အချစ်တစ်ခု၏တိမ်ငွေ့ဖြူ☁☁☁
•••••••••••••••••••••••••••••••••••••••••
°°°°°°°°°°°°°°°
နှင်းဖြူနှင့်နွေဦး တို့လည်းထို့နေပြီးသည်နေမှစ၍ခနခနမတွေ့ဖြစ်ကြတောပေ။သို့ပေမယ်
နှင်းဖြူ မုန့်ဟင်းခါးသွားပို့သည် ရံဖန်ရံခါအချိန်တွေမှာတော နွေဦးနှင့်တွေ့ဖြစ်သည်။
"နှင်းဖြူ...ကျိုက်ထီးရိုးကအပြန်...
ကိုယ့်ပေးလိုက်တဲ့ လက်ဆောင်လေးရလား"
"သောချိတ်လေမလား...ရဲရင့်ရိူင်း...နှင်းဖြူကို
ပေးပါတယ်"
"အင်း....အဲသောချိတ်လေကိုသိမ်းထားပေးပါ။
အဲဒါကိုယ့်တို့၂ယောက်ချစ်သူစဖြစ်တဲ့အမှတ်တရအနေနဲပေါ့"
"စိတ်ချ...နှင်းဖြူ....သိမ်းထားတဲ့အပြင်....
လွယ်အိတ်လေမှာတောင်ချိတ်ထားသေး"
နှင်းဖြူအိမ်အခြေနေကိုလှမ်းကြည်တော့။
ဒေါ်ထိပ်ထားခင်တစ်ယောက်၀ရံတာမှာရပ်နေသည်ကိုလှမ်းတွေ့လိုက်သည်။
"ကိုနွေဦး....နှင်းဖြူပြန်တောမယ်....။"
ေ
"ဪ...အင်းပါ...ဂရုစိုက်ပြီးပြန်နော်"
နွေဦး နှင်းဖြူ၏ကျော့ပြင်းကိုငေးကြည်ပြီး
တခဏမျှရပ်နေသည်။ပြီးမှ အိမ်ထဲသို့၀င်ခဲ့သည်။နွေဦးမီးဖိုထဲသို့၀င်ပြီးမုန်းဟင်းခါးထုတ်အား
အိမ်ဖော်အဒေါ်ကြီးတစ်ဦးဆီသို့ပေးလိုက်သည်။ထိုအချိန် ဒေါ်ထိပ်ထားခင်လည်းမနက်စာစားရန် အခန်းထဲရောက်လာသည်။မနက်စာ စားဖို့
အတွက် မိသားစုအားလုံးစုံလင်မှ ဒေါ်ထိပ်ထားခင်က.....
"သား....နွေဦး...မနက်ဖြန်ကျရင် မြို့ထဲက
သားအဒေါ်အိမ်မှာသွားနေရမယ်"
ထိုစကားကြောင့် တအံတသြအရင်ဖြစ်သူက
ဦးစိုင်းလင်းဦးဖြစ်သည်။
"ဟင့်....မင်းကလည်းကွာ....ဘယ်လိုဖြစ်ရပြန်တာလဲ"
"ဘယ်လိုဖြစ်တာလဲမဟုတ်ဘူး။
သားဘ၀ရှေ့ရေးအတွက်........
သား....သားအဒေါ်အိမ်မှာသွားနေရမယ်။
အဲမှာ....အောင်စရင်းမထွက်ခင်ထိနေရမယ်။
ပြီးတော....သားဘ၀ရှေ့ရေးအတွက်သင်တန်းတွေတက်ရမယ်"
"ဟာ....မင်းကလည်းကွာ...သားကခုမှစာမေးပွဲဖြေပြီးလိုနားတာ၁လတောင်မပြည့်သေးဘူး။သူအေးအေးဆေးဆေးနားပါစေအုန်းကွာ။"
"ဒီမှာ....ကိုစိုင်း.....ရှင်...ကျမနဲ့သားကိစ္စကိုဘယ်တုန်းက
များ၀င်ပါတာရလိုလဲ။ရှင်အသာနေစမ်းပါ။
ရှင်သာရှင်ရဲ့လုပ်ငန်းကိုအာရုံစိုက်။"
"မာမီ.....သားကအဲကိုနောက်အပတ်လောက်မှသွားလိုရမလား"
"မရဘူးသား.....။ခုခေတ်ကပညာရေးကအမြဲတမ်းရှေ့ကိုပြေးနေမှဖြစ်မယ်။ကိုယ့်ရင်လောက်မှန်မှဒူးလောက်တင်မှာ"
"ဟင့်...မင်းနဲ့လည်းခက်ပါ့ကွာ။၁ပတ်ဆေိုတဲ့အချိန်သိပ်မကြာပါဘူးကုန်တာမြန်ပါတယ်။ကလေးစိတ်ချမ်းသာအောင်လည်းတွေးအုန်း။"
"တွေးတယ်လေ....တွေးတယ်။အဲလိုတွေးလိုက်တိုင်းလည်းသားစိတ်ချမ်းသာပါစေဆိုပြီးလွတ်ထားရင် အမှားတွေဖြစ်မှာစိုးလိုဘဲ....ခင်ဒီလိုစီစဥ်ရတာဘဲ"
ဒေါ်ထိပ်ထားခင် နွေဦးကိုသေချာကြည်ပြီး....
"သား...မာမီစေတနာကိုနားလည်တယ်ဆိုရင်
ပြင်ဆင်စရာရှိတာပြင်ဆင်ထား"
ပြောပြီးမနက်စာစားနေသည့်စားပွဲမှထွက်သွားသည်။
ဒေါ်ထိပ်ထားခင်ထွက်သွားမှဦးစိုင်းလင်းဦးသည်နွေဦး၏လက်မောင်းတဖက်ကို တင်ကြပ်စွာ
ဆုပ်ထားလိုက်ရင်.....
"သား....မင်းအမေကမင်းကိုကောင်းစေခြင်းလိုပါကွာ။နားလည်ပေးလိုက်ပါ"
"သား...နားလည်ပါတယ်...ဒယ်ဒီ"
"ကဲ....ဒါဆိုဒယ်ဒီလည်းအလုပ်သွားတောမယ်"
"ဟုတ်ကဲ့...ဒယ်ဒီ "
စားပွဲပေါ်မှမုန့်ဟင်းခါးပန်ကန်တို့သည်နွေဦးကိုအဖော်ပြုနေသည်။
နွေဦး စဥ်စားနေမိသည်က မာမီသည် နွေဦးတို့အကြောင်းကိုရိပ်မိနေသည့်အကြောင်းပင်ဖြစ်သည်။
နေလည်ပိုင်းတွင်နွေဦးတစ်ယောက်ရဲရင့်ရိူင်း
အိမ်သို့သွားရန်စက်ဘီးထုတ်နေစဥ်ခြံထဲတွင်လမ်းလျှောက်နေသောဒေါ်ထိပ်ထားခင်တစ်ယောက်နွေဦးနားသို့ရောက်လာသည်.....။
"ဒါက...ဘယ်လဲသား။"
"သား...ရဲရင့်ဆီသွားမို့ပါ။မနက်ဖြန်ဒီကနေပြီးမြို့ထဲမှာသွားနေရမှာဆိုတော...ရဲရင့်
ကိုသွားနူတ်ဆက်မို့ပါ"
"အင်း....အဲဒါဆိုလည်းသွားလေ။
ဒါမယ်သား....ရဲရင့်ဆီဆိုရဲရင့်ဆီဘဲသွားနော်။
တခြားကိုမသွားနဲ"
"ဟုတ်ကဲ့ပါ....သား...ရဲရင့်ဆီသွားမှာပါွ
ဒါဆိုသားသွားတောမယ်....မာမီ"
□□□□□□□□□□□□□□□□□□□□□
"ရဲရင့်ရေ...ရဲရင့်"
"နွေဦးပါလား......"
"အန်တီ....ရဲရင့်ရှိလား"
"ရှိတယ်လေ....သူအပေါ်ထပ်မှာသူအိပ်ခန်းထဲမှာ....တက်သွားလေ...သား"
"ဒါဆို....ကျွန်တော်အဲကောင်ဆီသွားလိုက်အုန်မယ်"
"အေး....သား...."
ရဲရင့်ရိူင်းအိပ်ခန်းထဲသို့နွေဦးတိုးတိတ်စွာ၀င်သွားသည်။ ရဲရင်ရိူင်းကို
နောက်ကနေ စလိုက်သည်။
"ဟာ....မင်းကလည်းကွာ...လန့်လိုက်တာ"
"မင်းကတော့...ဂိမ်းလေနဲကောင်းစားနေတာ။ငါမှာတောကွာ.....။"
"မင်းကဘာဖြစ်ရပြန်ပြီးလဲ။"
"မင်ူကိုလာနူတ်ဆက်တာ....ရဲရင့်"
"ဟင့်....ငါကိုလာနူတ်ဆက်တာဆိုတော
မင်းကဘယ်သွားမို့လဲ"
"ငါနက်ဖြန်...မြို့ထဲကအဒေါ်အိမ်မှာသွားနေရတောမယ်...ရဲရင့်"
"ဟာ...ဘယ်လိုဖြစ်တာလဲကွ။
မင်းမာသားကြီးအစီစဥ်ဘဲလား"
"ဟုတ်တယ်"
"ဒီအကြောင်းကို...နှင်းဖြူရော...သိလား"
"မင်းဆီတောင်ငါခုမှလာပြောတာ။
နှင်းဖြူကဘယ်လိုလုပ်သိမှာလဲ။
နှင်းဖြူသိရင် ၀မ်းနည်းမှာလည်း ငါစိုးတယ်"
"အဲဒါထက် မင်းမပြောဘဲထွက်သွားရင်သူပိုခံစားရမှာပေါ့
ငါအကောင်းဆုံးအကြံပေးခြင်တာက....
မင်းနှင်းဖြူကိုအသိပေးလိုက်ပါ"
"ငါက...နက်ဖြန်ဆိုဘဲသွားရတောမှာလေ
ငါဘယ်လိုအသိပေးရမှာလဲ"
"အခုအချိန်ရှိတာဘဲ...ငါ့ကောင်ရ...ခုသွားကြမယ်လေ"
ပြောပြောဆိုဆိုနှင့်ရဲရင့်ရိူင်ူကသွက်လက်စွာအရင်ဆုံးထလိုက်သည်။
"မေမေရေ....သားတို့အပြင်ခဏသွားလိုက်အုန်းမယ်"
"အေး.....သား...အပြင်သွားတာဂရုစိုက်ပြီးသွားနော်...သား"
"ဟုတ်ကဲ....မေမေ"
၂ယောက်သားစက်ဘီးစီးနေရင် တိတ်ဆိတ်နေသောအချိန်ကိုနွေဦးဘက်ကစ၍ အသက်သွင်းလိုက်သည်။
"ရဲရင့်...မင်းအမေကမင်းကိုသိပ်ဂရုစိုက်တာဘဲနော်"
"ဂရုစိုက်ဆို....ငါ့အမေကငါကိုသိပ်ချစ်တာကို"
"ငါ့အမေကလည်း....ငါကိုချုပ်ချယ်နေတာ...သူကငါကိုသိပ်ချစ်လို တယ်"
"အဲဒါကလည်း...ဟုတ်ရင်ဟုတ်မှာပေါ့....
နွေဦးရာ။လူတစ်ယောက်နဲတစ်ယောက်ကချစ်ပုံချစ်နည်းခြင်းကမတူကြဘူးလေ"
"ချစ်ပုံချစ်နည်း....ဟုတ်လား...ရဲရင့်။"
"အေးလေကွာ....မင်းသဘောမပေါက်ဘူးလား"
"သိပ်သဘောမပေါက်ဘူး"
"မင်း...နှင်းဖြူကို...ဘယ်လိုချစ်ပုံချစ်နည်းမျိုးနဲချစ်တာလဲ။"
"ငါနှင်းဖြူကို...ချစ်တာ။သိပ်တောမသိဘူး။
ဒါမယ်...နှင်းဖြူကိုတွေ့ရင်ပျော်တယ်...။သူစကားသံတွေက ငါအသည်းနှလုံးကိုလူပ်ခတ်စေတယ်။သူနဲတွေ့ရင် သူကိုငါနားမှာဘဲရှိစေခြင်းတယ်။
အဲဒါကိုအချစ်လိုထင်လို့ဘဲ...သူကိုဖွင့်ပြောခဲ့တာ"
"အင်း...ဟုတ်လား...."
"ဟုတ်တယ်...မင်းကရော...ရဲရင့်"
"ဟား....ငါကလား.....
ငါရဲ့အချစ်ကငါ့အမေရဲ့အချစ်အတူတူဘဲ"
"မင်းက...ဘယ်လိုအရာနဲအဲလိုတပ်အပ်ပြောရတာလဲ"
"ဟုတ်တယ်...နွေဦး....
မေမေကငါကိုသိပ်ချစ်သိပ်ဂရုစိုက်တာ၊
ငါမျက်နှာညှိုးနေတာနဲသူမှာမနေတတ်တောဘူး။
ငါဘာဖြစ်နေတယ်ဆိုတာမေးစရာမလိုအောင်သူသိတယ်။
မေမေပြောတာကအချစ်ဆိုတာရနေမှအချစ်မဟုတ်ဘူးတဲ့။ကိုယ့်ဘက်ကသူကိုချစ်တဲ့အတွက်ဘာတွေဘယ်လိုပေးရမလဲဆိုတဲ့အတွေးတွေရှိနေတဲ့အချစ်ကမှတကယ်မွန်မြတ်တာတဲ့လေ။အဲအချစ်မှာမာနမရှိဘူးအတ္တမရှိဘူးမာနတွေနဲလောင်းမြိုက်နေတဲ့အတွေးတွေမရှိဘူး။အဲလိုအချစ်မျိုးကမှတကယ့်ချစ်ခြင်းမေတ္တာတဲ့။ဒါကြောင့်လည်းမင်ူကိုငါလျော့ပေးလိုက်တာပါ။ဘာကြောင့်ဆိုငါချစ်တဲ့လူစိတ်ချမ်းသာဖို့ကအရေးကြီးလိုဘဲလေ။ဒါမယ်နွေဦး
မက်းအမေအချစ်ကတော့အတ္တတွေပါနေသလိုဘဲကွ...ဒါကငါအမြင်ကိုပြောတာပါ"
ရဲရင့်ရိူင်း၏စကားကြောင့်နွေဦးဘာမှမပြောနိုင်တောပေ။ထိုအချိန်မှစ၍၂ယောက်သားခေတ္တခနပြန်၍ငြိမ်သက်သွားပြန်သည်။နှင်းဖြူတို့အိမ်ရောက်တောမှအိမ်ရှေ့တွင်ကြက်သွန်နွှာနေသောနှင်းဖြူကိုတွေ့လိုက်သည်။
"ရုပ်ဆိုးမ......."
"ဟင့်....ရ၃လုံး.....နွေဦးလည်းပါလာတာပါလား"
"အင်း...ဟုတ်တယ်"
"မလာစဘူး....ဘာလာလုပ်ကြတာလဲ"
"ပြောမှာပေါ့....ရုပ်ဆိုးမရယ်...
အိမ်ပေါ်မခေါ်တောဘူး"
"ဪ...အေး...ဟုတ်သား...ငါမေ့နေလို့။
နင်တို့ကမလာစဘူးဆိုတောလေ။လာအိမ်ပေါ်တက်လေ"