book

Index 3

အပိုင်း(၃)

  • Author : Author-V
  • Genres : Comedy, Drama

ချစ်ခြင်းတစ်ခု၏တိမ်​ငွေ့ဖြူ

ဒီ​နေ့​ကျောင်းကိုနှင်းဖြူအ​စောကြီး​ရောက်လာသည်။အတန်းထဲမှာဘယ်သူမှမရှိ​သေး​ပေ။နှင်းဖြူခုံ​တွေကို​သေချာစီပြီးအခန်းကိုသန့်ရှင်း​ရေးလုပ်ဖိုပြင်လိုက်သည်။ထိုအချိန်နှင်းဖြူအ​နောက်မှ......
"ဒီနေ့....မင်းအသင်းလား"
နှင်းဖြူအသံလာရာဘက်လှည့်ကြည်တောနွေဦး....
နှင်းဖြူကိုင်ထားသည့်တံမြက်စည်းလွတ်​ကျသွား​သည်။
ပြီးမှရှက်ရှက်နဲတံမြက်စည်း​လေပြန်​ကောက်​ပြီး
"အင်း.....Eခန်းမှာဆိုဒီ​နေကနှင်းဖြူအသင်း​နေပါ။အဲဒါ​ကြောင့်​စော​စောလာတာပါ"
​နွေဦးက"သြေ​ာ်...ဟုတ်လား"ဟု​ပြောပြီးသူထိုင်တဲ့ခုံဆီသွား၍လွယ်အိတ်ကိုချပြီ....
"ဒါဆိုမင်းနဲငါကအသင်း​နေတူတာဘဲ။ဒါဆိုအတူသန့်ရှင်​ရေးလုပ်ကြတာ​ပေါ့"ဟု​ပြောပြီးနှင်ူဖြူနားသို့​ရောက်လာပြီးတံမြက်စည်းကိုင်ပြီးပြုံးပြသည်။
သူပြုံးလိုက်ချိန်မှာသူမျက်နှာဆွဲ​ဆောင်မူအရှိဆုံးအရာ​လေဖြစ်တဲ့ပါးချိုင့်​လေကပါနှင်းဖြူကိုပြုံးပြ​နေသည်။နှင်းဖြူသည်​နွေဦးနှင့်ဒီလိုအနီးကပ်အတူ​တွေရလိမ့်မည်ဟုအိပ်မက်​တောင်မမက်ဖူး​ပေ။ခုလို​တွေ့​တောနှင်းဖြူရင်​တွေပို၍ခုန်သည်။​နွေဦးသည်​နောက်မှာကျန်​နေခဲ့​​သောနှင်းဖြူကိုလှမ်း​​ခေါ်သဘဲ။
"နှင်း​ဖြူ....ဒီကို​ဂေါ်ပြားနဲအမိူက်ပုံယူလာ​လေ"
"အို....ကြည်​စမ်း...သူနှင်းဖြူနာမည်ကိုသိသွားပြီး"ဟုနှင်းဖြူစိတ်ထဲမှာ​ပြော၍ပြုံးမိသည်။
သူဆီ​ဂေါ်ပြားနဲအမိူက်ပုံယူပြီးနှင်းဖြူသွားလိုက်သည်။သူစုပုံထား​သောအမိူက်များကို​ဂေါ်ပြားနဲမီးညှပ်နဲယူပြီးသိမ်းလိုက်သည်။နှင်းဖြူတို့သန့်ရှင်​ရေးလုပ်ပြီးချိန်မှာ​အခန်းထဲသို့​ကျောင်းသားများတ​ဖြောက်​ဖြောက်နှင့်​ရောက်လာသည်။​နွေဦးက​တောသန်ရှင်​ရေးလုပ်ပြီ​ရေသွားခပ်သည်ပြီး​နောက်သူခုံစားပွဲ​ပေါ်ပြန်ထိုင်၍စာအုပ်ထုတ်ပြီးစာလုပ်​နေသည်။ထိုအချိန်မှာအသင်းသမားအချို့​ရောက်လာပြီဘုရားပန်းလည်နဲလုပ်စရာရှိတာများကိုလုပ်ကြသည်။
နိုင်ငံ​တော်သီချင်းဆိုပြီးဘုရားရှိခုးချိန်​ရောက်မှအတန်းထဲသို့အ​မောတကြီး​ရောက်လာသူကရဲရင့်ရိူင်းဖြစ်သည်။​ဘုရားရှိခိုးပြီးချိန်တွင်Aအခန်းကတီချယ်နဲနှင်းဖြူတို့အတန်းပိုင်း​ရောက်လာသည်။နှင်းဖြူတို့​ကျောင်းသား​တွေတီချယ်တိုကိုနူတ်ဆက်ကြစည်။ပြီးမှတီချယ်တို့၂ယောက်က.....
"ကဲ...ဒီ​နေအသင်းခွဲမယ်"ဟု​ပြော၍အသင်းခွဲ​ပေးသည်။
"​နွေဦး၊ရဲရင်ရိူင်း၊ထွန်းထွန်းဦး၊​မေသဒ္ဒါဖြိုး၊​ငွေနှင်းဖြူ၊အိအိဖြိုး၊"ဟု​ခေါ်လိုက်သည်။နှင်းဖြူအပါအ၀င်အသင်းသား၁၅​ယောက်ပါသည်။နှင်းဖြုတို့ကိုအဝါသင်ဟုဆို​လေသည်။တခြားကျန်​ကျောင်းသားများကိုလည်းအသင်ဖွဲ​ပေးသည်။ပြီးမှနှင်းဖြူတို့အတန်းပိုင်းက...
"အခု​က​စပြီး...အပြိုင်အဆိုင်​တွေရှိသွားပြီး။အခုအသင်အတိုင်းစာလည်းပြိုင်ရမှာဖြစ်သလို။တခြား​ကျောင်းနဲပတ်သက်တဲ့ဂုဏ်ထူး​ဆောင်ရမှာ​တွေလည်းပြိုင်ရမယ်။အဲ​တော့
အခုအားလုံးအတန်းအပြင်ကိုထွက်ကြကိုယ့်အသင်းအတိုင်းဖွဲ့ပြီးအပြင်မှာ​စောင့်​နေကြ"ဟုတီချယ်က​ပြောသည်။​နွေဦးနှင့်ဒီ​လောက်အထိအနီးဆုံး​နေရမည်ကိုအိပ်မက်​တောင်မမက်ဘူးသည်အတွက်
နှင်းဖြူအခုရင်​တွေ​ခုန်​ရသည်။
တီချယ်တို့ကေလိမ်​မော်အသင်​ခေါ်ပြီးမှအဝါသင်ဟု​ခေါ်​သည်။နှင်းဖြူတိုအကုန်အတန်းထဲပြန်ဝင်ကြသည်။တီချယ်ထိုင်ရမည်rollကိုပြ​သည်။
​နွေဦး၊ရဲရင့်ရိူင်းတို့က​ရှေ့ဆုံးမှာထိုင်သည်။နှင်းဖြူနဲအိအိဖြိုးက​နွေဦးတို့
အ​နောက်မှာထိုင်သည်။​မေသဒ္ဒါဖြိုးလည်းနှင်းဖြူတို့နှင့်အတူထိုင်သည်။ဒီအချိန်မှာ​နေရာမရဖြစ်​နေသူကထွန်းထွန်းဦး
"ထွန်းထွန်းဦး​နေရာမရဘူးလား။လာအ​​ရှေ့မှာလာထိုင်"ဟုတီချယ်ကဆိုလိုက်သည်။ထွန်းထွန်းဦးလည်း​ခေါင်းကုတ်ပြီး​ရှေ့ဆုံးမှာထိုင်လိုက်​သည်။
ရဲရင့်ရိူင်းကနှင်းဖြူဘက်သို့လှည့်​၍...
"​တွေ့ပြန်ပြီး​နော်....​တောသူမ"ဟု​ပြောပြီးပြန်လှည့်သွားသည်။တီချယ်တို့အတန်းခွဲအသင်ခွဲပြီးတောစာသင်ကြသည်။
​​နေလည်မုန့်စားဆင်းချိန်မှာ
​နွေဦးသည်စာအကုန်ပြီးသည်ဖြစ်သည်အတွက်စာကြည်တိုက်ကိုသွားသည်။နှင်းဖြူလည်းအ​နောက်ကလိုက်၍စာကြည်တိုက်ဆီသွားခဲ့သည်။နှင်းဖြူကာတွန်းစာအုပ်တစ်အုပ်ယူပြီး​နွေဦး၏မလှမ်းမကမ်းမှာ​နေလိုက်သည်။သိပ်ကိုရင်ခုန်ရတဲ့​နွေဦးကိူတစ်ချက်တစ်ချက်​ခိုးကြည်မိသည်။​နွေဦး​ဘေးနားက​မေသဒ္ဒါဖြိုးကိုလည်းကြည်၍မနာလိုဖြစ်မိသည်။နှင်းဖြူ​နောက်တစ်ခါခိုးကြည်မည်အလုပ်တွင်နှင်းဖြူအ​​ရှေ့က​နေ​ပေါ်လာသည်သူမှာရဲ​ရင့်​ရိူ​င်း​ဖြစ်သည်။
"အမ​လေ...လန့်​လိုက်တာ​ဟယ်....အ​ခြောက်မ"
"ဟား...ဟား...နင်ကဘာလိုလန့်တာလဲ.. ​တောသူမ"
"ဘာလိုမှမဟုတ်ဘူးနင်မျက်နှာကို​တွေ့လိုလန့်တာ​"
"ငါမျက်နှာကအဲ​လောက်​တောင်​ကြောက်ဖို​ကောင်းတာလဲ။ဒါမှမဟုတ်နင်ကငါကို​​ကြောက်​နေတာလား"
"စဥ်စား​လေနင်ကိုငါကဘာ​​ကြောင့်​ကြောက်ရမှာလဲ....အာရုံ​နောက်​ကောင်ရ၃လုံးရယ်"ဟု​ပြောပြီးနှင်းဖြူစာအုပ်ကိုပြန်ကိုင်လိုက်သည်။
"ဟိတ်...ဒီမှာမင်းငါကိုနာမည်ဖျက်တာအ​တော်များ​​နေပြီး​နော်..."
"ဟွန်း....."
"ဒီမှာ​တော​သူမ...နင်စာအုပ်ကို​ပြောင်းပြန်ဖတ်တတ်တာလား"
နှင်းဖြူစာအုပ်ကိုအ​​သေချာကြည်​တောမှဟုတ်ပါသည်စာအုပ်က​ပြောင်းပြန်ဖြစ်​နေသည်။နှင်းဖြူရှက်ရှက်နှင့်စာအုပ်ကိုအတည့်ပြန်ထားလိုက်သည်။
"ဒါနဲ...မင်း...ကာတွန်စာအုပ်ဖတ်​နေတာလား"
"ဟုတ်တယ်...ဘာဖြစ်လဲ။"
"လူကြည်တော၁၀တန်းနော်..."
"ဟုတ်တယ်​၁၀​တန်း.....ဆိုတာနဲကာတွန်းမဖတ်ရဘူးတဲ့လား"
နှင်းဖြူ​ပြော၍မျက်​စောင်းထိုးမိသည်။
"စနိူးဝိူက်(မနှင်းဖြူ)...."ဟုရဲရင့်ရိူင်းအသံထွက်ရွတ်မိသည်။
"ဟား...ဟား....မင်းနဲနာမည်တူတာကို​ရွေးဖတ်တာဘဲ"
"ဒီမှာ...ရ၃လုံးနင်မှာအချိန်​တွေအား​နေလား"
"မအားပါဘူး"
"မအားရင်ဘာလိုငါ့​နှောင့်ယှက်​နေတာလဲ။ဘာလဲနင်ကငါအတွက်အချိန်​တွေ​ပေးရ​အောင်ငါကအဲ​လောက်​တောင်​ချော​နေပြီးလား။အဲလိုဆိုငါကိုယ့်ငါ​တောင်ဘ၀င့်မြင်ခြင်မိတယ်"နှင်းဖြူပြုံး၍​ပြောမိသည်။
"စဥ်​စား​ပေါ့.....​ေ၀း​သေး"
"အဲဒါဆိုထပ်မ​နှောင့်ယှက်ပါနဲ"ဟုနှင်းဖြူ​ပြောပြီးထွက်လာသည်​။
ရဲရင်ရိူင်းတစ်​ယောက်နှင်းဖြူ​ပြော​သောစကားများကိုတွေးရင်ကျန်ခဲ့သည်။
ရဲရင်ရိူင်းကျန်ခဲ့သည်​နေရာကို​မေသဒ္ဒါဖြိုးကြည်၍​နွေဦးကို​ပြောသည်။
"အဲ၂​ယောက်ကဘာ​တွေလည်းမသိဘူး​နော်။ရဲရင့်ရိူင်းအဲ​ကောင်မ​လေကိုစိတ်၀င်စား​နေတာလားမသိဘူး"
​နွေဦး​မေသဒ္ဒါကိုကြည်၍
"ငါမသိဘူး...​ကျောင်း​​ခေါင်း​လောင်းထိုး​တောမယ်ငါအ​​ရှေ့ကသွားနှင့်​တောမယ်"လိုပြောပြီးနွေဦးမေသဒ္ဒါရှေ့ကနေထွက်လာသည်။
ဒီ​နေ့​ကျောင်းဆင်းပြီး​နောက်၂​ရက်သည်။​ကျောင်းပိတ်ရက်ဖြစ်သည်။ဒီ​ကျောင်းပိတ်ရက်တွင်နှင်းဖြူ​နွေဦးကိုသတိရမိ​တောမည်။တနဂ်​နွေ​နေ့​ကျောင်းပိတ်ရက်မှာဦး​လေ​နေမ​ကောင်းသဖြင့်နှင်းဖြူ​ဒေါ်​လေကိုဝိုင်းကူရ​တောသည်။
"နှင်း​ဖြူ.....ဒီချိုင့်၂ချိုင့်ကိုဒီလိပ်စာအတိုင်းသွား​ပေး​ပေးပါအုန်း။"
"ဟုတ်. ..​​ဒေါ်​လေ...."
နှင်းဖြူတို့သည်​သာမန်လူဖြစ်သည်အတွက်စျေးထိတ်တွင်မုန့်ဟင်းခါး​ရောင်းသည်။ခါတိုင်းဆိုဒီလိုorderမှာတဲ့အိမ်​တွေကိုလိုက်ပို့ရသူကနှင်းဖြူဦး​လေဖြစ်သည်​။
ဦးလေ​နေ မ​ကောင်း​တောအခုနှင်းဖြူအလှည့်ရောက်လာပြီးဖြစ်သည်၊
"အိမ်နံပါတ်၁၃ဆို​တောဒိအိမ်ဘဲ..."
နှင်းဖြူဘဲတီးလိုက်သည်။အိမ်ထဲမှလူတစ်ယောက်ထွက်လာသည်။
"အ​ဘ...နှင်းဖြူမုန့်ဟင်းခါးလာပို့တာပါ"
"အော်....အေး.....သမီးခဏ​​လေ​နော်ဘဘချိုင့်သွားလှည့်ပြီး။ပိုက်ဆံပါလာ​ပေးမယ်​နော်"ထိုအချိန်အိမ်ထဲမှအသံတစ်ခုထွက်​လာသည်။
"ဦး​​လေအိမ်​ရှေ့ကဘယ်သူလဲ။"
"မုန့်ဟင်းခါးလာပို့တဲ့က​လေးမ​လေပါ...မမကြီး"
"ရူပ်ရူပ်​တွေမမြင်ခြင်းဘူး​နော်"ဟု​ပြော၍ထိုမိန်းမကြီးအိမ်ထဲ၀င်သွားသည်။
ဘကြီးလည်းအိမ်ထဲ၀င်သွားသည်။
"ဟင့်.....အသက်ကြီးတဲ့လူကမမကြီး​ခေါ်ရ​အောင်။ဒီမိန်မကြီးအ​တော်မာနကြီးမှာဘဲငါကိုလည်းရူတ်ရူတ်လို​ပြော​သေး။​သေချာတယ်ဒီမိန်းမကြီးကမာနတံခွန်လွင့်​နေတာဘဲ။​သေရင်ဒီပစ္စည်း​တွေကသူ​နောက်ပါမှာကြ​နေတာဘဲအကုန်ထားခဲ့ရမှာကို....ဟွန်း...."ထိုအချိန်မှာခြံထဲက​နေထွက်လာသူမှာ​စောနဘကြီးမဟုတ်ဘဲ​နွေ​ဦး​ဖြစ်​နေသည်။
"နှင်း​ဖြူ...ဒီကိုဘာလာလုပ်တာလဲ"
​နွေဦး​မေး​သောစကားကိုနှင်းဖြူပြန်မဖြေနိူင်ဘဲနွေဦးကိုဘဲမေးခွန်ပြန်ထုတ်မိသည်
"ဒီ​အိမ်က....."
"ကျွန်​တော်အိမ်​လေ"
နှင်းဖြူနူတ်ခမ်းပါး​လေမှ"ရှင်"ဟုတိုးတိတ်စွာရွတ်မိသည်။ထိုအချိန်မှာ
"သမီေ​ရေ....လာပို့တာ​ကျေးဇူးပါကွယ်"ဟုအဘကဆိုသည်။
"ဒါဆို...မင်းကမုန့်ဟင်းခါးလာပို့တာလား"
"ဟုတ်တယ်....."
ဘကြီးမှ​နွေဦးကိုကြည်၍
"သားမုန့်ဟင်းခါးစားခြင်ရင်စားလိုရပြီး​နော်။"
"ဟုတ်...ဘကြီး...."
နှင်းဖြူ​တနာက်တစ်​နေရာပို့စရာရှိသည်အတွက်
"ကို​နွေဦးနှင်းဖြူကိုခွင့်ပြုပါအုန်း။နှင်းဖြူ​နောက်တစ်​နေရာပို့စရာရှိ​သေးလို"
ဟု​ပြောပြီးနှင်းဖြူထွက်လာလိုက်သည်။တကယ်​တောနှင်းဖြူ​​ပျော်​နေခြင်းဖြစ်သည်။နှင်းဖြူတို့ဆိုင်ကမုန့်ဟင်းခါး၀ယ်စားသူက​နွေဦး​ဆို​သည်ကို​ပေါ့။
အိမ်​နံပါတ်​၂။
"ဒီအိမ်ဘဲ"
နှင်းဖြူဘဲတီးလိုက်​သည်။
အိမ်ထဲမှအန်တီတယောက်ထွက်လာသည်။
"မုန်ဟင်းခါးလာပို့တာအန်တီ"ဟုနှင်းဖြူဘက်ကဘဲအရင်​ဆို​လိုက်သည်။
"သြေ​ာ်....အန်တီကိုချိုင့်​ပေးသမီး​​လေ...ခြံထဲမှာခန​စောင့်​နော်....
နှင်းဖြူ​ခေါင်းစိုက်၍ခြံထဲ၀င်​မိသည်။
နှင်းဖြူခြံထဲမှာတွေးနေတာက
"ဟင့်...ဒီအန်​တီ​ကျ​တောလည်းသ​ဘော​ကောင်းလိုက်တာ။​နွေဦးအ​မေနဲများကွာပါ"ဟုနှင်းဖြူ​တွေး​နေမိသည်။
နှင်းဖြူခြံထဲမှာစောင့်နေစဥ်မှာအိမ်ထဲကလူတစ်ယောက်ထွက်လာသည်
"ဟာ...​​တောသူမနင်ငါတို့ခြံထဲဘယ်လို​ရောက်​နေတာလဲ"
ရဲရင့်ရိူင်းကိုတုန်ပြန်ဖို့နှင်းဖြူကြိုးစားလိုက်ချိန်မှာရဲရင့်ရိူင်းအ​နောက်မှ
"မုန့်ဟင်းခါးလာပိုတာလေ...သားရဲ့"
အန်တီက​ပြောပြီးနှင်းဖြူကိုချိုင့်နဲပိုက်ဆံလှမ်း​ပေး​သည်။
"အဲဒါ​ဆို...အန်တီသမီးကိုခွင့်ပြုပါအုန်း"ဟုဆိုပြီးနှင်း​ဖြူ​ထွက်လာ​သည်
"အဲဒါဆိုအ​မေသားလည်းအပြင်ခဏသွားအုန်မယ်"
"ဟင့်....မင်းကအ​စောကြီးရှီ​သေးဘယ်သွားမိုလဲ"
"ခဏ​လေပါအ​မေရယ်​နော်"
လိုရဲရင်ရိူင်း​ပြောပြီးစက်ဘီနှင့်နှင်းဖြူ​နောက်ကိုလိုက်လာသည်။
"ဟိတ်...မင်းတို့ကမုန့်ဟင်းခါး​ရောင်းတာလား"
"ဟုတ်တယ်...ဘာဖြစ်လဲ"
"မဟုတ်ပါဘူး​မေးကြည်​တာပါ။
ဒါဆိုမင်းကမုန်ဟင်းခါးသယ်ကြီး​ပေါ့"
နှင်းဖြူစက်ဘီးခဏရပ်၍
"ဟုတ်တယ်​လေ"
"မင်း​မ​ရှက်​ဘူးလား
"ဘာလိုရှက်ရမှာလဲ....ကိုယ့်ကိုယ်ထမင်း​ကျွေး​နေတဲ့အလုပ်ကိုရှက်တယ်ဆိုထမင်းငတ်သွားမှာ​ပေါ့။ရှက်ခြင်ရှက်အဲလို​မေးတဲ့နင်သာရှက်ရမှာ"လို​ပြောပြီးနှင်းဖြူစက်ဘီးဆက်နင်းလိုက်သည်။
ရဲရင့်ရိူင်းလည်းဘာမှမပြောသားနိုင်အောင်ဖြစ်သွားသည်။
"ဟာ...ဟိတ်...ဖြည်းဖြည်း​နင်း​ပါဟာ။နင်​နောက်ကိုကျားမလိုက်ပါဘူး။"
ရဲရင်​ပြော​သောစကားကိုနှင်းဖြူက
"အေး...ကျားတောမလိုက်ဘူး...ကျားထက်ဆိုးတဲ့သတ္တဝါလိုက်​နေလိုအမြန်နင်း​နေရတာ"လို​ပြောပြီး...
"ဒါနဲ...ရ၃လုံးနင်ဘာလိုငါ​နောက်ကလိုက်ပြီးစက်ဘီးနင်း​နေရတာလဲ"နှင်းဖြူ​မေး​သောစကားကိုရဲရင့်ရူိင်းတစ်ချက်ပြုံး၍
"နင်​နောက်လိုက်တယ်လိုဘာလိုထငွ​နေရတာလဲ။ဒီလမ်းက​ရောနင်ပိုင်တဲ့လမ်းလား"
"​သြော်....အေး...ဒီလမ်းကိုတောငါမပိုင်ဘူး...ဒါမယ်နင်ငါ​နောက်ကကပ်လိုက်​​နေလို​မေးတာ"
ရဲရင်ရိူင်းရယ်၍
"ဟို​ရှေ့မှာလမ်းထိပ်​တွေလားအဲလမ်းထိပ်မှာငါphဘေ၀ယ်​မလို...ok"
နှင်းဖြူရဲရင့်​​ပြော​သောစကားကိုမဲ့ပြလိုက်​သည်။
ရဲရင်ရိူင်းနှင်းဖြူကိုကြည်ပြီး
"ကောင်မလေး​ရေ....ရုပ်ဆိုး​မ​လေ...မင်းကိုငါစိတ်ပူလိုမင်းကိုလိုက်ပို့တယ်လိုဘာ​ကြောင့်ငါမ​ပြောထွက်ရတာလဲကွာ။ငါကိုဆိုအမြဲကပ်ကပ်လန်​အောင်ရန််​တွေငါကလည်းမင်းကို​တွေ့ရင်မစဘဲမ​နေနိုင်။ဒါမယ်မင်းစိတ်ဆိုးတာ​လေကချစ်ဖို​ကောင်းတယ်လိုငါခံစားရတယ်။"လိုရဲရင်တွေး​နေမိချိန်တွင်
"ကဲ...ရ၃လုံးငါသွားပြီးbye...bye.."လို​ပြောပြီးနှင်းဖြူတို့လမ်းထိပ်မှာလမ်း​ကြောင်းခွဲ​လိုက်သည်။
တကယ်​တောရဲရင်ရိူင်းတို့လမ်းသည်လူအသွားအလာနည်း​သော​ကြောင့်နှင်းဖြူကိုစိတ်ပူ၍လမ်းထိပ်ထိလိုက်ပို့ချင်ဖြစ်သည်။

မင်းက​တောငါကိုတချိန်လုံးရန်​တွေ့ငါကလည်းမင်းကိုမစရမ​နေနိုင်။မင်းရဲအကြည်တွေ​နွေဦးဆီမှာရှိတိုင်းငါမနာလိုဘူးရုပ်ဆိုးမလေရေ။နှင်းဖြူ....ငွေ​နှင်း​ဖြူ...မင်းကအ​တော်ကိုရိုးအတဲ​ကောင်မ​လေးဘဲကွာဘာ​ကြောင့်ရဲရင့်ရိူင်းနဲမင်းကိုငါအမြဲ​တွေ့​နေရတာလဲ။ငါသူငယ်ချင်းနဲ​တောငါပြိုင်ဘက်မဖြစ်ချင်ဘူးငွေနှင်းဖြူရေ။
​နွေဦးရင်မှာနှင်း​တွေ​ဝေ​နေပြီး​ငွေနှင်းဖြူ​လေရေ။။။။

.....................................ဆက်​ရန်
Online writer-🌻V🌸


rate now: