အချစ်တစ်ခု၏တိမ်ငွေ့ဖြူ
ဒီလိုနဲခဏတာတွေဆုံမူလေနဲနှင်းဖြူရဲရင်ထဲမှာနွေဦးကနေရာယူထားခဲ့လေသည်။
ကျောင်းတက်တာ၂ပတ်လောက်ကြာချိန်မှာ
တီချယ်ဆီကနေမမျှော်လင့်သောသတင်းအချို့ကနှင်းဖြူရင်ထဲကိုထပ်၍လိူင်းခက်စေခေဲပြန်သည်။
"ကဲ...ကလေးတို့ဒီနေတီချယ်ပြောတာသေချာနားထောင်ကြ။ဟိုဘက်ကအဆောင့်ecoအဆောင့်ကပြန်ပြင်မှာဖြစ်တဲ့အတွက်တီချယ်တို့တွေအခန်းပေါင်းရမယ်။အဲတောတီချယ်တို့ကအခန်းAနဲပေါင်းဖို့ကိုဆရာမကြီးကပြောထားတယ်"
တီချယ်၏ထိုစကားသံကြောင့်ကျောင်းသားအားလုံးမျက်နှာပျက်သွားကြသည်။မျက်နှာမပျက်ဘဲပြုံးနေသူကတောနှင်းဖြူတစ်ယောက်သာရှိသည်။အခန်းAဆိုသည်အခန်းကိုဘယ်ကျောင်းသားကမှမသွားချင်ပေ။အခန်းAသည်တကယ့်ကိုစာတော်ပြီးအပြိုင်အဆိုင်များနေသောတစ်ခုတည်းသောကျောင်း၏ဂုဏ်ဆောင်အခန်းသာဖြစ်သည်။
တီချယ်သည်ကျောင်သားများကိုပြန်ကြည်၍
"ကဲ...နင်တို့ကဘာဖြစ်ကြတာတုန်း။တီချယ်တို့အခန်းAပြောင်းရတာ...အကြောင်းရင်းတွေအများကြီးရှိတယ်။အဲတောတပည့်တို့အနေနဲတီချယ်ကိုမျက်နှာပျက်အောင်မလုပ်နဲ"ဟုတီချယ်ကပြောပြီးအခန်းထဲမှထွက်သွားသည်။
အားလုံးသောကျောင်းသားများထိုင်မိူင်းကုန်ကြသည်။ငြီငြူကြလေသည်။
မကြာမီှအချိန်မှာဘဲနှင်းဖြူတို့Aအခန်းကိုပြောင်းရတောသည်။Aအခန်းကျောင်းသားအားလုံးကရှေ့ဆုံးနေရာယူထားကြသည်။နှင်းဖြူတို့ကတောနောက်ဆုံးမှာနေရသည်။Aအခန်းကိုစစရောက်ချင်မှာပင်နှင်းဖြူရှာမိသူကနွေဦးဖြစ်သည်။သိုပေမယ်နွေဦးကိုနှင်းဖြူခုချိန်ထိမတွေ့သေးပေ။နှင်းဖြူ၏အမြင်ကပ်မူကိုပိုင်ဆိုင်ထားသောသူရဲရင်ရိူင်းကိုသာနှင်းဖြူတွေ့သည်။
ရဲရင့်ရိူင်းနှင့်နှင်းဖြူမထင်မှတ်ဘဲအကြည်ခြင်းဆုံးသွားသည်။ရဲရင်ရိူင်းကနှင်းဖြူကိုမျက်စိမိှတ်ပြပြန်သည်။
"တောက်....."တစ်ချက်ခေါက်ပြီးနှင်းဖြူထိုသူကိုမျက်စောင်းသာထိုးမိသည်။သိပ်မကြာခင်အချိန်မှာဘဲနွေဦးအခန်းထဲရောက်လာသည်။နှင်းဖြူရင်တွေခုန်ရသည်။ထိုကောင်လေးကိုမြင်ချိန်တွင်နှင်းဖြူ၏ကမ္ဘာကြီးတစ်ခုလုံးရပ်တန်သွားသလိုခံစားရသညွ။
"ကဲ...အခုအားလုံးကအတူတူဖြစ်သွားပြီးဆိုတောတီချယ်ပြောချင်တာကEအခန်းကကျောင်းသားများAအခန်းမှာစည်းကမ်းရှိရှိနေပေးဖိုတောင်းဆိုတယ်။"
တီချယ်စကားများကိုကျောင်းသားတွေအားလုံးသေချာစွာနားထောင်ကြသည်။
"ကဲ...ဒါဆိုengစာအုပ်ထုတ်မယ်။စာစသင်မယ်" ကျောင်းသားအားလုံးစာအုပ်ကိုယ့်ဆီထုတ်ကြပြီးတီချယ်စာသင်တာကိုနားထောင်ကြသည်။တီချယ်သည်စာကိုနားမလည်လျှင်ပြန်မေးဟုကျောင်းသားများကိုမှာထားသည်။
တီချယ်စာအကုန်ရှင်းပြီးတော
"ကဲ...ကလေးတို့ဒီengစာမှာဘယ်နားနာမလည်တာရှိလည်း"ဟုမေးသည်။
နှင်းဖြူတစ်ယောက်ရုတ်တရက်မတ်တပ်ရပ်လိုက်မိသည်။
"သမီး...ဘယ်နားနာမလည်လိုလဲ"တီချယ်ကတောအေးဆေးစွာနှင်းဖြူကိုမေးသည်။
အမှန်တောနှင်းဖြူသည်စာနားမလည်လိုထခြင်းမဟုတ်ဘဲစိတ်ကူးယဥ်တိမ်တိုက်ထဲကမင်းသားလေကနှင်းဖြူကိုမတ်တပ်ရပ်ဖို့ပြောသည်ကိုယောင်ပြီးထမိခြင်းဖြစ်သည်။
"အန်....တီချယ်....
နှင်းဖြူနားမလည်တာကနောက်ဆုံး...နောက်ဆုံးအပိုဒ်ကိုနားမလည်လိုပါ"
"အင်း....ဟုတ်ပြီးထိုင်တီချယ်ပြန်ရှင်းပြမယ်"
တီချယ်ကသေချာပြန်ရှင်းပြပြီး
"သမီး.နှင်းဖြူ...အဆင်ပြေလားနားလည်ပြီးလား"
နှင်းဖြူပြုံး၍....
"ဟုတ်ကဲ...တီချယ်နားလည်ပါပြီး"
စာတွေသင်ပြီးမုန့်စားဆင်းချိန်မှာနှင်းဖြူတို့Eအခန်းကလူတွေမုန့်သွားစားပေမယ်။Aအခန်းကလူတွေကတော့သူတို့စာလုပ်ပြီးမှအပြင်ထွက်ကြသည်။
ဒီအချိန်မှာနှင်းဖြူ
နှင်းဖြူသူငယ်ချင်းမိဖြိုးနှင့်မိမျိူးကိုအကူညီတောင်းမိသည်။
"မိဖြိုးနဲမျိုးနင့်တို့ကငါသူငယ်ချင်းတွေမလားအဲတောငါကိုအကူညီတစ်ခုလောက်လုပ်ပေးပါလား။"
သူတို့နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည်ပြီး
"အင်း....ပြောကြည်"
"ငါ...နွေဦးမုန့်စားဆင်းရင်ဘာလုပ်တယ်။
ကျောင်းဆင်းရင်ဘာလုပ်တယ်ဆိုတာသိချင်လိုအဲဒါနင်တို့ကူညီပေးနိုင်မလား"
နှင်းဖြူသူတ်ု့နှစ်ယောက်ကိုပြုံးပြီးပြောသည်ကို.....
"ဒီမှာမိနှင်း...နင်တကယ့်ကြီးဖြစ်သွားပြီးလား"
"အေးဟာ...သူကငါရဲ့နတ်သားလေ"နှင်းဖြူထပ်ပြုံးမိပြန်သည်။
"ကဲ...ကူညီမှာလား...မကူညီဘူးလား"
"မဖြိုးရေနားချမနေနဲတော
ပိုမယ်ပို့တို့ညီမ ကတိုးထိပိုလိုက်မယ်"
ဖြိုးကလည်းသဘောတူသလိုပြုံးပြသည်။
နှင်းဖ့ူတို့စကားပြောနေရာနောက်သို့ဖြိုးကိုပိုပန်းနေသူဖြစ်တဲ့ထွန်းထွန်းဦးရောက်လာသည်။
"ဟိတ်....ကောင်မလေးတွေဘာတွေပြော"
"ဘာမှမပြောဘူး"ဟုဖြိုးကဘဲရတိပြတ်စကားဆိုလိုက်သည်။
ထိုအချိန်မှာနွေဦးအခန်းထဲကထွက်သွားသည်။နှင်းဖြူသူငယ်ချက်းနှစ်ယောက်ကိုလက်တို့ပြီးနွေဦးနောက်ကိုလိုက်ချောင်းမိသည်။
နွေဦးသည်ပထမဆုံးကော်ဖီဝယ်သည်။ပြီးနောက်စာကြည်တိုက်ဘက်သွားသည်။စာကြည်တိုက်ဘက်ကိုနှင်းဖြူတို့လိုက်မည်အလုပ်မှာ
"မဖြိုး.....မျိုးဗိုက်မရတောဘူး။အိမ်သာသွားမှရတောမယ်"
ဟုပြောပြီးမျိုးကဖြိုးကိုအတင်းလက်ဆွဲပြီးခေါ်သွားသည်။
ကဲ...ဒီလိုအချိန်မှာနှင်းဖြူအနေနဲဘာလုပ်ရမည်နည်း။တစ်ယောက်တည်းဘဲနွေဦးနောက်ကိုလိုက်တောမည်ဟုနှင်းဖြူဆုံးဖြတ်လိုက်သည်။
စာကြည်တိုက်အဝင်ဝနားရောက်တောနှင်းဖြူစာကြည်တိုက်ထဲ၀င်ချင်ပေးမယ်။ခြေလှမ်းတို့ကတောဆုတ်ယုတ်နေသည်။
မျက်လုံးကိုမိှတ်အံကိုကြိတ်ပြီးအထဲ၀င်ဖို့အနောက်ပြန်လှည်ချိန်နှင်းဖြူလူတစ်ယောက်ကိုဝင်တိုက်မိသည်။
"ဟာ....တောင်ပန်းပါတယ်ဗျာ။"
နှင်းဖြူကိုတောင်ပန်းရင်နှင်းဖြူအကျီ်ပေါ်ကကော်ဖီတွေကိုသူသုတ်ပေးဖို့ပြင်လေသည်။သူအကျီ်ပေါ်မှာတောင်မကော်ဖီတွေပေးနေတာကိုသတိမထားမိဘဲ....
"ဟို....ရပါတယ်။နှင်းဖြူကိုယ့်ဘာသာသုတ်လိုက်ပါမယ်။"ပြောပြီးသူဆီကတစ်သျူးစကိုယူလိုက်သေည်
ထိုအချိန်မှာနွေဦး၏နောက်ကွယ်ကအသံတစ်ခုရယ်သံနှင်အတူ.....
"ဟား....ဟား....နာမည်ကနှင်းဖြူတဲ့လား"
နှင်းဖြူကြည်လိုက်တောရဲရင့်ရိူင်း...
"အခြောက်ကောင်"ဟုနှင်းဖြူပါးစပ်ကလွတ်ခနဲထွက်သွားသည်။
"အောင်မာ...တောသူမ"
"နင်....."
"ဘာနင်လဲနင်ကိုပြောတောနာတတ်တယ်ပေါ့။တောသူမငါအတင်းဘယ်လောက်တောင်နင်ပြောထားသေးလဲ။ငါကိုနာမည်ဖျက်ရလောက်အောင်ထိဆိုတော"
"ဒီမှာ...ငါကနင်အတင်းကိုလိုက်ပြောနေရအောင်အချိန်မအားဘူး"
"အေးပေါ့ဘယ်အားမလဲ။နင်ဖွန့်ကြောင်နေရလိုမလား"
"နင်....နင်...."
"ကလင်.....ကလင်.ေ......"
ကျောင်းခေါင်းလောင်းထိုးသံနှင်အတူစာကြည်တိုက်ထဲမှကျန်ရှိနေသည့်ကျောင်းသားအချို့ထွက်လာသည်ထိုထဲမှမိန်းကလေးတစ်ယောက်သည်နှေင်းဖြူတို့စကားများရာနေရာသို့ရောက်လာသည်။
"နွေဦး....အခန်းထဲမသွားသေးဘူးလား"
"အေးသွားမယ်"
တဆက်တည်းမှာဘဲနွေဦးကနှင်းဖြူကိုတစ်ခါထပ်တောင်ပန်သည်
"ကျွန်တော်တောင်ပန်ပါတယ်နော်"လိုပြောပြီးထွက်သွားသည်။
နှင်းဖြူလည်းသူတို့နဲမလှမ်းမကမ်းကနေလိုက်သွားခဲ့သည်။သူတို့ကတောပြေးသွားပေမယ်။နှင်းဖြူကတောအေးဆေးစွာသွားသည်။အခန်းဝရောက်တော....
"တီချယ်...၀င်ခွင့်ပြုပါ"
ရှော့ပင်ကိုင်ပြီးသချာ်စာအုပ်ကိုင်ထားသောတီချယ်ကနှင်းဖြူကိုစူးရဲစွာကြည်ပြီး။
"အခန်းအပြင်မှာဒူးထောက်လက်မြှေက်နေ"ဟုဆိုလိုက်သည်။
နှင်းဖြူဘာလုပ်ရမည်နည်း။အခန်းအရှေ့မှာဒူးထောက်လက်မြှောက်နေဖို့ကလွဲ၍နှင်းဖြူဘာမှမတက်နိုင်ပေ။ထိုကြောင့်နှင်းဖြူအခန်းရှေ့မှာဒူးထောက်နေလိုက်သည်။အဲတီချယ်ထွက်သွားတောမှ....နှင်းဖြူအခန်းထဲဝင်ရသည်။နောက်တစ်ချိန်သည်မြန်မာစာအချိန်ဆိုပေမယ်။ဆရာတွေအစည်းအဝေးရှိသည့်အတွက်မြန်မာစာဆရာမရောက်မလာသေးချေ။
"နှင်းဖြူနင်အဆင်ပြေရဲလား"နှင်းဖြူကတောမျက်နှာမကောင်းစွာပင်...
"စောန...အဲတီချယ်အကြောင်းမေးကြည်တာ။
အဲတီချယွကAအခန်းရဲသချာ်ဆရာမတဲ့သူကစည်းကမ်းအရမ်းကြပ်တာတဲ့။သူအချိန်နောက်ကျတဲ့လူမှန်သမျှကိုအဲအတိုင်းဘဲလုပ်ခိုင်းတယ်"
မိဖြိုးကနှင်းဖြူကိုပြောနေပေမယ်။နှင်းဖြူမိဖြိုးစကားများကိုနားထဲမရောက်ပေ။နှင်းဖြူမျက်လုံးတို့ကနွေဦးဆီသာရောက်နေသည်။နွေဦးဘေးမှာဝဲနေတဲ့မေသဒ္ဒါကိုပါမနာလိုဖြစ်နေမိသည်။ရဲရင့်ရိူင်းကတော့နွေဦးဘေးကနေဘာတွေပြောပြီးရယ်နေသည်မသိ။တစ်ချက်တစ်ချက်လည်းနှင်းဖြူကိုသူကြည်နေသည်ကိုနှင်းဖြူသတိထားမိသည်။
ဒီနေ့ကျောင်းမှာဘာတစ်ခုမှစိတ်ပါအောင်နှင်းဖြူမလုပ်နိုင်တောပေ။
ကျောင်းဆင်းချိန်မှာနှင်းဖြူနွေဦးနောက်ကိုလိုက်မိသည်။နွေဦးဘယ်မှာနေသည်ကိုနှင်းဖြူသိချင်သည်။ထိုအချိန်မှာလမ်းကြားတစ်ခုမှစက်ဘီးတစ်စီးနှင်းဖြူစက်ဘီးရှေ့ကိုထိုးရပ်လိုက်သည်။နှင်းဖြူကိုယ့်အရှိန်ကိုယ့်ထိန်းလိုက်သည်။နှင်းဖြူသေချာကြည်တော....
"ဟိုင်း...တောသူမ...နင်ဒီကိုဘာလာလုပ်တာလဲ"
နှင်းဖြူထိုလူကိုတေ့တေ့ကြည်၍
"ဘာလာလုပ်တာလဲမေးရအောင်...နင်ကဒီလမ်းရဲအစောင့်လား"
နှင်းဖြူစကားကိုရဲရင်ရိူင်းက....
"နင်ဘာကိုပြောချင်တာလဲ"
နှင်းဖြူသူနောက်ကခွေးကိုမျက်စပစ်ပြလိုက်သည်။
"တောသူမ...."နှင်းဖြူရဲရင်ရိူင်းစကားကိုဖြတ်ပြောလိုက်သည်။
"ဟာ....နင်နဲစကာေးများတာနဲငါအာရုံတောင်ဘယ်ရောက်သွားလဲမသိဘူး။ကိစ္စလည်းမရှိမှတောသွားတောမယ်။bye...bye..."နှင်းဖြူစကားဆုံးသည်နှင့်ရဲရင်ရိူင်းရှေ့ကထွက်လာသည်။
"ဟင့်.....အာရုံနောက်ကောင်....အမြင်ကတ်ဖိုကောင်းလိုက်တာ။"လိုနှင်းဖြူဆိုမိသည်။
ရဲရင်ရိူင်းလည်းဒီတစ်ခါအနောက်ပြန်ကျန်ခဲပြီး....
"အေးပါ....ပြောထားအုန်းပေါ့တောသူမ"
ဆို၍နောက်တစ်ခါထပ်ကြိမ်မိသည်။ဒါပေမယ်နှင်းဖြူထိုသို့ပြောသောစကားများကိုရဲရင်ရိူင်းနာတတ်ပေးမယ်ငွေနှင်းဖြူဆိုသောရုပ်ဆိုးမလေကိုမြင်တိုင်းရဲရင့်ရိူင်းရင်တွေခုန်နေတတ်သည်။ဒါကိုခုကစသတိထားမိပြီးအချစ်ဆိုတာဒါလားလိုမေးခွန်ပြန်ထုတ်နေမိသည်
ဒီကျောင်းထဲတွင်ငွေနှင်းဖြူဆိုသောကောင်မလေးကနွေဦးဆိုသည့်ကောင်လေးကိုသိနေပေမယ်။နွေဦးဆိုသည်ကောင်လေးကတောငွေနှင်းဖြူဆိုသည်ကောင်မလေးကိုမသိသေးပေ။အချစ်တစ်ခုသည်တခါတလေသောအချိန်၌တိတ်တဆိတ်လျှိုဝှက်တတ်သည်။
.........................................ဆက်ရန်
Online writer-🌻V🌸