book

Index 2

အပိုင်း(၂)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ


"ငယ်..ရှာထားတာ..သားမာန်အတွက်နီးနီးလေးနော်..ငယ်တို့အိမ်ချင်းကပ်"

"ငယ်က..ဘယ်သူကိုပြောချင်တာ..လေး..နားမလည်ဘူး"

"မမလေးနဲ့..မမကြီးကအနီးမှုန်နေတာ..မြတ်နိုးလေး..အသက်ကလည်း..သားမာန်ထက်..၂နှစ်ပဲငယ်တဲ့..အလုပ်အကိုင်ဆိုရင်လည်း.ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီးလုပ်နေတာ..ရုပ်ရည်ကလည်းပြောစရာမလိုဘူး..အကုန်perfectပဲ"

"ဒေါ်ဖြိုးမေ..ဝင်ရောက်ကန့်ကွက်ချင်ပေမဲ့လည်း..ယောင်းမတော်တွေ..နဲ့ရန်မဖြစ်ချင်တာကြောင့်..အေးအေးဆေးဆေးနလေိုကျပါတယျ။သူမ..သားအတွက်ဇနီးလောင်းကို.ရွှေးချယ်ပြီးသာပါ..ဘာပဲဖြစ်ဖြစ်အပျိုကြီး.သုံးယောက်ထက်လက်ဉီးမှုယူရမယ်..တွေးကာ.ထမင်းကိုအေးဆေးစားနေလိုက်ပါတယ်။

"မိငြိမ်း!!!"

"အမယ်လေးလန့်လိုက်တာ..မမဘာအလိုရှိလိုလဲ"

"ဒီမှာကြည့်စမ်း..ငါဖိနပ်ဖုန်တွေချည်းပဲ..နင်သေချာမသုတ်ထားဘူးလား"

""ငြိမ်း..သေချာသုတ်ထားပေးတဲ့..မမပဲဟိုတစ်နေ့ကချောင်ထဲထိုးထားတာလေး"

""တိမ်စမ်း..မရှည်နဲ့..ငါကိုဘာမှပြန်မပြောနဲ့..နင်အဲဒီနေ့ထဲကမြင်ရင်..ယူပြီးသုတ်ထားပါလား...တောက်.ဘယ်အရာမှစိတ်တိုင်းမကျဘူး"

"သမီး..ဘာတွေအလိုမကျဖြစ်နေတာလဲ"

"မိငြိမ်းပေါ့..မေမေ..သမီးဖိနပ်ဖုန်တက်တာ..သူကြောင့်"

"ငြိမ်း..ဒါနောက်ဆုံးဖြစ်စေနော်"

"အော်ငြိမ်း.ဘဝကလည်းသူများအိမ်မှာကပ်နေရပြီး..အနိမ်ခံရတဲ့ဘဝပါလား..ငြိမ်း..အရင်ဘဝကသူ့တို့သားမိအပေါ်..ဘာတွေလုပ်ခဲ့လို့အခုဘဝမှာ..ပေးဆပ်နေရပါလား"

"ငြိမ်း..ပြောနေတာကြားလား"

"ကြားပါတယ်..ဒျေါဒျေါ"

"မမြင့်ဇူရေ..မမြင့်ဇူ"

"အော်..ဖြိုးတို့သားမိပါလား..လာလည်တာလား"

"ဟုတ်တယ်..မမြင့်ဇူရေ..သားကဂျူတီအခုမှဆင်းတာမနားရသေးဘူး..မမြင့်ဇူ..ရဲ့တူမ..ငြိမ်းကိုကျေးဇူးတင်ချင်လို့"

"ဟင်..ဘာတွေတုန်း..ဖြိုးက..ငြိမ်းကိုဘယ်လိုတွေ့ဖူးတာလဲ"

"ပြောပြမယ်လေး..မမြင့်ဇူရဲ့"

"အေး..အေး.ဧည့်ခန်းထဲကြွကြပါ..သားမာန်ရော့..ဖြိုးရော့..ငြိမ်း..ဧည်သည်တွေအတွက်ကော်ဖီနှစ်ခွက်ဖျော်ခဲ့"

"ဟာ..မေမေကလည်း..သမီးဖျော်ပေးမှာပေါ့..ငြိမ်း.လက်ရာကကောင်းတာမဟုတ်ဘူး"

"အေး..ဟုတ်သား.ဖြိုးရေ .ငြိမ်းက..ဘာမှလုပ်တတ်တာမဟုတ်ဘူး..အမျိုးသားရဲ့တူမလေး..ဆယ်တန်းအောင်ပြီး..ရွာကခေါ်လာတာ..ကျောင်းထားပေးရအောင်လေး..အခုတော့ကျောင်းပြီးတာတောင်..ဘာမှမလုပ်တတ်ဘူး..ကိုအောင်ကသူ့တူမကိုဖူးဖူးမှုတ်ထားတာ..သမီးဖြစ်တဲ့မြတ်နိုးက..အကြီးပီပီအလျော့ပေးရတာ"

"အော်..ဒါနဲ့..ငြိမ်းကဘာနဲ့ကျောင်းပြီးတာလဲ.."

"အဝေးသင်..မြန်မာစာနဲ့ပြီးတာ..ဖြိုးရဲ့."

"Dayမထားပေးဘူးလား..မမြင့်ဇူ"

"ထားပေးတဲ့..သူကမနေချင်တာလေး..ကိုယ်သမီးမဟုတ်တော့ပြောရခက်တဲ့..ဖြိုးရေ

"မာန်ကတော့..ငြိမ်းအကြောင်းကြားပြီးကြည့်မရဖြစ်မိတယ်..အိမ်မှာသူအငယ်ဆုံးပဲ.ကောင်မလေးက.ငပျင်းကြီးပဲ. မာမီကတော့ရုပ်ရည်ကိုကြည့်ပြီး..ချီးမွမ်းလိုက်တာ..အင်းးမာမီပြောသလိုပဲ.ရုပ်လေးကချောပါတယ်.ငါထက်ငယ်မဲ့ထင်တယ်..ကလေးရုပ်ကလည်းမပျောက်သေးဘူး..တွေးမိကာ..ငြိမ်းကို.သူ့သိပ်ကြည့်မရပါ။

"ဒါနဲ့..ငြိမ်းကိုကျေးဇူးတင်မယ်ဆိုတာက"

"ဟုတ်တယ်..မမြင့်ဇူရေ.အဖြစ်ကဒီလို...."

"အော်..တော်သေးတယ်..ဖြိုးဘာမှမဖြစ်သွားလို့"

"မမြင့်ဇူရဲ့..တူမကြောင့်ပေါ့"

"မာမီ..သား.သန့်စင်ခန်းခဏသွားအုံးမယ်"

"အေးး..အေး..သား"

မီးဖိုချောင်းမှာ..ကျောဖီတကယျဖျြောရသူက.ငြိမ်းပါ။ဘေးနားကမြတ်နိုးက..ဖုန်းကြည့်နေတဲ့..ငြိမ်းဖျော်ပြီးရင်သူကနှမ်းဖြူးမလို့လေး။

မာန်..မီးဖိုချောင်ကိုဝင်လာတာကို့..မြတ်နိုးက..အရင်တွေ့တော့..ကော်ဖီဖျော်နေတဲ့..ငြိမ်းကိုသူ့ဖုန်းအတင်းပေးပြီး..သူကကော်ဖီဖျော်သလိုလုပ်ပစ်ပါတယ်။

မာန်..မျက်စိထဲမှာ..ငြိမ်းက..တကယ်ကြက်ခြေခတ်ပါ။..စိတ်ပျက်စွာ.ငြိမ်းကိုကြည့်ပြီး..သန့်စင်ခန်းထဲဝင်ခဲ့တယ်။ပြန်ထွက်လာတော့.မြတ်နိုးကိုမတွေ့ရပဲ..ငြိမ်းကိုပဲတွေ့လိုက်တာကြောင့်..အကြီးတစ်ယောက်အနေနဲ့.သူဆုံးမသင့်တဲ့တွေးကာ..ငြိမ်း.အရှေ့ရပ်ပြီး

"ဒီမှာကလေးမ..အဒေါ်အိမ်မှာနေတဲ့ဆိုပြီး..ဘောကြောမနေသင့်ဘူးလေး"

"ရှင်!!"

