book

Index 13

အပိုင်း(၁၃)

တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ

အနောက်ကနေ ဉီးမာန်ဖက်ထားတာကြောင့် ငြိမ်း ပန်းအိုးထိုးဖို့ဘယ်လိုမှအဆင်မပြေပါ။

"ဉီးမာန် ဖက်ထားတာလွှတ်ပေးလိုမရဘူးလား ငြိမ်း ပန်းအိုးထိုဖို့အဆင်မပြေလို့"

"လွှတ်စေချင်ရင် ချစ်တယ်ပြောကွာ"

"ဉီးမာန်ကလည်း ငြိမ်းမှမသိတာကို"

"သိအောင်သင်ပေးမယ်လေး ပြောကာ သနပ်ခါးလူးထားတဲ့ ငြိမ်းရဲ့ပါးပြင်လေးကို ငုတ်နမ်းလိုက်တယ်။

"ဟာ ဉီးမာန် လွန်ပြီး လွှတ် လွှတ် တော်ကြာ ခိုင်လေး အပေါ်တက်လာရင်မြင်မယ်။

ငြိမ်းတို့က အပေါ်ထပ်ဧည့်ခန်းထဲမှာပန်းအိုးအလှထိုးနေခြင်းဖြစ်သည်။ဒါကြောင့် ငြိမ်း စိုးရိမ်မိတယ်။မတော်လို ခိုင်လေးတက်လာရင် ရှက်စရာကောင်းပါသည်။လူကြီးဖြစ်ပြီး ကလေးဆန်နေတဲ့ ဉီးမာန်ကိုလည်း ငြိမ်း မနိုင်ပါ။

"တက်မလာပါဘူးကွာ ခိုင်လေးကို ဉီးမာန် အလုပ်ခိုင်းထားတယ်"

"အကြံကြီးတာ ခိုင်လေးအပေါ်တက်မလာလည်းလွှတ်"

"မလွှတ်ဘူး ချစ်တယ်ပြော"

"ပြောစရာလိုသေးလို့လား လင်မယားပဲဖြစ်နေပြီးကို့"

"လိုတာပေါ့ ဉီးမာန်တို့အိမ်ထောင်ရေးမှာလည်း အချစ်ကလိုအပ်တယ်လေ..ဖြေကွာ ချစ်လား"

"ဉီးမာန် အသက်ဘယ်လောက်ရှိပြီးလဲ"

"နောက်လဆိုရင်၃၀ပြည့်ပြီး"

်"အဟွန်းး လူကြီးဖြစ်နေပြီးကို့ ကလေးလိုတဂျီဂျီတောင်းနေတယ်"

"ကလေးလိုတဂျီဂျီတောင်းတာတောင်ပေးလို့လား"

ငြိမ်းရဲ့ကိုယ်လေး ဉီးမာန်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်ပြီး

"ချစ်တယ်နော် ဉီးမာန်ကိုအရမ်းချစ်တယ်"ပြောပြီး ငြိမ်း တစ်ယောက်သူရင်ခွင်ထဲမျက်နာဝှက်ထားလိုက်၏။

"တကယ်နော် ဟေးး.ယေး" အော်ကာ ငြိမ်ရဲ့ကိုယ်လေးကိုမွေ့ရမ်းပစ်လိုက်၏။ ဧည်ခံလေးထဲ သူတို့နှစ်ယောက်ရဲ့ရယ်သံတွေလွှမ်းမိုးသွားသည်။

"တံခါးဖွင့်စမ်း"

."ဘယ်သူပါလဲဗျာ"

."ဒီအိမ်ပိုင်ရှင် နှိုင်းမာန်ဖြိုးရဲ့အဒေါ်တွေ အခုချက်ချင်းတံခါးဖွင့်"

"ဟုတ်မမ"

"ဟမ် .အဟင်းး"

အပျိုကြီးမမသုံးယောက်မျက်နှာတွေပြုံးသွားသည်။ သူ့တို့သားအရွယ်က မမလိုခေါ်တော့ အရမ်းကျေနပ်ပြီးနှလုံးသားတွေအရမ်းပျော်ကုန်၏။

"တီတီကြီးတို့ပါလား အိမ်ထဲကြွပါရှင်"

"ဟွန့် ငါတို့အတွက်ကော်ဖီတစ်ခွက် ၊ဖဲရီဖျော်ရည်တစ်ခွက်၊သံပုရာတစ်ခွက်ဖျော်ခဲ့ပေး"

"ဟုတ် တီတီကြီး"

ခိုင်လေးရေ မမနဲ့အတူတူမီးဖိုချောင်သွားပြီး ဖျော်ရအောင်"

"ဟုတ်မမ"

"တီတီတို့ဧည်ခန်းထဲမှာ ခဏထိုင်စောင့်ပါအုံးရှင့်"

မီးဖိုချောင်ရောက်တော့ ခိုင်လေးရဲ့မကျေနပ်တဲ့အသံထွက်လာပါသည်။

"အပျိုကြီးတွေ အလုပ်ရှုပ်အောင်သိပ်လုပ်တာပဲ ကော်ဖီဆိုရင်ကော်ဖီပေါ့။အခုကတစ်ယောက်တစ်မျိုးဆီ ဟူးးအဲလိုသူများကိုအလုပ်ရှုပ်အောင်လုပ်လို့ယောကျာ်းမရတာနေမှာ"

"ဟီးး ခိုင်လေးနော် တိုးတိုးပြောကြားရင် အထုခံနေရမယ်"

"မမကလည်း မကြားအောင်ပြောမှာပေါ့။ဒါနဲ့ ခိုင်လေး သူတို့သုံးယောက်ကိုမြင်ကတည်း အကျင့်ပုတ်မှန်းသိတယ် မမကိုလည်း ကြည်ပုံမရဘူး"

"ဉီးမာန် နဲ့မမကိုသူတို့သဘောကျတာမဟုတ်ဘူး"

"ဪ သူများတွေချစ်ခြင်းကိုသဘောမကျလို့ ဒေါ်လုံးတင်တွေဖြစ်နေကြတာ"

"ဟမ် ဘာလဲ ဒေါ်လုံးတင်ဆိုတာက"

"ဟာ မမကလည်း လုံးတင် လင်တုံးလို့ပြောတာ မမ"

"ဟီး..ဟီးး ခိုင်လေးနော်ကြားရင်တကယ်ပွဲပဲ အရမ်းစကားတတ်"

"မကြားပါဘူး မမကလည်း ကဲ့ဖဲရီသီးဖျော်ရည်ရရင် ခိုင်လေးယူလာခဲ့မယ်။ မမက ဒေါ်လုံးတင်တွေကိုဧည်ခံလိုက်အုံး"

"အဟွန်းးအေး အေး" ပြောကာအိမ်ရှေ့ထွက်ခဲ့သည်။

"တီတီကြီးတို့ ဉီးမာန်ကိုသတိရလို့လာတာထင်တယ် ငြိမ်း ဖုန်းဆက်ပေးမယ်"

"မလိုဘူး!!"

တီတီကြီးရဲ့ အလန့်တကြားလှမ်းတားသံချိန် အကုန်လန့်သွားကြသည်။

"ငါအသံအရမ်းကျယ်သွားလို့ ဆော်ရီး သားမာန်ကို တွေ့ချင်လို့လာတာမဟုတ်ဘူး။ဒါနဲ့ ခြံစောင်ကငယ်လည်းငယ် ချောလည်းချောတယ် ဘယ်သူရှာပေးတာလဲ"

"ဒေါ်ဒေါ် ရှာပေးတာပါ"

"ပြီးရော့ ဒါနင်သောက်ဖို့အတွက်ဆေး"

"ဘာဆေးလည်းဟင် "

"ကလေးမရတဲ့ဆေး."

"ရှင်!!!"

"ဟုတ်တယ် နင်ကငယ်သေးတယ်လေး ကလေးယူဖို့အရမ်းစောလွန်တယ်။ငါကစေတနာနဲ့ ပေးတာ ၂၅နှစ်ပြည့်မှာ ကလေးယူတာအသင့်တော်ဆုံးပဲ"

"ငြိမ်းအတွက် အခုလိုစဉ်စားပေးလိုကျေးဇူတင်ပါတယ် တီတီကြီး..ဒါပေမဲ့ မာမီက.."

"သူများတွေအတွက်တွေးပေးမနေနဲ့ ဒီအတိုင်းမျိုးမအောင်ဘူးလိုပဲထင်မှာ ဒီဆေးသာသေချာသောက် ။ဘယ်သူမှမမြင်စေနဲ့ ငါတို့ကစေတနာနဲ့နော်"

"ဟုတ်ကဲ့ တီတီကြီး"

"ကဲ့ ဆေးကိုသေချာသိမ်းထားအုံး ရော့"

တီတီကြီးပေးတဲ့ ဆေးကို ငြိမ်း မယူချင်ယူချင်လိုက်ရ၏။

ခိုင်လေး ဖျော်ရည်လာပို့ရင်အကုန်ကြားတာကြောင့် ဖျော်ရည် ကိုပြန်ယူကာ စားပွဲပေါ်ပြန်ပြီး ဒေါ်သထွက်နေသည်။

"အပျိုကြီးတွေလွန်ပြီး သူတို့ယောကျာ်းယူပြီး ကလေးမမွေးရလို့ အခုလို့လိုက်လုပ်နေတာ.ဟွန့် အပျိုကြီးတွေကိုပညာပေးမှာရတော့မယ် ပြောကာ သူအခန်းထဲဝင်ပြီး ဝမ်းနှုတ်ဆေးပုလင်းယူခဲ့၏။

"အဟီးး အစကလုပ်ဖို့စိတ်ကူးမရှိပါဘူး အခုတော့လုပ်ချင်စိတ်ပေါက်သွားပြီး။ အပျိုကြီးတွေကလေး မမွေးရပေမဲ့ဗိုက်တော့နာလိမ်မယ်နော် အဟင်းး အဟီး"

"အန်တီကြီးတို့ရှင့် အအေးရပါပြီး"

"ပေး ..ပေး နင်သွားဖျော်တာကလည်း တမေ့တမောပါလား။ မမကြီးအတွက်ကော်ဖီ၊ မမလေးအတွက် သံပုရာရည်၊ ငယ်အတွက်ကတော့ဖဲရဲသီးဖျော်ရည် သောက်ပြီးနော်"

အပျိုကြီးသုံးယောက် သောက်ပြီးခွက်ကိုချထားလိုက်မှာ ခိုင်လေးပြုံးစိစိနဲ့ မီးဖိုချောင်ထဲဝင်ခဲ့သည်။

"တီတီကြီးတို့ ဘာစားချင်သေးလဲ ငြိမ်း ချက်ကျွေးမယ်"

"စားချင်တာကအစုံပဲ နင်သေချာလုပ်နိုင်လို့လား"

"ဟုတ် ငြိမ်း လုပ်ပေးနိုင်တယ်"

"ဒါဆိုရင် ကြေးအိုးဆီချက်၊ဒန်ပေါက်၊ကြက်ဆီထမင်း၊ဆီချက်ခေါ်က်ဆွဲ၊နန်းကြီးသုတ်၊ရှမ်းခေါက်ဆွဲ တော်ပါပြီးစားချင်တာကရှိသေးတယ် မုန့်လက်ဆောင်တို့ဘာတို့ လုပ်ပေးနိုင်ရဲ့လား"

"ရှင်!! အဟွန်းး ရပါတယ် ငြိမ်းလုပ်ပေးပါမယ် အချိန်တော့ကြာမယ် စျေးခဏသွားဝယ်ရမှာမို့လို့"

"ရတယ်စောင့်နိုင် ငါတို့တီဗီကြည့်ရင် ဖုန်းကြည့်ရင်စောငျ့နမေယျ"

"ဟုတ်ကဲ့ တီတီကြီးတို့ ငြိမ်းအခုပဲလုပ်လိုက်ပါမယ်"

"ခိုင်လေးရေ မမတို့ဒီနေ့အလုပ်ရှုပ်လိမ့်မယ် တီတီကြီးတို့က..... ငြိမ်းလည်း တီတီပြောတဲ့အတိုင်းပြန်ပြောပြတော့

"မမဒါတွေကအရမ်းလက်ဝင်တာနော် ပြီးတော့အရမ်းလည်းကြာတယ် ဆိုင်မှာပဲမှာကျွေးလို့မရဘူးလား"

"တီတီကြီးက မမလက်ယာကိုစားချင်တာတဲ့.. ဟူးး မမလည်းစိတ်ညစ်တာပဲ ဒါပေမဲ့လည်းလုပ် ပေးရမှာပေါ့."

"လုပ်စရာမလိုဘူးမမ ခိုင်လေးတို့ သူ့တို့မသိအောင် ဆိုင်မှာဝယ်ထားပြီး ချက်ပြုတ်သလိုအလုပ်ရှုပ်လိုက်မယ် ဘယ်လိုလဲ"

"မိသွားရင်မကောင်းဘူးနော် "

"မမိစေရဘူး ခိုင်လေးကိုယုံကြည့်လိုက်"

ငြိမ်း လည်း ခိုင်လေးပြောသလိုလုပ်လိုက်ပါတယ်။


မမဆိုင်မှာအကုန်ဝယ်ခဲ့ပြီးပြီး အုပ်ထားလိုက်မယ် အခုသူတို့အရှေ့မှာဟန်ဆောင်ယုံပဲ မမမျက်နှာကို အိုးမဲပေအောင်လုပ် ဆံပင်ကိုလည်းရှုပ်ပွဲအောင်လုပ် ပြီးတော့ ဒီလိုလုပ်ကြရအောင်ပြောကာ တိုးတိုးတိုင်ပင်ကြတယ်"

"ဟားး ဒီနေ့ဒီကောင်မ မီးဖိုချောင်ကထွက်ရမှာမဟုတ်ဘူး "

"ဟုတ်တယ် မမကြီး အရမ်းတော်တာပဲ"

"ဒါပေါ့ လေးရ အခုလည်းဧည်ခံကိုရှုပ်ပွအောင်လုပ်ထားမှာ ပြောကာနေကြာစေ့စားပြီးအခွံကိုကြမ်းပြင်မှာပစ်ချကြတယ်"

"တီတီကြီးတို့ ခဏစောင့်အုံးတစ်မျိုးတော့ရပြီး

"ဟားး ဟားး ငြိမ်း မျက်နှာက..ဟားး "

"ဟမ်.ဘာဖြစ်လိုလဲ ငြိမ်း မျက်နှာမှာတစ်ခုခုပေနေလို့လား"

."အဟွန်း အဟွန်း မပေပါဘူး မမလေးက ရယ်စရာတွေးမိလို့"

"ဟုတ်ကဲ့ ငြိမ်း မီဖိုချောင်ပြေးလိုက်အုံးမယ် အလုပ်ကအရမ်းများလို့ ပြောကာထွက်သွား၏။

"အေး.အေး သွား"

"ဟေးး ယေးး မမကြီးအောင်မြင်တယ် "

"ငြိမ်း တစ်ယောက် မျက်နှာကအိုးမဲတွေနဲ့ တကယ်ချင်စရာကြီး ဆံပင်ကလည်းဖရိုဖရဲနဲ့ ဟားး"

အပျိုကြီးတွေ ရယ်မောကာပျော်ရွှင်နေကြ၏။

"ကလေး ဉီးမာန်ရဲ့အဒေါ်တွေလာသွားတယ်ဆို"

"ဟုတ်တယ် ဉီးမာန် ခိုင်လေးပြောပြတာလား"

"ဉီးမာန်ပြန်ရောက်တော့ ကလေးကိုမတွေ့လိုမေးတာ အဒေါ်တွေလာပြီးစားချင်တာတွေချက်ခိုင်းလို့ ပင်ပန်းပြီး အပေါ်မှအိပ်နေတယ်တဲ့"

ခုတင်ပေါ်လှဲနေတဲ့ ငြိမ်းကို ထူပြီးသူ့ရင်ခွင်ထဲကိုဝင်ရောင်နားခိုစေ၏။

"မပင်ပန်းပါဘူး ဉီးမာန်ရဲ့"

"သေချာလို့လား ကြည့်ပါအုံး ကလေးမျက်နှာချောင်ကျသွားသလိုခံစားရတယ်"

"အရမ်းပိုတယ် မချောင်ပါဘူးနော် ဒီအတိုင်းပဲ"

"ကလေး ညနေဘက်ကြီးမအိပ်နဲ့တော့ ထ ဉီးမာန် မုန့်လိုက်ဝယ်ကျွေးမယ် အကင်ဖြစ်ဖြစ် မာလာရှမ်းကောဖြစ်ဖြစ်

"တကယ်နော် အဲဒါဆိုရင် ဉီးမာန်ရေအမြန်ချိုးပြီးရင်သွားကြမယ်"

သူရင်ခွင်ထဲကနေ အရမ်းပျော်သွားတဲ့ သူမလေးကြောင့် တစ်နေတာပင်ပန်းမှုတွေပြေပျောက်ရပါသည်။

"ဒါဆိုရင် နမ်း "

"ဟာ ဉီးမာန်ကလည်း ဘာမှမဆိုင်ပဲနဲ့"

"ဆိုင်တာပေါ့ တစ်ကုန်ဆေးရုံမှာပင်ပင်ပန်းပန်းလူနာကြည့်နေရတာလေ ပင်ပန်းမှုပျောက်အောင် နမ်းပါဗျာ"

"မသိဘူး" ပြောကာ မာန်ရဲ့ရင်ခွင်ထဲမှာမျက်နှာလေးဖွက်ထားတာကြောင့်

"အေးနော် ကလေး မနမ်းရင် ဉီးမာန်ပဲနမ်းပြောကာဖွက်ထားတဲ့ မျက်နှာလေးကိုအသာဆွဲယူပြီး အရှက်သည်းလိုနီရဲနေတဲ့ ပါးပြင်နှစ်ဖက်ကိုတဝကြီးနမ်းရှိုက်လိုက်သည်။

သူတို့လင်မယားကကြည်နူးနေသော်လည်း ဟိုအပျိုကြီးတွေကတော့

"အားး...မမကြီး မပြီးသေးဘူးလား လေး..လေး.ထွက်ကြတော့မယ်!!!"

"ငယ်လည်း မအောင်နိုင်တော့ဘူး... အရမ်းပါချင်နေပြီး"

"နင်တို့အောက်ထပ်က အိမ်သာကိုသွားတက်..အာ့ ငါလည်းဗိုက်အရမ်းနာပြီး ..မပြီနိုင်ဘူးဖြစ်နေတဲ့"

အပြင်က လေးနဲ့ငယ် ဖင်ပိတ်ပြီး ဆင်းပြေးပြီးအိမ်သာလုတက်ကြ၏။

"မမလေး ..ငယ်အရင်ရောက်တာ"

"ရောက်ရောက်..မရောက်ရောက်..ငါအကြီးငါအရင်ဝင်မယ်..လက်ကိုလွှတ်"

"အကြီးဆိုပြီး အနိုင်လာမကျင့်နဲ့ ငယ်လည်း.. လုံးဝမရတော့ဘူး..အား."

"ငါက.ပိုဆိုး.အား..လွှတ်..ငယ်နော်"

"မမလေးနော်"

"မမလေးနဲ့မမငယ် ဘာဖြစ်နေကြတုန်း.. "

"အိမ်သာလုနေကြတာဟေ့!!"

"လုစရာမလို့ပါဘူး..ဖြိုးအခန်းမှာလည်းအိမ်သာရှိတယ်။သားအခန်းမှာလည်းရှိတယ်..သမီးလေးအခန်းမှာလည်းရှိတယ်"

"ငယ်..နင်အဲဒီကိုသွားလိုက်..ငါဒီမှာ..ပါတော့မယ်"

""မသွားဘူး..မမလေးပဲသွား"

"ငါလည်း..မသွားဘူး..ပြောကာ.ငယ်ကိုတွန်းထုတ်ပြီး.အိမ်သာထဲပြေးဝင်သွား၏။

"မမလေးနော်..အကျင့်ပုတ်တဲ့..ပြီးမှာတှေ့မယျ..အာ့.အာ့.ထွက်တော့မယ်"ပြောကာ..အပေါ်ကိုအလျင်အမြန်ပြေးတက်သွား၏။

"ဘာတွေဖြစ်ကြတာလဲ အပြင်သွားပြီးမဟုတ်တာစားခဲ့လိုထင်တယ်.စိတ်ညစ်တယ်"

အပျိုကြီးတွေအိမ်သာကိုဝင်လိုက်ထွက်လိုက်နဲ့ အိမ်သာတက်ကြတာ ၁၆ခေါက်မြှောက်မှာ လုံးဝမထနိုင်တာကြောင့် ဖြိုး လူနာတင်ယာဉ်ခေါ်ကာ အပျိုကြီးသုံးယောက်ကိုဆေးရုံပို့လိုက်ရသည်။

စာရေးသူ သွေးမိန့်



rate now: