အက္ခရာ
💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
-----------
" တီ တီ "
" အောက်မလေး "
ကားဟွန်းသံကြား၍ မထား တုန်တက်သွားသည်။ဒေါက်
တာ ရာပြည့်ဆင်းလာကာမှ ကိုယ့်လူမဟုတ်ပဲ မိနွယ်လူ
ဖြစ်နေ၍ စိတ်အေးရတော့သည်။
" နွယ်ရေ……ဆရာလာပြီဟေ့…… ဆရာ…… မုန့်ဟင်းခါး
အဆာပြေစားသွားပါလား ဆရာ "
" မစားတော့ပါဘူး……နောက်ကျနေလို့ "
မထားနဲ့စကားပြောနေချိန် နွယ် ရောက်လာပါသည်။ရာ
ပြည့် မျက်ဝန်းထဲ နွယ် ဒီနေ့ သိပ်လှနေလေရဲ့။
" သမီးသွားပြီနော်……စိတ်ချမယ်နော် "
" အံမယ် ငါလုပ်လိုက်ရ "
ငါလုပ်လိုက်ရဆိုတော့ နွယ် နောက်နဲနဲဆုပ်လိုက်သည်။ပြီး
မှ သွားဖြီးပြကာ လက်ကလေး ထောင်ပြလိုက်၏။
" တာ့တာ……အမေ့……မုန့်ဟင်းရည်အိုးမွှေရင် ကြည့်မွှေ
နော်……အိုးထဲပြုတ်ကျမှာ စိုးလို့ ခ်ခ် "
နွယ့်ကိုကြည့်ပြီး ရာပြည့်ပါ ပြုံးတတ်လာပြီ။အမြဲတမ်း
နောက်ကျိနေသော စိတ်သည် နွယ်နှင့်ဆုံလာတိုင်းပေါ့ပါး
လာတတ်သည်။စိတ်တွေ ရွှင်ပျ လာသည်။
" ဘယ်မှာထိုင်ရမလဲ "
" ခေါင်မိုးပေါ် "
နွယ်သည် အောက်နှုတ်ခမ်းကို သွားဖြင့်ဖိက်ိုက်ရင်း သူ့ကို
မျက်စောင်းထိုးလိုက်သည်။
" အရှေ့မှာထိုင်.……"
အရှေ့မှာထိုင်တဲ့။ဟီး.……ရင်ခုန်ချင်စရာကြီး။နွယ်သည်
ကားခေါင်းကို ပတ်လျှောက်ပြီးမှ အရှေ့ခန်းတွင် ဝင်ထိုင်
လိုက်ပါသည်။
" ဘာလို့ သနခါးအထူကြီးလိမ်းလာတာလဲ "
" အိမ်မှာနေရင် သနခါးပဲလူးတတ်တာလေ "
" အပြင်ထွက်မှ မင်းသမီးရံှုးအောင်ပြင်တယ်ပေါ့ "
" ဟုတ်တယ် "
" ဟားး ပြင်လဲဒီရုပ်ပါပဲ "
" ခင်ဗျားနော် "
" ဟေ့ ဟေ့……အခေါ်အဝေါ်တွေမကြိုက်ဘူး……လူနာ
တွေရှေ့ရောက်လဲ ခင်ဗျားလို့ခေါ်နေအုံးမှာလား "
သူပြောတာ မှန်နေသဖြင့် နွယ် ငြိမ်နေလိုက်သည်။ဘယ်
လိုခေါ်ရမလဲ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပါဘူး။သူက
ဆရာဝန်ပဲဟာ။ဆရာလို့ ခေါ်ရုံပေါ့။
" ဒါဆို ဆရာလို့ခေါ်မယ်လေ "
" မကြိုက်သေးဘူး "
" ဟင် "
" အင်း "
" ဒါဆို ဒေါက်တာလို့ ခေါ်ရမှာလား "
ဆေးခန်းနားမရောက်မီ ကားရပ်လိုက်သည်။ပြီးမှ နွယ့်ဘက်လှည့်ကာ တည်ကြည်သောအကြည့်ဖြင့် တခ
ဏ စိုက်ကြည့်သည်။
" တစ်ခုခုခေါ် နာမ်စားတစ်ခုခု "
နွယ်သည် နားထင်ကို လက်ညှိုးဖြင့် ကုတ်ရင်း မျက်မှောင်
ကြုတ်သည်အထိ စဉ်းစားနေသည်။နွယ် စဉ်းစားပုံလေးကို
ကြည့်ပြီး ရာပြည့်အသဲယားလာသည်။ဖက်နမ်းချင်စိတ်
အခါ တစ်ရာမက ပေါက်ဖွားလာသော်လည်း ကိုယ်နဲ့မ
ဆိုင်သေးဘူးဆိုတဲ့အသိက မိုက်မဲမှုကို ထိန်းချူ ပ်နိုင်ခဲ့
သည်မို့ တော်သေး၏။
" မသိတော့ဘူး……ဘယ်လိုခေါ်ရမှာလဲ "
ရာပြည့်က သူမ အနား ကပ်နိုင်သလောက်ကပ်ပြီး လေသံ
တိုးတိုးလေးနှင့် ပြောလာသည်။
" ကိုကိုလို့ခေါ် "
" အာ……ခင်ဗျားနော် "
ခင်ဗျားနော်ဆိုပြီး ရှက်ရှက်နှင့် သူ့လက်မောင်းကို နွယ်
လက်သီးဆုပ်လျက် ထိုးလိုက်ရာ ရာပြည့်မှာ အနောက်ကို
တော်တော် ရောက်သွားလေသည်။
" ဟာကွာ……လက်ပြတ်ကြီးနဲ့……အားလားလာ "
တကယ်လဲ စူးပြီး နာသွားပါသည်။ရှက်စိတ်နဲ့ ထိုးလိုက်တဲ့ လက်သီးမို့တော်သေး၏။
" တကယ်နာသွားတာလားဟင် "
" မနာပဲ အော်မလား "
" ဟယ်……ဆရာဝန်ဖြစ်ပြီးတော့ "
" ဘာဆိုင်လဲ ဆရာဝန်ဖြစ်တာနဲ့ "
" မသိဘူး "
" မသိဘူးဆိုလဲ ဆင်းတော့လေ……ဆေးခန်းနားရောက်
နေပြီ "
အမေ့ကိုစခဲ့သမျှ နွယ် အခုတော့ ဝဋ်လည်နေပြီ။ပြောပါ
တယ်……သူနဲ့တွေ့ရင် အသက်ရှုတာကအစ မှားပါတယ်
လို့။
ကားပေါ်ကဆင်းသွားသော နွယ့်ကို နေအုံးဟု သူအော်
ပြောလိုက်သည်။သယ်စရာရှိတဲ့ ဖိုင်တွေကို နွယ့်အား
တစ်ဝက်ခွဲပေးပြီး ဆေးခန်းထဲသို့ အတူတူဝင်သွားသော
အခါ ဒေါက်တာရာပြည့်ကို နွယ့်လိုပဲ ကျိတ်ကြံနေတဲ့
ကေကေနဲ့ တန်းတိုးလေသည်။
" ဟယ် မိ မိ ……"
ကေကေ့ကို စကားဆက်ခွင့်မပေးတော့ပဲ ရာပြည့်အရှေ့
က ခပ်သုတ်သုတ်လျှောက်ကာ လူနာကြည့်ခန်းထဲ ဝင်
ရန် တံခါးဖွင့်လိုက်ပါသည်။
" မင်းကိုနှုတ်ဆက်နေတယ် မို့လား "
" အလကားဟာမပါ……ဂရုစိုက်မနေနဲ့ "
နွယ်က မျက်နှာထိ မျက်နှာထားလေးဖြင့် မဲ့ကာရွဲ့ကာ
ပြောပြတော့ ရာပြည့် ရယ်ချင်သွားသည်။
" မနက်ဖြန်ကျ လေးခွဲလောက် အရင်သွားနှင့်……ကြား
လား "
" ဟုတ်ကဲ့ပါရှင့် "
ဘယ်လို ဟာမလေးမှန်းကို မသိပါဘူး။တကယ်ပါ……ဖက်
သာနမ်းပစ်လိုက်ချင်တော့တယ်။
" လူနာတွေခေါ်တော့ "
" ဘယ်လိုခေါ်ရမှာလဲ……လူနာတွေ လာပါအုံးလို့လား "
ဒီတစ်ခါတော့ ရာပြည့် အသံထွက်သည်အထိ အော်ရယ်
မိပါသည်။ရာပြည့် အားရပါးရ ရယ်တော့ နွယ်ပါ လိုက်
ရယ်မိသည်။
အင်း……အခုလို ရယ်လိုက်တော့လည်း တင်းထားတဲ့
မျက်နှာကြောတွေ ပျောက်ကုန်လို့လားမသိ။အရမ်းချစ်ဖို့
ကောင်းတာပဲ။
" ရယ်မနေနဲ့……ခေါ်တော့……"
" ဟီးး……အွန်းပါ "
နွယ်သည် ပိတ်ထားသောတံခါးကို အသာဖွင့်ပြီး အပြင်မှာ
စောင့်နေတဲ့ လူနာတွေကို ဖြန့်ကြည့်ကာ……
" အလှည့်ကျသူ ဝင်လို့ရပါပြီရှင့် "
ကေကေသည် မျက်နှာထားကို တင်းနိုင်သမျှ တင်းထား
လျက် ဇာတ်ခနဲထကာ နွယ့်အား တမင်ပခုံးတိုက်သွားပြီး
အထဲဝင်သွားပါသည်။
ဆရာနဲ့ ပထမဆုံးတွေ့ချင်လို့ လွန်ခဲ့တဲ့ တစ်နာရီထဲက
စောစောလာပြီး Whiteboard မှာ နာမည်လာရေးခဲ့
တာ။ဆရာနဲ့ အရင်မတွေ့ရပဲ မမြင်ချင်တဲ့ မျက်နှာကို
အရင်မြင်လိုက်ရသဖြင့် သေချင်စော် နံသွားရပြီ။
" ဘာဖြစ်လို့လဲ "
ကြည့်စမ်းပါအုံး……ငါ့ကိုကျတော့ ပခုံးချင်းယှဉ်တိုက်ဖို့
အားတွေရှိနေပြီး ဆရာ့ရှေ့ကျမှ ခုနှစ်ရက် ထမင်းမစားရ
သေးတဲ့ရုပ်နဲ့ အီနေလိုက်တာများ မုန်းစရာတောင်ကောင်းရဲ့။
" အာသီးယောင်နေတာဆရာ……အစားမျိူ လို့တောင်မရ
ဘူး "
လေသံကိုက ငါ့နှယ့်နော်……ပြောမကောင်းလို့။
" လှည်းလိုက် "
" ဟုတ်စ် "
နွယ်သည် ကေကေ့အသံကို နားထောင်ရင်း နားယား
လာသည်။နားတင်မဟုတ် တစ်ကိုယ်လုံး ယားချင်လာ
သည်။
နားနှစ်ဖက်ထဲ လက်ညှိုးထည့်ပြီး ကလောနေသော နွယ့်
အား ရာပြည့် ကြည့်ကာ……
" ဖုန်းမီး လာထိုးပြ……ညီမ ပါးစပ်ဟ ထားလိုက် "
" ရှန် "
" ပါးစပ်ကို ဟနိုင်သလောက်ဟလိုက်……ပြီးရင် လျှာကို
ထုတ် "
" ရှန် "
တရှန်ရှန် ဖြစ်တော့မှာပေါ့။ဘာမှမဖြစ်တာကိုများ ကြူ စိန်
လုပ်ချင်လို့ လာပြတာလေ။ခုဖြင့် ဟိုကပါးစပ်ဟ လျှာထုတ်
ဆိုတော့ ဒင်းအလှပျက်မှာစိုးလို့ နင်နေတာလေ။
" အော်……မလုပ်တတ်ရင် ငါပြမယ် သက်လား…ဒီလို
ပါးစပ်ကိုဟ……လျှာကိုထုတ်……ပြီးရင်း အားလို့
အာခေါင်သံနဲ့အော် "
ရာပြည့်ရှေ့တွေ ဘာတွေ မသိပါဘူး။နွယ်က ကေကေ့ကို
အမြင်ကတ်တာနဲ့ တစ်ခုချင်း လုပ်ပြသွားတာပဲ။ကေကေ့
မှာသာ မျက်နှာကြီး ရှုံ့မဲ့လျက် ဆရာခိုင်းသလို လုပ်နေရ
တော့သည်။
ကေကေ ပါးစပ်ဟ လျှာထုတ်နေချိန်တွင် နွယ်က ဖုန်းမီး
ဖြင့် အပေါ်က သေသေချာချာထိုးပေးရသည်။ရယ်ချင်
လိုက်တာလဲမပြောနဲ့။နဂိုထဲကမှ အရယ်သန်သူဆိုတော့
ပိုဆိုးတာပေါ့။
" အားးးး လို့အော်ကြည့် "
" အားးး "
ကေကေ အော်တိုင်း နွယ်က မီးလှုပ်တဲ့အထိ တသိမ့်သိမ့်
ရယ်တော့တာပဲ။ရာပြည့်မျက်လုံးနှင့် ကြည့်လိုက်မှ မျက်နှာ
ပိုးသတ်ကာ သေချာပြန်ထိုးပေးလိုက်သည်။
" အာသီးက မယောင်ပါဘူး "
" ရှန်……ဟုစ်လား "
" အရမ်းမျိူ ရခက်နေရင်……လေစာနဲ့သွားစစ်ကြည့်ပါလား"
နွယ့်အပြောကြောင့် ရာပြည့်ရော ကေကေပါ ပြိုင်တူလှည့်
ကြည့်ဖြစ်ပါသည်။နွယ်က ရာပြည့်က်ို မျက်စိတစ်ဖက်မှိတ်
ပြရင်း ပြောသလို ထောက်ခံရန် အချက်ပြလိုက်သဖြင့်…
" ဟုတ်တယ် အာ့လိုသွားစစ်ကြည့်မလား……ကျတော်
ဆေးစာရေးပေးလိုက်မယ် "
" နေ နေ ပါစေ……မစစ်တော့ပါဘူး……အဟမ်း "
ကေကေသည် ခုတင်ပေါ်မှ ဝရုန်းသုန်းကား ထဆင်းကာ
ပြောလိုက်လျှင် နွယ်က ရာပြည့်ကိုကြည့်ပြီး မေးငေါ့ပြ
လေသည်။
ကေကေ တစ်ယောက် နွယ့်က်ိုလဲတင်း ဆရာ့ကိုလဲမျက်
နှာမပြ ဝံ့ကာ ဘယ်လောက်ပေးရမလဲဟု လေသံလေးနှင့်
မေးလိုက်သည်။
" ဒါကဈေးဦးပေါက်ဆိုတော့ မလှန်ကောင်းဘူးမို့လား……
ဆရာ့……နွယ် သူ့ကိုအားဆေးတစ်ကဒ်ပေးလိုက်မယ်
နော်……သုံးထောင်ပဲပေး "
ငိ……ရာပြည့် ဘာပြောရမှန်း မသိတော့ဘူး။ငတိမက
သူလုပ်ချင်တာ လုပ်လိုက်ရ၍ ကျေနပ်သော အပြုံးဖြင့်
ရာပြည့်ကို မျက်လုံးထောင့်ကပ်ကြည့်နေလိုက်သေးသည်။
ဆေးခန်းလာပြတဲ့ ကောင်မလေးမှာလည်း နွယ့်ကြောင့်
ဒေါသငယ်ထိပ်တက်စောင့်ကာ သွေးတိုးချင်သလိုဖြစ်
လာသည်။နွယ့်ကို စားမတတ်အကြည့်ဖြင့် တစ်ချက်ကြည့်
ပြီး ကေကေ ထွက်လာခဲ့ပါသည်။