အချစ်တစ်ခု၏တိမ်ငွေ့ဖြူ☁☁☁
••••••••••••••••••••••••••••••••
°°°°°°°°°°°°°°
အချိန်နှင့်ဒီရေသည်လူကိုမစောင့်ဆိုသလို
နှင်းဖြူတို့၏တက္ကသိုလ်၀င်ခွင်စာမေးပွဲသည်
လည်း နေ့တွေမှသည်လသို့ပြောင်းကာဖြင့်
စာမေးပွဲအခန်းထဲဆီသို့နှင်းဖြူတို့ရောက်ခဲ့လေပြီ။ဒီကနေ့သည်နောက်ဆုံးဘာသာဖြစ်သည့်bioဖြေရန်နေပင်ဖြစ်သည်။
"နှင်းဖြူ...မျက်နှာလည်း...မကောင်းပါလား။
ဘာဖွသျနတောလဲ။"
"ရ၃လုံး...ငါbioဖြေတာ...အခြေနေမကောင်းဘူးထင်တယ်"
"ဟာ....ငွေနှင်းဖြူရယ်...နင်ကတောလုပ်ပြီး...။ပေး...မေးခွန်းစာရွက်...ငါအဖြေနဲ
တိုက်ကြည်ပေးမယ်။
"ရော့......"
နှင်းဖြူတစ်ယောက်နူတ်ခမ်း စူစူဖြင့်
ရဲရင့်ရိူင်းဆီကို မေးခွန်းစာရွက်ပေးလိုက်သည်။
ရဲရင့်ရိူင်း နှင်းဖြူစာရွက်ပေါ်ကအဖြေနှင့်သူအဖြေတို့ကို တိုက်ကြည်ရင် ကျောင်း၀န်းထဲကထွက်လာသည်။
"ရော့....ရုပ်ဆိုးမ....နင်အဖြေတွေက...မှန်ပါတယ်။
ဘာမှမစိုးရိမ်နဲနင်အောင်မှာ....။"
ရဲရင့်ရိူင်းနှင့် နှင်းဖြူထွက်လာပြီး
နှင်းဖြူက ဒေါ်လေဆီပြေးသွားသည်။
ရဲရင်ရိူင့်လည်းသူအမေဆီကိုလာခဲ့သည်။
"ဘယ်လိုလဲ...သား....အခြေအနေ"
"အားလုံး....ok....ကောင်းတယ်။"ဟုဆို၍
လက်မထောင်ပြသည်။
"နှင်းဖြူ....သမီးရောအခြေနေ...ဘယ်လိုလဲ."
ဟုဆို၍ရဲရင့်ရိူင်းအမေက နှင်းဖြူကိုမေးလိုက်သည်။
"သမီး....အခြေနေကတောမပြောတတ်သေးပါဘူး"
"ဘာလိုလဲ...သမီးရယ်"
ရဲရင့်ရိူင်းအမေ မေးသောစကားကိုရဲရင်ရိူင်း
ကကြားဖြတ်၊၍.....
"ဘာမှမဖြစ်ပါဘူးဟာ....ရုပ်ဆိုးမ...နင်ငါကိုယုံစမ်းပါ။အခြေနေအားလုံးokတယ်။ဘာမှစိတ်ထဲမထားနဲတော"
"ဟုတ်ပါတယ်....သမီးရယ်...ဘာမှစိတ်ထဲမထားနဲတော...သမီးအောင်မှာပါ...အဲဆိုင်းဘဲစိတ်ထဲထားလိုက်တောနော်"
ရဲရင်ရိူင်းအမေကလည်း နှင်းဖြူကိုအားပေးပြီးသည်။
နှင်းဖြူတို့တူရီးလည်းခါတိုင်းလိုရဲရင့်ရိူင်းတို့ကားနှင့်အတူပြန်ခဲ့ကြသည်။
"ဒါနဲ....သား။
သားတို့ရဲ့လေ့လာခရီးက ဘယ်နေ့သွားရမှာလဲ။"
"မနက်ဖြန်မှသွားရမှာလေ...မာမီ"
"ရ၃လုံး....နွေဦးရော....လိုက်ဖြစ်မှာလား..."
"အဲဒါတော....မသိသေးဘူး....ငါဒီညသူဆီphဆက်ကြည်မှသိရမှာ"
ထိုစကားကြောင့်ရဲရင့်ရိူင်းဘေးတွင်ထိုင်နေသောရဲရင်ရိူင်းအမေတစ်ယောက်သက်ပြင်းချမိသည်။
"အင်း....ဒီကောင်လေးမှာလည်းနော်...သူအမေကသူဘ၀ကိုချူပ်ချယ်နေတာ။ကလေးက
ကလေးလွတ်လပ်ခွင့်ကိုမရှိခဲ့တာ။
သူမလည်းသနားစရာကောသ်းလိုက်တာ"
"ဒီလိုဆိုတောလည်းသားက မိမိတို
ကျေးဇူးတင်ရမှာပေါ့နော်"
"မင်းကငါကို...ကျေးဇူးမတင်လို့။ဘယ်သူကိုကျေးဇူးတင်ချင်နေတာလဲ"
"ဟဲ...ဟဲ....သားကမာမီထက်ပိုကျေးဇူးတင်ချင်တာ နှင်းဖြူကိုမွေးခဲ့တဲအမေကို...ေ"
"ဗုေဒ္ဓါ....ငါသားကထူးထူးဆန်းဆန်းတော့"
"ဟုတ်တယ်လေ...မာမီရယ်။
သူလိုရုပ်ဆိုးသဘောကောင်းတဲ့ ကောင်မလေး
ရှားမှရှားတဲ့ သူလေကိုမွေးပေးထားတဲ့
သူအမေကိုကျေးဇူးတင်တာ။
ပြီးတော နှင်းဖြူကမာမီရဲ့မတော်ရသေးတဲ့ချွေးမလေးလေ။"
ပြော၍ ရဲရင့်ရိူင်းကမျက်လုံးမိှတ်ပြသည်။နှင်းဖြူက မျက်စောင်းခဲလိုက်သည်။
"ဪ....ဒီကောင်လေးနဲနောက်တိနောက်တတ်တွေသိပ်ပြောတာဘဲ"
ရဲရင့်ရိူင်းအမေကနှင်းဖြူအဒေါ်ဘက်သို့
တစ်ဖြန်ပြန်လှည့်၍
"ဒီကောင်လေးက အမြဲဒီလိုဘဲ မနှင်းမမြိုင်ရေ
နောက်တီနောက်တတ်နဲ့။အိမ်မှာလည်းအမြဲနောက်နေကြ။အလိုလိုက်ထားလို့ရောက်တတ်နေတာလေ......မနှင်းမြိုင်ရေ"
ဒေါ်လေးကပြန်ပြုံးပြ၍.......
"ယောကျာ်လေးကတော....ဒီလိုပါဘဲ....."
စကားတပြောပြောနှင့်ကားသည် နှင်းဖြူတို့အိမ်ရှေ့ရောက်တောရပ်လိုက်သည်။
"နှင်းမြိုင်တို့ကို လိုက်ပို့တာ....။ကျေးဇူးတင်ပါတယ်နော်"
"ဪ....ရပါတယ်...မနှင်းမြိုင်ရယ်။
သားရဲ့...အတန်းဖော်တွေဘဲဟာ....ကျမကူညီဖို့အသင့်ပါ။
ပြီးတောကျမက နှင်းဖြူကို သမီးလေးတစ်ယောက်လိုလည်းချစ်လိုပါ။"
ထိုစကားကြောင့်ရဲရင်ရိူင်းက........
"ဟဲ့...မာမီကတောပြောနေပြီး။
သမီးလေ၁ယောက်လိုချစ်တယ်တဲ့။
နင်ကရောငါ့မာမီကိုအမေအရင်းလိုချစ်လား"
နှင်းဖြူ ရဲရင်ရိူင်းကိုပြန်ကြည်ပြီး ရွဲပြုံးပြုံးပြကာ.......
"အေး.....ငါလည်းအန်တီကိုအမေတစ်ယောက်လိုခင်ပါတယ်။ဒါမယ်နင့်ကိုတော
မျက်တစူးဘဲ"
ထိုစကားကြောင့်ကားထဲကနေတဟားဟား
ရယ်နေသူကရဲရင့်ရိူင်းဖြစ်သည်။
"နှင်းဖြူရယ်....ဘယ်လိုပြောလိုက်တာလဲ။
အားနာစရာဖြစ်ကုန်ပြီး"
"ရပါတယ်နှင်းမြိုင်ရယ်။ဒါနဲသမီးက မနက်ဖြန်လေ့လာရေးကိုလိုက်မှာလား"
"ဟုတ်....အန်တီ...သမီးကတောလိုက်ဖြစ်မှာပါ။"
"အေးပါ....သမီးရယ်။
အန်တီသားကို....သမီးဆီအပ်တယ်နော်"
"ဟုတ်ကဲ့"
"ကဲ....မနှင်းမြိုင်ရေ....ကျမတို့ပြန်ပြီးနော်"
နှင်းဖြူနှင့်ဒေါ်လေးတိုလည်းရဲရင်ရိူင်းတိုသားမိကိုပြုံး၍
နူတ်ဆက်ပြီး အိမ်ထဲသို့၀င်ခဲ့ကြသည်။
အိမ်ထဲရောက်တောဒေါ်လေးက......
"နှင်းဖြူရေ....လေ့လာရေး....အပျော်ကလည်းအပျော်ပေါ့သမီးရယ်။
အပျော်ကနေအပျက်မဖြစ်စေနဲ။"
"ဟုတ်ကဲ့ပါ....ဒေါ်လေးရယ်။
နှင်းဖြူကို.စိတ်ချပါ။"
°°°°°°°°°°°°`°°`°°°°°°°°°°°°°°°°°°°°°°°°°°°
နွေဦးရေမိုးချိုးပြီး ကုတင်ဘေးတွင်ထိုင်နေစဥ်တွင်နွေဦးဖုန်းလေမြည်း လာသည်။
Phဆက်လာသူကိုကြည်တော....ရဲရင့်ဖြစ်သည်။နွေဦးမတုံးမဆိုင်ဘဲ phကိုကိုင်
လိုက်သည်။
"ဟဲလို"
"အေး....ပြော...ရဲရင့်"
"ဟဲ...လို...ကိုနွေဦးဆိုတဲ့၁ဦးတည်းသောသားနဲပြောချင့်လိုပါ"
"ဟေ့ရောင်....မင်းငါကိုနောက်မနေနဲ....
ပြောစရာရှိတာပြော"
"အေးပါကွာ...မင်းစိတ်မကြည်ဘူးလား"
"အင်း...ဟုတ်တယ်"
"မင်းစိတ်မကြည်တာကို...ငါမမေးတောပါဘူး။ဒါနဲ မင်းမနက်ဖြန်လိုက်ဖြစ်လာဆိုတာ
ငါမေးတာ"
"အေးကွာ....ငါကတောလိုက်လျင်တယ်။ဒယ်ဒီကလည်းလိုက်ဖို့ခွင့်ပြုတယ်။
တကယ့်လို ငါလိုက်မယ်ဆိုတောင် ခိုးလိုက်ရမှာကွ။"
"အေးပါ.....မင်းအခြေနေကိုငါသိပါတယ်။
ဒါမယ်နွေဦး.....ငါကတောမင်းကိုလိုက်စေချင့်တယ်။မင်းလိုက်ရင်....နှင်းဖြူတအားပျော်မှာ။
ဘာဘဲဖြစ်ဖြစ်....မင်းနဲငါ....သူအတွက်ကြောင်းမို...ရန်ဖြစ်ခဲ...ဖြစ်ခဲ့...။
ခုချိန်မှာတော....ငါကနှင်းဖြူကိုစိတ်ချမ်းသာစေချင်တယ်။သူစိတ်ချမ်းသာဖိုဆိုငါဘက်ကဘာဘဲလုပ်ပေးရ....လုပ်ပေးရ"
"ဟင့်....ငါလည်းလိုက်နိုင်အောင်ကြိုးစားနေပါတယ်"
"အေးပါကွာ.....မင်းလိုက်ဖြစ်မှဖြစ်မှာ။
နှင်းဖြူ....စိတ်ချမ်းသာဖိုဆို.....မင်းလိုက်မှ
ဖြစ်မှာ"
"အေးပါ.....ရဲရင် ရာ။
ဒါဆို....ဒီလောက်ဘဲလေ။
တော်ကြာ....ငါမာမီလာတဲ့အချိန်တဲ့တိုးရင်...
မနက်ဖြန်အတွက်အဆင်မပြေဖ့သ်လိမ့်မယ်"