book

Index 19

အပိုင်း(၁၉)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

ငြိမ်း လက်ဆောင်တွေယူကာ မြင်တွေ့နေတဲ့ သစ်သားအိမ်အိုဟောင်းလေးကို လမ်းလျောက်လာမိပါတယ်။ဒေါ်ဒေါ်တို့သတင်းကြားတော့ ငြိမ်း အရမ်းဝမ်းနည်းရပါသည်။

"ဒေါ်ဒေါ်ရေ ငြိမ်းလာတယ်"

"အခုမှပေါ်တော်မူလာပါလား မိငြိမ်း "

"ခရီးရောက်ရောက်ချင်းလာမလိုပဲ ဒေါ်ဒေါ်"

"ဘာလိုမလာတာလဲ"

"ဉီးမာန် ခရီးအရမ်းပန်းပြီးလိုက်မပို့နိုင်တော့လိုပါ"

"အခုရော့ သားမာန်လိုက်ပို့လို့လား"

"လိုက်ပို့ဖို့လုပ်ထားတာပါ ဆေးရုံကအရေးပေါ်ခွဲစိတ်စရာရှိတဲ့လို့ ဖုန်းဆက်လာလို့ လိုက်မပို့တာပါ"

"အဟွန့် ညည်းကတော့ပိုတောက်ပြောင်လာတဲ့နော် "

"ငြိမ်း ကအရင်းတိုင်းပါပဲ ဒါနဲ့ ဉီးလေးလေဖြတ်သွားတယ်ဆိုတော့ ပြုစုဖို့သူနာပြုငှားပေးပါမယ်"

"နင်ကပိုက်ဆံပေးမှာမို့လို့လား"

"ဟုတ်ပေးပါမယ် ဒေါ်ဒေါ်"

"သေချာလား ငြိမ်း"

"သေချာပါတယ် ဒေါ်ဒေါ်"

"ညည်းဉီးလေးကိုကြည့်ထားအုံး ငါအပြင်ခဏသွားမယ် ပိုက်ဆံပါရင်ပေးအုံး"

"ဟုတ်ဒေါ်ဒေါ် ငြိမ်း ၂သိန်းပါတယ်"

"ငါပြန်လာမှာပြန်ရမယ် "

"ဟုတ်ကဲ့"

ငြိမ်း အိမ်ကိုကြည့်ပြီးစိတ်ပျက်မိပါတယ် အမှိုကျတှနေဲ့ရှုပျပှနပေါရော့လား ရှင်းလိုက်ပါအုံးမယ်။အိမ်ရှေ့ကိုရှင်းပြီးတော့ မီးဖိုချောင်ဝင်တော့ ပန်ကန်တွေမဆေးပဲထားတာအများကြီး ငြိမ်း ဆေးကြောသန်ရှင်းလိုက်၏။အလုပ်တွေလုပ်ပြီးတော့ ငြိမ်းနားနေတုန်း ဉီးဉီးရဲ့ခေါ်သံကြားလိုက်ရသည်။

"ငါ..အရမ်း..အပေါ့..အပေါ့.သွားချင်..တယ်"

"လာပါပြီး ဉီးဉီး အိပ်ယာနိုးပြီးဆိုတော့အပေါ့သွားချင်ပြီးပေါ့ သမီးလုပ်ပေးမယ်"

"သ..မီး..ဘယ်..တုန်း..က.ရောက်တာ..လဲ"

"မနေ့ကခရီးကပြန်ရောက်တာ တောင်ပန်းပါတယ် အခုလိုဖြစ်နေတာကိုမသိဘဲပျော်နေမိလို့"

"မဆိုင်..ပါ..ဘူး..သမီး..အဆင်ပြေ..ရဲ့လား"

"ပြေပါတယ် ဉီးဉီး သမီးကိုအားမနာနဲ့နော် အပေါ့သွားပြီးရင် ရေချိုးပေးမယ် ပြီးရင် ပုဂံကဝယ်လာတဲ့ သစ်သီးခွဲပေးမယ်နော်"

"အေး..ပါ..သမီး"

ငြိမ်း အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ဒေါ်ဒေါ်က ဉီးဉီးကို ဒီအတိုင်းကြီးချီးတွေသေးတွေနဲ့ပစ်ထားတာပါ။တစ်ကိုယ်ရည်သန့်ရှင်းမှုလည်း လုပ်မထားပေးဘူး..။ငြိမ်း ဉီးဉီးကိုသန့်ရှင်းရေးလုပ်ပေးပြီးတော့သစ်သီးခွဲကျွေးတော့စားတယ် မျက်နှာကလန်းလာပါသည်။

"ဉီးဉီး ထိုင်ခုံမှာခဏထိုင်နော် သမီးအိပ်ယာခင်းလှဲပေးမယ်နော်"

စကားပြောရတာအားမရှိလို့ထင်တယ် ခေါင်းပဲငြိမ့်ပါသည်။

"အဟင်း.အဟင်း ဉီးဉီးရဲ့အိပ်ယာဘေးမှာနှင်းဆီပန်းလှလှလေးထိုးပေးမယ်နော် ပြီးတော့ ရှည်နေတဲ့လက်သည်းခြေသည်းတွေလည်းညုပ်ပစ်ရမယ် ဉီးဉီးကို အရင်လို့ခန့်အောင် သမီးလုပ်ပေးမယ်နော်"

"ကျေး..ဇူး..ပါသ.မီး"

ဉီးအောင် သူဘဝကိုစိတ်ကုန်နေတာကြာပြီး လေဖြတ်ပေးမဲ့လည်း အနားမှာပြုစုပေးမဲ့သူမရှိပါ။မိန်းမကလည်း ချမ်းသာတုန်းကအတိုင်းပဲနေတဲ့။ သမီးကလည်း အိမ်မကပ်ဘူး အိမ်မှာရှိပြန်တော့လည်း ဆူပူနေတော့ လူမမာဖြစ်တဲ့ ဉီးအောင် စိတ်ရော့ကိုယ်ပါ မချမ်းမသာဖြစ်ရပါတယ်။

"ခိုင်လေး ခိုင်လေး နင်မမရော့"

"ဉီးလေး အလုပ်ကပြန်လာပြီးလား မမကမနက်ကတည်း သူ့အဒေါ်အိမ်ကနေပြန်မလာသေးဘူး"

"ညနေ၆နာရီတောင်ရှိပြီးပဲ ခိုင်လေး ငါသွားခေါ်အုံးမယ် ကရုစိုက်နေခဲ့"

"ဟုတ်ကဲ့ ဉီးလေး"

ငြိမ်း ဉီးဉီးကိုကန်တော့ပြီး ဒေါ်ဒေါ်ကိုနှုတ်ဆက်ပြီးပြင်မယ်ပြင်တော့

"ငြိမ်း နငျလညျပငျကဆှဲကွိုး ငါကိုပေးခဲ့ပါလား မနက်ဖြန်စားစရာမရှိတော့လို"

"ရှင်!!ပိုက်ဆံ၂သိန်းက ဘယ်ရောက်သွားပြီးလဲ ဒေါ်ဒေါ်"

"နင်ပေးတဲ့ ပိုက်ဆံကုန်သွားပြီးလေး ဒီနေ့အလှပြင်ဆိုင်သွားပြီး ငါဆံပင်ပြင်လိုက်လို့"

"ဒေါ်ဒေါ် ..ဒါကတော့မဟုတ်သေးဘူးလေး အရင်လို့သုံးနေလိုမရဘူးလေး မမကလည်းအလုပ်မရှိဘူး ဉီးဉီးကလည်းအိပ်ရာထဲမှာလှဲနေတာလေ"

"ဘာလဲ ညည်းကဆရာလာလုပ်တာလား မိငြိမ်း!!!"

"ဆရာလုပ်တာမဟုတ်ပါဘူး ဒေါ်ဒေါ် ဖြစ်သင့်တာကိုပြောပြတာပါ အလှပြင်တာတွေလျော့ပြီး ပိုက်ဆံကိုမဖြုန်းပါနဲ့တော့"

"ဖြောင်း...ဖြောင်း"

"ဒေါ်ဒေါ်...ငြိမ်း..ငြိမ်း.ကစေတနာနဲ့ပြောတာပါ"

"ဘာစေတနာလည်း ငါကိုဆရာလာမလုပ်နဲ့အခုလိုဖြစ်နေတာအားလုံးက နင်ကြောင့်ပဲ နင်ရဲ့အိုနာကျိုးကန် ဉီးလေးကို နင်ပဲလာပြုစု ငါကတော့မပြုစုနိုင်ဘူး နောက်တစ်ခါငါကို ဆရာလာလုပ်ရင် ဒီထက်ပိုဆိုးမယ်မှတ်"

"ဘာကိုပိုဆိုးမှာ ဒေါ်မြင့်ဇူ"

"ဉီးမာန်"

"သားမာန်"

နှစ်ယောက်လုံး မာန်ကိုမြင်ပြီး အံ့ဪသွားကြသည်။ မာန် ခြံထဲရောက်တော့ စကားသံကြားလိုသူဝင်လာရင်အနှောက်ယှက်ဖြစ်မှာစိုလို့ ခဏရပ်နေတာပါ။အခုတော့

"သားမာန် ဘယ်တုန်းကရောက်တာလဲ"

"ဒေါ်မြင့်ဇူ ကလေးဆီကဆှဲကွိုးတောငျးကတညျးက ပြောစမ်းပါအုံး အရင်ကတည်းက ကလေးကိုအခုလိုပဲဆက်ဆံနေတာလား ဘာကြောင့်အခုလိုရိုက်ရတာလဲ ဘယ်သူခွင့်ပြုချက်ကြောင့်လဲ!!!!"

"ဉီးမာန် စိတ်လျော့ပါနော် ပြန်ကြရအောင် ဉီးဉီးကကျန်းမာရေးမကောင်းဘူး လာပါပြန်ကြမယ်နော်"

"ဒေါ်မြင့်ဇူ မာမီ ဉီးအောင်ကိုဆေးကုဖို့ပေးတဲ့ ပိုက်ဆံသိန်း၅၀ကို ဘာလုပ်ပစ်လိုက်လဲ "

"ငါဘာသာဘာလုပ်လုပ်ပေါ့ မင်းအပိုပါလား လူကြီးကိုလူကြီးမှန်းမသိတဲ့အရိုင်းစိုင်းရဲ့"

"ဘာအရိုင်းစိုင်းဟုတ်လား ဒါဆိုရင်ကျုပ်နဲ့မပတ်သက်အောင်နေ ကျုပ်ရဲ့ဇနီးကို နောက်တစ်ခါပါးရိုက်ဖို့မပြောနဲ့ မျက်ထောင်နီနဲ့တောင်မကြည့်မိစေနဲ့ ဘာလိုလဲဆိုတော့ အဲဒီမျက်လုံးကိုဖောက်ထုတ်မှာမိုလို့ပဲ"

"ဉီးမာန်လာပါ ပြန်ကြရအောင်ပြောကာ အတင်းဆွဲခေါ်လာရပါတယ်။ဒေါ်မြင့်ဇူရဲ့ အော်ဟစ်ကျိန်ဆဲသံကလည်း တစ်ရက်ကွပ်လုံဆူညံနေပါသည်။

မာန်စိတ်တိုကာ တစ်လမ်းလုံး ငြိမ်းကိုစကားမပြောပါ။ အိမ်ရောက်တော့လည်း အခန်းထဲတန်းဝင်ကာ ရေချိုးဖို့ပြင်တော့တယ်။

"ဉီးမာန် ကလေးကိုစိတ်စိုးနေတာလားဟင်"

မာန် ဘာမှမဖြေပဲရေချိုးခန်းထဲဝင်သွားတော့ ငြိမ်း ဝမ်းနည်းစွာမျက်ရည်ကျမိတယ်။

မာန်ရေချိုးခန်းကထွက်လာတော့ ငြိမ်း ကိုမတွေ့တောတဲ့အတွက် စိတ်အရမ်းပူကာ အော်ခေါ်မိတယ်။

"ကလေး..ကလေး!!!"

"ဉီးမာန်ဘာလိုလဲ ဘာဖြစ်လိုလဲ"

မာန် အတွက်သံပုရာရည်ဖျော်ကာ ယူလိုက်တဲ့ ငြိမ်းကို ပြေးဖက်မိတယ်။

"ကလေး ဉီးမာန်ကို စိတ်ကောက်ပြီး ထားသွားပြီးထင်နေတာ ဘယ်တော့မှထားမသွားပါနဲ့ ကလေး"

"အဟင်းး ဘယ်တော့မှထားမသွားပါဘူးနော် ဉီးမာန် နှင်မထုတ်မချင်ပေါ့"

"ဉီးမာန်ဘယ်တော့မှ ကလေးကိုနှင်ထုတ်မှာမဟုတ်ဘူး သေချာဘယ်တော့မှနှင်မထုတ်ဘူး ဒါကြောင့်ထွက်သွားဖို့မစဉ်းစားနဲ့ "

"ဟုတ်ကဲ့ ထွက်မသွားပါဘူး ကတိပေးတဲ့ သံပုရာရည်သောက်ပြီး အဝတ်စားလှဲရမယ် အအေးပတ်လိမ့်မယ်"

"အအေးကပတ်မှမဟုတ်ဘူး ဘာလို့လဲဆိုတော့ ကလေးရဲ့ကိုယ်လေးကနွေးလို့ ဒီအတိုင်းလေးပဲနေရအောင်"

"မရပါဘူးနော် ရော့ သောက်ပြီးအဝတ်စားလှဲထား ကလေးရေချိုးတော့မယ်"

"ဟုတ်ကဲ့ပါဗျာ အရမ်းချစ်တယ်"

"ကလေးကပိုချစ်တာပါနော် ဆိုကာ မာန်ရဲ့ပါးပြင်လေးကို ခြေဖျားထောက်နမ်းပြီး ရေချိုးခန်းထဲဝင်ပြေးသွား၏။

ဒေါ်ဒေါ်နဲ့ငြိမ်းလည်း ၆လအထိအဆက်သွယ်ပြတ်သွားရပါတယ်။ဉီးမာန်က လုံးဝမပတ်သက်ခိုင်းတော့တာပါ။ဉီးဉီးကိုတော့ အကောင်းဆုံးဆေးရုံမှာတင်ပြီး သူနာပြုငှားထားပေးပါသည်။

"မြင့်ဇူ ပြောတာ တကယ်ပဲလား"

"တကယ်ပါ မမကြီး ငြိမ်းအကြောင်းကို မြင့်ဇူသိပြီးသား ငြိမ်းအတွက်ငှားပေးတဲ့ ဒရိုင်ဘာကောင်လေးနဲ့ချစ်သူဖြစ်ပြီး ဖောကျပွနျနတော အဲဒီကောင်လေးကို သားမာန်မသိအောင် စိန်တစ်ဆင်စာပေးတာနော် မယုံရင် သွားစစ်ကြည့်အုံး ပြီးတော့သူတို့နှစ်ယောက်ကိုရိပ်မိမှာစိုးလို့ ဒရိုင်ဘာ ကောင်လေးကိုအလုပ်ထွက်ခိုင်းလိုက်တာ "

"ဘုရားရေ အဲဒီလောက်ကြီးတောင်ဖြစ်နေပြီးလား ငါတူတော့ရေတိမ်နစ်ပြီး မြွေပွေးမကို ခါးပိုက်ပိုက်ထားပါလား"

"မမကြီးရေ မြင့်ဇူကလည်း သူအကြောင်းကို "က"နေ "အ" အထိသိပြီးသား မြင့်ဇူပြောတာမယုံရင် ဟိုကောင်လေးကိုတွေ့ပြီးမေးကြည့်လိုရတယ်။မြင့်ဇူကိုလည်း ငြိမ်းကသူအကြောင်းသိလို့ အဆက်အသွယ်ဖြတ်ထားတာ မယုံရင် မသိမသာ နင်အဒေါ်နေကောင်းလားမေးကြည့်"

"စိတ်ချပါ မမကြီးတို့ ဒီကောင်မလေးကိုကောင်းကောင်းပညာပေးမှာ ဟိုကောင်လေးနဲ့ပေးတွေ့ပါ ဒါဆိုရင်ဟိုကောင်မအပြတ်ဆုံးမလိုရပြီး"

"ဟုတ်မမကြီး မနက်ဖြန်တွေ့ပေးမယ် "

"ဟုတ်ပြီး ဒါဆိုရင် ဖုန်းချလိုက်တော့မယ်ပြောချလိုက်သည်။

"မမကြီး ဘယ်လိုလုပ်ကြမလဲ"

"နင်တို့နှစ်ယောက်ကြားသာပဲ ငါတို့မနက်ဖြန်ဟိုကောင်လေးနဲ့သွားတွေ့ကြရမယ် သက်သေခိုင်လုံလို့ကတော့ ငြိမ်းစံယဉ်မွန် ဆိုတဲ့ကောင်မသေဖို့သာပြင်"

အပျိုကြီး၃ယောက်ရဲ့မျက်နှာတွေကြောက်စရာကောင်းလှပါသည်။

သီချင်းသံအေးအေးလေးနဲ့ အင်ယာကွန်းအေအေးလေး ဖွင့်ထားသောစားသောက်ဆိုင်ထဲ လူအများအေးဆေးစွာစားသောက်ပြီး ပျော်နေကြသော်လည်း ဒေါ်မြင့်ဇူတို့အဖွဲ့ကတော့ ဒေါသတွေနဲ့ပူလောင်နေပါသည်။

"ငါစကားကိုကွေ့ဝိုက်ပြီးမပြောချင်ဘူး မင်းနဲ့ငြိမ်းရဲ့ပတ်သက်မှုက မြင့်ဇူပြောသလိုဟုတ်လား"

"ဟုတ်ပါတယ်ဗျာ"

အပျိုကြီး၃ယောက်လုံး ခဏငြိမ်သက်ကာ နောက်မှာ မမကြီးကပဲ စကားဆက်ကာ

"သေခြာလို့လား ဘာသက်သေရှိလဲ"



"သက်သေက ငြိမ်းကို ဆင်ထားတဲ့စိန်ကအတုဆိုတာသေချာရင် ကျွန်တော်နှစ်ယောက်ရဲ့ဇာတ်လမ်းကအစစ်ပေါ့"

"ဆိုင်လို့လား "

"ဆိုင်တာပေါ့ဗျာ သူပေးထားတဲ့စိန်အစစ်ကို ကျွန်တော်ကရောင်းလိုက်လို့ပဲ ဒီဓာတ်ပုံလေးကတော့ အခုလက်တွေ့ကြည့်လိုရအောင်ပြတဲ့သက်သေပဲ"

ဓာတ်ပုံထဲမှာ ငြိမ်းရဲ့စျေးဆွဲခြင်းကို စိုင်းကလုမ်းဆွဲကာနှစ်ယောက်လုံး ပြုံးနေကြတဲ့ပုံပါ။

"တောက် အဆင့်မရှိတဲ့မိန်းမ ဖောကျပွနျတကျတဲ့မိနျးမ ငါတူကိုနွားလုပ်စီးချင်တဲ့မိန်းမ ငါအကြောင်းကောင်းကောင်းသိစေမယ်"

"လေးအကြောင်းကိုလည်း အဲဒီဟာမ သိစေရမယ်"

"မမကြီးနဲ့မမလေးတို့ အကြောင်အဲ့ဒီကောင်မစုတ်မသိခင် ငယ်အကြောင်းကိုအရင်သိစေရမယ်"

"ပြောပြတဲ့ မြင့်ဇူကိုကျေးဇူးတင်ပါတယ် "

"ရပါတယ် မမကြီးတို့ရယ် မြင့်ဇူလည်း တားတာပဲ ဒါပေမဲ့ ငြိမ်းကပြောလို့မရဘူး နောက်ဆုံးမြင့်ဇူကိုပါ သူအိမ်မလာခိုင်းတဲ့အထိပါပဲ ငြိမ်းရဲ့အဒေါ်တစ်ယောက်အနေနဲ့ တောင်ပန်းပါတယ်"

"မြင့်ဇူတောင်ပန်းရမှမဟုတ်ဘူး ဟိုကောင်မတောင်ပန်းရမှာ ငြိမ်းစံယဉ်မွန် နင်ခြေသလုံးဖက်ပြီးတောင်ပန်းရင်တောင် ငါတို့လုံးဝခွင့်မလွှတ်ဘူး"


"ဒါဆိုရင်အခုပဲသွားကြရအောင် မမကြီး"

"မြင့်ဇူ မလိုက်တော့ဘူးနော် သားမာန်ကိုလည်း အဲဒီကောင်မကသွေးထိုးထားလို့ မြင့်ဇူကိုအိမ်အရိပ်တောင်ပေးမနင်းဘူး ငိုယိုကာပြောတော့အပျိုးကြီး၃ယောက် ငြိမ်းဆီသို့ထွက်လာသည်။

စာရေးသူ သွေးမိန့်


rate now: