book

Index 23

အပိုင်း(၂၃)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

ညဘက်ဆိုရင် သမီးလေးနှစ်ယောက်ရဲ့ငိုသံကဆူညံပွက်လျက်ပါ။

"ဝါးးး.အီးး"

"အေးပါ..သမီးလေးရယ် မငိုပါနဲ့နော် မေမေနို့တိုက်ပါမယ်ရှင့်"

"ကလေးရဲ့ သမီးနှစ်ယောက်ကစိတ်ကြီးပဲ ပေး ဉီးမာန်သိပ်ပေးမယ် အငယ်မလေးကိုပေး"

ငြိမ်း ရင်ခွင်ထဲမှအော်ဟစ်ငိုနေတဲ့ သမီးလေးနှစ်ယောက်ကိုကြည့်ရင် ကိုယ်တိုင်ပါမျက်ရည်ကျလာတယ်။

"တိတ်ပါ သမီးလေးတို့ရေ မေမေနို့တိုက်တယ်လေး မငိုပါနဲ့တော့ "

"ကလေးပါ ငိုနေတာလား မငိုပါနဲ့ကွာ ဉီးမာန်သိပ်ပေးမယ် အေ..အေ..သမီးလေးတို့ရေ..ပါးပါးသီချင်းဆိုသိပ်မယ်နော်..အေ..အေ"

မာန် နာရီဝက်လောက်လမ်းလျှောက်ပြီး သိပ်မှာအငယ်မလေး အိပ်ပျော်သွားတယ်။အကြီးမလေးကိုတော့ ငြိမ်းနို့တိုက်ပြီးသိပ်လို့ အိပ်ပျော်သွားသည်။

"ကြည့်ပါအုံး သမီးလေးတွေအိပ်ပျော်နေလိုက်တာ အခုနာက ငိုတာသူတို့မဟုတ်တဲ့အတိုင်းပဲ
သမီးလေးတွေ အားကြီးဆိုးတဲ့"

."ဉီးမာန်ကလည်း သမီးတွေကိုအဲလိုမပြောပါနဲ့ ကလေးရဲ့သမီးတွေကလိမ်မာတယ်နော်"

"ဟုတ်ပါပြီး မပြောတော့ဘူး သမီးလေးတွေဘယ်လိုနာမည်ပေးမလဲ "

"သမီးလေးတွေကို့ ဖူးမြတ်မာန်နဲ့ ပွင့်မြတ်မာန်လို့ပေးရင်ကောင်းမလားဟင် သမီးကြီးက ပန်းရဲ့အဖူးလေးလိုအရမ်းချစ်ဖို့ကောင်းတယ်၊သမီးငယ်လေးကျတော့ ပန်းရဲ့အပွင့်လေးလို့ချစ်စရာလေး အဟင်းး"

"ဉီးမာန် ရဲ့နာမည်ပါပြီး ကလေးရဲ့နာမည်ကဘာလိုမပါတာလဲ"

"ဘာလိုမပါတာလဲဆိုတော့ ဉီးမာန်ကိုအရမ်းချစ်လို့ပေါ့ မရဘူးအဲဒီနာမည်ပဲပေးမှာ "

"သဘောပါဗျာ သဘောပါ သမီးနှစ်ယောက်အိပ်ပြီးဆိုတော့ ကလေးလည်းအိပ်တော့ ပင်ပန်းနေပြီးမဟုတ်လား "

"မပင်ပန်းပါဘူး သမီးလေးတွေကိုစိတ်ပူတာ ခဏခဏငိုတော့ပင်ပန်းမှာစို့လို့တဲ့"

"နို့ဘူးဖျော်တိုက်လေး ဒါဆိုရင် ကလေးသက်သာတာပေါ့"

"မတိုက်ချင်ပါဘူး မိခင်နို့အစစ်ကသာ အာဟာရအရှိဆုံး ပြီးတော့ကလေးရဲ့နို့ရည်က သမီးလေးတွေအတွက်လုံလုံလောက်လောကျထှကျပါတယျ အဟီးး ကလေး မနက်ဖြန် ကြက်စွတ်ပြုတ်အများကြီးသောက်မယ်"

"ကလေးပင်ပန်းနေပြီး ကြည့်ပါအုံးသမီးလေးနှစ်ယောက်ကြောင့် အိပ်ရေးပျက်ပြီးပိန်နေပြီး ဉီးမာန်အရမ်းသနားတာပဲ"

"အဟွန်း ကလေးတစ်ယောက်ပဲပင်ပန်းတာမှမဟုတ်တာ ဉီးမာန်ရဲ့ မိခင်တိုင်းရဲ့ပင်ပန်းမှုပါ ဒါပေမဲ့ မိခင်တိုင်းကအဲဒီပင်ပန်းမှုတွေကို ကိုယ်ရဲ့ရင်သွေးလေးတစ်ချက်ပြုံးလိုက်တာနဲ့အရာအာလုံးအပန်းဖြေသွားရော့ ကြည့်ပါအုံးသမီးငယ်လေးက ဘာအိပ်မက်တွေမက်နေလို့လဲမသိဘူး အိပ်ရင်ပြုံးနေတယ် အဟီးး"

"မနာလိုဘူးကွာ တကယ်မနာလိုဘူး"

ငြိမ်းရဲ့ပေါင်ပေါ် ခေါင်းတင်ပြီးလှဲကာ မာန် မျက်နှာဆူပုတ်ပြီး တကယ်မနာလိုတဲ့အသံနဲ့ပြောသည်။

"ဉီးမာန် ကဘာလို့မနာလိုဖြစ်တာလဲ"

"သမီးလေးတွေလောက်ကိုယ်ကို့မှမချစ်တာ ဒါကြောင့် စိတ်စိုးတယ်"

."ဉီးမာန်က ကလေးလား အံ့ဪတယ် ဉီးမာန်ကိုချစ်လိုပဲ ဒီအမွှာလေးတွေကိုရလာတာကို့ ဟွန့်"

"နောက်ထပ်တစ်ယောက် ထပ်ယူဖို့ကြိုးစားလိုက်ရမလား"

"ရူးနေလား ဒီအမွှာလေးတွေကိုတောင်ထိန်းလို့မနိုင်သေးဘူး နောက်တစ်ယောက်ယူချင်တယ်ပေါ့ ဉီးမာန်ဘာသာ ကိုယ်ဝန်ဆောင်ပြီးမွေး ဒါပဲဖယ် ကလေးအိပ်တော့မယ် သမီးနှစ်ယောက်အိပ်တုန်း အိပ်ရေးဝအောင်အိပ်ထားမှာ ပြောကာ ပေါင်ပေါ် ခေါင်းအုံးထားတဲ့ မာန်ရဲ့ခေါင်းကိုကြမ်းတမ်းစွာဖယ်ပစ်လိုက်ပါသည်။

"ကြည့်စမ်း ဉီးမာန်ကို ဆိုရင်ညင်သာမှုကိုမရှိဘူး လာခဲ့ရင်ခွင်ထဲ ပါးစပ်ကလည်းပြော ငြိမ်းရဲ့ကိုယ်လေးကိုလည်း တစ်ခါတည်းထဲဆွဲဖက်ပြီးသာပါ။

"ဒေါ်မြင့်ဇူ.. ဒေါ်မြင့်ဇူ ကျုပ်တို့အကြွေးဘယ်တော့ပေးမှာလဲ"

"မရှိဘူး ငါ နောက်မှာပေးမယ်"

"မရဘူး ခင်ဗျားအကြွေးကနည်းတာမဟုတ်ဘူး အခုချက်ချင်းပေး မပေးရင်ခင်ဗျားအသက်ကိုယူရလိမ့်မယ်"

"မလုပ်ပါနဲ့ရှင့် တောင်ပန်းတယ် ပိုက်ဆံရှိရင်ပြန်ဆပ်ပါမယ်"

"မလိုချင်ဘူး အခုလိုချင်တာ ကျုပ်ဆရာကမှာထားပြီးသာ"

ဒေါ်မြင့်ဇူတစ်ယောက် အရမ်းကိုတုန်လှုပ်ခြောက်ခြားနေပါတော့တယ် ဘာအလုပ်မှမလုပ်ပဲ ပိုက်ဆံချေးပြီးနေလာတာ သမီးမြတ်နိုးကလည်းဘယ်ပျောက်လို့ဘယ်ရောက်မှန်းမသိ ယောကျာ်းကလည်းသူရော့ဂါနဲ့ဆေးရုံမှာ ငါကိုကယ်မယ်သူလည်းမရှိပါလား အိမ်နီးနာချင်တွေကလည်းငါနဲ့မတည့်တော့ ကူညီမှာမဟုတ်ဘူး ငါသေရတော့မယ်ထင်တယ်"

"ကဲ့ကြာတယ် ဟေ့ကောင်တွေအပြစ်ရှင်းခဲ့လိုက်"

ခေါင်ဆောင်းက ဆေးလိပ်ဖွာပြီး အမိန့်ပေးတော့ တပည့်က ဒေါ်မြင့်ဇူကို သတ်ဖို့ဓားမြှောက်လိုက်တဲ့အချိန်

"နေပါအုံး ရှင်တို့တွေကျွန်မအဒေါ်ကို ဘာမှမလုပ်ကြပါနဲ့ အကြွေးကဘယ်လောက်လဲ"

"မင်းကဘယ်သူလဲ်"

"ကျွန်မက သူ့တူမပါ"

"ချောချောလေးပဲ မင်းကငါအကြွေးဆပ်နိုင်လို့လား"

"ဘယ်လောက်ဆိုတာပဲပြောစမ်း"

"ကောင်းပြီးလေး သိန်း၅ရာ အခုပေးရမယ်"

"ငြိမ်း ဒေါ်ဒေါ်ကိုကယ်ပါနော် ဒေါ်ဒေါ် မသေချင်သေးဘူး အင့်ဟင်ံ ငြိမ်းအပေါ်လုပ်ခဲ့တဲ့အမှားတွေကိုတောင်ပန်းပါတယ် ဒေါ်ဒေါ်ကိုကယ်ပါအုံး"

ဒေါ်မြင့်ဇူ ငြိမ်းရဲ့ဒူးကိုဖက်ကာ အျောဟစျငိုယိုပွီးတောငျပနျးနပေါသညျ။ငွိမျးလညျး ဒီနေ့ သမီးတွေကိုမာမီလက်ထဲထည့်ပြီး ဒေါ်ဒေါ်တို့ဘယ်လိုနေလဲ လာကြည့်တာပါ။ခြံထဲဝင်ရုံပဲရှိသေးတဲ့ကြားလိုက်ရတဲ့စကားကြောင့်လန့်ပြီးအိမ်ထဲပြေးဝင်လာတာပါ။

"ဒေါ်ဒေါ် ဘာမှမဖြစ်စေရဘူး ထပါ ငြိမ်း ကူညီပါမယ် ဒေါ်ဒေါ် ငြိမ်းကိုဘယ်လိုပဲပြုမှုခဲ့ပါစေ ငြိမမးခွင့်လွှတ်ပြီးသာပါ"

"စကားများမနေကြနဲ့ ငါတို့ကိုပိုက်ဆံပေး"

"ရော့ ကျွန်မဆွဲကြိုးရဲ့တန်ဖိုးက သိန်း၅ရာရှိတယ် "

"စစ်ကိုစစ်ရဲ့လား အတုကြီးများလားမသိဘူး"

"ရွှေအစစ်ပါ လော့ကတ်သီးကစိန်အစစ် ရှင်မယုံရင် ရှေဆိုငျမှာတစျခါတညျးလိုကျရောငျးပေးမယျ"

"ကောင်းတာပေါ့ လိုက်ရောင်းပေး"

"ဒါဆိုရင် ကျွန်မအိမ်မှာပေါင်ချာတစ်ခါထဲဝင်ယူအုံးမယ်"

"ရတယ် ငါတို့ကားနဲ့ပဲသွားရမယ်"

ငြိမ်း ရွှေဆိုင်မှာတစ်ခါတည်း လိုက်ရောင်းပေးတော့ ဆွဲကြိုးကသိန်း၆ရာရပါတယ် ဟိုဘက်ကလူဆိုးတွေနည်းနည်းနောင်တရသွားသည်။

"ဒါမှန်းသိရင် ကိုယ်ဘာသာရောင်းလိုက်ပါတယ်"

"အပိုတွေလာပြောမနေနဲ့ရှင်တို့ အကြွေးကျေပြီးဆိုတော့ ငါနဲ့ဘယ်တော့မှမပတ်သက်ပဲနေကြရအောင်"

"အသံကမာလှချည်းလာ ဒေါ်မြင့်ဇူ ခင်ဗျားတူမ ကယ်လိုကံကောင်းသွားတယ်မှတ်ပါပြော၍ လူဆိုးအဖွဲ့တွေထွက်သွားပါသည်။

"ကျေးဇူးပါ ငြိမ်းရဲ့ ဒေါ်ဒေါ်ရှိခိုးပြီးကျေးဇူးတင်ပါတယ်"

"မလိုပါဘူး ဒေါ်ဒေါ်ရဲ့ နောက်တစ်ခါအဲလိုထပ်မမိုက်ပါနဲ့ ဉီးဉီးဆီသွားရအောင် ဒေါ်ဒေါ်ကိုမျှော်နေတဲ့"

"သွားကြတာပေါ့ ဒေါ်ဒေါ်လည်းတောင်ပန်းစရာတွေရှိတယ် ပြီးတော့ဒေါ်ဒေါ် မယားတာဝန်ကျေပွန်အောင်နေပါမယ်"

"ဟုတ်ကဲ့ပါ ဒေါ်ဒေါ် ပြောရင် ငြိမ်း ဒျေါဒျေါရဲ့လကျမောငျးကိုတှဲပွီးပွုံးကာ ဆေးရုံဆီသို့လာခဲ့ပါသည်။

၃နှစ်ခန့်ကြာပြီးနောက်

"ကလေးရေ..မင်းရဲ့အမွှာနှစ်ယောက်ကို လာထိန်းပါအုံးကွာ ဒီမှာဉီးမာန်ရဲ့ဆေးစာအုပ်ကို ခဲတံတွေနဲ့လာခြစ်နေတဲ့ မနိုင်တော့ဘူး"

ငြိမ်း ဟင်းချက်ရင်တန်းလမ်းနဲ့ အပေါ်ထပ်က သားဖသုံးယောက်ဆီပြေးသွားရပါသည်။

"ဉီးမာန်!!! သမီးတွေကိုဘယ်လိုကိုင်ထားတုန်း"

ငြိမ်းအလန့်တကြားအော်မိတာလဲမမှားပါ ။မာန် သမီးလေးနှစ်ယောက်ကိုခြေထောက်ကနေ စောက်ထိုးကိုင်ထားလိုဖြစ်ပါသည်။

"မင်းသမီးတွေက အငြိမ်မှမနေတာ ဒီလိုခြေထောက်ကနေကိုကိုင်ပြီး စောက်ထိုးဆွဲထားမှာငြိမ်သွားတာ"

"မေမေ ပျော်စရာကြီး မေမေရုပ်ကစောက်ထိုးကြီးဖြစ်နေတယ် ခစ်.ခစ်" နဲ့ရယ်ကာအမွှာအကြီးမလေးကလှမ်းပြော၏။

"ပါးပါး.ကိုမဆူပါနဲ့ မေမေ ပွင့်လေး အဲလိုနေရတာပျော်တယ် မိုက်တယ်နော် မမ အခုမှာပွင့်လေးတို့ လင်းနို့တွေလိုစောကျထိုးအိပျလိုရပွီ ယေးး"

ငြိမ်း ပျော်နေတဲ့ သမီးနှစ်ယောက်ကိုကြည့် စိတ်ညစ်ရပါတယ် ။မိန်းကလေးတွေသာပြောတာ ကစားတာကမျောက်ရှုံး မှေတာကလညျး ဉီးမာန်ရဲ့ဆေးစာအုပ်ပါမကျန် တစ်ခါတစ်လေး ငြိမ်းရဲ့အလှပြင်ကိုဖွထားလို့ရိုက်ပြီးပြီး ယောကျာ်းလေးနဲ့မှားပြီးမွေးလာသလားမှတ်ရတယ် ငြိမ်းရဲ့ သမီးတွေကတကယ်မိန်းမမဆန်ဘူး တစ်ခါတစ်လေး ဉီးမာန် ပြောတဲ့ "ကလေးကမိန်းမပီသသလောက် အမွှာလေး နှစ်ယောက်ကတော့ ယောကျာ်းလေးဆန်ဆန်တဲ့ ကြီးလာရင် ဉီးမာန် သမက်ရပါအုံးမလားမသိတဲ့ ငြိမ်းအတွေးတွေးရပ်ကာ သားဖသုံးယောက်ကိုဒေါသမျက်နှာနဲ့ကြည့်တော့

"ပါးပါး အောက်ချပေးတော့ မေမေဒေါသထွက်နေပြီး"

" မေမေ ပွင့်လေးတို့က မလုပ်ခိုင်းပါဘူး ပါးပါးဘာသာ စောက်ထိုးဆွဲထားတာ ပါးပါးကိုရိုက် ပွင့်လေးခေါင်းတောင်မူးသွားပြီးပြောကာ ငြိမ်းကို လာဖက်၏။

"ဟုတ်တယ် မေမေ ပါးပါးကလေး ဖူးလေးတို့ ကိုစိတ်ဆင်းရဲအောင်သိပ်လုပ်တာပဲ ခေါင်းမူးသွားပြီးဆိုကာ အကြီးမလေးလိုလာပြေးဖက်တော့ငြိမ်းရယ်ချင်ပါသည်။

"ကြည့်စမ်း အခုနဲ့ကပဲပျော်တယ်ဆို မိုက်တယ်ဆို လင်းနို့လိုအိပ်လိုရပြီးဆို အခုတော့ဘယ်လိုဖြစ်ပြီး ချက်ချင်းခေါင်းထမူးတာတုန်း ဖူးလေးနဲ့ပွင့်လေးနော် ကိုယ်အမှားကိုယ်သိ ပါးပါးရဲ့ဆေးစာအုပ်ကိုလျှောက်ခြစ်ထားလို့ ဆူခံရမှာပဲ"

"ပါးပါး ဘာသာစည်းကမ်းမရှိပဲထားချင်ရာထားထားတာကို့ ဖူးလေးက စက်ရုပ်ပုံဆွဲချင်တာစာအုပ်မှမရှိ မေမေရဲ့ အဲဒါကြောင့်ဆွဲလိုက်ရတာ"

"ဟုတ်တယ် မေမေ ပွင့်လေးတို့အပြစ်မဟုတ်ဘူး ပါးပါးအပြစ်"

ငြိမ်းကို ဖက်ပြီးသမီးနှစ်ယောက်က သူတို့အဆူမခံရအောင် ဉီးမာန်ကိုလွဲချနေတာ တကယ်အသဲယားစဖွယ်ပါ။

"ဖူးလေးနဲ့ပွင့်လေးနော် ပါးပါးကဆေးစာအုပ်ဖတ်ပြီး အိပ်သာသွားချင်လိုခဏလေးချထားမိတာကို့ စည်းကမ်းမရှိတာမဟုတ်ဘူးကွာ"

"ကဲ့တော်ကြာတော့ သားဖသုံးယောက်လုံးအပြစ်ရှိတယ် သူအပြစ်ကိုယ်အပြစ်ပုံမနေနဲ့ မေမေဟင်းချက်နေတာကို့ နှောက်ယှက်တဲ့အတွက် အကုန်လုံးမှာအပြစ်ရှိတယ် ဒါကြောင့် ဒီအခန်းထဲမှာနာရီဝက်ဒူးထောက်ထိုင်နေကြ"

"မေမေကလည်း ဖူးလေးက မေမေကိုသိပ်ချစ်တာကို ဖူးလေးကိုမချစ်ဘူးလားဟင် ဖူးလေးရဲ့ဒူးနုနုလေးနာမှာကိုမစိုးရိမ်းဘူးလားဟင်"

"မေမေကို ပွင့်လေးလည်းချစ်တယ်လေး ပွင့်လေးဒူးထောက်ပြီး ညောင်းနေမှာကို မေမေကြည့်ရက်မှာလားဟင်"

သမီးနှစ်ယောက်က သနားစဖွယ်မျက်နှာလေးတွေနဲ့ ငြိမ်းကိုပြောတော့ ငြိမ်းမှာသနားလိုက်ရတာ ၃နှစ်ဆိုပေမဲ့ စကားကတော့အရမ်းတတ်လွန်လို ဉီးမာန်တောင်အသဲယားပြီး သမီးလေးတွေရဲ့ပါးဖောင်းဖောင်းလေးကိုကိုက်ပစ်တတ်သည်။အခုလည်း ဉီးမာန်အသဲယားစွာ သမီးလေးတွေကို ပြုံးပြီးကြည့်နေသည်။

"ဟိတ်မာယာတွေများမနေကြနဲ့ ပါးပါးနဲ့ဒူးလာထောက်ကြ"

"မေမေ ကြည့်ရက်လားလို သမီးတို့နှစ်ယောက်ကိုမချစ်ဘူးလားလို့ "ဆိုကာ ငြိမ်းရဲ့မျက်နှာလေးကို သမီးလေးနှစ်ယောက်က ညင်ညင်သာသာပုတ်ပြီးပြောသည်။

စာရေးသူ သွေးမိန့်


rate now: