book

Index 4

အခန်း(4)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔

-----------


" မိနွယ် ဒီကိုလာစမ်း "


" ဒါ ညည်း သက်သက်လုပ်တာ မှတ်လား "


" ဘာကိုလဲ အမေကလဲ "


" အောင်မာ ငါ့တောင်ပြန်မေးနေသေး……ညည်းကိုငါ

မွေးထားတာ……ညည်းအကြောင်း အကုန်သိပြီးသား

ဒေါက်တာ ဟံသာစိုး ဆေးခန်းမှာထိုင်တဲ့ ဆရာဝန်ရှေ့

အခု ရောက်နေတဲ့ ဆရာ မကောင်းကြောင်း ဘာလို့

ပြောရတာလဲ……နောက်ပြီး ဟို ဆရာနဲ့အတူလာတဲ့

ကောင်လေးက ညည်းကိုမတွေ့ခင်အထိ အေးအေး

ဆေးဆေးပါပဲ……ညည်းမျက်နှာမြင်မှ ဘာဖြစ်……ဟယ်

မဟုတ်မှလွဲရော……အာ့ဒါ ဆရာ အသစ်လား……ဟမ်

ပြောစမ်း မိနွယ် "


" ဟုတ်တယ်……တနေ့ညက သမီးနဲ့ကွိုင်တတ်တဲ့လူပဲ "


" ဘုရားရေ "


မထားသည် သူ့ရင်ဘတ် သူဖိပြီး အပြောမတတ်သည့်

သမီးအား ခါးထောက်လျက် ကြည့်လိုက်တော့သည်။

နွယ်ကတော့ ပြောချင်တာ ပြောလိုက်ရ၍ စိတ်လက်ပေါ့

ပါးကာ သီချင်းလေး ညည်းလိုက်တော့သည်။


" မင်းပြောတဲ့စကားတွေ မင်းဟောတဲ့တရားတွေ……

ယုံစားမိလို့ မှားပြီနော်……"


နွယ့် သီချင်းသံနောက်တွင် မထား၏ သက်ပြင်းချသံ ကပ်

လိုက်လာသည်။မထားအတွေးထဲ ဆရာဝန် နှစ်ယောက်

ကို ယှဉ်လျက် စမ်းစစ်နေမိသည်။


ဖော်ရွေတဲ့ ဆရာလေးကတော့ နွယ် နဲနဲလေး အထာပေး

လိုက်ရုံနဲ့ ပါလာဖွယ်ရှိသည်။သို့သော် ပုံစံက ပုပုပြတ်ပြတ်

နဲ့ နွယ်နဲ့ လိုက်မယ်မထင်။နွယ်က အရပ်ရှည်တယ်လေ။

သူက နွယ်နဲ့ယှဉ်ရင်တောင် နဲနဲပုနေတယ်။ရုပ်လေးက

တော့ချောပါရဲ့။ဒါမဲ့ မလိုက်သေးပါဘူး။


အယ်……နောက်တစ်ယောက်ကျပြန်တော့လည်း ဒီဟာမ

နဲ့ စလာထဲက အကြောမတည့်။ဟူး……


-----

" မထားရေ……မထား "


" ဟယ် မမစိန်ပါလား.……ဘယ်က လှည့်လာတာလဲ "


မနက်ခင်းဈေးသွားရန် ပြင်နေသော မထားသည် အိမ်ရှေ့

ကားရပ်သံကြားထဲက အပေါက်ဝ လှမ်းမျှော်ပြီးသားဖြစ်

သည်။


" ဒီကိုပဲလာတာဟေ့……မိနွယ်ကို အဖော်လာခေါ်တာ……

ဆေးခန်းရက်ချိန်း သွားပြမလို့……"


မမစိန်သည် မထားရဲ့ ဒုတိယမြောက် ယောကျာ်း၏

အဒေါ်တစ်ဝမ်းကွဲ အပျိူ ကြီးဖြစ်သည်။ဘယ်အမျိူ းနဲ့မှ

ပနံမတင့်သော မမစိန်သည် မထားကိုတော့ အသေချစ်

သည်။အသေချစ်တာလဲ မပြောနဲ့လေ။


မမစိန်က အမြှောက်သိပ်ကြိုက်တာ။မထားတို့ကလဲ သိတဲ့

အတိုင်း……ပေါင်းတတ်သင်းတတ်လွန်းလို့ တစ်ရပ်ကွက်

လုံးရဲ့ အကောင်းမြင်မျက်စိကို အပိုင်ဝယ်ယူထားတဲ့သူ။

မမစိန် သိပ်သဘောကျတဲ့ မြှောက်လုံးတွေ တွေ့လေတိုင်း

ပစ်ပစ် ကျွေးရတာ အမော။


" ရှိတယ် ရှိတယ်..… မမစိန်သမီးက ရေချိူ းနေတယ်……

မိနွယ်ရေ မိနွယ်……ဒီမယ် အန်တီစိန် ရောက်နေတယ်…

မြန်မြန်လုပ်ဟေ့ "


" ရတယ် ဖြေးဖြေးလုပ်……12 နာရီမှ သွားမှာ……ညည်း

တို့ဆီလဲ မရောက်ဖြစ်တာကြာပြီမို့လား…ဒါနဲ့ပဲ အစော

ထွက်လာတာ "


" နေ့ခင်းမှ သွားမှာဆိုတော့ ထမင်းတစ်ခါထဲစားသွား……

မမစိန်ကြိုက်တဲ့ ပုဇွန်သုပ်လေးနဲ့ ကြာဇံဟင်းခါး လုပ်ပေး

မယ်……ခနလေး မမစိန်……မနက်က ဆီထမင်း ဝယ်

ထားတယ် "


" အေး အေး ……ကော်ဖီပူပူလေးပါ ဖျော်ခဲ့စမ်းပါအုံး "


မထားသည် ဟုတ်ဆိုသည့် စကားလုံးကို အချိူ သာဆုံး

ပြောခဲ့ပြီး အနောက်ဘက် ဝင်လာခဲ့သည်။မနက်က ဝယ်

ထားသည့် ဆီထမင်းကို ကျက်လုဆဲ ထမင်းအိုးပေါ်ဖြန့်

တင်လိုက်ပြီး ပုလင်းထဲက ပုဇွန်ခြောက်တစ်ဆုပ် နှိုက်ကာ

ညက်နေအောင် ထောင်းလိုက်သည်။


" ကော်ဖီ ဖျော်လိုက် မိနွယ်……"


ရေချိူ းပြီး တက်လာသော မိနွယ်ကို မထားက ကော်ဖီ

ဖျော်ရန် ဆီးပြောလိုက်သောအခါ……


" အိန်းကျီလေး ဝတ်ပါရစေအုံး အမေရာ "


" မဝတ်နဲ့ အရင်ဖျော် "


အမေကတော့ လုပ်ပြီ။အန်တီစိန်တို့လို ရွှေဧည့်သည်တွေ

အိမ်လာတိုင်း အမေ အခုလို ပြာတတ်မြဲဖြစ်သည်။


မိနွယ်သည် ထမီရေလှျှားအပေါ် တဘက်ကလေး လွှမ်း

လျက် ကော်ဖီအရင်ဖျော်ပေးရသည်။ပြီးမှ အခန်းထဲဝင်

ကာ ပြင်ဆင်ရသည်။အပြင်သွားမှာဆိုတော့ ကြော့နေ

အောင် လိမ်းခြယ် ပြင်ဆင်ရပေအုံးမည်။


" ဟဲ့ မြန်မြန်လုပ် မြန်မြန် ထွက်ခဲ့ "


ဆီထမင်းနှင့် ကော်ဖီပန်ကန်ကို ဗန်းလေးထဲကျကျနန

ထည့်၍ မထား သယ်လာသည်။ဟိုကြည့် ဒီကြည့် စပ်စု

နေသော မမစိန်ရှေ့ တရိုတသေ ချပေးပြီး……


" မမစိန်ရေ……သိပ်လဲမစားနဲ့အုံးနော်……ရင်ပြည့်နေမှာ

စိုးလို့ "


ပြောသာပြောရသည်။အပျိူကြီးတို့ အစားသောင်းကျန်းချက်

က လက်ဖျားခါလောက်သည်။မြင်မြင်သမျှ အငမ်းမရစား

လွန်းလို့ မမစိန်ထံတွင် နှလုံး သွေးတိုး ဆီးချိူ ရောဂါများ

အစုံအလင်ရှိနေလေရဲ့။


" အန်တီစိန်တောင်မလာတာကြာပြီ……"


" မလာဆို အလုပ်ကများတယ်လေ……"


ပါးစပ်ထဲ ဆီထမင်းပလုပ်ပလောင်းဖြင့် အလုပ်ကများ

တယ်ဟုပြောလိုက်သောအခါ မိနွယ် ရယ်ချင်သွားသည်။

အန်တီစိန် ဘာအလုပ်မှ မလုပ်ပဲ ထိုင်စားလာတာ မိနွယ်

တစ်သက်ရှိသွားပြီလေ။


မိဘတွေ ထားခဲ့တဲ့ အမွေတွေကလည်း သူ့တစ်သက်

စားလို့ကုန်တာမှ မဟုတ်တာ။အာ့ဒါမို့ အမေက အန်တီစိန်

လာတိုင်း ပြာပြာသလဲလဲ ဖြစ်နေတတ်တာ။ဖြစ်တာလည်း

မပြောနဲ့လေ။အန်တီစိန်တို့ သဘောကောင်းပြီး လက်ဖွာ

ပြီဆို တစ်သိန်းဆိုလဲ ဟုတ်တယ် နှစ်သိန်းဆိုလဲ ဟုတ်

တယ်။


Shopping ထွက်ဖို့ အဖော်လာခေါ်ပြီဆို မိနွယ်အတွက်

တစ်လစာနီးပါး အဝတ်အစားတွေ ရတတ်တယ်လေ။


" ကဲ……သွားကြမယ်ဟေ့..…"


စားပြီးသောက်ပြီး ပြီမို့ အန်တီစိန် မနဲ ထရသည်။အရွယ်

နဲ့မလိုက် စကပ်အတိုဝတ်ထား၍ သူ့ကိုကြည့်ရသည်မှာ

ကောက်ညှင်းထုပ်ကြီီးနှင့် တူနေသည်။


" မမစိန် စကပ်လေးကလှလိုက်တာ……"


" လိုချင်လို့လား……နောက်နေ့မှ ငါ မဝတ်တဲ့ဟာတွေယူ

လာခဲ့မယ် "


" မမစိန်နဲ့တော့ လိုက်တာပေါ့……ထားနဲ့တော့ လိုက်

မယ် မထင်ပါဘူး "


အရယ်သန်သော မိနွယ်သည် အမေ့ရဲ့ မြှောက်လုံးကြောင့် အသံတိတ် ရယ်နေရသည်မှာ အူ

တောင် နာလှလေပြီ။


--------------------------------------------------------------------


SSC သို့ရောက်သည်နှင့် အန်တီစိန်က သူ့လက်ထဲက

စာအုပ်ကို မိနွယ်အား ပေးပါသည်။ကောင်တာတွင် စာ

အုပ်ထပ်ပြီး အန်တီစိန့်အား သွေးပေါင်တိုင်းနေချိန်တွင်

nurse မ လေး တစ်ယောက်ရောက်လာသည်။


" အန်တီရေ……ဒီနေ့ ဆရာ မလာဖြစ်ဘူး……သူ့ သားပဲ

ထိုင်တယ်……နောက်နေ့မှပြမလား အခုပြသွားမလား "


" ဆရာမလာဘူးလား……အင်းလေ……ရောက်ပြီးမှ မထူး

တော့ဘူး……ဆေးလဲကုန်နေပြီ ပြသွားတော့မယ် "


" ဟုတ် အာ့ဆို ခနလေးစောင့်ပေးနော်အန်တီ…… ဆရာ

လာတော့မယ် "


ဒီလိုနဲ့ အန်တီစိန်ရယ် မိနွယ်ရယ် နေရာလွတ်တွင် ဝင်

ထိုင်လိုက်ကြသည်။သိပ်မကြာပါဘူး……အန်တီစိန် နာမည်ခေါ်တာနဲ့ ဝင်သွားလိုက်တယ်။


အထဲရောက်တော့ မဟာ ရန်သူကြီးနှင့် တတိယအကြိမ်

ပြန်ဆုံလေသည်။အန်တီစိန်သာ မရှိလျှင် လာရာလမ်းအ

တိုင်း နွယ် လှည့်ပြန်လာချင်ပါရဲ့။အခုဖြင့် မလှုပ်သာ မငြင်းသာသည့် အခြေအနေမို့ အံတင်းတင်းကျိတ်လျက်

ငြိမ်နေရတော့သည်။


ရာပြည့်က သူ့ဂွင်ထဲ ဝင်လာသော သူမကို အထက်စီးမှ

ငုံ့ကြည့်ပြီး မျက်နှာထား တင်းမာထားပါသည်။အန်တီစိန့်

အား လိုအပ်သော စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှာတော့

သောက်ရမယ့်ဆေးတွေ စာအုပ်ထဲ ချရေးပေးလိုက်သည်။

ချရေးနေစဉ် ထူးထူးခြားခြား ပြင်ဆင်လာသည့် သူမ မျက်

နှာကို မရဲတရဲ ခိုးကြည့်မိသည်။


အော်……ဒီလိုကျတော့လည်း ကြည့်ပျော်ရှုပျော် ရှိသား။


သူက မော့အကြည့် သူမက စောင်းအကြည့်နှင့် ထိပ်

တိုက်ဆုံလာလျှင် သူမ ဘက်မှ အရင်ဦးအောင်မျက်နှာ

လွှဲတတ်သည်။ဒါကိုတော့ ဆရာဝန်တစ်ယောက်၏ မာန

ကြောင့်မို့ထင်သည်။အတော် ခံပြင်းရသည်။


စဉ်းစားကြည့်လေဗျာ……သူ့အဆင့်နဲ့ ကိုယ့်အဆင့်ဆို

တာ မြေကြီးနဲ့ မိုးသားလောက်ကွာခြားတာ။အခုဖြင့်

ကိုယ်က မချေရပဲ သူကချည်း လှိမ့်ချေနေတာ။အာ့မို့လည်း

ဒင်းကို လိုတာထက် ပိုမုန်းနေတာဖြစ်မယ်။


---------------------------------------------------------------------


" ဒီဆေးပြတ်နေတယ် ညီမ..…"


" ဟုတ်လား "


" အင်း……ဆရာ့ကိုသွားပြန်ပြကြည့်လိုက်လေ……နောက်

ထပ်ဆေးပြောင်းပေးလိုက်မယ် "


နွယ်သည် ဆေးစာအုပ်ကိုပြန်ယူပြီး အန်တီစိန့်ဆီသို့ ပြန်

လျှောက်လာပါသည်။


" သူပေးတဲ့ဆေးပြတ်နေတယ်တဲ့……ပြန်ပြခိုင်းတယ် "


" ဒါဆို……သွားပြလိုက်လေ……ငါ ဒီကပဲစောင့်နေမယ် "


အာ့မလေး……သူကျတော့ နေသာသလိုနေပြီး ကိုယ့်ကို

ကျ ဒီမျက်နှာကြော မတည့်ပါဘူးဆိုတဲ့ လူဆီ သွားခိုင်းနေ

ပြန်ပြီ။မတတ်နိုင်ဘူး……သွားမှပြီးမယ့် ကိစ္စတစ်ခုအတွက်

မသွားချင်လဲ သွားရမှာပဲ။


" ဟို……ဆရာ့ဆီ မရှင်းတာလေးရှိလို့ "


အပေါက်ဝတွင် nurse လေးနှင့်တိုးသဖြင့် နွယ်ပြောလိုက်

ပါသည်။


" ဟုတ်……ဝင်သွားလိုက်အမ……"


နွယ်သည် ခေါင်းတစ်ချက်ညိတ်ပြပြီး အထဲသို့ဝင်လာလျှင်

ရာပြည့်က မျက်လုံးလှန်ကြည့်ပါသည်။တမင် ညစ်ပတ်

ချင်တာနဲ့ မသိချင်ယောင်ဆောင်ကာ ပြလက်စလူနာ

အား ပေရှည်စေရန် မေးခွန်းတွေ ထပ်မေးလျက် အချိန်

ဖြုန်းနေလိုက်သည်။


စောင့်နေရတာ အတော်ကြာပြီမို့ နွယ် မတ်တပ်ရပ်ရတာ

ညောင်းလာသလိုရှိလာသည်။နွယ့်ရဲ့ သက်ပြင်းချသံ

ကြောင့် ရာပြည့် ကျိတ်သဘောကျနေမိသည်။နောက်

လူတွေ ရှိသေးသည်မို့ စိတ်လျှော့ကာ အချိန်ဆွဲခြင်းကို

ရပ်လျက် သူမ အား……


" ပြော……"


" ဒီဆေး ပြတ်နေတယ်…"


သူမသည် ဆေးစာအုပ်ထဲ သူရေးပေးထားသည့် နေရာကို

လက်ထောက်လျက်ပြလိုက်သည်။ရာပြည့်က သူမ အနား

တိုးလာပြီး စာအုပ်ကိုငုံ့ကြည့်ကာ……


" စာမဖတ်တတ်ဘူးလား……ဆေးနာမည်တောင် ပါးစပ်က

မပြောနိုင်ဘူး "


" အော်……စာတော့ဖတ်တတ်တာပေါ့……ဒီလောက်စုပ်

ပြတ်သတ်နေတဲ့လက်ရေးတော့ မဖတ်တတ်ဘူးရှင့် "


" မင်း……"


တစ်ခုခုပြောမယ် ကြံပြီးကာမှ အလိုက်မသိတဲ့ nurse

သည် သူ့ duty ပြီးချင်တာနဲ့ နောက်တစ်ယောက် အထဲ

ခေါ်လိုက်လေသည်။


အာ့မှာစတာပဲ……။အမေလုပ်သူက သူ့ကလေးငယ်ကိုပါ

အထဲခေါ်လာသည်။ကလေးလက်ထဲမှာ မိုးပျံပူဖောင်းတစ်

လုံးကို ကိုင်ထားသည်။ဒီပူဖောင်းကို ရာပြည့် မြင်လိုက်ရ

ထဲက စိတ်တွေ ပုံမှန် မဟုတ်တော့ပါ။အသက်ရှုပဲ ကျပ်

လာသလိုလို လက်ဖျားတွေပဲ အေးစက်လာသလိုလို

ကြောက်စိတ်က နှိပ်စက်လာပါသည်။


" ဆေး…"


စကားပင်ဆုံးအောင်မပြောလိုက်ရသေးပါ။


လဲကျမလိုဖြစ်သွားသော ရာပြည့်ကို နွယ် လက်မောင်းမှ

ကိုင်၍ ဆွဲထိန်းထားလိုက်ရသည်။ကလေးငယ်လက်ထဲက

ပူဖောင်းကိုမြင်တာနဲ့ ပြောင်းလဲသွားသော သူ့ကို နွယ်

နားမလည်စွာ ငေးကြည့်မိစဉ် သူကလဲ ပြန်ကြည့်သည်နှင့်

အကြည့်ချင်းဆုံလေသည်။


သူ့အကြည့်ကို နွယ် မရှောင်လွှဲဖြစ်တော့ပါ။မာနတွေဖြင့်

အရောင်ခြယ်ထားသောအကြည့်မဟုတ်ပဲ သိမ်ငယ်စိတ်

တွေဖြင့် လွှမ်းခြုံထားသော အားငယ်အကြည့်ဖြစ်နေလို့

ပင်။


ထိုတစ်ဆက်ထဲမှာပဲ အငြိမ်မနေတတ်တဲ့ကလေးက သူ့

လက်ထဲမှ ပူဖောင်းကို စားပွဲပေါ်က ဘောပင်ဖြင့် ထိုး

လိုက်လေသည်။ဖောင်းဆိုသည့်အသံနှင့်အတူ ရာပြည့်၏

အော်သံ တစ်တွဲထဲကြားလိုက်ရတော့သည်။


ရာပြည့်သည် သူ့အနားတွင်ရှိသော နွယ့်ကို ကြောက်စိတ်

ဖြင့် ဖက်ထားလိုက်သည်မှာ နွယ် အသက်ရှုတောင်ကျပ်

သွားသည်။ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြားမှ နွယ်

ရုန်းထွက်ဖို့ထက် ပူဖောင်းကြောက်သော ဆရာဝန်လေး

ကိုသာ တအံ့တသြ ငေးကြည့်နေမိပါသည်။


Nurse လေးနှင့် လူနာရှင်သည်လည်း ဒေါက်တာရာပြည့်

အကြောက်လွန်ပုံကို ပါးစပ်အဟောင်းသားဖြစ်ကာ ဘာ

ပြောရမှန်းမသိ ဖြစ်ကုန်ကြသည်။


ခနအကြာမှ ရာပြည့် အသိစိတ်ဝင်ကာ ကြောက်စိတ်ကို

ရေတစ်ခွက်သောက်ခြင်းဖြင့် မနဲဖြေနေရ ရှာသည်။နွယ်

သည်လည်း သူ ရှက်မှာစိုး၍ စောနက ကိစ္စကို ဘာမှ

ဆက်မပြောတော့ပဲ လက်ထဲက ဆေးစာအုပ်ကိုသာ

သူ့ရှေ့ ထိုးပေးလိုက်သည်။


" ဆရာ……ဆေး……"


" အင်း…"


တုန်ရီနေသော လက်ဖြင့် ဘောပင်ကိုမနဲကိုင်ကာ ဆေး

ရေးပေးလိုက်ပါသည်။နွယ်လည်း ဘာမှဆက်မပြောတော့

ပဲ အပြင်ထွက်လာဖြစ်သည်။


ရင်တွေခုန်လိုက်တာနော်။နွယ့်ရဲ့စိတ်သည် သူမ ထံတွင်

မရှိ……ပူဖောင်းကြောက်တတ်သော ဒေါက်တာရာပြည့်

ထံ ကျန်ခဲ့သလို ရာပြည့်ရဲ့စိတ်သည်လည်း သူ့ထံတွင် မရှိ

သေလောက်အောင်မုန်းမိပါသော စွာတေးမလေး နွယ့်ထံ

ကပ်ပါ လိုက်သွားလေတော့သည်။


ဒါဟာ ရင်ခုန်မှုလား……အချစ်လား။အချစ်လို့ ခေါင်းစဉ်

တပ်ဖို့ စောလွန်းပါသေးတယ်လေ။


သေချာတာတစ်ခုကတော့ နွယ့်ကို သူ ဖက်လိုက်ရတဲ့

အချိန်မှာ နွေးထွေးမှုကို စတင်ခံစားခဲ့ရသလို ကြောက်စိတ်တွေလည်း တစစ ပျောက်ကွယ်ခဲ့ရပါတယ်။


ဘယ်လို ရင်ခုန်မှုမျိူ းပါလဲ?????


အက္ခရာ

53


rate now: