book

Index 21

အပိုင်း (၂၁)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

"ကဲ့ငိုနေတာမော့နေရော့ပေါ့ မာမီကချက်ထားတဲ့ကြက်ပေါင်းရည်သောက်လိုက်အုံး"

"မာမီရောက်နေတာလား ငြိမ်းကြောင့်အလုပ်ပျက်ပြီး"

"ဘာအလုပ်မှမရှိပါဘူး သမီးရယ် အိမ်မှာကလည်းအကုန်ချက်ပြုတ်ပြီးပြီး သမီးဘယ်လိုနေသေးလဲ ခေါင်းအရမ်းမူးသေးလား"

"နည်းနည်းပါ မာမီ"

"အရမ်းပင်ပန်းသွားပြီး မာမီရဲ့ချွေးမလေးကို ကျေးဇူးလည်းအရမ်းတင်တယ်နော်"

"ဟမ် သမီးလည်းဘာမှမလုပ်ပေးနဲ့"

"သား မပြောရသေးဘူးလား"

"နောက်မှပြောမလို့ပါမာမီ "

"ဟုတ်ပါပြီး ကဲ့သမီးသောက်လိုက်အုံး မာမီသွားစရာရှိသေးလို့"

"ဟုတ်မာမီ"

"ဉီးမာန် ကလေးကိုဘာပြောမှာလဲဟင်"

"နောက်မှာပြောမယ် အခုအားနည်းနေတဲ့ ကြက်ပေါင်းရည်သောက်"

"ဉီးမာန် ခွံကျွေး"

"အဟွန်း ဟုတ်ပါပြီဗျာ"

"အန်တီဖြိုး ရောက်တော့မယ်နော် ဟိုသစ်သားအိမ်ဟုတ်တယ်မဟုတ်လား"

"ဟုတ်တယ် "

ကားတံခါးဖွင့်ပြီးဆင်းလိုက်တယ် ဘာပဲဖြစ်ဖြစ် မမြင့်ဇူကိုပြောရမယ်။

"ဘယ်သူများလဲလို့ ဖြိုးကို့ အိမ်ထဲဝင်ပါအုံး"

"မမြင့်ဇူနေကောင်းရဲ့လား"

"ကောင်းပါတယ် ဖြိုး ဒါနဲ့ဘာအကြောင်းရှိလို့လာတာလဲ"

"အကြောင်းကတော့ မမကြီးတို့ကို မမြင့်ဇူဘာပြောလိုက်လဲ"

"အဲဒါကြောင့်လာတာလား အမှန်တရားကိုပြောပြလိုက်တာလေ"

"အမှန်တရားမဟုတ်ပါဘူး မမြင့်ဇူ သိပါတယ်။ဘာလို့ လိမ်ညာရတာလဲ အခုပြသာနာတွေနဲ့တက်နေပြီး"

"ပြသာနာတက်နေရင် သွားရှင်းပေါ့ ဘာလိုဒီနေရာကိုလာရတာလဲ"

"ပြသာနာက မမြင့်ဇူရှာထားတာလေ မဟုတ်မမှန်တွေလျှောက်မပြောပါနဲ့ တောင်းဆိုပါတယ်"

"ဘာ အဟွန့် ဒီမှာအိမ်ကိုလာပြီး စော်ကားနေပါလား"

"စော်ကားတဲ့ဟုတ်လား ဘာကိုကြည့်ပြီးပြောတာလဲ မမြင့်ဇူသာ ကိုယ့်တူမအပေါ်ဘယ်လိုနှလုံးသားနဲ့လုပ်ရက်ရတာလဲ"

"အဲဒါဖြိုးနဲ့မဆိုင်ပါဘူး"

"ဆိုင်တာပေါ့ မမြင့်ဇူကိုသတိပေးလိုက်မယ် နောက်တစ်ခါ သားမာန်တို့အိမ်ထောင်ရေးကိုမနှောက်ယှက်ပါနဲ့ အဲဒီအခါကျရင် ဖြိုး သေချာပေါက် မမြင့်ဇူအခုလို့လာပြောမှမဟုတ်ဘူး တရားရေးရာနဲ့ပဲဖြေရှင်းမှာ "

"အဟွန် ထွက်သွား အခုချက်ချင်း "

"မနှင်ပါနဲ့ ဒီလိုတဲစုတ်သာသာကိုလာချင်လို့လာတယ်ထင်မနေနဲ့ သွားမှာပါ"ဆို၍ ဖြိုး ထွက်လာခဲ့ပါသည်။

"ဉီးမာန် ဘာလိုဒီနေရာခေါ်လာတာလဲဟင်"

"နှစ်ယောက်ထဲအေးဆေးနေချင်လို့"

"အိမ်မှာလည်း အေးဆေးတာပဲကို့"

"မတူဘူးလေး ကလေးရဲ့ ဒီမှာကလေကောင်းလေသန့်ရတယ် ပြီးတော့မြို့ပြင်လည်းဖြစ်တယ် တှေ့လားဟိုမှာစိမျးစိုနတေဲ့ လယ်ကွင်းတွေ မြက်ခင်းစိမ်းစိမ်းလေးတွေကြည့်စမ်း ဘယ်လောက်မျက်စိအေးဖို့ကောင်းလဲ"

"အဟီးး မြင်ပါတယ်ရှင် ဒီအပင်အောက်မှာထိုင်ကြမယ်လေ"

အရိပ်ကောင်းသော သစ်ပင်ကြီးအောက်မှာအခင်းခင်းကာ မုန့်တွေထည့်လာတဲ့ခြင်းတောင်းလေးနဲ့ ရေဘူး ဖတ်စရာစာအုပ်တွေကိုစီကာ မာန် နေရာချလိုက်သည်။

"ကလေး လာဒီမှာထိုင် "

ဉီးမာန်ပြတဲ့နေရာမှာဝင်ထိုင်လိုက်တော့ ငြိမ်းရဲ့ပခုံးပေါ် ဉီးမာန်ရဲ့ခေါင်းကလာတင်ထားသည်။

"ဘာလုပ်တာလဲ ဉီးမာန် ကားလမ်းမကြီးမှာနော်"

"ဟာ ဘာလုပ်လို့တုန်း ကိုယ်မိန်းမရဲ့ပခုံးပေါ်ခေါင်းတင်တာပဲ မဖွယ်မရာလုပ်နေတာမှမဟုတ်တာ"

"ဘာပဲဖြစ်ဖြစ် ဖြတ်သွားတဲ့ကားပေါ်လူတွေပြုံးစိစိနဲ့ကြည့်သွားတယ်"

"ဉီးမာန်တို့အတွဲကို အားကျလို့ဖြစ်မှာပေါ့ဗျာ ဘာလဲရှက်နေတာလား"

သူက သူမရဲ့မျက်နှာလေးချစ်မြတ်နိုးစွာကြည့်ပြီးပြောတော့

"တကယ်ရှက်ကြောပြတ်နေတဲ့ လူကြီး ဟွန့် "

"အဟီးး ရှက်ကြောပြတ်မှာရမှာလေး မဟုတ်ရင်လူနာတွေကိုဘယ်လိုဆေးကုရမှာလဲ "

"လူနာဆိုတော့ မိန်းမလှလေးတွေလည်းပါမှာပေါ့နော်"

"အသေအချာပေါ့ ကလေးရဲ့ တစ်ချို့မိန်းကလေးတွေဆိုရင် အရမ်းချောတာ သူတို့ရဲ့လက်ကိုကိုင်ရတာလည်း နူညံနေရော့"

"ဉီးမာန် နှာဘူးကြီး သွား ဖယ် ပခုံးကိုလာမမှီနဲ့ ပြောကာ မာန်ရဲ့ခေါင်းကြီးကိုသူမ အကြမ်းပတမ်းဖယ်ထုတ်လိုက်သည်။

"ဟာ ဘယ်လိုလုပ်လိုက်တာတုန်း ကိုယ်ယောကျာ်းကို ဒီမှာနာသွားပြီး"

"မြင်တဲ့အတိုင်းပဲ "

"မျက်နှာကတင်းနေရော တင်းအောင်ချည်ထားတဲ့ကြိုးကတောင်အရှုံးပေးရမယ် အဟင်း ဉီးမာန်ကို သဝန်တိုနေတာလား"

မျက်နှာကမုန်းစရာကောင်းအောင် ပြုံးရွှင်နေတဲ့ ဉီးမာန်ကို မျက်စောင်းထိုးပြီး စကားမပြောချင်မှန်းသိအောင် ငြိမ်း မျက်နှာကိုတစ်ဘက်လှည့်လိုက်သည်။

"ဘာလိုဟိုဘက်လှည့်တာလဲ မေးတာဖြေအုံးလေးဗျာ အခုသဝန်တိုနေတာလား"

"မဟုတ်ဘူး ဉီးမာန်ကနှာဘူးကြီးမှန်းသိလို့ မုန်းနေတာ"

"ဉီးမာန်ကတော့ ကလေးကိုချစ်တယ် ပြောကာ ငြိမ်းကိုဖက်တော့

"လာမဖက်နဲ့ ဟို့မိန်းမချောလေးတွေကိုပဲသွားဖက် ပြီးတော့ မမခေါင်လည်းချောတာပဲ သွားဖက် ငြိမ်းကိုလာမဖက်နဲ့"

"ဖက်ချင်ပေမဲ့ဖက်လို့မရဘူးဗျာ ဒီကတရားဝင်ဇနီးရှိနေတယ်လေး."

"ဪ ကွာရှင်းပေးမယ် အင့်ဟင့် ဉီးမာန်ကို ငြိမ်းကွာရှင်းပေးမယ် အီးးဟီးး နှာဘူးကြီး"

"ဟာ ကလေးကလည်း ဉီးမာန်ကစနေတာပါဗျာ မငိုပါနဲ့နော် ဉီးမာန်ဘဝမှာ ကလေးတစ်ယောက်ကိုပဲအချစ်ဆုံးပါဗျာ ကလေးဆီကသဝန်တိုတဲ့လို့ပြောတာကို ကြားချင်လိုစမိပါတယ် အခုတော့ ကလေးငိုနေရပြီး မငိုပါနဲ့ကွာနော် ကလေးဗိုက်ထဲက ဘေဘီလေးလည်းစိတ်ဆင်းရဲနေအုံးမယ်"

မာန် အစလွန်သွားသောကြောင့် ငြိမ်း ရင်ခွင်ထဲထည့်၍ဖက်ကာ အတင်းချော့ရပါသည်။

"ဉီးမာန် တကယ်ပြောနေတာလား ကလေးရဲ့ဗိုက်ထဲမှာ ဘေဘီလေးရှိနတောလား"

"ရှိတယ် အဲဒီအကြောင်းကိုပြောပြချင်လို့ ဒီနေရာကိုခေါ်လာတာ မငိုနဲ့တော့တိတ် ဉီးမာန်နောက်မစတော့ဘူး"

"ဟွန့် စတုန်းကစပြီးတော့ မကျေနပ်နိုင်ဘူး"

"ဒါဆိုရင် ဘာလုပ်ပေးရမလဲ "

"ဒိုက် အခေါက်တစ်ရာထိုးပြ"

"အဲဒါကအရမ်းပင်ပန်းတာ"

"မရဘူးနော် ထိုးပြ မဟုတ်ရင်စိတ်ကောက်မှာ"

"ကောင်းပြီးထိုးပြမယ်ဆိုကာ ငြိမ်းရဲ့ကိုယ်ကိုပလက်လှန်ပြီး သူအပေါ်ကနေဒိုက်ထိုးတယ် ။မာန် ကိုယ်လုံးကြွရင် သူမ အသက်ရှုချောင်ပေမဲ့ အောက်ကိုကျလာရင် သူရဲ့နှုတ်ခမ်းက သူမနှုတ်ခမ်းနဲ့အော်တိုထိကပ် အရမ်းရင်ခုန်ဖို့ကောင်းပါသည်။

"ဉီးမာန် အဲလိုကြီးထိုးခိုင်းတာမဟုတ်ဘူးလေ ကလေးအပေါ်ကဖယ် တစ်ခြားနေရာကသွားထိုး"

"ဒိုက်ပဲထိုးခိုင်းတာလေ ဘယ်နေရာကထိုးရမယ်လို့မသတ်မှတ်ထားဘူး အဲဒီတော့မဖယ်ပေးနိုင်ဘူး"ဆိုကာ သူမရဲ့နဖူးကိုနမ်းလိုက် ပါးကိုနမ်း နှုတ်ခမ်းကိုနမ်းလိုက်နဲ့ အကြိမ်တစ်ရာပြည့်အောင်ဒိုက်ထိုးနေပါသည်။

"ဟူးး အကြိမ်တစ်ရာပြည့်ပြီး နောက်ထပ်တစ်ရာဆက်ပြီးတော့ ထိုးပေးရမလား"

"မလိုဘူးဖယ် လူညစ်ကြီး "

"ဟီးး ကလေး ပြစ်ဒဏ်ကအရမ်းအကျိုးရှိတာပဲနော် အဝလည်းနမ်းလို့ရတယ် ဗလလည်းတောင့်လာတဲ့ ကလေး ဉီးမာန်ရဲ့ ဝမ်းဗိုက်ဗလကြည့်မလား"

"မကြည့်ဘူး အရှက်မရှိတဲ့လူကြီးပြောကာ မာန်တွန်းဖယ်ကာထထိုင်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကားတစ်စီးမှာမတွေ့ရတာကြောင့် စိတ်အေးသွားရပါသည်။ဒါကိုမြင်တဲ့ မာန်က

"ကားပေါ်ကလူတွေတွေ့မှာကြောက်လို့လား အဟီး မကြောက်ပါနဲ့ဗျာ အဝေးပြေးလမ်းဆိုတော့မွိုထဲမှာလို့ကားမစညျပါဘူးဗြာ အဟင်းးရှက်တာလေးကလည်း ချစ်ဖို့အရမ်းကောင်းတာပဲ လာဉီးမာန်ရင်ခွင်ထဲမှာလာနေ ပြောစရာရှိတယ် "

"ဒီအတိုင်းပြောလေးရတာပဲကို့ "

"မရဘူး ဆိုကာ သူမရဲ့ကိုယ်လေးကိုရင်ခွင်ထဲထည့်ကာ ဖက်ထားလျက်

"ကလေး ဟိုမှာတွေ့လား တိမ်လွှာဖြူဖြူလေး"

"တွေ့တယ် အရမ်းလှတာပဲနော် ကောင်းကင်ပြာပြာကြီးမှာ တိမ်လွှာဖြူဖြူလေးတွေက ပြေးလွှာဆော့ကစားနေကြတာထင်တယ်"

"ဟုတ်မှာပေါ့ဗျာ ဉီးမာန်ကတော့ အဲဒီတိမ်လွှာဖြူလေးတွေကိုတိုင်တည်ပြီး ကလေးကိုအရမ်းချစ်ကြောင်းပြောပြချင်တာ"

"ပြောစရာလို့လို့လား ဉီးမာန်အရမ်းချစ်တာကို့ ကလေးသိနေတာပဲ"

" တိမ်လွှာဖြူလေးကမသိသေးဘူးလေ တိမ်လွှာဖြူလေးရေ ဒါက နှိုင်းမာန်ဖြိုး ရဲ့အချစ်နတ်ဖုရားမလေး ငြိမ်းစံယဉ်မွန် တဲ့မှတ်ထားနော် မင်းကိုတိုင်တယ်တဲ့သိလား ဒီကလေးကိုငါအသက်ထက်မြတ်နိုးကြောင်း၊ ငါဘဝမှသူမ မရှိရင်ရေမရလိုအသက်မရှင်နိုင်တဲ့အပင်ပေါက်လေးနဲ့မခြားနားပါ၊ချစ်တယ်ဆိုတာထက်ပိုပြီးမြတ်နိုးကြောင်း တိမ်လွှာဖြူလေးကိုတိုင်တည်ပြီးသက်သေထားအပ်ပါတယ်ဗျာ"

"အဟွန်း အရမ်းချုပ်တာပဲစကားလုံးတွေနဲ့ ဒီကအချစ်နတ်ဖုရားမလေးကလည်း ဒီကဉီးမာန်ဆိုတဲ့လူကြီးကို အရမ်းချစ်တယ်ဆိုတာလည်း တိမ်လွှာဖြူလေးကို တိုင်တည်ပြီးသက်သေထားပါရှင်"

တိမ်လွှာဖြူလေးကို သူတို့နှစ်ယောက်တစ်ဉီးနဲ့တစ်ဉီးချစ်ကြောင်းတိုင်တည်သက်သေပြုပြီးနောက် မာန်က ငြိမ်းရဲ့မျက်နှာလေးကိုကိုင်ပြီးသူရဲ့မျက်နှာကို တိုးကပ်ပြီးနှုတ်ခမ်းပေါ်သို့အနမ်းကြွေလိုက်ပါသည်။

"သတင်းကြားပြီးပြီးလား ဒေါက်တာမာန် ကလေးအဖေဖြစ်တော့မယ်တဲ့"




"ဟုတ်တယ် ဒေါကျတာမာနျက သူရဲ့ဇနီးကိုအရမ်းချစ်တာပဲ တကယ်အားတောင်ကျတဲ့ ငါကိုယူမဲ့ယောကျာ်းက ဒေါက်တာမာန်လိုမချောရင်းနေပါစေ ဒေါက်တာမာန်လိုချစ်တတ်ဖို့ပဲလိုတယ်"

"ဒါနဲ့ ဒေါက်တာခေါင် ကံဆိုးတာပဲသိလား "

"ဘာလိုလဲ "

"ဒေါက်တာမာန်ကို လမ်းခွဲခဲ့လိုလေး အပြစ်မရှိပဲလမ်းခွဲခဲ့တာတဲ့"

"ဪ "

"ဘုန်းးး ဘာတွေအတင်းတုပ်နေကြတာလဲ ကိုယ်အလုပ်ကိုယ်လုပ်ကြစမ်း ဆေးရုံကအတင်းပြောဇရပ်မဟုတ်ဘူး နောက်ဆို ဆေးရုံအုပ်နဲတိုင်ရလိမ့်မယ် အလုပ်မပြုတ်စေချင် အနေအထိုင်ဆင်ခြင်ကြ"

"ဟုတ်ကဲ့ပါ ဒေါက်တာခေါင်"

သူနာပြုဆရာမလေး ချက်ချင်းခေါင်းငုတ်ကာ လူစုခွဲသွားကြ၏။

"မာန်နဲ့ငြိမ်းတို့ အိမ်ထောင်ရေးကသာယာနေပြီးပဲ ငါဘာဆက်လုပ်ရမလဲ သရဖီ"

"နင်နောက်ဆုတ်သင့်ပြီးလေး မာန်ကသူမိန်းမကိုအရမ်းချစ်တာ သိနေတာပဲ"

"ငါလက်လွတ်မခံနိုင်ဘူးဖြစ်နေတဲ့"

"ခေါင် သူတစ်ပါးအိမ်ထောင်ရေးကိုဖြိုကွဲအောင်မလုပ်ပါနဲ့ဟာ အရငျလတှေတညျးက နင်မာန်ကိုချစ်သူတစ်ယောက်လိုပြုမှုဆက်ဆံနေတာပဲ ဒါပေမဲ့ မာန်ကနင်အပေါ်စိတ်မယိုင်ဘူးနော် နင်ကိုမကောင်းတတ်လိုအလိုက်သင့်ပြန်ဆက်ဆံနေတာ သူရင်ထဲမှာနင်မရှိတာသေချာနေပြီးပဲ။အခုဆိုရင် သူတို့အိမ်ထောင်ရေးကိုခိုင်မြဲအောင်ချည်မယ် အချစ်ကြိုးတစ်ချောင်းတောင်ရှိနေပြီးပဲ လက်လျော့လိုက်ပါတော့နော်"

"ငါ ..ငါ မာန်ကိုအရမ်းချစ်တယ် အဆုံးရှုံးမခံနိုင်ဘူး"

"မာန်ကိုအကြောင်းပြချက်မရှိဘဲလမ်းခွဲတဲ့အချိန်ကစပြီး မာန်ကိုနင်ဆုံးရှုံးလိုက်ရပြီးလေ တော်ပါတော့ ခေါင်ရယ် တော်ကြာ မာန်နင်ကိုရွံတယ်လိုပြောမှာ ငါစိုးရိမ်တယ်"

"ရွံတယ် မာန်ကငါကိုပြောမှာလား"

"သူသည်းမခံနိုင်တဲ့အလုပ်ကို နင်လုပ်ရင်တော့ သေချာပေါက်ပြောမှာပဲ မာန်ကိုမေ့လိုက်ပါတော့ နင်ဘဝကိုအစကနေပြန်စပါနော်"

"အေးပါ ငါကြိုးစားကြည့်မယ် အင့်ဟင့် အီးဟီးး"

ကလေးတစ်ယောက်လိုငိုနေတဲ့ ခေါင်ကို သရဖီဖက်ကာ ကျောကိုပုတ်ပြီးနှစ်သိမ့်သည်။

စာရေးသူ သွေးမိန့်



rate now: