အချစ်တစ်ခု၏တိမ်ငွေ့ဖြူ
•••••••••••••••••••••••••••••••
°°°°°°°°°°°°°°°
နှင်းဖြူစာလုပ်နေစဥ်တွင်ဒေါ်လေးတစ်ယောက်နှင်းဖြူနားတွင်ဟင်းရွက်လာခြွေနေသည်။
"ဒေါ်လေး...နှင်းဖြူပြောစရာလေရှိလို"
"ညည်းနဲလည်း....ပြောစရာရှိတာပြောလေအေး၊ဘာတွေဇာချဲနေတာလဲ"
ဒေါ်လေပြောသောစကားများကိုနှင်းဖြူမျက်နှာလေတစ်ချက်စူမိပြီးမှ.....
"နှင်းဖြူတို့ကျောင်းမှာစာမေးပွဲပြီးရင်ပျော်ပွဲစားထွက်ကြမယ်တဲ့......။အဲဒါနှင်းဖြူလိုက်သွားချင့်လိုပါ။"
နှင်းဖြူပြောသောစကားကိုဒေါ်လေးသက်ပြင်းတစ်ချက်ချ နှင်းဖြူကိုကြည့်ပြီး......
"သမီးကလိုက်သွာယချင် လိုဒီစကားပြောတယ်ဆိုတာဒေါ်လေးသိပါတယ်။သမီးလိုက်သွားချင်လိုက်သွားပါ။သွားမယ်ရက်ကိုဒေါ်လေးကိုပြော....ဒေါ်လေးမုန်းဖိုးပေးဖို့"
"ရပါတယ်...ဒေါ်လေးရယ်။ဒေါ်လေးဘက်ကနှင်းဖြူကိုခွင့်ပြုဖို့ဘဲလိုတာပါ။
လိုက်သွားဖို့ကနှင်းဖြူဘာသာပိုက်ဆံ စုထားပါတယ်"
"ကဲ....ကဲ...သွားဖိုငွေစုထားတယ်ဆိုလည်းပြီးတာဘဲ။ခုတော့စာမေးပွဲနီးနေပြီးမလား။စာကိုဘဲအာရုံစိုက်လုပ်။
ဟုတ်ပြီးလား။"
"ဟုတ်ကဲဒေါ်လေး။"
ဒေါ်လေနှင့်နှင်းဖြူတို့စကားပြောပြီးတခနနေတောဒေါ်လေးတစ်ယောက်နှင်းဖြူနားကထွက်သွားသည်။
နှင်းဖြူလည်းကိုယ့်စာကိုယ့်ဆက်လုပ်နေသည်။
●●●●●●●●●●●●●●●●●●●●●●●●●
နွေဦးစာလုပ်နေသည်အခန်းထဲသို့ဒေါ်ထိပ်ထားခင်တစ်ယောက်နွားနို့တစ်ခွက်နှင့်အသီးပန်းကန်တစ်ခုဖြင့်၀င်လာသည်။နွေဦးစာကြည်နေသည်စားပွဲဘေးတွင်မတ်တတ်ရပ်နေပြီး........
"သား...စာကိုညဥ်းနက်အောင်လည်းမလုပ်နဲအုန်း။ကျန်းမာရေးကောင်းမှသာစာေမးပွဲကိုကောင်းကောင်းမွန်မွန်ဖြေနိုင်မှာ"
"ဟုတ်ကဲ့ပါ.....မာမီ။သား...မာမီစကားနားထောင်ပါတယ်"
ဒေါ်ထိပ်ထားခင်တစ်ယောက်ကျေနပ်သောအမူရာဖြင့် ပြုံးပြလိုကြသည်။
နွေဦးစာလုပ်နေရင်ကျောင်းကလေ့လာရေးထွက်ရမည်အကြောင်းကိုသတိရသွား၍..
"မာမီ..."
"အင်း....ဘာလဲ...သား.။
ပြောလေ"
"သားတို့စာမေးပွဲပြီးရင် တီချယ်တို့က လေ့လာရေးခရီးထွက်ဖို့ပြောနေကြတယ်။
အဲကိုသားလိုက်သွားချင့်လို"
"ဘယ်သူတွေပါမှာလဲ....သား။"
"အဲဒါတော...မသိရသေးဘူး။
သားဘက်ကလိုက်ချင်လို....မာမီဆီကခွင့်တောင်းတာပါ"
"မဖြစ်ပါဘူး...သားရယ်။
သားကိုဗေဒင်တွက်ထားတာ။
သားကံဇာတာမှာ...ဒီနှစ်အညံထဲရောက်နေတယ်။အဲအတွက်ဒီလေ့လာရေးခရီးကို မာမီခွင့်မပြုနိုင်ဘူး။း"
"မာမီ...သားကိုအဲလောက်ကြီး စိုးရိမ်မကြီးပါနဲဗျာ။ဒီခရီးမှာတီချယ်တို့လည်းပါတယ်လေ...သားကိုသွားခွင်ပြုပါနော်"
"မရဘူး...နွေဦး။မာမီကမသွားရဘူးဆိုမသွားရဘူးဘဲ။
မာမီစကားအရှည်တွေမပြောနဲတော။
မာမီသားကလိမ်မာတယ်ဆို မာမီစကားနားထောင်
ဒီခရီးကိုမာမီမလွတ်ခြင်းလိုမဟုတ်ဘူး။သားရဲ့ကံဇာတာအညံထဲရောက်နေလို့ မာမီကခွင့်မပြုတာ သားအဲဒါကို သိထား"
ဒေါ်ထိပ်ထားခင်တစ်ယောက်သူပြောချင်တာပြောပြီးနွေဦးအခန်းထဲကထွက်သွားသည်။
အခန်းတံခါး၀တွင်နွေဦးအဖေက.....
"ခင်ရယ်...သားကိုအဲလောက်ထိမချုပ်ချယ်ပါနဲကွာ။သားလည်းအရွယ်ရောက်နေပြီးလေကွာ။
သူဆုံးဖြတ်ချက်နဲသူနေခွင့်ပေးလိုက်ပါ"
"ဒီမှာကိုစိုင်းလင်းဦး.......၊
ခင် လုပ်နေတဲ့အလုပ်ထဲကို ကိုစိုင်း
၀င်မပါပါနဲ့။
သားကိုဒီအရွယ်ထိသေချာဂရုတစိုက်နဲ အရိပ်တကြည်ကြည် ကြည်လားတာ ခင်ပါ။
အဲဒါကြောင့်သားနဲခင်နဲ ကြားထဲကို ကိုစိုင်း၀င်မပါပါနဲ။"
"ဒါမယ်လည်း...ခင်ရယ်။
သားကအခုအရွယ်ရေောက်နေပြီးလေကွာ။
သူကိုယ့်သူလည်း စောင့်ရှောက်နိုင်နေပြီးလေ။
မင်း အဲလောက်လည်းစိုးရိမ် မကြီးပါနဲကွာ"
"စိုးရိမ်ရမယ်....ကိုစိုင်းရယ်။
စိုးရိမ်ရမယ်...............။
ခင်တို့မှာမွေးထားတာ...ဒီသားလေတစ်ယောက်ဘဲရှိတာ။သားမရှိရင်ခင်ဘဲ ရင်ကျိုးရမှာ.....။"
"အေးပါကွာ....မင်းစိုးရိမ်တာ....စိုးရိမ်တာပေါ့ကွာ။
မင်း....မင်း..သားကိုချစ်ရင်...အဲလောက်ကြီးမချုပ်ချယ်နဲလိုပြောတာကွ။
မင်း....အဲလိုမှမဟုတ်ဘဲ...သားကိုချုပ်ချယ်နေရင်.....မင်း
အဲဒါ....သားကိုချစ်တာမဟုတ်တောဘူး။
မင်းရဲ့.....အတ္တနဲလောဘကိုပိုချစ်နေတယ်ဆိုတာကို....မင်းသိထားအုန်းကွ"
ဦးစိုင်းလင်းဦးလည်း ဒေါ်ထိပ်ထားခင်ကိုအကျိုးအကြောင်းပြောရင်ကုတင်ပေါ်လှည်လိုက်ရင်စာအုပ်ဖတ်နေလိုက်သည်။
"ရှင်...ပြောတဲ့အတ္တ လောဘ ကတော့ ကြီးနေရအုန်းမှာဘဲ......ရှင်။
ဘာလိုဆို...ကျမကကျမသားကောင်းစားနေတာဘဲမြင်ချင်တာ"
"တော်ပြီး....ခင်။မင်းကိုငါဆက်ပြီးတော....
မပြောတောဘူး.....။ဖြစ်လာမယ်ကံအကျိုးအကြောင်းကိုမင်ယလက်ခံနိုင်အောင်ကြိုးစားဖိုတောလိုလိမ့်မယ်"
ဦးစိုင်းလင်းဦး ပြောသောစကားများကိုဒေါ်ထိပ်ထားခင်တစ်ယောက် ဂရုမစိုက်ဟန်မျက်နှာထားဖြင့် အိပ်ယာ၀င်လိုက်သည်။
□□□□□□□□□□□□□□□□□□□□□
နွေဦးနှင့်ရဲရင်ရိူင်းသည် ငယ်သူငယ်ချင်းများ
ဖြစ်၍ တစ်ယောက်နှင့်တစ်ယောက်က
အတွင်းသိအဆင်းသိကြသည်။
ကျောင်းတက်ရက်တွင် နွေဦးမျက်နှာမကောင်းသည်ကို ရဲရင်ရိူင်းသတိထားမိသည်။နေခင်းမုန့်စားဆင်
ချိန်တွင်အခါသင့်သဖြင့်........
"နွေဦး....မင်းမျက်နှာလည်း မကောင်းပါလား။
ဘာဖြစ်နေတာလဲ.......။"
"ဒီလိုပါဘဲကွာ။"
ရဲရင်ရိူင်းပြုံး၍........ ေ
"ဒီမှာ....နွေဦး....မင်းတခြားလူကိုဘဲလိမ်လိုရမယ်။
ငါကိုတော မင်းဘယ်တောမှလိမ့်လိုမရဘူး။
ကဲပါကွာ...ပြောစမ်းပါ။မင်းဘာဖြစ်နေတာလဲ
မင်းမားသားကြီး....ဘာပွားပြန်ပြီးလဲ။"
ရဲရင့်ရိူင်းမေးနေစဥ်တွင်
နွေဦးနှင့်ရဲရင့်ရိူင်းနားသို့ နှင်းဖြူတို့သူငယ်ချင်း၃ယောက်လည်းရောက်လာကြသည်။
နွေဦးအားလုံးကိုသေချာကြည်၍
"ငါ....လေ့လာရေးခရီးစဥ်မလိုက်ရဘူးတဲ့......"
"ဘာလဲ....မင်း....မားသားကြီး....အမိန့်ကြောင့်ဘဲလား"
နွေဦးဘာမှမပြောနိုင်ဘဲခေါင်းညိတ်ရင်ခေါင်းသာစိုက်နေမိသည်။
"မင်း....မားသားကြီးကလည်းကွာ.....
မင်းဒီအရွယ်တောင်ရောက်နေပြီး.....ချုပ်ချယ်တုန်းဘဲလား။"
"ချုပ်ချယ်တယ်လိုတော....ငါကမပြောလိုပါဘူး။
အမေကငါကိုချစ်လိုနေမှာပါ"
"ဟင့်.....မဆိုင်လိုက်တာ.....နွေဦးရာ။
အခု မင်းဘဲ၁၀တန်းရောက်နေပြီး
မကြာမီ အချိန်မှာငါတို့တက္ကသိုလ်မြေကြီးကိုလည်းနင်းရတောမယ်.။အဲဒါတောင် မင်းက လှောင်အိမ်ထဲက ငှက်ဖြစ်နေတုန်းလား။လုပ်မနေပါနဲကွာ......
မင်းအခုဖြသ်ချင်တဲ့အရာ လုပ်ချင်တဲ့အရာကို
ရဲရဲတင်းတင်းလုပ်လိုက်ပါ။မင်းအောင်မြင်မှာပါကွာ။...ဒါနဲ...မင်းတို့၃ယောက်ကရောလေ့လာရေးလိူက်မှာလား"
"အင်း....နှင်းဖြူကတော...ဒေါ်လေးကိုသေချာပြောပြီးပြီး။ဒေါ်လေးကတောခွင့်ပြုတယ်။"
"ဖြိုးနဲမျိုးကတောဒီကိစ္စအတွက်အေးဆေးဘဲ""
ရဲရင်ရိူင်းလက်ခုပ်တီး၍
"ဝါး.....ငါကောင်မလေးတွေကတော အရမ်းတော်သွားပြီးကွာ"
ရဲရင်ရိူင်း စသလို နောက်သလို ပြောသောစကားကို မျက်စောင်းပင့်ထိုးလိုက်သူက နှင်းဖြူဖြစ်သည်။
"ဘာမှစဥ်စားမနေနဲတော....နွေဦး။
နှင်းဖြူတို့နဲလိုက်ချင်လား"
"ဘယ်လိုပြောလိုက်တာလည်း....နှင်းဖြူရယ်
လိုက်ခြင်းတာပေါ့"
"ဒါဆိုလည်း....ခိုးလိုက်ခဲ့ပါလား...။"
"ဟင့်....ခိုးလိုက်ရမယ်။"
"ဟုတ်တယ်...နွေဦး....။နှင်းဖြူပြောတဲ့အကုံမဆိုးဘူး။
မင်းကလည်းလိုက်ခြင်းတယ်။ငါတို့ကလည်းလိုက်စေခြင်းတယ်ဆိုတော။
ဒီလမ်းဘဲရှိတယ်....။ဘယ်လိုလဲ...မင်း...မားသားကြီးနဲ....တော်လှန်ရမယ်ကိစ္စ...အဆင်ပြေပါမလား။"
နွေဦးသက်ပြင်းတစ်ချက်ချ၍
"ငါစဥ်စားပါအုန်းမယ်....ရဲရင့်"
"အေးကွာ.....အဲဒါဆိုငါမင်းအတွက် ပိုက်ပိုက်
ပိုစုထားလိုက်မယ်။"
"ကဲ...ဒါဆို....ငါတို့ဆွေးနွေးမူလည်းပြီပြီးဆိုတောအတန်းပြန်ပြီး စာသွားလုပ်ကြမယ်လေ"
အားလုံးတစ်ယောက်နှင့်တစ်ယောက်ပြုံးပြ
ပြီးအတန်းဆီသို့ ြပန်ခဲ့ကြသည်။
ကျောင်းကအပြန်နွေဦးအိမ်ရောက်တော့....
နွေဦးအမေကိုမတွေ့ပေ။နွေဦးနှင့်သူအဖေ
ဦးစိုင်းလင်းဦးတို့သည် တော်ရုံစကားမပြောကြပေ။ဒီအခါမှာတောဦးစိုင်းလင်းဦး၏ ေခါ်သံကြောင့်နွေဦးဆိုဖာတွင်၀င်ထိုင်လိုကြသည်။
"ညက....သားအမေပြောတဲ့စကားတွေကို
ဒယ်ဒီ....အကုန်ကြားတယ်။အဲတောကွာ....သားအဲနေနဲ...အဲခရီးကိုသွားခြင်းလာ"
"ဟုတ်...ဒယ်ဒီ...သားလိုက်သွားချင်ပါတယ်။"
"ဒါဆို....သားလိုက်သွား။မင်းအမေတောမသိစေနဲ။ဟိုရောက်ရင်သားကိုသားထိန်း....
အပျော်တွေမလွန်၊စေနဲ
အပျော်လွန်ရင်ပျက်စီးတတ်တယ်ဆိုတဲ့ သဘောတရားကို သားအမြဲတမ်းမှတ်သွား"
"ဟုတ်ကဲပါ...ဒယ်ဒီ။"
"သားသွားဖိုအတွက် မုန့်ဖိုးကတော. ဒယ်ဒီဆီကဘဲ ယူသွားပေါ့။ခုတော သား...စာကိုဘဲဖြောင့်ဖြောင့်လုပ်တော"
"ဟုတ်....ဒါဆိုသား ရေမိုးချိုးပြီး စာလုပ်တောမယ်"
"အေး....အေး....သား"
နွေဦးသူအဖေရှေ့ကနေ ခါးကိုကိုင်ကာရိုကျိူးစွာထွက်လာလိုက်သည်။
ကျောင်းလေ့လာရေခရီးနှင့်အတူနောက်အပိုင်းဆက်ရန်.....................
ဒီအခန်းမှာroတဲ့အခန်းမပါတဲ့အတွက်
ပျင်းရင်ပျင်းနေပါလိမ့်မယ်
ဒါမယ်
အားဆေးလေတွေအားပေးကြပါအုန်းနော်...
OnlineWriter -🌻V☁☁