အချစ်တစ်ခု၏တိမ်ငွေ့ဖြူ☁☁☁
•••••••••••••••••••••••••••••••••••••••
°°°°°°°°°°°°°°
နှင်းဖြူ နွေဦးနားကထွက်သွားပြီး တအောင့်ကြာတောမှနွေဦးအခန်းဆီသို့ပြန်ခဲ့သည်။
"နွေဦ...ဘယ်ကပြန်လာတာလဲ"
"ဒီလိုပါဘဲ...ဟိုဒီပေါ့"
"ဟား...မင်းဘယ်သွားလဲဆိုတာမပြောခြင်းဘူးမလား"
"သိလည်းဘာလိုမေးနေသေးလဲကွာ"
နွေဦးပြောပြီးကုတင်ပေါ်လှဲလိုက်သည်။ပြီးနောက်ခေါင်းအုံးကိုရင်ထဲပိုက်လိုက်သည်။
"ဒါနဲ....နွေဦး...မင်းဒီမနက်က....မင်းမားသားကြီးကို
ဘယ်လိုကျော်ဖြတ်လာတာလဲ"
"ဟင့်...ဘယ်လိုကျော်ဖြတ်လာလဲဆိုတော.....
တကယ့်တောကွာ...ငါလည်းငါမာမီမသိဘဲ
ဘာတစ်ခုမှခိုးမလုပ်လုပ်ဘူးဖူး။ဒါကပထမဆုံးဘဲ။နဲနဲတောစိတ်လူပ်ရှားနေတာပေါ့။"
"အင်း......"
"မနက်ကစျေးသွားချိန်မှာဒယ်ဒီကိုကန်တော့ပြီ
ထွက်လာတာဘဲ။ဒယ်ဒီကတောဒီကိစ္စမှာငါကိုမြှောက်ပေးသူကြီးပေါ့"
နွေဦးပြုံး၍ပြောလေသည်။
"ဪ...အဲလိုလား။"
"အင်း"
နှစ်ယောက်သားခေတ္တခနငြိမ်သက်သွားပြီးမှ..
"မင်းပြောစရာမရှိတောဘူးဆိုငါအိပ်တော့မယ်...ရဲရင်...ပင်ပန်းနေလို့
Good night"
"အေးပါ....မင်းပင်ပန်းနေပေမယ်။မင်းအတွက်ကတောဆေးရှိနေပြီးမလား"
နွေဦးပြုံးသာပြုံးပြပြီးအိပ်ဖို့လုပ်လိုက်သည်။
ရဲရင့်ရိူင်းတစ်ယောက် နွေဦးတို့အကြောင်းကိုသိနေသော်လည်းဆက်၍မမေးဖြစ်ပေ။
□□□□□□□□□□□□□□□□□□□□□
"ဦးစိုင်းလင်းဦး.......
သားကိုသွားဖို့ ရှင်ခွင်ပြုလိုက်တာနော်။
အေး....သားတစ်ခုခုဖြစ်လိုကတော.....
ထိပ်ထားခင်. ဘာဆိုတာ....ရှင်သိစေရမယ်"
"အေးပါကွာ....မင်းကလည်း....သားဘာမှဖြသ်ပါဘူးကွာ....
စိုးရိမ်မကြီးပါနဲ......
စောနတင်ကိုယ့်ဆီသားphဆက်သေးတယ်။
မင်းဒေါသထွက်မှာ သူသိပ်စိုးရိမ်နေပုံရတယ်။
"
"အင်းပေါ့......
သားကကျမဒေါသထွက်မှာ....စိုးရိမ်မှာပေါ့
ကျမ....မသိဘဲ....သားကဘယ်နှခါများဒီလိုအလုပ်မျိုးလုပ်ဖူးလိုလဲ။
ရှင့်ကြောင့်နော်........ရှင်ကြောင့်"
"ဟုတ်ပါပြီကွာ......သားလည်းအခုစိတ်ချမ်းသာနေပြီးဘဲ
ကွာ....
မင်းပြောတောသားကိုချစ်တယ်ဆို......
အဲတော...သားပျော်ရင်မင်းလည်းပျော်လိုက်ပါတောကွာ......"
"ဒါနဲ......သားကဘယ်နေပြန်လာမှာလဲ"
"သဘက်ခါ........."
ဒေါ်ထိပ်ထားခင်တစ်ယောက်. သဘက်ခါမှာ
နွေဦးကိုသွားကြိုရန်စိတ်ထဲက ပြင်ဆင်လိုက်သည်။
■■■■■■■■■■■■■■■■■■■■■
"ကဲ....အားလုံး....၂ယောက်တစ်တွဲတန်းစီပါ"
တီချယ်၏စကားကြောင့်အားလုံး၂ယောက်၁တွဲတန်းစီကြသည်။သစ္စာသိပ်ရှိပါသောအမြွှာနှစ်ယောက်ဖြိုးနှင့်မျိုးက တစ်တွဲစီလိုက်သည့်အတွက်နှင်းဖြူတွဲရန်အတွဲပျောက်နေသည်။
"ဟိတ်....ရုပ်ဆိုးမ....ငါနဲတွဲမလား"
"ဟင့်.....သေလိုက်လေ။
ရ၃လုံး.......နင်နဲသေတောင်မတွဲဘူး"
"ငါလည်းသိပါတယ်။နှင်းဖြူရယ်။
မင်းငါနဲမတွဲခြင်းဘူးဆိုတာ......။
စိတ်ချ....မင်းစိတ်ထိခိုက်....စိတ်ဆင်းရဲမယ်အလုပ်မျိုး....ငါဘယ့်တောမှမလုပ်ဘူး
အရာရာတိုင်းကိုမင်းစိတ်ပါမှ ငါကကူညီဖို့အသင့်ပါ
ကဲ....ကြည်...ဟိုမှာ"
ရဲရင့်ရိူင်းလက်ညွှန့်ရာဘက်သို့နှင်းဖြူကြည်လိုက်တော မေသဒ္ဒါဖြိုးကိတွေ့လိုက်သည်။
"သူလည်းတွဲမယ်လူမရှိဘူးဆိုတော......"
ရဲရိူင်းပြဦးပြီး အိတ်ကပ်နှစ်ဘက်ထဲသို့ လက်ထဲ၍ပခုံးတွန့်ကား မေသဒ္ဒါဖြိုးနားသို့သွားဖိုပြင်ပြီး.......
"ဪ....မေ့တောမို့။
သူတွဲဖို့ပြောရင်တောမင်းမငြင်းနဲနော်.....ဟက်"
ပြော၍ရဲရင့်ရိူင်းတစ်ယောက် နှင်းဖြူနားကထွက်သွားသည်။
"ငွေနှင်းဖြူ......"
အနားတိုးပြီးတိုးညင်းစွာခေါ်လိုက်သည် ခေါ်သံကြောင့် နှင်းဖြူအနောက်ကိုကြည်လိုက်မိသည်။
"နွေဦး....."
"ကိုယ့်...မင်းနဲတစ်တွဲစီလိုရမလား"
"နှင်းဖြူ....ရှက်ပြုံးလေပြုံးပြီးခေါင်းလေငုတ်ကာ၍.........
"ရပါတယ်....ကိုနွေဦး"
"ကဲ.....အားလုံးစုံရင်....တောင်ပေါ်တက်ကြဆို"
အားလုံးသောသူတို့အရှေ့ကိုရောက်သွားပေမယ်။နှင်းဖြူနှင့်နွေဦးကတောအနောက်မှာကျန်ခဲ့သည်။
"နှင်းဖြူ......ညကကိုယ့်ပြောခဲ့တာကို
ပြန်မဖြေခြင်းတောဘူးလား"
နှင်းဖြူအပြုံးငွေ့ငွေ့လေပြုံးပြီ......
"နှင်းဖြူဆီက....ဘာအဖြေကိုထပ်လိုခြင်းသေးတာလဲ။ကိုနွေဦး......"
"နှင်းဖြူရင်ထဲကလာတဲ့.....ခေါင်းညိတ်မယ်အဖြေကို....ကိုယ့်လိုခြင်းတာပါ"
"အဲအဖြေက.....ဖြေဖို့လိုသေးလိုလား။
ဟိုအရင်တည်းကိုက.....ကိုနွေဦးကိုချစ်တဲ့အကြောင်းတွေစဆိုခဲ့တာ.....နှင်းဖြူပါ။
အဲအတွက်ကိုနွေဦးကိုချစ်ပါတယ်ဆိုတဲ့အဖြေကဖြေဖိုလိုသေးလား"
"လိုတယ်လေ.....အဲဒါကိုယ့်မလိုချင်သေးတဲ့အချိန်မှာမင်းပြောခဲ့တဲ့...ချစ်စကား
အခုက....ကိုယ့်ကပြောလိုက်တဲ့ချစ်စကားကို
မင်းဘက်ကဖြေဖိုလိုတယ်"
"ဟင့်....လူတတ်ကြီးပါလား။
နှင်းဖြူကကိုနွေဦးကိုစာဘဲတော်တယ်ထင်ခ့ဲ တာ ခုတောကိုနွေဦးကနှင်းဖြူထင်မထားတဲ့အရာတွေမှာလည်းတော်နေပါရောလား"
"အဲဒါတွေထားပါ....မင်းကိုယ့်ကိုချစ်လား"
"အင်း....မတုန့်မဆိုင်ဘဲချစ်ပါသတဲ့ရှင်"
နွေဦး နှင်းဖြူ၏အဖြေကိူကြားပြီးသည်နှင့်
နှင်းဖြူ၏လက်ကိုဖွဖွလေ လူမတွေ့အောင်ကိုင်လိုက်သည်။နှင်းဖြူ၏ရင်ထဲတွင်တောနွေဦး၏နူးညံသည်အထိတွေ့ကြောင့်ရင်တွေပေါက်ကွဲမတက်ခုန်နေသည်။
"ကိုနွေဦး....မြင်မြင်ချင်းစချစ်တယ်ဆိုတဲ့စကားကိုယုံလား:"
"အင်း....မပြောတတ်ဘူးလေ။နှင်းဖြူကဘာလိုမေးတာလဲ"
"နှင်းဖြူက...ကိုနွေဦးကိုမြင်မြင်ခြင်းကြွေသွားခဲ့လိုလေ"
"ဟက်....ဟုတ်လား။ပြောပါအုန်း...ဘယ်လိုစခဲ့လဲဆိုတာ"
"အဲနေ့က...၁၀တန်းကျောင်းစတက်တဲ့နေ...
အခန်းတွေရှာရင်နဲကိုနွေဦးကိုစတွေ့ခဲ့တာ။
အဲနေ့ကအခန်းတွေရှာရင် ကိုနွေဦးလည်းအခန်းလာရှာတောလေ....
နှင်းဖြူမှတ်မိသလောက်ကတော...ကိုနွေဦးရင်ခွင်ထဲမှာနှင်းဖြူရောက်သွားတော
နှင်းဖြူရင်တွေစခုန်ခဲ့တယ်။အဲအချိန်ကစပြီး
နှင်းဖြူကိုနွေဦးနောက်ကိုလျှောက်လိုက်မိခဲ့တာ။
ဒါနဲနှင်းဖြူကသာကိုနွေဦးကိုစတွေ့ခဲ့ကြောင့်ပြောနေတာ။ကိုနွေဦးကရော...နှင်းဖြူကိုဘယ်မှာစတွေ့ခ့တာလဲ။"
"ကိုယ့်မင်းကိုစတွေ့ခဲ့တာလား.....။
"အင်း....ဟုတ်တယ်"
"ပြောရရင်တော....ကိုယ့်ပြောရင်မင်းယုံမှာလား"
"အမှန်ပြောရရင်.....
နှင်းဖြူကိုယ့်ကိုယ်ကိုထက်တောင်......
ကိုနွေဦးကို ပိုယုံကြည်ပါသေးတယ်"
"ဟုတ်ပါပြီး...နှင်းဖြူကို ကိုယ့်စတွေ့ခဲ့တာကြာပြီးပေါ။မင်းထက်တောင်ကိုယ့်ကမင်းကို စောစောတွေ့ခဲ့တာ"
"ရှင်"
"ဟုတ်တယ် မရှင်နဲ....
မင်းကိုစတွေ့ခဲ့တာ...၈တန်းနှစ်က....
အဲတုန်းကတောသတိထားမိတာပါ။
မျက်မှန်ထူထူ....သနပ်ခါးထူးထူးနဲတက္ကသိုလ်ရင်ဖုံးအကျီ်ကိုကြီးကြီးပွပွနဲဆံပင်မှာဆီကိုထူးနေအောင်လိမ်းထားတဲ့ရုပ်ဆိးဆိုးကောင်မလေးကိုသတိထားမိလားတာဘဲ"
"နှင်းဖြူပုံစံကအဲလောက်ကြီးတောင်...ဆိုးတာလား"
"အင်း....နောက်ပိုင်းမှာပိုသတိထားမိလာတာက
မင်းရဲစိတ်နေစိတ်ထား.......။
မင်းသူငယ်ချင်းတွေကိစ္စမှာ မင်းကအမြဲရှေ့ကပါပေးတယ်။နောက်တစ်ခုကမင်းကကြင်နာတတ်တဲနတ်သမီးလေဆိုတာငါတွေ့လာရတယ်။
အဲဒါကဘယ်အချိန်ကလည်းဆိုအချိန်တိုင်းလိုလိုပါဘဲ....မင်းကိုတွေ့လိုက်တဲ့အချိန်တိုင်း....
မင်းက.....မင်းမှာရှိရှိမရှိရှိအမြဲလူတွေကူညီတယ်။သနားတတ်တယ်။ဒီလိုနတ်သမီးကို.....
ကိုယ့်အမှန်တိုင်းပြောရရင်....ဘယ်လိုလုပ်လက်လွတ်ခံနိုင်မှာလဲ။"
"ဪ....အဲဒါကြောင့်နှင်းဖြူချစ်ခွင်ပန်တိုင်ကိုနွေဦးအချိန်မကျသေးဘူး....။
ဒီစကားကမင်းပြောရမယ်စကားမဟုတ်ဘူးလိုပြောတာကို"
"အင်းပေါ့........"
နှင်းဖြူတို့စကားတပြောပြောနှင့်တောင်၃၃တောင်ပေါ်တက်ခဲ့ရသည်။လမ်းတွင်လည်းနားသည်နေရာနားကြသည်။ကွမ်းတယာညက်လောက်အကြာတွင်နှင်းဖြူတို့ကျိုက်ထီးရိုးတောင်ပေါ်သို့ရောက်ခဲ့သည်။ကျိုက်ထီးရိုးတောင်ပေါ်သို့မရောက်ခင်လမ်းတွင်ရှိသောဘုရားများကိုဖူးကြသည်။
ကျိုက်ထီးရိုးတောင်ပေါ်သို့ရောက်သော်ကျိုက်ထီးရိုးဘုရားကြီးကိုဖူးမြော်ပြီးလိုရာဆုတောင်းကြသည်။
နောက်တောင်ပေါ်အဆင်းတွင်ကျီးကန်ပါးစပ်တောင်တွင်အကြွေ့စေ့လေတွေပစ်၍ဆုတောင်းရသဘ်။
"ရုပ်ဆိုးမ...နင်ဘာဆုတောင်းလဲ"
"နင်ကိုပြောစရာလား....။ရ၃လုံး။"
"နင်ကလည်း...တခါတလေလေငါကိုကောင်းကောင်းမွန်မွန်ပြောပါ"
"အင်း...အဲဒါဆိုလည်း
ပြောပြမယ်။ဒါမယ်ကိုယ့်ဆုတောင်းကိုတခြား
၁ယောက်ကိုပြောလိုက်ရင်မပြည့်တက်ဘူးတဲ့။
အဲတော့မပြောပြချင်ဘူး"
"မပြောချင်လည်းနေပေါ့၊ဒါနဲမဟုတ်မှလွဲ
နင်နွေဦးနဲအကြောင်းဆုတောင်းတာလား
"
"နင်....ဘယ်သူပြောလဲ။ငါဆုတောင်းတာ
ငါ၁၀တန်းအောင်ပါစေ"
"ဟား....ဟား...ဟား...ကောင်မလေးသူဆုတောင်းကိုပြောလိုက်ပြီး"
"ဟာ...လူလည်ကောင်...ကောင်စုတ်..."
"ဟုတ်တယ်လေ...ငါကလူလည်ကောင်
နင်ကိုပြောသားဘဲ....ငါခန့်မှန်းတာ...မဟုတ်မှလွဲလိုပြောတယ်လေ...အဲတော....မဟုတ်မှတောလွဲပြီးပေါ့။နင်ဘာနင်အမှန်တိုင်းပြောတာတော...နင်ဒေါသနဲနင်ပေါ့"
ရဲရင့်ရိူင်းတစ်ယောက်နှင်းဖြူကိုလှောင်ရယ်ရယ်ပြီးနှင်းဖြူနားကထွက်လာသည်။
"နှင်းဖြူ......ဒီကျီကန်းပါးစပ်မှာဆုတောင်းရင်ဆုတောင်းပြည်တယ်ဆိုတော
မင်းဘာဆုတောင်းလဲ......."
"ထုံးစံအတိုင်းပါဘဲ.....နှင်းဖြူဆုတောင်းပေး....၁၀တန်းအောင်ပါစေပေါ့။
နွေဦးကရော"
"ကိုယ့်ကတော....မင်းနဲဒီကိုနောက်တစ်ခေါက်လာရပါစေဆုတောင်းတယ်"
"ဒါဆိုရင်....ဆုတောင်းပြည့်ပါစေလိုနှင်းဖြူကထပ်ဆုတောင်းတယ်နော်"
နှင်းဖြူပြုံး၍ပြောလိုက်သည်။နှင်းဖြူတို့၏လေ့လာရေးခရီးကမကြာခင်တွင်ပြန်ရတောမည်ဖြစ်သည်။နှင်းဖြူနှင့်နွေဦးတို့၏လွတ်လပ်စွာတွေဆုံမူတို့သည်ကုန်လာလေပြီးဖြစ်သည်။ကားပေါ်တွင်နှင်းဖြူအိပ်ငိုက်ချိန်နွေဦးပခုံးပေါ်တွင်အိပ်ရသည်အချိန်မှာကုန်ဆုံးတောမည်ဖြစ်သည်။
နှင်းဖြူတို့အားလုံးအိမ်ပြန်ခရီးမှာပျော်ခဲ့ကြရသည်။နှင်းဖြူတို့အားလုံးကားပေါ်ကဆင်းတော နွေဦးအမေကနွေဦးကိုကားနဲလာကြိုလေသည်။
"ဟာ...မာမီ....သားကိုလာကြိုတာလား"
"ဟုတ်တာပေါ့သားရယ်။မာမီသားလေဒီ၁ယောက်တည်းရှိတာကိုမာမီကသားကိုလာကြိုတာပေါ့"
"ဪ....ဒေါ်ထိပ်ထားခင်ပါလား။နွေဦးကိုလာကြိုတာထင်တယ်
"ဟုတ်တယ်....တီချယ်ရေ။သားကိုလာကြိုတာလေ။"
တီချယ်နောက်ကပါလားသည်ရဲရင့်ရိူင်းကိုလည်းဒေါ်ထိပ်ထားခင်တွေ့လေသည်
"ဪ...သား...ရဲရင်...အန်တီတို့နဲအတူ
လိုက်ခဲ့ပါလား။သမီးသဒ္ဒါရော"
"ရပါတယ်...အန်တီ...ကျွန်တော်က...သူငယ်ချင်းတွေအားနာလိုသူတိုနဲပြန်မှာပါ။"
"သား...သူငယ်ချင်းတွေကဘယ်မှာလဲ..."
ရဲရင့်ရိူင်းက"ဟိုမှာလေ"ဟုပြော၍နှင်းဖြူတို့ကိုလက်ညွှန့်ပြသည်။
"သားကသူတို့နဲပြန်မှာလား"
"ဟဟုတ်တယ်လေ...အန်တီရယ်...အဲဒါဆိုကျွန်တော်ကိုခွင့်ပြုပါအုန်းနော်"
"အေးပါကွာ....သမီးသဒ္ဒါကရောအန်တီတိုနဲလိုက်မှာလား"
"သမီးပင်ပန်းကလည်းပင်ပန်းလာတောအန်တီတို့နဲလိုက်ပါရစေ"
"အေး...အဲဒါဆို...ကားပေါ်တက်လေ"
"မာမီ....ခနလေနော်"
"ရဲရင့်......ဒီအရုပ်လေကို....နှင်းဖြူကိုပေးပေပါကွာ။ငါမေ့သွားလို့"
"အေးပါကွာ...ရပါတယ်...ငါပေးလိုက်ပါမယ်"
နွေဦးပေးသော သော့ချိတ်လေကိုဒေါ်ထိပ်ထားခင်တွေလိုက်သည်။သို့ပေမယ်
နွေဦးကိုမသိချင်ယောင်ဆောင်မေးလိုက်သည်။
"သား...ရဲရင်ငိုဘာသွားပေးတာလဲ"
"ဘာမှမဟုတ်ပါဘူးမာမီ"
"ဟက်....မေမေသားကမေမေကိုလိမ်တက်နေပြီးဘဲ"ပြော၍ကားစက်ကိုနိူးလိုက်သည်
နွေဦးလည်းဘာမှမပြောဘဲခေါင်းသာငုတ်နေသည်။
နှင်းဖြူတို့ဖြိုးနှင့်မျိုးကိုအိမ်ပြန်ပို့ပြီး
နှင်းဖြူကိုရဲရင့်ရိူင်းကလိုက်ပို့သည်။
"နှင်းဖြူ"
"ဘာလဲ....ရ၃လုံး"
"ရော့.....ဒါနွေဦးပေးတာ"
နှင်းဖြူကြည်လိုက်တောသော့ချိတ်လေဖြစ်သည်။
"သူစိတ်ထဲမှာဘာစိတ်ကူးလဲတောမသိပေမယ်။တန်ဖိုးထားပါ.....။
ဒါကတောငါလက်ဆောင်။.
ငါလက်ဆောင်လေလည်းတန်ဖိုးထားပေးပါ။"
ရဲရင့်ရိူင်းပေးသောလက်ဆောင်က ဝါးနဲပြုလုပ်ထားသည်။မှန်တင်ခုံအသေးစားလေဖြစ်သည်။
"ငါနင်ကိုမှန်လေတစ်ချပ်လက်ဆောင်ပေးတာ
က......နင်ဘာဘဲဖြစ်နေဖြစ်နေ...နင်နောက်မှာငါကကြေးမုံတစ်ချပ်လိုကြည်နေတယ်ဆိုတာဘဲ....ပြီးတောနင်လည်းအားငယ်ချိန်မှာ...ကိုယ့်ကိုယ်ကိုပြန်ကြည်ပါ။နင့်မှန်လေကိုကြည်ပြီးအားမွေးပါ။တနည်းဆိုငါကနင်အတွက်လိုတိုင်းဖြည့်ပေးမယ်အရိပ်လိုကြည်နေမယ်မှန်တစ်ချပ်ပေါ့"
"ဟက်....နင်ကလည်း...အတော်စိတ်ကူးယဥ်တတ်တာဘဲ...ရ၃လုံးရယ်"
"မနှောက်ပါနဲ....နှင်းဖြူရယ်။
ကောင်းပါပြီး....ငါတန်ဖိုးထားပါမယ်နော်။
အဲဒါဆိုငါအိမ်လည်းရောက်ပြီးဆိုတော
၀င်တောမယ်.....bye"
နှင်းဖြူရဲရင်ရိူင်းကိုနူတ်ဆက်စကားပြော၍
အိမ်ထဲ၀င်သွားသည်။
"နှင်းဖြူရယ်...နင်တို့တွဲနေတယ်ဆိုတာကို...
ငါဘယ်လိုပုံစံမျိုးနဲဝမ်းသာပေးရမှာလဲ"
ရဲရင်ရိူင်းစိတ်ထဲတွင်မတင်မကျညည်း၍အိမ်ကိုပြန်လာခဲ့သည်။
နောက်အပိုင်းတွေမှာဒေါ်ထိပ်ထားခင်နဲနှင်းဖြူဘယ်လို၂ပါးသွားပြီး
နှင်းဖြူဘ၀ကဘယ်လိုတဆစ်ချိုးကွေ့သွားမလဲဆိုတာ
ဆက်လက်အားပေးပါအုန်းနော်
Vရဲ့ဒီ၀တ္ထုလေကိုကြိုက်တယ်ဆိုcmtမှာအားပေးစကားလေပြောခဲ့ပါအုန်းနော်။
Cmtတွေ နဲ. တောသိပ်အားမပေးသလိုဖြစ်နေသလားလို့။အားမပေးသလိုဆိုနောက်အပိုင်းတွေရေးဖို့အားမရှိတောလို့ပါ။😔😔😭
OnlineWriter -🌻V☁☁☁