တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
မီးရောင်စုံအစုံ ထွန်းထားကာ သီချင်းတီးလုံးသံတွေပြည့်နေတဲ့ ပါတီက ငြိမ်းအတွက် အထူးအဆန်းဖြစ်ကာ အံဪရပါသည်။ ဉီးမာန်ရဲ့ လက်မောင်းကို တွဲကာလျှောက်လှမ်းလာစဉ် ပါတီကလူတွေအကုန်လုံးရဲ့အာရုံက ငြိမ်းတို့အတွဲဆီမှာပါ။
"ဆရာ ဒါကျွန်တော်ရဲ့ဇနီး ငြိမ်းစံယဉ်မွန်ပါ"
"မင်းက တကယ်ငယ်ရွယ်ပြီးချောမောတဲ့မိန်ကလေးကို ပိုင်ဆိုင်ထားတာပဲ ဂုဏ်ပြုပါတယ်ကွာ"
"ကျေးဇူးပါ ဆရာ"
"လွတ်လွတ်လပ်လပ်နေကြ ဒီအတိုင်းပျော်စေချင်လို့ကျင်းပတာ ဆေးရုံကလို့ အထက်လူကြီးဆိုပြီး ကြောက်ပြီးမဆက်ဆံနဲ့"
"ဟုတ်ကဲ့ ဆရာ"
"မာန်ရေ ငါတို့ဝိုင်းလာခဲ့"
ဇွဲ ကလှမ်းပြောတာကြောင့် မာန်တို့အတွဲ သူတို့ဝိုင်းမှာထိုင်လိုက်တယ်။ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်မိတ်ဆက်ကာ ရင်နှီးမှုယူကြပါသည်။
ဒေါက်တာမာန်က ကံကောင်းတယ် ချစ်ဖို့ကောင်းတဲ့ဇနီးကိုရထားလို့။ညီမလေးကချစ်စရာလေးနော် ဒေါက်တာမာန်ထက် ငယ်မယ်ထင်တယ်"
"ငယ်ကိုငယ်တာ ..ချစ်ရေ ။ကိုယ်သူငယ်ချင်းနဲ့၁၀နှစ်ငယ်တယ်။
"ဝိုးး ဒါကြောင့်ကို့.. ဒေါက်တာမာန်တို့ကိုမြင်တော့အတွဲလိုမထင်ဘူး မောင်နှမလိုပဲထင်ခဲ့တာ။"
"ချစ်ထင်တာ ကတော်သေးတယ် ကိုတို့ဆိုရင် သားဖလို့ထင်တယ်"
စားပွဲဝိုင်းမှာထိုင်တယ် လူတွေအကုန်ထရယ်ကြတယ်။ငြိမ်း လည်းရောရယ်မိတော့ ဉီးမာန်ကအနားကပ်ပြီး
"အရမ်းသဘောကျနေတဲ့ပေါ့ ကလေးမကိုနုတဲ့ပြောလို့"
"ဒါပေါ့ ဉီးမာန်အဘိုးကြီးရဲ့လို့ တိုးတိုးလေးပြန်ပြောပြီး ငြိမ်း ရယ်လိုက်တယ်။
"အရမ်းပျော်နေကြတယ် ထင်တယ် ရယ်သံတွေဝေလို့ ခေါင် လည်းဒီအဝိုင်းမှာထိုင်ပါစေနော် ပျော်ချင်လို့"
"ဟာ လှထိပ်ခေါင် မတွေ့တာကြာပြီး ငါတို့ရဲ့သူငယ်ချင်း အိုဂျီအထူးကုကြီးရဲ့လန်ဒန်မှာပညာသွားသင်တဲ့လိုတော့သတငျးကွားတယျ နောက်ပိုင်း တော့ဘာမှမကြားမိတော့ဘူး"
"ဟုတ်တယ် ခေါင် လန်ဒန်ကပြန်ရောက်တာမကြာသေးဘူး အခုပါတီက ခေါငျရဲ့ ပါတီလေး"
"ဟမ်းး ဒါဆိုရင် ခေါင်က ဆေးရုံအုပ်ကြီးရဲ့ သမီးပေါ့"
"အဟီးး ဟုတ်တယ် ဖေကြီးကို နင်တို့အကြောင်းပြေပြထားတယ်။ဒါပေမဲ့ ခေါင် အကြောင်းကိုတော့မပြောခိုင်းဘူး"
"ခေါင်က အရမ်းတိုင်းပဲလှတုန်း မာန် တောင်အိမ်ထောင်ကျသွားပြီးလေး"
ခေါင်ရဲ့ မျက်နှာကတစ်ချက်ပျက်ယွင်းသွားပေမဲ့ တစ်ယောက်မှသတိထားမထားမိအောင် အမြန်မျက်နှာထက်ကအပြုံးတင်ကာ
"မာန် ဂုဏ်ယူပါတယ် သတိုသမီးကအရမ်းလှတာပဲ"
"ကျေးဇူးပါ ခေါင်။ကလေး ဒါဉီးမာန်ရဲ့သူငယ်ချင်း လှထိပ်ခေါင်တဲ့"ခေါင်ကို ကျေးဇူးတင်စကားပြောပြီးသည်နှင့် ငြိမ်းကိုလည်း ခေါင်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
"တွေ့ရတာဝမ်းသာပါတယ် မမခေါင် ငြိမ်းစံယဉ်မွန် ပါရှင့်"
"ဟုတ်ကဲ့ပါ ငြိမ်း ။ကဲ့သူငယ်ချင်းတွေလွတ်လပ်လပ်ပျော်ကြနော် သွားကကြရအောင်လား"
"ဟုတ်တယ် သွားကမယ် ပြောကာ အကုန်ထွက်သွားတော့ စားပွဲမှာ မာန်တို့ဇနီးမောင်နှံနဲ့ ခေါင် ပဲကျန်ခဲ့ပါတယ်။
"ငြိမ်း ရော့မကဘူးလား"
"မကတတ်ဘူး မမခေါင်"
"ဒါဆိုရင် မာန်ကို ခဏငှားလို့ရလား မမခေါင်နဲ့တွဲကဖို့ လူမရှိလို့"
ငြိမ်း ပတ်ဝန်းကျင်ကိုတစ်ချက်မျက်လုံးကစားကြည့်တော့ ယောကျာ်းပျိုတွေအများကြီးရှိတာမြင်ရပါတယ်။ဒါပေမဲ့လည်း
"ဟုတ်မမခေါင် "
"ကလေး ခွင့်ပြုပေမဲ့ ငါမကဘူး ခေါင်"
"ဘာကြောင့်လဲ သူငယ်ချင်းအချင်းချင်းကို့ ကူညီမယ်မရှိဘူး လာပါဟာ ငါအဖော်မရှိလို့ ဆိုကာ မာန် ကိုအတင်းဆွဲခေါ်တော့ ငြိမ်းက မျက်နှာလေးငယ်နဲ့ကျန်ရစ်ခဲ့ပါသည်။
"မာန် ဘာကြောင့် ခေါင်ကိုမစောင့်ဘဲလက်ထပ်လိုက်တာလဲ"
"စောင့်ပါလို့ ပြောခဲ့လို့လား"
"ခေါင် မာန်ကိုချစ်တုန်းပဲ"
"ငါတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကပြီးခဲ့ပါပြီး"
"အင်ဟင်း ငါနင့်ကိုပိုင်ဆိုင်ချင်တယ်။ငါ အရင်လို့ချစ်သူဘဝကိုပြန်လိုချင်တယ်။"
"ငါကလက်ထပ်ပြီးသွားပြီး ခေါင်"
"နင် သူကိုမချစ်ဘူးမဟုတ်လား"
"ငါ ကလေးကိုချစ်တယ် ခေါင်။ကလေးနဲ့တွေ့မှာ နင်သတ်ခဲ့တဲ့နှလုံးသားက ပြန်ရှင်လာတာ။ဘာပဲဖြစ်ဖြစ်အရာအားလုံးက အခုကနေတဲ့တီးလုံးလိုပဲပြီးဆုံးပြီး ပြောကာ ခေါင်နဲ့ဖက်ပြီးကနေရာနေ ငြိမ်း ဆီသို့ မာန်တစ်ယောက်ပြန်လာခဲ့သည်။
ငြိမ်းကတော့ ဉီးမာန်နဲ့ မမခေါင်တို့အတွဲညီညီကတာမြင်ပြီး စိတ်မကောင်းဖြစ်နေသည်။ရင်ထဲမှလည်းမဖော်ပြနိုင်သော နာကျင်မှုကိုပါခံစားကာ မျက်ရည်လေးဝဲနေရပါသည်။
"ကလေး ဉီးမာန်တို့ပြန်ရအောင်"
"ဟုတ်ကဲ့ ဉီးမာန်"
မာန် ငြိမ်းရဲ့ပခုံလေးကိုဖက်ကာ ပါတီပွဲမှာထွက်ခဲ့သည်။ခေါင်ကတော့ စိတ်တိုပြီးကျန်ခဲ့သည်။
"မေမေရေ သမီးတို့ ဟိုကောင်မ အိမ်သွားရအောင် ။ပြီးတော့ ကားသမားချောချောတစ်ယောက်ရှာထားတယ်။"
"ဘာလုပ်ဖို့လဲ သမီးရ မေမအေတှကျမလိုဘူးနျော။မေမကေိုယျဘာသာ မောင်းတတ်တယ်။"
"မေမေကလည်း ဝေးလိုက်တာ။ငြိမ်းက ကားမမောင်းတတ်ဘူးလေး အဲဒီတော့ကားမောင်းသမားချောချောတစ်ယောက်ကိုအနားထားပေးလိုက်ရင် အဟွန်းး ငြိမ်းကို ဖောက်ပြန်တဲ့လူအဖြစ်စွပ်စွဲလို့ရပြီးလေး"
"ဟုတ်တယ် အဲဒီကောင်မ သားမာနျနဲ့ကှဲပွီး လမ်းဘေးရောက်အောင်လုပ်ပစ်မယ်"
"အကြံအစည်နဲ့တော့ ပျော်စရာကောင်းနေပြီး။လက်တွေ့တာအကောင်ထည်ဖော်လိုက်ရင် သမီးတို့ပိုပျော်ရမှာ"
"အမှန်ပဲ သမီး မနက်ဖြန်ပဲလှုပ်ရှားရအောင်"
"OK မေမေ"
သားမိနှစ်ယောက်ရဲ့အကြံအစည်ကတော့ တကယ်ယုတ်မာလွန်ပါသည်။သူတို့အပေါ် စေတနာကောင်းတဲ့ ငြိမ်းကို အခုထိယုတ်မာတုန်းပါ။
"မာမီရေ ကိုကိုဆီသွားမလည်ဘူးလား"
"လည်မှာပေါ့ သမီးငယ်ရ မာမီ သားအတွက်ဟင်းတွေချက်နေတာလေး"
"ဟွန့် သမီးအကြိုက်လည်း ချက်ပေးအုံးလေး"
"ချက်တယ်လေး သမီးငယ်လေးရဲ့ နေ့တိုင်းချက်နေတာတောင်အကိုကို့ မနာလိုတုန်း"
"ဒါကတော့ မာမီကဘက်လိုက်တာကို့ "
"အလိုလေးတော် ဘယ်မှာလိုက်လို့တုန်း သမီးငယ်ကိုဉီးစားပေးနေရတာ။ပြီးတော့ မာမီရဲ့အငယ်ဆုံးလေးကိုအရမ်းချစ်ဆုံးပါနော် ပြောကာနဖူးလေးကိုပါနမ်းလိုက်သည်။
"အဟွန်းး ပြီးရော့ မာမီကိုလည်း သမီးက ကိုကိုထက်ပိုချစ်တာနော်"
"သိပါတယ် မာမီရဲ့အသဲတုံးလေးရဲ့"
"ကလေး ဆေးခန်းသွားဖို့ အဝတ်စားလှဲ"
"ဉီးမာန် ငြိမ်းက ဆေးခန်းကိုဘာလိုက်လုပ်ရမှာလဲ"
"ဝိုင်းကူဖို့ ခါတိုင်းဆေးခန်းထိုင်တဲ့ မမဖြူက ဒီနေ့ခွင့်ယူထားတာ အဲဒါကလေး လိုက်ပြီးကူရမယ်"
"ဟုတ်ကဲ့ပါ။ခိုင်လေးရေ မမဒီနေ့ ဉီးမာန်နောက်လိုက်သွားရမှာ အဲဒါကရုစိုက်နေနော်မီးသတိထား"
"ဟုတ်ကဲ့ မမ"
"အေး ဒါဆိုရင် မမလိုက်သွားဖို့ပြင်ဆင်တော့မယ်"
ဆေးခန်းရောက်တော့ ကလေးက နာမည်၊အသက်၊ပဲရေးပေး ဉီးမာန်ကကိုယ်ဘာသာဆေးလာပေးမယ်"
"ဟုတ်ကဲ့ ဉီးမာန်"
ငြိမ်း ဉီးမာန်ကိုအံ့ဪမိတယ် ကလေးမ လို့ခေါ်ရာကနေ ကလေးလို့ပြောင်းခေါ်တာ ပါတီပွဲကတည်းကပါ။
"ဒေါက်တာရှိလား မမ ဆေးခန်းပြမလို့"
"ရှိပါတယ် နာမည်၊ အသက်၊လိပ်စာပြောပေးပါ။
ကောင်မလေး ပြောတာချရေးပြီး အထဲဝင်ခိုင်းလိုက်ပါတယ်။
"ဒေါက်တာ "
"ဘာဖြစ်လာပြန်ပြီး နေ့တိုငျးလာနတောတောငျ ရောဂါကမပျောက်သေးဘူး"
"ဒီနေ့က တစ်ခြားရောဂါပါဆရာ ခေါင်းနည်းနည်းမူးချင်သလိုဖြစ်နေတယ်"
"အဲဒါများ သံပုရာရည်တစ်ခွက်ဖျော်သောက်ရင် အမူးပြေပါတယ်ဗျာ"
"မပြေဘူး သောက်ပြီးပြီး ဒေါက်တာကုမှာပျောက်မှာ၊ဒါနဲ့ ဆရာမအသစ်လေးကချောချောလေးနော် "
"ဟုတ်တယ် ဒီနေ့မမဖြူ ခွင့်ယူလို ဒေါက်တာမိန်းမကို ခေါ်လာခဲ့တာ"
"ဘာ.. ဒေါက်တာ.. မိန်းမဘယ်တုန်းက ရသွားတာလဲ အီး.ဟီးး"
"ဟာမငိုနဲ့လေး "
"ငိုမှာပဲ တော်ပြီး နောက်ဒီဆေးခန်းကိုမလာတော့ဘူး ပြောကာမိန်းကလေးပြေးထွက်သွားပါသည်။
"ဉီးမာန် ငြိမ်း အကုန်ကြားပြီးပြီး ဘယ်လိုလုပ်ကြမလဲ"
"ဒီအတိုင်းပဲထားလိုက် အမှန်တရားပဲကို့ အဲလိုမိန်းကလေးတွေ ဉီးမာန်ဆေးခန်းမလာတာကောင်းတယ်။ဘာမှစိတ်ထဲထားမနေနဲ့ ကလေးအလုပ်သာကလေးလုပ်"
"ဟုတ်ကဲ့ ဉီးမာန်"
ဒီနေ့ ဆေးခန်းမှာ မိန်းကလေးတော်တော်များများ ငိုပြီးပြန်သွားကြပါသည်။ငြိမ်းလည်း အံ့ဪလျက်ပါပဲ ဉီးမာန်ကို မိန်းကလေးတိုင်းကြိုက်မှန်း အခုမှသိပါသည်။
"ဒေါက်တာခေါင် ဘာလေးမွေးလဲ"
"ယောကျာ်လေး ၇ပေါငျဆနဲ့၈အောငျဆ ကလေးရော့ မိခင်ရော့ကျန်းမာတယ်"
" ပညာတော်သင်သွားပြီးပြန်လာတာကိုမနားပဲ ချက်ချင်း အလုပ်ဝင်တာပဲ"
."ခေါင်က သင်ယူလာတဲ့ပညာကို လက်တွေ့အသုံးချချင်လို့ပါ"ပြီးတော့ ခေါင် လိုပဲရင်းရင်းနှီးနှီးခေါ်ပါ ဒေါက်တာထွန်းမြတ်"
"ဟုတ်ကဲ့ပါ ခေါငျ ကျွန်တော်ကိုလည်း ထွန်းလိုပဲခေါ်ပါ"
"ဟုတ်ကဲ့ ခေါင် အနားယူလိုက်အုံးမယ် ပြောကာနားနေခန်းကိုသွားပါသည်။
ခေါင် နားနေခန်းရောက်တော့ ဆလင်းဘတ်အိတ်ကိုဖွင့်ပြီး မာန်နဲ့သူရိုက်ထားတဲ့ဓာတ်ပုံကိုကြည့်ပြီး အတိတ်ကိုပြန်လည်တွေးမိပါသည်။
"မာန်ကလည်း ဓာတ်ပုံရိုက်ချင်ပါတယ်ဆို"
"စာသင်ချိန် နီးနေပြီးလေး အချစ်လေးရဲ့"
"မရဘူး ရိုက်ရမယ် ခေါင်ကို ချစ်ရင် လိုက်လျောရမယ် ဒါပဲ"
နှုတ်ခမ်းလေးဆူပြီး စိတ်ကောက်နေတဲ့ချစ်သူကိုကြည့် မာန်တစ်ယောက် လိုက်လျောဖို့ပြင်ကာ သူမရဲ့လကျကိုဆှဲပွီး ဓာတ်ပုံဆိုင်ထဲ ဝင်တော့
"အဲဒါကြောင့် မာန်ကိုအရမ်းချစ်တာ"
"အပြောပဲလား မာန်ပါးကိုမနမ်းဘူးလား"
"ဟာ မနမ်းပါဘူး ရှက်တယ် ကဲဓာတ်ပုံရိုက်ရအောင် ပြောကာ postအမျိုးမျိုးပေးပြီး ဓာတ်ပုံရိုက်ကြပါသည်။
ချစ်သူသက်တမ်း ၁နှစ်ပြည့်မှာ သူနဲ့ခေါင် လျှောက်လည်ကြတာ ပျော်ဖို့အရမ်းကောင်းတယ်။
"ကဲ့ အချစ်လေးနဲ့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်သလို ဆေးကျောင်းတက်တာလဲ ပထမနှစ်ပြီးပြီး။နောက်နှစ်တွေကိုလည်း အခုလိုပဲဖြတ်သန်းချင်တယ်ကွာ"
"ဟွန့် ခေါင်ကတော့ စာမှာအမှတ်နည်းလို ဖေဖေဆူနေတယ်။"
"အဲဒါ ကိုယ်ကြောင့်မဟုတ်ဘူးနော် ချစ်လေး ဘာသာအလှပြင်သင်တန်းတွေတက်နေတာကို့"
"ခေါင်က စိတ်ဝင်စားလို့ပါ မာန်တောင် အလှပြင်တက်နေပြီးမဟုတ်လား"
"အဟင်းး..အဟင်း ပြင်တက်နေပြီး ချစ်လေး ပြင်တာကြည့်ပြီး အခုဆိုရင် တော်တောကိုတက်နေပြီး။ ကိုယ်ကို ဂေးလို့တောင်ထင်မိနေပြီး"
"မာန်နော် ဂေးလိုတော့မရဘူး ခေါင်ကိုယူရအုံးမှာ"
"ဒါပေါ့ ဗျာ အခုလည်း ခေါင်အတွက်ကြိုးစားနေတာ ကျောင်းမြန်မြန်ပြီးပြီး ဆရာဝန်ဖြစ်ပြီးတာနဲ့ ချစ်လေးကို ချက်ချင်းလက်ထပ်မှာ"
"အဟီး မာန်တကယ်ပြောတာနော်"
"ဆယ်ကယ်ဗျာ ချစ်လေးက မာန်ဘဝအတွက် နောက်ထပ်မရှိနိုင်တဲ့ အချစ်ဉီး မိန်းကလေးပါ"
"ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာ ဘုရားသွား လျှောက်လည် မုန့်စားနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ မာန်နဲ့အတူဖြတ်သန်းခဲ့သည်။
"အော် အဲဒီတုန်းကပျော်ဖို့အရမ်းကောင်းတာပဲ မာန်ရယ် ခေါင် အခုနောင်တရနေပါပြီး တီတိုးရေရွတ်ကာ ဓာတ်ပုံလေး ရင်မှာအပ်ထားမိသည်။
နောက်နေ့ဆက်ရန်ဗျာ
စာရေးသူ သွေးမိန့်