book

Index 8

အပိုင်း-၈

  • Author : Author-V
  • Genres : Comedy, Drama

အချစ်တစ်ခု၏တိမ်ငွေ့ဖြူ

​နွေဦးက​ရွှေပိုးအိမ်တို့​ရောက်​နေပြီးဖြစ်​ကြောင်းကို​ဒေါ်ထိပ်ထားခင်​ပြော​သော​ကြောင့်​ ​ဒေါ်ထိပ်ထားခင်တစ်​ယောက်နှင်းဖြူ​ရှေ့က​နေထွက်သွားသည်။​ဒေါ်ထိပ်ထားခင်ထွက်သွား​တောမှနှင်းဖြူလည်းရင်ထဲကစိုးရိမ်​နေသည်အလုံးကြီးကျသွာသည်။​ဒေါ်ထိပ်ထားခင်ထွက်သွား​တောမှ​နွေဦးကလည်းနှင်းဖြူကိုပြုံးပြပြီ.......
"ကောင်မလေး...လက်​ဆောင်အတွက်​ကျေးဇူးပါ​နော်"
နှင်းဖြူလည်းပြုံးပြလိုက်သည်။ထိုအချိန်မှာနှင်းဖြူတို့အနားသို့ရဲ​ရင့်​ရိူ​င်း​ရောက်လာ​သည်။
"​ငွေနှင်းဖြူ...သွားမယ်...ဟိုစားပွဲမှာဖြိုးနဲမျိုး​စောင့်​နေတယ်"
နှင်းဖြူရဲရင်ရိူင်းလက်ပြ​ရာ​​နေရာသို့နှင်းဖြူကြည်လိုက်သည်။ပြီးမှ​နွေဦးဘက်ကိုလှည့်တောနွေဦးက
"အင်း...နှင်း​ဖြူ...ဘာမှမ​စားရ​သေးဘူး​မလား....သူငယ်ချင်းတွေဆီသွားလိုက်ပါ။ကိုယ့်လည်း...မာမီဆီသွားအုန်းမယ်"လို​ပြောပြီး​နွေဦးကနှင်းဖြူတို့​ရှေ့ကအရင်ဆုံးထွက်သွားသည်။
နှင်းဖြူနှင့်ရဲရင်ရိူင်းလည်းဖြိုးနဲမျိုးစားပွဲ နေရာသို့သွားလိုက်သည်။
နှင်းဖြူတို့သူငယ်ချင်း၃ယောက်လာသမျှလူတိုင်းကိုကြည်​​နေရာအားလုံးကထိတ်ထိတ်ကျဲတွေဖြစ်သည်။
ဖြိုးကလူတစ်ယောက်ကိုလက်ညိုညွှန်း၍နှင်းဖြူကိုပြသည်
"နှင်း​ဖြူ....ဟိုကရင်ဘက်ဟိုက်ဟိုက်နဲ
ဂါဝန်ဝတ်ထားတဲ့တစ်​ယောက်ကို​တွေ့လား"
"အင်း....တွေ့​တယ်...ဘာဖြစ်လိုလဲ"လို့​နှင်း​ဖြူ
မုန့်စားရင်​ဖြေလိုက်သည်။
"အဲဒါ....ရွှေပိုးအိမ်လေ..."လိုမိဖြိုး​ပြော​တောနှင်းဖြူစား​နေသည်မုန့်တောင်လွတ်ကျသွားသည်။
"ဟယ်​....ချော​လိုက်တာ...."လိုမျိုး က​ပြောသည်။နှင်းဖြူတို့ထိုအမျိုးသမီးကိုဘဲကြည်​နေမိသည်။ထိုအချိန်မှာရဲရင်ရိူင်းကနှင်းဖြူကို​သေချာ​ကြည်​ပြီး
"ဒီနေ့...Party မှာဘယ်သူမှမ​ချောဘူး။မင်းကအ​ချောဆုံးနဲအလှဆုံးဘဲ။"
ရဲရင်ရိူင်းပြောတာကိုထောက်ခံလိုက်သူကမျိုးဖြစ်သည်။
"ဟုတ်တယ်...နှင်း​ဖြူ...ဒီညမှာနင်ကအ​ချောဆုံးဘဲ"
မိမျိုး​ပြော​သောစကားကိုဖြိုးကလည်းပြုံး၍​ထောက်ခံသည်။နှင်းဖြူလည်းရှက်ရှက်နှင့်ရယ်ပြီး
"နင်​တို့​ကလည်း...ငါ​မြောက်​တောင်​မြောက်ချင်လာပြီ"
လိုနှင်းဖြူပြောတောရဲရင်ရိူင်းက
"မ​မြောက်​နဲ...နင်ရဲ့ဖုံးကွယ်ထားတဲ့အလှကိုငါ့ပြုပြင်လိုက်လိုလှတာပါ"
"အမ​လေ....ငါ​မြောက်လိုမရပါလား။"လို​ပြော​နေစဥ်မှာနှင်းဖြူတို့နားသို့​ရွှေပိုးအိမ်နှင့်​နွေဦးတို့​ရောက်လာသည်။​နွေဦးတို့နှင့်အတူ​နောက်ထပ်ပါလာသူတစ်​ယောက်က​တော​​မေသဒ္ဒါဖြိုးဖြစ်​သည်။
"ငါ့​မောင်​လေ...ဂျစ်တီဂျစ်​ကန်​လေ
မ​တွေတာကြာလိုလားမသိဘူး။မင်းကအ​တော်ကြည့်​ကောင်းလာတယ်"
ရဲရင့်ရိူင်းရယ်၍....
"ဟား....ဟား....ကျွန်​တော်ထက် မပိုးရဲသတိုးသား​လောင်းကပိုကြည်​ကောင်းတာပါ"လိုရဲရင်ရိူင်းက​နောက်သလိုစသလိုနှငွ့ပြောသည်။
ဒါကို​ရွှေပိုးအိမ်​က....
"ရှုး....ဒီကောင်လေးက​တော...မပိုးနဲ​နွေဦးနဲကဘာမှမဟုတ်​တောဘူး။အဲကိစ္စကိုခုဘဲမပိုးတို့​ပြောခဲ့ပြီးတာ။တို့​တွေ​မောင်နှမလိုက​မောင်နှမလိုဘဲ​လေ"
နှင်းဖြူ မပိုးအိမ်ဆီကဒီစကားကြား​တောအရမ်း​ပျော်သွာသည်။​ရွှေပိုးအိမ်က
စာပွဲ​ဘေးကနှင်းဖြူကိုကြည်၍....
"ဟင့်...ရဲ​ရင်...သူ​လေကဘယ်သူလဲ"
ဒီအ​မေးကို​ဖြေဖိုရဲရင့်ရိူင်းနှင်းဖြူနားကိုသွားလိုက်သည်။
ပြီးတောနှင်းဖြူပခုံးကိုဖက်၍......
"ကျွန်တော်​ကောင်မလေး​ပါ....မပိုး။ဘယ်လိုလဲမ​ချောဘူးလား"
ရဲရင်ရိူင်းအ​​​ဖြေ​ကြောင့်အားလုံးမှင်သက်သွားသည်။နှင်းဖြူလည်းရဲရင်ရိူင်းကိုအံသြစွာကြည်ပြီးဒီအ​ဖြေအတွက်နှင်းဖြူအားလုံးကိုဖြေရှင်းချက်ပေးရတောမည်၊
"ရဲ​ရင်​ရိူ​င်း....နင်ဘာ​ပြောလိုက်တယ်။ခုချက်ချင်းနင်လက်ကိုဖယ်လိုက်ရင်​ကောင်းမယ်​နော်"
နှင်းဖြူ​ပြောသည့်စကားကိုရဲရင်ရိူင်းတစ်​ယောက်ဂရုမစိုက်ဟန်ဖြင့်ပို၍တင်းကျပ်စွာဖက်ထားသည်။​ဒီအချိန်မှာ​နွေဦး၏မျက်၀န်းထဲမှာလည်း​ဒေါသစိတ်များဖုံး​နေပြီးဖြစ်သည်။ဒါမယ်ဒီအချိန်မှာ​နွေဦးဘာလုပ်ရမည်နည်း။ရဲရင်ရိူင်းကို​ဒေါသတကြီးနှင့်လည်းထိုးရန်မှာလည်းမဖြစ်နိုင်​ပေ။ဒီအချိန်မှာရဲရင်ရိူင်းတစ်​ယောက်အနိုင်နဲပိုင်း​သောမျက်လုံးများဖြင့်....
"ကဲ...​နွေဦးမင်းဘာတတ်နိုင်​သေးလဲ။ခုငါလည်း​နှင်းဖြူကိုရဖို့ကြိုးစား​တောမှာ"ဟုရဲရင်ရိူင်းစိတ်ထဲကပြော​နေသည်။
ရဲ​ရင်​ရိူ​င်း နှင်းဖြူကိုမလွတ်သည်အတွက်နှင်းဖြူဘက်ကဘဲဖြေရှင်းချက်ပေးရတောမည်။
"မ​ပိုး...သူ​ပြောသလို။မဟု​တ်​ပါဘူး။
နှင်းဖြူတို့ကသူငယ်ချင်း​တွေပါ"
ရဲရင်ရိူင်းနှင်းဖြူကိုသေချာပြန်ကြည်ပြီး....
"အိုက်(စ်)....ကိုယ့်​ကောင်မ​လေးကလဲကွာ။ဘာ​တွေရှက်​နေတာလဲ။တချိန်ကျရင်သူတို့လည်းသိရမှာဘဲကိုကွာ။"
"ရ၃လုံးနင်မလွန်လာနဲ​တော​နော်။မပိုးနှင်းဖြူကိုခွင့်ပြုပါအုန်း"လို​ပြော၍နှင်းဖြူဒီparty က​နေအ​ေ၀းဆုံးကိုထွက်သွားချင်စိတ်များဖြစ်သွားသည်။နှင်းဖြူထွက်သွားသည်နှင်ရဲရင်ရိူင်းတစ်​ယောက်လည်းနှင်းဖြူ​နောက်လိုက်သွားသည်။ဒီမြင်ကွင်းကို​ဒေါ်ထိပ်ထားခင်တစ်​ယောက်မြင်​သည်။
"ဒီ​ကောင်မ​လေးက...ဘာလဲ...သားနဲသိတယ်။
သားအခင်ဆုံးသူငယ်ချင်းနဲလည်းသိ​နေပါလား။သူကိုဘယ်နားမှာမြင်ဖူးခဲ့ပါလိမ်"
​ဒေါ်ထိပ်ထားခင်စဥ်စား​ခေါင်းထဲတွင်ပုံရိပ်တချို့​ပေါ်လာသည်​။
"သြေ​ာ်....ငါမှတ်မိပြီး။ဒီ​ကောင်မ​လေက
ဟိုဘက်ရပ်ကွက်က​စျေးထိပ်မှာမုန့်ဟင်းခါးသည်ဘဲ"
​ဒေါ်ထိပ်ထားခင်နှင်းဖြူအ​ကြောင်းကိုပိုသိချင်
၍ ​နွေဦးတို့၏သူငယ်ချင်းဖြစ်သည့်​မေသဒ္ဒါဖြိုးကိုမေးရမည်ဟုစိတ်ကူးရသွားသည်။
🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻
နှင်းဖြူတစ်​ယောက်ထိုကိစ္စ​ကြောင့်​နွေဦးတို့အိမ်ထဲက​နေ​ခြေလှမ်းသွက်သွက်ဖြင့်
ထွက်လာသည်။ရဲရင်ရိူင်းလည်းနှင်းဖြူ​နောက်ကိုစက်ဘီးနင်း​၍လိုက်လာသည်။နှင်းဖြူအ​ရှေ့မှာစက်ဘီးကိုပိတ်ရပ်ပြီး......
"နှင်း​ဖြူ....."
ရဲရင်ရိူင်း​ခေါ်​သော်လည်းနှင်းဖြူ​ခေါင်းငုံ၍ငိုသာ​နေသည်
"ဘာဖြစ်​တာလဲ​ဟာ....​ငွေနှင်းဖြူ....နင်ကလည်း"
"​ဪ....ခုမှ​ဘာဖြစ်​တာလဲ...ဟုတ်လား​။
နင်ဒါကိုရည်ရွယ်ချက်ရှိရှိနဲလုပ်တာလား။ရ၃လုံး"
နှင်းဖြူအမေးကိုရဲ​ရင်​ရိူ​င်း​ပြုံး​၍
"နင်ကအဲလိုထင်နေတာလား။"
"ဟုတ်တယ်"
"ဘာ​ကြောင့်လဲ"
"ဒီမှာ...ရ၃လုံးနင်စိတ်အ​ခြေ​နေကိုငါမသိဘူး။
ဒါမယ်နငိဒါကိုရည်ရွယ်ချက်ရှိရှိနဲလုပ်တာမှန်ငါသိတယ်။ငါစိတ်ထဲမှာ​နွေဦးရှိ​နေတာကိုသိသိနဲနင်လုပ်ရက်တယ်ဟာ"လို့
နှင်းဖြူငို​ပြော​ပြောလိုက်သည်။
"နင်မသိတဲ့....ငါစိတ်​အခြေ​နေကို​ပြောပြမယ်"ဆိုပြီးစက်ဘီး​ဒေါက်ကိုချပြီးနှင်းဖြူနားသို​ရောက်လာသည်။နှင်းဖြူကိုတခဏ​လောက်​စေ့​စေ့ကြည်ပြီေ
မျက်နှာမ​မော့​အောင်ငို​နေသည့်နှင်းဖြူပါးတစ်ဖက်​ပေါ်သို့​နွေး​​ထွေးတဲ့အနမ်းတစ်ခု​ရောက်သွားသည်။
နှင်းဖြူဒီ​နွေး​ထွေးမူတစ်ခု​ကြောင့်မျက်လုံးအဝိုင်းသာနှင့်​ခေါင်း​မော့ကြည်မိသည်။
"ရ​၃​လုံး......နင်ဒါဘာလုပ်တာလဲ"
"ငါနင်ကိုချစ်တယ်​ငွေနှင်းဖြူ"
"ရှင်"
နှင်းဖြူဘာမှမပြောနိုင်ခင်မှာရဲရင့်ရိူင်းဆက်၍ပြောသည်။
"မရှင်​နဲ...​​ငွေနှင်းဖြူ...ငါနင်ကိုချစ်တယ်။"
"ဒါမယ်....ရ​၃​လုံး....ငါချစ်တာ​နွေဦး
နင်မှမဟုတ်တာ"
"ဟား...ဟား...အဲဒါကငါအ​စောတည်းကသိ​နေတဲ့အ​​ကြောင်းရာပါ။နင်ဘယ်သူကိုချစ်ချစ်ငါစိတ်မ၀င်စားဘူး။ငါစိတ်၀င်စားတာငါနင့်ကိုချစ်တယ်။နင်လည်းငါကိုပြန်ချစ်ဖို့ဘဲ"
"မဖြစ်နိုင်​ဘူး...ရ​၃​လုံး...ဒီညကိစ္စကိုနင်​ခေါင်းထဲကထုတ်လိုက်။​မနက်ဖြန်မှာနင်​ပေးတဲ့အ၀တ်စား​တွေငါပြန်​ပေးမယ်။နင်နဲ​ငါ
လည်းသူငယ်ချင်းမဟုတ်​တောဘူး။"
"ဟား....နင်ကအဲလိုတစိမ်းဆန်ချင်တယ်ဆိုလည်းရတယ်​လေ၊​နောက်မှငါအဆိုးမစိုးနဲ။ငါကနင်အတွက်နဲဒဿဖြစ်​ပေရမယ်ဆိုလည်းနင်သ​ဘောဘဲ။
​လော​လောဆယ်နင်ငါလိုက်ပို့​ပေးမယ်။စက်ဘီး​ပေါ်တက်"
နှင်းဖြူမျက်နှာကိုတစ်ဖက်လှည့်၍
"နင်လိုက်ပို့စရာမလိုပါဘူး။ငါမှာ​ခြေ​တွေလက်​တွေပါတယ်။ကိုယ့်ဘာသာသွားလိုရတယ်။ပြီး​တော့နင့်လိူအခွင့်အ​ရေးယူတတ်တဲ့လူ​နောက်ကလည်းငါမလိုက်နိုင်ဘူယ"လို​ပြောပြီးထွက်သွားဖိုဟန်ပြင်​နေသည်။ထိုအချိန်မှာနှင်းဖြူလက်ကိုလှမ်းဆွဲလိုက်သူကရဲရင့်ရိူင်း​ဖြစ်သည်။
"ဘာလဲ....နှင်း​ဖြူ...နင်က​နောက်အနမ်းတစ်ပွင့်လိုချင်လိုအဲလိုလုပ်​နေတာလား"
ဒီ​စကား​ကြောင့်နှင်းဖြူ​ တောက် ​တစ်ချက်​ထခါက်ပြီးရဲရင်ရိူင်းဘက်ကိုမျက်​စောင်းမိုးများရွာချလေသည်။
မတက်သာသည်အဆုံး​တောနှင်းဖြူသူစက်ဘီး​နောက်မှပါသွားသည်။

ငါချစ်​နေတဲ့လူကိုသိရက်နဲတမင်ရည်ရွယ်ချက်ရှိရှိနဲသမီးရည်စားလိုပြုမူခဲ့တဲ့နင်ကိုငါမုန်းတယ်
ရ၃​လုံး........

ရဲ​ရင့်​ရိူ​င်း....မင်းကဘာလိုများငါပိုင်ဆိုင်သင့်တဲ့အရာ​တွေကိုမင်းပိုင်ဆိုင်ဖိုကြိုးစား​နေရတာလဲကွယ်။မင်းလုပ်လိုက်တဲ့အပြုအမူ​ကြောင်နှင်းဖြူဘယ်​လောက်ထိနစ်နာသွားမလဲဆိုတာမင်းသိရက်နဲ။​သေချာတာတစ်ခုက​တော​နွေဦးဆိုတဲ့ငါကလည်းငါအတွက်ပွင့်လာမယ်ပန်း​လေအတွက်​နေခြည်တစ်ခုဘဲ။

​တောင်ပန်းပါတယ်​...ရုပ်ဆိုးမ​လေရာ၊မင်းကိုငါသိပ်ချစ်လွန်လို့ဒီလိုပြုမူမိတာပါ။ဒီအတွက်ငါကလူကြမ်းကြီးလည်းဖြစ်သွားနိုင်သလို။မင်အရမ်းမုန်ူမယ်လူလည်းဖြစ်သွားနိုင်တယ်။ဒါမယ့်မင်းကိုပိုင်ဆိုင်ချင်တဲ့စိတ်တစ်ခုကြောင့်ပါကွာ။

ဆက်ရန်..................
●●●●●●●●●●●●●●●●●●●●●●●●●
Online writer-🌻 V🌸
ဆက်၍အား​ပေးကြပါအုန်းနော်.........


rate now: