အချစ်တစ်ခု၏တိမ်ငွေ့ဖြူ
○●○●○●○●○●○●○●○●○
•••••••••••••••••••••••••
နှင်းဖြူကျောင်းဆင်းတောဒီနေနွေဦးဆီမှာနှင်းဖြူချစ်တယ်လိုပြောခဲ့သည်အကြောင်းကိုမိဖြိုးတိုကိုပြောပြမိသည်။
"မိဖြိုး...ငါဒီနေ...နွေဦးကိုချစ်တယ်လိုပြောလိုက်တယ်"
နှင်းဖြူပြောလိုက်တောဖြိုးနှင်းမျိုးကမျက်လုံးပြူ၍အံသြတကြီးနှင့်......
"ဟင့်.....တကယ့်ကြီးလား"လိုသူတိုမေးတော
"အင်း....ဟုတ်တယ်"
"ဝိုး....ဝိုး....အချစ်ကအတော်အစွမ်းထက်ပါလားကွာ။တချိန်လုံးကိုယ့်သိက္ခါကိုအနည်းလေမှမထိပါးခဲ့တဲ့...မိနှင်းတစ်ယောက်က...ယောကျာ်းတစ်ယောက်ကိုချစ်ခွင့်ပန်တယ်။သြော်....နောက်တစ်ယောက်ဖြစ်တဲ့ကျောင်းရဲ့ဒိတ်ဒိတ်ကျဲkingကအလွန်ကိုရုပ်ဆိုးရှာတဲ့....ကောင်မလေးကိုသူငယ်ချင်းလုပ်ဖိုလာတောင်းဆိုတယ်...ဟား....ဟား...ဟား...
အချစ်ဆိုတာတကယ့်ကိုမထင်မှတ်တာတွေဘဲဖြစ်စေတာလား"မျိုးပြောနေသောစကားများကိုဖြတ်၍ဖြိုးက....
"တော်တော့....မိမျိုး။
ဒါဆို...နင်ဖွင့်ပြောလိုက်တောနွေဦးကရောဘာပြောလဲ။ငြင်းလိုက်လား"
"အမလေမိဖြိုး....ရယ်။
နင်...နင့်သူငယ်ချင်းကိုအတော်အထင်ကြီးတာဘဲနော်လို"နှင်းဖြူ ဖြိုးကိုရွဲပြောလိုက်သည်။
"ကဲ...နှင်းဖြူမရွှဲနဲ
အကောင်းဖြေတော။သူနင်ကိုဘာပြောလိုက်လဲ။"
"သူလား....သူကငြင်းတောမငြင်းဘူးဟာ။သူကငါကိုသေချာပြန်ကြည်ပြီး...စာမေးပွဲနီးနေလို...စာသာပိုလုပ်ဖိုပြောတယ်ဟ"
"ဟင့်...အမလေ...မိနှင်းရယ်အဲဒါနင်ကိုငြင်းလိုက်တာပေါ့ဟာ။"
"အင်း....ဟုတ်လား...သူဘက်ကချစ်တယ်မပြောသလို....မချစ်ဘူးလည်းမပြောဖူးလေဟာ။အဲတောငါမျှော်လင့်လိုရသေးတယ်မလား။"
"ဖြိုး...မိနှင်းပြောတာလည်း...မှန်တာဘဲ"လို့ထောက်ခံသူကမျိုးဖြစ်သည်။
"ကဲပါ....ဟုတ်ပါပြီ...နင်တို့၂ယောက်ပိုငါဘာမှမပြောတောဘူး"
နောက်ဆုံးတောဖြိုးကဘဲအရူံးပေးလိုက်သည်
နောက်နေကျောင်းသွားနှင်းဖြူတို့နှင့်အတူကျောင်းသွားဖိုစောင့်နေသူကရဲရင်ရိူင်းဖြစ်သည်။ရဲရင့်ရိူင်းနားရောက်တောနှင်းဖြူတို့၃ယောက်လုံးစက်ဘီးကိုရပ်လိုက်ကြသည်။
"ရ၃လုံးနင်ကကျောင်းမသွားသေးဘဲဘာလုပ်နေတာလဲ။"လိုနှင်းဖြူဘဲမေးမိသည်။
"ငါက...နင်တို့ကိုစောင့်နေတာလေ"
"အင်း...ကြားသာမိုးကြိုးပါလား"လိုမျိုးပါးစပ်ကထွက်မိသည်။ပြီးနောက်ရဲရင်ရိူင်းဘက်မှ...
"ဟုတ်တယ်...နောက်နေတွေ့ကျရင်...ကြားသားမိုးကြိုးမဟုတ်တောဘဲ
ကြားသမျှအားလုံးလက်တွေဖြစ်စေရမယ်။"လိုရဲရင့်ရိူင်းကဆိုသည်။
"ကဲ...စကားများမနေနဲတော...ကျောင်းနောက်ကျအုန်းမယ်...သွားစို့"လိူပြော၍ဖြိုးကဘဲရှေ့ကနေစက်ဘီးဖြင်အရင်ဦးဆောင်သွားသည်။
စက်ဘီးနင်းရင်နှင့်နှင်းဖြူအကြောင်းရာတစ်ခုကိုသိချင်သည့်အတွက်ရဲရင်ရိူင်းကိုမေးမိသည်။
"ရ၃လုံး....နင်ကနွေဦးနဲအတူကျောင်းလာတာမဟုတ်ဘူးလား။နင်နဲနွေဦးနဲကအရမ်းခင်ကြတာမဟုတ်ဘူးလား"
နှင်းဖြူမေးသောစကားများကိုရဲရင်ရိူင်းတစ်ယောက်ပြုံး၍....
"ဒီမှာ....ငွေနှင်းဖြူ....မင်းငါတို့၂ယောက်အကြောင်းကိုအရင်မစပ်စုဘဲ။မင်းကိုယ့်မင်းလှအောင်အရင်မလုပ်ခြင်းဘူးလား"လိုဆို၍ရဲရင့်ရိူင်းတစ်ယောက်စကားလမ်းကြောင်လွှဲလိုက်သည်။
"ရ၃လုံး...ငါမေးတာ...တခြား...နင်ဖြေတာတခြားဖြစ်နေတဲ့"
"အင်း....ဟုတ်လား...ငါဖြေလိုက်တဲ့အဖြေကမင်းသိခြင်တဲ့အကြောင်းအရာရဲအရင်းအမြစ်ဘဲ
မင်းသေချာစဥ်စား။ကျောင်းရှေ့ရောက်တောမယ်။အမြန်နင်း"လိုပြော၍ရဲရင်ရိူင်းတစ်ယောက်စက်ဘီးကိုအမြန်နင်းလေသည်။ကျောင်းရှေနားရောက်တောနွေဦးကိုနှင်းဖြူတို့တွေရသည်။
နွေဦးကိုမြင်တောနှင်းဖြူကဘဲအရင်နွေဦးကိုနူတ်ဆက်လိုက်သည်
ေ"morning ....နှေဦး"
"Morning ပါနှင်းဖြူ"
နွေဦးကိုမြင်သည်နှင့်ရဲရင်ရိူင်းတစ်ယောက်အရင်ကမတူတောဘဲတစိမ်းတစ်ယောက်လိုနူတ်မဆက်ဘဲထွက်သွားသည်။ဒီမြင်ကွင်းကြောင့်နှင်းဖြူတို့လည်းအကြောင်းသားဖြစ်နေသည်။ရဲရင်ရိူင်းထွက်သွားတောမှ
ဖြိုးနှင့်မျိုးတို့ကလည်းနွေဦးနှင့်ခင်ချင်သည့်အတွက်သူတို့ကိုယ့်သူတိုမိတ်ဆက်ကြသည်
"ကိုနွေဦး...တွေ့ရတာ၀မ်းသာတယ်နော်...ဖြိုးနာမည်ကအိအိဖြိုးပါ"
"ဟုတ်....ကျွန်တော်လည်းတွေ့ရတာ၀မ်းသာပါတယ်ဗျာ"
"ကျမကတောအိအိမျိုးပါ...အတန်းထဲမှာတောကိုနွေဦးကိုတွေ့ပေမယ်။စကားမပြောဘူးတောကိုနွေဦးကိုမာနကြီးတယ်...ထင်တာ"
နွေဦးပြုံး၍ဒါဆိုခုကရော
"ခုကတောမဆိုးပါဘူး"လိုမျိုးကပြုံးစိစိနှင့်ပြောသည်။
နေလည်မုန့်စားချိန်ရောက်တောနွေဦးကနှင်းဖြူကိုဖိတ်စာတစ်စောင့်ပေးသည်။
"မင်းဆက်စပ်လာရမယ်နော်..."လိုလည်းပြောသည်။ဒီအချိန်မှာအားလုံး၏ပါးစပ်ဖြာတွင်ရှိနေသည်ကနွေဦး၏မွေးနေအကြောင်းဖြစ်သည်။နွေဦးနှင်းဖြူကိုဖိတ်စာပေးပြီးထွက်သွားသည်။နွေဦးထွက်သွားတောမှဖြိုးနှင့်မျိုးရောရဲရင့်ရိူင်းပါရောက်လာသည်။
"ငွေနှင်းဖြူ...မင်းသွားမှာလား...။"လိုရဲရင်ရိူင်းကမေးသည်
"အင်း...ငါကသွားချင်ပေမယ်။အဲကိုလာမယ်လူတွေကလူချမ်းသာတွေမလား
ငါနဲကမတင့်တယ်ပါဘူး။ဒါမယ်နွေဦးကလည်းငါကိုလာဖို့ပြောနေတယ်"
နှင်းဖြူပြောသောစကားများကိုရဲရင်ရိူင်းက
"ကောင်းပြီ...နှင်းဖြူ။အဲပွဲအတွက်ငါနင်ကိုအကောင်းဆုံးဆင်ပေးမယ်။ဒါအတွက်တစ်ခုဘလဲိုချင်တယ်...နင်ငါပါတနာအဖြစ်သွားရမယ်။ဘယ်လိုလဲ...."
နှင်းဖြူလည်းဒီပွဲကိုသွားချင်နေသည်အတွက်သဘောတူလိုက်သည်။
"ဝိုး...နှင်းဖြူတို့များကံကောင်းချက်နော်"လိုမျိုးကပြောသည်။
"ဒါမယ်...နောက်တစ်ခုရှိသေးတာက...ဒေါ်လေဟာ...ဒေါ်လေကညပိုင်းဆိုငါကိုသိပ်ပြီးအပြင်မလွတ်ဘူးဟာ။အဲဒါကျတောရောငါဘယ်လိုလုပ်ရမလဲ။"လိုနှင်းဖြူကမျက်နှာငယ်လေနှင့်ဆိုသည်။ဒါကိုကူညီဖိုအသင့်ဖြစ်နေသူကဖြိုးနှင့်မျိုးဖြစ်သည်။
"ဘာဖြသ်လဲဟာ...မွေးနေပွဲက၆နာရီမှလေ။ငါနင်အဒေါ်ဆီလာပြောပေးမယ်။အားလုံးokစေရမယ်။ငါတို့လည်းသွားမှာဘဲကို...."လိုပြော၍ဖြိုးနှင့်မျိုးကအပြင်ထွက်ရဖို့အကြောင်းဆွေးနွေးကြသဘည်။
အိမ်ပြန်ရောက်တောရဲရင်ရိူင်းတစ်ယောက်သူအမေဆီအပူကပ်ရသည်။ရဲရင့်ရိူင်းအမေကရဲရင်ရိူင်းကိုချစ်သည့်အတွက်သားအလိုကိုအကုန်ြဖည့်ပေးလေသည်။
မွေးနေပွဲနေမှာနှင်းဖြူသည်.။
ရဲရင်ရိူင်းဆင်ပေးသည့်အဖြူ၀တ်စုံအ့န်မာ၀မ်းဆက်ကို၀တ်ဆင်ထားသည်။အရင်ကသနပ်ခါးတို့နေရာယူနေသောပါးမို့မို့တို့တွင်ဆေးဆိုးပန်းရိူက်ထားသည်ပါးနီရဲရဲလေတို့ကနေရာယူနေသည်။လှပသည်ဆံပင်အရှည်တို့က်ုကောက်ထား၍တစ်၀က်စည်းအလှကလစ်နှင်ညှပ်ထားသည်။အရင်ကဆံပင်ကိုပြောင်နေအောင်စည်းထားစုထားပေမယ်။ဒီညအတွက်တောရှေ့နဖူးပြင်လေမှာကိုရီယားစမြိတ်လေတို့ဆွေ့ကျနေသည်။၀တ်စုံတို့နှင်အတူတွဲဖက်၍ကိုင်ထားသည်လက်ကိုင်အိတ်လေကလည်းရိုးရှင်၍လှလွန်သည်။ဒီနေ့သည်အလှတကအလှဆုံးဖြစ်တဲ့နွေဦးနှင်သဘောတူထားသည့်မော်ဒယ်ရွှေပိုးအိမ်တောင်နှင်းဖြူလောက်လှမည့်မထင်ရလောက်အောင်နှင်းဖြူကသိပ်လှလွန်နေသည်။
မွေးနေပွဲရောက်တောနှင်းဖြူသည်သူကိုယ့်တိုင်ထိုးထားသည်နေကြာပန်းအရုပ်သော့ချိတ်လေကိုနွေဦးကိုပေးလိုက်သည်။နွေဦးဘေးနားမှာကတောနွေဦးအမေရှိသည်။နွေဦးအမေကနှင်းဖြူအသေချာကြည်၍
"မင်းကိုငါမြင်ဖူးသလိုဘဲ"ဟုဆိုသည်။
နွေဦးကသူအမေကိုလှည့်ထွက်သွားစေရန်
"မာမီ...ဟိုမှာမပိုး တို့လာနေပြီး"လိုပြော၍နွေဦးသူအမေကိုပထုတ်လိုက်သည်။
နှင်းဖြူပြင်ထားသောပုံကိုပထမဆုံးတွေ့ရသူရဲရင်ရိူင်းတစ်ယောက်မှင်သက်သွားသည်။
ရုပ်ဆိုးမလေရေ...မင်းကကမ္ဘာပေါ်မှာရုပ်ဆိုးပြီးတောအလှဆုံးသောငါရဲတစ်ဦးတည်းသောနတ်သမီးလေဘဲ။
ကောင်မလေမင်းကပြင်လိုက်တောလည်းမင်းသမီးတောင်အရူံးပေးလောကေ်အောင်လှပါလားကွာ။
..........................မွေးနေ့ပွဲနှင့်အတူ
နောက်တစ်ပိုင်းဆက်ရန်
Online writer-🌻V🌸