တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
ဒေါ်မြင့်ဇူ..စိတ်တိုစွာ.ငြိမ်း..အခန်းကိုလာခဲ့ပါတယ်။မျက်နှာက.မာထန်ကာကြောက်ဖို့ကောင်းလှပါသည်။
"ငြိမ်း..ငါခိုင်းတာကိုမလုပ်ဘူးဆိုတော့..ငါကိုအာခံတာပေါ့..နင်တော့ငါနဲ့တွေ့ပြီး..ငြိမ်း..တောက်.."ရေရွတ်ကာ..အခန်းဘက်သို့လျှောက်လာခဲ့ပါတယ်။
"ငြိမ်း..ဘာလို့ငါခိုင်းတာမလုပ်ရတာလဲ"
"ဟိုလေး..ဒေါ်ဒေါ်..ငြိမ်း..မမအလုပ်တွေကိုကူနေရလို့ပါ"
"ဘာ...အဲဒါကြောင့်ငါခိုင်းတာမလုပ်တာပေါ့..ဟုတ်လား"
"စာရင်းဇယားတွေကများလို့ပါ..ဒေါ်ဒေါ်"
"ဘာဆင်ခြင်မှမနားထောင်ချင်ဘူး..အခုချက်ချင်းနင်အပြစ်အတွက်..ငါယောကျာ်းပေးတဲ့မုန့်ဖိုးကိုငါသိမ်းတယ်။"
"ဒေါ်ဒေါ်.ရယ်အဲလိုမလုပ်ပါနဲ့..ငြိမ်း..ဝယ်စရာရှိလို့ပါနော်..အဟင့်..ငြိမ်း.တောင်ပန်းပါတယ် "
"တိတ်စမ်း.ငါအိမ်မှာလာမငိုနဲ့ကျက်သရေယုတ်တဲ့..ပြောကာထွက်သွားတော့..ဒေါ်ဒေါ်ရဲ့ကျောပြင်ကိုကြည့်ပြီး..ငြိမ်း.ဝမ်းနည်းစွာ..ခြံပြင်ကိုပြေးဆင်းမိပါတယ်။
ခြံထောက်တစ်နေရာအပင်တွေအုံဆိုင်းနေတဲ့.နေရာလေးမှာထိုင်ငိုနေမိပါတယ်။
"ရက်စက်လိုက်တာ..ဒေါ်ဒေါ်ရာ..ငြိမ်း.အပေါ်ဘာလိုဒီလိုလုပ်ရတာလဲ...ငြိမ်းက..ဒေါ်ဒေါ်တို့ရဲ့တူမအရင်းပါ..ဉီးဉီးအောင်က..ငြိမ်းအဖေရဲ့အကိုအရင်းပါ..အဟင့်.."
ဒေါ်ဖြိုးမေ တစ်ယောက်မှန်ဘီလူးတစ်လှည့်နဲ့အလုပ်ရှုပ်နေပါသည်။ဘာကြောင့်လဲဆိုတော့..အိမ်ချင်းကပ်..ဒေါ်မြင့်ဇူတို့အိမ်ကို.ချောင်းနေခြင်းဖြစ်ပါတယ်။
"နေပါစမ်းပါအုံး..မမမြင့်ဇူက..ဘာပြောလို့..ငြိမ်းက.ငိုပြီးခြံထဲဆင်းသွားရတာလဲ"
"မာမီ..ဘာလုပ်နေတာလဲ..မှန်ဘီလူးကိုင်ပြီး"
"အမယ်လေး..လန့်လိုက်တာ...သားရဲ့..မာမီချောင်းနေတာ"
"ဟာ..မာမီမကြီးမငယ်နဲ့..ဘာချောင်းတာလဲ"
"အို..သားကလည်း.ဟိုဘက်အိမ်က..ငြိမ်းကိုချောင်းကြည့်နေတာ..ကလေးမကသနားဖို့ကောင်းတယ်..မာမီတို့အရှေ့မှာတော့..သူတို့သားမိကပန်းနုသွေးဇာတ်ခင်းတာ.နောက်ကွယ်ကျရင်အမေကြမ်းဝင်စီးပြီး"
"မာမီကလည်း..ခင်မို့မို့အေးလောက်တော့လုပ်ပါဗျာ"
"ခင်မို့မို့အေး.ကတောငျအရှုံးပေးရမယျ..တကယ်အမေကြမ်းပဲ..တစ်နေ့ကုန်မာမီချောင်းနေတာ..ကလေးမ..ကိုခိုင်းလိုက်တာများ..ဟူးးစက်ရုပ်ဆိုရင်အားကုန်ပြီးလှဲမယ်"
"မာမီကဘာလိုချောင်းကြည့်နေတာလဲ..သိသွားရင်မကောင်းဘူးနော်"
"မသိပါဘူး..သားရဲ့.မာမီကတော့.ကလေးမကိုသနားတယ်..သားမွေးနေ့အတွက်..မာမီလက်ဆောင်က..အဲဒီကလေးမကိုသားရဲ့ဇနီးအဖြစ်ပေးချင်တာ"
"ဗျာ!!!
မာန်..တစ်ယောက်အလန့်တကြားအော်မိတာမဆန်းပါ.ဘူး..ဘယ်နဲ့မွေးနေ့လက်ဆောင်ကိုအဲလိုပေးရမယ်လို့..မာမီကိုဘယ်သူပြောတာလဲ..နှလုံးအထူးကုဆရာဝန်ဖြစ်တဲ့သူက..ကိုယ်နှလုံးကို..ကိုယ်ပြန်ကုရမလို့ဖြစ်နေပြီး။
"အျောလိုကျတာ..သားပဲပြောတာနော် ဘာလက်ဆောင်ပေးပေးလက်ခံမယ်ဆို"
"ဟာ..မာမီကလည်းသက်မဲ့တွေကိုပြောတာလေး
အခုလိုလက်ဆောင်ကိုဘယ်မိဘက သားသမီးကိုပေးဖူးလို့လဲ"
"မရှည်နဲ့..မင်းပဲကတိပေးထားတဲ့လေး...အခုမှာလက်ဆောင်ကိုမလိုချင်ဘူးမပြောနဲ့"
"မာမီ..."
"မရဘူးနော်..မာမီ..သားကို ငြိမ်း နဲ့ပဲသဘောတူတယ်..မမကြီးတို့သုံးယောက် သားအတွက်ဇနီးလောင်းရှာတော့ မာမီဘယ်လောက်တုန်လှုပ်ခြောက်ခြားလဲ ငါသားမိန်းမလည်တွေနဲ့တွေ့မှာဆိုတဲ့စိတ်ကြောင့် ညဆိုရင်အိပ်လိုတောင်မပျြောဘူး မာမီစကားနာထောင်ပါ သားရဲ့"
"အိမ်ထောင်တစ်ခုကို အချစ်မပါဘဲမပြုနိုင်ဘူးမာမီ ပြီးတော့ မိန်းကလေးက သားထက်၁၀နှစ်ကြီးတောင်ငယ်တဲ့ ။မာမီသားက နှလုံးအထူးကုဆရာဝန်နော် သားဂုဏ်နဲ့လိုက်ဖက်တဲ့ဇနီးတစ်ယောက်ပဲရှိသင့်တာပေါ့ ငြိမ်းစံယဉ်မွန် ဆိုတဲ့သာမန်မိန်းကလေးတစ်ယောက်က သားနဲ့ဘယ်လိုမှမလိုက်ဖက်ဘူး မာမီ"
"သားက မာမီလက်ဆောင်ကိုငြင်းပယ်နေတာပဲ သားကတိဖျက်လို မာမီစိတ်မကောင်းဘူး အိမ်ထောင်တစ်ခုမှာဂုဏ်ချင်းတန်ဖိုးချင်းတူဖို့မလိုဘူး နားလည်မှုချစ်ခြင်းတရား သာလျှင်အိမ်ထောင်တစ်ခုကိုမြဲစေတာပါ ။မာမီသားက ဂုဏ်မက်လိမ့်မယ်လိုတစ်ခါမှမတွေးမိဘူး ။
မာမီ..ငြိမ်းလေးကိုစတွေ့ကတည်းကသဘောကျတာ သားနဲ့လိုက်ဖက်မယ်ဇနီးလောင်းလိုပဲအမြဲတမ်းတွေးနေတာ ဘာပဲဖြစ်ဖြစ် သားသွားနားပါတော့ မာမီလည်း အိပ်ရာဝင်တော့မယ်"ပြောကာ အခန်းထဲဝင်သွားတယ်။
မာန် မာမီမျက်နှာမကောင်းတာကြောင့် စိတ်မချမ်းသာပါဘူး။ " မနက်ကျရင်ပြန်ချော့တာပေါ့လေး အိမ်ထောင်ရေးကိုလွယ်လင့်တကူလက်မခံနိုင်ဘူး"တွေးကာ အခန်းထဲဝင်ပြီးအိပ်လိုက်ပါတယ်။
"ငြိမ်း "
"ရှင် ဉီးဉီး"
"ဉီးဉီး နင်ဒေါ်ဒေါ်ကိုမုန့်ဖို့ပေးထားတဲ့.သမီးလိုချင်တာဝယ်ပေါ့"
"ဟုတ္ကဲ့ ဉီးဉီး"
"ဒါနဲ့ သမီးအလုပ်လုပ်ချင်ရင် ဉီးဉီးရဲ့လုပ်ငန်းမှာဝင်လုပ်မလား မန်နေဂျာနေရာပေါ့"
"အို..ကိုအောင်ကလည်း တော့သူမက မြန်မာစာနဲ့ကျောင်းပြီးတာနော် စီးပွားရေးနဲ့ပြီးတာမဟုတ်ဘူး ပြီးတော့အိမ်မှာချက်ပြုတ်မဲ့သူမရှိဘူးလေး "
"မြင့်ဇူ သမီးငြိမ်းက ဆယ်တန်းအမှတ်ကောင်းတဲ့နော် ငါကစီးပွားမေဂျာယူခိုင်းတာကို့ မင်းပဲအဝေးသင်နဲ့မြန်မာစာယူခိုင်းတာနော်။ ငါတူမက သမီးရဲ့အလုပ်တွေကိုဝိုင်းကူတာလည်းသိတယ် စီးပွားရေးမှာအရည်အချင်းရှိတာ ငါသိတယ်"
"ဖေဖေကလည်း မန်နေဂျာရာထူးကိုပေးချင်တိုင်းပေးလို့မရဘူးလေး ဘွဲလက်မှတ်နဲ့ တစ်ခြားလက်မှတ်တွေလိုသေးတယ်။ ဖေဖေတူမ ဆိုပြီးအဲလိုရာထူးကိုပေးလိုက်ရင် လုပ်ငန်းမှာပြသာနာတက်သွားမှာပေါ့"
"သမီးပြောတာမှန်တယ် ကိုအောင် ပြီးတော့ အိမ်မှာချက်ပြုတ်ဖို့လူမရှိဘူး ။ငြိမ်း ပဲချက်ပြုတ်မှာအဆင်ပြေလိမ့်မယ်"
"ဟိုကောင်မလေး တောကပြန်မလာသေးဘူးလား"
"မလာသေးဘူး ကိုအောင် "
"ဒါဆိုရင်တစ်ခြား ကောင်မလေးရှာတော့ ငြိမ်းတစ်ယောက်ပဲအိမ်အလုပ်ပဲလုပ်နေလို့မရဘူး သူဘဝအတွက်အလုပ်တစ်ခုလုပ်ရမယ်"
"ကိုအောင် သဘောပါ မြင့်ဇူ ကောင်မလေးရှာခိုင်းလိုက်မယ်"
"မဟုတ်တာ ငြိမ်း အိမ်အလုပ်လုပ်တာမပင်ပန်းပါဘူး ဉီးဉီး အပြင်အလုပ်တွေလည်း ငြိမ်း မလုပ်ချင်ပါဘူး။အိမ်မှာပဲ ချက်ပြုတ်တာ ငြိမ်းနဲ့အသင့်တော်ဆုံးပါပဲ။ ဒေါ်ဒေါ်လည်း လူမရှာပါနဲ့ ငြိမ်းပဲ လုပ်ပါမယ်။"
"ကိုအောင်တူမ ပြောတာကြားတဲ့နော်"
"ငြိမ်းက ဘာကြောင့်အပြင်အလုပ်မလုပ်ချင်တာလဲ"
"ငြိမ်း အချိန်တွေအများကြီးရှိသေးတာပဲ ဉီးဉီးကလည်း ကောင်မလေးတောကပြန်လာမှာပဲ အပြင်အလုပ်လုပ်တော့မယ်"
"ငြိမ်း သဘောပါ အလုပ်လုပ်မယ်ဆိုရင် ဉီးဉီးကိုပြောအုံး"
"ဟုတ္ကဲ့ ဉီးဉီး"
ငြိမ်းအပြောကြောင့် ဒျေါမွငျ့ဇူမကျြနှာပွုံးသှားသညျ။ငွိမျးကို မျက်ထောင်နီနဲ့ပဲကြည့်ရသေးတယ် ငါဖြစ်ချင်တာကိုသိနေပါလား မိငြိမ်း..မိငြိမ်း နင်ဘဝကိုငါပဲခြယ်လှယ်မယ် ။ငါတို့သားမိလက်အောက်မှာ နင်ပြားပြားဝပ်နေရမယ် မိငြိမ်း"တွေးကာမျက်နှာကမဲ့နေပါတယ်။
"သားမာန်ရဲ့မာမီ ဘာဖြစ်နေတာလဲ"
"ဟမ် "
ဟုတ်တယ်သားမာန် အန်တီလေးသတိထားမိနေတာကြာနေပြီး ထမင်းလည်းသိပ်မစားဘူး။မီးဖိုချောင်းထဲလည်းမဝင်တော့ဘူး အရမ်းငြိမ်နေတဲ့"
"ဟုတ်ကဲ့ သား မာမီအခန်းထဲသွားကြည့်ပါမယ်။နေမကောင်းရင်လည်း ဆေးတိုကျရမှာပေါ့်"
"အေးကွယ် အန်တီလေးတို့လည်း ဘာလုပ်ပေးရမှန်းမသိဘူး ယောင်းမကိုနေကောင်းလားမေးရင် ကောင်းတယ်ပဲဖြေတယ်။"
"အန်တီလေးတို့စိတ်မပူပါနဲ့ မာမီဘာဖြစ်နေတာလဲဆိုတာ သားသိပါတယ်။သား မာမီဆီသွားလိုက်အုံးမယ်ပြောကာ အပေါ်တက်ခဲ့ပါသည်။
"မာမီနေကောင်းလား"
"မကောင်းဘူး"
မာန် စိုးရိမ်စွာ မာမီနဖူးကိုစမ်းလိုက်တယ်။
"ကိုယ်လည်းမပူပါဘူး မာမီရဲ့"
"ကိုယ်မပူတာ ငါသိတာပေါ့ လူကနေကောင်းပေမဲ့စိတ်ပိုင်းဆိုင်ရာမကောင်းတာ နှိုငျးမာနျဖွိုးရဲ့"
"ဖြေးဖြေးအော်ပါ မာတာမိခင်ရယ် သားနှလုံးသားတောင်တုန်တဲ့"
"မင်းနှလုံးသားကတုန်ရုံမကဘူး မင်းရဲ့ရင်ထဲမှာတောင်မရှိသင့်ဘူး"
"ဗျာ"
"ကိုယ်အမေတစ်ယောက်လုံး ဘာဖြစ်ချင်နေလဲသိရဲသားနဲ့ ဖြစ်အောင်မလုပ်ပေးတဲ့ သားမိုက်ပဲ"
"မာမီစွပ်စွဲချက်ပြင်းလာချည်းလား"
"ပြင်းရမယ် မင်းလုပ်တာကဟုတ်လို့လား ငါဘဝကဆိုးပါတယ် အဟင့် သူများတွေလိုချွေးမဆိုးနဲ့ရရင်တော့ ငါအသက်ရှင်မှမဟုတ်တော့ဘူး အိမ်ကအပျိုကြီးသုံးယောက်ကလည်း သူတို့အတွက်လင်မရှာပဲ ငါသားအတွက်မိန်းမ ရှာပေးနေတယ်။သူတို့ရှာပေးတဲ့ မိန်းမကို မာမီလုံးဝသဘောမကျပေမဲ့ ပြောပိုင်ခွင့်မရှိတဲ့ဘဝ အဟင့် သားမိုက်ကြီးကလည်း ငါရှာပေးတဲ့မိန်းမကြတော့မယူချင် အီးဟီးး အဟင့် ငါဘဝကောင်းတာတွေဘာများရှိလို့လဲပြောကာ ရငျဘကျစညျတီးကာရှိုကျကွီးတငငျငိုနတေဲ့ မာမီကြောင့် မာန် ဆုံးဖြတ်တစ်ခုချက်ချလိုက်ပါတယ်။
"တော်ပါတော့မာမီရယ် အရမ်းကြီးငိုမနေနဲ့ဖျားလိမ့်မယ်"
"ဖျားပြီး သေလည်းအေးတာပဲ ငါသဘောမတူတဲ့မိန်းမနဲ့မင်းယူတာကိုမကြည့်ရတော့ဘူးပေါ့"
"ကဲ့မာမီ မငိုနဲ့တော့ သား ငြိမ်းကိုလက်ထပ်မယ်နော်။ သားကိုလည်း မင်းတွေဘာတွေမခေါ်ပါနဲ့ သားလိုပဲခေါ်ပါ မာမီရယ်"
ဒေါ်ဖြိုးမေ ချက်ချင်းမျက်ရည်သုတ်ကာ
"သားတကယ်ပြောတာလား"
"ဒါပေါ့ မာမီရာ တိတ်မငိုနဲ့တော့ အရင်လိုပုံစံပြန်နေ ထမင်းလည်းသိပ်မစားဘူးဆို"
"စားလိုမှမဝင်တာ သားရဲ့"
"မဝင်လို့မရဘူး မာမီမှာတစ်ခြားရောဂါတွေရှိတယ်နော် အားရှိအောင်စားရမယ် လာအခုသားတိုအောက်ထပ်ဆင်းပြီး ထမင်းစားရအောင်"
"အေးပါ သားအခုနဲ့ပြောတာမမေ့နဲ့နော်"
."မမေ့ပါဘူးဗျာ ငိုနေတဲ့ကလေးမုန့်ပိုစားရသလို့ မာမီလည်း မာမီလိုချင်တဲ့ချွေးမလောင်းရပြီးပဲကို့"
"အဟီးး မာမီသားကတကယ်လူလိမ်မာလေးပဲ အရမ်းချစ်ဖို့ကောင်းတာ မာမီစကားလည်းအရမ်းနားထောင် ပြောပြီး မာန်ရဲ့နဖူးပြင်ကိုနမ်းလိုက်တယ်။
.မာန်ကတော့အပြောင်းအလဲမြန်တဲ့ မာမီကြောင့် ဲအံ့ဪရပါသည်။အခုနေများ လက်မထပ်ဘူးပြောကြည့် ချက်ချင်းရင်ထုမတက်ပြန်ငိုမှာမြင်ယောင်မိပါတယ်။
"ွဟေ့..ဒီမှာ ဒီမှာ"
ခေါ်သံကြောင့် ပန်းရေလောင်းနေရာမှာ အသံကြားရကိုလှည့်ကြည့်လိုက်တော့ ဉီးလေးကြီးဖြစ်နေပါသည်။
"ငြိမ်းကိုခေါ်တာလား ဉီးလေးကြီး"
."ကျစ် ဒီနားမှာကလေးမပဲ ရှိတာမဟုတ်လား တစ်ခြားဘယ်သူကိုခေါ်ရအုံးမှာလဲ"
"ဟုတ်ပါပြီး ငြိမ်းကိုဘာကြောင့်ခေါ်တာလဲ ဉီးလေးကြီး"
"နေပါအုံး ငါရုပ်အဲဒီလောက်ရင့်နေလို့လား ဉီးလေးကြီးခေါ်ရအောင် ငါနာမည်နှိုင်းမာန်ဖြိုး အသက်က၃၀ပြည့်တော့မယ်"
."အဲဒါကို ငြိမ်းကဘာလုပ်ရမှာလဲ"
"ဘာကွ မင်းငါကိုဉီးလေးကြီးလိုမခေါ်သင့်ကြောင်းပြောပြတာ"
"ဟုတ်ကဲ့ဘဘ ငြိမ်းမှတ်ထားပါမယ်"
"ပိုဆိုးကုန်ပြီး ကလေးမကိုပြောရတာမောတယ် ငါကိုဉီးမာန်လို့ပဲခေါ် ကြားလား"
"ဟုတ်ကဲ့ပါ ဉီးမာန်"
"အေးအဲလိုခေါ် ဒါပဲငါသွားတော့မယ်ပြောကာ မာန်တစ်ယောက်အိမ်ထဲပြန်ဝင်ခဲ့သည်။
နောက်နေ့ဆက်ရန်ဗျာ
စာရေးသူသွေးမိန့်