book

Index 17

အပိုင်း(၁၇)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

"ကလေး ဉီးမာန်တို့စကားခဏပြောရအောင်"

"ဟုတ်ကဲ့ ဉီးမာန် "

"ခြံထဲသွားပြောရအောင် ဒီနေ့အိမ်တက်ပွဲဆွမ်းကပ်တော့ နည်းနည်းပင်ပန်းတယ် ခြံထဲမှာလမ်းလျောက်ပြီးပြောကြမယ်"

"ဉီးမာန် သဘော"

ညက၈နာရီဆိုတော့ ခြံထဲမှာထွန်းထားတဲ့မီးရောင်နဲ့ ပန်းပင်လေးတှေက အပေးယူတည့်တဲ့ထင်တယ် အရမ်းလှပလျက်ရှိသည်။မာန်နဲ့ငြိမ်းလည်း ခြံထဲကမြက်ခင်းစိမ်းနုနုလေးပေါ် တူယဉ်တွဲကာ လျောက်လှမ်းနေကြ၏။

"ကလေး ဉီးမာန်ကိုပြောစရာရှိလား"

"မရှိပါဘူး "

"သေချာလား "

"သေချာပါတယ်"

"ကလေး လိမ်တယ်.. ဒါဆိုရင် ဘာလိုအခုရက်ပိုင်းတွင် ဉီးမာန်အပေါ်ဘာကြောင့် အေးစက်စွာဆက်ဆံနေရတာလဲ"

"မအေးစက်ပါဘူး ပုံမုန်ပဲကို့ ဉီးမာန် စိတ်ထင်လို့ပါ"

"ခေါင်နဲ့ ဉီးမာန်က ချစ်သူဟောင်းဆိုတာသိနေတာမဟုတ်လား"

နှစ်ဉီးသာ လမ်းလျှောက်နေရာကရပ်ပြီး မျက်ချင်းဆိုင်မိသွား၏။ သူမထက် အရပ်မြင့်တဲ့ ဉီးမာန်ရဲ့မျက်နှာကိုကြည့်ပြီး

"သိတယ် မကြာသေးခင်ကပါ ဉီးမာန် သူကိုအရမ်းချစ်ခဲ့တယ်ဆိုတာလည်း သိတယ်"

ငြိမ်းရဲ့ အသံကတည်ငြိမ်ပေမဲ့ မျက်ရည်တွေကဝဲလျက်ပါ။ငြိမ်းရဲ့ ရင်တွေနာနေပါတယ် ဒါဉီးမာန်တစ်ခြားမိန်းကလေးကို ချစ်ခဲ့တာကြောင့်နာနေခြင်းဖြစ်သည်။

"ကလေး အတိတ်ကပြီးဆုံးသွားပါပြီး။ဉီးမာန် အရင်အချိန်တွေအတွက်တောင်ပန်းပါတယ်။ အချိန်တွေတာနောက်ပြန်ဆုတ်လိုရမယ်ဆိုရင် ခေါင်ကိုချစ်ခဲ့မှမဟုတ်ဘူး။ပြီးတော့ဟိုတစ်ပတ်က ဉီးမာန် ခေါင်နဲ့ချိန်းတွေ့တာမဟုတ်ပါဘူး .ဆေးရုံအုပ်ကြီးအကူညီတောင်းလို့ပါကွာ ။ဉီးမာန်ဘဝမှာ ဒီကကလေးကိုသာအချစ်ဆုံးဆိုတာယုံပေးပါ"

မာန် စကားပြောနေရင် ငြိမ်းရဲ့လက်ကိုကိုင်ပြီးကတိပေးမိတယ်။

"တကယ်နော် ကလေးကိုအချစ်ဆုံးဆိုတာ "

"တကယ်ပါဗျာ ဒါကြောင့်အရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေကြမယ်လေး"

"ဒါဆိုရင်ချီ"

"ဘာမှလည်းမဆိုင်ပဲနဲ့"

"မရဘူး ဉီးမာန်ကြောင့် အခုတလောစိတ်ဆင်းရဲပြီးအိပ်လို့မပျော်ဘူး။ မမခေါင်ဆီပါသွားမှာဆိုလို့ ဉီးမာန်အပေါ်လည်း မဆိုးရဲဘူးသိလား ဟွန့် ဉီးမာန် မမခေါင်နဲ့ဝေးဝေးမှာနေနော်"

"နေပါမယ်ဗျာ ပြောကာသေးသွယ်တဲ့ သူမကိုယ်ကိုချီလိုက်တော့ သူမရဲ့လက်ကလေးတွေက သူရဲ့လည်တိုင်လေးကိုဖက်တွယ်လာပါသည်။

"ခြမ္းး ေအာင်မယ်လေး လန့္လိုက္တာ"

"ဆော်ရီး မမ သားဘောလုံးကိုပြန်ပေးပါ"

"ပေးစရာလား နင်အရမ်းဆိုးပါလား ဟိုတစ်ခါတုန်းက ပနျးအိုးကှဲပွီးပွီး ဒီတစျခါလညျးကှဲပြန်ပြီး နင်ရဲ့ဘောလုံးကိုငါသိမ်းတယ်"

"အီးးဟီးးး လေးလေးရေ ဒီမှာသားကိုအနိုင်ကျင့်နေတယ်"

"ဘာအနိုင်ကျင့်တာတုန်း အပြစ်ပေးတာလို့ခေါ်တယ်"

"မိုက်ကယ် ဘာဖြစ်တာတုန်း လေးလေး အလန့်တကြားပြေးလာရတယ်"

"အီးးဟီးဟီး မမကသားဘောလုံးကိုမပေးဘူးတဲ့... အီးဟီးး"

"မငိုပါနဲ့ လေးလေးတောင်းပေးမယ်နော် ဆိုကာ ဝတုတ်တုတ်နဲ့ချစ်စရာကောင်းတဲ့ ခိုင်လေးကိုမျက်နှာချိုသွေးကာပြုံးပြလိုက်၏။

"ညီမလေးရေ အကိုတူရဲ့ဘောလုံးလေးပြန်ပေးပါနော်"

"မပေးပါဘူး အကိုတူကြောင့် ခိုင်လေးရဲ့ပန်းအိုးတွေကွဲနေရတာ ထပ်ပေးရင်လည်း ကွဲအုံးမှာပဲ"

"နောက်တစ်ခါမဖြစ်စေရပါဘူး ညီမရဲ့ အကိုထိန်းပါမယ် အခုပျက်စီးသွားတာလည်းပြန်လျော်ပေးပါမယ် တူလေးကအရမ်းငိုနေပြီး"

"ပြီးရော့ ဟိုကလေး နောက်တစ်ခါပန်းအိုးကွဲရင်ဘောလုံးကိုမီးရှို့ပစ်မယ် ရော့..ယူ"

မိုက်ကယ် မျက်ရည်သုတ်ပြီးပျော်ရွှင်စွာ ဘောလုံးယူ၏။

"ကျေးဇူးပါ မမဖိုးဝရုပ် အချိန်အားရင်သားနဲ့အတူတူဆော့ရအောငျဒီဘကျကိုလာခဲ့ပါနျော"

"ဘာ ဖိုးဝရုပ်ဟုတ်လား ဒီကလေးတော့ သေချင်ပြီးလား"

"မမဖိုးဝရုပ်ကိုမကြောက်ဘူးဗျို့ဗြဲဆိုကာလျာထုတ်ပြကာ အိမ်ထဲဝင်ပြေးသွား၏။

"ဟားး..ဟား"

"ရှင်ကဘာရယ်တာလဲ သရဲရယ်သံနဲ့"

"မင်းကကလေးနဲ့လေးရန်ပြိုင်ဖြစ်တာပဲလား ငါတူကအခုမှ၆နှစ်ပဲရှိသေးတယ်"

"ကျွန်မလည်း ကလေးပဲရှိသေးတယ်နော် ဟွန့်ရှင်တူကိုကြည့်ထိန်ထားပါ ဒါပဲ "ပြောကာလှည့်ထွက်သွားတဲ့ ခိုင်လေးကိုကြည့်ပြီး ရှိုငျး သဘောတွေကျနေမိသည်။

"မမ ကျေးဇူးပါ ငြိမ်းကိုအမြန်ပြန်ပေးလို့"

"နင်ရဲ့စိန်တွေသာသေချာသိမ်းစမ်းပါ ဒါနဲ့ နင်မှာပိုက်ဆံ၁၀သိန်းလောက်မရှိဘူးလား"

"မရှိဘူး မမ "

"နင်ကလည်း နှလုံးအထူးကုဆရာဝန်ကတော်ဖြစ်ပြီး ဘာမှမရှိပါလား သနားဖို့တောင်ကောင်းနေပြီး"

"ပိုက်ဆံကတော့ရှိတာပေါ့ ဉီးမာန်ဆီမှာလေး"

"မိငြိမ်း ကိုမာန်ဆီက ပိုက်ဆံ၁၀သိန်းတောင်းပါလား shopping ထွက်မယ်ဆိုပြီးတောင်းပေးဟာ ငါအရမ်းငွေလိုနေလို့ ကိုယ်အမကိုဒါလေးကူညီစမ်း"

"မမရယ် ဉီးမာန်က ဘာဝယ်မလိုလဲမေးရင် ငြိမ်းကဘယ်လိုဖြေရမှာလဲ"

"ဪ နင်ကလည်း နည်းနည်းပါချွဲလိုက်ပေါ့ ကူညီစမ်းပါ"

"ငြိမ်း ကြိုးစားပေးပါမယ်မမ"

"အေးပြီးရော ငါနင်စိန်ပေးပြီးပြီးနော် ပြန်ပြီး"

"တော်သေးတယျ မမပြန်ပေးလို့ သေချာသိမ်းထားရမယ် တွေးရင် အပေါ်ကိုတက်ခဲ့၏။

"မေမေရေ စိန်အတုကိုတော့ပြန်ပေးခဲ့ပြီး.. နောက်တစ်ခါကျရင် တစ်မျိုးငှားပြီးအတုပြန်ပေးရမယ် "

"အေး ဟုတ်တယ် မေမေတို့ဟိုအပျိုကြီးတွေကိုအတို့အထောင်သွားလုပ်ပြီးပြသာနာရှာခိုင်းအုံးမယ် "

"ဒါပေါ့ မေမေရ. အဟီး သမီးတို့အရမ်းပျော်တာပဲ"

ထိုအချိန်

"မြတ်နိုး!!! သမီးမိုက်"

"ဖေဖေ သမီးဘာလုပ်လိုလဲ"

"ဘာလုပ်လိုလဲ ဟုတ်လား!!! ပြန်မေးရဲတဲ့ နင်ပါးစပ်ကို မြောင်းရေနဲ့ပလုံကျင်းသင့်တယ် ပြောစမ်းပါအုံး ၁လအတွင်း တိုးတက်နေလုပ်ငန်းကိုဒေဝါလီခံအောင် ဘယ်လိုအရည်အချင်းမျိုးနဲ့လုပ်လိုက်လဲ"

"အဲဒါ..သမီး အလိမ်ခံရလို့ပါ ဖေဖေ အဟင့်"

"နင်လား အလိမ်ခံရမှာ ဒီလောက်ထက်မြတ်ပါးနပ်တဲ့လူက အလိမ်ခံရတာဖြစ်နိုင်မလား!!"

"ကိုအောင်ရယ် တိုးတိုးပြောပါ ဒေါသအရမ်းမကြီးပါနဲ့ သမီးလည်း ဘယ်လောက်ပဲတော်တော်အရမ်းတော်တဲ့လူလိမ်နဲ့တွေ့ရင်ခံရမှာပဲလေ"

"တိတ်စမ်း မြင့်ဇူ ဒီအကြောင်းကို မင်းကကြိုသိနေတာပေါ့ ငါကိုမပြောပြကြဘူးပေါ့ အခုဆုံးရှုံးလိုက်ရတဲ့တန်ကြေးကမနည်းဘူးကွာ ငါရဲ့လုပ်ငန်းလည်း အခုပျက်စီးပြီး ငါတို့ဘဝမြောင်းထဲရောက်ပြီး မနက်ဖြန်ဆင်းရဲရပ်ကွက်မှာသွားနေရတော့မယ်"

"ရှင်!! ဖေဖေတကယ်ပြောနေတာလား"

"ဟုတ်တယ် ငါလုပ်ငန်းကရှယ်ရာစျေးတွေထိုးကျသွားတာက နင်ရဲ့လုပ်ငန်းဒေဝါလီခံရလို့ပဲ အခုတော့ငါတို့ဆင်းရဲပြီး လုပ်ငန်းတွေမရှိတော့ဘူး"

"အဟင့်.. အဟင့် ကျွန်မဆင်းဆင်းရဲရဲမနေနိုင်ဘူး လုံးဝမနေနိုင်ဘူး..ကိုအောင်တစ်ခုခုကြံပါအုံး"

"ကြံလိုမရတော့ဘူး နေတက်အောင်နေဖို့သာပြင်ကြ ပြောကာစိတ်ဓာက်ကျကာ အပေါ်တက်သွား၏။

"မေမေ သမီးတို့ဘယ်လိုလုပ်ကြမလဲ အီးဟီးး"

"အဲဒါတွေအားလုံးက မိငြိမ်းကြောင့်ပဲ"

"ဟုတ်တယ် မေမေ သူကြောင့်ပဲ သမီးအလုပ်တွေအခုလိုဖြစ်ရတာ ဒင်းကြတော့ ချမ်းချမ်းသာသာနေနေရတာ သမီးတို့ကြတော့အခု တဲစုတ်နဲ့နေရတော့မယ် အီးဟီးး"

"စိတ်ချ မေမေတို့စိတ်ဆင်းရဲသလို့ သူလည်းစိတ်ဆင်းရဲစေရမယ်"

သားမိနှစ်ယောက်ကတော့ တကယ်ကြောက်စရာပါ။ဘာမှအပြစ်မရှိတဲ့ ငြိမ်းကို အပြစ်တွေပုံချကာ မနာလိုစိတ်တွေပြင်းထန်နေလျက်ပါ။

မာန်တစ်ယောက် ဆေးစာအုပ်တစ်အုပ်ကိုစိတ်ဝင်တစား ဖတ်နေသည်။ငြိမ်းကတော့ နွားနိုခွက်ကလေးကိုင်ကာ အပြုံးချိုချိုနဲ့ဝင်လာပါသည်။

"ဉီးမာန် နို့သောက်လိုက်အုံး"

"ကလေးတိုက်မလို့လား "



"ဟာ ဉီးမာန်နော် နွားနို့ကိုပြောတာကို့"

"အဟင်းး ဉီးမာန်လည်း နွားနို့ပဲပြောတာ ကလေးဘာသာဘာတွေတွေးမိလဲမှမသိတာ"

"ဉီးမာန်နော် ရော့နွားနို့သောက်လိုက်"

"ဟုတ်ကဲ့ပါဗျာ ဟိုနို့ကိုတော့ သားသားမီမီးလေးတွေမွေးမှလုသောက်တော့မယ် "

ငြိမ်း အရမ်းရှက်သွားပြီး ဉီးမာန်ရဲ့ကျောကုန်းကို တအားကြီးထုပစ်လိုက်သည်။

"ဘုန်းး!!ဘုန်းး"

"အား..နာလိုက်တာ အဆုတ်ကွာပြီးထင်တယ် ကလေးကအရမ်းအားသန်တာပဲ"

"ကွာ..ကွာပေါ့ ရှက်ကြောပြတ်နေတဲ့လူကြီး ပါးစပ်ကလည်းမပြောရဲတာမရှိဘူး"

ခုတင်ပေါ်ထိုင်ကာ နှုတ်ခမ်းဆူပြီးပြောနေတဲ့ ငြိမ်းကို မာန်အတင်းဆွဲဖက်လိုက်ကာ

"ကျွန်တော်မျိုးက ဆရာဝန်ဖြစ်တာကြောင့် ရှက်ကြောပျက်တာကြာပြီးဗျာ မိန်းမတွေကိုလည်း ကလေးမွေးပေးဖူးတဲ့ ကလေးတိုဖုံးကွယ်ထားတဲ့အရာအားလုံးကို လူပျိုဘဝကတည်းကမြင်ဖူးတွေ့ဖူးပြီးသာ အရေခွံတောင်ထူနေပြီး"

"ဟမ် ဉီးမာန်က ကလေးမွေးပေးဖူးတယ်ပေါ့"

."ဒါပေါ့ဗျာ နယ်လှည့်ဆေးကုတုန်းက လယ်သမားတစ်ယောက်ရဲ့မိန်းမကို ကလေးမွေးပေးတာ"

"အဲဒီအမကြီးက ဉီးမာန်ကိုမရှက်ဘူးလားဟင်"

"ဪ ကလေးကလည်း အဲဒီအချိန်ကအရမ်းနာတော့ သူတို့လည်းမရှက်တော့ဘူးလေး။အဲဒီအချိန်မှာမိခင်တွေရဲ့ ကျေးဇူးကကြီးမားကြောင်း ဉီးမာန်သိခဲ့ရတာ ကလေးမွေးတာအရမ်းနာကျင်ရတာ ပြီးတော့တအားပင်ပန်းရတာ အခန့်မသင့်ရင်အသက်ပါသေသွားနိုင်တယ်လေ။ ဉီးမာန် ကလေးကိုကိုယ်ဝန်မယူစေချင်ဘူး"

"မဟုတ်တာ ဉီးမာန်ကလည်း မာမီကမွေးနေ့လက်ဆောင်တောင်းထားတယ်လေ"

."ကလေးကမွေးပေးမှာလား"

"ဟုတ် ငြိမ်း မာမီအတွက်မြေးလေးမွေးပေးချင်တယ် ဉီးမာန်ရော့ မလိုချင်ဘူးလား"

"လိုချင်ပေမဲ့ ကလေးနာကျင်မှာကို ဉီးမာန်မကြည့်ရက်ဘူး ကလေးမယူရအောင်ကွာ "

စိတ်ဆင်းရဲကာအရမ်းစိုးရိမ်ပြီး ကြောက်နေတဲ့ ဉီးမာန်ကို ငြိမ်း ရင်ခွင်ထဲကနေဖက်ပြီး နားဝင်အောင်စကားကိုချိုသာစွာပြောပြရသည်။

"ဉီးမာန်က ကလေးကို မိခင်တစ်ယောက်ရဲ့ကြည်နူးမှုတွေမခံစားစေချင်ဘူးလားဟင်..ပြီးတော့ ကလေးခံနိုင်ရည်ရှိပါတယ်။ဉီးမာန်နဲ့ကလေးရဲ့ရင်သွေးလေးတွေမွေးပြီး မိသားစုတစ်စုကိုတည်ဆောက်ချင်တယ် ဒါကြောင့် ကလေးယူကြမယ်နော်"

်"ဟုတ်ပါပြီးဗျာ မနက်ဖြန် ခိုင်လေးကို မာမီတို့အိမ်မှာနေခိုင်းပြီး ဉီးမာန်တို့ခရီးထွက်ကြမယ် အဲဒီအခါကျရင် မာမီအတွက်မြေးရအောင် ဉီးမာန်အစွမ်းကုန်ကြိုးစားပေးပါမယ်နော်"

"ဟာ..ဘာတွေပြောနေမှန်းလည်းမသိဘူးး အရှက်မရှိတဲ့လူ အိပ်တော့..အိပ်တော့ပြောရင် ရှက်ရမ်းရမ်းကာ မာန်ရဲ့ရင်ဘက်ကိုသွားနဲ့ကိုက်ပစ်တော့ မာန်အော်သံနဲ့ငြိမ်းရဲ့ရယ်သံလေးကပြိုင်တူထွက်ပေါ်လာပါသည်။

"ခြံတံခါးကပိတ်ထားပါလား မိငြိမ်းရေ..မိငြိမ်း!!"

."ဘယ်သူမှာမရှိဘူးထင်တယ် မေမေ ဖုန်းဆက်ကြည့်ပါလား."

"အေး ဆက်ကြည့်မယ် ပြောကာဖုန်းကိုဖွင့်ပြီးဂဏန်းတစ်ခုကိုနိပ်လိုက်သည်။

"ဟဲလို.. မိငြိမ်း ဘယ်သွားနေတာလဲ အိမ်မှာတံခါးပိတ်ထားပါလား"

". ......."

"ဘာ! ! ခရီးထွက်သွားတာ နင်ကသာယာနေတာပေါ့ ငါတို့ဘာဖြစ်နေလဲမသိဘူးလား!!ဒါပဲအေ ဒါပဲ"

"မေမေရယ် အော်လိုက်တာ ဘာဖြစ်လိုတုန်း"

"ဟိုကောင်မက သားမာန်နဲ့ခရီးထွက်သွားပြီးပျော်မြူးနေတာ တောက် ဒင်းကတော့ပျော်လို့ ငါတို့မှာစိတ်ဆင်းရဲလွန်လိုသေတော့မယ် "ဆိုကာဒေါသတွေထွက်နေသည်။


နောက်နေ့ဆက်ရန်

စာရေးသူ သွေးမိန့်


rate now: