💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
-----------
အဲ့ဆိုင်ရောက်မှ ပြသာနာက စတာပဲ။တုံလေးဆိုတဲ့ ဟာ
မက တခြား ဘဲတစ်ပွေနဲ့ ဇော်တို့ထိုင်မယ့်ဆိုင်မှာ မိုးမ
မြင် လေမမြင် ဖြစ်နေတာပဲ။
" ဟဲ့……ဟိုမှာ တုံလေး……"
" ဟာာာ……ဒီဆော်……ငါ့ကိုလာကြောတယ်ပေါ့လေ……
တွေ့ပြီပေါ့ကွာ "
ဆိုင်ထဲရှိ လူများကို ဇော် ဂရုမစိုက်နိုင်ပါ။သူ့မျက်စိထဲ တုံ
လေးနှင့် သူ မဟုတ်တဲ့ တခြားတစ်ယောက်ကို တွဲမြင်
လိုက်ရခြင်းအပေါ် ခံပြင်းစိတ်ဖြစ်ကာ ဒေါသထွက်နေတာ
ပဲ သိသည်။
" သိပ်သာယာနေကြတာပေါ့ "
" ဟင် ……ဇော် "
မျက်စိ မျက်နှာပျက်သွားသော တုံလေးရဲ့ အမူအယာကို
ကြည့်ပြီး နွယ် မျက်နှာမဲ့လိုက်သည်။ဇော့်ကို မတားပါဘူး။
လိုအပ်ရင် မြှောက်တောင်ပေးလိုက်အုံးမယ်။ဒီ့ထက်ပို
လိုအပ်ရင် နွယ်တောင် အဆစ်ပါလိုက်အုံးမှာ။
" အသဲ……ဒါဘာတွေလဲ "
" မသိဘူး ကိုကို "
" အဟ……မသိဘူး ဟုတ်လား "
" ဇော် နင်ငါ့ကိုမနှောင့်ယှက်နဲ့ဟာ……ဘယ်လိုပဲတွေး
ကြည့်ကြည့် နင်နဲ့ငါ မဖြစ်နိုင်ဘူး……"
" မဖြစ်နိုင်မှန်းသိရင် မင်း ဘာလို့……ငါ့ကို အိမ်မက်တွေ
ပေးလဲ "
" အသဲ မင်း ဘာတွေရှုပ်ထားတာလဲ "
" မဟုတ်ဘူးကိုကို……အသဲ ရှင်းပြပါ့မယ်……ကိုကိုနဲ့
မတွဲခင် အသဲ သူ့ကို အပျင်းပြေ ထားခဲ့မိတာပါ "
အပျင်းပြေ ထားခဲ့မိတယ်ဆိုသော သူမ စကားကြောင့်
ဇော် ရှော့ရသွားသည်။
" ဇော်……နင်သွားတော့ဟာ……ဘယ်မိန်းမပဲဖြစ်ဖြစ်
အတုနဲ့အစစ်ဆို အစစ်ပဲ သာယာမှာပဲ……"
" တောက်စ်……မင်း……မင်း "
ဇော်သည် ရှက်လွန်းလို့ ထင်ပါရဲ့။သူ့ကို ကြည့်တဲ့ မျက်ဝန်း
တွေကို ရင်မဆိုင်ပဲ ထွက်သွားဖို့ပြင်နေသည်။ဇော့်လက်ကို
နွယ်က ဖမ်းဆုပ်ထားပြီး တုံလေးကို စိုက်ကြည့်ကာ သူတို့
ရှေ့ချထားသည့် အအေးခွက်ကို လှမ်းယူလိုက်သည်။
" နင်အရမ်းတော်တာပဲ……အာ့တွက် နင့်ကိုဆုချရမှာပေါ့ "
နွယ်က ပြောလဲပြော တုံလေးအနားလဲ လှမ်းလာပြီး
သူမ မျက်နှာတည့်တည့်သို့ အအေးနဲ့ ပက်လိုက်လေ
သည်။
" ဟဲ့ နင် ဒါ ဘာလုပ်တာလဲ "
" မြင်တဲ့တိုင်းပဲလေ……ချွတ်စမ်း…ဒါ ဇော်ပေးထားတဲ့
လက်စွပ်……ဒါလဲ ဇော်ဝယ်ပေးထားတဲ့ ပိုက်ဆံအိတ်
နင်စီးထားတာလဲ ဇော်ဝယ်ပေးတဲ့ ဖိနပ်ပဲ ချွတ်……"
နွယ်သည် သူမ လက်ကို ဆွဲကိုင်ပြီး လက်စွပ်ကိုရအောင်
ချွတ်ယူသည်။ထို့နောက် ပိုက်ဆံအိတ်ကိုပါ တွဲယူပြီး
အိတ်ထဲက ပစ္စည်းမှန်သမျှ စားပွဲပေါ် သွန်ချလိုက်သည်။
ပြီးလျှင် သူမ စီးထားတဲ့ဖိနပ်ကို အတင်းချွတ်ခိုင်းပြီး
ကျွတ်သွားတဲ့ဖိနပ်ကို ခြေထောက်နဲ့အဝေးဆုံးကို ကန်
ပစ်လိုက်သည်။
" ဘာတွေလဲကွာ……မင်း မရှက်ပေမယ့် ငါရှက်တယ်……
မင်းနဲ့ငါနဲ့လဲပြတ်ပြီ "
" ကိုကို ကိုကို ……ခြူ းသက်နွယ်……နင်……နင် "
" ဘာဖြစ်လဲ ဆက်ပြော……"
" တောက်စ်……"
မကြာပါဘူး……သူမ လဲ ရှက်ရမ်း ရမ်းပြီး ဆိုင်ထဲက ထွက်
ပြေးတော့တာပါပဲ။ဇော့်မှာသာ နွယ့်လုပ်ရပ်ကိုကြည့်ပြီး
ပါးစပ်အဟောင်းသားဖြစ်ကာ မျက်တောင်မခတ်နိုင်ပဲ
အံ့သြနေသည်။နောက်မှ အသိပြန်ဝင်ကာ……
" လာပါကွာ……ပြန်ရအောင် "
" မပြန်ပါဘူး……ဒါ နင်မှားတာ မဟုတ်ဘူး……ဘာမှ
ရှက်စရာမလိုဘူး……လာ ထိုင်မယ် "
" ဟောဗျာ……"
နွယ်သည် မည်သူ့ကိုမှ ဂရုမစိုက်ပဲ ရှေ့မှဦးဆောင်လျက်
စားပွဲလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။နွယ့်အစွမ်း
အစကိုသိသွားသော ဝိတ်တာတွေက သူမ ထိုင်လိုက်
သည်နှင့် အပြေးလာကာ ဘာမှာမလဲတဲ့။
အံ့ရော………!!
---------------------------------------------------------------------
" ငါပြောတာ အာ့ဆော်ပဲ "
ရာပြည့်က နွယ် လူမိုက်လုပ်ခဲ့ပုံကို မှင်သက်စွာ အစအဆုံး
ငေးပြီးမှ မျိူ းသစ်စံအား မေးငေါ့ပြလိုက်သည်။ဆုံတတ်
လွန်းတဲ့ ကံတရားပဲ။
" ငင်……မင်းနဲ့ပြသာနာတက်တဲ့…"
" အေး "
" ဟားးး စွာတေးလေးပဲ……ကြိုက်တယ်ကွာ "
" သွားစမ်းပါကွာ ဘာစွာတေးလဲ……အာ့ဒါစွာတာ မဟုတ်
ဘူး……နှုတ်ကြမ်းလှျှာကြမ်းတာ……မိန်းခလေးချင်းကိုယ်
ချင်းမစာတာ……သူ သာဆိုရင်ရော……အာ့လို Tom
Boy နဲ့တွဲမလား "
" ဟ……အာ့လိုပြောလို့မရဘူး……ဟိုဆော်က မှားတာ
သူ အစထဲကမတွဲနိုင်ဘူးဆို သွား မပက်သတ်နဲ့လေ…
ဘာလို့ ခြူ ဆီလုပ်လဲ……မှန်တယ် သူလေး မှန်တယ် "
ရာပြည့်သည် သူ့အား မနိုင်တော့ဘူးဆိုသည့် အကြည့်မျိူ း
ဖြင့် ကြည့်ကာ အာလူးကြော် တစ်ဖက် တူနှင့် ညှပ်စား
လိုက်သည်။
" တော်လိုက်တော့……ကြာရင် မင်းနဲ့ငါ ဒီဟာမကြောင့်
ကွိုင်တော့မယ်……စိတ်ညစ်လို့ လာသောက်တယ်……
စိတ်ပျက်စရာ ထပ်တိုးတယ်……စိတ်ဖောက်အောင်
တော့ လာမဆွနဲ့ "
" အေး……မင်းလဲ မိန်းမတစ်ယောက်ကို ဇွတ်မုန်းမနေနဲ့
ချစ်ခြင်းအစ မုန်းခြင်းက……ကြည့်လဲမုန်းအုံး "
" ဟားး……ဒီလိုဟာမအတွက် ပေးစရာ အချစ်ကိုမရှိတာ
ပေါက်ဖွားလာစရာ အချစ်လဲ မရှ်ိဘူး……မုန်းခြင်းနဲ့စ
မုန်းခြင်းနဲ့ပဲ အဆုံးသတ်မှာ "
" ဟဲဟားး……ဘီယာကိုကုန်အောင် သောက် ရတယ်……
အမြည်းလဲ ကုန်အောင် စား ရသေးတယ်..…စကား
တော့ ကုန်အောင်မပြောနဲ့…"
မူးလာရင် စကားများတတ်သော မျိူ းသစ်စံနှင့် မူးလာရင်
သွေးဆိုးတတ်သော ရာပြည့်တို့သည် ဘီယာသောက်
တိုင်း အခုလို အချေအတင်လေးကတော့ ဖြစ်မြဲ။
" လောင်းမလားကွာ……ဒီမိန်းမကို နောင်ဆယ်သက်
မချစ်စေရဘူး "
" လခွီးနဲ့မှ……နောင်ဆယ်သက်……မတရားပါဘူးကွာ
ဒီဘဝပဲလုပ်ပါ……"
" လောင်းမလားကွာ "
ရာပြည့်သည် ခွက်ထဲက လက်ကျန်တွေ အမြည်းမကူပဲ
တစ်ခါထဲ မော့သောက်ပစ်လိုက်သည်။မျိူ းသစ်စံကတော့
အမြည်းလေးစားရင်း ခပ်ဝေးဝေးမှာ ထိုင်နေတဲ့ သူမက်ို
ရီဝေဝေ ငေးနေပါသည်။
" သိပ်လောင်းရဲတယ် ဟေ့ယောင်……မင်းသာ အပြော
မစောနဲ့ "
ဒီလိုနဲ့ သူတို့ရဲ့ အရက်ဝိုင်း အစည်းအဝေးပွဲ တစ်စခန်း
ရပ်သွားလေသည်။အဲ့နေ့ညက ဒေါက်တာ ရာပြည့် ဆေး
ခန်း လာမဖွင့်ပါ။မျိူ းသစ်စံကြားတာတော့ အမူးလွန်ပြီး
အိမ်မှာ အတော်လေး သောင်းကျန်းခဲ့တယ်တဲ့။
နောက်ရက် ညနေပိုင်း ဆေးခန်းသွားရန် ဟန်ပြင်တော့
မျိူ းသစ်စံ ရောက်ချလာသည်။
" ငါလဲလိုက်မယ်……"
" ဘူးထဖို့ တကူးတက လိုက်အုံးမယ် "
" J ဝင်နေတာလား ကိုယ့်လူ "
" ကျစ်……သွားစမ်းပါ……မင်းက ငါ့သူငယ်ချင်းမို့ သတိပေး
အုံးမယ်……အာ့ဆော်နဲ့မင်းနဲ့ လုံးဝ မလိုက်ဖက်ဘူး……
မင်းလိုဆရာဝန်တစ်ယောက်အနေနဲ့ အပျော်တွဲမယ်
ဆိုရင်တောင် သူ့ထက်သာတဲ့မိန်းမမျိူ း ဖြစ်သင့်တယ် "
မျိူ းသစ်စံသည် ဘာကိုမှ စကားခွန်းတုံ့မပြန်သေးပဲ ရာ
ပြည့်ကားပေါ် အရင်တက်လိုက်သည်။ခါးပက် ကျကျနန
ပတ်ပြီးကာမှ ရာပြည့်ဘက်လှည့်ကာ……
" လူတွေမှာ သူ့အရည်အချင်းနဲ့သူရှိပြီးသား……ထုတ်သုံး
တတ်တဲ့သူက သုံးတတ်သလောက် ထူးချွန်သွားတာပဲ
အပေါ်ယံအမြင်နဲ့ မဆုံးဖြတ်စမ်းပါနဲ့ ရာပြည့်ရာ "
" မွှန်နေပြီ "
" မင်းထင်ချင်သလိုထင်ကွာ……သေချာတယ် မတူဘူး
မတန်ဘူးဆိုတဲ့ကန့်သတ်ချက်တွေက ရှေးဘုရင်လက်
ထက်တွေထဲက မရှိခဲ့ဘူး လူတွေရဲ့စိတ်ကြောင့်ဖြစ်နေ
တာ……ဘုရင်တွေတောင် သူတို့သဘောကျရင် မိဖုရား
မြှောက်သေးတာပဲ……ဒီမှာ ရာပြည့်……ရွေးချယ်မှုအပေါ်
မူတည်တယ်……ဆရာဝန်နဲ့ယူရင် ဆရာဝန်ကတော်
ဖြစ်မှာပဲ……သူတို့ရွေးချယ်မှုပဲ "
" ဒါဖြင့် မင်းရွေးချယ်မှုကျတော့ရော……ပတ်ဝန်းကျင်
လက်ညှိုးထိုးမှာ မကြောက်ဘူးလား "
" ဒါကရှင်းရှင်းလေးပါ……အချိန်တစ်ခုတော့လိုမှာပေါ့…
ငါပြောခဲ့သလိုပဲ သူ့ဆီမှာရှိတဲ့အရည်အချင်းကို
အရောင်တင်ပေးလိုက်ရုံပေါ့ "
ရာပြည့်သည် သူ့အတွေးနှင့် သူဟုတ်နေသော မျိူ းသစ်စံ
အား အင်မတန် စိတ်ပျက်သွားသည်။သူသာ မျိူ းသစ်စံ
နေရာမှာဆို ဒီလိုပြဲစိန်မကို အပျော်တောင်မတွဲပါ။
ကိုယ်နဲ့တန်တယ်လို့ကို မယူဆဘူး။တကယ်ပြောတာ……
💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
အခန်း(3)
-----------
" မုန့်ဟင်းခါးစားရအောင်……ဒီဆိုင်ကောင်းတယ်ပြော
တယ်……ငါ ဆေးခန်းထိုင်တုံးကဆို အာ့နားကအဖွား
တွေ ဝယ် ဝယ်လာတာ ဒီဆိုင်ဖြစ်မယ်……ရပ်စမ်းပါကွ
ဟာ……ဟေ့ ရပ်လေ "
မုန့်ဟင်းခါးသရဲ မျိူ းသစ်စံသည် မုန့်ဟင်းခါးဆိုင်မြင်တာနှင့်
ကောင်းတာ မကောင်းတာ အပထား။စားလိုက်တာပင်။
အခုလဲကြည့်……ဆေးခန်းလာဖွင့်ပါတယ်ဆိုမှ ဗိုက်က
ဆာသတဲ့။သူကိုက မှားတာပါ။ကပ်စေးနဲပြီး air con
မဖွင့်ပဲ မောင်းလာမိတာကိုး။လေထုထဲမှာ မုန့်ဟင်းခါး
အနံ့လေးက နှာခေါင်းထဲ စီးဝင်လာသောအခါ ရာပြည့်လဲ
ဗိုက်ဆာလာသည်။
ဆိုင်ကို ကျော်လွန်းသွားပြီးကာမှ အနောက်ပြန်ဆုပ်ကာ
လမ်းဘေး ထိုးရပ်လိုက်သည်။နှစ်ယောက်သား ကားပေါ်
က ဆင်းလာရင်း ဆိုင်ကို ပြိုင်တူ ကြည့်ပြီး……
" ထိုင်စရာလဲမရှိဘူး……မစားတော့ဘူး "
" အာ……မင်းကလဲ ရောက်ပြီးမှ ……လာစမ်းပါ "
မထားသည် သူ့ဆိုင်ရှေ့သို့ ရောက်လာသော မောင်လူ
ချော နှစ်ယောက်ကို ဟင်းရည်ခတ်ရင်း လှမ်းမြင်လိုက်ပါ
သည်။
" လာ လာ……မောင်လေးတို့……ဒီဘက်မှာထိုင်လို့ရတယ်
မိနွယ်ရေ……ခုံနှစ်ခုံယူလာခဲ့စမ်း "
" လာပါကွာ "
မျိူ းသစ်စံက ရာပြည့်ကို အတင်းဆွဲပြီး ဆိုင်နား ခေါ်လာရ
သည်။
" ဟဲ့ မိနွယ်……မြန်မြန်လာ "
" လာပြီ အမေရေ……"
ဒီအသံကို ရင်းရင်းနှီးနှီးကြားဖူးနေသဖြင့် သူတို့ အသံလာ
ရာဘက်သို့ ဦးတည်ကြည့်နေဖြစ်ကြသည်။မကြာခင်
ခုံနှစ်လုံး တစ်ဖက်စီ ဆွဲလျက်ထွက်လာသော စွာတေးမကို
တွေ့လေရာ ရာပြည့်က နောက်လှည့်ရန် ပြင်တော့သည်။
မျိူ းသစ်စံကတော့ ဒုတိယအကြိမ် တွေ့ဆုံမှုအတွက် အား
ရ ကျေနပ်ကာ သူမ အား မျက်တောင်မခတ်ကြည့်နေမိပါ
သည်။
မိနွယ်ကလဲ ဆိုင်နား ခုံယူလာပြီးကာမှ ရာပြည့်က်ိုမြင်
သွား၍ ခြေလှမ်းတွေ ရပ်ဆိုင်းသွားသည်။
" အော် မြန်မြန်လာပါဆိုမှ "
အမေအော်လိုက်မှ မလှမ်းချင် လှမ်းချင်ဖြင့် သူတို့အနား
လာကာ ခုံကို စောင့်ချလိုက်လျှင် အမေ့လက်သီးစုပ်၏
ဒေါက်ခနဲထုသံကို နဖူးတစ်ဝိုက် ခံစားလိုက်ရတော့သည်။
" အမေ့……"
နှုတ်ခမ်းကို တစ်တောင်လောက်စူထားပြီး မိနွယ် ခြေ
ထောက် ဆောင့်လိုက်သည်။အမေက မိနွယ် ဗိုက်ခေါက်
ကို လာစားသူတွေမသိအောင် အသံတိတ် ဆွဲလိမ်ပြီး
အံကျိတ်သံနှင့် ပြောလာသည်။
" အာ့ဒါ ထမင်းရှင်တွေနော်……ဟင်း ဟင်း "
မိနွယ်သည် အမေ့လက်စာကို ကျိတ်မှိတ်ခံပြီး ရာပြည့်အား
စားမတတ် ဝါးမတတ် အကြည့်တွေပို့ကာ မျက်စောင်းထိုး
ပစ်လိုက်သည်။
" စားမလား ထုတ်မလား မောင်လေးတို့ "
" စားမှာအမ……ငါးဖယ်နဲ့ပဲကြော်နဲ့ တစ်ပွဲ……မင်းရော"
ရာပြည့်က သူ့အမေးကိုမဖြေပဲ ထ ထွက်သွားရန်ပဲပြင်
နေသည်မို့ သူ့မှာ ရာပြည့်ပေါင်ကို အတင်းဖိ ကိုင်ထားရ
သည်။
" နှစ်ပွဲပေး အမ "
" နှစ်ပွဲနော်……"
မထားသည် ပြောလဲပြော ထည့်လဲထည့်နှင့် အလုပ်ရှုပ်
နေသည်။နွယ်က ဟိုတစ်ယောက်မျက်နှာကို မကြည့်ချင်
တာနဲ့ အိမ်ထဲဝင်ပြေးရန် ခြေတစ်လှမ်း လှမ်းစဉ်……
" မိနွယ်……ဟိုမှာ စားပန်ကန်တွေ သွားဆေး "
နွယ်သည် ချက်ချင်းမဆေးသေးပဲ အနောက်ကို လည်လိမ်
ကြည့်ကာ ရာပြည့်အား နှာခေါင်းရံှု့ပြလိုက်သေးသည်။
" လိုတာပြောနော် မောင်လေးတို့……စားရတာ အဆင်
ပြေရဲ့လား "
မထားက အဲ့လိုပဲ။ဝယ်သူ အသစ်ဆို နောက်လာစား
အောင် အပြောလေးချိူ နေတတ်တယ်။အခု လာစားတဲ့
သူတွေဟာ ဘယ်သူတွေမှန်းတော့ မထား မသိပါဘူး။
ကိုယ်ပိုင်ကားနဲ့ မိမိဆိုင်ကို တစ်ခါမှ လာမစားဖူးတော့
မထား မျက်နှာချိူ ရပြီပေါ့။
" ပြေပါတယ် အမ… ဒီနားက ခနခနဖြတ်တယ်……စား
မယ် စားမယ်နဲ့ အခုမှ စားဖြစ်တော့တယ်……အနံ့လေး
ကလည်း ဆွဲဆောင်နေတာနဲ့ ဒီနေ့တော့ ဝင်စားဖြစ်
တာ "
ရောက်တဲ့နေရာမှာ တွေ့တဲ့လူနဲ့ ရောတတ်သော
မျိူ းသစ်စံသည် အခုလည်း မတော်ရသေးတဲ့ ယောက္ခမ
မုန့်ဟင်းခါးကို တစ်ဇွန်းတောင်မစားရသေးပဲ အသားလွတ်
အမွှန်းတင်နေပြန်သည်။
ရာပြည့်မှာဖြင့် အာပြဲစိန်မ မျက်နှာ တွေ့လိုက်ရပြီးထဲက
စားချင်စိတ်တွေ မြောင်းထဲရောက်ကုန်ပြီ။ ဟိုဟာမလေး
ကလဲ သူနဲ့အကြည့်ချင်းဆုံတာနဲ့ မျက်စောင်းချည်း လှိမ့်
ထိုးနေတာ ကမ်ဘာမကြေ ရန်သူတွေ ကျနေတာပဲ။
" နောက်တစ်ပွဲ……ဒီတိုင်းပဲနော် "
သူ စားတဲ့ပုံကိုကြည့်ပြီး ရာပြည့် မျက်လုံးပြူ းနေတယ်။
ကိုယ်တောင် တစ်ဝက်မကျိူ းသေးဘူး။ဒင်းက နောက်တစ်
ပွဲတဲ့။ကြည့်ရတာ တစ်ဆိုင်လုံး ကုန်အောင်စားမယ့်ပုံပဲ။
" ဟိုမောင်လေး ဟင်းရည်ယူအုံးမလား "
" မယူတော့ဘူး "
" အမတို့ဆိုင် ဖွင့်ထားတာကြာပြီလား "
" ကြာပြီ မောင်လေးရဲ့……နှစ်မနဲတော့ဘူး "
" သြော……ကျတော်လဲ ဒီရပ်ကွက်ကို ခြောက်လနီးပါး
လောက် သွားလာဖူးပါတယ်……မတွေ့မိဘူး "
" ဟုတ်တယ်……အရင်က အမဆိုင်က ဒီမှာမဟုတ်ဘူး
လမ်းမတန်းမှာ……နောက်ကျ သိမ်းရဆည်းရတာလဲ
အဆင်မပြေ……သယ်ရပြုရတာလဲ အဆင်မပြေတော့
အိမ်ရှေ့မှာပဲ ဖွင့်လိုက်တာ……နှစ်လ သုံးလ ပဲရှိသေး
တယ် "
" အာ့ဒါမို့နေမယ်……အရင် ဒေါက်တာ ဟံသာစိုးဆေးခန်း
မှာ ကျတော် ခြောက်လလောက် ထိုင်ဖူးတယ်လေ "
မထားသည် ရုတ်တရက် စကား မပြန်နိုင်သေးပဲ ဆရာဝန်
ဟူသော အသိဖြင့် ရင်တုန်လျက်ရှိသည်။ကိုယ့်အတွက်
ရင်တုန်တာ မဟုတ်ဘူး။မိနွယ် အတွက်……
" ဟုတ်လား……"
ချက်ချင်းကြီး ပြောင်းလဲသွားသော အသံကြောင့် နွယ်
တောင် ပန်ကန်ဆေးနေရင်း လှည့်ကြည့်ရသေးသည်။
လှည့်ကြည့်မိစဉ် သူမ ကိုစူးစိုက်ကြည့်နေသော ရာပြည့်
မျက်ဝန်းနှင့် ဆုံသဖြင့် ကိုယ်က ဦးအောင် ဇာတ်ခနဲရှောင်
ဖယ်ပစ်လိုက်သည်။
" အခု အာ့ဆေးခန်းမှာ ဆရာ အသစ်ရောက်နေတယ်
ကြားတယ် "
" ဟုတ်ပါ့ အမေရေ……နောက်ရောက်လာတဲ့ဆရာအသစ်
က အချိူ းကိုမပြေပါဘူး "
မျိူ းသစ်စံသည် ရာပြည့်နှင့် မိတ်ဆက်ပေးရန် နှုတ်ပြင်ပြီး
ကာမှ သူမ အပြောကြောင့် ဘာဆက်ပြောရမှန်း မသိ
ဖြစ်သွားသည်။ရာပြည့်မျက်နှာ ကြည့်မိပြန်တော့လည်း
ဒေါသတွေ မျိူ သိပ်ထားရ၍ နေရထိုင်ရခက်နေတဲ့ ပုံစံနှင့်။
" ဟဲ့ မိနွယ်……"
" ဘယ်လောက်ကျလဲ အမ "
ပေါက်ကွဲတော့မည့် အခြေအနေတစ်ခုကို အပြီးသတ်စေ
ဖို့ မျိူ းသစ်စံ ကြံရတော့သည်။ကျသလောက်ငွေ ရှင်းပြီး
မထားကို နှုတ်ဆက်လျက် အကြီးကြီးတင်းနေသော
ရာပြည့်အား ပခုံးမှ ကိုင်ကာ ဆွဲခေါ်လာရတော့သည်။(next)..............