အချစ်တစ်ခု၏တိမ်ငွေ့ဖြူ
ဒီနေတောကျောင်းသွားဖို့နှင်းဖြူတသ်ယောက်တည်းထွက်လာခဲ့သည်။သို့ပေမယ်
နှင်းဖြူသူငယ်ချင်းဖြိုးနှင့်မျိုးကနှင်းဖြူကိုတစ်ယောက်တည်းကျောင်းသွားဖို့ခွင့်မပေးပေ။
"မိနှင်းဖြူ....ဒီနေတောတစ်ယောက်တည်းကျောင်းသွားတောမယ်ပေါ့။တို့ကိုတောင်မခေါ်ဘဲ"
"မဟုတ်ပါဘူး...မိဖြိုးရယ်။ငါနဲနဲညစ်နေလို့ပါ"
"အံမယ်....နင်ကဘာညစ်စရာတွေများနေတာလဲ။ညကကိစ္စကြောင့်လား"
စကားကိုပွင့်ပွင့်လင်းလင်းနဲဒဲ့ပြောတတ်သူမိမျိုးကနှင်းဖြူကိုဒဲ့မေးနေပြီးဖြစ်သည်။နှင်းဖြူဒီစကားကိုဖြေရန်စဥ်စားနေမိသည်။
ပြီးနောက်သက်ပြင်းတစ်ချက်ချပြီးခေါင်းညိတ်ပြလိုက်သည်။
"အမလေ....နှင်းဖြူရယ်။နင်မလဲနော်။
ရ၃လုံးကနင်ကိုသဘောကျနေတာ ဘာဖြစ်လဲ
နင်လည်းပြန်ပြီးသဘောကျကြည့်ပေါ။သူကရုပ်လေလည်းမဆိုးသလို။ဥစ္စာပေါ့...ရုပ်ချောလေပါဘဲဟာ။"
"ဒါမယ်...မဖြသ်နိုင်ဘူးလေမိဖြိုးရယ်။ငါရင်ထဲမှာဘယ်သူရှိတယ်ဆိုတာနင်တို့လည်းသိနေတာဘဲ။"
"အင်း....သိတယ်။ဒါမယ်နွေဦးကနင်ကိုသဘောကျလားမကျလားဆိုတာနင်သိလို့လား"
မိဖြိုး၏ဒီအမေးလေကြောင့်နှင်းဖြူခေါင်းစိုက်၍.....
"အဲဒါကတော.....ငါလည်းအတိကျမသိဘူး"
"ဒါဘဲလေနှင်းဖြူရယ်....နင်စဥ်စားကြည့်ပေါ့။တော်ကြာနေငါးအကြီးကိုလွတ်သွားအုန်းမယ်"
နှင်းဖြူတို့စကားကိုပိတ်လိုက်သူက မိမျိုးဖြစ်သည်။
"ကဲ....တော်တော။တို့အရွယ်ကအဲဒါတွေစဥ်စားရမယ်အရွယ်မဟုတ်သေးဘူးလေဟာ။ငါတို့ဒီနှစ်ကို၁၀တန်းအောင်မှဖြစ်မှာလေ။အဲဒါလေဘဲခေါင်းထဲမှာအရင်မှတ်ထားကြပါအုန်းမမတိုရယ်။"
သူတို့တွေဘာစကားတွေဘယ်လိုပြောပြော
နှင်းဖြူစိတ်မ၀င်စားပေ။
ကျောင်းကိုရောက်ဆရာမစာသင်ပေးမယ်လည်း၊နှင်းဖြူစာကိုစိတ်မ၀င်စားပေ။
မျက်လုံးများကတောနွေဦးဆီကိုပင်ရောက်နေသည်။နှင်းဖြူနွေဦးကိုလှမ်းကြည်ချိန်တိုင်း
ရဲရင်ရိူင်းနှင့်အကြည်သွားဆုံးမိလျှင်၊
ခေါင်းလွဲကာမျက်စောင်းသာထိုးမိသည်။
"ကလင်.....ကလင်.....လင်...လင်...."
ကျောင်းမုန့်စားဆင်းချိန်မှအချက်ပေးသောအသံဖြစ်သည်။နှင်းဖြူစာအုပ်များကိုသိမ်းနေသည်။နှင်းဖြူစာအုပ်သိမ်းပြီးချိန်တွင်နွေဦးကိုမတွေ့တောပေ။နှင်းဖြူသူငယ်ချင်းတွေမုန့်စားဖိုခေါ်တာကိုလည်းနှင်းဖြူငြင်းမိသည်။
နှင်းဖြူနွေဦးကိုသာရှာချင်စိတ်များနေသည်။
နှင်းဖြူအခန်းထဲကထွက်ဖိုပြင်နေစဥ်တွင်နှင်းဖြူလက်ကိုလူတစ်ယောက်လှမ်းဆွဲလိုက်သည်။နှင်းဖြူကြည့်လိုက်တောရဲရင်ရိူင်းဖြစ်သည်။
"ရဲရင့်ရိူင်း.....နင်...ငါလက်ကိုလွတ်"
"နင်ကလည်း....ဘာဖြစ်တာလဲဟာ...လက်ကလေးကိုင်တာကို"
"ဘာဖြစ်တာလဲ....ဟုတ်လား။ငါဘာဖြစ်တယ်ဆိုတာနင်ကိုပြောပြရမှာလား"
နှင်းဖြူပြောသောစကားကိုပြန်မဖြေဘဲခေါင်းသာငုတ်လိုက်သည်။
နှင်းဖြူမဲ့ပြုံးတစ်ချက်ပြုံး၍.....
"ရွံလို.....ပြီးတော.....နင်ကိုမုန်းလို"
"အဲလောက်ဘဲလား.....နှင်းဖြူ"
"ပြောရရင်တောအများကြီးဘဲ....ဒါမယ်ငါမှာအချိန်မရှိလိုဒီလောက်ဘဲ"
"အင်း...ကောင်းပြီးနှင်းဖြူ.....ဒါဆိုလည်းငါ၀ယ်ဘာတဲ့ဒီမုန့်လေတောယူသွားပါ။"
"မယူဘူး...ငါလက်ကိုလွှတ်ပေတော"
"နင့်.....ဒီမုန့်တွေမယူရင်နင်လက်ကိုငါမလွတ်ပေးနိုင်ဘူး"
"Aww....အဲလိုလား....ရတယ်လေ....ပေး"
နှင်းဖြူရဲရင့်ရိူင်းဆီကမုန့်ကိုယူပြီး။အတန်းထဲကအမှုိက်ပုံးဆီဦးတည်သွားလိုက်သည်။မုန်တွေအားလုံးကိုလွတ်ပစ်ပြီးအပြင်ကိုထွက်သွားသည်။
ရဲရင်ရိူင်းတစ်ယောက်ကတောတံခါးပေါက်နားမှာမျက်လုံးအပြူသားနှင့်သာကျန်ခဲ့သည်။
နှင်းဖြူနွေဦးကိုစာကြည့်ဆောင်ဘက်မှာလိုက်ရှာမိသည်။စာကြည်စေောင့်ဘက်တွင်လည်းမတွေ့သဖြင့်နှင်းဖြူစာသင်ဆောင်ဘက်ကိုပြန်ခဲ့သည်။
စာသင်ဆောင်၏အောက်ဘက်၀ရံတာတွင်နွေဦးကိုတွေလေသည်။နွေဦးကိုတွေ့တောနှင်းဖြူခြေလှမ်းများကိုခပ်သွက်သွက်လျှောက်လေသည်။ခြေလှမ်းတို့၏မြန်နူန်းသည်။နှင်းဖြူ၏ရင်ထဲကနှလုံးခုန်နူန်းကိုတောမှီမည်မဟုတ်ပါ။
"နွေဦး......"
"နှင်းဖြူ......."
တစ်ယောက်နှင့်တစ်ယောက်စကားအစလေနှင့်နူတ်ဆက်မိသည်။
"နှင်းဖြူအခန်းကိုသွားမို့လား"
နှင်းဖြူခေါင်းသာညိတ်မိသည်။
"အင်း....အဲဒါဆိုအတူသွားမယ်လေ"
နှင်းဖြူတို့အတူလမ်းလျှောက်နေချိန်တွင်နှင်းဖြူစကားစမိသည်။
"နွေဦ..."
နှင်းဖြူခေါ်လိုက်မိသည်ကိုနွေဦးတစ်ချက်ကြည်မိသည်။
"ညကကိစ္စ.....နွေဦးစိတ်ထဲဘယ်လိုသဘောထားလဲ"
နွေဦးတစ်ချက်ပြုံး၍
"ဪ...ဘာများလဲလိုနှင်းဖြူရယ်။ကျွန်တော်ကဘာကိုစိတ်ထဲထားရမှာလဲ"
"ညကရ၃လုံးလုပ်ရပ်တွေကလွန်တယ်ဆိုတာနွေဦးသိမှာပါ။နှင်းဖြူစိတ်ထဲမှာဘယ်သူရှိတယ်ဆိုတာသိသိရက်နဲ"
နှင်းဖြူ၏စကားကြောင့်နွေဦးခြေလှမ်းတို့ကိုရပ်တန့်လိုက်ပြီး၊နှင်းဖြူဘက်သို့မျက်နှာမူလိုက်သည်။
ခါးကိုအနည်းငယ်မျှကိုင်းညွတ်ပြီး.....
"ဒီမှာ....ကောင်မလေး....ဆက်မပြောနဲတော....ကိုယ့်ရင်ထဲမှာလည်း...ဘာမှမရှိဘူး။အခုအရေးကြီးဆုံးက....မင်းလေ...ကိုယ့်နဲအတူတက္ကသိုလ်သွားဖိုေြခလှမ်းကိုဘဲစဥ်စားထား။အဲဒါကြောင့်စာကိုသေချာလုပ်ဟုတ်ပြီးလား။
အရာအားလုံးကိုအခြေနေတွေကသူဘာသူဖြေရှင်းပေးလိမ်မယ်။အချိန်တန်ရင်တန်သလိုသိရမယ်။ဟုတ်ပြီးလာ။"
နွေဦး၏ဆုံးမစကားတို့သည့်နှင်းဖြူရင်ကိုပို၍ခုန်စေသည်အပြင်နှင်းဖြူ၏လုပ်ဆောင်ချက်တို့သည်လည်းနွေဦး၏အမိန့်အတိုင်သာဖြစ်သည်။
နွေဦးနှင်းဖြူခေါင်းလေကိုကိုင်ပြီးစကားပြေနေသည်မြင်ကွင်းကိုမြင်လိုက်သူကရဲရင်ရိူင်းဖြသ်သည်။ရဲရင်ရိူင်းတစ်ယောက်မခံသိမခံသာဖြစ်ကာအခန်းထဲကိုဒေါသစိတ်၁၀၀%အပြည့်နှင်သာ၀င်ခဲ့သည်။
ကျောင်းဆင်းချိန်တွင် ကားအကောင်းစားနှင်မေသဒ္ဒါဖြိုးကိုစောင့်နေသူကနွေဦးအမေဖြစ်သည်။
"သမီး...သဒ္ဒါ"
"အန်တီ.....နွေဦးကိုလာကြိုတာလား။နွေဦးတို့ကအခန်းထဲမှာဘဲရှိသေးတယ်"
"မဟုတ်ပါဘူး...သမီးရယ်။အန်တီသမီးဆီလာတာပါ။အန်တီမေးစရာလေရှိလိုပါ။အန်တီနဲခဏလောက်လိုက်ခဲ့ပေးနိုင်မလား"
"ဟုတ်....ရပါတယ်။ဒါမယ်...နောက်ကျရင်မေမေက"
"ရပါတယ်သမီးရယ်...အန်တီ....သမီးကိုပြန်လိုက်ပို့ပေးပါမယ်"
ဒေါ်ထိပ်ထားခင်၏တောင်းဆိုမူကြောင့်မေသဒ္ဒါဖြိုးတစ်ယောက် မငြင်းဆန်နိုင်တောဘဲ
ဒေါ်ထိပ်ထားခင်၏ကားပေါ်သို့လိုက်ပါသွားသည်။
"သမီး....သဒ္ဒါ....အန်တီသမီးကိုမေးမယ်။
သမီး အန်တီကိုအမှန်တိုင်းဖြေပေး။ဘာမှမသိုမဝှက်ဘဲအန်တီကိုအမှန်အတိုင်းဖြေပေး"
"ဟုတ်....အန်တီ...သမီးအန်တီကိုအမှန်တိုင်းဖြေပေးပါမယ်။
အန်တီသမီးကိုဘာများမေးမိုလဲ။"
"သမီးသဒ္ဒါ....သားတို့နဲအခုတစ်လောတွဲနေတဲ့ကောင်မလေကိုသမီးသိလား"
"ဟုတ်....သိပါတယ်အန်တီ"
"သူနာမည်။......."
"ငွေနှင်းဖြူပါ"
"အင်း....အဲကောင်မလေနဲသားတိုနဲကအရမ်းရင်နှီးလားသမီး။"
"ဟုတ်....အန်တီ...သမီးအဲဒါတောသေချာမသိပါဘူး"
"သူကအခန်းပြောင်းပြီးတောသမီးတို့ဆီရောက်လာတာပါ။"
"ဟုတ်ပြီး.....သမီးအနေနဲသူအကြောင်းကိုသိသလောက်အန်တီကိုပြောပြနိုင်မလား"
အစောတည်းကဒီအကြောင်းရာတွေကိုပြောချသ်နေသောမေသဒ္ဒါဖြိုးအတွက်အခုအခါမှာအခွင့်ရေးတစ်ခုဖြစ်သွားခဲ့သည်။
"သမီး....သိသလောက်တော...သူမက
အခန်းeကပြောင်းလာတာ။စာအခြေနေကတောမဆိုးဘူးလိုဘဲပြောရမလားမသိဘူး။သူမှာမိဘတွေတောမရှိတောဘူး။ခုချိန်မှာသူအဒေါ်တွေနဲနေတယ်။သူ့အဒေါ်တွေကစျေးထိပ်မှာအသုပ်စုံနဲမုန့်ဟင်းခါးရောင်းတယ်။ပြီးတောသူမ....နွေဦးကိုသဘောကျနေတယ်လိုလည်းသမီးထင်တယ်"
ကားပေါ်မှာဒေါ်ထိပ်ထားခင်တစ်ယောက်မေသဒ္ဒါဖြိုးပြောသောစကားများကိုသေချာစွာနားထောင်နေမိသည်။
••••••••••••••••••••••••••••••••••••••••
ကျောင်းရှေ့အ၀င်အ၀တွင်နွေဦးတစ်ယောက်
ရဲရင့်ရိူင်းကိုစကားပြောရန်စောင့်နေသည်။
"ရှိုင်း......"
ရဲရင်ရိူင်းမသိချင်ယောင်ဆောင်၍စက်ဘီးကိုသာဒေါက်ဖြုတ်လိုက်သည်။ပြီးမှနွေဦးရှေ့မှထွက်သွားဖို့အလုပ်တွင်နွေဌီးတသ်ယောက်ရဲရင်ရိူင်းလက်မောင်းကိုလှမ်းဆွဲလိုက်သည်။
"နွေဦး .....မင်းငါလက်ကိုလွတ်လိုက်"
"ရှုိင်း.....ငါတို့ကသူငယ်ချင်းတွေလေကွာ။
ငါတို့စကားခနပြောရအောင်"
ရဲရင်ရ်ူင်းတစ်ယောက်သက်ပြင်းကိုအသာချ၍
"မင်းကငါကိုဘာပြောစရာရှိတာလဲ"
"ငါပြောချင်တာက.....မင်း...နှင်းဖြူကိုမနှောင့်ယှက်ပါနဲတောလား။"
"မင်းပြောချင်တာအဲစကားလား။"
"အေး.....ဟုတ်တယ်။"
"အဲဒါဆိုရင်တောငါသွားတောမယ်။မင်းငါလက်ကိုလွတ်လိုက်တော။"
နွေဦးတစ်ယောက်ပေတေပြီးရဲရင်ရိူင်းလက်မောင်းကိုဆက်ကိုင်ထားသည်။
"ငါမင်းကိုပြောချင်တ့ဲသဘောက။
မင်းနှင်းဖြူကိုခနလောက်လွတ်ထားလိုက်ပါလား"
"တော်ပါကွာ။နွေဦးရာ
မင်းကိုနှင်းဖြူကသဘောကျနေတောမင်းအတွက်အရာရာကအေးဆေးပေါ့။ငါအတွက်တောအဲလိုမဟုတ်ဘူး။"
"ဒါဆိုရင်မင်းကိုငါမေးမယ်။
မင်း.....နှင်းဖြူကိုအရင်ကမင်းတွဲခဲ့တဲ့ကောင်မလေးတွေလိုဘဲလား။အဲလိုဆိုမင်းအနေနဲနှင်းဖြူကိုဒဏ်ရာတွေမပေးပါနဲ။
နှင်းဖြူကိုမနာကျင်စေချင်ဘူး။"
ရဲရင်ရိူင်းတစ်ယောက်နူတ်ခမ်းမှာအပြုံးတစ်ခုပြပြီးနွေဦးကိုသေချာကြည်လိုက်သည်။
"မင်း....အဲလိုထင်ရင်....အရမ်းမှားသွားမှာပေါ့ကွာ။ငါအနေနဲနှင်းဖြူကိုရှေ့ရေးအတွက်ပါရည်ရွယ်ထားပြီးသားကွာ။အဲတောမင်းအနေနဲမတားသင့်တောဘူးလိုငါထင်တယ်။"
ရဲရင်ရိူင်းစကားကိုအပြတ်ပြောပြီးနွေဦးဆွဲထားသောလက်ကိုဖြုတ်ချလိုကွသည်။စက်ဘီးကိုတွန်း၍ထွက်သွားဖို့အလုပ်တွင်ခြေလှမ်းတို့ကိုခနရပ်တန်း.....
"ဒါနဲ....နွေဦးငါတစ်ခုပြောဖို့ကျန်သေးတယ်။ရဲရင့်ရိူင်းဆိုတဲ့....ငါက
ငွေနှင်းဖြူဆိုတဲ့ကောင်မလေကိုမိဘကသဘောမတူရင်တောင်ငါကသူကိုတန်ဖိုးထားချစ်မယ်ဆိုတာ
မင်းထပ်မှတ်ထားလိုက်အုန်း။မင်းရောငါလိုလုပ်နိုင်လား"
ရဲရင်ရိူင်း၏ထိုအမေးကြောင်နွေဦးတစ်ယောက်ဘာမှပြန်မပြောနိုင်ဘဲကျန်နေခဲ့သည်။
ကျွန်တော်တို့တခါတရံမှာတွေ့ကြုံရသည့်အချစ်တို့သည်ကလူတစ်ယောက်ကိုကာကွယ်ဖို့အတွက်လား.....?
စွန့်ခွာဖိုအတွက်......?
အရေးရာဆုံးသောအဖြေတစ်ခုမရှိသည်အမေးစကားသည်အချစ်လေလား.......?
စိတ်ထဲမှာတီတိုးရေရွတ်မိရင်ဖြင့်နွေဦးတစ်ယောက်အိမ်ကိုပြန်ခဲ့သည်။
ဆက်ရန်....................................
Auother --V