book

Index 16

အပိုင်း(၁၆)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

"ခွမ်းး အားနာလိုက်တာ ဒီဘီယာအခွံကိုဘယ်သူပစ်တာလဲ."

ဒေါ်မြင့်ဇူ ကြောက်လန့်တကြားဖြစ်သွားသည်။သူမ ကန်လိုက်တဲ့ ဘီယာဘူးအခွံကတကယ်လမ်းသရဲပုံစံနဲ့လူငယ်တစ်ယောက်ကို သွားထိလို့။

"အဘွားကြီး..ပစ်တာလား"

"အောင်မယ် ငါကိုများအဘွားကြီး နင်လိုလမ်းသရဲကများ"

"ဒီမှာ အဘွားစကားရှည်မနေနဲ့ ကျုပ်ကိုတောင်ပန်း"

"မတောင်ပန်းနိုင်ဘူး နင်လို့အရိုင်းအစိုင်ကို ငါနင်အမေအရွယ် ရိုရိုသေသေဆက်ဆံ"

"မဆက်ဆံဘူးဗျာ ကျုပ်ကိုဘီယာအခွံနဲ့ပစ်တာကြောင့်အခုချက်ချင်းတောင်ပန်း မတောင်ပန်းရင် ..ပြောပြီး မြင့်ဇူရဲ့ပိုက်ဆံကိုဆွဲယူပြီးပြေး၏။

"ကယ်ကြပါအုံး..ကယ်ကြပါအုံး..ပိုက်ဆံအိတ်လုသွားလို့"

ဒေါ်မြင့်ဇူ အကူအညီတောင်းသော်လည်း လူရှင်းသောနေရာဖြစ်တာကြောင့် ဘယ်သူမှကူညီမဲ့သူမရှိပါ။

"အီးးဟီးးငါပိုက်ဆံတွေပါသွားပြီး အရိုင်းစိုင်းကြီး ကားတိုက်သေပါစေ၊မြွေပွေးကိုက်သေပါစေတော့"ကျိန်ဆဲလေ၏။

ငြိမ်း နေ့လည် အိမ်ပြန်ရောက်ကတည်းက ခုတငျပျေါလှဲပွီး အတွေးပေါင်းစုံတွေးကာ တစ်အောက့်နေလည်းကြတော့ အိပ်မောကြသွားပါသည်။

"ခိုင်လေး နင်ရဲ့မမရော့"

"ဉီးလေးပြန်ရောက်ပြီးလား မမကအပေါ်မှာအိပ်နေတယ်"

"ကြာပြီးလား အိပ်နေတာ"

"ကြာပြီး ဉီးလေး"

"ရော့ ငါမာလာရှုမ်းကောဝယ်လာတဲ့ နင်နဲ့ကိုစိုင်းအတွက်ပါပါတယ် နင်ရဲ့မမအတွက် ထည့်ပြီးအပေါ်လာပေးနော်"

"ဟုတ်ကဲ့ ဉီးလေး"

မာန် အပေါ်တက်အခန်းထဲရောက်တော့ အိပ်ရာထက်မှာအိပ်နေတဲ့ ကလေးရဲ့နဖူးကိုနမ်းပြီးရေချိုခန်းထဲဝင်သွား၏။

ေရချိုးခန်းကထွက်လာတော့ ကေလးက မထေသးဘူး စားပြဲေပါ်မှာမာလာရှမ်းကော်ပန်းကန်ကရောက်နေပြီး အဝတ်စားလှဲပြီးတော့ ကလေးရဲ့နှုတ်ခမ်းကိုနမ်းလိုက်သည်။

"ဟင် ဉီးမာန်ပြန်ရောက်နေပြီး"

"ရောက်တာကြာရော့ပေါ့ ရေတောင်ချိုးပြီးပြီး ကလေးက တကယ်အိပ်ပုတ်ကြီးတယ် "

"ဉီးမာန်ဒီနေ့ လူနာတွေကိုဆေးကုရတာ အဆင်ပြေရဲ့လား"

"ပြေပါတယ်ဗျာ ဒီမှာကလေးအတွက်မာလာရှမ်းကော်ဝယ်လာတယ် ထမျက်နှာသစ်ပြီး စားရအောင်"

"ဉီးမာန်ဘာလိုညာရတာလဲ ဒီနေ့ဆေးရုံမှာမရှိဘူးလေး သေချာတယ် ဉီးမာန် မမခေါင်နဲ့ပြန်တွဲနေပြီး ငါဘာလုပ်ရမလဲ "

"ကလေး..ကလေး..ဘာတွေတွေးနေတာလဲ ထမျက်နှာသစ်ပြီး မာလာရှမ်းကော်စား"

"ဟုတ်ကဲ့ ဉီးမာန် ပြောကာရေချိုးခန်းထဲဝင်သွား၏။

"မျက်နှာ နုနုလေးကို ဉီးမာန်သုတ်ပေးမယ် "

"ဟုတ်ကဲ့"

"ကြည့်စမ်း ကလေးရဲ့မျက်နှာလေးကနုနေရော့ "

"ဉီးမာန် ခွံကျွေး"

"ဟာ ကလေးသေးသေးလေးပေါ့ ဟုတ်လား အဟင်း. ခွံကျွေးရမှာပေါ့ဗျာ"

မာန် ပြုံးရွှင်စွာ ငြိမ်းကို ကလေးတစ်ယောက်လို့ခွံနေသည်။ငြိမ်း ကလည်းစားတော့စားတယ် အရင်ကလိုတော့ပျော်ရွှင်မနေပါ။

"ကလေး နေကောင်းရဲ့လား "

"ကောင်းပါတယ်."

"ကောင်းတယ်သာပြောတယ် မျက်နှာကမလန်းပါလား"

"ဘာမှမဖြစ်ပါဘူးဆို..."

"အဲဒါဆိုရင်ပြီးရော လာညနေဘက်ကားလျောက်မောင်းရအောင်"

"ဟုတ်ကဲ့ ဉီးမာန်"

"ခိုင်လေး..မာလာရှမ်းကော်ပန်းကန်ကိုင်ပြီး ကိုစိုင်းဆီလာတုန်း ဖုန်းပြောနေတာတွေ့တော့ရပ်ပြီးနားထောင်မိတယ်။

"ဘာ အန်တီပိုက်ဆံအိတ်အလုခံရတယ်."

". ......."

"ကျွန်တော်လည်း..ငြိမ်းနဲ့ စကားပြောဖို့ကြံတာပဲ ငြိမ်းက..ချက်ချင်းထွက်သွားလို့ တောက်..အခုလောက်ဆိုရင် ကိုမာန်နဲ့ငြိမ်း ပြသာနာတက်လောက်ပြီး..အဲဒီအခါကျရင် ကျွန်တော်က ငြိမ်းနဲ့ကြိုက်နေတာကြာပြီးလို့ပြောလိုက်ရင် ပွဲကပြီးပြီး..

"လူယုတ်မာ...ဖြန်းး"

စိုင်း ဖုန်းပြောနေတုန်း..ဖုန်းကိုဆွဲလုပါးရိုက်ချင်ခံလိုက်ရတယ်။

"မင်း ငါကိုဘာလို့ ပါးရိုက်တာလဲ ခိုင်လေး"

"ရှင်က ကိုယ်အပြစ်ကိုယ်မသိတာပဲ ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ဆိုတာ ရှင်လိုလူမျိုးကိုပြောတာ အခုချက်ချင်း ထွက်သွား"

"ဘာကြောင့်ထွက်သွားရမှာလဲ နင်ကဒီအိမ်ပိုင်ရှင်လား"

"အဟွန့် ရှင်က ဉီးလေးမာန်ကိုယ်တိုင် လက်သီးထိုးပြီးဆွဲထုတ်ခံချင်တာကို..ရတယ်လေး.
ခိုင်လေး..အခုကြားတာတွေအကုန်ပြန်ပြောလိုက်ယုံပဲ"

"မင်းး လည်းဒီအိမ်ကအိမ်ဖော် ဘာအဆင့်ရှိလိုလဲ"

"အဆင့် ဟုတ်လား ရှင့်ထက်ပိုပြီးရှိသေးတယ် ရှင်သာ သူများအိမ်ထောင်ရေးကိုဖျက်စီးချင်နေတဲ့လူယုတ်မာ အခုချက်ချင်း မထွက်သွားဘူး ဆိုရင် အန်တီဖြိုးဆီဖုန်းဆက်ပြီး မောင်းထုတ်ခိုင်းရလိမ့်မယ် အလုပ်ထွက်ရမှာချင် အတူတူဘာပြသာနာမှမဖြစ်ပဲထွက်သွားပါလား"

"တောက်..နင်မှတ်ထား..ငါနဲ့တွေ့မယ်"

"အခုလည်း..တွေ့နေတာပဲ"

စိုင်း ဒေါသထွက်ကာ ခိုင်လေးကို မကျေနပ်တဲ့အကြည့်ကြည့်ပြီး ထွက်သွားလေသည်။

ဒီနေ့ ငြိမ်းတို့အိမ်မှာလူစည်နေပါတယ် အိမ်တက်ဆွမ်းကျွေးလုပ်တာကြောင့်ပါ။

"သမီးငယ်ရေ ကြောကျကြောကို လှလှပပလေးလီးနော် ခိုင်လေးက အသီးခွဲတာလှတယ်"

"မာမီ သမီးရဲ့အချဉ်သုတ်ကရော့ အရသာရှိရဲ့လား"

"ကောင်းတယ် မာမီအော်ဒါမှာတဲ့ ကြက်ဆီထမင်းနဲ့လိုက်ဖက်တယ် မာမီ မမြင့်ဇူနဲ့မြတ်နိုးကို ဝိုင်းကူဖို့ခေါ်လိုက်အုံးမယ်"

"မခေါ်ပါနဲ့ မာမီ သမီးပဲလုပ်လိုက်ပါမယ်"

"ဟုတ်တယ် မာမီ သူတို့သားမိနှစ်ယောက်လာရင်အခုလိုပျော်စရာမကောင်းတော့ဘူး"

"မခေါ်တော့ပါဘူး သမီးငယ်နဲ့သမီးရေ ကဲ့ပြင်ကြရအောင် ဧည်သည့်တွေလာနေပြီး"

"ဟုတ်ကဲ့"

အိမ်တက်ပွဲကပျော်စရာအရမ်းကောင်းပါတယ်။ဉီးမာန်ဆေးရုံး ကလူတွေလည်းလာပါတယ်။

"စားလို့အရမ်းကောင်းတယ်ကွာ..သမီးခေါင်လည်းစားလေး"

"စားပါတယ်ဖေဖေ အရမ်းကောင်းတယ်"

"စားလို့ကောင်းရင် စားကြပါဗျာ ဆရာထပ်ထည့်ပါအုံးလား "

"မထည့်တော့ဘူးကွာ ဗိုက်ကအချိုပွဲတည်ဖို့ချန်ရသေးတယ်"

"ဟုတ် ဆရာ"

"ဟဲ..ဟဲ ဒါဟိုတစ်ပတ်က ဒေါက်တာမာန်ကိုလာမေးတဲ့ တစ်ယောက်မဟုတ်လား"

"အေး ဟုတ်တယ်ဟာ"

"အဲဒါဆရာမာန်ရဲ့ ဇနီးတဲ့"

"ဟမ် ဒါဆိုရင် ဒေါက်တာခေါင်နဲ့ဒေါက်တာမာန်အဲဒီနေ့ကချိန်းတွေ့တာကိုပြောလိုက်မိတာပေါ့"

"အေး ဟုတ်တယ်ဟာ ဒီနေ့ ဒေါက်တာမာန်နဲ့ဒေါက်တာခေါင် အင်ကျီအရောင်တူတယ်နော် မသိရင်အတွဲကျနေရော့ ဆိုကာဆရာမလေးနှစ်ယောက်တိုးတိုးနဲ့အတင်းတုပ်တာကို့ ဒေါ်ဖြိုးမေကြားသွားသည်။

"သားမာန်"

"ဗျာ မာမီ "

"သားတို့ အခန်းကိုခဏလိုက်ခဲ့ ဧည်သည်တွေကိုတစ်ခြားသူတွေဧည်ခံထားပါစေ"

"ဟုတ်ကဲ့ မာမီ"

မာန် အခန်းထဲရောက်တော့

"ရော့ သားအဝတ်စားလှဲလိုက်"

"ဘာဖြစ်လိုလဲ မာမီဒီဝတ်စုံနဲ့အဆင်ပြေပါတယ်"

"သားက ငယ်ချစ်ဉီးနဲ့ဆင်တူဝတ်ချင်တုန်းလား"

"မာမီ စကားကလည်း.."

"အေး မာမီပြောမယ်နော် သား ငြိမ်းကိုမချစ်ဘဲလက်ထပ်တာမာမီကြောင့်ဆိုတာသိတယ်။ဒါပေမဲ့ အခုလိုတော့မဖောက်ပြန်သင့်ဘူး"

"ဖောက်ပြန်တယ် သားကဘာလုပ်နေလို့လဲ"

"အခုထိ သားအမှားသားမသိသေးဘူးလား"

"မာမီဘာပြောချင်တာလည်းကို သားမသိဘူး"

"ကောင်းပြီး သွယ်ဝိုက်ပြီးမပြောတော့ဘူး သမီးငြိမ်း အခုတလောသားကိုဆက်ဆံပုံပြောင်းလဲလား"

"ပြောင်းလဲတဲ့မာမီ အရင်ကလို သားအပေါ်နွေးထွေးမှုမရှိဘူး ပြီးတော့သားနဲ့နေရတာမပျော်ဘူးထင်တယ်"

"အဲဒါ မင်းကြောင့် ဟိုတစ်ပတ်က ဒေါက်တာခေါင်နဲ့ ချိန်းတွေ့တာကို သမီးသိသွားတယ် တယ်လေ"

"မာမီကို ဘယ်သူကမဟုတ်တာပြောလိုက်ပြန်ပြီးလဲ"

"ဟုတ်မဟုတ်တော့ငါလည်းမသိဘူး အဲဒီနေ့ကသမီးကမင်းရဲ့ဆေးရုံကိုလိုက်သွားပြီး ဆရာမတွေမေးတော့ အဲလိုပြောသံကြားတယ်တဲ့"

"သားမှတ်မိပြီး ဟုတ်တယ်အဲဒီနေ့ကစပြီး ကလေးရဲ့ဆက်ဆံပုံတွေ သားအပေါ်အေးစက်ကုန်တာ မာမီတို့အထင်လွဲနေတာပါ။အဲဒီနေ့က ဆေးရုံအုပ်အကူညီတောင်းလို ခေါင်ကို သားလိုက်ပို့ရတာပါ"

"သမီး သားကိုမေးသေးလား"

"မေးတယ် မာမီ သားညာပြောမိတယ် ဆေးရုံးမှာရှိသလို"

"မာမီအမှန်တိုင်းမေးမယ် သားမလိမ်ပဲဖြေပါ..သမီးကိုတကယ်ချစ်ရဲ့လား"

"ချစ်တယ် မာမီ သူကသားရဲ့နောက်ဆုံးအချစ်ပါ။မာမီအတင်းပေးစားလို့ လက်ထပ်ခဲ့ရပေမဲ့ တကယ်ချစ်မိသွားတာပါ"

"အဲဒါဆိုရင်လည်း သမီးကိုသေချာရှင်းပြလိုက် ပြီးတော့ ဟိုမိန်းကလေးနဲ့လုံးဝမပတ်သက်ပါနဲ့ အဝတ်စားလှဲလိုက်အုံး အရောင်တူနေတဲ့ "

"ဟုတ်ကဲ့ မာမီ"

"ဒါဆိုရင် မာမီ အောကျဆငျးပွီး သားတို့ပျားရည်ဆမ်းခရီးထွက်ဖို့ပြင် "

."ဟုတ်မာမီ သားပုဂံကိုသွားဖိုစိတ်ကူးထားတယ်"

"ကောင်းတယ် မာမီအောက်ဆင်းပြီး"

ငြိမ်း မီးဖိုချောင်မှာ ခိုင်လေးနဲ့ ပန်းကန်ဆေးနေတုန်း ခေါင် ရောက်လာသည်။

"ငြိမ်း ပင်ပန်းနေပြီးလား"

"မပင်ပန်းပါဘူး မမခေါင်"

"ဒါနဲ့ မာန်က ငြိမ်းကို ဘာကြည့်ပြီးကြိုက်သွားလဲမသိဘူးနော် ခေါင်သိရသလောက်ကတော့ မာန်က သူရဲ့အရင်ချစ်သူကိုအရမ်းချစ်ခဲ့တာတဲ့"

ငြိမ်း အားငယ်မိပါတယ်..မမခေါင်က ဉီးမာန်ရဲ့အရင်ချစ်သူဆိုတာ သိထားတော့ တကယ်ခံရခက်တယ်။ဒါပေမဲ့လည်း

"အဟီး ဟုတ်တယ် မမခေါင် ဉီးမာန်က သူအရင်ချစ်သူအကြောင်း ငြိမ်းကိုပြောပြတယ် ဘာမှမလျိုဝှက်ထားဘူး"

"ငြိမ်းက ဘာမှမခံစားရဘူးလား"

"အဟင်းး မခံစားရပါဘူး မမခေါင်ရဲ့ ဉီးမာန်ကငြိမ်းကိုအချစ်ဆုံးပဲကို့ ဘာပဲပြောပြော ဉီးမာန်ရဲ့အရင်ချစ်သူကို ကျေးဇူးတင်မိတယ်..သူလမ်းခွဲလိုက်လို့ ငြိမ်းနဲ့ဉီးမာန် အခုလိုဆုံရတာလေး အဟင်းး.အဟင်း"

"ဟုတ်တာပေါ့ ဒါနဲ့ သူအရင်ချစ်သူကဘယ်သူဆိုတာသိလား"

"ဉီးမာန်ကတော့ ပြောပြမယ်လုပ်တာပဲ ငြိမ်းကမပြောခိုင်းတာ ဘာလိုလဲဆိုတော့ ဆုံစရာအကြောင်းမရှိတော့ဘူးလေ"

ခေါင်ကို တည်တည်ကြီးကြည့်ကာ အရသာခံပြီး ငြိမ်းတစ်လုံးချင် ပြောပစ်လိုက်သည်။

"ဒါပေါ့.ဒါပေါ့.."

"ဟာ ဉီးမာန်..ကလေးကို လာဝိုင်းကူပါအုံး ပင်ပန်းနေပြီး"

"ကလေးကတော့လေး တစ်မနက်လုံးလုပ်နေတာကို့ ဒီခုံမှာထိုင် ဉီးမာန်ဝိုင်းကူမယ်"

"မကူခိုင်းပါဘူး ကလေးကိုပန်းသီးခွံကျွေးပါလား"

"ကျွေးမှာပေါ့ဗျာ"

"အဟီး ဉီးမာန်က အရမ်းချစ်ဖို့ကောင်းတာပဲ ဒါကြောင့် ကလေးက ပို..ပိုပြီးချစ်တာ"

မာန် ပါးကိုချစ်စနိုးဖျစ်ညစ်ပြီးပြောနေတဲ့ ငြိမ်းကို ခေါင်အရမ်းမုန်းမိပါသည်။

"အသံကလည်း နားကြားမြင်ကပ်စရာကြီး ငါက မာန်ရဲ့ချစ်သူမှန်းသိလို တမင်လုပ်ပြနေတာများလား.. "

"မမခေါင် ဘာတွေးနေတာလဲ ပန်းသီးစားပါအုံးလား စားရင်တော့ ငြိမ်းလိုအရသာရှိမှမဟုတ်ဘူးသိလား..ဘာကြောင့်လဲဆိုတော့ ဉီးမာန်ကအချစ်တွေအပြည့်နဲ့ခွံတာဆိုတော့ အရမ်းချိုတာပဲ မမခေါင်ကတော့ ကိုယ်ဘာသာစားရတာဆို အဟီးး "

"မစားတော့ပါဘူး မာန် အဝတ်စားဘာလိုလှဲလိုက်တာလေး ခေါင်နဲ့အရောင်တူတာကို့"

"အဲဒါက ငြိမ်းလှဲခိုင်းလိုက်တာ ဗေဒင်ဆရာကဟောထားတဲ့ နက်ပြာရောင်ဝတ်ရင် ချစ်သူဟောင်းက ဉီးမာန်ကို ကိုရီးယားကားတွေထဲကလို စနိုက်ကျော်ပြီး ငြိမ်းဆီကနေလုလိမ့်မယ်တဲ့ အဲဒါကြောင့်လှဲခိုင်းလိုက်တာ"

ခေါင်တစ်ယောက် ရင်ထဲကဒေါသတွေကိုမြိုသိပ်ပြီး အလိုက်သင့်ပြန်ပြောလိုက်ရသည်။

‌ေနာက်နေ့ဆက်ရန်ဗျာ

စာရေးသူ သွေးမိန့် 


rate now: