book

Index 7

အခန်း(7)

အက္ခရာ

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔 

-----------

" အေမီဇော် ဒီရောက်နေတယ် မို့လား " ဇော့် အဖေသည် နွယ့်ကိုတွေ့တွေ့ချင်း လေသံမာမာ ဖြင့်ပြောလိုက်သည်။ဇော့်က်ိုချစ်ပေမယ့် သူ့အဖေရဲ့ အထက်စီးက ဆက်ဆံပုံကို နွယ် သဘောမကျပါ။ " ဟုတ်တယ် " နွယ့်အသံဟာလည်း တိုတောင်းပြီး ပြတ်လှသည်။နွယ်ဆို တဲ့မိန်းခလေးသည် ကိုယ့်အပေါ်လာကြောရင် နဲနဲလေးမှ ခေါင်းငုံ့သည်းခံမယ့် လူ မဟုတ်ဘူး။အမေကျတော့ နွယ့် လိုမဟုတ်။အရာရာကို ငွေနဲ့တိုင်းပြီး ငွေမျက်နှာနဲ့ သည်း ခံပေးတတ်တယ်။ " သူ့ကိုအိမ်ပြန်ခိုင်းဖို့ မင်းတိုက်တွန်းသင့်တယ်လို့ မထင် မိဘူးလား……ငွေကုန်မှ ကန်ချမယ်စိတ်ကူးနဲ့ နေခိုင်း နေတာလား " " အန်ကယ်စိတ်နဲ့နှိုင်းရင်တော့ အန်ကယ်ထင်သလိုဖြစ် နိုင်ပါတယ်……ဇော်……ဒီမှာ နင့်အဖေရောက်နေတယ် " ဆက်ပြောရင် ခြူ းသက်နွယ် မိုက်ရိုင်းတယ်လို့ နာမည် တွင်တော့မည်။ဦးတင်မောင်လတ်ကိုကြည့်ရသည်မှာ လည်း အလိမ်မာနည်းနဲ့ နွယ်ဖဲ့လိုက်သော စကားကြောင့် နင်နေပုံရသည်။ " ဟာ ဒယ်ဒီ……" " ပြန်လိုက်ခဲ့ ဇော် " ှုဦးတင်မောင်လတ်သည် ဇော့်လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး အတင်းဆွဲခေါ်သလို ဇော်ကလည်း ရုန်းထွက် ကာ ပေကပ်ကပ်ရပ်နေပါသည်။နွယ်က သူတို့သားအဖကို လက်ပိုက်ကာ တမင်ကြည့်နေပစ်သည်။ " ဒီလိုနေရာမျိူ းမှာ မင်းကိုကြာကြာ မထားနိုင်ဘူး……မုဆိုး နားနီးမုဆိုး တံငါနားနီးတံငါ……" " ဒယ်ဒီ……မဆိုင်တဲ့လူတွေ လက်ညှိုးမထိုးနဲ့ဗျာ…… ဒယ်ဒီ့ထက်စာရင် အကုန်လုံး ကျတော့်အပေါ်ကောင်း တယ်……ဒယ်ဒီသာ ကျတော့်မျက်နှာမကြည့်ပဲ……မိန်းမ တွေတစ်ယောက်ပြီးတစ်ယောက် အိမ်ပေါ်ခေါ်လာတာ ကြာတော့ ကျတော် စိတ်ညစ်လာပြီ " " အေမီဇော်……မင်းအပေါ်ကောင်းပါတယ်ဆိုတဲ့လူတွေ က……မင်းမြောင်းထဲရောက်သွားတဲ့တနေ့ ဘယ်သူမှ အိမ်ပေါ်ခေါ်ထားမှာမဟုတ်ဘူး……နားလည်လား " ှီုဦးတင်မောင်လတ်သည် ထိုစကားကိုပြောနေရင်း သူ၏အ ကြည့်က နွယ့်ထံတွင် တစိုက်မတ်မတ် ပို့ထားသောကြောင့် နွယ် မဲ့ပြုံး ပြုံးလိုက်မိသည်။ " နွယ်……ငါတောင်းပန်တယ်ဟာ " " မလိုဘူး……လူတွေက ဒီလိုပါပဲ……သူများကိုလက်ညှိုး ထိုးဖို့ပဲသိတယ်……သူများ အိမ်ရှေ့က အမှိုက်ပဲမြင်ကြ တယ်……သူ့အိမ်ခေါင်မိုးပေါ်က အမှိုက်တွေကျ မော့ မကြည့်ကြဘူး……ငါက ရပါတယ်……နင့် ဒယ်ဒီနဲ့သာ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးကြ……မျက်လုံးတစ်ဖက်ထဲပါတဲ့ နင့်ဒယ်ဒီကို နှစ်ဖက်မြင်တတ်အောင် ဓါတ်မီးထိုးပြလိုက် အုံး " နွယ်သည် ပြောပြီးတာနှင့် အိမ်ထဲကို ချာခနဲ လှည့်ဝင်သွား ပါသည်။ကိုယ့်သမီးအရွယ်လေး၏ ပညာရှိရှိ ပြောသွားပုံ ကို ခံလိုက်ရတဲ့ ဦးတင်မောင်လတ်မှာသာ ဆွေ့ဆွေ့ခုန် လျက် ကျန်နေခဲ့တော့သည်။ ဇော်ကတော့ နွယ်ဘာပြောပြော စိတ်ဆိုးမယ့်လူ မဟုတ် ပါ။နွယ်ပြောတာလဲ မှန်နေတာကို။ " မင်း ငါနဲ့လိုက်မှာလား……မလိုက်ဘူးလား " " ကျတော်မရှိတော့ ဒယ်ဒီလွတ်လွတ်လပ်လပ်နေလို့ရ တာပဲ……ပိုအဆင်ပြေပါတယ် " " အေမီဇော်……အတုအယောင်တွေကို အစစ်အမှန်လို့ မြင်နေတုံးလား……ငါ မင်းကိုဘယ်လိုပြောပြရမလဲ " " ဒယ်ဒီလဲ အမြင်မှန် ဘယ်တော့မှ ရမှာလဲ……ကိုယ်ချင်း စာစိတ် ဘယ်တော့မှ ရှိလာမှာလဲ……ဒယ်ဒီကြောင့် ဘဝပျက်သွားတဲ့ မိန်းခလေးတွေရဲ့ဘဝကို ဘယ်တော့မှ ဒယ်ဒီ စာနာပေးမှာလဲ……ယူချင်ရင် တည်တည်တံ့တံ့ ယူလိုက်ပါ ကျတော်တောင်းဆိုနေတာပါ……" " မင်းနဲ့ငါ ဒီကိစ္စက ဒီမှာ ရှင်းလို့မကောင်းဘူး……အိမ် ပြန်လိုက်ခဲ့……မင်းဖြစ်ချင်တာနဲ့ ဒယ်ဒီဖြစ်ချင်တာ အပေးအယူလုပ်မယ် " " တကယ်လား ဒယ်ဒီ " " Promise !! " " ကောင်းပြီ……ဒယ်ဒီသာ ကတိတည်ပါစေ..…ခနစောင့် ပစ္စည်းတွေသွားသိမ်းလိုက်အုံးမယ် "

ဦးတင်မောင်လတ်သည် ခေါင်းတစ်ချက်ညိတ်ပြပြီး ကား

နား လှမ်းသွားပါသည်။ဇော်ကတော့ အိမ်ထဲဝင်ကာ သိမ်း

စရာရှိသည်ထက် နွယ့်ကိုတောင်းပန်ဖို့ မီးပူတိုက်နေတဲ့

နွယ့်အနား လှမ်းသွားလိုက်သည်။နွယ့်ဘေးတွင် ထိုင်ချ

ပြီး သူမပါးလေးကို နမ်းကာ……


" ဒယ်ဒီပြောခဲ့တဲ့စကားတွေအတွက် ငါတောင်းပန်တယ်"


" မလိုဘူးလို့ ပြောပြီးပြီပဲ "


" ခနပြန်လိုက်သွားအုံးမယ် "


" သဘောပဲ "


" ပြန်လာခဲ့မယ် "


" သဘောပဲ "


" ပိုက်ဆံတပြားမှ မရှိတော့ရင်ရော "


" ဇော့် "


အောက်မလေး! နားတွေကို ပူထူသွားတာပဲဗျာ။နွယ့်စိတ်

ကိုသိလို့ ချစ်လွန်းလို့ စလိုက်တာကို အတည်ထင်ပြီးအော်

လိုက်တာများ နားစည်ကွဲလောက်တယ်။


နွယ်သည် မီးပူတိုက်ခြင်းကို ခနရပ်ပြီး ဇော့်အား စူးစူးစိုက်

စိုက်ကြည့်ကာ……


" နင့်ဒယ်ဒီကို သေခန်းပြတ်နိုင်လို့ကတော့ ကုန်းကောက်

စရာမရှိတဲ့ ဘဝနဲ့လည်း လာခဲ့……နင့်ကိုငါတင်ကျွေး

ထားနိုင်တယ် သဘောပေါက်လား "


ကောင်းရော……ခြူ းသက်နွယ်ဆိုတာ အဲ့လိုမိန်းခလေးပါ

တည်း။အပြောအဆို မတတ်တာလေးကလွဲရင် စိတ်ထား

ကောင်းလွန်းလှတဲ့ မိန်းခလေးပါ။အာ့လို စွာတတ်တာ

ကြောင့် သူမအနားတွင် ဇော်ကလွဲပြီး ဘယ်သူမှ မရှိပါ။


" ကဲပါကွာ……စိတ်ထိန်းနော် ကောင်မလေး "


နွယ်က ဇော့်ကို မချဉ်သလို ကြည့်ပြီးကာမှ ဇော်ကျေနပ်

တဲ့ အပြုံးလှလှလေး စွန့်ကြဲပေးလိုက်တော့သည်။အိမ်ရှေ့တွင် ရပ်ထားသော ကားကြောင့် မထားရင်ထဲ

ဒိန်းခနဲမြည်သွားရသည်။သွေးတိုးရောဂါ မရှိလို့ တော်

သေး၏။


နေ့စဉ်နှင့်အမျှ သမီးတော်အတွက် ကိုယ်စား ခုန်လိုက်ရ

တဲ့ ရင်ခုန်သံတွေ……ဒင်းကောင်းစားဖို့ ထုတ်လိုက်ရတဲ့

အကြံအစည်တွေ……တွေးလိုက်ရတဲ့ အတွေးပေါင်းကုဋေ

ကုဋာတွေ……ပြော မပြောချင်ပါဘူး။


ရပ်ထားတဲ့ကားကို မထား သေသေချာချာ လှည့်ပတ်

ကြည့်သည်။ကြည့်ရုံနဲ့ အားမရ၍ ဈေးခြင်းမသယ်ထားတဲ့

လက်တစ်ဖက်ဖြင့် ပွတ်ကြည့်သည်။


ဒေါက်တာ ရာပြည့်များ နွယ့်ကို စောစောစီးစီး လာကြည့်

တာများလား။မဟုတ်သေးပါဘူး……ဒါ မနေ့ညက မထား

စီးခဲ့တဲ့ ကားမှ မဟုတ်တာ။


ထိုသို့တွေးတောနေခိုက် ပိတ်ထားသောကားမှန်သည်

သူ့အလိုလိုမှန်ချသွားသဖြင့် မထား လန့်သွားသည်။ကား

ထဲတွင် လူရှိသည်ကို မသိပဲ စိမ်ပြေနပြေ ကြည့်မိနေသော

ကိုယ့်အဖြစ် ကိုယ်ရှက်ကာ သွားဖြီးပြလိုက်တော့သည်။


" ဘယ်သူ့ကို လာရှာတာလဲရှင့် "


သိသိ မသိသိ ကားအကောင်းစားပေါ်တွင် မိန့်မိန့်ကြီး

ထိုင်နေတဲ့လူကို မထား ရော်လိုက်တာပင်။


" အန်တီထား……ဇော် ခနပြန်လိုက်အုံးမယ် "


" ဟင် "


မထားသည် ဇော့်ကိုတစ်လှည့် ဟိုလူ့ကိုတစ်ခါကြည့်ပြီး

မထား မမြင်ဖူးသေးသော ဇော့်အဖေပါလားဟု သိလိုက်

ရသဖြင့် အတတ်နိုင်ဆုံး မျက်နှာချိူ ထားကာ စကားဆက်

ပြောပါသည်။


" ဇော့်ကိုပြန်လာခေါ်တာထင်တယ်……လိုက်သွားပေါ့

ဇော်ရယ်……နောက်ဆို အဖေနဲ့တည့်အောင်နေပါ

သားသမီးနဲ့မိဘ ဆိုတာ ခနခနကတောက်ကဆဖြစ်

တာ မကောင်းပါဘူး "


ဇော်က ဒယ်ဒီနှင့် အန်တီထားကြားမှာ မြေစာပင်လုံးလုံး

ဖြစ်ကာ ခေါင်းကုတ်နေမိသည်။


" ဟုတ် ……သွားတော့မယ် အန်တီထားရေ "


အမြန်သွားမှ ဖြစ်တော့မယ်လေ။ကိုယ့် ဒယ်ဒီအကြောင်း

ကိုယ်သာအသိဆုံး။


သွားပါမယ်ဆိုကာမှ ဦးတင်မောင်လတ်က ကားပေါ်မှ

ဆင်းပြီး မထားနဲ့စကားဆက်နေသေးသည်မို့ ဇော်စိတ်

ညစ်သွားသည်။


" ညီမက ခြူ းသက်နွယ်ရဲ့အမေလား "


" ဟုတ်ပါတယ်အကိုကြီး "


" ခုမှပဲ တိုက်တိုက်ဆိုင်ဆိုင်ဆုံရတော့တယ်..…လာလာ

ချင်း ညီမနဲ့သာတွေ့ရင် အကိုကြီး အထင်လွဲမှာမဟုတ်

ဘူး……အားနာလိုက်တာ "


" ဘာ…ဘာဖြစ်လို့ "


ဦးတင်မောင်လတ်သည် မထား၏အလှကို မြင်မြင်ချင်းထဲ

က ကြွေဆင်းသွားပြီဖြစ်သည်။သားအမိသာ ပြောသော်

လည်း ယှဉ်လိုက်လျှင် အရွယ်တင်နေသေးသည်။


မျက်စိကျတာလဲမပြောနဲ့။မထား ခန္ဓာကိုယ်သည် သေး

သေးသွယ်သွယ်လေးနှင့် ကိုယ်လုံးကိုယ်ပေါက် လှသည်။

အရပ်ပုတော့ အရွယ်တင်တယ်ပဲပြောရမလား။မထားက

နွယ့်လို သနခါးအထူကြီး လိမ်းတတ်တာ မဟုတ်ဘူး။


မိတ်ကပ်ပါးပါးလေး မျက်နှာပေါ်အမြဲတင်ထားလေ့ရှိပြီး

lip stick နှုတ်ခမ်းနီလေးဆိုးထားတော့ မထားမျက်နှာ

ဟာ ကြော့ရှင်းနေတာပေါ့။ဦးတင်မောင်လတ် ကြွေတာ

လဲ မပြောနဲ့။


" ဒီလိုလေ……ဘေးစကားတွေနားယောင်ပြီး အက်ိုကြီးက

ညီမတို့သားအမိကို တလွဲထင်မိတယ်……ထင်မိတဲ့တိုင်း

လဲပြောမိတယ်.…သမီးလေးကလဲ မဟုတ်မခံဆိုတော့

……"


အော်……မထား သဘောပေါက်သွားပြီ။အပြောအဆ်ို

မတတ်တဲ့ စွာတေးမနဲ့ ငြိခဲ့ပြီ ထင်ပါရဲ့။


" ဟယ် အကိုကြီးရယ်……မထားတောင်းပန်ပါတယ်နော်

အာ့ကောင်မလေးက အာ့လိုပဲ……ဖတဆိုးလေးမို့အလို

လိုက်ထားတော့ အပြောအဆိုက မယဉ်ကျေးဘူး ဟင်းး"


" ရပါတယ် မထားရဲ့……တကယ်ဆိုအက်ိုကြီးဘက်က

စမှားတာပါ "


" မဟုတ်တာကိုကြီးရဲ့……တကယ်ဆို လူကြီးနဲ့လူငယ်ပဲ

သူ မရိုင်းသင့်ဘူး……နောက်မှ မထား ဆုံးမလိုက်ပါ့မယ်"


" မလုပ်ပါနဲ့ဗျာ……တကယ်ဆို အကိုကြီးက အထင်နဲ့

မစွပ်စွဲသင့်ဘူူး မဟုတ်လား "


တကယ်ဆို တစ်ခွန်းထဲနဲ့ စကားမပြတ်နိုင်သော သူတို့

နှစ်ယောက်ကိုကြည့်ပြီး ဇော်အမြင်ကတ်လာသည်။


" ဒယ်ဒီရေ……တကယ်ဆို ပြန်သင့်တဲ့အချိန် ရောက်နေပြီ"


ဇော် ဝင်ပြောမှ နှစ်ယောက်သား ရှိုးတိုးရှိုးတန့်ဖြစ်သွားပြီး

မရဲတရဲ နှုတ်ဆက်ကာ လမ်းခွဲခဲ့လိုက်ကြတော့သည်။


တကယ်ဆို မထား အဲ့လောက်ထိ ရင်မခုန်သင့်ပါဘူးလေ………


---------------------------------------------------------------------

" အမေ့………ဘာလို့မုန့်ဖက်တွေနှစ်ခါ ထည့်နေတာလဲ "


" ဟင်……ထည့်မိလို့လား "


" ဟယ်……အရင်းပြုတ်အောင် လုပ်နေတာလား အမေ "


သမီးဖြစ်သူက အမေဖြစ်သူအား လူကြီးလေးလိုဆုံးမနေ

သောအခါ မုန့်ဟင်းခါးစာရန်လာသည့် အုပ်ချူ ပ်ရေးမှူ း

ခမျာ မယုံနိုင်အောင်ဖြစ်သွားရသည်။အရင်ကဆို မထားရဲ့

ဆူပူကျိမ်းမောင်းသံတွေသာ တရစပ် မြင်ရကြားခဲ့ရတာ။


အခုဖြင့် မထားက ကလေးတစ်ယောက်လို အပြစ်ရှိသူနေ

ရာကနေပြီး ငြိမ်သက်နေတော့ မထူးဆန်းလွန်းဘူးလား။


ပြောပါတယ်……လူတွေ အချစ်နဲ့တွေ့ရင် အသိစိတ်တွေ

ပျောက်သုဉ်းပြီး ရူးသွားကြတယ်လို့။


" အောင်မာ!! မေ့နေတာ မေ့နေတာ……ညည်းကအမေ

လား……ငါက အမေလား…… "


မထားသည်ပြောရင်းဆိုရင်း အနီးနားက ငံပြာရည်ထည့်

ထားသည့် အကြမ်းပန်ကန်လုံးကို ကိုင်ကာ မော့သောက်

ရန်ပြင်စဉ်……


" အမေ အမေ့……အာ့ ငံပြာရည်တွေလေ "


" ဟေ……ဟုတ်လား……ခွက်ခ် "


" ဘာလို့ခေါင်းလာခေါက်တာလဲ……"


လက်မြန်သော မထားသည် အကြမ်းပန်ကန်ထဲ ငံပြာရည်

ထည့်ရမလားဟု စိတ်တိုလျက် မိနွယ် နဖူးအား ခွက်ခနဲ

ခေါက်လိုက်လေသည်။


" ငံပြာရည်က ဘယ်လိုဖြစ်ပြီး ဒီပန်ကန်လုံးထဲရောက်နေ

တာလဲ "


" ဟယ် အမေပဲ အိမ်ထဲက ငံပြာရည် သွားယူဆိုပြီး ဒီခွက်

ပေးလိုက်တာလေ "


" ဟုတ်လား……ငါပေးလိုက်တာလား "


မတင်းစဖူး မိနွယ် ပါးပါးလေးတော့ တင်းသွားသည်။

ဗလိုင်းကြီး အကျွေးခံလိုက်ရတဲ့ လက်စာကြောင့် အမေ့

အား အခဲမကျေဟန် မျက်လုံးစွေကြည့်လိုက်သည်။


" ဒီသားအမိတွေ ဘာဖြစ်နေကြတာလဲ "


" မြင်တဲ့တိုင်းပဲ အုပ်ကြီးရေ……သမီး အမေ ဘာဖြစ်နေလဲ

မသိဘူး……နဲနဲလေးလောက် ကြည့်ပြောပါအုံး "


" ဟုတ်သား မထားရဲ့……ငါ ဟိုးနားကကြည့်နေတာကြာ

ပြီ……ကလေးပြောလဲပြောချင်စရာ ညည်းဘာဖြစ်နေတာ

တုံး "


ဘာဖြစ်ရမှာလဲ……မနက်က အကိုကြီးပေါ့။ဆယ်ကျော်

သက်အရွယ် ရင်ခုန်သံမျိူ းဖြစ်အောင် ဖန်တီးပေးခဲ့တယ်

လေ။ပြန်ခါနီးတောင် အနားကပ်ပြောသွားသေးတယ်။

ညနေ အကိုကြီး ဆိုင်လာမယ်တဲ့။ဒီတော့ မိနွယ်နဲ့တိုးမှာ

စိုးလို့ စိတ်ပူနေတာကတစ်ကြောင်း မနက်ကအကြောင်း

ပြန်တွေးပြီး လက်ဖျားတွေ အေးစက်နေတာကတစ်ကြောင်း……အာ့မို့ မထားမှာ စိတ်

နဲ့ကိုယ်နဲ့ မကပ်နိုင် ဖြစ်နေရတာပေါ့။


" ဘာ…ဘာမှ မဖြစ်ပါ……ဘူး ဒီလိုပဲ ကတုန်ကရင်ဖြစ်နေ

တာ "


အုပ်ကြီး မျက်လုံးပြူ းသွားသည်။မထားကို ခေါင်းအစ ခြေ

အဆုံး ကြည့်ပြီး အုပ်ကြီး သက်ပြင်းချလိုက်သည်။


" နှမြောစရာကြီးကွာ……အသက်ကလေး ငယ်ငယ်ရွယ်

ရွယ်နဲ့……မပေါ့နဲ့မထားရေ ဆေးခန်းလေးဘာလေးပြ

ဆေးမှီးတိုလေးဘာလေး မရင်ဆီ လာမေးလှည့်.……

ကြားလား "


" အယ်……မဟုတ်ဘူး မဟုတ်ဘူး……အုပ်ကြီး ထင်သလို

မဟုတ်ပါဘူး……ကျမက အခုမှ လေးဆယ်စွန်းစွန်းပဲရှိ

သေးတာကို……အာ့ဒါမဟုတ်ပါဘူး "


နွယ်သည် အုပ်ကြီးနှင့် အမေ ပြောနေတာကို မယောင်

မလည်နားထောင်ရင်း အူလည်လည်ဖြစ်လာသည်။


" ဟေ……မဟုတ်ဘူးလား……မဟုတ်ဘူးဆိုလဲ မုန့်ဖက်

သုပ်တစ်ပွဲပေးတော့..…ဗိုက်ဆာနေပြီ "


မထားမှာ ရှက်ရှက်ဖြင့် ပြောလက်စ စကားလုံးများ ခပ်

သွက်သွက် ဘရိတ်အုပ်ပြီး မုန့်ဖက်သုတ်ရန် လက်ဆေး

လိုက်တော့သည်။


" မိနွယ်……ရေမချိူ းသေးဘူးလား……တော်ကြာဆိုပဲ

ဆရာလာတော့မယ် "


" ချိူ းတော့မှာပါ……အမေ ဘာအလွဲလုပ်အုံးမလဲ ကြည့်

ချင်လို့ ထိုင်စောင့်နေတာ ခ်ခ် "


" အောင်မာ သေချင်နေတာလား……ငါ လုပ်လိုက်ရ "


နွယ်သည် အမေ့အား လျှာတစ်လစ်ထုတ်ပြပြီး အိမ်ထဲသို့

ပြေးဝင်သွားတော့သည်။မထားမှာသာ မရိုးမရွ ရင်ခုန်သံ

နှင့် အကိုကြီးများ ရောက်ချလာလေမလား စိုးရိမ်စိတ်

ဖြစ်ကာ အုပ်ကြီးအတွက် သုပ်လက်စ မုန့်ဖက်သုပ်တွင်

လည်း ငံပြာရည် ဘယ်နှစ်ဇွန်း ထည့်မိလိုက်လဲ မသိတော့

ပါဘူး။


---------------------------------------------------------------------


rate now: