book

Index 22

အပိုင်း(၂၂)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

"ဉီးမာန်ရေ ကလေးဗိုက်ဆာတယ်"

ဆေးစာအုပ်ဖတ်နေတဲ့ မာန် တစ်ရေးနိုးပြီး ဗိုက်ဆာနေတဲ့ ကလေးကိုကြည့်ပြီးမိတယ်။

"ကလေးကဘာစားချင်တာလဲ အိပ်ရေးရောဝရဲ့လား"

"စားချင်တာက သရက်သီးသုပ် ငရုတ်သီးစပ်စပ်လေးနဲ့စားရရင် အရမ်းကောင်းမှာပဲ အခုတောင်စားချင်လာပြီး."

"ဗိုက်ဆာတယ်ဆို ဘယ်နဲ့သရက်သီးသုတ်စားချင်ရတာတုန်း"

"မသိဘူး သရက်သီးသုတ်စားချင်တယ်..သရက်သီးသုတ်စားချင်တယ်"

"အခုပဲ ည၁နာရီဘယ်မှာဝယ်ပေးရမလဲ ပြီးတော့အစပ်ကဗိုက်ထဲက ဘေဘီလေးနဲ့မတညျ့ဘူးနျော တော်ကြာအစပ်စားလို့ ဘေဘီလေးဆံပင်မပေါက်ပဲနေမယ်"

"ဉီးမာန်ကလည်း သူဘာသာချဉ်ချဉ်စပ်စပ်စားချင်တာကို့ မသိဘူး အရမ်းစားချင်တယ် အခုတောင်သရေကျနေပြီး"

မာန်ကြည့်လိုက်တော့ ဗိုက်ဖုံးအင်ကျီပန်းဆီရောင်နဲ့ သူမလေးနဲ့ အရမ်းလိုက်ဖက်လှပနေပါသည်။ခုတင်ပေါ်မှာထိုင်ပြီးနှုတ်ခမ်းဆူကာ ပူစာနေတာမို့ မာန်သက်ပြင်းချမိ၏။

"မနက်ကျရင် ဝယ်ကျွေးမယ်နော် အခုကဝယ်လို့မှမရတာကို့လိမ်မာတယ် ပြန်အိပ်တော့ ဉီးမာန်ချော့သိပ်မယ်"

"မရဘူး အရမ်းစားချင်နေတာ ကလေး အဲဒါမစားရရင်အိပ်ပျော်မှာမဟုတ်ဘူး"

မာန် နားလည်းပါတယ် ကိုယ်ဝန်သည်တွေကသူတို့ချဉ်ချင်တတာမစားရရင် ဘယ်လိုမှစိတ်ကျေနပ်မှုရှိမှမဟုတ်တာကြောင့် မာန်ဆုံးဖြတ်ချချက်လိုက်ပါတယ်။

"ကဲ့ ထသွားရှာကြည့်မယ် အဲဒီသရက်သီးသုတ်ကို့"

"တကယ်လား အဟီးးပျော်လိုက်တာ သွားမယ်."

"ကလေးအဝတ်စားပါးတယ် အနွေးထည်ဝတ်အုံး"

"မဝတ်ချင်ဘူး မအေးပါဘူးဒီအတိုင်သွားမယ်."

"ပြောမရဆိုမရလေး ဆိုကာ သူမရဲ့အနွေးထည်ကိုယူကာ သူကိုယ်တိုင်ဝတ်ပေးပြီး အောက်ဆင်းခဲ့သည်။

ညတစ်နာရီဖြစ်တာကြောင့် လမ်းတစ်လျှောက်ကရှင်းလင်းနေပါသည်။ဆိုင်တွေအကုန်ပိတ်ထားသဖြင့် ဘေးနားက ငြိမ်းရဲ့မျက်နှာလေးမှုန်ကုတ်နေပါသည်။

"ဟွန့် ဘာလို့တစ်ဆိုင်မှာမဖွင့်တာလဲမသိဘူး"

"ဘယ်ဖွင့်မှာလဲ လူအိပ်ချိန်ကို့ ပြီးတော့ ကလေးတမ်းတနေတဲ့ သရက်သီးသုတ်က နေ့လည်မှာစားကြတဲ့အစာစားကို့"

."အီးး.ဟီးး ကလေးတော့ အဲဒီသရက်သီးသုတ်မစားရရင် သေမလားမသိဘူး"

"ဟာ ငိုစရာလားကွာ ဉီးမာန်ရအောင်ရှာပေးမယ်နော် မသေရပါဘူးကွာ ပြောကာ ရန်ကုန်တစ်မြို့လုံးပတ်ရှာသော်လည်း ရှာမရတာကြောင့် မာန်ကားကိုအဝေးပြေးလမ်းသို့မောင်းချခဲ့သည်။

"ဉီးမာန် ဘယ်နေရာသွားနေတာလဲ"

"ကလေးအတွက် သရက်သီးသုတ်သွားရှာမလို့လေ အဝေးပြေးလမ်းမှာ"

"ဟာ အဝေးကြီးကို့ အခုတောင် ၃နာရီထိုးတော့မယ်"

"၃နာရီထိုးတာတောင် ကလေးကပြန်အိပ်လို့လား "

"မအိပ်ချင်ဘူး သရက်သီးပဲစားချင်တာ"

"ကဲ့ဟိုနားမှာ ဆိုင်တော့တွေ့တယ် သွားမေးကြည့်အုံးမယ်"

"အန်တီ ဒီမှာသရက်သီးသုတ်ရှိလားဗျာ"

"ကောင်လေးရဲ့ ဒီအချိန်ဘယ်လိုရမှာတုန်း ပြီးတော့မနက်၃နာရီပဲရှိသေးတယ် အန်တီတို့ကအခုမှာဟိုဘက်လာမယ်ခရီးသည်ကားတွေအတွက်ချက်တုန်းပဲရှိသေးတာ"

"အန်တီရေ သရက်သီးသုတ်ပေးလို့ရရင်သုတ်ပေးပါဗျာ ကျွန်တော်ဇနီးအရမ်းစားချင်နေလို့ပါ"

ဆိုင်ပိုင်ရှင်အန်တီကြီး ကောင်လေးဘေးကရပ်နေတဲ့ ငြိမ်းကိုကြည့်ပြီး

"ကောင်လေးရဲ့ဇနီးက ကိုယ်ဝန်နဲ့လား"

"ဟုတ်တယ်ဗျာ သူကတစ်ရေးနိုးကြီး သရက်သီသုတ်စားချင်တဲ့ဆိုလို ရန်ကုန်တစ်မြို့လုံးပတ်ရှာတာမရလို့ ဒီအဝေးပြေးလမ်းဘက်ထွက်လာတာ"

"အားကျလိုက်တာကွယ် အန်တီမှာသရက်သီးတော့ရှိသုတ်ပေးမယ်လေးနော်"

"ကျေးဇူးပါဗျာ။ ကလေးသရက်သီးသုတ်စားရတော့မယ် လာဟိုမှာသွားထိုင်စောင့်မယ်"

"ဟုတ်ကဲ့ ဉီးမာန်"

စားချင်စားရတော့မယ်ဆိုတော့ ငြိမ်း မျက်နှာလေးပြုံးပျော်လျက်ပါ။ခဏကြာတော့ ပူပူနွေးနွေးထမင်းတစ်ပန်ကန်နဲ့ သရက်သီးသုတ်ကိုင်ကာ အန်တီရောက်လာပါသည်။

"မနက်ပိုင်း ဘာမှမစားပဲအချဉ်စားရင် အစာအိမ်ပေါက်တက်တဲ့ ဒါကြောင့်ထမင်းပါယူခဲ့တယ်"

"ကျေးဇူးပါ အန်တီရှင့် သမီးစားချင်ပြီး"ဆိုကာ သရက်သီးသုပ်ကို ထမင်းပူပူနဲ့ သူမ စားမယ်ပြင်တော့

"ကလေး ခဏ ထမင်းကပူသေးတယ် ဉီးမာန် အေးအောငျမှုတျပေးမယျ "

"ဟုတ်ကဲ့ ဉီးမာန်ကိုအဲလိုမျိုးတွေကြောင့်အရမ်းချစ်တာ"

သရက်သီးသုတ်တစ်ပန်းကန် ရော့ထမင်းပါခဏလေးကုန်သွားသည်။

"ဟီးး စားလို့ကောင်းလိုက်တာ သရက်သီးကသိပ်တောင်မစပ်ဘူး ရေသောက်မယ် ဉီးမာန်"

"ရေတော့ မသောက်နဲ့အစပ်စားထားတော့ ပိုစပ်မယ် ဒီမှာရေနွေးပူလေးကို နွေးနွေးလေဖြစ်အောင်လုပ်ထားပေးပါတဲ့ဗျာ "

ငြိမ်း ဉီးမာန်ကိုချစ်မြတ်နိုးစွာကြည့်ပြီး ရေနွေးသောက်တယ်။မာန်ကတော့ ငြိမ်းရဲ့ပါးစပ်လေးကို တစ်ရှူးနဲ့သုတ်ပေးသည်။အိမ်အပြန်လမ်းမှာတော့ ငြိမ်းကာသူရင်ခွင်ထဲမှာအိပ်ပြီး လိုက်ပါလာပါတယ် မာန်ကလည်း ငြိမ်းရဲမျက်နှာလေးကိုကြည်နူးစွာကြည့်လိုက် လမ်းကိုကြည့်လိုက်နဲ့ အပြန်လမ်းကသာယာနေပါသည်။နေလုံးကြီးကလည်း ရောင်နီသန်း၍ လှပစွာထွက်ပေါ်လာသည်။

"ဟေ့ မာန် မျက်တွင်းချောင်နေပါလား ညကဂျူတီမရှိပဲ ဘာလို့အိပ်ရေးပျက်ရတာလဲ"

"ဇွဲကလည်း သူမိန်းမနဲ့ ချစ်ကြည်နူးနေလိုဖြစ်မှာပေါ့"

"ဟေ့ကောင် သူမိန်းမကဗိုက်ကြီးနေတာကို ဘယ်လိုလုပ် ဟိုဟာလုပ်လို့ရမှာလဲ"

"မင်းတို့နှစ်ယောက်ကလေး လူပျိုဖြစ်ပြီးအဲဒီခုတင်ပေါ်ကအကြောင်းပဲတွေးနေ မင်းတို့ရဲ့ချစ်သူတွေ မင်းတို့နဲ့လက်ထပ်ပြီးရင်မလွယ်ဘူး"

"မာန်ကလည်းကွာ ဟိုဟာဆိုတာ မင်းမိန်းမကဗိုက်ကြီးတော့ အရင်တုန်းကလို.."

"ဟေ့ကောင်ရှင်းမနေနဲ့ သူနာပြုဆရာမလေးတွေရှိတယ် ညကငါမိန်းမ တစ်နာရီထိုးသရက်သီးသုတ် ချဉ်ချင်တလို လိုက်ရှာပေးနေရတာ အဲဒါကြောင့် မအိပ်ရသေးဘူး"

"ဪ အဲလိုကို့ မင်းစိတ်မတိုဘူးလား"

."တိုစရာလားကွာ ကိုယ်ဝန်သည်တွေကအဲလိုပဲပြီးတော့ ငါမိန်းမကို ငါသနားတယ် သူမှာစားချင်တာလည်းမစားရရှာဘူး နေချင်သလိုနေလိုမရဘူးလေး အိပ်တာတောင်မှောက်အိပ်လိုမရဘူး အန်ချည်းပဲအန်နေတာ ဘေဘီလေးကိုမွေးရင်လည်းနာကျင်ရအုံးမယ်"

"ခွဲမမွေးဘူးလား အိုဂျီကဘယ်သူနဲ့အပ်ထားလဲ ပြီးတော့ဘာလေးလဲ"

"သိချင်တာများလိုက်တာကွာ အောင်ဝင်းရာ မသိရင်ကလေးအဖေကမင်းကျနေတာပဲ"

"ဟေ့ကောင် ဇွဲအထိုးခံချင်ပြီးလား "

မာန်မျက်နှာထားတင်းပြီးပြောတော့ ဇွဲ စကားကို မာန်မကြိုက်မှန်းသိတာကြောင့်

"တောင်ပန်းပါတယ် မာန် ငါကအောင်ဝင်းကိုစတာပါ မင်းမကြိုက်ရင်မပြောတော့ပါဘူး"

"ဟုတ်ပါတယ် မာန်ရ ဇွဲကိုစိတ်မစိုးပါနဲ့ ငါလည်းမမေးတော့ပါဘူး"

"ဟွန့် မေးတာမေးလိုရပါတယ် ဒါပေမဲ့ငါမိန်းမနဲ့ ကလေးကိုတော့မစမိစေနဲ့ ဗိုက်ကိုတော့ဒေါက်တာနွယ်နွယ်နဲ့အပ်ထား ရိုးရိုးမွေးမှာ ဘာလေးလဲဆိုတာကတော့ မွေးမှသိမှာ"

"ဟိုဟာမရိုက္ဘူးလား"

"မရိုက်ဘူးတဲ့ ငါမိန်းမကကြိုမသိချင်းဘူးတဲ့ ဘာလေးမွေးမွေးချစ်မှာတဲ့"

"မင်း မိန်းမကတော့ တကယ်အာဂပဲ ဒါနဲ့အိုဂျီကို ခေါငျနဲ့အပျလိုရတယျလေး "

"အောင်ဝင်း ပြောတာမှန်တယ် ခေါင်ကအိုဂျီမှာအတော်ဆုံးနော်"

"ငါကမအပ်ချင်တာ ပြီးတော့ ခေါင်နဲ့ငါအရင်ကချစ်သူဖြစ်ခဲ့ဘူးတာကို သူသိတယ်လေး"

"အေးပါကွာ ကဲ့ငါတို့ လူနာတွေကိုသွား roundရအောင်"

သုံးယောက်သား ထွက်သွားကြတဲ့ အနောက်ကရပ်နေတဲ့ ခေါင်ကတော့ စိတ်မကောင်းစွာမျက်ရည်ကျနေတယ်။

"မာန်ရယ် ငြိမ်းကိုအရမ်းချစ်တာပဲလား ခေါင်အတွက်နေရာမရှိတော့ဘူးဆိုတာသိတဲ့အတွက် ခေါင် မာန်တို့နဲ့အဝေးဆုံးထွက်သွားပါတော့မယ်"

"မမကြီး သားမာန်က လေးတို့ကိုခွင့်လွတ်ပါမလား"

"မသိဘူးလေး ဒါပေမဲ့သားမာန်နဲ့ အနေဝေးတာ ဘယ်လောက်ကြာပြီးလဲ ၅လတောင်ရှိနေပြီး ငါ သားမာန်ကိုအရမ်းလွမ်းတာပဲ မြင့်ဇူကြောင့်အခုလိုဝေးနေရတာပြီးတော့ ငါတို့ရဲ့မြေးလေးတောင် မွေးတော့မှာကို့"

"ဟုတ်တယ်နော် ငယ်တို့အရမ်းမှားတာပဲ အပြစ်မရှိတဲ့ ငြိမ်းကိုအလိုလိုမုန်းနေတာ "

"ငြိမ်းက ငါတို့သုံးယောက်အပေါ်သူအဒေါ်လိုဆက်ဆံရှာတာ "

"မမကြီးတို့ ဆေးရုံလိုက်မှာလားမလိုက်ဘူးလား"

အပျိုကြီး၃ယောက် ငြိမ်း ကလေးမွေးတဲ့ဆိုလိုသွားကြမှာပါ ။

"လိုက်မှာပါ ဖြိုးရဲ့ သားမာန်နဲ့ငြိမ်းချမ်းရေးယူရအုံးမယ်"

"ကလေးလေးလည်းတွေ့ချင်သေးတယ် သားမာန်တူမလား ငြိမ်းနဲ့တူမလားပဲ"

"ဟုတ်ပါပြီး သွားကြမယ် မမကြီးတို့ "

မာန် မွေးခန်းရှေ့မှာ ပျာယာခတ်နေရပါတယ် ထလိုက်ထိုင်လိုက် ဘုရားစာရွတ်လိုက်နဲ့အလုပ်ရှုပ်လျက်ပါ။

"ဒေါက်တာမာန်..ဒေါက်တာမာန် အရေးပေါ်လူနာရောက်လာလို့ ခွဲခန်းထဲဝင်ရပါမယ်"

"ဒီနေ့ငါဂျူတီမဟုတ်ဘူးလေး လူနာကအရမ်းဆိုးနေလား"

"အရမ်းဆိုးနေပါတယ် ဒေါက်တာ ချက်ချင်းမခွဲစိတ်ရင် အသက်ဆုံးရှုံးရပါလိမ့်မယ်"

"ကောင်းပြီး ငါမာမီရောက်ရင် ခွဲစိတ်ခန်းထဲဝင်ရတဲ့အကြောင်းပြောပြပေးပါ"

"ဟုတ်ကဲ့ ဒေါက်တာ"

မာန် ရဲ့စိတ်အာရုံတွေကို ချစ်ဇနီးမထားဘဲ ခွဲစိတ်ပေးရမဲ့ လူနာဆီပဲအာရုံပို့ထားလိုက်သည်။



၂နာရီကြာတော့ မာန်ခွဲခန်းထဲကထွက်တာနဲ့ ချစ်ဇနီးဆီသို့အမြန်ပြေးသွားခဲ့ပါသည်။

ကလေး ပင်ပန်းသွားပြီးနော် ဉီးမာန်ကို မွေးဖွားခန်းထဲကထွက်ထွက်ချင် မမြင်ရလို့တောင်ပန်းပါတယ်ပြောကာ ငြိမ်းရဲ့နဖူးပြင်လေးကိုနမ်းလိုက်သည်။ထိုနောက် ပုခတ်ထဲက ဘေဘီလေးကိုကြည့်လိုက်တော့ အမွှာလေးဖြစ်နေတာတွေ့လိုက်တော့ အရမ်းပျော်သွားသည်။

"သမီးလေးတွေလား အရမ်းပျော်တာပဲ အိပ်နေတာနှုတ်ခမ်းကိုထော်လို့"

"ဟုတ်တယ် သားရဲ့အမွှာလေးနှစ်ယောက်အရမ်းချစ်ဖို့ကောင်းတာပဲ"

သားမာန် တီတီကြီးတို့ အရင်ကအမှားတွေအတွက်တောင်ပန်းပါတယ် ငြိမ်းကိုလည်း တောင်ပန်ပြီးပါပြီး"

"အဟွန်း တီတီကြီးကို သားလွမ်းနေတာပါ အစကတည်းကခွင့်လွတ်ပြီးသာပါ"

"ပျော်လိုက်တာ သားရဲ့ တီတီကြီးတို့ ငြိမ်းကို ကိုယ်တူမ လို့သဘောထားပြီးချစ်ပါမယ်"

အားလုံးဆေးရုံမှာ ပျော်ရွှင်လျက်ပါ အမွှာလေးနှစ်ယောက်ရဲ့ငိုသံလေးတွေက ဆည်းလည်းသံပမာပါ။ဆေးရုံမှာ ၇ရကျနပွေီး ဆေးရုံဆင်းခဲ့သည်။

"သား မာမီတို့အိမ်မှာလိုက်နေမှာလား"

"မနေသေးဘူး မာမီတို့ပဲသားဆီကိုလာခဲ့ပါနော်"

"အေးပါ သမီးအတွက်အားရှိတဲ့အစားစားတွေချက်လာခဲ့မယ် အမွှာလေးတွေကိုမွေးပေး မာမီပျော်မဆုံးဘူးကွယ်"

"မာမီဒီထက်ပျော်အောင် သားထက်ပြီးကြိုးစာပေးရအုံးမလား အဟင်းး.အဟင်းး"

"ကောင်စုတ်လေး သမီးကိုအနားပေးရအုံးမယ် အမွှာလေးတွေကိုပဲ အရင်နိုင်အောင်ထိန်းပါအုံး"

"ဟုတ်မာမီ"

"ကလေးရေ ဒီမှာအမွှာလေးနှစ်ယောက် နို့နို့ဆာနေပြီး"

"ဉီးမာန် တိုက်လိုက် ကလေးမအားသေးဘူး ရေချိုးနေတာ"

"ဟာ ဉီးမာန်မှာ ရင်သားမှမရှိတာ မြန်မြန်ချိုးပြီးထွက်ခဲ့ကွာ အမွှာလေးတွေငိုနေပြီး"

"ဝါးး..အီးး"

ငြိမ်း အမြန်ရေချိုးရပါသည်။သမီးနှစ်ယောက်ရဲ့ငိုသံကို ငြိမ်း မကြားနိုင်ပါ။ငြိမ်း အဝတျစားအမွနျလှဲပွီး သမီးနှစ်ယောက်ကို နို့တိုက်ရပါသည်။

စာရေးသူ သွေးမိန့်


rate now: