book

Index 20

အပိုင်း(၂၀)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

"ခိုင်လေး မမခေါင်းတွေအရမ်းမူးပြီး ရင်ထဲကအီလည်လည်ဖြစ်နေတဲ့"

."မမ မနက်ကအစားမှားလို့များလား"

"မသိဘူး ပြီးတော့ မမ ဟိုဟာမလာတာကြာပြီး"

"ဟမ် ဟုတ်လား ဘာဖြစ်လိုများပါလဲ ခိုင်လေးလည်းမသိဘူး ဆေးခန်းပြရမယ်ထင်တယ်"

"ညနေသွားပြကြမယ်လေး အခုတော့ မမကိုသံပုရာရည်တစ်ခွက်ဖျော်ပေး"

"ဟုတ်မမ ဒါနဲ့ဘာလို့ဆေးခန်းပြမှာလဲ ဉီးလေးကဆရာဝန်ပဲကို့"

"ဟိုဟာမလာဘူးပြောရမှာ ရှက်လို့"

"အဟီး မမကလည်းအရမ်းရှက်တတ်တာပဲ ခဏစောင့်နော် သံပုရာရည်ဖျော်လာခဲ့မယ်"

ငြိမ်း ဆိုဖာပေါ်မှီက မျက်လုံးမှိတ်ထားတုန်း ခြံထဲဝင်လာတဲ့ ကားသံကြောင့် ကြည့်လိုက်တော့ တီတီကြီးတို့ဖြစ်နေတာကြောင့် ထကြိုဖို့ပြင်လိုက်သည်။

"တီတီကြီးတို့ အကြောင်းမကြားပဲရောက်လာပါလား"

"အကြောင်းကြားစရာလိုလို့လား ဒီအိမ်ကငါတူအိမ်နော်"

"ငြိမ်း ပြောချင်တာက တစ်ခြားသဘောမဟုတ်ပါဘူး တီတီကြီးတို့လာတာကြိုပြောထားရင် အစားအစာပြင်ဆင်ထားပေးဖို့ပါ"

"မလိုပါဘူး နင်ဆီမှရှိတဲ့ စိန်တစ်ဆင်ဆာ ငါတို့ကိုပြ"

"ဘာဖြစ်လို့လဲဟင် ငြိမ်း အခုအပေါ်မတက်နိုင်သေးဘူး ခေါင်းနည်းနည်းမူးနေလို့"

"ကောင်မ ဉာဏ်များနေတာ မမကြီး လေးတက်ယူလိုက်မယ်"

"တီတီလေး တက်ယူပေးမယ်ပြောလို့ ကျေးဇူးပါ ငြိမ်းတကယ်မထနိုင်လို့ပါ"

"သော့ပေး"

"သော့က အခန်းထဲမှာပဲ တီတီလေး အလှပြင်အံ့ဆွဲထဲမှာပါ"

"ပြီးရော့ ငါသွားယူလိုက်အုံးမယ်"

တီတီလေး အပေါ်တက်ကာမကြာခင်ဒေါသတကြီးဆင်းလာပြီး မပြောမဆို ငြိမ်းရဲ့ပါးကိုရိုက်လိုက်သည်။

"ဖြောင်းး"

နဂိုကတည်းကခေါင်းမူးနေတဲ့ ငြိမ်း ဆိုဖာမှာထိုငျလကျြလှဲကွသှားသညျ။

"တကယ်ကိုမိန်းမယုတ်မပဲ မမကြီး စိန်တွေကအတုတွေပဲ"

"ဟမ် စိန်တွေကဘယ်လိုအတုဖြစ်ရမှာလဲ တီတီလေး ငြိမ်း ဘာမှမလုပ်ဘူးသေချာသိမ်းထား"

""ဖြောင်း"

"အာ့ "

"နင်ပါးစပ်ကပြောထွက်ရဲတဲ့နော် စိန်တွေကဘာလိုအတုဖြစ်တာလဲဆို ဒီဓာတ်ပုံထဲကနင်ရဲ့လင်ငယ်ကိုပေးလိုက်လို့ပေါ ဆိုရင် ဓာတ်ပုံကို ငြိမ်းဆီပစ်ပေါက်လိုက်သည်။ငြိမ်းကလည်း မျက်ရည်များနဲ့ယူကြည့်ပြီးအံ့ဪသွားရသည်။

"တီတီကြီးတို့ အထင်မှားနေတာပါ ငြိမ်းနဲ့ကိုစိုင်းက ဘာမှမဟုတ်ပါဘူး ဒီပုံက ငြိမ်းတို့ဆီက ကိုစိုင်းအလုပ်မထွက်ခင်ကပုံပါ.ငြိမ်းနဲ့ ကိုစိုင်းက တကယ်ဘာမှမဟုတ်...

"ဖွောငျး.. ငြင်းရဲသေးတယ်ပေါ့ လက်ပူးလက်ကျပ်မိနေတာကို "

."အန်တီကြီးတို့ တရားလွန်နေပြီးနော် မမကနေသိပ်ကောင်းတာမဟုတ်ဘူး ဘာကြောင့်ရိုက်နေရတာလဲ"

"အိမ်ဖော်မက အိမ်ဖော်လိုနေ ဝင်မပါနဲ့ ဒါနဲ့ နင်အဒေါ်နေကောင်းရဲ့လား ငြိမ်း"

."ဒေါ်ဒေါ်နဲ့ငြိမ်းမတွေ့တာကြာပြီး"

"မမကြီး တကယ်ကိုသေချာနေပြီး အဲဒီဟာမကို ငယ်တော့ဆံပင်ဆောင်ဆွဲချင်လာပြီး ပြောလည်းပြောလက်က ငြိမ်းရဲ့ ပခုံးထိရှည်နေပြီးဖြစ်တဲ့ ဆံပင်ကိုလည်းဆောင်ဆွဲသည်

"အား..အားး အီးးဟီးး"

"အန်တီကြီးတို့ မမကိုလွှတ်လိုက်ပါတော့ တောင်ပန်းပါတယ်"

"လေး အဲဒီကကိုယ်အဆင့်ကိုယ်မသိတဲ ကောင်မလေးကိုဆုံးမ လိုက်ပါ"

"ဟုတ်မမကြီးပြော ခိုင်လေး ကိုပါဝိုင်းရိုက်ကြသည်။ဧည်ခန်းလေးက ငရဲခန်းလည်းဆူညံနေပါသည်။

"ဒါဘာလုပ်နေကြတာလဲ တီတီကြီးတို့!!!!"

မာန်ရဲ့အော်သံကြောင့် အပျိုကြီးသုံးယောက်ထိတ်လန့်ကာ ရိုက်ပုတ်နေတဲ့လက်တွေရပ်သွားကြသည်။

"သားမာန် အဟင့်.အဟင့် အဖြစ်ဆိုးလိုက်တာကွယ်"

"ဘာကိုအဖြစ်ဆိုးရမှာလဲ တီတီကြီး ကလေးအနားကနေ ဝေးဝေးဖယ်ပါ "

"အဲဒီမိန်းမယုတ်မာက ဖောက်ပြန်နေတာ"

."မဟုတ်ပါဘူး ဉီးမာန် ကလေးဘယ်တော့မှမဖောက်ပြန်ပါဘူး ဆိုရင်မေ့လှဲသွားတော့ မာန်ချက်ချင်းပွေ့ချီကာ အပေါ်တက်ခဲ့သည်။လှေကားထိပ်ကနေပြီး မာန်နောက်လှည့်ပြီးစကားတစ်ခွန်းပြောလိုက်သည်။

"တီတီကြီးတို့ စိတ်အေးအေးထားပြီးခဏထိုင်ကြပါအုံး သားအောက်ပြန်ဆင်းခဲ့မယ်"
ဆိုကာ အပေါ်ကိုတက်သွားသည်။

အခန်းထဲရောက်တော့ မာန်တစ်ယောက်ပျာယာခတ်စွာ ငြိမ်းကိုဆေးကုဖို့ပြင်ရသည်။

"ဘာတွေဖြစ်နေတာလဲ ကလေးရဲ့ ကြည့်ပါအုံး မျက်နှာကလည်း လက်ဝါးယာကြီး မာန် ဆေးရုံကနေ စိတ်လေးနေလို့ချက်ချင်းအိမ်ကိုပြန်လာတာ ထင်တဲ့အတိုင်းပဲ ကျေးဇူးပြုပြီးဘာမှမဖြစ်ပေးပါနဲ့ကွာ ရေရွတ်ကာဆေးကုပေးနေသည်။မာန်ပါးပြင်မှာလည်း မျက်ရည်တွေကျလျက်ပါ။

"တောက် ဟိုကောင်မ သားမာန်လာလို့ သက်သက်မာယာများတာ "

"ဟုတ်တယ်မမကြီး မူယာမာယာများတဲ့ဆယ်နှစ်ကြိုးကဝေမပဲ"

"ငယ်တို့ဘာဆက်လုပ်ကြမလဲ "

"ဘာလုပ်ရမလဲ သားမာန်ကိုပြောပြပြီးကွာရှင်းခိုင်းရမှာပေါ့ ဪဟိုမှာ သားမာန်လာပြီး"

မာန်တည်ငြိမ်စွာဆင်းလာပါတယ် အရမ်းကိုတည်ငြိမ်စွာပါ။ဆိုဖာမှာဝင်ထိုင်တော့ အပျိုကြီးသုံးယောက် မာန်ကိုဓာတ်ပုံပေးလိုက်သည်။

"ဒါကဘာလုပ်ရမလဲ တီတီတို့"

"ဘာလုပ်ရမလဲ ဟုတ်လား ငြိမ်းဖောက်ပြန်နေတာလေး"

"ဒီဓာတ်ပုံလေးတစ်ခုနဲ့ ယုံကြည်ရမှာလား တီတီကြီးတို့"

"ဓာတ်ပုံတစ်ခုထဲမဟုတ်ဘူး ဒီစိန်ကလည်းသက်သေပဲ"

"ဘယ်လိုသက်သေဖြစ်တာလဲ "

"ဒီစိန်ကအစစ်မဟုတ်ဘူး အတု "

"အတုဆိုတော့ရောဘာလုပ်ရမလဲ"

"သားမာန်!! မင်းနွားဖြစ်နေပြီး ဟိုဟာမက ဒရိုင်ဘာနဲ့ဖောက်ပြန်ပြီး စိန်အစစ်ကို အဲဒီဒရိုင်ဘာကောင်ကိုပေးလိုက်တာ"

"သက်သေရှိလား ကလေးကိုစွပ်စွဲနေတာက"

"ဒီစိန်အတုကသက်သေပဲလေး ဆင်ကြီးတစ်ကောင်လုံးမြင်နေတာတောင် ဆင်ခြေယာရှာနေတုန်းလား သားမာန်"

"ပြောပါအုံး တီတီတို့ကိုဘယ်သူတွေကမဟုတ်တာ ပြောလိုက်တာလဲ"

"ငါတို့အဲဒီဒရိုင်ဘာကောင်လေးပြောတာ ဒါနဲ့မြင့်ဇူက ဘာလိုအိမ်လာမလည်တော့တာလဲ"

"အဲဒါ.."

"ဟိုကောင်မ မလာခိုင်းလို့မဟုတ်လား မြင့်ဇူလာရင် အဲဒီကောင်မရဲ့ယုတ်မာမှုတွေပေါ်မှာလေး"

"စကားပြောဆင်ခြင်ပါ တီတီကြီးတို့ နောက်တစ်ခါ ကလေးကို ကောင်မလို့ မသုံးနှုန်းပါနဲ့"

"သားမာန် မင်းမွှန်နေပြီး ဒီလောက်သက်သေပြတာတောင်မယုံနိုင်တဲ့အပြင် မမကြီးနဲ့ ငါတို့တွေကိုပါအော်တယ် မင်းရိုင်းလာချည်းလား"

"ရိုင်းအောင်လုပ်တာက တီတီကြီးတို့ပဲ သားရဲ့မိန်းမကိုနောက်တစ်ခါကိုယ်ထိလက်ရောက်မကျူးလွန်ပါနဲ့ ပြီးတော့ ဒီအိမ်ကိုနောက်ဘယ်တော့မှမလာပါနဲ့ တီတီကြီးတို့ရှိတဲ့အိမ်လည်း သားဘယ်တော့မှမလာဘူး အခုပြသာနာအားလုံးကို သားကိုယ်တိုင် စုံးစမ်းပြီးစစ်ဆေးမယ် တကယ်လိုသားမိန်းမဖောက်ပြန်ရင်တောင် သားဘာသာဖြေရှင်းမယ် အခုတော့ထွက်သွားကြပါတော့"

"သားမာန် မင်းတီတီကြီးတို့ကို နှင်ထုတ်နေတာပေါ့ မဘက်လိုက်ပြီးမိုက်ဘက်ပါနေတဲ့နွား ဒေဝဒတ်ကိုအဖေကိုခေါ်ပြီး ဘုရားလောင်းကိုပစ်မှားနေတဲ့လူမိုက်ပဲ မင်းနဲ့ငါတို့အမျိုးပြတ်ပြီး ပြန်ကြမယ် လေးနဲ့ငယ် ပြောကာဒေါကြီးမောကြီးထွက်သွားကြပါသည်။ မာန်လည်းကြက်ကြီးလည်လိမ်စွာ ကျန်ခဲ့ပါသည်။

"ဉီးလေး မမဘာဖြစ်တာလဲဟင် အင့်ဟင့်"

"အားနည်းနေတာပါ ..ခိုင်လေးဟင်းချက်ရင်အစပ်လုံးဝမပါစေနဲ့ မင်းရဲ့မမကိုလည်း ဘာအလုပ်မှာပေးမလုပ်ပါနဲ့ နွားနို့ကုလားကိုလည်း နွားနို့အမြဲယူမယ်ပြောထားပါ "

"ဟုတ်ကဲ့ ဉီးလေး"

"ငါအပေါ်မှာရှိမယ် မာမီလာရင်အပေါ်ကိုလာခိုင်းလိုက်ပါ ပြီးတော့ ကလေးစားဖို့တစ်ခုခုပြင်ဆင်ခဲ့ပါ"

"ဟုတ် ဉီးလေး"

မာန် ခုတင်ပေါ်မှာလဲနေတဲ့ ငြိမ်းရဲ့လက်ကိုကိုင်ပြီး မျက်ရည်ကျနေမိသည်။

"ကလေး တကယ်ပဲဖောက်ပြန်ခဲ့တာလားဟင် ဘာဖြစ်လိုလဲ ဉီးမာန်ကပျြောရှငျမှုမပေးနိုငျလို့လား အခုကလေးဗိုက်ထဲကရင်သွေးကရော့ ဉီးမာန်ရဲ့ကလေးဟုတ်ရဲ့လား ဟာ..ငါမဟုတ်တာတွေလျှောက်တွေးနေတာပဲ ကလေးရဲ့ကိုယ်ကျင့်တရားကိုစော်ကားနေတာနဲ့တူတယ် အဖြစ်မှန်ကိုမသိပဲနဲ့ ဘာပဲဖြစ်ဖြစ် ကလေးအမြန်သတိရလာပါတော့ တွေးကာ ယောကျာ်းတန်မဲ့မျက်ရည်ကျနေမိတယ်။ထိုအချိန် သူရဲ့ပခုံးပေါ်သို့ လက်တစ်စုံကနှစ်သိမ့်သလို့ ပုတ်ပေးနေတဲ့ မော့ကြည့်လိုက်တော့မာမီဖြစ်နေသည်။

"မာမီ သားဘယ်လိုလုပ်ရမလဲဟင်"

"ဘာမှစိတ်မပူပါနဲ့ မာမီအကုန်ဖြေရှင်းပေးပါမယ် အိမ်မှာသားအဒေါ်တွေဝမ်းနည်းပြီး ငိုနေကြတယ်။သားသူတို့ကိုမောင်းထုတ်လို့ဒေါသတွေအရမ်းထွက်နေတဲ့ "

"တောင်ပန်းပါတယ် မာမီ သားတီတီကြီးတို့ကိုမောင်းမထုတ်ချင်ပါဘူး သူတို့လုပ်ရက်ကအရမ်းလွန်တယ် ပြသာနာကိုအေးဆေးမဖြေရှင်းပဲ ဘီလူးဆိုင်းထတီးတယ်။ ကလေးကိုလည်းရိုက်ထားတာ မြင်ရက်စရာမရှိလောက်အောင်ပဲ ကြည့်ပါအုံးမာမီရဲ့ ပါးပြင်မှာလက်ဝါးယာကြီး ဆံပင်တွေကိုလည်းဆောင့်ဆွဲထားလို့ ကျွတ်တာအများကြီး"

"မမကြီးတို့ အရမ်းလွန်တယ် အဓိကသက်ရဲခံက မမြင့်ဇူပဲသား ဟိုဒရိုင်ဘာကိုလည်းသူငှားထားပဲတာ ခိုင်လေးမာမီကိုပြောပြတယ် ကားသမားနဲ့မမြင့်ဇူတို့ဖုန်းပြောပြီး သားတို့အိမ်ထောင်ရေးကို ပြိုကွဲအောင်လုပ်ဖို့ကြံစည်နေလို ခိုင်လေးကမောင်းထုတ်လိုက်တာတဲ့ ။စိန်ပြသာနာက မမြင့်ဇူနဲ့မြတ်နိုးက သမီးဆီကစိန်ခဏယူပြီးအတုနဲ့ပြန်လည်ထားတာပါ "

"ဟမ်းဒါဆိုရင် ကလေးမှာဘာအပြစ်မရှိဘူးပေါ့ တော်သေးတယ် သားခံစားချက်ကိုထိန်းချုပ်ပြီးစိတ်အေးအေးထားပြီးလုပ်ဆောင်ခဲ့လို့။ဒါနဲ့မာမီက စိန်ပြသာနာကိုဘယ်လိုသိတာလဲ သားကိုမာမီချွေးမကမပြောပြဘူး"


"မာမီအသိ ရတာနာဆိုင်မှာလာရောင်းသွားလို့ မေးကြည့်ရင်သိတာပါ မမကြီးတို့သိအောင်ရှင်းပြရအုံးမယ်"

"အဟွန်း ဒါဆိုရင်ပြသာနာကရှင်းနေတာပဲ မာမီကိုဝမ်းသာစရာလား ပြောရအုံးမယ်"

"ဘာလဲ သား "

"မာမီမြေးချီရတော့မယ် အဟင်းး.ဟင်း"

"တကယ်ပြောနေတာလား သမီးမှာကိုယ်ဝန်ရှိနေပြီးပေါ့ ဘယ်နှစ်လလဲဟင်"

"လေးလပါမာမီ သားရဲ့သူငယ်ချင်း အိုဂျီဒေါက်တာနွယ်နွယ်နဲ့ဗိုက်အပ်ဖို့ စဉ်းစားထားတဲ့"

"ကောင်းတာပေါ့ သမီးကိုသေချာကရုစိုက်နော် စိတ်မပင်ပန်းစေနဲ့ မာမီ သမီးစားဖို့ကြက်ပေါင်းရည်လုပ်လိုက်အုံးမယ် အရမ်းပျော်တာပဲ "

"ဟုတ်မာမီ သားလည်းအရမ်းပျော်တာပဲ ကိုယ်ဝန်ကလေးလရှိပြီးဆိုတော့ သားတို့သိတာနောက်ကျနေသွားတယ်"

"မာမီသားကလည်း သမီးကိုစောင့်နေအုံး မာမီသွာလုပ်လိုက်အုံးမယ်ဆိုကာ အခန်းပြင်ထွက်သွားသည်။

ငြိမ်း မျက်လုံလေး ဖြေးဖြေးဖွင့်လိုက်သည်။ခေါင်းကလည်းအရမ်းမူးတုန်း ငြိမ်း အသံထွက်ပြီးငြီးမိပါသည်။

"အား ခေါင်းကလည်မူးလိုက်တာ သွားတွကလည်းနာနေရော့"

"ကလေး သတိရပြီးလား ခေါင်းမူးနေရင် ရှုဆေးလေးရှုထားလိုက်အုံး"

"ဉီးမာန် အီးဟီးး ကလေးကိုယုံပါနော် တီတီကြီးနားလည်မှုလွှဲတာပါ ကလေးကိုထားမသွားပါနဲ့ အင့်ဟင့် ဉီးမာန်နဲ့မခွဲနိုင်ဘူး..အီးဟီးး"

"မငိုပါနဲ့ကွာ တိတ်.. တိတ် ကလေးပြောတာယုံပါတယ်ဗျာ ခေါင်းမူးတယ်ဆို မငိုနဲ့တော့ ပိုမူးနေအုံးမယ်"

"အီးးဟီးး ကလေးကြောက်နေခဲ့တာ ဉီးမာန်ကအရမ်းမုန်းပြီးဒေါသထွက်မှာကို့"ငိုရင်ပြောကာ မာန်ရင်ခွင်ထဲတိုးဝင်လျက် ကျစ်နေဖက်ထားပါသည်။


စာရေးသူ သွေးမိန့်





rate now: