တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
"မမ ရေ မမရဲ့အဒေါ်လာတဲ့"
"ဟုတ်လား။ခိုင်လေး ကော်ဖီဖျော်ပေးအုံးနော်။ မမ ဒေါ်ဒေါ်ကိုသွားဧည်ခံလိုက်အုံးမယ်"
"ဟုတ်မမ"
"ငြိမ်း ဧည်ခန်းထဲလာတော့ မျက်နှာတင်းမာလျက်ခြေချင်းချိတ်ကာထိုင်နေသော ဒေါ်ဒေါ်နဲ့မမကိုတွေ့လိုက်ရတယ်။ထို့အပြင် ဘေးနားမှာရပ်နေသော ငြိမ်းနဲ့ ရွယ်တူကောင်လေးချောချော တစ်ယောက်ကိုပါတွေ့လိုက်ရသည်။
"ဲဒေါ် ဒေါ် နေကောင်းရဲ့လား ။မတွေ့တာကြာပြီး"
"အပိုတွေနှုတ်ဆက်မနေစမ်းပါနဲ့ မိငြိမ်း။အိမ်ပြောင်းတာတောင် ငါကိုလာပြီးမပြောသွားဘူး။ညည်းကြောင့်အဲဒီနေ့ကမနက်စာမပြင်လို့ ကိုအောင် အဆူခံလိုက်ရတယ်။"
"တောင်ပန်းပါတယ် ဒေါ်ဒေါ်။ငြိမ်းအဲဒီနေ့က အလုပ်ရှုပ်နေလို့ပါ။"
"အဟွန့် အခုမှာလာတောင်ပန်းမနေနဲ့။ယောကျာ်းရသွားတော့ အရောင်အဆင်ကတောက်ပြောင်နေပါလား။လက်ဝတ်လက်စားတွေဝတ်ထားလို့"
"ငြိမ်းက မဝတ်ချင်ပါဘူး မမ။ဉီးမာန် ကအတင်းဝတ်ခိုင်းလို့ပါ"
"ဒါနဲ့ နင်ကို အဲဒီတစ်စုံပဲဆင်တာလား။တစ်ခြားရတနာရော့မဆင်ဘူးလား"
"တစ်ခြားလည်း ဆင်ပါတယ် မမ"
"ဘာတွေဆင်လဲ မိငြိမ်း"
"ငါလည်း သိချင်တယ် ။နင်ကို့ သားမာန်ကဘာဆင်လဲဆိုတာ"
ထိုအချိန် ဖြိုးတို့သားမိရောက်လာကာ
"ကျောက်စိမ်းကတစ်စုံ၊ပုလဲကတစ်စုံ၊ပတ်တမြားကတစ်စုံ၊နီလာကတစ်စုံ၊စိန်ချည်းသီးသန့်ကတစ်စုံပါ မမြင့်ဇူ။ရွှေကိုတော့ ဒီဇိုင်းအစုံးလုပ်ထားပေးပါတယ်။"
"အော် ဖြိုးလည်းရောက်လာတာကို့"
"ဟုတ်တယ် မမြင့်ဇူ ။အိမ်တက်ပွဲအတွက်လာပြင်ဆင်ရင်နဲ့ သားတို့ကိုသတိရလို့ လာခဲ့တာပါ။ခိုင်လေးရေ အန်တီဖြိုး ချက်လာတဲ့ဟင်းဘူးတွေကိုသိမ်းလိုက်ပါအုံး။"
"ဟုတ်ကဲ့ အန်တီဖြိုး ပြောကာ ဟင်းဘူးတွေယူသွားသည်။"
"ဖြိုးတို့ ဆင်ထားတဲ့လက်ဝတ်လက်စားတွေမြင်ချင်လိုက်တာ ငြိမ်း ပြပါလား ဒေါ်ဒေါ်ကို့"
"အဲဒါများ မမြင့်ဇူ ဖြိုးရဲ့ဖုန်းထဲမှာဓာတ်ပုံရိုက်ထားတဲ့ကြည့်ပေါ့။ဖြိုးတို့ အကိုရဲ့ဆိုင်မှာအော်ဒါမှာထားတာ မမြင့်ဇူ လုပ်ချင်ရင်ပြော လက်ခလျော့ပေးမယ်။အမျိုးတွေပဲကို့ ဟင်း.ဟင်း"
"အဲဒီရတနာတွေကို ကိုင်ပြီးသေချာကြည့်ချင်တာ အန်တီဖြိုးရဲ့။မိငြိမ်း မမကိုယူပြပါလား"
"အဲဒါတော့မရဘူးထင်တယ် မြတ်နိုးရေ။ဘာလိုလဲဆိုတော့ လက်ဝတ်လက်စားထည့်ထားတဲ့မီးခံသစ်တာကို ဖွင့်ဖို့သော့က သားဆီမှာမို့လို့ပါ။"
"ငြိမ်းကို ပေးမကိုင်ထားဘူးလား။ငြိမ်းက အိမ်ထောင်ရှင်မလေး ရတနာတွေထိန်းသိမ်ရမှာက သူတာဝန်လေး"
"မမြင့်ဇူ ယောကျာ်းကရော့ အဲဒီသော့ကိုပေးကိုင်လား"
ဒေါ်မြင့်ဇူ မျက်နှာပျက်၍နှုတ်ခမ်းကိုမဲ့မိပါ၏။ကိုအောင်က သူမကိုသော့ပေးဖို့နေနေသာသာ အိမ်အသုံးစရိတ်တောင် လက်ထဲထဲမပေးဘူး။တောင်းမှာပေးတာကြောင့်ပါ။ပျက်နေတဲ့ မျက်နှာကိုချက်ချင်းပြုပြင်ကာ
"အဟီးး.ကိုအောင်က မမြင့်ဇူကို ပေးမကိုင်ဘူး။သိတဲ့မဟုတ်လား အရမ်းတာဝန်ကြီးတယ်လေး။ဒါကြောင့် မမြင့်ဇူကို တာဝန်မကြီးစေချင်လို့ပါ။"
"အဟွန်း သားကဘာလို့ သမီးကို သော့မပေးကိုင်လဲဆိုတာ ဖြိုး ဖြေစရာမလိုတော့ဘူးထင်ပါတယ်။"
"ဟုတ်ပါတယ် ကိုအောင်လို သားမာန်လည်း ငြိမ်းကို တာဝန်မကြီးစေချင်လိုပဲဖြစ်မယ်။"
"ဒါနဲ့ ဟိုကောင်လေးက ဘာလုပိဖို့ခေါ်လာတာလဲ"
"ဪ လာရင်းအကြောင်းအရာကအဲဒါ ဖြိုးရေ။ငြိမ်း သွားချင်တာသွားဖို့ နဲ့ခိုင်းချင်တာခိုင်းဖို့ခေါ်လာတဲ့ အလုပ်သမားဒရိုင်ဘာပါ။ခြံစောင့်လည်း ရတယ်လေး"
"မမြင့်ဇူကို ကျေးဇူးတင်ပါတယ်။ဒါပေမဲ့.."
"မငြင်းပါနဲ့ ငြိမ်းနဲ့ပတ်သက်ပြီး တစ်ခုမှမလုပ်ပေးရသေးဘူး။အိမ်ဆိုလည်း ဖြိုးတို့ဘက်ကပဲအစအဆုံး ကောင်မလေးငှားတာကအစ မမြင့်ဇူတို့ဘက်ဒီလုပ်တာလုပ်ပေးသင့်ပါတယ်။"
"ဟုတ်ပါတယ် အန်တီဖြိုးရဲ့ မြတ်နိုးရဲ့မေမေက သေချာရှာထားပေးတာပါ။"
"ဟုတ်ပါပြီး။ဒါဆိုရင် ဖြိုးရှာထားတဲ့ ဒရိုင်ဘာကိုပြန်ပြောလိုက်မယ်။ရှာလို့တွေ့ပြီးပြီးလို့"
"အဟင်းး ကြေးဇူးပါ ဖြိုး ပြောကာ သားမိနှစ်ယောက်ကောက်ကျစ်စွာပြုံးနေကြသည်။"
"မင်းတကယ် ခေါင်ကိုပြန်တွေ့တော့ ဘယ်လိုမှမခံစားရဘူးလား"
"ဘာခံစားရမှာလဲ ခံပြင်းမှုလား။ဒါမှမဟုတ်နာကျင်မှုလား။သေချာတာကတော့ သူကိုပြန်တွေ့ရလို့ ပျော်ရွှင်မှုဆိုတာ ငါရင်ထဲမှမရှိဘူး ဇွဲ"
"မင်း သူကိုအချစ်ကြီးလိုအမျက်ကြီးတာထင်တယ်။"
"အဟွန်း အရင်ကဆိုရင်ဟုတ်မယ်။ဒါပေမဲ့ အခုတော့မဟုတ်တော့ဘူး။ငါအိမ်ထောင်ကျပြီးကတည်းက ခေါင်ဆိုတာ တစ်ချိန်ကအချစ်ရူး နှိုင်းဖြိုးမာန်အတွက်သေဆုံးသွားပြီး ။အခုနှိုင်းဖြိုးမာန်ရဲ့နှလုံးသားပြန်ရှင်သန်လာတာ ကလေးကြောင့်ပဲ"
"မင်း ငြိမ်းကိုချစ်နေပြီးလိုဆိုလိုချင်တာလား"
"ဟုတ်တယ်ကွာ ကလေးနဲ့နေရတာ ငါပျော်တယ်"
"အဲဒါအချစ်မဟုတ်ဘူးလေး ပျော်တယ်ဆိုတာက.."
"ပျော်ရွှင်မှုကိုပေးနိုင်တာ အချစ်ပဲရှိတယ်လေး ဇွဲ"
"အေးကွာ ဒါနဲ့ဖွင့်ပြောပြီးပြီးလား ငြိမ်းကို့"
"မပြောရသေးဘူး "
"ပြောတော့လေး အချိန်ဆွဲမနေနဲ့ ငါမိန်းမဆိုပြီး မပြောဘဲမနေနဲ့ တော်ကြာ မဖြစ်သင့်တာဖြစ်ကုန်မယ်"
"ဇွဲ ပြောတာမှန်တယ် မာန်။ငြိမ်းကငယ်ကလည်းငယ် ချောကလည်းချော အခုခေတ်က အပြိုတှအေအိုတှမေခှဲခွားဘူးနျော တော်ကြာ တစ်ခြားသူနောက်ပါသွားမှာ မရှုနိုင်မကယ်နိုင်ဖြစ်မယ်"
"အေးပါကွာ ငါဒီညဖွင့်ပြောမယ် ဟုတ်ပြီးလား"
"ဒါပေါ့ ကဲ့ ဇွဲနဲမာန် အစည်းဝေးချိန်နေပြီး သွားကြစို့ "
"အေးသွားကြရအောင်"
"နင်တူလေးကချစ်စရာလေးနော် အရုပ်ကလေးကျနေတာပဲ"
"ဟုတ်တယ် မမကနိုင်ငံခြားသားနဲ့ရတော့ ကလေးကသူအဖေနဲ့တူပြီး ဗိုလ်ရုပ်လေးပေါက်နေတာ။ဟေ့ကောင် လာအုံး"
ခွေးလေးတွေနဲ့ဆော့နေတဲ့ ကလေးကသူဆီပြေးလာတယ်။တကယ်ချစ်စဖွယ်လေးပါ။ဆံပင်အဝါရောင်ဘုတ်သိုက်နဲ့မျက်လုံးလေးကလည်း အညိုရောင်လေး ကအရုပ်လေးသဖွယ်ဖြစ်စေပါသည်။
"ဒါလေးလေးရဲ့ သူငယ်ချင်း ငြိမ်းစံယဉ်မွန် တဲ့"
"တီတီက so cuteပဲ ဆံပင်တိုတိုလေးနဲ့ သားသားနာမည်ကမိုက်ကယ်ပါ။"
"မိုက်ကယ် မဂ်လာပါနော် ချစ်စရာလေး"
."လူတိုင်းပြောကြပါတယ် အဲဒီစကားက မိုက်ကယ်အတွက်ပျော်စရာမကောင်းဘူး"
"ဟုတ်လား ဒါဆိုရင်တီတီက မိုက်ကယ်ကိုအရမ်းလိမ်မာတယ်ပြောရင်ရော့"
"very happy ပေါ့ မိုက်ကယ်ကို လေးလေးကအရမျးဆိုးတယျလိုပွောတာ လိမ်တယ်လို့ပြောတဲ့သူကရှားတယ်"
"မင်းကရော့ မဆိုးလို့လား မြောကျကနြရော့ မင်းလုပ်လို့ပြတင်းပေါက်မှန်ကွဲတာ ခဏခဏပဲ ပန်းပင်တွေလည်း မင်းခြွေမွလို့ပျက်စီးကုန်ပြီး။လူကြီးကိုလည်း မခန့်လေးစားနဲ့"
"ေလးလေးလည်းဆိုးတာပဲ"
"အောင်မာ ငါဘယ်မှာဆိုးလို့လဲ"
"Mom ပြောတဲ့ လေးလေး သားအရွယ်ကဆိုရင်ဆော့လွန်လို့ကြိုးတုပ်ထားရတယ်တဲ့"
"အဟီးး အမှန်ပဲ မိုက်ကယ်ရေ "
"ငြိမ်းနော်" ပြောပြီး ခေါင်းကိုဖွဖွလေးထုတော့ ငြိမ်းက ရယ်မောနေပါသည်။
မာန် သွေးတွေဆူပွက်၍ မျက်နှာကြီးတင်းမာကာ တစ်ဘက်ခြံကိုလာခဲ့ပါသည်။
"အရမ်းပျော်နေလား ကလေး"
"ဉီးမာန် ပြန်ရောက်ပြီးပဲ..ရှိုငျးရေ ငါသွားတော့မယ်"
ရှိုငျးက နားမလည်နိုင်စွာ အံ့ဪပြီးကျန်ခဲ့၏။ဉီးမာန် ဆိုတဲ့လူက ရှိုငျးကို ရန်သူတစ်ယောက်လိုကြည့်နေတာကြောင့် နည်းနည်းတော့လန့်မိ၏။
ငြိမ်းနဲ့ဉီးမာန် အိမ်ထဲပြန်ရောက်သော်လည်း ဉီးမာန်ကဘာစကားမှမပြောပဲ ဆိုဖာပေါ်ထိုင်ပြီး ရန်လိုကြည့်ကြည့်နေတော့ ငြိမ်း ကပဲစကားစပြောသည်။
"ဉီးမာန် ပြန်ရောက်တာကြာပြီးလား"
"ငါကားသံမကြားရလောက်အောင် မင်းအာရုံကဘယ်သူဆီရောက်နေတာလဲ"
"ငြိမ်း တို့စကားပြောကောင်းနေလို့သတိမထားမိတာပါ"
"အဲဒီကောင်က ဘယ်သူလဲ မင်းနဲ့ဘယ်လိုပတ်သတ်လဲ"
"ရှိုင်းက ငြိမ်းရဲ့ငယ်သူငယ်ချင်းပါ"
"ဘာ! !! ငယ်သူငယ်ချင်းဆိုတိုင်း ခေါင်းပုတ်ဖင်ပုတ်လုပ်စရာလား"
"ဉီးမာန် ဘာကိုဆိုလိုတာလဲ ဖင်ပုတ်ခေါင်းပုတ်လုပ်တာ မြင်လို့လား"
"ဟိုကောင် မင်းရဲ့ခေါင်းကိုကိုင်တဲ့လေး မင်းကလည်းကျေနပ်ပြီးရယ်မောနေတာ ဘာအထာလဲ"
"ဘာအထာမှမဟုတ်ဘူး ဉီးမာန် စကားတွေကတစ်ခြားသူကြားရင် တစ်မျိုးထင်စရာနော်"
"ထင်စရာဖြစ်အောင် မင်းတို့လုပ်ပုံကဟုတ်လို့လား နေစမ်းပါအုံး မင်းကတစ်ခါမှသနပ်ခါးလိမ်တာမဟုတ်ဘူး ဟိုကောင်ဆီသွားမှာ မှုန်နေအောင်လူးထားပါလား"
"အရင်နေ့ကမလိမ်းဘူးဆိုတာက ငြိမ်း အလုပ်တွေများနေလို့ပါ"
"ဟွန့် ဆင်ခြင်တွေ မင်းတို့မိန်းမတွေကလေး ပုံသေနည်းတစ်ခုထဲ အားလုံးကအဲဒီအချိုးတွေပါ"
"ဉီးမာန် ငြိမ်းကို ရှိုင်းနဲ့စွပ်စွဲနေတာလား"
"စွပ်စွဲတာ မဟုတ်ဘူး တပ်အပ်မြင်တာကွာ"
"အဲဒါအမှန်မဟုတ်တာ ငြိမ်းတို့ကရိုးရိုးသားသားပါ"
"ဘာရိုးသားတာလဲ ဟိုကောင်နဲ့မင်းပျော်မြူးနေတာ ကလေးကလည်းပါလိုက်သေးတယ်။ တကယ်မိသားစုလေးသဖွယ်ပဲနော်"
"ဉီးမာန်!!! ငြိမ်း ရဲ့ ကိုယ်ကျင့်တရားကို မစော်ကားနဲ့းး"
"မင်း ငါကိုအော်စရာအကြောင်းမရှိဘူး။အထူးသဖြင် သူစိမ်းယောကျာ်းကြောင့်ပိုမအော်သင့်ဘူးကွာ းး"
"အဟင့် အဟင့် ငြိမ်း ကို ေဖာက်ပြန်တဲ့လိုစွပ်စွဲတာလောက်ဝမ်းနည်းဖို့ကောင်းတာမရှိဘူး"
"ကျစ် ငိုမနေနဲ့ အိမ်ကျက်သရေယုတ်တယ် တောက် ငါဒီညအိမ်ပြန်မအိပ်ဘူး ပြောကာ မာန်တစ်ယောက် စိတ်တိုစွာထွက်သွားပါသည်။ ငြိမ်း ကလည်းဝမ်းနည်းစွာငိုကြွေးနေသည်"
"တောက် မိန်းမတွေကတစ်ပုံစံတည်းပဲ အရက်သောက်တာပဲကောင်းတယ်။ အချစ်ဉီးဆိုတဲ့ မိန်းမကလည်း ငယ်သူငယ်ချင်းဆိုပြီးပါသွားတာပဲ ပြောရင်အတိတ်က ပုံရိပ်တွေကိုမြင်ယောင်လာသည်။
"မာန် ဒါခေါင်ရဲ့ငယ်သူငယ်ချင်း တေဇတဲ့"
"တွေ့ရတာ ဝမ်းသာပါတယ် နှိုင်းမာန်ဖြိုး ပါ"
"ဟုတ်ကဲ့ ခေါင်ရဲ့ငယ်သူငယ်ချင်းပါ။ ခေါင် နင့်ရဲ့ချစ်သူကမိုက်တယ်နော် ရုပ်ကလည်းချော နင်လိုဆရာဝန်ဆိုတော့ အရမ်းလိုက်ဖက်ညီ"
"ဒါပေါ့ ငါနဲ့မာန်က နေနဲ့လလိုအရမ်းလိုက်ဖက်တာ"
"အေးပါ ခေါင် အခုလိုပြုံးပျော်နေတာမြင်ကတည်းက တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်ကြလဲ မြင်နေရပါတယ်"
"ဲမာန် စားသောက်ပြီးရင် ရုပ်ရှင်သွားကြည့်ရအောင်"
"မာန်ဒီနေ့ ခွဲခန်းဝင်ရမယ် ချစ်လေး"
"ဟွန့် မာန်နော် ချစ်သူသက်တမ်းပိုကြာလေး ခေါင်ကို အချိန်မပေးနိုင်လေးပဲ"
"ချစ်လေးလည် ဆရာဝန်ပဲ ဘယ်လုပ်အလုပ်များလဲသိပါတယ်ကွာ စာကျက်လိုက် လက်တွေ့ဆင်းလိုက်လေးကွာ တေဇနဲ့သွားကြည့်လေနော် ချစ်လေးကအလုပ်မရှိပဲ မာန်ကအလုပ်ရှိတယ် လိမ်မာတယ်နော် မာန်ရဲချစ်လေးက စိတ်မကောက်နဲ့နော် မာန် ခွဲခန်းဝင်ဖို့ဆေးရုံသွားရတော့မယ် တာတာ့ တေဇရေ မာန်ရဲ့ချစ်လေးကို အဖော်လုပ်ပေးပါအုံး"
"စိတ်ချပါဗျာ"
"ကျေးဇူးကွာ" ပြောရင် ခေါငျရဲ့ပါလေးခစျြစနိုးလိမျဆှဲပွီး ဆေးရုံကိုအမြန်ပြေးသွားခဲ့သည်။
နောက်နေ့ဆက်ရန်
စာရေးသူ သွေးမိန့်