အက္ခရာ
💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
-----------
" အမေ……သမီးခြေထောက် ဘာဖြစ်သွားလဲမသိဘူး
ထောက်မရတော့ဘူး အားးးးး "
ရာပြည့်သည် သူမ လက်မောင်းနှစ်ဖက်ကို ဖက်ထားသ
ကဲ့သို့ ကိုင်ပြီး မတ်တပ်ရပ်စေလိုက်သည်။ပြီးလျှင် အိမ်
ပေါ်တက်စေကာ မထား ခပ်မြန်မြန်ခင်းပေးသည့်ဖျာချပ်
ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
" ဆရာ့ကိုခေါ်လာတာ သူ့အတွက်ကျနေတာပဲအေ "
မထားက ရယ်သံသဲ့သဲ့ဖြင့် စသလို နောက်သလို ပြော
လိုက်လျှင် မိနွယ်မှာ အနေရခက်လှပါသည်။
" ပြစမ်းပါအုံး……ဘယ်နား နာသွားတာလဲ "
" ဒီနား "
နွယ်သည် သူ့ ခြေကျင်းဝတ်က်ို လက်ညှိုးထိုးပြသည်။
နွယ့်အတွေးထဲ သူ့ဆေးခန်းကို အဖွားအား ခေါ်လာခဲ့ပုံ
ပြန်မြင်ယောင်လာ၍ ခြေထောက်ကို အားယူပြီး နောက်
ဆုပ်လိုက်သည်။သူက ဘာဖြစ်သွားတာလဲဟူသော
သဘောမျိူ းဖြင့် နွယ့်ကို ကြည့်သည်။
" ရပါတယ် ထွန်းရွှေဝါလူး လိုက်ရင် သက်သာသွားမှာပါ"
သူ ရွံတတ်တယ်ဆိုတာ နွယ် သိတယ်လေ။ကိုယ့်ခြေထောက်ကို သူ မကိုင်ချင်ဘူးဆိုတာလဲ နွယ်သိ
တယ်။
" မင်းကငါ့ကို ထွန်းရွှေဝါဆေးဗူးလောက် မယုံကြည်ဘူး
ဆိုတဲ့သဘောလား "
နွယ်သည် ပါးစပ်အဟောင်းသားဖြင့် သူ့မျက်နှာကို မော့
ကြည့်မိသည်။ပြန်ပိတ်ဖို့မေ့နေသော နွယ့်နှုတ်ခမ်းကို
သူက လက်ညှိုးဖြင့် ဖိပိတ်လိုက်တော့ အခြေအနေကို
အကဲခတ်ကြည့်နေတဲ့ မထားက ကျိတ်ပြုံးနေမိတာပေါ့။
ရာပြည့်က နွယ့်ခြေထောက်ကို သူ့လက်ဖြင့် ဆွဲကိုင်ပြီး
အရှေ့တိုးစေလိုက်သည်။ဒီတစ်ခါလဲ နွယ် ပါးစပ်အဟောင်းသား ဖြစ်ရပြန်ပြီ။
" ဒီနားလေးလား "
နွယ်သည် ဟနေသော ပါးစပ်ကို သူ လာမပိတ်ခင် ပြန်စိ
လိုက်ပြီး ခေါင်း ညိတ်ပြပါသည်။
" ဟို ဘောပင်ယူမလား "
ဟုတ်တယ်လေ……အဖွားတုံးကလဲ သူ့လက်နဲ့မထိချင်
လို့ ဘောပင် ကူခဲ့တယ်မို့လား။နွယ့်အမေးကို သူ ဘာမှ
ပြန်မဖြေတော့ပဲ နွယ့်ခြေထောက်အား သူ့ပေါင်ပေါ်တင်
ကာ ခြေကျင်းဝတ်ကို မိမိရ ရကိုင်ပြီး ဆွဲချိူ းလိုက်လေ
သည်။
" အားးးးးး အားးးးး အမေ့ရေ အားးးးးး "
နွယ့်အော်သံသည် စူးလဲစူးသည် ကျယ်လဲကျယ်သည်။
ရာပြည့်နားနှစ်ဖက် အူထူသွားရုံမက တဝီဝီတောင်ဖြစ်
သွားရပြီ။အသံပါရမီ အတော်ထူးပါလား။
နွယ့်အော်သံကြောင့် ဖုန်းတစ်လုံးဖြင့် feel နေသောဇော်
သည် အပြင်သို့ ထွက်လာကာ ဘာဖြစ်တာလဲဟု လှမ်း
မေးလိုက်သည်။
ဇော် ဝင်ရှုပ်မှာစိုး၍ မထားက ဇော့်အနားသွားကာ အခန်း
ထဲ ပြန်ခေါ်သွားပြီး အကြောင်းစုံ ရှင်းပြနေသည်။
" ဒီလောက်လေးနဲ့ အကျယ်ကြီးအော်စရာလား "
" အော်မှာပေါ့……ခင်ဗျားက အရမ်းလုပ်တာကို "
" ဟော……ခြေထောက်ခေါက်သွားတာလေ...အာ့လို
မညှာမတာ ပြန်တည့်ပေးမှ လမ်းလျှောက်လို့ရမှာ……
ထကြည့်…"
နွယ် သူ့ဘေးနားမှ အသာခွာပြီး မတ်တပ်ရပ်ကြည့်သည်။
" ဟယ် မနာတော့ဘူးတော့် "
" ပြောသားပဲ "
နှစ်ယောက်သား ဖျာပေါ် ပြန်ထိုင်လိုက်ကြသည်။ဘာဆက်ပြောရမှန်းမသိတာနဲ့ နှစ်ယောက်သား အတန်
ကြာသည်အထိ ငြိမ်နေကြပြန်သည်။တိတ်ဆိတ်ခြင်းကို
ဖြိုခွဲနိုင်တာ စကားပြောခြင်း မဟုတ်လား။
နွယ့်ဘက်က စပြောမယ်ဟု ခေါင်းမော့လိုက်စဉ် နွယ့်ကို
ကြည့်နေတဲ့ သူ့ရဲ့ ရီဝေဝေ အကြည့်က်ို မထင်မှတ်ပဲ
ရရှိခဲ့လေသည်။ဘာမှ ဆက်မပြောတော့ပဲ နွယ် ခေါင်း
ပြန်ငုံ့လိုက်တော့သည်။
ထိုအချိန်တွင် လက်ဖက်ပန်ကန် ကိုင်လျက် အမေထွက်
လာသည်မို့ တော်သေး၏။
" အိမ်မှာကျွေးစရာဆိုလို့……လက်ဖက်သုတ်လေးပဲရှိတယ်
ရေနွေးသွားယူအုံးမယ်……စားနော် ဆရာ "
" အမေ့……သမီးသွားယူလိုက်မယ် "
" ထိုင်စမ်းပါဟယ်……ငါ့ဘာသာငါ သွားယူပါ့မယ်...
တော်ကြာ ရေနွေးပူလောင်လို့ ဆရာ အိမ်မပြန်ရပဲ
နင့်ပဲဆေးကုပေးနေရအုံးမယ် "
ဟယ် ကြည့်ပါအုံး။ပြောသွားပုံကလဲ……ဒီက ရှက်လို့
အထဲပြေးဖို့ကြံပါတယ်ဆိုမှ အမေ ပြောသွားတာ ပိုဆိုး
သွားပြီ။
" နွယ်……"
" ရှစ်…ရှင် "
နေစမ်းပါအုံး……ငါဘယ်လိုဖြစ်နေတာလဲ။စိတ်ထိန်းစမ်း
ခြူ းသက်နွယ် စိတ်ထိန်း။