တိမ်လွှာဖြူလေးရဲ့ချစ်သက်သေ
ငြိမ်း..တစ်ယောက်မီးဖိုချောင်းမှာချက်ပြုတ်နေတာ
အိမ်ကမိသားစုတွေစားဖို့အတွက်ပါ..မနက်ကတည်းက..တလှုပ်လှုပ်နဲ့ချက်နေရတာ..ချွေးပါပြန်တယ်။
"ငြိမ်း..ဘာတွေချက်ပြီးပြီးလဲ"
"ဒေါ်ဒေါ်..နိုးပြီးလား..ငြိမ်း.ဒီနေ့ကြက်သားဆီပြန်ချက်၊ကန်စွန်းရွက်ကြော်၊ချဉ်ပေါင်းဟင်းရည်၊
ပုစွန်တုပ်ဆီပြန်၊ငါးပိရည်တိုစရာပါ"
"မဆိုးပါဘူး..ငြိမ်း..အလုပ်လုပ်ဖို့မစဉ်းစားနဲ့နော်
အိမ်အလုပ်ကနင်ရှိမှရမှာ..မိဝိုင်းကရွာပြန်တော့
အိမ်ရဲ့အလုပ်တွေကိုငါမလုပ်နိုင်ဘူး..နင်ပဲလုပ်ရမယ်"
ငြိမ်းမှာ..ငြင်းပိုင်ခွင့်မရှိဘူးလေး.သူတို့ရဲ့အရိပ်အောက်မှာနေရတော့..သူတို့ကျေနပ်သလိုနေရမှာပဲလေး..ငြိမ်းကိုပညာတတ်အောင်ထားပေးတာပဲကျေးဇူးတင်ရမယ်။
"ဘာတွေစဉ်းစားနေတာလဲ..ငါပြောတာကြားလား"
"ဟုတ်ကြားပါတယ်..ဒေါ်ဒေါ်သဘောပါ"
"ဒီလိုပဲဖြစ်ရမှာပေါ့ ညည်းကိုကျွေးမွေးရကျိုးနပ်တယ်"ပြောပြီးမီးဖိုချောင်ကနေ..ကျေနပ်စွာထွက်သွားတော့သည်။
ငြိမ်း...လည်းလုပ်လက်စအလုပ်များကို...စက်ရုပ်မလေးပမာဆက်လက်လုပ်ဆောင်နေပါတယ်။
ဆရာဝန်ဆိုတဲ့အတိုင်း..လူနာတွေကိုကြည့်ရတာသူအတွက်မဆန်းပေမဲ့..နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲဆရာဝန်ဖြစ်နေတာက..သူအတွက်အနှောက်ယှက်ပါပဲ..သူရုပ်ရည်ချောတဲ့ပြသာနာကလည်းမလွယ်ဘူး..တစ်နေ့တစ်နေ့သူထိုင်တဲ့ဆေးခန်းကို...ဘာရောဂါမှမဖြစ်ပဲလာလာပြ..တဲ့မိန်းကလေးတစ်ချို့ကြောင့် စိတ်ညစ်ရတာလဲခဏခဏပဲ..အော်တွေးနေရင်နဲ့
မိန်းကလေးတစ်သိုက်သူဆေးခန်းကိုရောက်လာပြန်တယ်။
"ဆရာရှိလားမမ...နှင်း သူငယ်ချင်းဗိုက်အောင့်လို"
"ရှိပါတယ်.ညီမ..ဒီနေ့လူနာနည်းနည်းပါးတော့..အခုဝင်လိုရပါပြီ"
"ဟုတ်မမ..ပြီးတော့လေး ညီမတို့အကုန်လုံးပြမှာပါ"
"ဟမ်..ဆေးပေးတဲ့ဆရာမလေး အံ့သြစွာဖြစ်သွားတော့
"နှင်းကနှာဆီတာ..သူကသံဓာတ်လိုလို့..သူက..နည်းနည်းနေမကောင်းချင်သလို့ဖြစ်လို့
"မမနားလည်းပြီး..တစ်ယောက်ပြီးတစ်ယောက်ဝင်ကြပါကွယ်"
"ဟုတ်မမ.."
"မာန်..တစ်ယောက်ဆေးမကုရပဲ..မိန်းကလေးတွေသိချင်သမျှဖြေလိုက်ရပါတယ်..သောက်ဆေးကိုတော့..အားဆေးတွေပဲပေးလိုက်ရပါတယ်။
"ဆရာရေ....ဖြူတို့ဆေးခန်းကတော့...အမြဲတမ်းဘာရောဂါမှမရှိတဲ့လူတွေလာပြလို့...ပိုက်ဆံတော်တော့မြတ်နေပြီး။
"မဖြူ..ကလည်း..မရှိဆင်းရဲသားတွေပြန်ပြီးလှူလို့ရတာပေါ့"
"ဟုတ်ပါပြီး..ဆရာရဲ့"
"မဖြူ..ဆေးခန်းလည်း..လူပါးပြီး..ဆိုတော့ပိတ်တော့မယ်"
"ဒီညဂျူတီကျတယ်..စောစောပြန်ပြီးနားတော့မယ်."
"ဟုတ်..ဆရာ"
မာန်..ဆေးခန်းရှေ့မှာရပ်ထားတဲ့.ကားအနက်ရောင်ပေါ်တက်ပြီး..အိမ်ကိုပြန်ခဲ့တယ်..လမ်းမှာမာမီစားဖို့..အသီးနှံတစ်ချို့ဝယ်မယ်စိတ်ကူးဖြင့်
စျေးတန်းလေးတွေ့ရင်..ရပ်မယ်လို့တွေးမိပါတယ်။
"ငြိမ်းရေ...ငြိမ်း"
"ရှင်.မမ"
"ဘာလုပ်နေတာလဲ.."
"မီးပူတိုက်နေတာမမ..ငြိမ်း.ကိုခိုင်းစရာရှိလို့လား"
"ရှိတယ်..လမ်းထိပ်မှာအခွေသွားငှားပေး..ပြီးရင်စားစရာအအေး.ဆီးထုပ်ဝယ်ခဲ့ပေး"
"ဟိုလေး..မမ..ငြိမ်းမီးပူတိုက်တာပြီးဖို့.သုံးထည်ပဲကျန်တော့တာ..ခဏစောင့်ပေးလို့ရမလား"
"မိငြိမ်း..ဘာအထွန့်တက်တာလဲမလိုချင်ဘူး..အခုချက်ချင်းသွားဝယ်ပေး..မြတ်နိုးဆိုတဲ့ငါအကြောင်းသိတယ်နော်"
"ဟုတ်.မမ..ငြိမ်းအခုပဲသွားဝယ်ပေးပါမယ်"
ငြိမ်း.တစ်ယောက်အလောတကြီးထွက်လာရပါတယ်..မမကလွယ်တာမဟုတ်ဘူး..လုပ်ငန်းတစ်ခုကိုဉီးဆောင်ပြီး.ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး..အလုပ်လုပ်သော..မမ..နှင်းဆီအနီတစ်ပွင့်လိုထက်မြက်ပြီးရဲရင်မှုတွေစိုးမိုးထားသော..မမပါ။ငြိမ်း..အရမ်းကြောက်ပါတယ်..စိတ်ကလည်းအရမ်းကြီးပြီး..တစ်ခုခုဆိုရင်လက်ပါတတ်ပါတယ်။
ငြိမ်း..အခွေဆိုင်မှာ..အခွေငှားပြီး..မမဝယ်ခိုင်းတဲ့အတိုင်းဝယ်ပြီး..အိမ်ကိုပြန်ခဲ့ပါတယ်။..
"ဟာ..ဟိုအဘွားကြီး..ဘေးဖယျ.ဘေးဖယ်..စက်ဘီးလာနေတယ်လေး..ဘရိတ်ပေါက်နေတာ..ဖယ်..ဖယ်
ငြိမ်း..အော်သံကြောင့်ကြည့်လိုက်တော့.အန်တီကြီးတစ်ယောက်..လမ်းလျှောက်နေတာကို့..ရပ်ကွက်ထဲက.ကောင်လေး၃ယောက်.စက်ဘီးတစ်စီးနဲ့.အန်တီကြီးဆီသို့အရှိန်ပြင်းစွာ..မောင်းလာတာကြောင့်..ငြိမ်းဘာမှမစဉ်းစာမိဘဲ..လက်ထဲကသယ်လာတဲ့အရာကိုပစ်ချမိကာ..အပြေးလေး..အန်တီကြီးပြေးဆွဲမိပါတယ်။
"ဒုန်း..ဂွမ်းး..အုန်းးး"ဆိုအသံတွေဆူညံပွက်သွားပါတယ်။
"ဟဲ..စက်ဘီးနဲ့မျောက်သုံးကောင်..မြောင်းထဲထိုးကျသွားပြီး..မိန်းကလေးနဲ့ဟိုအဒေါ်ကြီးကို..ပြေးထူးကြ.."ဆိုကာ.ရပ်ကွက်ထဲ ကလူတွေရောက်လာပြီး..ဝိုင်းကူကြပါတယ်။
ငြိမ်းကတော့.ခါးကြောမျက်သွားပါတယ်..ဟိုအန်တီကိုပြေးဆွဲတော့.အန်တီရဲ့ကိုယ်ကြီးက.သူမ.အပေါ်အရှိန်နဲ့ပြိုကျလာတာကြောင့်ပါ။
"ဘာဖြစ်သွား..ဖြိုးမေ..နင်ကလေး.နင်သားကို..အိမ်မှာစောငျ့ကွိုလညျးရပါတယျ...နငျသားအသကျက၃၀ရှိပွီး.ဆရာဝန်လည်းဖြစ်နေပြီးကို့..ကလေးလိုထင်တုန်း..အခုတော့
.ဟိုကောင်မလေးဝင်ဆွဲလို..မဟုတ်ရင်နင်အရိုးတွေကျိုးပြီး"
"ငါလည်း..သားဆီစိတ်ရောက်နေလို့ပါ..နွယ်ရဲ့..သမီးကိုအန်တီကျေးဇူးအရမ်းတင်တယ်..သမီးကယ်လို့..မဟုတ်ရင်အန်တီမလွယ်ဘူး..သမီးရော့ဘာဖြစ်သွားသေးလဲ"
"ဘာမှမဖြစ်ပါဘူး..အန်တီ..ငြိမ်း..ကိုသွားခွင့်ပြုပါအုံး"
"အို..သမီးကလည်း..နာမည်လေးပြောသွားအုံးလေး..ဒီလမ်းထဲနေတာထင်တယ်"
"ဟုတ်ကဲ့..သမီးနာမည်.ငြိမ်းစံယဉ်မွန်ပါ..ဒီလမ်းထဲမှာပဲနေတာပါ..အိမ်နံပတ်..၅၃၄ပါ"
"အော်..မမြင့်ဇူတို့အိမ်ကလား..သိတာပေါ့..အန်တီတို့နဲ့အိမ်ချင်းကပ်ကို့..အန်တီနာမည်မှတ်ထား..မေဖြိုးတဲ့..သမီးတို့ခေါင်ရင်းအိမ်က.နောက်မှာအိမ်လာပြီးကျေးဇူးတင်တော့မယ်"
"မဟုတ်တာ..အန်တီကလည်း.ငြိမ်းကအခုလိုကူညီခွင့်ရတာပဲ..ဝမ်းသာလှပြီး"
"စိတ်ထားဖြူလိုက်တာ..သမီးလေးအစစအရာရာတိုးတက်ပါစေ..ရုပ်ကလေးချောသလို့..စိတ်ဓာတ်လေးကကောင်းမွန်လိုက်တာ..အန်တီကို..အဒေါ်အရင်းတစ်ယောက်လိုသဘောထားနော်"
"ဟုတ်ကဲ့..အန်တီ..သမီးကိုသွားခွင့်ပြုပါအုံးရှင့်"
"အေး..အေးကွယ်"
ငြိမ်း..ကြောက်ရွံမိပါတယ်..အိမ်ပြန်နောက်ကျသလို့..မမဖို့ဝယ်လာတဲ့ဆီးထုပ်ကဘယ်နားကပြုတ်ကျမှန်းမသိ..သွားဝယ်ရအောင်ကလည်းပိုက်ဆံမရှိ.."ဟူးး..အပြောခံလိုက်တော့..ငြိမ်းရေ.ဖိုက်တင်း.."ကိုယ်ကိုအားပေးပြီး..အိမ်ထဲဝင်ခဲ့ပါတယ်။
"မိငြိမ်း..ကြာလာချည်း..ဘယ်မှာလဲငါမှာတဲ့မုန့်"
"ဟိုလေး..မမ..မုန့်ကလမ်းမှာပျောက်သွားလို့..အခွေပဲရခဲ့တယ်"
"ဘာပြောတဲ့..မိငြိမ်း..နင်မုန့်ထုပ်ပျောက်သွားရအောင်..ဘာတွေငမ်းနေလို့လဲ..ဟင်..မိငြိမ်း..အလုပ်ကိုခိုင်းရင်သေချာမလုပ်ဘူး..နင်အပြစ်နင်သိတယ်နော်..ဒီညထမင်းစာဖို့မတွေးနဲ့..သွားဟိုမှာထိုင်ထ..အခါတစ်ရာသွားလုပ်"
"ဟုတ်.မမ"
မြတ်နိုး..မဲ့ပြုံးပြုံးကာ အခွေကြည့်နေလိုက်ပါတယ်.".မိငြိမ်း..နင်ကငါအတွက်အရှုပ်ထုပ်ပဲ..ငါအိမ်မှာလာကပ်နေတဲ့အပြင်..ငါထက်ရုပ်ကပိုချောနေတာက..နင်အတွက်အကြီးမားဆုံးအပြစ်ပဲ..ဒီထက်ပိုပြီးနင်ကိုပညာပေးပြမယ်..ဟွန့်"
ငြိမ်း..အိပ်ရာဝင်တော့.တစ်ကိုယ်လုံးညောင်နေသလိုဗိုက်ကလည်း..ဆာလှပါတယ်..တစ်နေ့ကုန်အိမ်အလုပ်လုပ်ရတဲ့အပြင်..ညနေကထိုင်ထပါအပြစ်ပေးခံရတော့..ဗိုက်ကတဂွီဂွီမြည်နေပါတယ်။
ဗိုက်ဆာလိုက်တာ..ဗိုက်ဆာလိုက်တာ..ရေသောက်တာ၆ခွက်ရှိပြီးအခုထိဗိုက်ဆာတုန်း..ငါဘဝကလည်း..သူများအိမ်မှာကပ်နေရပြီးသူများ..မျက်နှာကိုကြည့်နေရတဲ့ဘဝပါလား.ဗိုက်ကဆာလွန်လို့သေတော့မယ်..ဒီအတိုင်းနေလိုမဖြစ်ဘူးတွေးကာ..မီဖိုချောင်းထဲဝင်ကာ..ထမင်းကျန်ဟင်းကျန်တွေကိုစားပစ်ပြီး..အိပ်ရာဝင်ခဲ့ပါတယ်။
"မာမီရဲ့..ဘယ်လိုဖြစ်ရတာတုန်း.."
"သားကိုထွက်ကြိုရင်..မတော်တဆထိခိုက်မိတာပါ..မာမီကဘာမှမဖြစ်ဘူးအိမ်ဘေးက..ကောင်မလေးပဲထိသွားတာ"
"ဘယ်အိမ်ဘေးကလည်း..မာမီ"
"မြတ်နိုး.တို့အိမ်ကလေး..သားသူငယ်ချင်းမြတ်နိုးလေး"
"သူကူညီတာလား..မာမီ"
"မဟုတ်ဘူး..သူညီမဝမ်းကွဲ..ငြိမ်းကူညီတာ"
"သားမသိဘူး..မာမီ..မြတ်နိုးတို့အိမ်သွားဖူးပေမဲ့..သားတစ်ခါမှမတွေ့ဖူးဘူး..မာမီ"
"သားက.ဆေးရုံမှာအနေများတာကို့..မာမီတောင်အိမ်မှာနေပြီးအခုမှသိတာ..ကလေးမက
..မြတ်နိုးနဲ့များကွာပါ။
"ဘယ်လိုကွာတာ..တုန်းမာမီ"
"မြတ်နိုးထက်..ပိုချောပိုလှ..ပိုပြီးစိတ်ထားကောင်းတာဟေ့..ဒီလောက်သိချင်ရင်မနက်ဖြန်သွားပြီးကျေးဇူးတင်ကြောင်း..သားနဲ့မာမီ..သွားပြောကြမယ်"
"ဟုတ်ကဲ့.မာမီ..သားခဏနားပြီးညဂျူတီပြန်သွားလိုက်အုံးမယ်..မာမီ"
"အေး..အေး..မင်းရဲ့အဒေါ်သုံးယောက်ကိုလည်း..ကျန်းမာရေးသွားစစ်ပေးလိုက်အုံး"
"ဟုတ်ကဲ့ပါ..မာမီရ..တစ်အိမ်ထဲအတူနေတာကို..ဘယ်အချိန်စစ်စစ်ရတယ်...မာမီယောင်းမအပျိုကြီး..သားရဲ့အဒေါ်တွေကို..လင်ရအောင်တစ်ခါတည်း..လင်ရဆေးပါထိုးပေးလိုက်မယ်"
"ကြည့်.ပေါက်ကရတွေပြောပြန်ပြီး..မမကြီး..မမလေး..မမငယ်တို့ကြားရင်..သားနာရင်းအုပ်ခံရမယ်"
"ဟားးး..သားကဒီလောက်တော့လည်ပါတယ်..အန်တီကြီးတို့မကြားအောင်း..တိုးတိုးပြောတာပါမာမီရ..သားသွားနားပြီးပြောကာ..ဒေါ်ဖြိုးမေပါးကိုနမ်းကာ..သူအခန်းဆီလာခဲ့ပါတယ်။
မာန်တစ်ယောက်ရေချိုးပြီး..ထမင်းစားဖို့အောက်ဆင်းခဲ့ပါတယ်..။
ထမင်းဝိုင်းမှာ.ဒယ်ဒီ..မာမီ.အဒေါ်အပျိုကြီး..၃ယောက်နဲ့..ညီမငယ်ရတနာဖြိုးလေးကိုပါတွေ့လိုက်ရတော့.လူစုံနေပြီးလေး။
"သား..မြန်မြန်လာစား..ပြီးရင်ဆေးရုံသွားရအုံးမယ်လေး"
"ဟုတ်.မာမီ.."
"သားရေ..မင်းမာမီကတော့.ဒယ်ဒီမပြောချင်ဘူး"
"မပြောချင်ရင်..မပြောနဲ့ပေါ့.ကိုနှိုငျးမာနျ..သားထမင်းစားပါစေ..နာငြီးအောင်မလုပ်နဲ့"
"ဟာ...မင်းညနေက.ကံကောင်းလိုအရိုးမကျိုးတာလေး"
"သား.သိပြီးပြီး..ဒယ်ဒီ..မာမီလည်းနောက်ဆိုရင်ခြံထဲမှာပဲစောင့်ပါ..သားကအသက်မငယ်တော့ဘူးနော်"
"တူလေးပြောမှသတိရတယ်..အန်တီကြီးရဲ့သူငယ်ချင်းရဲ့သမီးနဲ့..သားမာန်ကို..စေ့စပ်ချင်တဲ့.ဘယ်လိုသဘောရလဲ"
"ဟာ..မမကြီးရဲ့သူငယ်ချင်းသမီးက..မစွံပါဘူး.မာနကိုခေါင်ခိုက်နေတာပဲ..လေးရဲ့သူငယ်ချင်းသမီးကမှာ..အေးအေးငြိမ်းငြိမ်းလေး..သားမာန်သဘောကျမှာပါ"
"မမလေးရဲ့.သူငယ်ချင်းသမီးကဘာအေးတာလည်း..သူအကြောင်း.ငယ်အကုန်စုံစမ်းပြီးပြီး..မိဘအရှေ့မှာတစ်မျိုး..ကွယ်ရာမှတစ်မျိုး.အမျိုးစုံကြိုးခုန်နေသော..မာယာများတဲ့မြေခွေးမပါ..မမလေး"
"ငယ်နော်..မဟုတ်တာလျှောက်မပြောနဲ့..ပုလဲဖြူလေး..အရမ်းကိုတည်ငြိမ်အေးချမ်းတာ..လေး..တာဝန်ယူတယ်.."
"ငါရဲ့..ကြိုးကြားလေးကလည်း..မာနခေါင်ခိုက်ပေမဲ့..အရမ်းတော်တာ..သားမာန်နဲ့အရမ်းလိုက်ဖက်မှာ". .အဒေါ်တွေငြင်းခုံတော့မှာသိနေတာကြောင့်..မာန်..ဆေးရုံကိုအမြန်လစ်ထွက်ခဲ့ပါတယ်။
ဆက်ရန်..............
စာရေးသူ သွေးမိန့်