ထိုက်သူက..ငြိမ်း.လိုအညတရမြေမှခကြွေတဲ့..ခရေကိုဘယ်ပန်းချင်ပါမလဲ..ငြိမ်း..ဒီလက်ထပ်ပွဲကန့်ကွက်တယ်။"
"သမီးကသားနဲ့လက်မထပ်ချင်ဘူးပေါ့"
"ဟုတ်တယ် အန်တီ"
"အန်တီ သားက အရမ်းချမ်းသာနေလို့လား။ဒါမှမဟုတ် ငြိမ်း လက်ထပ်ရင် ဘယ်သူတွေကထိခိုက်မှာမို့လို့လဲ"
"သမီး ပြောချင်တာက.."
"အန်တီ ပြောပါရစေ သားကသဇင်ပန်းကို ပန်ထိုက်တဲ့ဆို အန်တီသိတယ်။ဒါပေမဲ့ ခရေပန်းဆိုတာကလည်း လူတိုင်းမြတ်နိုးတဲ့ပန်းတစ်ပွင့်ပဲ တော်ဝင်ပန်းဆိုတာ လူတွေရဲ့ ပညတ်ချက်တစ်ခုပဲ ခရေပန်းကြိုက်သူက သူဘဝမှ ခရေပန်းသာလျှင်အလှဆုံးလိုထင်မှာပဲ သဇင်ပန်းကြိုက်သူကလည်း အဲလိုပဲ။အန်တီပြောချင်တာက ကိုယ်ကိုတန်ဖိုးနိမ့်ကျတဲ့လိုမတွေးပါနဲ့။ အန်တီ သမီးကိုချစ်လွန်လို့ ချွေးမတော်ချင်တာ။ သမီးရဲ့ ဉီးဉီးကလည်းသဘောတူထားတဲ့ စေစပ်ပွဲအတွက်လည်းပြင်ဆင်ပြီးပြီး"
"ရှင် သမီးဘာမှမသိရပါလား"
"အဲဒါက သမီးရဲ့ဉီးဉီးပဲစီစဉ်ပေးတာ တကယ်လိုသမီးသဘောမတူရင် အရင်ဆုံးနာကျင်ခံစားရမှာက သမီး ဉီးဉီးဆိုတာ နားလည်စေချင်တယ်"
"သမီး ဘာလုပ်ရမလဲမသိတော့ဘူး အဟင့် ဟင့်"
"မငိုပါနဲ့ သမီး သားကိုဘာတွေသဘောကျမတာလဲ အန်တီကိုပြော ချက်ချင်းပြင်ခိုင်းမယ်"
"ဉီးမာန် ကိုသဘောမကျစရာဘာမှမရှိပါဘူး ။ဒါပေမဲ့ အဟင့်"
"သမီးကို အန်တီပြောချင်တာကလေး သူများတွေကိုအရမ်းအနစ်နာမခံပါနဲ့ သမီးအတွက်လည်းစဉ်းစားအုံး။သမီးက အရမ်းငယ်သေးတဲ့ မိဘနှစ်ပါးကလည်းမရှိတော့ဘူး။ကိုအောင်တို့ မိသားစုကိုပဲတစ်သက်လုံးမှီခိုနေမှာလား သမီးအတွက်ရော့ဘဝတစ်ခုမတည်ထောင်ချင်ဘူးလား။သူများစိတ်နဲ့အသက်ရှင်နေရတာ မပင်ပန်းဘူးလားဟင်"
"အဟင့် အဟင့် သမီး ဉီးမာန်နဲ့လက်ထပ်ပါမယ်"
"အကောင်းဆုံးပဲ သမီးဘဝအတွက် ယောကျာ်းတစ်ယောက်ရဲ့အရိပ်အောက်မှာပူပူကင်းကင်းဘဝကိုဖြတ်သန်းပါ။ဉီးလေးတစ်ယောက်ရဲ့အရိပ်ဆိုတာက သူ့မိသားစုကိုမျှဝေရသေးတဲ့ ခင်ပွန်းတစ်ယောက်ရဲ့အရိပ်က သမီးဘဝကိုလုံခြုံစေမှာပါ"
"သမီးနားလည်ပါပြီးရှင်"
"ဒါဆိုရင်မငိုနဲ့တော့ တိတ် သွားအိပ်တော့ တစ်မနက်လုံးအလုပ်လုပ်နေရတာကို့ သမီးက မာမီရဲ့သမီးအရင်းဖြစ်သွားပြီးနော်"
"ဟုတ်ကဲ့ သမီးသွားအိပ်တော့မယ် ကောငျးသောညပါရှငျ"
"အေးပါကွယ်"
"မေမေ ဘယ်လိုလုပ်ပေးမှာလဲ ကိုမာန် အဲဒီဟာမနဲ့ ယူမှာသမီးကထိုင်ကြည့်နေရမှာလား"အန်တီဖြိုး မကောင်းဘူး ဒါသမီးကို သက်သက်ချိုးတာ
အစစအရာရာပြည့်စုံနေတဲ့ သမီးကို မရွေးပဲ သူများအိမ်မှာကပ်နေပြီး အဆင့်တန်းမရှိတဲ့ဟာမရွှေးတာကိုက သမီးရဲ့မာနကိုချိုးတာပဲ"
"မေမေလည်း ကြိုးစားတာပဲ သမီးဖေဖေကပြောမရဖြစ်နေတာ"
"ဖေဖေက သူ့တူမကိုပဲ ပိုချစ်နေတာ ဖေဖေလည်းမတရားဘူး"
"အမှန်ပဲ ကိုအောင်ကလေး သူ့တူမကိုသိပ်အရေးပေးတာပဲ။မေမေလည်း ကြည့်မရဘူး ဟိုကောင်မရဲ့ဆံပင်ကိုညှပ်တဲ့အကြောင်းသိလို့ကတော့ မေမေတို့ပြေးပေါက်မှားမယ်"
မေမေပြောပြမှာနေ့လည်က အဖြစ်ပျက်ကို ပြန်မြင်လာတယ်။
"မေမေရေ မြတ်နိုး ဗိုက်ဆာလို့ ပြန်လာတာ"
"သမီးပြန်လာတာနဲ့အတော် ဒီနေ့ သားမာန်တို့မိဘတွေ စကားလာကမ်းလှမ်းတဲ့"
"အဟင်းး မြတ်နိုး ပျော်လိုက်တာ ကိုမာန်ကို မေမေတို့မငြင်းရဘူးနော်။အဟီး ကိုမာန်ကို ငယ်ငယ်ကတည်းချစ်လာရတာ အခုတော့ပိုင်ဆိုင်ရတော့မယ်"
"သူတို့ကမ်းလှမ်းတာ သမီးကိုမဟုတ်ဘူး "
"ရှင်!! သမီးမဟုတ်ဘူးဆိုရင်ဘယ်သူလဲ "
"ဒေါ်မြင်ဇူ တစ်ယောက် ပြောရခက်နေပါတယ်။မျက်စိမျက်နှာပျက်နေတာ ပြင်မရအောင်ပါပဲ။
"မာမီ မဖြေဘူးဆိုကတည်းက သမီးအဖြေသိလိုက်ပြီး ပြောကာ မိငြိမ်း လိုအကျယ်ကြီးအော်ခေါ်လိုက်ပါတယ်။
"မမ ဘာခိုင်းစရာရှိလို့လဲ"
"အဟွန့် ပြောစမ်း ကောင်မ နင်ဘာလို ငါချစ်တဲ့သူလုယူတာလဲ ။သူများအိမ်မှာကပ်နေတဲ့ မိန်းမ ရုပ်ကလေးဗန်းပြပြီး ငါရဲ့ကိုမာန်ကိုမြူစွယ်တဲ့ပေါ့ ပြောကာ လမ်းဘေးကအဒေါ်ကြီးတွေရန်ဖြစ်သလို ဒေါသမထိန်းနိုင်စွာ ဆံပင်ကိုစောင့်ဆွဲပါတယ်။
"မဟုတ်ပါဘူး မမ ငြိမ်းကိုဆံပင်ဆွဲထားတာ လွှတ်ပေးပါ အရမ်း.. အရမ်း.. နာတယ် အဟင့်.အဟင့်"
"နင်က ဒီရှည်လျားတဲ့ ဆံပင်တွေနဲ့မြူစွယ်လိုက်တာကို့ မေမေရေ ကတ်ကြီးယူခဲ့ သူရဲ့ဆံပင်တွေကိုညှပ်ပစ်မယ်"
"မလုပ်ပါနဲ့ မမ ငြိမ်း ဆံပင်တွေကိုမညှပ်ပါနဲ့ တောင်ပန်းပါတယ် ။ငြိမ်း ရဲ့မေမေကဆံပင်တွေသိပ်တန်ဖိုးထားတာ။ မေမေအရမ်းကြိုက်တဲ့ ဆံပင်အရှည်ကိုတော့ မညှပ်ပစ်ပါနဲ့ အဟင့် အဟင့်"
"ဟားး.ဟားး တောင်ပန်းလည်းမရဘူး မိငြိမ်း ယောကျာ်းတကားကိုမြူစွယ်ဖြားယောင်နေတဲ့ နင်ဆံပင်တွေကို ဒီလိုတိုအောင်ညှပ်ပစ်မယ်"
"ပါးစပ်ကပြောတုန်းရှိသေး တဲ့လက်ကညှပ်ပြီးသွားပါပြီး ကျစ်စံမီတစ်ချောင်းထဲကျစ်ထားတဲ့ ဆံပင်ရှည်ရှည်လေးက မြတ်နိုးရဲ့လက်ထဲမှာပါ။
"နင်ဆံပင်တော်တော့ကောင်းတာပဲ ရောင်းပြီးရင် ပိုက်ဆံလာပေးမယ်နော်။ပြီးတော့ ကိုမာန်နဲ့လက်ထပ်ဖို့ကို ချက်ချင်းငြင်းပါ။မငြင်းရင် နင်ဘဝမလွယ်ဘူးမှတ်ပြောကာ မြတ်နိုး အခန်းထဲကိုဝင်သွားပါတယ်။
"ဟားး ဟားး"
"သမီး ဘာတွေတွေးပြီးရယ်နေတာလဲ"
"အော်နေ့လည်က မိငြိမ်းရဲ့မျက်ရည်တွေကိုမြင်ယောင်ပြီးရယ်ချင်လို့"
"မေမေလည်းအတူတူပဲ အဲဒီကောင်မ မျက်ရည်ကျတာကသိပ်ပျော်ဖို့ကောင်းတာပဲ"ပြောကာ သားမိနှစ်ယောက်ရဲ့ရယ်သံကခြောက်ကပ်ကပ်ထွက်ပေါ်လာပါတယ်။
"ွညီကတော့ တစ်ခါတည်းသာ လက်ထပ်ပေးချင်တော့တဲ့"
"ညီကဘာလို အဲဒီလောက်လောနေတာလဲ"
"အကြောင်းရှိလို အကို တူမလေးကအသက်၂၀မှာအိမ်ထောင်ကျပြီးတစ်နှစ်ပြည့်ရင် သူမိဘတွေရဲ့အမွေကိုလွှဲပေးရမှာမို့လို့"
"သမီးငြိမ်းက ဆင်းရဲတဲ့မဟုတ်လား"
"မဆင်းရဲပါဘူး အကို ငြိမ်းရဲ့အမေက တကယ်အသိုင်းဝိုင်းကြီးထဲပါ။ငြိမ်း အမေက ညီတို့မိသားစုအခုလိုအခြေနေရောက်အောင်ကူညီပေးခဲ့တာ"
"ညီရဲ့ မိန်းမကမသိဘူးလား"
"ပေးမသိတာပါ အကို သူ့ကလောဘအရမ်းကြီးတော့ တူမလေးရဲ့ အမွှေတွေကို အပိုင်ကြံမှာစိုးလို"
"ဟေ "
"ဟုတ်တယ် အကို တူမလေးနဲ့ မြင့်ဇူတို့ အိမ်မှာဘယ်လိုဖြစ်နေတဲ့ဆိုတာ ညီအကုန်သိတယ် မသိချင်ယောင်ဆောင်နေတာ အကိုသားနဲ့အမြန်ဆုံး လက်ထပ်ပေးချင်ပါတယ်။ပြီးတော့ ငြိမ်း ချမ်းသာတာကို အကိုအိမ်ကလူတွေကိုပေးမသိပါနဲ့ဗျာ"
"အေးပါကွာ စိတ်ချအကို ဘယ်သူကိုမှမပြောဘူး လက်ထပ်ပွဲကိုအမြန်ဆုံးကျင်းပနိုင်အောင် ညီနဲ့အကိုစီစဉ်ကြတာပေါ့"
"ဟုတ်ကဲ့ အကို ဒါပဲနော် ညီဖုန်းချပြီး "
"အေး အေး"
"ဉီးမာန် ငြိမ်း မရွှေးတတ်ဘူး"
"မင်းကြိုက်တဲ့အရောင်ကဘာလဲ "
"ဉီးမာန် ကရော့ဘာအရောင်ကြိုက်လဲ"
"ငါ အပြာရောင်ကြိုက်တာ"
"မဂ်လာဆောင်ဝတ်ဆုံကိုလည်း အပြာရောင်ပိုးထည်ပဲရွှေးမယ်လေး"
"ဘာလဲ ငါအကြိုက်လိုက်လုပ်ပေးတာလား."
"မဟုတ်ပါဘူး ငြိမ်း အဲဒီအရောင်ကြိုက်လို့"
"ပြီးရောလေး မဂ်လာဆောင်ရက်ကသိပ်မလိုတော့ဘူး ကလေးမနဲ့ငါ ဆွေနွေးရအောင်"
"ဘာကို ဆွေနွေးမှာလဲ ငြိမ်း ဘက်ကဘာမှဆွေနွေးစရာမရှိဘူး"
"မင်းဘာလိုဒီလောက် အေးဆေးတညျငွိမျနရေတာလဲ ငါနဲ့လက်ထပ်ရမှာနည်းနည်းမှမကြောက်ဘူးလား"
"ကြောက်ရအောင် ဉီးမာန်က သရဲလား"
"ကလေးမ နော် ငါသာ သရဲဆိုရင်မင်းကယူမှာမို့လို့လား"
"မယူဘူး ဉီးမာန်ကို မဖဲဝါနဲပေးစာပစ်မှာ"
"ဟာ ကလေးမနော်"
"ညီမလေး ဘာအရောင်ရွေးမှာလဲ"
"ညီမကို ပိုးထည် အပြာရောင်လေးပြ"
"ကောင်းပါပြီး အမတို့ဆိုင်မှာအရောင်လှလှလေးတွေရှိတယ် ညီမလေးက ဘာအတွက်ဝယ်တာလဲ ။ဟိုလေး အမ မေးချင်တာက အလှူကျရင်ဝတ်ဖို့လား "
"မဟုတ်ဘူးအမ မဂ်လာဝတ်ဆုံချုပ်ဖို့"
"ဟမ် ညီမလေးက အသက်ရော့ပြည့်သေးလို့လား ၁၆နှစ်ပဲရှိသေးတာကို ဒါကညီမ အဖေလား"
"ဗျာ!!"
မာန် အလန့်တကြားထအော်မိပါတယ်။ငါရုပ်အဲဒီလောက်မရင့်ပါဘူး။အခုတလောမအားလို နှုတ်ခမ်းမွှေးနဲ့ပါးသိုင်းမွှေးမရိတ်ရသေးလို့ ရုပ်ကရင့်နေတာဖြစ်မယ်။
"အဟီး မဟုတ်ပါဘူး အမ ညီမရဲ့သတို့သားလောင်းပါ"
"အော် ဆောရီးနော် ဒီကညီမလေးက ဆံပင်တိုတိုဆိုတော့ကလေးရုပ်မပျောက်ဘူး အကိုကြီးကထွားထွားကြိုင်ကြိုင်ဆိုတော့ ကလေးအဖေထင်မိလို့ပါ"
"ရပါတယ်ဗျာ ကလေးမ မြန်မြန်ဝယ် စက်ဆိုင်သွားရအုံးမယ်."
"ဟုတ် ဉီးမာန်"
လိုအပ်တာတွေ ဝယ်ပြီးကားပေါ်ရောက်တော့ ဉီးမာန်ရဲ့ ရန်လုပ်ခြင်းခံရပါတယ်။
"နေစမ်းပါအုံး ပူတဲ့ဆိုပြီးဆံပင်ညှပ်တာရော့ဟုတ်ရဲ့လား"
"ပူလို့ညှပ်လိုက်တာပါ ဉီးမာန်"
"နောက်မညှပ်နဲ့ကွာ ငါမကြိုက်ဘူး ဒေါက်တာနှိုင်းမာန်ဖြိုးက အသက်မပြည့်တဲ့ကလေးကိုဖျားယောင်သွေးဆောင်ပြီး လက်ထပ်ထားတဲ့ထင်နေအုံးမယ် အရင်ဆံပင်ပုံစံနဲ့ဆိုရင် ငါအခုလိုအဖေထင်ခံရမှာမဟုတ်ဘူး"
"ဒီမှာ ငြိမ်း ဆံပင်ကိုအပြစ်လာမရှာနဲ့ ဉီးမာန်ဘာသာအပျင်းထူးပြီး နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး မုဆိတ်မွှေးမရိတ်လို့ဖြစ်တာကို့"
"ငါအပျင်းထူးတာမဟုတ်ဘူးကွာ မအားလိုသိလား နောကျကရြငျ ကလေးမကိုပဲရိတ်ခိုင်းရမယ်"
"ဉီးမာန် နော်ရိတ်ပေးစရာလား"
"ရိတ်ပေးရမှာပေါ့ ငါက ကလေးမရဲ့ယောကျာ်းလေး မယားတာဝန်ကျေအောင်လုပ်ရမယ်"
"အို မလုပ်ပေးနိုင်ပါဘူးး ဉီးမာန် ဘာသာရိတ်ပဲ"
"ရိတ်ကို ရိတ်ပေးရမယ် ဒါပဲစကားဆက်မပြောနဲ့ အရှေ့ဆိုင်ကျရင် မုန့်ဝင်စားမယ်"
"ဉီးမာန် ပဲစား ငြိမ်း ကားပေါ်မှစောင့်နေမယ်"
"ရမလား ဒေါ်ငြိမ်းစံယဉ်မွန် မစားချင်လည်းစားရမှာပဲပြောကာ အရမ်းလှပပြီးသစ်ပင်တွေအုပ်ဆိုင်းသော စားသောက်ဆိုင်အရှေ့မှာကားရပ်လိုက်ပါတယ်။စားသောက်ဆိုင်လေးက ချစ်စဖို့ကောင်းပါတယ်။အပြင်ကနေကြည့်ရင်လှတဲ့ဆိုပေမဲ့ အတွင်းပိုင်းထဲဝင်ကြည့်ရင်ပိုပြီးလှတယ်လိုရေရွတ်မိမှာပါ ။စားသောက်ဆိုင်နံရံတွင် ရူခင်းပန်းချီးလေးတွေကနေရာယူထားပါသည်။ အခန်းထဲရှိမီးသီးလေးတွေက အရောင်ဆုံးပါ။ချုံပျော်ရရင် စိတ်ပင်ပန်းတဲ့လူများ လာရောက်စားသောက်ရင်တောင်စိတ်ပင်ပန်းမှုပျောက်ပြီး ပျော်ရွှင်စေမှာအမှန်ပါပဲ။
"မှာထားတာရောက်ပြီး တောသားမြို့ရောက်လိုငေးမနေနဲ့ "
"ဉီးမာန်ကလည်း ဆိုင်လေးကချစ်ဖို့ကောင်းလို့ပါ"
"အဲဒါများ ကားပေါ်ကနေခဲ့အုံးမယ်တဲ့"
"မသိလိုပြောမိတာပါနော် သူများကိုပြောဖိုချည်းပဲ ပြောကာမျက်စောင်းထိုးကာ မုန့်စားနေလိုက်ပါတယ်။း
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်