"ငါနဲ့.မြတ်နိုးက.သူငယ်ချင်းအရင်းကြီးတွေ..သူကငါထက်၂နှစ်ပဲငယ်ပေမဲ့အရမ်းတော်တာ..လုပ်ငန်းတစ်ခုလုံးလည်းဉီးဆောင်ရသေးတဲ့..ကလေးမ..နည်းနည်းအလိုက်သိသင့်တယ်ထင်တယ်"

"ငြိမ်း..ကဘာ..လုပ်နေလို့လဲ"

"အော်. .ကလေးမက..ဘော်ကြောနေလို့လေး..ဉီးလေးအိမ်ဆိုတိုင်း..ကလေးမရဲ့မိဘအိမ်လို့..ဘာမှမလုပ်ပဲမနေသင့်ဘူးလေး"

"ဉီးလေးကြီး..တစ်ခုခုအထင်လွဲနေပြီး..ငြိမ်း.."

"ငါဘာမှအထင်မလွဲဘူးး..ကလေးမ.ပုံစံကိုကြည့်လိုက်တာနဲ့ဘယ်လိုစရိုက်လဲဆိုတာခန့်မှန်းမိပါတယ်.ကလေးမ..အနေထိုင်ဆင်ခြင်ပါ..ပြောကာအိမ်ရှေ့ထွက်သွားတော့..ငြိမ်းတစ်ယောက်..အူကြောင်ကြောင်ကျန်ခဲ့ပါတယ်။

"ဒီဉီးလေးကြီး..စိတ်မမှန်ဘူးထင်တယ်..ငါကိုဘာတွေလာပြောသွားတာလဲမသိဘူး.ဟူးးအဝတ်သွားလျှော်ရအုံးမယ်..မမကဘာလို့ငါဆီကကော်ဖီခွက်အတင်းလုဖျော်တာလဲ...မသိတော့ဘူးတွေးမနေနဲ့..ကိုယ်လုပ်စရာတာပဲလုပ်တော့မယ်။"

"သားမာန်.."

အပေါ်တက်က.အနားယူဖို့စိတ်ကူးတွေ..မာမီခေါ်သံကြောင့်..အကုန်ပျောက်ကုန်တဲ့..ညဂျူတီကထွက်ပြီးကတည်းလူက. တစ်ရေးမှမအိပ်ရသေးလို..မျက်လုံးတွေကျိန်းစပ်နေပြီး..အခုမာမီပြောစကားနားထောင်ရအုံးမယ်။

"ဟုတ်..မာမီ.သားကိုဘာပြောမလို့လဲ"

အရေးကြီးတဲ့အကြောင်းအရာပေါ့.အိမ်မှာသားအဒေါ်သုံးယောက်လည်းမရှိဘူး..သားရဲ့ဒယ်ဒီကရုံးသွားပြီး..သမီးလေးကလည်း..သင်တန်းသွားတဲ့"

"မာမီ..သားကိုအရေးတကြီးပြောစရာရှိလို့ထင်တယ်..ဘယ်သူမှမရှိတဲ့အချိန်ပြောတဲ့ဆိုတော့..ဘာအကြောင်းအရာများလဲ..မာမီ"

"သား..အသက်မငယ်တော့ဘူးနော်..လာမယ်လဆိုရင်၃၀ပြည့်ပြီး"

"ဟုတ်တယ်လေး..မာမီရဲ့ဘာလက်ဆောင်ပေးမှာလဲပြော"

"မာမီပေးတဲ့လက်ဆောင်ကို..သားကတကယ်ယူမှာလား"

"ယူမှာပေါ့..မာမီရ..အခုပေးရင်အခုယူမှာ"

"သေချာလား..သားမာန်..မာမီပေးတဲ့ဘာလက်ဆောင်မဆို..သားတကယ်ပဲယူမှာလား"

"ယူမှာပေါ့ဗျာ..မာမီကိုသားကအရမ်းချစ်တာလေး"

"ပြီးရော..သားကိုလက်ဆောင်ပေးဖို့ကိုရွှေးချယ်ပြီးသာ..အဲဒီလက်ဆောင်ကိုကောင်းမကောင်းသေချာပြန်ဆန်းစစ်နေလို့...ယူမယ်ဆိုတဲ့ကတိကိုသေချာပေး"

"ကတိပေးတဲ့ဗျာ.မာမီပေးတဲ့ဘာလက်ဆောင်မဆိုသားလက်ခံပြီးသာ."

"ပြီးရော့..သားအပေါ်တက်ပြီးနားတော့..မာမီသားကြိုက်တဲ့ဟင်းတွေချက်ပြုတ်လိုက်အုံးမယ်..."

"ဟုတ်..မာမီပြောကာ..ပြေးသွားတဲ့သားကိုကြည့်ပြီး..ဒေါ်မေဖြိုး.ကျေနပ်စွာပြုံးလိုက်ပါတယ်။

"မမကြီးရဲ့သူငယ်ချင်းသမီးက..သားမာန်နဲ့မလိုက်ဖက်ပါဘူး..လေးရဲ့သူငယ်ချင်းသမီးကမှာ..သားမာန်နဲ့..အရမ်းလိုက်ဖက်ညီတာ"

"မမလေးရဲ့သူငယ်ချင်းသမီးကမှ..တကယ်မြေးခွေးမ..ငယ်ရဲ့.မြတ်နိုးလေးကတကယ်အဖိုးတန်ရတနာလေးပါ"

"လေးနဲ့ငယျ..တော်ကြစမ်း..ငါအကြီးဆုံးနော်...သားမာန်ရဲ့ဇနီးကိုငါပဲရှာဖွေမယ်"

"ဒါကတော့..မမကြီး..မတရားတာပဲ..သားမာန်က.လေးနဲ့ငယ်ရဲ့တူလေး..ဟုတ်တယ်နော်..လေးတို့လညျး..သားမာန်ဇနီးကိုရှာဖွေခွင့်ရှိတယ်"

"မမလေးပြောတာ..ငယ်ထောက်ခံတယ်.အကြီးဆိုပြီး..တစ်ယောက်ထဲဆုံးဖြတ်ပိုင်ခွင့်မရှိဘူး"

"မမတို့အားလုံးရန်မဖြစ်ကြပါနဲ့..အကုန်လုံးတိုင်တိုင်ပင်ပင်လုပ်ကြပါ..အပြင်ကပြန်လာတာမောရော့ပေါ့..မိဝိုင်းရေ..မမတို့အတွက်သံပုရာရည်အေးအေးလေးဖျော်ခဲ့"

"ဟုတ်ကဲ့..အန်တီဖြိုး"

"ဖြိုးရော့..သားမာန်ရဲ့အမေတစ်ယောက်အနေနဲ့ဘယ်သူနဲ့သဘောတူလဲ"

"ဖြိုးကတော့..သားသဘောလို့ထင်ပါတယ်..သူကသေတဖန်သက်တဆုံးပေါင်းဖက်ရမှာလေး..မမကြီးတို့ရှာပေးလည်း..သားသဘောမကျရင်ဘယ်လိုလုပ်မလဲ..အိမ်ထောင်ရေးဆိုတာကမတူညီတဲ့ဘဝနှစ်ခုကိုပေါင်းဖက်တာလေး..ဖြိုး.ကဘယ်သူနဲ့သဘောတူပါတဲ့လို့မပြောတတ်ပါဘူး"

"ညည်းပဲအေးတယ်..ငါတို့သုံးယောက်ကတော့..ပူလောင်နေရတာပဲ..သားမာန်က..အသက်၃၀ပြည့်တော့မှာလေး..မိန်းမလည်နဲ့အိမ်ထောင်ကျမှာအရမ်းစိုးရိမ်မိတယ်..ငါသူငယ်ချင်းသမီးနဲ့ဆိုရင်..ပြောစရာမလိုအောင်စိတ်ချရမှာ"

"မမကြီးနော်..ဆိုကာ..လေးနဲ့ငယ်က..မကျေနပ်တဲ့အကြည့်နဲ့ကြည့်ကြတယ်။

ဖြိုးကတော့..အပျိုကြီး၃ယောက်သူတို့အတွက်လင်မရှာပဲ..သားအတွက်မိန်းမဝိုင်းရှာပြီးရန်ဖြစ်နေတာကိုကြည့်ပြီး..ရယ်ချင်မိပါတယ်။

မာန်.ဆေးခန်းသွားဖို့..ပြင်ဆင်ကာအောက်ကိုဆင်းခဲ့တယ်။.လူနာတွေကို..စေတနာအပြည့်နဲ့စိတ်ရော့ကိုယ်ပါနစ်ပြီး..ဆေးကုပေးပါတယ်။အဲဒါကြောင့်..လူနာတွေက..ဒေါက်တာနှိုင်းမာန်ဖြိုးဆိုရင်..အသံကြားတာနဲ့ရောဂါတစ်ဝက်သက်သာပြီးလို.ပြောကြတာပါ။လူကိုမြင်ရင်.ရောဂါတွေအကုန်ပျောက်ပြီးလို့..တစ်ချိုလူနာတွေကပြောကြပါသေးတယ်။.အခုလည်းဆေးခန်းသွားမယ်.ဆရာဝန်လို့ဘယ်သူမှထင်မှမဟုတ်ဘူး..မိုးထိုးသောအရပ်.အဆီမရှိပဲကြွက်သားတွေပြည့်နေတဲ့ကိုယ်..အဖုအဖိတ်မရှိကြည့်လင်ဝင်းပနေသောမျက်နှာ..သိမ်းငှက်တစ်ကောင်လိုစူးရှရင်ခုန်ဖွယ်ကောင်းသောမျက်လုံးတစ်စုံ..သေသပျသောနှုတျခမျးပါးတစျစုံ..အကုန်ချုံကြည့်ရင်တော့...ယောကျာ်းပီသပြီးခန့်တယ်လိုဆိုရပါမယ်။

မာန်..ကားပေါ်တက်ဖို့ပြင်ပြီး..မျက်လုံးကဘာရယ်မဟုတ်ပဲ..တစ်ဖက်ခြံကိုကြည့်မိသွားတဲ့.
လူပုံသေးသေးနဲ့.ကျစ်စံမြီးနှစ်ခွာကျစ်ကာ..ပါးပြင်ထက်မှာသနပ်ခါးဝါဝါဝင်းဝင်းလေးက..ချွေးတွေကြောင့်တစ်ဝက်ပျက်နေတဲ့..ငြိမ်းကြောင့်..သူအံသွားပါတယ်။

ဟမ်..ကလေးမက..အရမ်းလေးတဲ့စောင်တွေလျှော်နေရပါလား..အန်တီမြင့်ဇူပြောတော့..ဘာမှမလုပ်ဘူးဆို..အိမ်မှာအခန့်သာနေတာဆို..ဟာ..ငါမှားပြီးပေါ့..မနက်ကပဲဘုမသိဘာမသိနဲ့သွားပြောလိုက်သေးတဲ့..နှိုင်းမာန်ဖြိုးရေ..မင်းသေသင့်တဲ့တွေးကာ..ကားပေါ်ကိုစိတ်ပျက်စွာတက်ပြီး.ဆေးခန်းကိုမောင်းခဲ့ပါတယ်။

"ငြိမ်းရေ..မပြီးသေးဘူးလား"

်"ပြီးပြီး..မမအတွက်စပျစ်သီးဖျော်ရည်"

"ရော့..ငါစာရင်းတွေတစ်ချက်စစ်ပေးစမ်း..နင်သချာ်တော်သားပဲ..ဆယ်တန်းမှာတောင်ဂုဏ်ထူး၄ခုပါတာပဲ..သချာ်ကအမှတ်များဆုံးမဟုတ်လား"

"ဟုတ်.မမ..ငြိမ်း..အဝတ်စားတွေမီးပူတိုက်ရအုံးမယ်..ပြီးတော့..ဒေါ်ဒေါ်ရဲ့အဝတ်တွေရှင်းပေးရအုံးမယ်..မမ"

"အဲဒါငါနဲ့..ဘာဆိုင်လဲ.ငါခိုင်းတာပဲလုပ်..တစ်ခြားအလုပ်တွေဘေးဖယ်ထား.စာရင်းသေချာစစ်..မမှားစေနဲ့"

်"ဟုတ်..ဟုတ်.မမ"

"ငြိမ်း..စာရင်းစစ်ရင်..စိတ်မဖြောင့်ရပါ..ဒေါ်ဒေါ်ဆူမှာပြေးမြင်မိပါတယ်..ဒီနေ့သေသေချာချာသူအဝတ်စားကိုရှင်းခိုင်းထားတာပါဟူးး..ခေါင်းထဲကကျန်တာတွေထုတ်ပစ်စမ်းနောက်ပြသာနာနောက်မှရှင်းတာပေါ့..စာရင်းမှားရင်..ဒီထက်ပိုဆိုးမယ်..တွေးကာ..စာရင်းဇယားတွေကိုစစ်ပေးနေပါတယ်။

နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်


rate now: