💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
-------------
" ဒါ ဘယ်လိုဖြစ်တာလဲ "
" မသိဘူးမမရေ……အကိုလေး ဆေးရုံသွားထဲက အပြင်
ကနေ သော့ခတ်သွားတာပဲ "
ကြည့်စမ်း……ပြောတုံးကတော့ ပြောပြီး အခုကျမှ သော့
ခတ်သွားတယ်ပေါ့လေ။ဒါသက်သက် အပြင်ထွက်လို့မရ
အောင် တမင်ညစ်ပြီး လူကို ငှက်တစ်ကောင်လို လှောင်
အိမ်ထဲ ထည့်သွားတာပဲ။
" ကြည့်ရတာ……မမ ဆံပင်သွားညှပ်မှာစိုးလို့ ထင်တယ်"
" အာ့မလေး အံ့သြစရာပဲ……သူဒီလိုသော့ခတ်လည်း
ညှပ်ချင်မှဖြင့် လွယ့်လွယ်လေး "
နွယ်သည် ပြောပြီးမှ ဝါနုတစ်ယောက် ဒီဆံပင်ညှပ်မယ့်
ကိစ္စကို ဘယ်လိုသိပါလဲ တွေးမိသည်။တွေးမိခြင်းနှင့်အတူ
ရုပ်ရှင်မကြည့်ပဲ ထုံးစံအတိုင်း ဒေါ်စပ်စုစိန်လုပ်ပြီး ခိုး
နားထောင်ခဲ့တာဖြစ်မည်ဟု မှတ်ချက်ချမိကာ ဝါနုအား
လှပသော မျက်စောင်းလေးထိုးရင်း……
" သြော် သြော်……ဒေါ်ဝါနု ဒေါ်ဝါနု……တကယ်တော့လေ
နင့်ဝါသာနာအရဆို media တစ်ခုခုမှာ အလုပ်လုပ်သင့်
တာ သိလား "
" ဟားးး မမကတော့လုပ်ပြီ "
အဲ့နေ့က ရာပြည့် ညနေစောင်းမှပြန်လာသည်။တနေကုန်
နွယ်ရော ဝါနုရော စကားလေးပြောလိုက် ရုပ်ရှင်ကြည့်
လိုက်ဖြင့် ဇိမ်ကျလို့နေသည်။ကားသံကြားမှ သူ မှန်းသိ၍
ဝါနုသည် တံခါးဝ ခေါင်းပြူ ကြည့်ကာ ပြောလာသည်။
" မမရေ……တံခါးဖွင့်ပေးမယ့်လူ လာပြီဟေ့ "
သူ လာပြီဆိုတာနဲ့ နွယ်သည် မျက်နှာချင်းဆိုင်ဖို့ဝန်လေး
ကာ ဘာလုပ်ရမှန်းမသိ ဖြစ်၍နေသည်။
" ရေချိူ းပြီး ထမင်းစားမယ် "
ကျောပေးပြီးထိုင်နေသော နွယ့်အနောက်တွင် ခနရပ်
လျက် သူမ ကြားလောက်သော အသံအနေအထားဖြင့်
အမိန့်ပေးပြီး အပေါ်သို့ တက်သွားလေသည်။
" မမ နေ…… ဝါနုပြင်ထားပေးမယ် "
" နေပါစေ……အမဘာသာလုပ်လိုက်မယ်……ဒီလူက
ပြသာနာကိုမီးခွက်ထွန်းပြီးရှာနေတဲ့လူ…"
နွယ်သည် ပြောပြောဆိုဆိုဖြင့် ထမင်းစားခန်းထဲဝင်သွား
ကာ ပြင်စရာရှိတာပြင်သည်။နွေးစရာရှိတာ နွေးသည်။
ခနကြာတော့ ရာပြည့်ဆင်းလာတဲ့ ခြေသံကိုကြား၍ မှောက်ထားသော ထမင်းပန်းကန်ကို လှန်ကာ ထမင်းခူး
ထားပေးသည်။
" ရော့……ဒါ တလစာအသုံးစရိတ်……ကြိုပေးထားတာ "
နွယ်သည် သူ ချထားသော ငွေကို လှမ်းယူပြီး သူ့အနားမှ
ထွက်သွားရန်ပြင်သည်။
" ဒါဘယ်လဲ……ငါစားလို့မပြီးသေးဘူး "
သက်ပြင်းကို မျှင်းချရင်း ခုံအလွတ်တွင် စိတ်မရှည်ဟန်ဖြင့်
ထိုင်ချလိုက်သည်။သူစားနေတာကို နွယ်က မျက်စိတစ်
ဆုံး လိုက်ကြည့်နေရအောင် သူက ကလေးလား။တွေးရင်း
နဲ့ဒေါသထွက်လာကာ ထွက်လာသည့်အတိုင်း နှုတ်ခမ်း
လေး လှုပ်စိလှုပ်စိဖြင့် တိုးတိုးပြောနေမိသည်။
သူကဖြင့် နွယ့်ကို တစ်စက်ကလေးတောင်မကြည့်ပဲ
ထမင်းကို ဇိမ်ခံစားနေသည်။စားလို့ပြီးလျှင် ဘာတစ်ခွန်းမှ
မပြောပဲ ဘေစင်တွင်လက်သွားဆေးကာ အပေါ်တက်
သွားလေသည်။သူ ထွက်သွားတာမြင်မှ ဝါနု အထဲဝင်လာ
ုပြီး နွယ်နှင့်အတူ ဝိုင်းကူပေးသည်။
" မမ ထမင်းစားတော့မလား "
" မဆာသေးပါဘူး……နင်စားရင်စားလေ "
နွယ်သည် နှစ်ရက်သာခြားတော့သည် တနင်္ဂနွေဆိုတဲ့
နေ့စွဲကို ဘယ်လိုဖြတ်သန်းရမလဲ စဉ်းစားနေမိသည်။
စဉ်းစားရင်းဖြင့် သက်ပြင်းအခါခါ ချမိသောအခါ နွယ့်မျက်
နှာကို မျက်တောင်မခတ်ကြည့်နေတတ်သော ဝါနုတောင်
ရောယောင်ပြီး သက်ပြင်းချမိပါသည်။
မမတို့ကိုကြည့်ရတာ ကြည်နူးစရာမကောင်းပဲ စိတ်မော
စရာကောင်းလှသည်။စိတ်ထဲရှိတဲ့အတိုင်း မေးလို့ရပါက
ဝါနုသိလိုတဲ့ အကြောင်းတွေ မေးပစ်လိုက်ချင်သည်။
တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လို့ ယူခဲ့ကြတာ
လား။ဒါမှမဟုတ် မိဘတွေပေးစားလို့ ယူခဲ့ကြတာလား။
မိဘတွေပေးစားလို့ ယူခဲ့တာဆ်ိုရင်လည်း အန်တီကေသီ
က မမကို လိုလိုလားလား ဆက်ဆံရမှာပေါ့။အခုတော့
မြင်တာနဲ့ စောင်းတွယ်ချင်နေတာ မခက်ပေဘူးလား။
ဘယ်ကနေ ဘယ်လို အကြောင်းပါခဲ့ကြတာလဲလို့ ဝါနုရဲ့
ညဏ်သေးသေးလေးနဲ့ တွေးကြည့်သော်လည်း အဖြေမရ
သောအခါ သိမ်းစရာရှိတာသိမ်းရင်း မျက်စိရှေ့က ပျောက်
ကွယ်သွားသော မမပုံရိပ်ကို တွေ့လိုတွေ့ငြား လိုက်ရှာ
လျက် ခေါင်းအသာ ခါမိလိုက်လေတော့သည်။
----------------------------------------------------------------------
" ရော့……"
ရော့ဆိုပြီး ပစ်ပေးလိုက်သော ခေါင်းအုံးနှင့်စောင်ကို နွယ်
နားမလည်စွာနဲ့ ဖမ်းယူလိုက်ပြီး သူ့ကိုစွေကြည့်လိုက်
သည်။
" ဒါက……"
" ငါမင်းနဲ့အတူ မအိပ်နိုင်ဘူး……ဒီတော့ အဆင်ပြေတဲ့
နေရာမှာသွားအိပ်……အခန်းအပြင်မှာ အိပ်ခွင့်မရှိဘူး
ဝါနုမြင်ရင် မကောင်းဘူး……သဘောပေါက်လား "
နွယ်သည် သူပြောသမျှကို ပါးစပ်အဟောင်းသား နား
ထောင်ရင်း ဒေါသအလှိမ့်လိုက်ထွက်လာသည်။ပြုမူဆက်
ဆံပုံက သူနဲ့မတူသလို မတန်သလို အချိူ းမျိူ း။
" ဘာလဲ မကျေနပ်ဘူးလား……မကျေနပ်လဲ လဲသေလိုက်
ဒါ ငါဖန်တီးပုံဖော်ထားတဲ့ ဘဝ မဟုတ်ဘူး……မင်းကိုယ်
တိုင်ရွေးချယ်ထားတဲ့ ဘဝ "
" အဲ့အတွက် ကျမ ဘယ်တော့မှ နောင်တ ရမှာမဟုတ်ဘူး
ရှင်သာ စိတ်ညစ်ခြင်းနဲ့ ဘဝကိုအဆုံးသတ် မသွားပါစေ
နဲ့လို့ ဆုတောင်းပေးတယ် သိလား "
နွယ်သည် သူ့ခုတင်နှင့် အဝေးဆုံးနေရာတွင် ဂွမ်းစောင်
ကို ခင်းလိုက်သည်။ခေါင်းအုံးကို ချသည်။မိမိအိပ်ဖ်ို့ အဆင်
ပြေတော့မှ ဝရံတာဘက် ထွက်လာခဲ့သည်။
မှောင်မိုက်နေတဲ့ကောင်းကင်ကြီးကို အဓိပ္ပါယ်မဲ့စွာ မော့
ကြည့်လိုက်သည်။ကြယ်လေးတွေက မှိတ်တုတ် မှိတ်တုတ်နဲ့ အထီးကျန်နေသော နွယ့်ကို အားကျလေ
အောင် တစ်စုတစ်စည်း ရှိနေကြလေရဲ့။
နွယ်သည် တနင်္ဂနွေ နေ့ကို ဘယ်လိုဖြတ်သန်းရမလဲ တွေး
ရခက်နေသည်။ဒီနေ့တောင် တံခါးသော့ခတ်သွားတာဆို
တော့ မနက်ဖြန်ရော ဒီလိုပဲ လှောင်အိမ်ထဲ ထည့်သွားအုံး
မှာလား။မဖြစ်သေးပါဘူး……ဟိုတယောက်ကလဲ မလာ
ရင် အိမ်ရှေ့ထိ လာခေါ်မယ်တဲ့။
နွယ့်မှာ အိမ်ထောင်ရှိတာ မြတ်နိုးက ဘာလို့မပြောပြခဲ့
တာလဲ။မြတ်နိုး မပြောပြရင်တောင်မှ နော်ခမ်းမူဆီက သူ
သိသင့်မဟုတ်ဘူးလား။
" ဟူးး "
" အာ့မလေး "
နွယ်သည် ကောင်းကင်ကြီးကိုငေးရင်း ထင်ရာတွေးနေစဉ်
သူမဘေးတွင် ရာပြည့်ရောက်နေသည်ကို သတိမထားမိ
ပါ။သူ့ရဲ့ ဟူးဆိုသော လေပူမှုတ်ထုတ်သံကြားမှ မိမိအနား
တွင် လူရှိမှန်းသိကာ ခန္ဓာကိုယ်လေးတွန့်သွားသည်အထိ
လန့်ဖျပ်မိသွားပါသည်။
" ဘာတွေ တွေးနေလို့ အဲ့လောက် အသဲငယ်သွားရတာ
လဲ "
" ဘာမှ မတွေးပါဘူး "
ရာပြည့်က နွယ့်မျက်နှာကို မသိမသာ စောင်းငဲ့ကြည့်ရင်း
တစ်ခုခုပြောရန် ကြံရွယ်ပြီးကာမှ ပြောမထွက်ဟန်ဖြင့်
တံတွေးမျိူ ချပြီး အထဲပြန်ဝင်သွားလေသည်။နားထဲတွင်
" ဆက်ဆက်လာရမယ်နော် ရာပြည့်……မင်းမဟေသီ
လေးပါ ခေါ်ခဲ့……တစ်ယောက်ထဲ လူပျိူ လုပ်မလာနဲ့ "
ဟူသော မြတ်ပန်းစကားကို ကြားယောင်လာပြန်သည်။
အမှန်စင်စစ် ရာပြည့်သည် နွယ်နှင့်အတူ ဘယ်ပွဲကိုမှ
တက်လိုစိတ်မရှိပါ။နှိမ်တာမျိူ းမဟုတ်ပေမယ့် ဒီပွဲတွင်
မျိူ းသစ်စံပါ လာမည်ဖြစ်ရာ ယခင်က နွယ်နဲ့ပက်သတ်ပြီး
ပြောထားခဲ့သမျှကို ဒီကောင် မုချ လှောင်မည်သာဖြစ်၏။
ခေါင်းအကြိမ်ကြိမ်ခါရမ်းရင်း နွယ့်ကို ခေါ်မသွားဖို့ဆုံးဖြတ်
လိုက်ပြီး ခုတင်ထက် မမှိတ်ချင်သည့် မျက်လုံးကိုအတင်း
မှိတ်ကာ အိပ်ပျော်နိုင်ဖို့ကြိုးစားလိုက်သည်။
နွယ်ကရော……ဝရံတာအပြင်ဘက်မှာ ကောင်းကင်ကြီးကို
ငေးမောရင်း ဘယ်သူ့ကိုလွမ်းနေပါလိမ့်။
----------------------------------------------------------------------
" ဘာဖြစ်တယ်……မနက်ဖြန် ဘယ်သွားမှာ "
" မနက်ဖြန်……အမေ့ဆီ……သွားမလို့ "
အဆီအငေါ တည့်အောင် စိတ်ကိုငြိမ်ငြိမ်လေးထားပြီး
ပြောနေသော်လည်း မညာတတ်တဲ့မျက်နှာက သူ့ရှေ့
မထားတတ်လောက်အောင် အိုးမလုံအုံပွင့်ဖြစ်၍နေသည်။
" ဘယ်အချိန်ပြန်လာမှာလဲ……မိုးချူ ပ်မှာလား "
မေးရတာလည်း အကြောင်းရှိတယ်လေ……မြတ်ပန်းတို့
သားလေး ငါးနှစ်ပြည့်မွေးနေ့က ညနေစောင်းမှ သွားရ
မှာဆိုတော့ အပြန်မိုးချူ ပ်နိုင်တယ်။နွယ် ပြန်တာနောက်ကျ
လေ ကောင်းလေပဲ။
နမို့ဆ်ိုမြတ်ပန်းကသံသယမျက်စိနဲ့ကြည့်ပြီးစစ်လားဆေးလား လုပ်နေအုံးမယ်။
" မပြောတတ်ဘူး……"
" မပြောတတ်ရင်လဲ……မင်း အမေအိမ်မှာပဲအိပ်လိုက်
မနက်ဖြန် Night Duty ရှိတယ်……ငါ အိမ်ပြန်မလာဘူး"
တစ်ခါထဲကို ပြတ်ပြတ်သားသား လိမ်ညာပစ်လိုက်မိသည်
နွယ့်ကို ခေါ်မသွားပဲ တမင်ထိန်ချန်ထားတာများ သူမ
သိခဲ့လျှင် စိတ်ကောင်းမှာမဟုတ်။သို့သော် ခေါ်သွားလို့
လည်း လုံးဝမဖြစ်။မျိူ းသစ်စံရဲ့ လှောင်ပြောင်အပြောတွေ
ကို ရာပြည့် မကြားချင်ပါ။
" သြော်……ရှင့်ဘာသာ အပြင်မှာပဲအိပ်အိပ် ဘယ်ကိုပဲ
သွားသွား ကျမနဲ့မှ မဆိုင်တာ… "
" ဘာရယ် "
" သိပ်မသဲကွဲလို့လား……ဒီမှာပဲပြန်အိပ်မယ်ပြောနေတာ
လေ……"
ဒုက္ခပဲ……ဘယ်လိုဟာမလေးမှန်း မသိဘူး။မြတ်ပန်းကို
ညာချင်တိုင်း ညာလို့ရပေမယ့် အောင်ကျော်ဇော်ကတော့
ရမယ် မထင်။ဒီကောင်က နွယ် ပါမလာရင် အတင်းလာ
ခေါ်မယ့်ကောင်။နွယ် မနက်ဖြန်ကို သူ့အမေနဲ့အပြင်သွား
တယ်ဆိုပြီး ခိုင်လုံတဲ့အကြောင်းပြချက် ပေးမလို့ဟာကို
ဒီမိန်းမက ပေကပ်ကပ်နဲ့ ပြန်ရွဲ့နေတယ်။ဘယ်လို လုပ်ရ
ပါ့မလဲ။
ဘယ်လိုလုပ်ရမလဲ တွေးရင်း မနက်ဖြန် ရောက်ခဲ့လေပြီ။
နွယ်ကဖြင့် ရာပြည့်ထံက ခွင့်ပြုချက် ရခဲ့ပြီမို့ စိတ်လက်ပေါ့
ပါးကာ အပြင်သွားရန် ပြင်ဆင်နေသည်။ခက်တာက သူက Night Duty ဝင်ရမှာဆိုတော့ ညနေမှ အပြင်
ထွက်မယ့်ပုံပင်။
နွယ် ပြင်တာဆင်တာကို သူသည် မျက်တောင်မခတ်
ကြည့်ရင်း အပြစ်ရှာဖို့ကြံနေလား မသိပါ။နွယ့်မှာ အလှ
ပြင်ရတာတောင် သိပ်ကျောမလုံချင်တော့။
" မင်း အမေနဲ့သွားမှာရော ဟုတ်ရဲ့လား "
စလာပြီ……သူဆိုသည်မှာလည်း လူကို အပြစ်ရှာဖို့ပဲ
ချောင်းနေတယ်ထင်ပါရဲ့။
" ကိုယ့်စိတ်နဲ့နှိုင်းရင်တော့ ရှင်ထင်သလိုဖြစ်နိုင်တယ် "
" ဘာာာာ "
ဘာရယ်မဟုတ်……အနိုင်လိုစိတ်နဲ့ပြောလိုက်သော
စကားတစ်ခွန်းသည် လိမ်ရန်ကြိုးစားနေသည့် ရာပြည့်
အရှိုက်ကို တိုက်ရိုက်လာမှန်သလို ရှိန်းတိန်းတိန်းဖြစ်
သွားရပြီ။ကိုယ့်အတက်ကိုယ်စူးတယ်ဆိုတာ ဒါမျိူ းလား။
နွယ်သည် ပြင်ဆင်ပြီးသည်နှင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု
အပြည့်ရှိအောင် ကိုယ်လုံးပေါ်မှန်တွင် ကိုယ်ကိုမတ်လျက်
ဘယ်တပြန် ညာတပြန် လှည့်ကြည့်သည်။ဒါကိုပင် ရာ
ပြည့် မျက်စိနောက်နေတာပင်။
နွယ်ကလည်း သူ မျက်စိနောက်အောင် တမင်လုပ်ပြနေ
ခြင်းဖြစ်သည်။မကြာခင် ကားဟွန်းသံကြားလေရာ ဇော်
ရောက်လာမှန်း သိလိုက်၏။တယောက်ထဲမသွားလို၍
မြတ်နိုးနှင့် ဇော့်ကိုပါ စစ်ကူခေါ်ထားရသည်။သွားသာ
သွားရမည်။နွယ့် စိတ်ထဲတွင် ပေါ့ပါးမှုမရှိပဲ လေးလံထိုင်း
မှိုင်းနေသည်။ငြိမ်းချမ်းမောင်နဲ့တွေ့လျှင် သူ ဘာမှဖွင့်ဟ
ဝန်မခံခင် နွယ် အိမ်ထောင်ကျသွားပြီဆိုတာ ဦးအောင်
ပြောရမည်။
ထိုစိတ်ကူးတွေကို ကျကျနန အစီအစဉ်ဆွဲလျက် နွယ်တစ်
ယောက် ဇော်တို့နှင့်အတူ ငြိမ်းချမ်းမောင်ရဲ့ ပန်းချီပြခန်း
သို့ ရောက်ခဲ့လေပြီ။
" အို……နွယ်လာတယ်နော်……ဝမ်းသာလိုက်တာဗျာ……
လာမှလာပါ့မလား တွေးပူနေတာ……တညလုံးကောင်း
ကောင်း အိပ်မရဘူး "
သူသည် နွယ့်ကိုမြင်သည်နှင့် ဝမ်းသာအားရဆီးကြိုကာ
သူ ဆုရခဲ့သည့် နွယ့်ပုံတူပန်းချီကားကို လိုက်ပြလေသည်။
ဇော်ရော မြတ်နိုးပါ ပန်းချီကားကို ကြည့်ပြီး လက်ဖျားခါရ
သည်။တကယ်ပင်တူပါ၏။တူသည့်အပြင် နွယ့်ရဲ့မျက်ဝန်း
တွင် စိတ်ဆင်းရဲမှုကြောင့် အရင်းတည်လာသည့် ညှိုး
ငယ်သောမျက်ဝန်းတစ်စုံကို ပန်းချီဆရာက အသက်ဝင်
အောင် ပုံဖော်ထားသည်မှာ လက်ရာမြောက်လှပေသည်။
" ဘယ်လိုလဲ နွယ်……ကိုယ့်ရဲ့ပုံတူပန်းချီကားကို သဘော
ကျရဲ့လား……ဒါတောင် နှလုံးသားက စွဲ……"
" တခြား ပန်းချီကားတွေကရော……"
နွယ်သည် ဆက်ပြောလာမည့် စကားလုံးတွေကို နား
ထောင်လိုစိတ် အလျဉ်းမရှိသောကြောင့် ခပ်မြန်မြန်စကား
လွှဲပစ်လိုက်သည်။ဒါကိုသိသော ငြိမ်းချမ်းမောင်က သူ၏
ထူထဲသော နှုတ်ခမ်းတစ်စုံ ကွေးညွတ်သွားသည်အထိ ပြုံး
ကာ နွယ့်ကို ချစ်ရည်ရွှမ်းသော မျက်ဝန်းစုံဖြင့် တွေတွေ
လေး စိုက်ကြည့်နေ၏။
ဇော်နှင့် မြတ်နိုးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်
ကာ လက်တို့နေကြသည်။နွယ်ဟာ အိမ်ထောင်သည်
တစ်ယောက်ဆိုတာ နော်ခမ်းမူ ပြောမပြထားဘူးလား။
မြတ်နိုးက အားနာပြီး ပြောမထွက်ရင်တောင် သူ့ညီမက
ပြောပြသင့်တယ် မဟုတ်လား။
" တစ်ခုခုစားပြီးမှ နွယ့်ကိုပြန်ခွင့်ပေးနိုင်မယ် "
" ဟို……နောက်နေ့မှစားတော့မယ်……သွားစရာရှိသေး
လို့ပါ "
" မရဘူး နွယ်ရဲ့……ကိုယ်ကျွေးတာကို နဲနဲဖြစ်ဖြစ်စား
သွား……မစားသွားဘူးဆို အကြွေးတင်နေလိမ့်မယ်……
အကြွေးဆို အတိုးပါ ပါလာရင်……နွယ်နဲ့ကိုယ်နောက်
ထပ် နောက်ထပ်တွေ တွေ့ရလိမ့်မယ် "
" ရှင် "
နွယ်သည် စကားပြောတာ လက်ပေါက်ကပ်သော သူ့ကို
စိတ်ပျက်ဖွယ်အကြည့်ဖြင့် ကြည့်ပြီး သက်မောချမိသလို
ဇော်နှင့် မြတ်နိုးသည်လည်း သူတို့ဝင်ပါမှဖြစ်တော့မည်ဟု
ဆုံးဖြတ်လျက် တစ်ခုခုပြောရန် ပါးစပ်ပြင်နေဆဲ သူက နွယ့်လက်ကို အတင်းဆွဲကာ သူပြင်ဆင်ထားသည့် အခန်း
သို့ ခေါ်သွားလေသည်။
နွယ့်အတွက်ဟူသော ခေါင်းစဉ်အောက်ကနေ ကျကျနန
ပြင်ဆင်ထားသည့် နေ့ခင်းစာ ထမင်းစားပွဲလေးသည်
နွယ်တို့သုံးယောက်အား သားရေကျအောင် ဆွဲဆောင်
လျက်ရှိသည်။သူသည် နွယ့်ကို သူနှင့်ဘေးချင်းယှဉ်ထိုင်
စေပြီး မြတ်နိုးတို့ကိုတော့ ခုံအလွတ်တွက်ထိုင်ရန် ပြော
လိုက်ပါသည်။
" အဝစားနော် နွယ်……နွယ်ကြိုက်မယ်ထင်တာလေးတွေ
ရွေးမှာထားတယ် "
ပြောလည်းပြော နွယ့်ပန်းကန်ထဲ ဟင်းမျိူ းစုံထည့်ပေးရင်း
ဧည့်ဝတ်ကျေနေတာများ ဇော်တောင် မြင်ပြင်းကတ်လာ
သည်။နွယ်သည် သူ ထည့်ပေးသော ဟင်းတွေနှင့်အတူ
ထမင်းတစ်လုပ်ကို ရေနှင့် မနဲမျိူ ချရသည်။စားနေစဉ်အ
တွင်း သူ့ရဲ့ ရဲတင်းသောအကြည့်တို့ဖြင့် ခနခနဆုံလေရာ
မျက်နှာ မထားတတ်လောက်အောင် ဖြစ်ရပါသည်။
ဇော်သည် မြတ်နိုးရဲ့ပေါင်ကို အသာကုတ်ရင်း ပြောတော့
ဟု မျက်လုံးဖြင့် အချက်ပြလိုက်လေရာ မြတ်နိုးသည်
ချောင်းတစ်ချက် ဟတ်ရင်း လည်ချောင်းအရင်ရှင်းလိုက်
သေးသည်။ပြီးမှ……
" မမခမ်းမူ ရောနေကောင်းရဲ့လား ကိုကြီး……အိမ်လာ
လည်ပါအုံးလို့ "
" ကောင်းပါတယ်……သူက ဆေးရုံနဲ့အိမ် အလုပ်ရှုပ်နေ
တာ "
" အော်……မမခမ်းမူနဲ့ ဟို……မမခြူ းသက်နွယ် မင်္ဂလာ
ဆောင်တုံးကပဲ နောက်ဆုံးတွေ့လိုက်ရတယ်……အဲ့တုံး
က လူတွေများနေတော့ စကားကောင်းကောင်း မပြော
လိုက်ရဘူး "
နွယ်သည် အခုမှ အသက်ရှုချောင်သွားသလို စိတ်သက်
သာရာ ရသွားကာ သက်ပြင်းချမိပါသည်။မြတ်နိုးကတော့
စကားဆုံးသည်နှင့် ငြိမ်းချမ်းမောင်ကို အားနာသွားကာ
ထမင်းငုံ့စားနေသည်။
" အင်း……နွယ် မင်္ဂလာဆောင်တဲ့နေ့က……ကိုယ်တနေ
ကုန်မူးနေတာလေ "
သုံးယောက်သား ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
နွယ် လူလွတ်မဟုတ်ဘူးဆိုတာ သူ သိနေခဲ့တယ်ပေါ့။ဒါ
နဲ့များ………။
ငြိမ်းချမ်းမောင်သည် တဒင်္ဂအတွင်းဖြစ်ပျက်သွားသော
သူတို့အမူအယာတွေကိုကြည့်ပြီး သွားတတ်များပေါ်တဲ့
အထိ ပြုံးမိသည်။တလက်စထဲ ပန်ပန်နှင့် လက်ဝါးချင်း
ရိုက်ထားသော စကားလုံးများ ကြားယောင်လာပြန်သည်။
" ယောကျာ်းဖြစ်ပြီး အားမလျှော့စမ်းပါနဲ့ရှင်……ဒီမှာ
သူတို့က တယောက်နဲ့တယောက် ချစ်လို့ယူခဲ့ကြတာ
မဟုတ်ဘူး……သူတို့မှာ အချစ်တွေခမ်းသလောက်ဖြစ်
နေပြီ……လိုနေတဲ့ကွက်လပ်လေးမှာ ကျမ တို့ကအလိုက်
သင့် ဖြည့်ပေးလိုက်ရုံပဲ……ကလေးများလိုပေါ့.. ခုချိန်မှာ
သာတဲ့ဘက် ချိန်ခွင်က လိုက်မှာပဲ……ကျမ ပြောတာရှင်
သဘောပေါက်တယ်ဆို ဆက်ကြိုးစားပေါ့……ကျမက
တော့ အကို့ကိုပြန်ယူဖို့ ကြိုးစားသွားမှာပဲ "
ဟုတ်တယ်……ပန်ပန်ပြောခဲ့သလိုပဲ အခုချိန်မှာ နွယ်လို
အပ်တာလေးတွေ ဖြည့်ဆည်းပေးရင်း လစ်ဟာနေတဲ့
ကွက်လပ်လေးကို သူ ဖြည့်ပေးရမယ်။နွယ့်ကို သူ အဆုံး
ရံှုးမခံနိုင်ဘူး။
" နွယ် စားလေ……ထည့်စားပါ နွယ်ရဲ့ "
" ဗိုက်ပြည့်သွားပြီ……ကျေးဇူးပါ……ဒီနေ့အတွက်..……"
မိမိသည် လူလွတ်တယောက်မဟုတ်မှန်း သိပါရဲ့နဲ့ ဇွတ်
တိုးနေသော သူ့ကို နွယ် နားမလည်ပေးနိုင်ပါ။အရင်က
သူ မသိလို့ အခုလိုတွေ လုပ်နေပါလားဆိုပြီး ကိုယ်ချင်းစာ
စိတ်နဲ့ ခွင့်လွှတ်ပေးလို့ရပေမယ့် အခု နွယ် လက်ခံပေး
လို့မရပါ။နွယ် ပြတ်ပြတ်သားသား ငြင်းဆန်ရတော့မည်
ဆိုတာ သဘောပေါက်လာသည်။ထို့ကြောင့် ကနဦးက
ထက် လေသံကိုမာပြီး ထပြန်ရန်လုပ်လျှင် မြတ်နိုးနှင့်ဇော်
ကပါ အတူတကွ လိုက်ထကြသည်။
" နေပါအုံးနွယ်ရဲ့……ကိုယ်ပေးမယ့် လက်ဆောင်လေး
တော့ ယူသွားပါနော်……"
" ကျမ ပြောခဲ့ပြီးပြီပဲ……ရှင့်အောင်မြင်မှုက ရှင်နဲ့ပဲဆိုင်ပါ
တယ်……ကျမနဲ့မဆိုင်ပါဘူး ခွင့်ပြုပါအုံး "
နွယ် ရှေ့တစ်လှမ်း လှမ်းခွင့်မသာအောင် သူ ပိတ်ရပ်
ထားသည်။အားနာလို့ သိမ်းဆည်းဖုံးကွယ်ထားမိသည့်
အစွယ်လေးတွေ ထွက်ချင်လာသည်။နွယ် လူတိုင်းအပေါ်
သည်းခံစိတ်မမွေးတတ်သေးပါ။နွယ့်က်ိုဘယ်လိုမိန်းခလေး
ထင်နေတာလဲ ကိုငြိမ်းချမ်းမောင်။
ကျမ အပေါစားမိန်းမ တစ်ယောက်မဟုတ်ဘူး။ခင်ပွန်းရှိ
ရဲ့နဲ့ နောက်လူနဲ့သာယာတတ်တဲ့ တန်ဖိုးမဲ့မိန်းမတွေထဲ
ကျမ မပါဘူး။
နွယ့်အကြည့်သည် စူးရှလှသည်။နှုတ်ခမ်းတစ်စုံသည်
စေ့ထားသော်လည်း တုံရီနေသည်။မျက်နှာထားဟာ
တမင် တင်းမာထားရသောကြောင့် ပါးနှစ်ဖက် ရဲရဲနီနေ
သည်။အသက်ကို ပုံမှန်ရှုရင်း လမ်းဖယ်ပေးရန် တစ်ခွန်း
ချင်းပြောလိုက်သည်။
" လမ်း ဖယ် ပေး ပါ "
" ကိုယ့်မှာပြောစရာတွေ ရှိသေးတယ် "
ငြိမ်းချမ်းမောင်သည် ပြောစရာတွေ ရှိသေးတယ်ဟူသော
စကားကို နှုတ်ဖျားက ထွက်နေစဉ် ဇော်နှင့်မြတ်နိုးဆီ
အကြည့်ကရောက်လိုက်သေးသည်။ဆိုလိုတာက သူ့
အတွက် ထိုနှစ်ယောက်ဟာ ခလုတ်ကသင်းဖြစ်နေတယ်
လို့ အကြည့်ဖြင့် သတိပေးလိုက်သည့်နှယ်။
" ကျမ မှာအချိန်မရှိဘူး…… ကျမ ခင်ပွန်းအတွက်……"
" တော်စမ်းပါ နွယ်ရာ…… အဆင်မပြေတဲ့အိမ်ထောင်ရေး
ကို ဘာအတွက် အသက်ဆက်ချင်နေတာလဲ "
"…………… "
" ကိုယ်မသိဘူးများထင်နေလား……ဒီနွံထဲက ကိုယ်မင်း
ကို ကယ်နေတာနွယ်……မင်း မပျော်ပါဘူး…… မညာ
ပါနဲ့ "
" ကိုငြိမ်းချမ်းမောင်……ရှင်မှားနေပြီ……သေချာတာတခုက
ဒါကျမ ရွေးချယ်ထားတဲ့ ဘဝတစ်ခု……ဘာအတွက်နဲ့မှ
အပျက်စီးမခံသလို ဘယ်သောအခါမှလည်း နောင်တရ
မှာ မဟုတ်ဘူး……ဖယ်ပါ "
ရိုးရိုးပြောလို့မရသော သူ့ကို နွယ်က လေသံမာမာနှင့်ပြန်
ပြောပြီး သူ့ပခုံးကို တိုက်လျက် ထွက်လာခဲ့ပါသည်။သူနှင့်
အလှမ်းဝေးသော နေရာအရောက်တွင်တော့……
" မင်းကသာ အပျက်စီးမခံတာ……သူကတော့ ဖျက်ဆီး
ဖို့ကြိုးစားနေတယ်……မယုံဘူးဆို ဒီည ကိုးနာရီ ငါမင်း
ကို လာခေါ်မယ်……မင်းရဲ့ချစ်လှစွာသော ခင်ပွန်းက
မင်းမဟုတ်တဲ့ တခြားမိန်းမတယောက်နဲ့ ပွဲတက်နေတဲ့
မြင်ကွင်းကို မင်းကြည့်ရဲရင်ပေါ့ ဟားးးး "
စကားအဆုံးတွင် ယိုင်နဲ့သွားသော မိမိခြေလှမ်းကို မာန
ဖြင့် ကြိုးစား၍ လဲမကျသွားအောင် ကိုယ်ကို မတ်ထား
လိုက်သည်။မြတ်နိုးက နွယ့်လက်မောင်းလေးကိုကိုင်ရင်း
ကြင်နာသနားသော အကြည့်ဖြင့် ကြည့်သည်။စိတ်တို
လွယ်သော ဇော်က ဘယ်သူ့ကိုပြသာနာရှာရမလဲ တွေး
ကာ အသက်ရှုကျပ်လာဟန်ဖြင့် လက်သီးနှစ်ဖက် ကျစ်
ကျစ် ဆုပ်ကိုင်ထားသည်။
နွယ်တို့နောက်ပါးတွင် ငြိမ်းချမ်းမောင်ရဲ့ အခြောက်တိုက်
ရယ်သံတွေ တုန်လှုပ် ခြောက်ခြားဖွယ် ကပ်ပါလာလေ
တော့သည်။
ရက်စက်လိုက်တာ ကိုကိုရယ်…………(next)...