တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
"ဉီးမာန် ငြိမ်းကိုခေါ်ပြီးဘာမှလည်းမပြောဘူး ဟူးးအလုပ်ပျက်အောင်လုပ်တာ အကျင့်ပုတ်ကြီး"တီးတိုးရေရွတ်ပြီး သူမ အလုပ်များဆက်လုပ်နေပါတယ်။
"သား ဘာမှမပြောခဲ့ဘူးလား"
"မပြောခဲ့ဘူး မာမီဘာသာလူကြီးတွေကိုနားဖောက်လေး "
"အောျ သားကလည်း မာမီဘက်ကအခုချက်ချင်းသွားပြောလိုရတယ်။သားနဲ့ငြိမ်းကို ရင်နှီးစေချင်လို့ပါ"
"လိုသေးလို့လား မာမီ."
"အေးလေး အိမ်ထောင်ကျပြီးရင် ရင်နှီးမှာပဲကို သား မာမီကျေးဇူးအများကြီးတင်ပါတယ်"
"မလိုပါဘူးဗျာ မာမီပျော်ရင် သားကျေနပ်ပါတယ်"
"အဟင်း မာမီရဲ့သားဆေးရုံသွားရင်ထမင်းချိုင့်ယူသွားနော် သားအကြိုက်မာမီချက်ပေးထားတဲ့"
"ဟုတ်ကဲ့ မာမီ"
စကားနားထောင်တဲ့ သားတော်မောင်ကြောင့် ဒေါ်ဖြိုးမေရဲ့ မျက်နှာတွင်အပြုံးတွေဝေဆာနေပါတယ်။
ဲလူနာတွေroundပြီးတော့ နားနေခန်းကိုပြန်လာတော့ သူငယ်ချင်း ဇွဲမှန်က
"ဟေ့မာန် အသက်၃၀ပြည့်တော့မယ် မိန်းမမယူသေးဘူးလားကွာ"
"ယူတော့မှာ မကြာခင်"
"ဟာ မြန်လာချည်းလားကွာ"
"ဟုတ်တယ်ကွာ ဒီလထဲပဲလက်ထပ်ရမှာ"
"မင်းပုံကြည့်ရတာ ပျော်နေတဲ့သတိုးသားလောင်းပုံမပေါ်ဘူး"
"မင်း ခန့်မှန်းတာတော်တယ် ငါမိန်းမမယူချင်ဘူးကွာ မာမီပေးစာလို့သာယူရမှာ စိတ်ညစ်တယ်ကွာ"
"မင်းမှာက ချစ်သူရှိလို့လား စိတ်ညစ်နေရအောင်"
"ရှိတာကမရှိပါဘူးကွာ ဒါပေမဲ့ အချစ်မပါဘဲအိမ်ထောင်မပြုချင်တာကွာ"
"အချစ်သာရှာနေရင် မင်းဘိုဘွားရိပ်သာမှာလက်ထပ်ရလိမ့်မယ်"
"မင်းကလည်းကွာ ယောကျာ်းတွေက လေးဆယ်မှာဘဝစတာကွာ"
"ဟေ့ကောင် မာန် အသက်မငယ်တော့ဘူးနော်ဒါနဲ့ မင်းမာမီပေးစားမဲ့ မိန်းကလေးကချောလား အသက်ရော့အရမ်းငယ်လား"
"ချောတယ်ကွာ ကလေးမက တည်တည်ကြည်ကြည်လေး အခုခေတ်မဒီလေးတွေလို့ မကလက်ဘူးကွာ အသက်ကငါထက်၁၀နှစ်ငယ်တဲ့ ဆံပင်ကလည်းအရှည်ကြီးကွာ ကျက်သရေရှိတယ်"
"မင်းကံကောင်းတာပဲကွာ ချောကလည်းချောတဲ့ မင်းထက်လည်းငယ်တဲ့ဆိုတော့ ယူသင့်ပါတယ်ကွာ ငါတောင်မြင်ဖူးချင်စိတ်ဖြစ်လာပြီး"
"ဂျူတီပြီးရင်အိမ်လိုက်ခဲ့ကွာ ငါပြမယ်"
"ကောင်မလေး နာမည်ကဘယ်လိုခေါ်လဲ"
"ငြိမ်းစံယဉ်မွန် တဲ့"
"အရမ်းအေးချမ်းတဲ့နာမည်ပါလားကွာ လူကရော့မင်းပြောသလိုဆိုရင် အေးငြိမ်းမှာသေချာတယ်"
"မင်းကိုယ်တိုင်လိုက်ကြည့် ဇွဲ "
"အေးပါကွာ လိုက်ကြည့်အုံးမယ် မင်းရဲ့ဇနီးလောင်းကို"
"ကြည့်ကွာ ငါအခုလူနာတွေကြည့်လာရတာမောလို့ နားတော့မယ်"
"အေးပါကွာ နားတော့"
"ငြိမ်း အလုပ်တွေရှုပ်နေတာလား"
"အန်တီနဲ့အန်ကယ်ပါလား အထဲဝင်ပါရှင်"
"မေးတာ မဖြေသေးဘူးနော်"
"အဟင်း ငြိမ်း အလုပ်မရှုပ်ပါဘူး ခြံထဲပန်းလေးတွေကိုပိုးစားနေလို ဆေးဖျန်းနေတာ"
"အော် ဖြိုးတို့လင်းမယားပဲ ဘာအကြောင်းအရာရှိလိုလဲ လင်းမယားနှစ်ယောက်လုံးလာရတာလဲ"
"ဒီနေ့လုပ်နားတော့ မမြင့်ဇူတို့ လင်းမယားနဲ့ပြောစရာရှိလိုလာတာ"
"ဟုတ်ပါပြီး ဖြိုးရာ အရမ်းအရေးကြီးအကြောင်းဖြစ်မယ်ဝင်ခဲ့။ အော်ကြည့် ငြိမ်း ဘာစိတ်ကူးပေါက်လို့ အလုပ်တွေလုပ်နေရတာလဲ အခုနာကပဲအိပ်ခန်းထဲမှာစာဖတ်နေပြီးတော့ ဖြိုးတို့ လာမယ်သိလို့ အလုပ်တွေလုပ်ပြနေတာလား."
ငြိမ်းကိုယ် တစ်ချက်တောင့်သွားတယ်ကာတွေးမိတယ်။
"ဒေါ်ဒေါ် ဘာကြောင်အခုလိုပြောရတာလဲ။အန်တီဖြိုး ငြိမ်း ကိုသဘောကျမှာကို ဘာကြောင့်မလိုလားတာလဲ မသိတော့ဘူးမတွေးတာပဲကောင်းတယ်"
"အောျ ဖြိုးတို့အတွဲပါလား ဘာအကြောင်းအရာများရှိလိုပါလဲ"
"အဟွန်း ဒီအတိုင်းပြောစရာရှိလို တဲ့ကိုအောင်ရဲ့ မြင်ဇူလည်း အံ့ဪနေတာ"
"ထိုင်ကြပါဗျာ အခုလိုဆုံဖို့ကလွယ်တာမဟုတ်ဘူး အကိုနှိုင်းရော့ အလုပ်အဆင်ပြေလား"
"ပြေတဲ့ညီရော"
"ပြေတဲ့အကို."
"ကဲလာရင်းအကြောင်းအရာကို ဆိုစမ်းပါအုံး ဖြိုးရဲ့"
"အဟီးး တစ်ခြားမဟုတ်ပါဘူး သားရေးသမီးရေးပါ"
"ဟမ် သားရေးသမီးရေးဆိုပါလား ဧကန်နာ ဖြိုးငါသမီးနဲ့သူ့သားကိုပေးစားဖို့လား။ဒါဆိုရင် သဘောမတူစရာအကြောင်းမရှိပါဘူး။ သားမာန်ကလူတော်တစ်ယောက်ပဲကို့..အို..သမီးသိရင်လည်း အရမ်းပျော်မှာ သူက သားမာန်ကိုတိတ်တခိုးချစ်နေတာပဲလေး ဘာပဲဖြစ်ဖြစ် သားမာန်လို ရုပ်ချောပိုက်ဆံရှိတဲ့ဆရာဝန်သမက်လောင်းကို ဘယ်နည်းနဲ့မှလက်လွှတ်မခံနိုင်ဘူး."ကိုယ်လိုချင်တဲ့အတွေးတစ်ခုကိုဇွတ်တွေးပစ်လို်က်တယ်။
"အဟင်း..အော်..အဲဒါလား ဖြိုးတို့လာတဲ့အကြောင်းအရာက"
"ဟုတ်တယ် မမြင့်ဇူရဲ့ တူမငြိမ်းကို သားမာန်ကနှစ်သက်လို့လာတောင်းပေးတာပါ"
"ဘာ!!!"
"အမယ်လေး..မမြင့်ဇူရဲ့ အလန့်တကြားပါလား"
"ဟုတ်သားပဲ မိန်းမကလည်း အရမ်းထအော်ရလား။ ကျွန်တော်ကတော့ တူမလေးနဲ့ သားမာန်ကိုသဘောမတူစရာမရှိပါဘူး အကို။သားမာန်က ကျွန်တော်အရှေ့မှာကြီးပြင်းလာတဲ့ ကလေးဆိုတော့ တူမလေးနဲ့ စိတ်ချပါတယ်။"
"ဒါဆိုရင် ညီကသဘောတူတယ်ပေါ့"
"အကိုကလည်းဗျာ မေးစရာလိုလို့လား"
"ငြိမ်း သဘောကရော့ဘယ်လိုရှိလဲမသိဘူးလေး ကိုအောင်ရဲ့"
"အော် မိန်းမရယ် ငြိမ်းက ယောကျာ်းစကားဆိုဘယ်တုန်းကပယ်ရှားဖူးလို့လဲ မင်းသာကိုယ်ယောကျာ်းစကားကို အမြဲကန်လန့်တိုက်နေတာ"
ဒေါ်မြင့်ဇူ တစ်ယောက်.သူထင်သလိုဖြစ်မလားတော့ ဒေါသမီးတွေရင်ထဲတောက်လောင်ကာ ဘာမှပြောခွင့်မရပါ။ယောကျာ်းဖြစ်သူသာ စကားတွေရွမ်းရွမ်းဝေအောင်ပြောကာ ကျေနပ်နေပါသည်။
"တောက်..ဒုန်းးး.ဂွမ်းး"
အမယ်လေး ဘာဖြစ်တာလဲ ဒေါ်ဒေါ် ဘာတွေစိတ်တိုနေပြန်ပြီးလဲမသိဘူး ငါတော့သေလိုက်ချင်တဲ့။သူဒေါသထွက်ရင် ငါကိုပဲမဲမှာ ကြည့် မကြာခင် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ကြားအောင် လော်စပီကာတပ်ထားသလို ငြိမ်းး ဆိုပြီးအော်ခေါ်တော့မယ်။ ဒေါ်ဒေါ် မအော်ခင်သွားထားမှာ ငြိမ်းတစ်ယောက် မကျေနပ်သလိုပွစိပွစိရွတ်ကာ ဒေါ်မြင့်ဇူ အခန်းဆီသို့ အပြေးလေးထွက်လာပါသည်။
"ငြိမ်းးးး"
"ရှိပါတယ် ဒေါ်ဒေါ်"
"ဪ အဆင်သင့်ရောက်နေပါရော့လား အခန်းထဲဝင်ပြီး တံခါးကိုလော့ချခဲ့"
"ရှင်.."
"ဘာတွေ အံ့ဪသလိုလုပ်နေတာလဲ အမြန်ဝင်ခဲ့ ပါးစပ်ကလည်းပြောသလို လက်ကလည်း ငြိမ်းရဲ့ကိုယ်ကိုမညာမတာ အခန်းထဲသို့ ဆောင့်ဆွဲတွန်းပစ်ကာ အခန်းတံခါးကိုလည်း အသံကျယ်ကျယ်မြည်အောင်ပိတ်ပစ်လိုက်သည်။
"အားး"
"နာသွားလား မိန်းမလည်မ ပြောစမ်း နင်ဘယ်အချိန်ကနေပြီး သားမာန်ကိုမြူစွယ်လိုက်လဲ"
"ရှင်.မဟုတ်တာ ငြိမ်းအဲလိုမျိုးတွေးတောင်မတွေးဖူးဘူး"
."မတွေးဖူးဘူးလို့ လုပ်မနေနဲ့ ဟိုကနှစ်သက်လို့ ညည်းကိုစကားလာကမ်းလှမ်းပြီးပြီး။ပြောစမ်း ညည်းဘာတွေများ သားမာန်အရှေ့မှာ လုပ်ပြခဲ့တာလဲ မိငြိမ်း"
မျက်လုံးပြူး မျက်ဆံပြူးကာ ဘီလူးမတစ်ယောက်လိုကြောက်စရာကောင်းသ ဒေါ်ဒေါ်ကြောင့် ငြိမ်း တစ်ကိုယ်လုံးတုန်လာပါတယ် ။မျက်ရည်တွေကလည်း ပိုင်ရှင်ခွင့်မပြုဘဲ တာတံမံကျိုးသလို့ အများအပြားစီဆင်းကာ လိမ်းထားတဲ့သနပ်ခါးကိုပျက်စေတယ်။
"အဟင့် ..အဟင့်"
"ညည်းကဘာငိုတာလဲ နားငြီးတဲ့ မေးတာဖြေစမ်း"
"ငြိမ်း ဘာမှမလုပ်ပါဘူး ဉီးမာန်နဲ့ စကားတောင်သိပ်မပြောဖူးဘူး"
"ညည်း ဘယ်လိုခေါ်လိုက်တယ် ဉီးမာန် ဟုတ်လား ကဲဟာ ကဲ.. "
ဒေါ်မြင့်ဇူ တစ်ယောက်ဒေါသထွက်ကာ ငြိမ်းကို ထုရိုက်နေပါတယ်။ငြိမ်းကတော့ ဘာမှပြန်မလုပ်ဘဲ ငြိမ်း ခံနေပုံက ကလေးကိုကြိုးတုတ်ပြီးရိုက်သလားမှတ်ရပါတယ်။
မာန် တစ်ယောက်အိမ်ပြန်လာချိန် တစ်ဖက်ခြံက ငြိမ်းကိုတွေ့တာကြောင့်ကားကိုရပ်ပြီး အောက်ဆင်းကာ ငြိမ်း ဆီသို့လာခဲ့ပါသည်။
"ဉီးမာန် ကို ငြိမ်း ပြောစရာရှိလို့"
"ကလေးမ ပြောစရာရှိမယ်ထင်လို ဉီးမာန် ဆင်းလာတာ"
"ငြိမ်း ဉီးမာန်ကို လက်မထပ်နိုင်ဘူး။ ဉီးမာန် က အန်တီဖြိုးကို ငြိမ်းနဲ့ လက်မထပ်နိုင်ဘူးလိုပြောပေးပါ။"
"ဒါတော့ ဉီးမာန် ဘယ်လိုမှပြောလို့မရဘူး ငြိမ်းကပဲ မာမီကိုငြင်းပေါ့"
"ငြင်းလို့မရတဲ့အခြေနေရှိလို့ပေါ့ ဉီးမာန်ပဲ.."
"တော်..တော် မာမီအကြောင်း ဉီးမာန် အသိဆုံးပဲ။ ကလေးမ ပြောချင်ရင် မာမီကိုပဲတိုက်ရိုက်သွားပြောပါ"
"ဟုတ်ကဲ့ ငြိမ်း ဘာသာအန်တီကိုသွားပြောလိုက်ပါမယ်။ဉီးမာန် လည်းဆေးရုံးကာပြန်လာတာမဟုတ်လားသွားနားတော့လေး ။ငြိမ်းကြောင့်အနှောက်ယှက်ဖြစ်သွားရင်တောင်ပန်းပါတယ်"
"ရပါတယ်ကွာ ဒါနဲ့ ကလေးမရဲ့ ဆံပင်အရှည်ကြီးက ဘယ်ရောက်သွားတာလဲ"
"ဟမ်..အယ်..အဲဒါက ငြိမ်း ပူလိုညှပ်ပစ်လိုက်တာပါ"
"ပူပေးမယ်လည်း ကလေးမနဲ့လိုက်ပါတယ် ဆံထုံးထုံးထားလည်းရတာကို့ အခုတော့ဆံပင်ဂုတ်ထောက်နဲ အရမ်းအတိုကြီးညှပ်ပစ်လိုက်တာပဲ. ကျစ် အဲဒီတစ်ခုတော့ ဉီးမာန် သဘောမကျဘူး ပြောကာချက်ချင်းကျောခိုင်းကာ ငြိမ်း ကိုတောင်မနှုတ်ဆက်ပဲ ကားပေါ်တက်ကာခြံထဲဝင်တော့ ငြိမ်း မှာကြောင်တောင်တောင်လေး ရပ်ကျန်ခဲ့ပါတယ်။
"တောက် ဆံပင်တွေကို ညှပ်ပစ်စရာလား နန်းဆန်ပြီးလှတဲ့ဆံနွယ်တွေကို သူမို့ တန်ဖိုးမထားတဲ့ ဆေးရုံကနေပင်ပန်းပြီးပြန်လာတဲ့အမောမပြေတဲ့အပြင် အသက်မထွက်တာပဲ ကံကောင်းတယ်"
"သားမာန် ဘာတွေတစ်ယောက်ထဲရေရွတ်နေတာလဲ။မာမီ သားအတွက်သံပုရာရည်ဖျော်လာတယ် သောက်လိုက်အုံး"
"ကျေးဇူး မာမီ"ပြောကာသံပုရာရည်ကိုတစ်ကျိတ်ထဲမော့သောက်ပစ်လိုက်တယ်။
"သားရယ် ဖြေးဖြေးသောက်ပါ သီးကုန်အုံးမယ်"
"မာမီ ချွေးမ လုပ်ပုံကမဟုတ်ဘူးနော်"
"ဘာကိုလဲ ချွေးမက ဘယ်သူလဲ"
"ဟာ မာမီ မတော်ရသေးတဲ့ချွေးမ ငြိမ်း ကိုပြောတာ"
"အဟင်း သားကဇနီးနေရာကိုအခုကတည်းပေးထားတာလား"
.
"ဟာ.မာမီနော် သားကိုကြည့်ပြီးရယ်မနေနဲ့ မာမီရဲ့ချွေးမက အခုဆံပင်ညှပ်ထားဂုတ်ထောက်ပဲရှိတော့တဲ့"
"ဘာ!! သမီးလေးရဲ့ဆံပင်တွေက တင်ပါးထိရှည်တယ်လေး ဘယ်လိုလုပ်ပြီးနှမြောခြင်းမရှိဘဲ ညုပ်ပစ်ရတာလဲ မိန်းမတို့ဘုန်းဆံထုံးတဲ့"
"မာမီတွေ့မှပဲမေးကြည့်တော့ မာမီရဲ့ချွေးမလောင်းကလည်း မာမီနဲ့စကားပြောချင်တယ်တဲ့ သားအထင်တော့ စကားကမ်းလှမ်းတာကိုငြင်းဖို့ထင်တယ်"
"အဲလိုတော့ အဖြစ်မခံနိုင်ပါဘူး"
"ဒါကတော့ မာမီရဲ့ချွေးမကို စည်းရုံးပေါ့ သားကတော့ ဘယ်လိုအခြေနေပဲြဖစ်ဖြစ်လက်ခံဖို့ပြင်ဆင်ပြီးသာ"
"အေး.သားလည်း မာမီချွေးမ .မာမီချွေးမလို ပြောရတာအရသာတွေ့နေပုံထောက်ရင် သားရဲ့ဇနီးလောင်းဆိုတာကိုသဘောကျနေတဲ့ပုံပဲ"
"မသိဘူး မာမီရာ သားအပေါ်တက်ပြီး"
" သားရှက်ရမ်းရမ်း ပြီးအပေါ်မတက်နဲ့ ချော်လှဲနေမယ်နော် သားတော်မောင်ကိုလှမ်းစရင် သမီးငြိမ်း နဲ့စကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။
အလုပ်တွေပြီးလို အိပ်ချိန်ရောက်နေလဲ ငြိမ်း တစ်ယောက်အိပ်မပျော်နိုင်ပါ။ဒါကြောင့်ခြံထဲဆင်းကာ ထိုင်နေကြနေရာလေးမှပဲထိုင်ကာ အတွေးပေါင်းများစွာတွေးနေမိပါတယ်။
နောက်နေ့ဆက်ရန်ဗျာ စာဖတ်သူအားလုံးကျေးဇူးပါဗျာ😍😍
စာရေးသူ သွေးမိန့်