book

Index 9

အခန်း(6)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔


-----------


" အချဉ်တစ်ကောင်ဖမ်းမိထားတယ် ခ်ခ် "


လွင်မေသွယ့် စကားကြောင့် ဖတ်လက်စ စာအုပ်ကို

ခနရပ်ထားပြီး မြတ်နိုး လှည့်ကြည့်လိုက်သည်။အချဉ်တစ်

ကောင်ဆိုတော့ မြတ်နိုးလည်း စိတ်ဝင်စားတယ်လေ။


" ဘယ်မှာတွေ့တာလဲ "


" facebook မှာ "


" နင့်ဟာက……အမှန်အကန် ဟုတ်လို့လား……ဂျင်းထည့်

ခံရအုံးမယ် "


" မယုံရင် နေလေ……လွင်မေသွယ် ဖန်တဲ့ဂွင် ဘယ်တုံးက

လွဲဖူးလို့လဲ "


ဟုတ်တော့လည်း ဟုတ်သည်။သွယ်က အချဉ်ဖမ်းတတ်

တဲ့နေရာမှာ သိပ်တော်သည်။ယောကျာ်းတွေကလည်း သူ

အချဉ်ဖမ်းတာ သိသိကြီးနဲ့ သံပုရာသီးမှ ရွေးကြိုက်တာ

ဆိုပြီး မခွဲနိုင်မခွာနိုင် ဖြစ်နေကြတယ်။မြတ်နိုးကတော့

အစက ဒီလိုအချောင်နည်းနဲ့ရတဲ့ ငွေတွေ မလိုချင်ခဲ့ပါဘူး။


နောက်ကျ အိမ်ကစီးပွားရေး အခြေအနေမကောင်းသော

ကြောင့် မြတ်နိုး ကျောင်းဆက်တက်နိုင်ဖို့ သွယ်နဲ့ပေါင်း

ပြီး ခြူ ဆီ လုပ်ရတော့သည်။


" ငါ သူ့ကို အပြင်မှာတွေ့ဖို့ ချိန်းထားတယ် "


" ဘယ်နေ့လဲ "


" ဒီနေ့……ကျောင်းမှာပဲ ချိန်းထားတာ……ခနနေ လာ

လိမ့်မယ်……သူက Tom Boy နော်……ရုပ်လဲရှိတယ်

ရေလဲလျှံတယ် "


Tom Boy ဆိုတော့ မြတ်နိုး မျက်လုံးပြူ းသွားသည်။သွယ်ဘာတွေကြံစည်နေလဲ သူမ နားမလည်တော့ဘူး

လေ။


သွယ်သည် သံပုရာရည်ကို ဇီမ်ခံသောက်ပြီး Tom Boy

တစ်ယောက်ရဲ့အချစ်ကို ရဖို့ ဘယ်လိုကြိုးစားရမလဲ အ

ကြံ ထုတ်နေသည်။မြတ်နိုးက Tom Boy တွေနှင့် မပက်

သတ်ဖူးသူမို့ ဒီတစ်ခါဖြင့် ပညာသင်တစ်ယောက်အနေ

နှင့်သာ လက်ပိုက်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။


" ဟဲ့ ဟဲ့…… ဟိုမှာ သူ လာနေပြီ "


" အိုမို……အာ့ Tom Boy လား……ချောချက်ဟယ်……

မသိရင် အစစ်လို့ထင်မှာ……"


ကန်တင်းထဲ တစ်စိုက်မတ်မတ်လျှောက်လာသော သူ့ကို

မြတ်နိုး မျက်တောင်မခတ်ကြည့်ရင်း အမွှန်းတင်လိုက်လျှင်

သွယ်က လှောင်ရယ် ရယ်နေလေသည်။


Tom Boy ဆိုပေမယ့် ယောကျာ်းတစ်ယောက်တွင် ရှိ

သင့်သည့် အရပ် သူ့တွင်ရှိသည်။မြတ်နိုးထက် အသား

အရေလှသည်။ဖြူ ဖွေးဆွတ်နေတာများ သွေးကြောစိမ်း

လေးတွေတောင် လှမ်းမြင်နေရသည်။


သွယ့်ကို မြင်မြင်ချင်း ပါးချိူ င့်နှစ်ဖက်ပေါ်သည်အထိ သူ

ပြုံးလိုက်သောအခါ မြတ်နိုး ရင်ခုန်သွားသည်။


" Sorry!! ကားလမ်းတွေပိတ်တာနဲ့ နောက်ကျသွားတယ်"


နေကာမျက်မှန်ကို ချွတ်ပြီး စားပွဲပေါ်တင်လိုက်သောအခါ

ဆွဲဆောင်မှု အားကောင်းသည့် မျက်ဝန်းတစ်စုံကို မြတ်နိုး

တွေ့လိုက်ရသည်။


" ရပါတယ် ကွီးရဲ့……ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ်……ဒါ

သွယ့် အချစ်ဆုံးသူငယ်ချင်းလေ……မြတ်နိုးဝေတဲ့……ဟဲ့

ဒါ ငါပြောတဲ့ ကွီး ……ဇော်တဲ့ "


ဇော်သည် သွယ်မိတ်ဆက်ပေးမှ မြတ်နိုးကို သတိထားမိ

ပုံရသည်။သွယ်နဲ့ယှဉ်လျှင် မြတ်နိုး အလှက နဲနဲငုံ့နေ

သည်။


" သွယ့်ကိုခင်သလို ကျတော့်ကိုလည်း ခင်နိုင်ပါတယ်……"


" ဟုတ် "


" ရုပ်ရှင်လိုက်ပြမယ်ဆို..…"


စလာပြီ……သွယ်ရဲ့ ခြူ ဆီ လုပ်ငန်း စတင်ခြေလှမ်းလာ

ပြီဆိုတာ မြတ်နိုး သဘောပေါက်လိုက်ပြီ။သို့သော် သူ့ကို

မြေစာပင် လုပ်ဖို့ မြတ်နိုး စိတ်မပါတော့ဘူး။သွယ့်က်ိုလဲ

မလုပ်စေချင်တော့ဘူး။ဘာဖြစ်သွားလဲဆိုတာလည်း ကိုယ့်

ကိုကိုယ် မသိဘူး။ခက်တော့ ခက်နေပြီ။


" ပြပါတယ်……အတန်းချိန်ရှိသေးတယ်မို့လား "


" အွန်း……ရှိတယ် ဒါမဲ့အရေးမကြီးပါဘူး……သူ့ ထားခဲ့မှာ

ပဲဟာ……သူ လက်မှတ်ထိုးပေးရင် လစ်လို့ရတယ် "


သွယ့်အပြောကြောင့် မြတ်နိုး အောင့်သက်သက်ဖြစ်ကာ

မျက်လုံးဝင့်ကြည့်လိုက်သည်။တစ်ဆက်ထဲမှာပင် ဇော်

ကလဲ မြတ်နိုးကို စောင်းငဲ့လျက်ကြည့်နေသည်မို့ သူမ

ခေါင်းငုံ့ပြီး ရှေ့တွင်ချထားတဲ့ ကော်ဖီကို ဇွန်းဖြင့် ခတ်

သောက်နေလိုက်ပါသည်။


" သွားမှတော့ သုံးယောက်လုံး အတူသွားကြမယ်လေ……

နှစ်ယောက်ထဲကျ မကောင်းပါဘူး "


" သူက ရုပ်ရှင်ကြည့်တာ ဝါသာနာမပါဘူးကွီးရဲ့……နော်

မြတ်နိုး "


တမင်သက်သက်ကြီး ပုတ်ချနေသော သွယ့်ကို မြတ်နိုး

တင်းလာသည်။


" မြတ်နိုးက ရုပ်ရှင်ကြည့်တာ ဝါသာနာ မပါဘူးဆိုတော့

ဘာဝါသာနာ ပါတာလဲ "


" သူက စာဂျပိုးလေ……စာအုပ်တအားဖတ်တာ……ငယ်

ငယ်လေးထဲက မျက်မှန်တပ်ရတာပဲကြည့် "


သွယ်သည် မြတ်နိုးနှင့် ဇော့်ကို စကားအပြန်အလှန်ပြော

ခွင့်မပေးပဲ ကြားထဲကနေ ဆရာဝင်လုပ်နေသည်။


" ဟုတ်လား… ဒါဆိုမြတ်နိုးကို ကျတော် စာအုပ်တွေပေး

အုံးမယ်……ကျတော်ကတော့ စာဖတ်ပျင်းတယ်ဗျ……

ကျတော့်သူငယ်ချင်းက မြတ်နိုးလိုပဲ စာတအားဖတ်တာ

သူ့ဆီက စာအုပ်တွေ ယူလာပေးမယ် "


" ဟုတ် ကျေးဇူး အကို "


" သြ……သူငယ်ချင်းက မိန်းခလေးလား ယောကျာ်းလေး

လား "


မဆီမဆိုင်မေးလာသော သွယ့်မေးခွန်းကြောင့် ဇော် စိတ်

ဖုသွားသည်။သူနဲ့အပြင်မှာ တွေ့တာ ဒါ ပထမဆုံးမို့လား။

အာ့လောက်ထိ သူ့အတွင်းရေးကို သိချင်စိတ်ပြင်းပြနေ

တာ ဘာအထာလဲ။


" မိန်းခလေး……သူနဲ့ဟိုးငယ်ငယ်လေးထဲကပေါင်းလာ

တာ "


" ဒါဆို သူ့ကိုတော်တော်ခင်မှာပေါ့နော် "


" ခင်တယ်ဆိုတာထက် သံယောဇဉ်ရှိတယ်ပြောရင် ပိုမှန်

မယ် "


" ဒါများကွီးရယ်……သူ့ကိုတွဲလိုက်ပေါ့ "


သွယ် ရွဲ့ပြီးမေးနေမှန်း မြတ်နိုး သိသလို ဇော်လဲသိပါသည်

တဖြေးဖြေးနဲ့ စကားတွေက ဘောင်ကျော်လာ၍ မြတ်နိုး

သူ့ကို အားနာလာသည်။


" သူ့ကိုသံယောဇဉ်ရှိတယ်ဆိုတာ ဖြူ စင်တဲ့သံယောဇဉ်

မျိူ းပါ……မရိုးမသားစိတ်နဲ့မဟုတ်ဘူးဗျ……ဒါမဲ့ သူ့ကို

အရာအားလုံးထက် ပိုတာတော့အမှန်ပဲ "


ပြောရင်းနဲ့ နွယ့်ကို သတိရလာသည်။နွယ်နဲ့မတွေ့ဖြစ်

တာ တစ်ပါတ်လောက် ရှိတော့မယ်။ဒယ်ဒီ့ကို မကျေနပ်

တာနဲ့ နွယ် သူ့ကို ဖုန်းတစ်ချက်တောင် မဆက်တော့ဘူး။

ဒီနေ့တော့ နွယ် ဖတ်ဖို့ စာအုပ်အသစ်တွေ ဝယ်သွားပြီး

ကောက်တေးမလေးကို သွားချော့ရမယ်။မြတ်နိုးအတွက်

နွယ့်ဆီက စာအုပ်တွေ ငှှားရင်းပေါ့။


" ကွီးးးးး "


" ဗျာ "


" အယ်……သွယ်ပြောတာ မကြားဘူးလား "


" ဘာ…ဘာပြောလိုက်တာလဲ မသိ "


" ဟောတော်……ကွီး ချစ်သူရခဲ့ရင် သူနဲ့ ချစ်သူ……ဘယ်

သူ့ကို ပိုအရေးပေးမှာလဲလို့ "


" သြော်……ပြောပြီးပါရောလား……သူ့ကို အရာအားလုံး

ထက် ပိုပါတယ်ဆို……ချစ်သူမပြောနဲ့ မိဘထက်တောင်

ပိုသေးတယ် "


" ဟွန်း……မနာလိုချင်စရာကြီး "


ဘာမှဆက်မပြောတော့ပဲ ဇော် ရယ်နေလိုက်သည်။သွယ်

သည် Tom Boy တစ်ယောက်၏ ပက်ပက်စက်စက်ချေမှု

ကို အလူးအလဲ ခံစားနေရ၍ ကိုယ့်ကိုကိုယ်ဒေါသထွက်

လာသည်။Tom Boy တစ်ယောက်ကိုမှ ကိုယ့်ဘက်ပါ

လာအောင် မဆွဲဆောင်နိုင်ဘူးဆိုရင် လွင်မေသွယ်ဆိုတဲ့

နာမည်ကို မြောင်းထဲ လွှတ်ပစ်ရုံသာ ရှိတော့သည်။


သွယ်သည် ငြိမ်ချက်သားကောင်းနေသော မြတ်နိုးဆီ

အကြည့်ရောက်မိပြန်သည်။မြတ်နိုး စိတ်ထဲတွင် သွယ့်လို

မနာလိုတာတွေ ခံပြင်းတာတွေ မရှိသဖြင့် အေးချမ်းနေ

သည်။သို့သော် သူ့ သူငယ်ချင်းကိုတော့ အားကျမိသည်။

သူ့ရဲ့ အချစ်တွေကို အပိုင်ရထားတဲ့ မမသည် ကမ်ဘာပေါ်

တွင် ကံအကောင်းဆုံးလူသားလို့ မြတ်နိုး ထင်မိသည်။


လူတွေက ကိုယ်လိုချင်တဲ့အရာကို တစ်ပါးသူ ရသွားရင်

မနာလိုတာများပေမယ့် မြတ်နိုးကတော့ ကိုယ်မရတဲ့အရာ

တပါးသူ လက်ထဲမှာရှိနေ၍ အားတော့ကျမိတာ အမှန်ပင်။


မျှော်တော့ မမျှော်လင့်ပါဘူး……ဒါမဲ့ သူ့ကို ရင်ထဲမှာနေရာ

တော့ ပေးခဲ့မိပါတယ်လေ။


---------------------------------------------------------------------


ကိုကို ဘာလို့ဖုန်းမကိုင်တာလဲ မသိဘူး။ထိုမေးခွန်းတွေ

ဖြင့် နွယ်သည် အလုပ် လုပ်ရာမှာလည်း စိတ်မပါတော့

ချေ။မနက်မိုးလင်းတိုင်း နွယ့်ဆီ ဖုန်းဆက်တတ်သော

ကိုကိုသည် ဒီနေ့ဆက်ဖို့ တာဝန် လစ်ဟင်းနေခဲ့သည်။


အရင်ဆို ဘယ်လောက်အလုပ်များများ message တစ်

စောင်တော့ ကိုကို ပို့နေကျပင်။


" အခုထိ ဘဲဥခွာလို့မပြီးသေးဘူူးလား……"


"…………"


ကိုကို့ဆီ ရောက်နေသော နွယ့်စိတ်သည် အမေမေးတဲ့

မေးခွန်းကို မကြားပဲ ရောက်တတ်ရာရာကြည့်နေသည်။

ထုံးစံအတိုင်း လက်မြန်ခြေမြန်ရှိသော မထားသည် နွယ့်

အနား လှမ်းလာပြီး ပခုံးကို ဖျက်ခနဲရိုက်ချလိုက်မှ နွယ်

အသိဝင်သွားသည်။


" အပူသည်ရုပ်နဲ့……ဘာဖြစ်နေတာလဲ မိနွယ် "


" ဘာဖြစ်ရမလဲအမေရဲ့……ကိုကိုပေါ့ အခုထိ ဖုန်းမကိုင်

ဘူူး……"


" အာ့မလေးတော်……အဖြစ်သဲနေလိုက်တာ……မကိုင်

ဘာဖြစ်လဲ……ညနေကျ ညည်း မတွေ့ရတော့ဘူးတဲ့

လား "


မထားသည် နွယ်ရှေ့က ဘဲဥဇလုံကို သူ့အနားရွှေ့ပြီး

ကူ ခွာပေးလိုက်သည်။


" ဒါတော့ဒါပေါ့………ဒါမဲ့ ကိုကို့အသံ မကြားရင် သမီးမှ

မနေတတ်တော့တာ "


" ငါ့နှယ့်နော်……တကယ်ထဲမှပဲ……ညည်းဘာသာ ရင်ထဲ

က သေအောင်ချစ် ရတယ်……ထုတ်တော့မပြမိစေနဲ့

မိနွယ်……ညည်းချစ်တာသိလေ ဟိုက အနိုင်ယူလေပဲ…

မှတ်ထား ယောကျာ်းဆိုတဲ့အမျိူ းက သိပ်ချစ်ပြလို့ကောင်း

တာမဟုတ်ဘူး……မတင်မကျလေး ချစ်ပေးရတယ်……

နားလည်လား "


မထားသည် နွယ့် နားထင်ကို လက်ညှိုးဖြင့် ဖိကပ်ရင်း

ပြောလိုက်ပါသည်။


နွယ်ကတော့ ရင်ထဲကနေ ခိုးကြောင်ခိုးဝှက် မချစ်တတ်ပါ

ဘူး။နွယ် သိပ်ချစ်တာသိလို့ ကိုကို အနိုင်ယူမယ်ဆိုလဲ

ယူပါစေလေ။


ယောကျာ်းတစ်ယောက်ကို မာယာတွေနဲ့ သိမ်းမသွင်းချင်

သလို သတ်မှတ်ချက် အတိုင်းအတာတွေနှင့်လည်း မချစ်

ချင်ပါ။နှလုံးသားဆန္ဒအရ ဖြစ်ပေါ်လာတဲ့စိတ်နဲ့ပဲ ပွင့်ပွင့်

လင်းလင်း ချစ်ချင်တယ်။


" ပြောရအုံးမယ်……သိပ်ကြာကြာတော့မတွဲနဲ့ မိနွယ်ရေ

သူက ဆရာဝန်မို့လား……ဆရာဝန်တောင် အထူးကု

သားမက်တော်ချင်တဲ့သူတွေကလဲ ခပ်များများရယ်..…

အနားကပ်ချင်တဲ့ မိန်းမတွေ ပေါမှပေါ……ဒီတော့အချိန်

မဆွဲနဲ့……ခြောက်လလောက်တွဲပြီးရင် ယူဖို့ပြင်……

ညည်း ငယ်ဂုဏ်လေးရှိတုံး သူ့အချစ်တွေလဲ ပူနွေးတုံး

ရအောင်သာ ယူလိုက်တော့ "


" ဟာ……အမေကလဲ……ကိုကို့ဘက်က ယူဖို့မပြောမချင်း

နွယ်လဲ အတင်းယူခိုင်းမှာမဟုတ်ဘူး "


" အားးးး အမေ့ "(next)


rate now: