book

Index 14

အပိုင်း(၁၄)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

ဉီးမာန် မာလာရှမ်းကော စားပြီးရင် ခိုင်လေး အတွက် ပါဆဲထုတ်သွားမယ်နော်"

"ထုတ်ပေါ့ စိုင်းအတွက်ရော့"

"ဟုတ်ကဲ့.. ပြီးတော့လေး ငြိမ်း.."

"ဉီးမာန်နဲ့စကားပြောရင် ငြိမ်းလို့မသုံးနဲ့ ကလေးလိုသုံးရမယ်"

"ဟာ ဉီးမာန်ကလည်း ငြိမ်းလိုပဲသုံးနေကြကို့"

"တစ်ခြားသူတွေကိုပဲသုံး ဉီးမာန်နဲ့စကားပြောရင်တော့ ကလေးလို့သုံးနော် လိမ်မာတယ်လေးနော်"

"ဟုတ်ပါပြီး စပ်လိုက်တာ"

"ကလေးကအစပ်အရမ်းထည့်တာကို့ကြည့် နဖူးမှာချွေးထွက်နေပြီး ပါးစပ်ကလည်းပေလို့.. မလုပ်နဲ့ ဉီးမာန် သုတ်ပေးမယ်"

ငြိမ်းရဲ့ နဖူးနဲ့ ပါးစပ်လေးကို တစ်ရှူးနဲ့သုတ်ပေး၏။

ငြိမ်း အရမ်းစပ်လိုရေသောက်မယ်ပြင်တော့

"ရေမသောက်နဲ့ဒီမှာ ဉီးမာန် ရေနွေးနွေးလေးဖြစ်အောင်ငဲ့ထားပေးတယ်"

"ဉီးမာန်က အရမ်းချစ်ဖို့ကောင်းတာပဲ .အဟီးး"

"ချစ်ပါဗျာချစ် အားလည်းကိုးရမယ်နော်"

"ဟုတ်ကဲ့ ဉီးမာန်က သဘော်သီးဖျော်ရည်ပဲသောက်မှာလား တစ်ခြားဘာမှမစားဘူးလား"

"ဗိုက်ကအချစ်တွေနဲ့ပြည့်နေလို စားချင်စိတ်မရှိဘူး ကလေးပျော်ရွှင်စွာ စားသောက်နေတာပဲ အခုလို မေးလေးထောက်ပြီး ငေးကြည့်ချင်တာ"

"ဉီးမာန် အရမ်းပို အဲလိုစိုက်မကြည့်နဲ့ မနေတတ်ဘူး "ပြောကာမာန်ရဲ့လက်မောင်းကို ငြိမ်း ဖွဖွလေးရိုက်၏။

"မာန် ဒီမှာထိုင်လို့ရလားဟင်"

"မမခေါင် ပါလားထိုင်ပါ တစ်ခြားနေရာအလွှတ်လည်းမရှိဘူးလေး"

မာန်တို့စားတဲ့ဆိုင်လေးက လူကြိုက်များတာကြောင့် စားပွဲတွေအကုန်လူပြည့်နေသည်။ဆိုင်လေးရဲ့အပြင်အဆင်ကလည်း လှပအေးငြိမ်းပါသည်။ဆိုင်ထဲတွင် အဲယားကွန်းဖွင့်ထားပြီး မျိုးကြီးရဲ့သီချင်းချိုချိုလေးကိုဖွင့်ထားသည်။

"ငြိမ်းကသာ ဖိတ်ခေါ်နေတာ မာန်ကဘာမှလည်းမပြောဘူး"

"ထိုင်ပါ ခေါင် တစ်ယောက်ထဲလား"

"ဟုတ်တယ် မာန် မာလာရှမ်းကောစားချင်လို့ဝင်လာတာ မာန်လည်းဒီနေရာလေးကိုမှတ်မိတယ်နော်"

"ဒါကအရင်မာလာရှမ်းကောဆိုင်မဟုတ်ဘူး အခုမှအသစ်ပြန်ဖွင့်တဲ့ဆိုင်ပါ"

"မာန်ကလည်း ပိုင်ရှင်ပဲပြောင်းတာပါ.ဆိုင်ပုံစံကတော့ အရင်အတိုင်းပဲ"

"မမခေါင်နဲ့ ဉီးမာန်က ဒီကိုရောက်ဖူးကြတာလား"

"ရောက်တာပေါ့ ငြိမ်းရဲ့ခဏခဏပဲ"

"ဉီးမာန်နဲ့ခေါင်က သူငယ်ချင်းဆိုတော့ လာလာစားဖြစ်တယ်"

"အဟင်း..အဟင်း မမခေါင် ကအရမ်းချောတာပဲ ဆရာဝန်မကြီးလည်းဖြစ်တာဆိုတော့ ယောကျာ်းချောချောတွေဝိုင်းနေမှာပဲနော်"

"အဟီး ငြိမ်းလိုချစ်စရာမကောင်းပါဘူး ပြီးတော့နုပျိုမှုလည်းသိပ်မရှိတော့ဘူးလေး"

"မမခေါင်ကို ဉီးမာန်ရဲ့သူငယ်ချင်းမိုလို့သာ အသက်အမှန်သိတာ အပြင်မှာမထင်မှတ်ပဲတွေ့ရင် တကယ်၂၃လိုပဲထင်ရမှာ"

"အဟွန်း ငြိမ်းကတော့ မြှောက်နေပြီး ဒီဝိုင်းမမပဲရှင်းပါမယ်"

"မရှင်းပါနဲ့ မမခေါင် ငြိမ်းကအမှန်တရားကိုပြောပြတာပါ"

"ကဲ့ကလေး စကားများမနေနဲ့ စားပြီးရင်ပန်းခြံထဲသွားရအောင်"

"ဟုတ် ဉီးမာန်"

မာန်တစ်ယောက် ကောင်တာသွားပြီးပိုက်ဆံရှင်းကာ ပါဆယ်ထုတ်ယူလိုက်သည်။ထိုနောက် စားပွဲဆီပြန်လာပြီး

ကလေး ပြီးရင်သွားကြရအောင် ခေါင်အတွက်လည်းရှင်းခဲ့ပေးတယ် ပြောကာ ငွိမျးရဲ့လကျကိုဆှဲပွီးဆိုငျအပွငျထှကျခဲ့သညျ။

"တောက် ငါစကားအပြောတောင်နားမထောင်သွားဘူး။မာန်အရင်ကလိုပဲ ခေါင်ကိုချစ်ပေးစေရမယ်။ ငြိမ်းဆိုတဲ့ကောင်မ မာန်အနားမှမရှိအောင်လုပ်ပစ်မယ် ဟွန့်"

"ဉီးမာန်ကလည်း အတင်းဆွဲခေါ်လာတာပဲ မမခေါင်ကိုနှုတ်တောင်မဆက်လိုက်ရဘူး"

"စိတ်မစိုးပါနဲ့ကွာ အခုလိုပန်းခြံထဲလမ်းလျှောက်ချင်လိုပါဗျာ ကြည်စမ်း လကလည်းသာနေ၊ပန်းရဲ့ရံနံကလည်းမွှေးပျံသင်းကြိုင်လန်းဆန်းနေ၊ ပတ်ဝန်းကျင်ကလည်း ရောင်စုံမီးတွေနဲ့လှပနေ၊ဒါပေမဲ့သူတို့တွေက ဉီးမာန်ဘေးက ဂါဝန်ပန်းရောင်ဝတ်ဆင်ထားပြီး ပါးကသနပ်ခါးဝင်းနေအောင်လိမ်းထား ဆံပင်အတိုကိုနှစ်ခွာစီးထားတဲ့မိန်းကလေး လောက်မလှပကြဘူးဗျာ"

"ဟာ ဉီးမာန်နော် အရမ်းပြောတတ်တာပဲ ပြောကာ မာန်ရဲ့ပါးကိုခြေဖျားထောက်နမ်းပြီး အရှေ့ကနေပြေးသွားသည်။

မာန် ခဏတော့ကြောင့်သွား၏။နောက်မှာ မျက်နှာပြုံးရွှင်ပြီး ကလေးအရင်စတာနော်ဆိုကာ အပြေးလေးလိုက်ဖမ်း၏။

"မေမေ ပိုက်ဆံသိန်းတစ်ရာလောက် သမီးကိုထုတ်ပေးပါလား"

"သမီးကလည်း ပိုက်ဆံအများကြီးဘယ်လိုရှိမှာလဲ"

"ဖေဖေဆီက တောင်းပေး"

"မတောင်းရဲပါဘူး သမီးအဖေက မေမေကိုထသတ်လိမ့်မယ် "

"ဟာ မေမေကလည်း အရေးကြီးလို့ပါ"

"သမီးကို ဟိုနေ့ကပဲ မေမေအသုံးစရိတ်ထဲကသိန်း၂၀ပေးတာ ဘယ်ရောက်သွားပြီးလဲ"

"ကုန်ပြီး မေမေရဲ့အခုအကြွေးတင်နေတာ"

"ဘာအကြွေးတွေတုန်း သမီးရဲ့လုပ်ငန်းအကြောင်းလည်း ကိုအောင်ကိုမပြောရဲသေးဘူး သိရင်မိုးမီးလောင်မယ် မေမေတော့စိတ်ညစ်တာပဲ"

"မာမီရဲ့သမီးအဲဒီပိုက်ဆံရမှာဖြစ်မှာ မာမီမှမရှိရင် မိငြိမ်းရဲ့ လက်ဝတ်ရတနာတစ်စုံကိုဖျော်ပစ်ရလိမ့်မယ်"

"သမီးကဘယ်လိုလုပ်မှာတုန်း "

"မာမီစောင့်ကြည့်ပေါ့ မနက်ဖြန် မိငြိမ်းဆီသွားမယ် မေမေ"

"အေးလေး သွားကြတာပေါ့"

သူတို့သားမိနှစ်ယောက်ရဲ့အပူကလည်းမသေးပါ။မြတ်နိုး လောင်းကစားအကြွေးကအများကြီးရှိတာပါ။အခုသိန်းတစ်ရာကလည်း ဖဲကြွေးပါ သူရဲ့လုပ်ငန်းကလုံးဝအပိတ်ခံလိုက်ရပါသည်။

"ဲဒေါက်တာ မမကြီးတို့အခြေနေဘယ်လိုရှိလဲ"

"ဝမ်းသွားတာများတော့ အားသိပ်မရှိဘူး သုံးယောက်လုံးကို ပုလင်းကြီးချိတ်ပေးထားတဲ့ ဝမ်းကလည်းရပ်သွားပါပြီး ဆေးရုံမှာ ၂ရက်လောက်အနားယူရင်ကောင်းသွားမှာပါ"

"ကျေးဇူးပါ ဒေါက်တာ"

"အန်တီက ဒေါက်တာနှိုင်းမာန်ဖြိုးရဲ့ မိခင်လား "

"ဟုတ်ပါတယ် "

"ကျွန်တော်က အန်တီသားရဲ့တပည့်ပါဗျာ"

"ဟုတ်ကဲ့ကွယ် "

"ကျွန်တော်ကို သွားခွင့်ပြုအုံး ဘေးအခန်းကလူနာကိုကြည့်ရမှမိုလို့"

"ဟုတ်ကဲ့ပါကွယ်"

ဖြိုးလည်း အခန်းထဲပြန်ဝင်လာတော့ မမကြီးက

"ငါတို့ဘာဖြစ်တာလဲ ဖြိုး"

"မမကြီးတို့ အစားမှားတာပါ ဒီနေ့ဘာတွေစားကြမိသေးလဲ"

"အစုံပဲ ဖြိုး"

"ဟုတ်တယ် ဖြိုး မမလေးတို့ နောက်နောင်ဆင်ခြင်ပြီးစားရမယ် ပြီးတော့ လေး ကဒီနေ့အစားစုံတယ်ဆိုပြီး ဝမ်းနှုတ်ဆေးသောက်ထားသေးတယ်"

"ငယ်ရော့ပဲ"

"မမကြီးရော့ပဲ"

"အဲဒါကြောင့်ပါ အစားစုံပြီး ဝမ်းနုတ်ဆေးသောက်ကြလို့အခုလိုဖြစ်သွားကြတာ .နောက်ကရုစိုက်ကြပါ။သားကိုတော့ မနက်ဖြန်လာကြည့်ခိုင်းပေးမယ်"

"ဟုတ်တယ် အခုလည်းမိုးချုပ်နေပြီးပဲ ငါတို့အိပ်တော့မယ်"

"ဟုတ်ကဲ့ ဖြိုးလည်း အိပ်တော့မယ်"

ငြိမ်း တစ်ယောက်ထမင်းစားပြီး တီတီကြီးတို့ပေးထားတဲ့ဆေးကိုသောက်သင့်မသောက်သင့်စဉ်းစားနေမိတယ်။ထိုအချိန် ခိုင်လေးဝင်လာတာကြောင့်ဆေးကဒ်ကိုအလျင်အမြန် ဝှက်ထားလိုက်၏။

"မမကို ခိုင်လေးပြောပြစရာရှိ"

"ဟုတ်လား ပြောလေး"

"ရွာက ဝမ်းကွဲအမတစ်ယောက်အကြောင်းပေါ့ အဲဒီအမက ကျောက်ကပ်ပျက်စီးပြီးသေသွားတာ"

"ဟုတ်လား စိတ်မကောင်းစရာပဲ"




"ဘာလိုကျောက်ကပ်ပျက်စီးတာလဲဆိုတော့ ကိုယ်ဝန်မရတဲ့ဆေးတွေသောက်လိုလေ"

"ဟမ်..အဲဒီဆေးကကျောက်ကပ်ကိုထိတာလား"

"ဟုတ်တယ် မမရေ သူတို့လင်မယားကအဆင်မပြေတော့ ကလေးမယူချင်အဲဒီဆေးတွေသူ့မိန်းမကိုသောက်ခိုင်းတာ အမှန်တကယ် အဲဒီဆေးကိုသောက်ချင်ရင်တောင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်တဲ့ အခုတော့ကိုယ်သဘောနဲ့ကိုယ်သောက်တော့ ကြာလာတော့ ကျောက်ကပ်ကိုထိတာပေါ့"

"ခိုင်လေး ပြောပြလိုဗဟုသုတတောင်ရနေပြီး ကျေးဇူးနော်"

"မမကလည်းမလိုပါဘူး အပျိုကြီးတွေမမကိုဆေးကဒ်ပေးတာတွေ့လိုက်တယ် မသောက်ပါနဲ့မမ တကယ်လိုမမ ကလေးမလိုချင်ရင်လည်း ဉီးလေးတိုင်ပင်ပြီးကြည့်ပါ"

"ဟုတ်ပါပြီး ခိုင်လေးကအားကိုးရတယ် ဟိုအပျိုကြီးတွေပညာပေးတာကို မခံရတာလည်း ခိုင်လေးကြောင့်ပဲ"

".အဟီးး ခိုင်လေးက မမကိုမကောင်းကြံတဲ့လူတှေလကျကကယျဖို့ အန်တီဖြိုးကမှာထားတာ မမကကံအရမ်းကောင်းတာပဲ အမေအရင်းလို့ချစ်ပေးတဲ့ယောက်ခမ ရလို့ပြီးတော့ ဉီးလေးကလည်း မမကိုအရမ်းချစ်တာပဲ"

"အဟီးး ဟုတ်တယ် ကဲ့ခိုင်လေး မမတို့ဒီနားကဘုရားသွားကြရအောင် "

"ဟုတ်မမ "

မာန်တစ်ယောက် တီတီတို့သတင်းကြားကြားချင်ဆေးရုံလိုက်သွားရပါတယ်။ကလေးကိုတော့အဲဒီအကြောင်းမပြောပြတော့ပါဘူး။တော်ကြာ သူ့ချက်ကျွေးလိုဖြစ်တာဆိုပြီး စိတ်မကောင်းဖြစ်နေမှာစို့လို့ပါ။

"တီတီကြီးတို့ ဘယ်လိုဖြစ်ကြတာတုန်း"

"သားမာန်ရဲ့ မနေ့ကတီတီကြီးတို့ အပြင်သွားအစားအစာတွေလျှောက်စားပြီး ဝမ်းနှုတ်ဆေးသောက်လိုက်လို့ဖြစ်တာပါ"

"အင် တီတီကြီးတို့ ငါအိမ်လာသွားတဲ့အကြောင်းမပြောပါလား.ဧကန်နာ.ငါမသိအောင် ကလေးကိုပညာပေးဖို့လာတာဖြစ်လိမ့်မယ်။ မထူးပါဘူးမသိသလိုပဲ ဟန်ဆောင်ပစ်တာကောင်းမယ်"

"တီတီကြီးတို့ အပြင်ထွက်တာပဲ သား အိမ်တော့လာမလည်ကြဘူး"

်"အယ်..အဲဒါ...က..ဟိုလေး..လေး.နင်ပြောပြလိုက်"

"ဟမ်..အင်..အဲဒါကလေး..အဟင်း..ငယ်ပြောပြလိုက်ပါ..လေး..စကားပြောဖို့အားမရှိလို့"

မာန် ရယ်ချင်စိတ်ကိုထိန်းထားရပါတယ်။တီတီကြီးတို့ အခက်တွေ့နေတာကြောင့်ပါ။

"ဟို..ဟိုလေး.အဟီး..တီတီငယ်တို့ ညီမသုံးယောက်ကဒီအတိုင်းရုပ်ရှင်ကြည့်ပြီး..လျှောက်လည်ကြတာပါ သားမာန်အိမ်ဝင်ဖို့အချိန်မရတော့လို့.."

"ဟုတ်တယ်..ဟုတ်တယ်..ငယ်ပြောတဲ့အတိုင်းပဲ"

"ရုပ်ရှင်ကဘာကားကြည့်တာလဲ"

"မြန်မာကား"

"နိုင်ငံခြားကား"

"ကိုရီးယားကား" ဆိုပြီးအပျိုသုံးယောက်ပြိုင်တူဖြေကြသည်။

"တီတီကြီးဖြေတာကလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါလား"

"လျာရှည်လိုက်တာ မိချောင်းသားရယ် လူကအားမရှိပါဘူးဆိုမှာ ပုလိပ်စစ်နည်းလာစစ်နေတဲ့ ငါတို့သုံးယောက်အဲလို့ကားတွေကြည့်ချင်ကြတာ နောက်ဆုံးအတူတူကြည့်လိုရအောင် ကုလားကားပဲကြည့်လိုက်ကြတယ် ကဲ့ထပ်မမေးနဲ့ တီတီကြီးတို့ကို သားမာန်ဆေးလာကုပေးတာမဟုတ်လား "

"အဟီး ဟုတ်ကဲ့ သားဆေးလာကုပေးတာ ဘာမှစိတ်မပူကြနဲ့ဒီဆေးရုံမှာ သားတပည့်တွေရှိတယ်။ တီတီကြီးတို့ကို အမြန်ဆုံးပျောက်အောင်ကုပေးလိမ့်မယ် " ဆိုကာ သွေးပေါင် စတိုင်းတော့သည်။

"အပြောကောင်းသလောက်..သဘောအရမ်းကောင်းတဲ့..ဉီး..ဉီး..ကလေးမျက်နှာ..တစ်ချက်မှအပျက်မခံဘူး..ဉီး.."

ငြိမ်..သီချင်းသံကြောင့် ဖုန်းကိုင်လိုက်ပါသည်။

"ဟဲလို"

"ငါပါ မိငြိမ်း ပြောစရာရှိလို့"

"မမပြောပါရှင့် ငြိမ်း နားထောင်နေပါတယ်"

"နင်ရဲ့လက်ဝတ်လက်စားတစ်စုံလောက် ငါကိုငှားပါလား"

"ရှင်..မမကဘာလုပ်ဖို့လဲဟင်"

"ငါပွဲတစ်ခုတက်စရာရှိလို့ နင်ဝတ်ထားတဲ့စိန်ဒီဇိုင်းကိုကြိုက်လို့ ခဏငှားပါ"

"ဟုတ်ကဲ့ ဉီးမာန်ကိုပြောကြည့်လိုက်ပါမယ်"

"ဘာ!! ကိုမာန်ဆီကငှားတာမဟုတ်ဘူး နင်ဆီကငှားတာ ။ဘာလဲ နင်ဆရာဝန်ကတော်ဖြစ်ပြီးဆိုတော့ အောက်ခြေလွှတ်သွားတာလား"

"အဲလိုမဟုတ်ပါဘူး မမ ငြိမ်းကိုအထင်မလွဲပါနဲ့ ငှားပါမယ်" လိုပြောလိုက်ရ၏။


စာရေးသူ သွေးမိန့်


rate now: