book

Index 18

အပိုင်း(၁၈)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

"ဉီးမာန် ကားမောင်းရတာညောင်းနေပြီးလားဟင်"

"နည်းနည်းပါ ကလေးအိပ်ချင်ရင်အိပ်ခဲ့လေး ဉီးမာန်ပခုံးမှီပြီး ဒါမှမဟုတ်အနောက်ခန်းသွားပြီးအိပ်လည်းရတယ်"

"မအိပ်ပါဘူး ဉီးမာန်ဘေးကနေစကားပြောပေးမလို့ ညောင်းနေရင်လည်းနိပ်ပေးမလို့"

"အရမ်းချစ်ဖို့ကောင်းအောင်လုပ်နေ ဒီကလူကြီးစိတ်မထိန်းနိုင်ပဲ နမ်းမိမယ်"

"အဟင်း ဉီးမာန်နမ်းစရာမလိုပါဘူးနော် ကလေးပဲနမ်းပေးပါမယ်ပြောကာ မာန်ရဲ့ပါးပြင်ကိုဖွဖွလေးနမ်းလိုက်၏။မာန်မျက်နှာ အပြုံးတွေဝေဆာလျက်ပါ ပုဂံကိုဇနီးမောင်နှံနှစ်ဉီး ပျော်ရွှင်စွာခရီးထွက်ခဲ့သည်။

ပုဂံရောက်တော့ ဟိုတည်းမှာအရင်တည်ခိုကြတယ်။

"ကလေးရေ ဉီးမာန်အရင်ပင်ပန်းလားလိုခဏအိပ်အုံးမယ်နော်"

."ကလေးနိပ်ပေးရမလားဟင်"

"မနိပ်ပေးပါနဲ့ ကလေးလည်းကားစီးလာရတာညောင်းမှာပေါ့ ပြီးတော့ကိုယ်ကိုတစ်လမ်းလုံးအဖော်လုပ်ပေးပြီး စကားပြောပေးလာရတာ အိပ်လိုက်ပါအုံး"

"မအိပ်ချင်ဘူး ဉီးမာန်လည်းငြင်းဖို့မကြိုးစားနဲ့ ခုတင်ပေါ်လှဲလိုက် ကလေးနိပ်ပေးမယ်"

"အမိန့်တော်အတိုင်းပါဗျာ အဟင်း"

မာန်လည်း ကားမောင်းရတာညောင်းလာတာကြောင့် ခုတင်ပေါ်လှဲပြီး အနိပ်ခံကာအိပ်ပျော်သွား၏။

"မေမေ သမီးတော့ဒီအိမ်မှာ လုံးဝမနေနိုင်ဘူး ဟုတ်တယ်လုံးဝကိုမနေနိုင်တာ"

အရမ်းနုံချာစုတ်ပြတ်နေတဲ့ သစ်သားအိမ်အိုဟောင်းကိုကြည့်ပြီး မြတ်နိုး ဘယ်လိုမှလက်မခံနိုင်စွာခေါင်းခါငြင်းဆန်သည်။

"မနေချင်လိုရမှလား မြတ်နိုး ဒါကငါတို့အိမ်ပဲ ကားကိုရောင်းပြီး စီးပွားရေးတစ်ခုလုပ်ရမယ်"

"ဖေဖေ သမီး ဟိုလိုကားတွေမစီးနိုင်ဘူး မရောင်းပါနဲ့ သမီးတကယ်စိတ်ဆင်းရဲလို့သေတော့မယ် အီးးဟီးးး"

"စိတ်ဆင်းရဲလည်းမတက်နိုင်ဘူး ငါတို့ကဘာနဲ့ထမင်းစားသောက်ရမှာလဲ ငိုမနေနဲ့ကျက်သေယုတ်တယ် အိမ်သန့်ရှင်းလုပ်ထားကြ ငါကားရောင်းပြီးပြန်လာခဲ့မယ်"

"မရောင်းရဘူး..မရောင်းရဘူးနော်...လုံးဝပဲ သမီးအသက်သေတာကို ဖေဖမွေငျခငျြတာလား!!!"

ဉီးအောင် လှမ်းနေတဲ့ခြေလှမ်းတွေ မြတ်နိုး အော်သံကြောင့်ခဏရပ်သွားပေမဲ့ ချက်ချင်းကားဆီကိုလာခဲ့၍ မြတ်နိုး ကြားအောင် စကားတစ်ခွန်းကိုပြောလို၏။

"မြင့်ဇူ မင်းရဲ့သမီးကိုကြိုက်သလိုလုပ်ပြောလိုက် ငါကရုမစိုက်ဘူး"

မာန်တစ်ယောက်အိပ်ပျော်သွားတာနှစ်နှစ်ခြိုက်ခြိုက်ပါပဲ ကားမောင်းလာရလိုတစ်ကိုယ်လုံးညောင်းနေတာတွေလည်းပျောက်သွားသလိုခံစားရသည်။ ထိုနောက် ရင်ခွင်ထဲမှာမျက်နှာအပ်ပြီးအိပ်နဲ့သော သူရဲ့အချစ်နတ်ဖုရားမလေး ကြည်နူးငေးကြည့်နေမိတယ်။

"ငေးကြည့်နေလို့မဖြစ်သေးပါဘူး မျက်နှာသစ်ပြီးအဝတ်စားလှဲထားမယ် ကလေးနိုးလာရင် ဘုရားသွားကြမယ် "

"ဉီးမာန် ဘာတွေတီးတိုးရေရွတ်နေတာလဲ"

"ကလေးနိုးပြီး မဂ်လာညနေခင်းပါဗျာ ပြောကာနဖူးပြင်ကိုအနမ်းပေးလိုက်သည်။

"ညနေတောင်ရောက်နေပြီး ဉီးမာန် ဗိုက်ဆာနေမှာပေါ့ ကလေးကဉီးမာန်ကိုနိပ်ပေးပြီးတော့ ဗိုက်ဆာလို လမ်းမှာဝယ်လာတဲ့ မုန့်စားပြီးအိပ်လိုက်တာ ဉီးမာန် ဗိုက်အောင့်တော့မှာပဲ အမြန်ပြင်ဆင်ပြီး သွားစားကြမယ်နော်"

"အဟင်း အရမ်းစိတ်ပူနေတာလား ကလေး ဒါမှမဟုတ်အချစ်တွေတိုးအောင်လုပ်ပြနေတာလား"

"ဉီးမာန်နော် တကယ်စိတ်ပူတာစကားများမနေနဲ့ အမြန်ပြင်ဆင်တော့"

"ကောင်းပါပြီးဗျာ ပြောကာ ငြိမ်းရဲ့နှုတ်ခမ်းလေးကိုထိရုံပဲနမ်း၍ ရေချိုးခန်းထဲဝင်သွားသည်။

ပုဂံဒေသတွင် အရမ်းကျက်သရေရှိ၍တင့်တယ်သော စေတီဘုရားမြားစှာကိုလကျညိုးထိုးမလှယျမွငျတှေ့ရသညျ။မနျးကြီးပငျ ထနှောင်းပင်များ ဝေဝေဆာဆာရှိကာ အရိပ်လည်းရ၏။ "မြန်မာမှန်လျှင် ပုဂံကိုရောက်ရမယ်"ဆိုတဲ့စကားကသိပ်မှန်သည်။

"အရမ်းလှတာပဲနော် ဉီးမာန်"

"မလှပါဘူး ဒီကဉီးမာန်ရဲ့အချစ်နတ်ဖုရားမလေးလောက်"

"ဉီးပိုကြီး ကဲ့ပါညနေရောက်ပြီးဆိုတော့ နေဝင်ချိန်သွားကြည့်မယ် ပုဂံရဲ့နေဝင်ချိန်ကအရမ်းလှတယ်လို့ပြောကြတယ်"

"ဟုတ်တယ် အရမ်းလှတာ ဉီးမာန်ရောက်တိုင်းအဲဒါကိုနေ့တိုင်းကြည့်တယ် ကလေးလာနေအရမ်းပူတယ် ထီးဆောင်းထားရော့ နေကာမျက်မှန်တပ် ဖုန်တွေသဲတွေလေတိုက်ရင်မျက်စိထဲဝင်လိမ့်မယ်"

"အဟီးး အရမ်းအလိုက်သိသော ကလေးရဲ့ဉီးမာန်ပဲ သွားကြမယ် ပွောကာမာနျရဲ့လကျမောငျးကိုခိုမှီက နေဝင်ဆည်းဆာကိုသွားကြည့်ကြသည်။

တောင်ကုန်းမြင့်တစ်နေရာမှာ ဉီးမာန်ရဲ့ပခုံးကိုမှီပြီးနေဝင်ဆည်းဆာကိုကြည့်ရတာအရမ်းကြည်နူးဖို့ကောင်းပါတယ်။ငြိမ်းတို့ရဲ့ ဟိုဘက်တစ်ခြမ်းမှာ ခရီးသွားနိုင်ငံခြားသားနဲ့ ပုဂံဒေသကစျေးသည်တွေနဲ့ စည်ကားလျက်ပါ။နေဝငျခြိနျလေးကအရမျးကိုလှပပါသညျ။နလေုံးနီနီလေးက အနောက်ဘက်အခြမ်းကိုဝင်သွားပုံလေး ကအရမ်းလှပလွန်လို့အချိန်တွေကိုခဏရပ်ပစ်ထားချင်တယ်။

"ကလေး အရမ်းလှတယ်နော် ဒါပေမဲ့ လူတွေဘဝရဲ့နေဝင်ချိန်ကတော့အထီးကျန်ဆန်လွန်တဲ့ "

"ဟုတ်တယ် ဉီးမာန် နေဝင်တာအရမ်းကြာတယ်၄နာရီကနေကြည့်တာ အခု၆နာရီထိုးတော့မယ်"

"ပျင်းနေပြီးလား"

"မပျင်းပါဘူး အချိန်တွေကိုတောင်ရပ်ထားချင်တာ အရမ်းလှလို့ အခုလိုဉီးမာန်ရဲ့ပခုံးလေးပေါ်ခေါင်းတင်ပြီး နေဝင်ချိန်ကြည့်ရတာဘယ်လောက်ပျော်ဖို့ကောင်းလဲ မနက်ဖြန်ကြရင်ပုပ်ပါးတောင်သွားကြမယ်နော်"

"သွားမှာပေါ့ ကလေးသဘောအတိုင်း ကဲ့နေလည်းဝင်သွားပြီး ထမင်းဆိုင်သွားထမင်းစားမယ် ပြီးရင်တမင်လမ်းလေးသွားပြီး ဓာတ်ပုံရိုက်ပေးမယ်"

"မရိုက်တော့ဘူးလေး အလာတုန်းကရိုက်ထားတာပါ အခုလည်း ဓာတ်ပုံရိုက်ထားတာများနေပြီး"

"ကဲ့ ထသွားကြမယ် အချစ်နတ်ဖုရားမလေးရေ"

မာန် ကထိုင်နေရာကနေရာကနေထရပ်ပြီး လက်ကမ်းတော့ ငြိမ်းကလည်းကြည်နူးစွာပြုံးပြီးလက်ကိုကိုင်လိုက်သည်။

"မြတ်နိုး အခြေနေဘယ်လိုလဲ"

"အခြေနေမကောင်းဘူး ငါပိုက်ဆံပြတ်နေပြီး စီးပွားကလည်းပျက်တော့ အရမ်းညစ်တာပဲ"

"ညစ်မနေနဲ့ ကိုမိုးကြီးကိုသာ အပိုင်ကြံလိုက် ဟိုကနင်ကိုသဘောကျနေတာ သူဌေးကြီးနော်"

"ဟာ ဒီလောက်ဖက်တီးရုပ်ဆိုးအသားမဲကြီးကို ကြိုက်စရာလား ရွံစရာကြီးကို့"

"မြတ်နိုး ရုပ်ရည်ကိုမကြည့်နဲ့သူရဲ့ပါဝါကိုကြည့်ရတဲ့ သူရဲ့ပိုင်ဆိုင်မှုကမနည်းဘူးနော် အသက်ကလည်း နင်ထက်၅နှစ်လောက်ပဲကြီးတာပါ နင့်ကသာမကြိုက်တာ သူကလိုချင်သူတွေအများကြီးနော် ဟောပြောရင်ဆိုရင်ဒီဘက်လာပြီး"

"မြတ်နိုး စိတ်ညစ်ပါတယ် အသားကမဲပြီးအရုပ်ဆိုးသောလူမီးသွေးတုံးကြီးကို ဘယ်လိုနှလုံးသားနဲ့ကြိုက်ရမှာလဲ တွေးနေတုန်း ကိုမိုးကြီးက သူမအနားရောက်လာသည်။

"နိုးလေး မျက်နှာလေးမကောင်းပါလား ကိုမိုးဘာကူညီပေးရမလဲ"

"တကယ်ကူညီချင်တာလား"

"ဟုတ်တယ် "

"ကျွန်မနဲ့အဝေးဆုံးမှာနေပေး ရှင်ကိုမြင်ရင် မလေးရှားစုန်းသရဲကိုတွေ့ရသလိုပဲအရမ်း ရုပ်ဆိုးပြီးမဲတူးနေရော့ ပြောကာ မြတ်နိုးစားပွဲကနေထထွက်ခဲ့၏။

ကိုမိုးကတော့ ယောကျာ်းတန်မဲ့ဝမ်းနည်းစွာခံစားနေရသည်။သူ့မြတ်နိုးကို ချစ်နေတာကြာပါပြီး အလုပ်လည်းအတူတွဲလုပ်ဖူးပါသည်။မြတ်နိုးရဲ့အဖေနဲ့လည်း သူရင်းနှီးပြီးသာပါ။

ပုပ်ပါးတောင်ခြေမှာစျေးသည် ဘုရားဖူးသူများနဲ့လူတွေစည်ကားလျက်ပါ။စကားဝါးပန်းလေးရဲ့ ရံနံကသင်းပျံမွှေးကြိုင်နေလျက်ပါ။

"ဉီးမာန် စကားဝါပန်းလိုချင်တယ်"

"ဝယ်ပေးမှာပေါ့ဗျာ.. ဒီမှာကလေးမလေး ဒီပန်းတွေအကုန်လုံးဘယ်လောက်လည်း"

"၁သောင်းပါ ဉီးဉီး"

"အကုန်သီပေးပါလား တစ်ဝက်ကိုဘုရားကပ်မယ် တစ်ဝက်ကိုဒီမမအတွက်သီပေးနိုင်မလား"

"ရတာပေါ့ဉီးဉီး သမီးသီပေးမယ် ဒီတောင်ရဲ့သမိုင်းကိုလည်း ပြောပြမယ်လေ"

"အဟီးး မလိုပါဘူး ဉီးဉီးအကုန်လေ့လာပြီးပြီးကွာ ဒီမမကိုလည်း ဉီးဉီးပဲပြောပြနေတာ"

"မမကအရမ်းလှတာပဲနော် ဉီးဉီးရဲ့ညီမလေးလား"

"မဟုတ္ဘူး ဉီးဉီးရဲ႕ဇနီး"

"ဝိုးးးအရမ်းလိုက်ဖက်ညီတာပဲ ဉီးဉီးကလည်းအရမ်းချော မမကလည်းအရမ်းချောပဲ ဒါကြောင့်လူတွေက ဉီးဉီးတို့အတွဲကိုကြည့်နေကြတာကို့"

ပန်းရောင်းတဲ့ကလေးမလေး ပြောတာမမှားပါဘူး မာန်တို့အတွဲကိုလူတော်တောများများ အားကျတဲ့မျက်ဝန်းတွေနဲ့ကြည့်ကြပါသည်။

"ဉီးဉီးရပြီး တစ်ဝက်ကိုဘုရားတင် တစ်ဝက်ကိုတော့ မမကိုပန်ပေးလိုက်ပါ"

"ကြေးဇူးပါ သမီး မျောက်စာလည်း ဉီးဉီးအကုန်ယူမယ်"

"တကယ်လား ဟီးးအရမ်းပျော်တာပဲ ၅ထောင်ပဲပေးပါ ဉီးဉီး သံချောင်းနဲ့ဘုတ်ဆုံမ ဒီမှာမျောက်စာလာရောင်းကြ"

"ဟမ် သမီးဆီကဝယ်ချင်တာလေး.



"သမီးကပန်းတွေအကုန်ရောင်းပြီးပြီးလေ သူတို့နှစ်ယောက်ကသိပ်မရောင်းရသေးဘူး သံချောင်းနဲ့ဘုတ်ဆုံမ မျောက်စာကို တစ်ယောက် ၂၅၀၀ဖို့ဆီရောင်းလိုက်နော်"

"အေးပါ မိဝိုင်း ကျေးဇူးပါ ပြောကာ ပျော်ရွှင်စွာရောငျးကွသညျ။

မာန်ကတော့ သနပ်ခါးပါးကွက်ကြားလေးနဲ့ ရိုးသားစွာရောင်းနေသော ကလေး၃ယောက်ဆီကအကုန်ဝယ်ယူလိုက်ပါသည်။

"ဉီးဉီး သမီးတို့၃ယောက်ဆီကအကုန်ယူပါမယ်"

"တကယ်နော်..ယေးးပျော်စရာကြီး "

ကလေးတွေပျော်သလို မာန်တို့အတွဲလည်းပျော်ပါသည်။

ပုပ်ပါးတောင်တက်ရင် မျောက်ကလေးတွေကိုအစာကျွေးတော့ ငြိမ်းက ကြောက်လို မာန်ကိုပဲကျွေးခိုင်း၏။မျောက်လေးတွေကလည်း အရမ်းလည်ပါတယ် အစာကိုလုယူပြီးထွက်ပြေးကြတယ်။ငြိမ်းတို့အတွဲနောက်ကိုမျောက်လေးတွေလိုက်ကြပါတယ် တောင်ပေါ်ရောက်ပြီး မျောက်စာလည်းကုန်ရော့ဆက်မလိုက်ကြတော့ပါဘူး။

"ဉီးမာန် ကလေးရေဆာတယ်"

"မောသွားပြီးပေါ့ ရော့သောက် ပြီးရင်ဘုရားရှိခိုးမယ် အလှူလည်းထည့်မယ် ဓာတ်ပုံလည်းရိုက်ကြမယ်"

"ဟုတ်ကဲ့ ဉီးမာန်"

ခရီးစဉ်တစ်လျောက် အရမ်းပျော်ဖို့ကောင်းပါတယ်။ ထန်းတောထဲသွားပြီးထန်းရည်သောက် ထန်းသီးစား ဘုရားအစုံလျှောက်ဖူး မြင်းလှည်းစီး ဆေးမျင်ပန်းချီကိုလည်းလက်မှာရေးဆွဲ သနပ်ခါးလည်းအလိမ်းခံ ယွန်းထည်လက်ရာတွေလည်းဝယ်ခဲ့သည်။ပုဂံမှာတစ်ပတ်နေပြီး ရန်ကုန်ကိုပြန်လာခဲ့သည်"

"မာမီရေ မာမီ "

"သားနဲ့သမီးပြန်ရောက်ပြီးပဲ ပျော်ခဲ့ကြရဲ့လား"

"အရမ်းပျော်တယ် မာမီချွေးမက မပြန်ချင်လိုမနည်းချော့ခေါ်ခဲ့ရတယ်"

"ဉီးမာန်နော် မဟုတ်ပဲနဲ့ ကလေးက ထပ်နေချင်သေးတဲ့လိုပဲပြောတာကို့"

"အဟွန်းး အတူတူပဲလေး သမီးရဲ့ကဲ့ခရီးပန်းလာတယ်မဟုတ်လား နားလိုက်အုံး "

"ဟုတ်မာမီပြောကာ ငြိမ်းရဲ့ပခုံးကိုဖက်ပြီးအပေါ်တက်ခဲ့သည်။

"ဒေါ်မြင့်ဇူ တစ်ယောက် မီးဖိုချောင်မှာထမင်းချက်ရင် ငြိမ်းကို ဒေါသထှကျနပေါသညျ။

"မိငြိမ်းမ ခရီးသွားတာလည်းအကြာကြီးပဲ ပြန်ကိုမလာသေးဘူး မလာပဲလမ်းမှာကားမှောက်သေလည်းအေးတာပဲ ငါတို့သားမိကစိတ်ဆင်းရဲနေပြီး သူတို့လင်မယားကပျော်လိုအခုဆိုရင် ကိုအောင်ကလေဖြတ်သေးတဲ့ စိတ်ညစ်တယ်နော်
တောက်..ကြည့်နေ မိငြိမ်း နင်ဘဝလည်းမအေးချမ်းစေရဘူး ငါတို့သားမိပူလောင်သလို ပူလောင်ရမယ် "တွေးရင်ဒေါသမီးတွေလောင်မြိုက်နေပါသည်။

နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်



rate now: