book

Index 15

အပိုင်း(၁၅)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ


"မေမေရယ် မိငြိမ်း အိမ်သွားရအောင်"

"မေမေသမီးက တက်ကြွနေပါလား အဆင်ပြေရဲ့လား"

"ပြေတယ် မေမေ အဟင်း မိငြိမ်းက သမီးကိုကြောက်တယ်လေး အခုသူရဲ့စိန်တစ်ဆင်စာသွားယူမလို့"

"သားမာန်သိလား"

"မသိဘူး ..မိငြိမ်းက ကိုမာန်နဲ့တိုင်ပင်မယ်လုပ်လို့ သမီးတားလိုက်တယ်"

"ကောင်းတယ် အဲဒီကောင်မက ချမ်းသာသွားလို့ဘဝင်မြင့်နေတာ ဟွန့် မေမေတို့သားမိကိုတော့ ဒီလိုအချိုးလာချိုးလို့မရဘူး။အခုပဲသွားကြမယ် ပြီးတော့ သမီးလည်းစိန်အတုပုံသေချာလုပ်ပြီးပြန်ပေးလိုက်"

"အဲဒီအတွက်မပူနဲ့ သမီးပြင်ဆင်ပြီးသာ ကဲ့သွားကြမယ် "

ငြိမ်း သက်ပြင်းတစ်ချချပြီး စိန်တစ်ဆင်စာကိုထုတ်မိတယ်။

"ငါဉီးမာန်ကို ပြောပြသင့်တယ်ထင်တယ်။မမကမပြောခိုင်းဘူးလေး စိတ်ညစ်လိုက်တာနော် ။မမကပြန်ပေးမှာပါ ခဏငှားတာပဲကို့ စိတ်ထဲမထားတာပဲကောင်းပါတယ်" တွေးကာရတနာဘူးကို ထုတ်ထားလိုက်တယ်။

"ကလေး ဘာလုပ်နေတာလဲ"

"ဘာမှမလုပ်ပါဘူး ဉီးမာန် ရေချိုးနေတာကိုထိုင်စောင့်နေတာ ဒါလေးဝတ် ကလေးထုတ်ထားပေးတာ ဉီးမာန်က အသားဖြူတော့ဘာဝတ်ဝတ်လိုက်တယ်။ဒီနေတော့ အင်ကျီအဖြူနဲ့ဂျင်းဘောင်းဘီဝတ်သွား အရမ်းခန့်မှာသိလား"

"အဟင်းး..အရမ်းခန့်တာဆိုတော့ ဆေးရုံမှာဝိုင်းကြည့်ကြတော့မှာပဲ မိန်းကလေးတွေအကုန် ကလေး သဝန်မတိုဘူးလား"

"သဝန်မတိုပါဘူး ဉီးမာန်ကသူတို့ကိုပြန်မကြိုက်ရင်ပြီးတာပဲကို့"

"ဟာ ဉီးမာန်က သဝန်တိုစေချင်တာကို့ ကလေးကဉီးမာန်ကိုတကယ်မချစ်ဘူးပဲ"

"ချစ်ပါတယ် ဉီးမာန်နော်မဟုတ်တာလျှောက်ပြောနေတယ် လာခေါင်းဖီပေးမယ်"

မာန် ဘီးကိုင်ပြီးစောင့်နေတဲ့ ငြိမ်းကိုဒူးကနေပွေ့ချီလေ၏။ ငြိမ်းကလည်း ဉီးမာန်ခေါင်းကိုသေချာဖီပေးသည်။

"ခေါင်းဖီပြီးပြီး ငြိမ်းကိုအောက်ပြန်ချတော့"

"မချတော့ဘူး အောက်ကိုပဲတစ်ခါတည်းခေါ်သွားတော့မယ်"

"မလုပ်ပါနဲ့ ခိုင်လေးမြင်ရင်ရှက်စရာကြီး"

"တကယ်အရှက်ကြီးတဲ့ မိန်းမပဲ ဒါဆိုရင် နမ်း"ပြောကာ နှုတ်ခမ်းကိုစူထားသည်။

"အဟီးး တကယ်ပဲ ဉီးမာန်ကတော့ ကလေးဆန်တုန်းပဲ"

"နမ်းပါကွာ ဆေးရုံသွားဖို့ အားပြည့်ဖို့လိုတယ် "

"မနမ်းချင်ပါဘူး ကဲ့အောက်ကိုချပေး"

"မချဘူး ကလေး မနမ်းရင် ဉီးမာန်နမ်းမယ်ပြောကာ သူမရဲ့နှုတ်ခမ်းကိုမြတ်နိုးလွန်စွာ နမ်းပစ်လိုက်သည်။ငြိမ်း အသက်ရှုမဝလို သူရဲ့ကျောကြီးကိုထုပစ်မှာ အနမ်းတွေရပ်ပစ်၏။

"အဟင်း အနမ်းကချိုမြိန်တယ် ကလေးနှုတ်ခမ်းလေးကအရသာရှိတယ်"

"ဟာ ဉီးမာန် နားရှက်စရာတွေပြောနေတယ် အရှက်မရှိတဲ့လူကြီး အောက်ချပေး"

မာန် သူမကိုအောက်ချပေးတော့ ချက်ချင်းအောက်ဆင်းပြေးတာကြောင့် သူသဘောကျစွာရယ်ပြီးသူမနောက်ကို ယူစရာရှိယူပြီးလိုက်ခဲ့သည်။

"မိငြိမ်း မမတို့အတွက်အအေးလေးနှစ်ခွက်ဖျော်ခိုင်းပေးပါလား"

"ခိုင်လေးရေ မမကိုစတော်ဘရီသီးဖျော်ရည်ဖျော်ပေးပါအုံး"

"ဟုတ်မမ"

"မိငြိမ်း စိန်လေးပြပါအုံး"

"ဟုတ် မမ မပျောက်စေနဲ့အုံးနော်"


"အဲလိုသဘောမဟုတ်ပါဘူး ဒေါ်ဒေါ်.. ငြိမ်းအပြောမှားသွားတာပါ ပြန်ထိုင်ကြပါနော်"

"ပြီးရော့ ဒါနဲ့ငါကိုနိပ်ပေးစမ်းအေး အိမ်မှာနင်မရှိတော့ ကိုအောင်ကလည်းအိမ်ဖော်မငှားဘူး ငါပဲအိမ်အလုပ်လုပ်နေရတာ ညောငျးလိုကျတာအေ အရမ်းကလို ခွေထောကျနိပျပေးစမျးပါအေ"

"ဟုတ်ကဲ့ ဒေါ်ဒေါ်"

"မိငြိမ်းတို့ ကလေးယူမှာလား"

"မာမီကတော့လိုချင်နေတဲ့ မမ ငြိမ်းလည်း ဉီးမာန်နဲ့တိုင်ပင်ပြီး ယူသင့်မယူသင့်စဉ်းစားအုံးမယ်"

"မယူတာပဲ ကောင်းပါတယ်အေ ညည်းလည်းငယ်သေးတာပဲ ကိုယ်ဘာသာအေးအေးဆေးဆေးနေစမ်းပါ "

"ဟုတ်ကဲ့ ဒေါ်ဒေါ်"

"ဒီသားမိနှစ်ယောက်ကလည်း ကလေးမယူခိုင်းပါလား ဘာကြောင့်မို့လိုမယူခိုင်းတာလဲ အအေးထဲဝမ်းနှုတ်ဆေးထည့်ရမလား။ မကောင်းပါဘူး အရင်တစ်ခေါက်ကကံကောင်းလို လွတ်သွားတာ တစ်မျိုးကြံရမယ် ဟာ..ဟုတ်ပြီး အဟင်း..အဟင်းဒီသားမိနှစ်ယောက်ကိုပညာပေးရမယ် အန်တီဖြိုးမှာထားတဲ့ ဒီသားမိလည်း မကောင်းဘူးတဲ့ တွေးကာ အအေးဗန်းကိုင်ပြီး ဧည်ခန်းထဲထွက်လာသည်။

"မမ ခိုင်လေး အိမ်ရှေ့ကသမံတလင်းကိုဆေးလိုက်အုံးမယ်နော်"

"အေး..အေး ခိုင်လေး"

ခိုင်လေးလည်း ဆပ်ပြာမှုန့်တွေအများကြီးထည့်ပြီး ဖြူးထားတဲ့ ဟိုသားမိအိမ်ပြန်မယ်ပြောသံကြားတော့ ဂေါ်လီလုံးတွေကို ခြေသုတ်ဝတ်အောက်မှာထားထားလိုက်၏။

သားမိနှစ်ယောက် အိမ်အပြင်လည်းထွက်လာရော့

.အား ဘုန်း..ဘိုင်းး.."

"အားသေပါပြီး အမေ့ရေ ချော..ချော.. နေပြီး..ချောနေပြီးပြောကာ သံမတလင်းမှာ မြတ်နိုးတစ်ယောက်ပြန်ထပြန်ချောလှဲနဲ့ တစ်ကိုယ်လုံးညစ်ပတ်သွားပါတယ်။

"မြင့်ဇူကတော့ ဘိုင်းခနဲ့ချောကာတော်တောနဲ့မထိုင်နိုင်ပါ"

"ဒေါ်ဒေါ်နဲ့ မမဘယ်လိုဖြစ်တာတုန်း ခိုင်လေးရေ..ခိုင်လေး"

"မမခေါ်တော့မှ ချောင်းပြီးကြည့်ပြီးရယ် နေရာကနေပြီး ဘာမှမသိသလိုထွက်လာလိုက်ပါသည်။

"မမဘာဖြစ်လို့လဲ"

"ဘာဖြစ်ရမှာလဲ ကောင်မစုတ် နင်သံမတလင်းဆေးထားတာဆပ်ပြာမပြောင်လို့ ငါတို့သားမိချော်လှဲတာ အားး ခါနာလိုက်တာ .မထနိုင်တော့ဘူးထင်တယ်"

.မဟုတ်ပါဘူး ဘွားဘွားနဲ့အန်တီကြီးရဲ့ ခိုင်လေး ဆေးနေတုန်း ဟင်းအိုးတင်ထားသတိရလိုသွားကြည့်တာပါ"

"ဘာ ငါကိုအန်တီကြီး ဟုတ်လား နင်မျက်စိကန်းနေလား ငါဒီလောက်နုသေးတာကို့..လုပ်ရင်သေတော့မှာ ငါကိုလာထူးစမ်း"

"ဟုတ်..မမကြီးလိုပြောကာ.တမင်သက်သက်ချော်လှဲအောင်လုပ်ပြီး ဟိုသားမိအပေါ်ကျအောင်လုပ်လိုက်မိတယ်။

"အားးး.ဘုန်း..ဘိုင်းး"

"သေပါပြီး ဝက်ပုတ်မရဲ့ ငါတို့သားမိအပေါ်ချော်လှဲရလား!!

"ကန်တော့ အန်တီကြီးနဲ့ မမကြီးရဲ့ ခိုင်လေးတောင်ပန်းပါတယ် အလောတကြီးထူချင်စောနဲ့ပါရှင့်"

"ဟုတ်ပါတယ် ဒေါ်ဒေါ် ခိုင်လေးကိုမဆူပါနဲ့နော်"

ငြိမ်း ခိုင်လေးကိုဆူမှာစိုးပြီးတောင်ပန်းပြီး ဒေါ်ဒေါ်နဲ့မမကိုကားပေါ်တင်ပေးလိုက်ရပါတယ်။

မာန်တစ်ယောက်စိတ်ညစ်နေရပါသည်။ဆေးရုံအုပ်ရဲ့တောင်းဆိုမှုကြောင့် ခေါင်ကိုဒီနေ့သူသွားချင်တဲ့နေရာလိုက်ပို့နေရပါသည်။

"ခေါင် မာန်တို့ဘာစားကြမလဲ"

"မစားတော့ဘူး ပြီးတော့ ခေါင် တွဲထားတဲ့လက်မောင်းကိုဖြုတ်ပေးပါ"

"မဖြုတ်ပါဘူး မာန်ကလည်းအဲဒီလောက်လေးကဘာမှမဖြစ်ပါဘူးနော် နိုင်ငံခြားမှာလည်းနေခဲ့ဖူးတာပဲကို့"

"ဒါနိုင်ငံခြားမဟုတ်ဘူး မြန်မာပြည် ဒီလိုနေတာမသင့်တော်ဘူး ပြီးတော့ မာန်မှာအိမ်ထောင်ရှိတယ် "

"ရှိတော့ဘာလုပ်ရမလဲ မာန် ထမင်းသွားစားမယ်ကွာအရင်လိုပြန်နေကြမယ်နော်"

"ဘာကိုအရင်လိုပြန်နေမှာလဲ မာန်တို့ကြားမှာဘာမှမရှိဘူးနော် ခေါင်သိဖို့"

"မသိဘူးကွာ မာန်အိမ်ထောင်ရှိလည်း ခေါင်ကတော့နောက်မဆုတ်နိုင်ဘူး မာန်ကိုပြန်ရဖို့ကြိုးစားမှာပဲ"

"တော်စမ်း ခေါင် ငါတို့အိမ်ထောင်ရေးကိုဖျက်စီးဖို့မကြိုးစားနဲ့ မင်းဘာသာနေခဲ့တော့ တစ်နေ့လုံးမင်းသွားချင်သမျှလိုက်ပို့ပြီးပြီး ပြောကာတွဲခိုထားတဲ့ ခေါင်ရဲ့လက်ကိုဖြုတ်ပြီး မာန်စတိုင်ကျစွာ ရပ်ထားတဲ့ကားဆီကို လာခဲ့သည်။

"ဒီမှာ ဒေါက်တာနှိုင်းမာန်ဖြိုး ရှိလားရှင့်"

"မရှိဘူးရှင့် ဒေါက်တာခေါင်နဲ့သွားdateတဲ့"

"နှင်းကလည်း ဘယ်လိုသိတာလဲ ဒေါက်တာမာန်နဲ့ဒေါက်တာခေါင်ပြန်တွဲနေတာကို့"

"ဪ နင်ကလည်း ဒေါက်တာမာန်က ဒေါက်တာခေါင်ကိုအရမ်းချစ်ခဲ့တာလေး"

"ဟုတ်တယ်နော် သူတို့နှစ်ယောက်ကအရမ်းလိုက်ဖက်တာ ငါအရင်လုပ်တဲ့ဆေးရုံးမှာတုန်းက တကယ်သဲသဲလှုပ်ချစ်ကြတာ"

"ဟိုလေး ဆရာမ သူတို့နှစ်ယောက်ကချစ်သူတွေလား"

"အရင်ကတော့ ဟုတ်တယ် နောက်ပိုင်းကွဲသွားသေးတယ် အခုပြန်တွဲနေပြီးထင်တယ်။ဒါနဲ့ ညီမက ဒေါက်တာမာန်ကိုမေးတာဘာလုပ်ဖို့လဲ"

"ဘာမှမလုပ်ဘူး ဆရာမ သွားခွင့်ပြုပါအုံးပြောကာ ငြိမ်းပြေးထွက်လာမိပါတယ်။

ဒီနေ့ ဉီးမာန်ကို နေ့လည်စာထမင်းချိုင့်လာပို့တာပါ။ဉီးမာန်ကြိုက်တဲ့ ဟင်းတွေချက်ပြီးတော့ပေါ့ ။ငြိမ်း စိတ်ကူးတောင်ယဉ်မိသေးတယ်..ဉီးမာန်ကိုထမင်းချိုင့်သွားပို့ရင်

"ဟာ ကလေးဉီးမာန်ကို ထမင်းချိုင့်လာပို့တာလားကွာ နေကလည်းပူတာကို့ ပင်ပန်းတော့မယ်"

"မပင်ပန်ပါဘူး ဉီးမာန် ကြိုက်တဲ့ဟင်းတွေချက်လာတာ စားစေချင်လွန်လို့ "

"ကလေးအပြောနဲ့တင်အရည်ပျော်ပြီး ဒီလိုလေးပါနမ်းလိုက်ရရင် ပိုတောင်ပျော်သေးတယ် ပြောပြီး ငြိမ်းရဲ့ပါးလေးကိုနမ်း ငြိမ်းကလည်း ဉီးမာန်ဆိုးတဲ့ကွာပြောပြီးဖွဖွလေးထုပြီးကြည်နူးမယ်ပေါ့ အခုတော့ဝမ်းနည်းစရာတွေပဲကြုံရတယ်။

"မမ ပြန်တော့မိုလို့လား"

"ဟုတ်တယ် ကိုစိုင်း"

"ဆရာနဲ့တွေ့ခဲ့လား ဘာလိုငိုနေတာလဲ"

"ဘာမှမမေးပဲ အေးငြိမ်းတဲ့နေရာတစ်ခုကိုပဲမောင်းပို့ပေး အဟင့်..အဟင့်"

"ဟုတ်မမ"

"ငြိမ်း ကားပေါ်ငိုနေမိတယ် နာရီဝက်နေတော့ ကားရပ်သွားတယ်။ကြည်လိုက်တော့အင်ယားကန်ဘောင်ဖြစ်နေတယ်။

"မမဒီမှာခဏအပန်းဖြေလေရှုလိုက်ပါ ကျွန်တော်ဒီနားခဏဆေးလိပ်ဝယ်အုံးမယ်"

"ဝယ်ပါ ငြိမ်းလည်း လေရှုအုံးမယ်ပြောကာ မြက်ခင်းစိမ်းစိုတဲ့ အင်ယားကန်ဘောင်ပေါ်တက်ကာ စုံတွဲထိုင်ခုံလေးမှာထိုင်ပြီး ကန်ရေပြင်ကိုကြည့်ပြီးငိုနေမိတယ်။

"ဟဲလို အန်တီမြင့်ဇူ လုပ်ငန်းစလို့ရပြီး အခု ငြိမ်းစံယဉ်မွန် ငိုနေတယ် ဘာလိုလဲတော့မသိဘူး ကျွန်တော်ကအခုသူကိုနှစ်သက်သလိုဘေးနားက စကားရပ်ပြောမယ် အန်တီမြင့်ဇူကဓာတ်ပုံရိုက်ပြီး ဆရာမာန်ကိုပို့လိုက်ပါ အဲဒါဆိုရင် ပွဲကြီးပွဲကောင်းပဲ"

"အေး အန်တီအခုလာခဲ့မယ် ဒါပဲနော်"

"ဟုတ်ကျွန်တော်အတွက် ပိုက်ဆံပါယူခဲ့ပေး"

"ရစေရမယ် အန်တီအခုလာခဲ့ပြီးနေရာပြောပြ"

"အင်ယားကန်ဘောင်ပါ အန်တီ"

"ဉီးမာန် ရက်စက်တယ် ကလေးကိုညာတယ် အဟင့်...အဟင့် "

"မမ မျက်ရည်သုတ်လိုက်ပါအုံး"

"ကျေးဇူးပါ ကိုစိုင်း ငြိမ်းကိုမမလိုမခေါ်ပါနဲ့ ကိုစိုင်းကအသက်ပိုကြီးမှာပါ"

"ဟုတ်တယ် ဒါဆိုရင် ငြိမ်းလိုပဲခေါ်မယ်နော်"

"ဟုတ်ကဲ့ "

"ငြိမ်း ဘာဖြစ်လာတာလဲဟင်"

"ဘာမှမဖြစ်ရင် ဘာလို့ငိုရတာလဲဗျာ"

"ဒီအတိုင်း ဝမ်းနည်းစရာရှိလို့ပါ အိမ်ပြန်ကြရအောင်"

"ဟမ် "

"ဟုတ်တယ် အမြန်ပြန်ရအောင်ပြောပြီး ငြိမ်း ကားဆီပြန်လာခဲ့သည်။အင်ယားကန်ဘောင်မှာ သူစိမ်းယောကျာ်းနဲ့အကြာကြီးရှိမနေချင်ဘူး ကိုစိုင်းကလည်း ငြိမ်းထက်ကြီးရင်၃နှစ်၄နှစ်ပေါ့ ပြီးတော့ ဒီလိုနေရာကအတွဲတွေလာကြတာလေး ဒါကြောင့် ငြိမ်းအမြန်ပြန်ခြင်းဖြစ်သည်။

ဒေါ်မြင့်ဇူတစ်ယောက် ဝမ်းသာအားရလာသော်လည်းဘယ်သူမှမတွေ့တာကြောင့်စိတ်အရမ်းတိုကာ လမ်းဘေးမှာကျနေတဲ့ဘီယာခွံကိုခြေထောက်နဲ့ကန်ပစ်လိုက်သည်။

နောက်နေ့ဆက်ရန်

စာရေးသူ သွေးမိန့် 


rate now: