တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
"သမီးလေးနှစ်ယောက် ကိုယ်အမှားကိုယ်သိရတယ်လေး မေမေကိုလာပြီးချွဲမနေနဲ့ သွား ပါးပါးနဲ့အတူ ဒူးသွားထောက်ကြ"
ဟုတ်ကဲ့မေမေ ဆိုကာ နှစ်ယောက်သား ဉီးမာန်ဘေးမှာဒူးထောက်ကြသည်။ငြိမ်းလည်း ဒူးထောက်နေတဲ့ သမီးနှစ်ယောက်ရဲ့ပါးလေးကိုနမ်းပြီးအောက်ဆင်းမယ်ပြင်တော့
"အဟမ်း နမ်းဖို့တစ်ယောက်ကျန်နေခဲ့တယ်နော် အပြစ်ပေးတာချင်အတူတူ အနမ်းလည်း အတူတူပေးသင့်တာပေါ့"
"မေမေ ပါးပါးကိုနမ်းနဲ့ ပါးပါးကြောင့် ဖူးလေးတို့ဒူးထောက်နေရတာ"
"ဟုတ်တယ် မေမေ ပွင့်လေးတို့အပြစ်ပေးခံရတာ ပါးပါးကြောင့်ပဲ"
နှုတ်ခမ်းဆူပြီး ပြောနေတဲ့ သမီးနှစ်ယောက်ကို မာန် မကျေနပ်သလိုကြည့်တော့ အမွှာနှစ်ယောက်ကမကျေနပ်သလိုပြန်ကြည့်၏။
"ပါးပါးကို ဘယ်လိုကြည့်နေကြလဲ မကြောက်ကြဘူးလား"
"ကြောက်ပါဘူး မေမေရေ ဟင်းအိုးတူးတော့မယ်ထင်တယ် အမြန်အောက်ဆင်းတော့ ပါးပါးကိုအရေးမလုပ်နဲ့"
."မမပြောတာအမှန်ပဲ မေမေ မမနဲ့ပွင့်လေးလည်း ပါးပါးကိုအရေးမလုပ်ပဲနေကြမယ်"
"အေး ညီမလေး ပါးပါးကြောင့်အပြစ်ပေးခံရတာ အရေးမလုပ်ပဲနေကြမယ်"
ငြိမ်း အတိုငျဖောကျညီနတေဲ့ သမီးနှစ်ယောက်ကိုကြည့်ပြီး အောက်ကိုဆင်းခဲ့သည်။မာန်ကတော့ သမီးလေးတွေနဲ့အပြိုင်ရန်ဖြစ်ကျန်ခဲ့ပါသည်။
"မမကြီးတို့ရေ အဆင်သင့်ဖြစ်ပြီးလား ကားကထွက်တော့မယ် မမြင့်ဇူတို့လင်းမယားလည်းရောက်နေပြီး"
"ပြီးပြီးဟေ့ အမွှာလေးတွေအတွက် မုန့်ပါမပါစစ်နေတာ "
"ငပလီကိုခရီးထွက်မှာဆိုတော့ ပြင်ဆင်ရတာမလွယ်ဘူး ဟိုရောက်မှာအပြတ်ရေစိမ်ပစ်အုံးမယ်"
"ကဲ့ ငယ်စကားများမနေနဲ့မြန်မြန်လုပ်သွားကြမယ်"
"အေးပါ လေးရဲ့ တကယ်ပဲဖြစ်နေလိုက်တာ ပြီးပြီး သွားကြမယ်ဆိုကာ သုံးယောက်သာ ကားပေါ်တက်ခဲ့ကြသည်။
"သမီးငယ်နဲ့သမီးကြီး လိမ်လိမ်မာမာနေနော် ဘိုးဘိုးကြီးနဲ့ဘွားဘွားကြီးတို့စကားနားထောင်နော် အရမ်းလည်းမဆော့ကြနဲ့ တော်ကြာ ဘိုးဘိုးကြီးတော့ခေါင်းမူးနေအုံးမယ်"
"မေမေနဲ့ပါးပါးကမလိုက်ဘူးလား"
"လိုက်မှာပေါ့ သမီးငယ်ရဲ့ ပါးပါးတို့သွားစရာရှိသေးလို့နောက်ကျမှာ သမီးလေးတွေကအရင်ရောက်မှာ လူကြီးတွေပြောစကားနားထောင်နော် သမီးကြီး ညီမလေးကိုစောင့်ရှောက်နော်"
"ဟုတ်ကဲ့ပါးပါး ဘိုးဘိုးကြီးတို့လာပြီးသွားတော့မယ်ဆိုကာ သူတို့ရဲ့မုန်ထည့်တဲ့ ကျောပိုးအိတ်တွေလွယ်ကာ ကားဆီကိုပြေးတက်ကြသည်။
"သားနဲ့သမီးအေးအေးဆေးဆေးလိုက်ခဲ့ကြနော် မြေးလေး တွေအတွက်စိတ်မပူနဲ့ မာမီတို့ရှိတယ်"
"မပူပါဘူး မာမီ မြတ်နိုးရဲ့ကလေးတွေလည်းပါတာပဲ ညီမလေးလည်းပါတယ် တီတီကြီးတို့လည်းပါတာပဲကို့ ပြီးတော့ ခိုင်လေးပါတာပဲကို့"
"ဒါဆိုရင် မာမီတို့သွားပြီး တာတာ့"
"မေမေနဲ့ ပါးပါး တာတာ့ "
"တာတာ့ပါရှင့် မေမေတို့အမြန်လိုက်ခဲ့ပါမယ် "
"ကလေး ဒီနေရာလေးကိုမှတ်မိလား"
ဉီးမာန် ပြောတဲ့နေရာက တိမ်လွှာဖြူလေးတွေတိုင်တည်တဲ့နေရာလေးပါ။
"မှတ်မိပါတယ် ဒီနေရာလေးမှာ ကလေးတို့ရဲ့အချစ်တွေကို တိမ်လွှာဖြူလေးကိုသက်သေထားပြီးတိုင်တည်တာလေး"
"အဟင်းး မှတ်မိလို့ကျေးဇူးပါ ကလေးရေ ဒီနေရာလေးက ဉီးမာန်အတွက်အရေးပါဆုံးနေရာပါ။ငပလီကို ဒီနေရာဆီလာပြီးမှသွားမယ်လုပ်ထားတာ ဉီးမာန်တို့ရဲ့အချစ်တွေခိုင်မြဲကြောင်း တိမ်လွှာဖြူလေးကို သက်သေလာပြတာ"
"ဟီး ကလေးအတွက်လည်း အရေးပါပါတယ် ဒီနေရာလေး သမီးလေးနှစ်ယောက်ကိုဗိုက်ထဲမှာလွယ်ထားရမှန်းသိတာ ပြီးတော့ ဉီးမာန်ကိုအရမ်းချစ်ကြောင်း တိမ်လွှာဖြူလေးကို တိုင်တည်တာလေး ဉီးမာန်ကို ကလေးအသက်ထက်ပိုချစ်ပါတယ်ရှင်"
မာန်ရင်ခွင်ထဲမှာကြည်နူးနေတဲ့ ကလေးကိုငုတ်ကြည့်ပြီး စိတ်မထိန်းနိုင်စွာ နဖူးပြင်ကိုနမ်းမိရပါသည်။
"ဉီးမာန် ကလေးရဲ့အမွေတွေအကုန်လုံး ဒေါ်ဒေါ်တို့ကိုပေးလိုက်လို့ စိတ်စိုးလားဟင်"
"စိုးစရာလားဗျာ ဉီးမာန်ကနှလုံးအထူးကုနော် ပိုက်ဆံတွေအများကြီးရှာနိုင်တဲ့ တော်သေးတဲ့မြတ်နိုးလည်းသူ့အိမ်ထောင်နဲ့သူဖြစ်လို့"
"ဟီး မမကသူ့ယောကျာ်းကိုအရမ်းမုန်းတာ ဉီးမာန်ရဲ့ တူလေးကာရံကို မွေးမှချစ်သွားတာတဲ့"
"မုန်းစရာချည်းကို ဒီလောက်ရုပ်ဆိုးတာ ဉီးမာန်လောက်ချောရင်တော့ မြတ်နိုးအစကတည်းကပြန်ချစ်မှာသေချာတယ်"
ွ"ဉီးမာန်ကလည်း အချစ်ကရုပ်ဆိုးတဲ့ ရုပ်ချောတာနဲ့မသတ်ဆိုင်ပါဘူး ရင်ထဲမှသူအလိုလိုဖြစ်ပေါ်လာတာပါ ဉီးမာန်ကိုလည်း ကလေးကရုပ်ချောလိုချစ်ခဲ့တာမဟုတ်ပါဘူးနော် ဒီနှလုံးသားကဉီးမာန်ကိုအရမ်းချစ်တယ်ဆိုလို့ ချစ်ခဲ့တာပါရှင့်"
"ဉီးမာန်လည်း နှလုံးသားရဲ့တောင်းဆိုမှုကြောင့်ပါဗျာ"
"ဉီးမာန် သမီးလေးတွေဆီလိုက်သွားရအောင် သမီးလေးတွေက မိဘနဲ့တစ်ညပဲခွဲပြီး အိပ်နိုင်တာ တော်ကြာမာမီတို့မအိပ်ရပဲနေအုံးမယ် သွားကြဆို့"
"အချစ်နတ်ဖုရားမလေးရဲအမိန့်တော်အတိုင်းပါဗျာ"ဆိုကာ နှစ်ယောက်သား တစ်ယောက်ရဲ့လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီး ကားဆီသို့ပြန်လာကြသည်။
"ညီမလေး ရေဆော့တာတော်တော့ အအေးပတ်လိမ့်မယ်"
."မမကလည်း ဆော့ရတာဝသေးဘူး"
"မဝလို့မရဘူး မေမေကမှာထားတဲ့လေး အကြာကြီးမချိုးရဘူးတဲ့ လာတက်ခဲ့"
"မမကလည်း ခဏလေးထပ်ဆော့
အုံးမယ်နော် ဖူးလေးက သန်မာပါတယ် အအေးပတ်လောက်ပါဘူး"
"မေမေက သေချာမှာထားတာကို့ ကောင်းပြီး ခဏလေးပဲနော် တစ်အောင့်နေပြန်လာခဲ့မယ် ပြောကာ ဖြိုးဆီကို မြေးအကြီးမလေးလျှောက်လာပါသည်။
"ဘွားဘွားကြီး ရေနွေးပူပူလေး ငှဲထားပေးပါအုံး"
"ဘာလုပ်မလို့လဲ ဖူးလေးရဲ့"
"ညီမလေးကိုတိုက်မလို့ ရေဆော့ထားတာအရမျးကွာပွီးလေး ဖျားမှာဆိုလို့"
"အမယ်လေးတော့် သူ့ညီမကိုတော့ကရုစိုက်လို့ ဘွားဘွားမြင့် ကိုတော့ကရုမစိုက်ဘူး"
"ဘွားဘွားမြင့်ကို တီတီနိုးကကရုစိုက်လိမ့်မယ် ပြီးတော့ ဘိုးဘိုးအောင်ရော့ရှိတာပဲကို့ ညီမလေးမှာကသမီးတစ်ယောက်ပဲရှိတယ်"
"ဟားး.ဟားး အတက်မလေးပါလား မြေးလေးရဲ့ ညီမလေးကို ဒီကလူတှေ အကုန်လုံးကကရုစိုက်ပါတယ်ကွာ ကြည့်ပါအုံးဗျာ သူကိုယ်သူလူကြီးကြနေတာပဲ ဟေ့လူကြီးမလေး ဘိုးဘိုးကြီးကိုလာနိပ်ပေးအုံး"
"ဟုတ်ကဲ့ ဘိုးဘိုးကြီးဆိုကာ ဖူးမြတ်မာန်လေးက သွားနိပ်ပေးတော့ အကုန်လုံးကသဘောကျစွာရယ်နေပါသည်။
အမွှာနှစ်ယောက် တစ်ရက်လုံးပျော်ရွှင်နေပြီးတော့ ၂ရက်မြှောက်ညမှာ ဘယ်လိုသိပ်သိပ်မအိပ်ပဲငိုကြပါသည်။
"အီးး ဟီးး မေမေနဲ့ပါးပါးကိုလွမ်းတယ် သတိရတယ် အိမ်ပြန်မယ် အိမ်ပြန်မယ်"
"အီးးဟီးး ဟုတ်တယ်အိမ်ပြန်ချင်တယ် ဘွားဘွားကြီးရေ အိမ်ပြန်ပို့ပေးပါ"
"အေးပါမြေးမလေးတို့ရေ ပို့ပေးပါမယ်တိတ်တော့နော် သမီးငယ်ရေ နင်တူမအငယ်ကိုလာချီအုံး"
"ဟုတ်မာမီ တီတီဆီလာနော် ပွင့်လေးကအရမ်းလိမ်မာတာလေးနော်"
အကုန်လုံးဝိုင်းချော့သော်လည်း မတိတ်နိုင်ပါ။အမွှာနှစ်ယောက်ရဲ့ငိုသံကဆူညံနေရော့ထိုအချိန်
"ငိုလှချည်းလာ မေမေသမီးလေးတို့ရေ လာမေမေနဲ့ပါးပါးဆီကို့ "
သားနဲ့သမီးလာလို့တော်သေးတယ် မဟုတ်ရင်တစ်ညလုံးအိပ်ရမှမဟုတ်ဘူး ကဲ့သူတို့မိဘတွေလာပြီးဆိုတော့ ကိုယ်အခန်းကိုယ်နားကြတာပေါ့လိုမာမီကပြောတော့ အားလုံးအခန်းထဲကထွက်သွားကြပါသည်။
"ကြည့်ပါအုံး မေမေသမီးတွေအရမ်းငိုလာချည်းလား တိတ်တော့နော်တိတ် မေမေနဲ့ပါးပါးရောက်ပြီးလေးနော် ရေသောက်လိုက်အုံးမောရော့ပေါ့"
အမွှာလေးနှစ်ယောက် ချက်ချင်းကိုငိုသံတိတ်က ရေသောကျပြီး ငြိမ်းကိုဖက်ထားပါသည်။
"မေမေနဲ့ပါးပါးကိုအရမ်းလွမ်းတာပဲ"
"မေမေတို့ကလည်း လွမ်းနေတာပါ သမီးကြီးရဲ့ ညီမလေးကိုရော့ကရုစိုက်ရဲ့လား"
"မမကအရမ်းကရုစိုက်ပါတယ် မေမေ ပွင့်လေးကိုလည်း အလျော့ပေးတဲ့"
"ဟုတ်ပါပြီးရှင့် မိုးအရမ်းချုပ်နေပြီးအိပ်ကြရအောင်နော် "
"ဟုတ်မေမေ"
" ကဲ့ပါးပါးနဲ့အိပ်မယ် သမီးကြီးလာခဲ့ ရင်ခွင်ထဲကို့"
.
"ဟုတ်ပါးပါး ပြန်ဖြေရင် ခုတင်ပေါ်မှလှဲအိပ်နေတဲ့ မာန်ဆီကိုပြေးသွားအိပ်ပါသည်။
"သမီးရဲ့မမတောင် ပါးပါးနဲ့အိပ်နေပြီး မေမေတို့လည်းအိပ်ရအောင်နော်"
"ဟုတ် မေမေ"
အမွှာလေးတွေအိပ်မောကျမှာ မာန်နဲ့ငြိမ်း ခုတင်ပေါ်မှထကာ ပြတင်းပေါက်နားရပ်၍ထိန်လင်းနေသောလကိုမော့ကြည့်ရသည်။
"ကလေးပြောတာမှန်တယ် သမီးလေးနှစ်ယောက်က ဉီးမာန်တို့နဲ့တစ်ညပဲခွဲပြီးအိပ်နိုင်တဲ့ဆိုတာလေး"
"အဟင်း သမီးတွေအကြောင်းကသိတာပေါ့ ဉီးမာန်ရဲ့ ကလေးကသူတို့ကိုမွေးထားတာကို့"
"ကလေးကိုအရမ်းချစ်တယ်ကွာ သမီးလေးနှစ်ယောက်ကိုရော့ ဆိုကာ ငွိမျးရဲ့ပါးပွငျလေးကိုဉီးမာနျနမျးရှိုကျလိုကျပါသညျ။ငွိမျးလညျး ဉီးမာန်ရဲ့အနမ်းကိုမြတ်နိုးစွာခံယူသည်။ထို့နောက်တစ်ယောက်နဲ့တစ်ယောက်ကြားလေမတိုးနိုင်အောင်ဖက်ထားကြပါသည်။
ပြီးပါပြီးဗျာ
အစအဆုံးဖတ်ပေးသော စာဖတ်သူလေးတွေကို ကျေးဇူတင်လေးစားလျက်ပါဗျာ။နောက်ရေးမဲ့ဇာတ်လမ်းတွေကို့လည်း အားပေးပါအုံးဗျာ ကျွန်တော်ရဲ့ဇာတ်လမ်းကိုနှစ်သက်လား မနှစ်သက်လားဆိုတာ မန့်ရေးခဲ့ပေးပါဗျာ လိုအပ်တာပါဝေဖန်ပေးပါအုံးဗျို့..
စာရေးသူ သွေးမိန့်