book

Index 5

အခန်း(5)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔


-----------


" ဟားးးး ဟားးးး "


ဇော်သည် နွယ်ပြောပြသော ဒေါက်တာရာပြည့်အကြောင်း

ကို နားထောင်အပြီး ထိန်းမရအောင် အူလှိမ့်ရယ်နေလေ

သည်။ဇော့်လိုတော့ နွယ် လိုက်မရယ်ဖြစ်ပါ။ဖိုးသိုးဖတ်

သပ်ဖြစ်နေတဲ့ ရင်ခုန်သံဟာ သူ့အကြောင်းပြောနေဆဲ

အချိန်တွင်လည်း မြန်နေမြဲပင်။


" ပူဖောင်းကြောက်ရအောင် သူက ခလိန်းလား…ပြော

တော့ဖြင့် စကားလုံးတွေကအကြီးကြီးတွေ……ခွဲစိတ်

အထူးကုက ပူဖောင်းကြောက်တယ် ဟားးး "


" နင်ကလဲ……သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပေါ့"


" ဘာလား……နဲနဲလေးတောင် အထိမခံနိုင်တော့ပါလား "


" အာ……မဟုတ်ပါဘူး……သူများအားနဲချက် လှောင်လို့

မကောင်းဘူးလေ "


" ဖြစ်နေလိုက်တာကွာ မနာလိုစရာကြီး……ဘယ်တုံးက

သူ့အတွက် တွေးပေးတတ်သွားတာလဲ "


နွယ်ရဲ့ခါးသေးသေးလေးကို လက်နှစ်ဖက်ဖြင့်ဖက်ရင်း

ဇော် မေးလိုက်လျှင် နွယ် မျက်လုံးလေးလှန်ပြီး စဉ်းစား

နေလေသည်။နောက်မှ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်သွား

ကာ ပါးစပ်အုပ်လျက် တခစ်ခစ်ရယ်နေတော့သည်။


" ငါပြောသားပဲ……မင်း အာ့လောက်မုန်းနေရင် မလွယ်

ဘူးလို့ "


" ငါသူ့ကိုမမုန်းပါဘူး……အမြင်ကတ်တာ ကြည့်မရတာ

သဘောမကျတာ……မကြိုက်ဆုံးအချက်က အဆင့်

အတန်းခွဲခြားလွန်းလို့ ကြည့်လို့ကိုမရတာ "


" အခုရော....ကြည့်ရသွားပြီလား "


နွယ်သည် ပါးလွှာတဲ့နှုတ်ခမ်းကို စူနေအောင် ထော်ထား

လိုက်ပြီး ဇော့်မေးခွန်းအား ဘာမှပြန်မဖြေပဲ ငြိမ်နေပါ

သည်။


" ထားပါ……သူ့လိုလူတစ်ယောက်နဲ့ သဘောမတူစရာ

မရှိပါဘူး……ဒါမဲ့ ငါ့ထက်တော့ ပိုမချစ်ရဘူး…ကတိပေး"


" အံမယ်……ငါက သူ့ကိုသဘောကျတယ် ပြောမိလို့လား

ဝေးသေး "


" ဟောဗျာ…… သဘောမကျဘူးလို့ပြောတာလဲ မင်းပဲ

သူ့အကြောင်းတွေ သယ် သယ်လာတာလဲ မင်းပဲ

ပြောနေတဲ့ရုပ်ကြီးကလဲ ဖြီးနေတာပဲ……"


" တော်ပြီ……အိပ်မယ် "


" ကြာပေါ့ အိပ်ချင်နေတာ……နားမထောင်လဲ စိတ်ကဆိုး

အုံးမယ် "


နှစ်ယောက်သား အိပ်ဖို့ အိပ်ယာခင်းကြသည်။အမေကဖြင့် အတွေးပေါင်းစုံ နှိပ်စက်လျက် အိပ်မပျော်နိုင်

ဖြစ်နေသည်။နွယ့်ကို သင့်တော်မယ့် ယောကျာ်းတစ်

ယောက် ပေးစားမှဖြစ်တော့မည်။ဒီလာမယ့် ၁၂ ရက်ဆ်ို

နွယ့်အသက် ၂၅နှစ်ပြည့်ပြီ။ရူးသလို ပေါသလို နေရမယ့်

အရွယ်မဟုတ်တော့ဘူး။


မထားတုံးက အသက်ဆယ့်ငါးနှစ်နဲ့ ယောကျာ်းယူခဲ့တာ

မို့လား။နွယ့်ကိုတော့ သူမ လိုငယ်ငယ်ရွယ်ရွယ်နဲ့ အိ်မ်

ထောင်ပြုမစောချင်ခဲ့ပါ။အခုလို အသက်အရွယ်ရောက်ပြန်

တော့လည်း ကလေးလိုလို ခွေးလိုလို ပေါတောတော နေ

နေတာလည်း မထား သဘောမကျလှပါဘူး။


အရွယ်ရှိတုံး ရုပ်ကလေး မကျတုံး လင်ကောင်းသား

ကောင်းများတွေ့ခဲ့ရင် ချက်ချင်းပေးစားပစ်လိုက်ချင်သည်။


မထား မျက်စိထဲတွင် ဝဝပုပု ဆရာဝန်လေးထက် မျက်နှာ

ထားတင်းတင်း ရုပ်ရည်တည်ကြည်ခန့်ညားတဲ့ ဆရာလေး

ကိုပို၍ မျက်စိကျနေလေရဲ့။


မဖြစ်သေးပါဘူး……မနက်ဖြန်ကျရင် ဆိုင်စောစောသိမ်းပြီး

သူ့ဆေးခန်းကို သွားကြည့်မှပါ။အဆင်ပြေရင် အသေလုံး

ပြီး မိနွယ်နဲ့နီးစပ်ဖို့ မထားကြံရတော့မည်။

2မထားသည် မုန့်ဟင်းခါးရောင်းရင်း လမ်းမဘက်ကို

ကြုံရင်ကြုံသလို ကြည့်နေတတ်သည်။ဖြတ်သွားဖြတ်လာ

ကားတစ်စီးတစ်လေများတွေ့ရင် ဆရာ့ကားလားလို့ကြည့်

ရသည်မှာအမော။


" မိနွယ် မိနွွယ်……"


" ရှင် အမေ "


" ရှင်အနောက်မှထား……လူအရင်လာ "


ဒီအချိန်သည် နွယ်ရေချိူ းပြီး သနခါးကိုဖုံနေအောင် လူး

တတ်သော အချိန်ဖြစ်သည်။အမေ့ခေါ်သံကြောင့် ပါးကွက်

ခပ်သုတ်သုတ် ကွက်ပြီး ဆံပင်ကိုဖြစ်သလိုစည်းကာ ဆိုင်

ရှေ့ထွက်လာရတော့သည်။


" အမေ ဘာခိုင်းမလို့လဲ "


" ခိုင်းမလို့ မဟုတ်ဘူး……ဆိုင်ကြည့်ခိုင်းမလို့……ဟင်

အာ့ဆံပင်ကို သေချာသွားပြန်စည်းစမ်း……ရှုပ်ပွနေတာ

ပဲ ……သွား သွား "


အမေတစ်ယောက်ထဲ ဘာတွေဖြစ်နေလဲ နွယ် စဉ်းစားမရ

ပါ။လောလောဆယ်တော့ ဆံပင်သေချာဖြီးရန် အိမ်ထဲပြန်

ဝင်ရလေသည်။အိမ်ရှေ့တွင် ဖျာတစ်ချပ်ခင်းလျက် ဝမ်း

လျားမှောက်ကာ ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေသော

ဇော်သည် နွယ့်ကိုကြည့်ပြီး သီချင်း ညည်းလိုက်ပါသည်။


" ပါးပြင်မှာ..……သနခါးလေးနဲ့……ချစ်စရာကောင်းလိုက်

တာကွာ……သူများတွေထက် မထင်ရှားလည်းပဲ……

အရိပ်ဖွဲ့လာ အိပ်မက်မှာ……"


နွယ်က ကိုယ့်ကို ခနတဲ့တဲ့အသံဖြင့် သီချင်းဆိုနေသော

ဇော့်အား မျက်စောင်းတစ်ချက်ပိတ်ထိုးကာ အခန်းထဲဝင်

သွားပါသည်။ကိုယ်လုံးပေါ်မှန်ရှေ့ မတ်တပ်ရပ်ကာ ဖရို

ဖရဲစည်းထားတဲ့ ဆံပင်ကို ဖြည်ချလိုက်လျှင် မိမိ ဆံပင်

အင်မတန် ရှည်နေကြောင်း သတိထားမိလိုက်၍ ပြုံးလိုက်

မိသည်။နွယ်က ဆံပင်အရှည်ကို သိပ်သဘောကျတာလေ။


ကျကျနန သပ်သပ်ရပ်ရပ် စည်းပြီးကာမှ ဆိုင်နား ပြန်သွား

ပြီး……


" ပြီးပါပြီရှင့် "


" ဆံပင်စည်းတာ အာ့လောက်ကြာစရာလား……ဟိုကဖြင့်

ဖြတ်သွားပြီ……ခမျာ သနားပါတယ် ဒီဘက်တောင်

ကြည့်သွားသေး "


" ဘယ်သူလဲ အမေ……"


" ဘယ်သူကမှာလဲ……"


မထားသည် လာစားသူတွေရှိနေ၍ နွယ့်အနား အသာ

ကပ်ပြီးမှ လေသံလေးနှင့် ပြောလိုက်သည်။


" ညည်းနဲ့မျက်နှာကြောမတည့်တဲ့ ဒေါက်တာလေးလေ "


အယ်……ကြက်သီးတွေတောင် ထသွားပါလား။သူ့အကြောင်း ကြားတိုင်း ဒီနှလုံးသားက ဘာလို့ခုန်နေ

တာပါလိမ့်။


" ဘာမှမဆိုင်ဘူး "


" တနေ့ဆိုင်ရမှာပဲ……အခုထဲက ညည်းကိုကြိုပြောထား

မယ်……အကြောမတည့်တာတွေ ကြည့်မရတာတွေ

မြောင်းထဲလွှတ်ပစ်လိုက်……ငါအခု ဆေးခန်းသွားအုံး

မယ်……ဆိုင်ကြည့်ထား "


" အယ် အမေ့……"


" အမေ့တွေဘာတွေ လုပ်မနေနဲ့……ဒီမုန့်ဖတ်ကုန်ရင်

ဆိုင်သိမ်းလိုက်တော့……"


" သမီးတစ်ယောက်ထဲ သိမ်းရမှာ………လား "


" တစ်ယောက်ထဲမသိမ်းချင် ဇော့်ကိုကူခိုင်းလေ……အစွမ်း

အစ မရှိဘူးလား……ဒါတွေကအစ ငါလိုက်သင်ပေးရမှာ

လား……ညည်းဟာလေ အဖြစ်ကိုမရှိတာ ငါနဲ့နေရာချင်း

သာ လဲလိုက်ချင်တယ် "


မထားသည် ကိုယ့်စိတ်နဲ့နှိုင်းကာ နွယ့်အပေါ် အားမလို

အားမရ ဖြစ်နေသည်။နွယ့်မှာလည်း ကိုယ့်အစွမ်းအစ မပါ

ပဲ အမေလုပ်တာနဲ့ ယောကျာ်းတစ်ယောက်ရတော့မည့်

ကိန်းဆိုက်နေသည်။


တမင်ဖန်တီးယူထားတဲ့ အချစ်တွေကို နွယ် မလိုချင်သလို

ဒီယောကျာ်းဟာ ကိုယ့်ဘဝအတွက် ပြောင်းလဲပေးနိုင်လို့

ဟူသော အကြောင်းပြချက်နှင့်လည်း နွယ် လက်မထပ်ချင်

ပါ။နွယ့် နှလုံးသား အလိုဆန္ဒအရပဲ ချစ်ချင်သည်။အိမ်

ထောင်ပြုလိုသည်။


" ကလင် ကလင် "


" ဖိုးစိန်လာပြီ……ငါသွားပြီနော်……ဆိုင်သေချာသိမ်း

ငွေတွေမကျန်ခဲ့စေနဲ့ "


" ဟုတ်ကဲ့……အမေ နေအုံး "


နွယ်သည် အမေ့လက်မောင်းကို လှမ်းဆွဲကာ အမေ့နားဝ

သို့ နှုတ်ခမ်းတေ့ရင်း……


" ဘာရောဂါဖြစ်လို့ သွားမှာလဲ……အတင်းလုပ်မယူပါနဲ့

အမေရာ……"


အမေက နွယ့်စကားကို တရေးတယူလုပ်မနေပဲ ဆိုက်

ကားပေါ်သို့ လွှားခနဲတက်ကာ……


" ဟံသာစိုး ဆေးခန်းသွားမယ် "


ဟံသာစိုးဆေးခန်းလို့ အမည်နာမ တွင်ခဲ့ရတဲ့ အကြောင်း

က ဒီလိုလေ။အမှန်တော့ ဆေးခန်း နာမည်ရှိပါတယ်။

ဆေးခန်းနာမည်က ဇီဝ လေ။ဒေါက်တာ ဟံသာစိုး စဖွင့်

ခဲ့တဲ့ နာမည်ပေါ့။ဒေါက်တာ ဟံသာစိုး ဆေးခန်းထိုင်စဉ်က

လူနာတွေဆိုတာ မြင်မကောင်းအောင် များပြားခဲ့တယ်။


နောက်တော့ သူ့တပည့်တွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလာလိုက်တာ ရေတောင်မတွက်နိုင်

တော့ဘူး။သူ့လောက် ဆေးမလိုက်တော့ ဇီဝဆိုတဲ့နာမည်

ပျောက်ပြီး ဒေါက်တာဟံသာစိုး ဆေးခန်းရယ်လို့ နာမည်နဲ့

လုပ်စားခဲ့တာပဲ။


အခု……ဒေါက်တာ ရာပြည့်ရောက်ကာမှ ဆေးခန်းမှာလူ

ပြန်စည်သွားတယ်။ရှေ့ပိတ်နဲ့ နောက်ပိတ်က အစွမ်းထက်သွားတယ် ပြောရမှာပါပဲ။


" လူတွေအများကြီးပဲဟ……ငါစောင့်ပေးရမလား "


" နေ နေ……ငါ့ဘာသာ ပြန်လိုက်မယ် သွားတော့ "


မထားသည် တနေ့ကမှ ဝယ်လာသည့် အသစ်စက်စက်

ပိုက်ဆံအိတ်ထဲမှ ငါးရာတန်တစ်ရွက် ဖိုးစိန်အား လှမ်းပေး

လိုက်ပါသည်။


" နင့်တူမကို ပြောလိုက်……ငါ နောက်ကျမယ်လို့ "


လူနာတွေက အယောက်နှစ်ဆယ်လောက်ရှိတာကိုး။

သေချာတယ် ညမိုးချူ ပ်မယ်ဆိုတာ။ကိုယ်ကလဲ ကိုယ့်အ

ကြောင်းနဲ့ကိုယ်မို့လား။စိတ်တော့ ရှည်ရအုံးမှာပေါ့။


ဆေးခန်းထဲ မထားရောက်သွားချိန်တွင် ထိုင်စရာ ခုံတောင်မရှိတော့ပါ။တချိူ ့လူတွေဆို မတ်တပ်ကလေးရပ်

လို့။ရာပြည့် လူနာကြည့်အခန်းထဲ မထား ချောင်းကြည့်

လိုက်သည်။ချောင်းသာ ကြည့်ရတယ်……မမြင်ရပါဘူး။

မှန်တံခါးမှာ လိုက်ကာ ကာထားတာကို။


" ဒီမှာ နာမည်ရေးလိုက် အန်တီ "


မထားဘေးနားက မိန်းခလေးက Whiteboard ကိုလက်

ညှိုးထိုးပြသည်။နံပါတ်စဉ်အလိုက် နာမည်တွေရေးထား

တာကို ကြည့်ပြီး ဒီအတိုင်း လူနာတွေ ခေါ်တာပေါ့ဟု

တွေးမိလိုက်သည်။နံပါတ်စဉ် ၂၃တွင် မထား နာမည်သွား

ရေးပြီး အေးအေးဆေးဆေး ရပ်စောင့်နေပါသည်။


" ကြာအုံးမယ် ထင်တယ် "


" ဟုတ်တယ် အန်တီ……အကူကောင်မလေး မရှိဘူး……

ဆရာတစ်ယောက်ထဲဆိုတော့ ဗျာများနေတယ် "


အကူမရှိဘူးတဲ့လား။အကူနေရာမှာ မိနွယ်ကိုအစားထိုး

လိုက်ရင် သူတို့နှစ်ယောက် ပိုနီးစပ်သွားလိမ့်မယ်။


မထားသည် ဒေါက်တာ ရာပြည့်အကြောင်းကို သိရ

အောင် မနဲတီးခေါက်ကြည့်နေရသည်။သူ ဘာကြိုက်တတ်

လဲ ဘာသဘောမကျလဲ သိနိုင်သမျှ သိအောင် လုပ်သည်။


နှစ်နာရီနီးပါး စောင့်အပြီးချိန်မှာတော့ မထား အလှည့်

ရောက်လေပြီ။မထားကိုမြင်မြင်ချင်း ရာပြည့် အံ့သြသွား

ပုံရသည်။မသိစိတ်ထဲက ဟိုဟာမလေးများ ပါလာမလား

လို့ တောင့်တနေမိသည်။


" ဘာဖြစ်လို့လဲ "


ဒါ သူမေးနေကျ စကားဖြစ်သည်။သို့သော် မထားကိုကျမှ

မမေးရဲသလို နှုတ်ကလေးနေသည်။


" သွေးများတိုးသလားမသိပါဘူးဆရာရယ်……ဇာတ်ကြော

တက်နေတာ "


" လှဲလိုက် "


အမလို့ခေါ်ရမလား……အန်တီလို့ခေါ်ရမလား။ရာပြည့်

ခေါင်းစားနေသည်။အန်တီလို့ခေါ်ရအောင်လဲ မထား

အသက်နဲ့ သူနဲ့ သိပ်ကွာပုံမရပါ။အမလို့ခေါ်ပြန်တော့

လည်း သူ့စိတ်ထဲ တစ်မျိူ းကြီး ဖြစ်နေပြန်သည်။


" pressure က normal ပါပဲ "


" အင်း……ဒါမဲ့လည်း ဆရာရယ်……ဇာတ်ကြောက တက်

နေတုံးပဲ "


" ညညဆို အိပ်ပျော်လား "


" သိပ်မပျော်ဘူး "


အမှန်က ခေါင်းအုံးနဲ့ထိလိုက်တာနဲ့ မထားတို့ ခလူးခလောနဲ့ အိပ်ပျော်တာလေ။


" အိပ်ရေးပျက်ရင် ဖြစ်တတ်ပါတယ်……တစ်ခုခုအာရုံပို

စိုက်ရင်လဲ ဖြစ်တတ်တယ်……ကျတော် ဆေးပေးလိုက်

ပါ့မယ် "


" ဟုတ်ကဲ့ဆရာ……ဒါ့ထက် အကူတစ်ယောက်လိုနေ

တယ်ဆို "


ရာပြည့်သည် ဆေးကဒ်တွေရှာနေရင်း မထားအမေး

ကြောင့် မျက်လုံးဝင့်ကြည့်လိုက်သည်။မထားက တတ်နိုင်

သမျှ အချိူ သာဆုံး ပြုံးပြပြီး ဆက်ပြောလာသည်။


" အိမ်ကသမီးလေ……"


မထားမမြင်အောင် ရာပြည့်မျက်နှာလွှဲလျက် တံတွေးမျိူ ချ

ရသည်။ခုန်နေတဲ့ရင်ကို အသက်ဝဝရှုခြင်းဖြင့် ထိန်းကာ

ဆက် နားထောင်လိုက်ပါသည်။


" ဘာအလုပ်မှ ရှိတာမဟုတ်ဘူး……ဆရာလဲအဆင်ပြေ

သူလဲ မုန့်ဖိုးပဲဖိုးလေးရ……နှစ်ဦးနှစ်ဖက် အဆင်ပြေ

အောင်လို့ပါ "


" လူလိုနေတာတော့အမှန်ပဲ……ဒါမဲ့ ဘယ်လိုပြောရမလဲ

ဆေးအကြောင်းနားလည်တဲ့သူဆို ပိုအဆင်ပြေတယ်

ဘာမှမတတ်တဲ့သူကျတော့လည်း "


" အော်……အမ သမီးက physicsနဲ့ဘွဲ့ရထားတာပါ

လိုအပ်ရင် ဆေးဘက်ဆိုင်ရာသင်တန်းတစ်ခုခု တက်

ခိုင်းလိုက်မယ် "


အမှန်တိုင်းပြောရ ရင် နွယ့်ကို ပညာတတ်မိန်းခလေးတစ်

ယောက်လို့ သူ မထင်ထားခဲ့ပါ။တွေ့စက ဘယ်လိုမှကြည့်

မရခဲ့တာမှန်ပေမယ့် မုန့်ဟင်းခါးဆိုင်တွင် သူမ ကိုမြင်

လိုက်ရသောအခါ ဂရုဏာသက်မိတာ အမှန်ပါ။


" အာ့ဒါဆို……မတက်ခိုင်းပါနဲ့ ရပါတယ်……ကျတော့်က်ို

ကူရင်းနဲ့ သူ့ သင်ပေးသွားလို့ရပါတယ် "


မထားသည် ဆရာရှေ့မို့ ဝမ်းသာမှုတွေကို ထိန်းချူ ပ်ကာ

ဟန်မပျက် ပြောနေရသည်။ပျော်လိုက်တာဆိုတာလေ။

ပထမခြေလှမ်းတော့ အောင်မြင်သွားလေပြီ။


" ဒါဆို……မနက်ဖြန် အမ လွှတ်လိုက်မယ်နော် "


" ဟုတ်……လေးခွဲလောက် လွှတ်ပေးပါ……ကျတော့်

ဆိုင်သော့ ပေးလိုက်မယ်..…ခနစောင့်အမ …… လူလဲ

ရှင်းပြီ……သော့ တစ်ခါထဲယူသွားပေးပါ "


" ကောင်းပါပြီ ဆရာ……သြော မေ့နေတာ……မထား

ဘယ်……လောက် "


" ရပါတယ် မပေးပါနဲ့ "


မထားသည် ကိုယ့်အဖြစ်ကိုယ် စိတ်ကြီးဝင်ကာ သူ့ဆေးခန်းတစ်ခုလုံးကို မျက်လုံးဝှေ့ကြည့်လိုက်သည်။

ဒါတွေသည် တစ်ချိန်ချိန်မှာ မထားပ်ိုင်ဆိုင်ရမယ့်ဟာတွေပဲ

လေ။


" အမ……ဒီမှာသော့……ဒါနဲ့ လမ်းကြုံတာပဲ……ကျတော်

ဝင်ပို့ပေးခဲ့မယ်…… လိုက်ခဲ့ပါ "


ရုတ်တရက်မို့ မထား ဘာပြန်ပြောရမှန်းမသိ။ကျေနပ်သ

ဘောကျ လွန်းလို့ ရေတောင်ငတ်လာသလိုပဲ။တစ်ခုခု

သူ ပြောတိုင်း မထားမှာ ပါးစပ်အဟောင်းသားဖြစ်ရတယ်

လေ။ကြာတော့ အာခေါင်ခြောက်ပြီး ရေငတ်လာတယ်။


မထားသည် တနေ့နေ့တွင် မိမိ ပိုင်ဆိုင်ရမည့် ကားကြီး

ကို သဘောကျစွာ မျက်တောင်မခတ်ကြည့်ပြီးမှ အနောက်

ခန်းတွင် ဝင်ထိုင်လိုက်သည်။အာ့မလေး အေးစိမ့်နေတာ

ပဲ။မွှေးပျံ့သော ရနံ့တစ်ခုကို မထား ဝဝကြီး ရှုပစ်လိုက်

သည်။


ဖြစ်နိုင်ရင် အချိန်တွေ ဆွဲထားချင်မိ၏။


----------------------------------------------------------------------


" အိမ်ထဲဝင်ပါအုံး ဆရာ……သမီးနဲ့လည်းတစ်ခါထဲတွေ့

ပေးချင်လို့.……မနက်ဖြန်ကျ ဆရာ မလာခင် သူ့ကိုကြို

ခိုင်းထားလို့ရတာပေါ့ "


မထားအပြောက ညက်လှသလို ရာပြည့်စိတ်ကလဲ သူမ

ကို တွေ့ချင်လှလေသည်။ဒါနဲ့ပဲ မာနကြီးပါတယ်ဆိုတဲ့

အဆင့်အတန်းခွဲခြားလွန်းပါတယ်ဆိုတဲ့ ဒေါက်တာရာပြည့်

သည် သူမ တို့ဆယ်ပေ အိမ်ကျဉ်းကျဉ်းလေးထဲကို ခြေချ

ဖို့ ကြံရွယ်လိုက်ပါတော့သည်။


" မိနွယ်ရေ……မိနွယ် "


" လာပြီ အမေ "


မိနွယ်သည် အမေ့ခေါ်သံကြောင့် တံခါးဖွင့်ပေးရန် အလောတကြီး ဆင်းလာသည်။ပုံမှန်အခြေအနေ အရဆို

မိနွယ် ဘာမှမဖြစ်နိုင်ပေမယ့် ရာပြည့်မျက်နှာကို ဘွားခနဲ

မြင်လိုက်ချိန်မှာတော့ သုံးထစ်သာရှိသော လှေကားပေါ်

က မိနွယ် လိမ့်ကျလေသည်။


" အာ့မလေး မြတ်စွာဘုရား!! "


" ဟယ် ဒီကောင်မလေးကတော့ "


ဟ ထားသောခြံတံခါးကို တွန်းဖွင့်ပြီး မထား ဝင်သွားလျှင်

တကျစ်ကျစ်အော်လျက် ထဖို့ရန် ခက်ခဲနေသော သူမအနားသို့ ရာပြည့် ရောက်မှန်း မသိ ရောက်သွား

တော့သည်။(next)....


rate now: