book

Index 21

အခန်း(21)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔

------------


" ကျတော် နွယ့်ကိုရှာနေတာကြာပြီ……မြတ်နိုး မပြောပြ

ဘူးလား "


" ရှင် "


နွယ်သည် ထိုလူကို မျက်လုံးအဝိုင်းသားဖြင့် မျက်တောင်

ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ငေးစိုက်ကြည့်နေမိ၏။သူက

ပြုံးပြုံးလေးနှင့် ခေါင်းတဆတ်ဆတ်ငြိတ်ကာ ဆက်ပြော

လာသည်။


" ဟုတ်သားပဲ……ကျတော့်ကို နွယ် ဘယ်သိပါ့မလဲ……"


ယောင်ရမ်းပြီး သူ့အပြောကို ထောက်ခံသည့်အလား နွယ်

ခေါင်းညိတ်မိပြန်သည်။


" ကျတော့် နာမည် ငြိမ်းချမ်းမောင်ပါ……နော်ခမ်းမူရဲ့အကို

ဆို ပိုသိမယ်ထင်တယ် "


" သြော်……"


အခုမှ ဇာတ်ရည်လယ်သွားဟန်ဖြင့် မျက်လုံးလေးပင့်ပြီး

ခေါင်းအသာ ညိတ်ပြသည်။တစ်ခါမှ မဆုံဖူးသောလူက

နွယ့်ကို သိနေ၍ အံ့သြစိတ်တို့သည် ပျောက်ကွယ်မသွား

ပဲ သိချင်စိတ်အဖြစ်ပြောင်းကာ သူဆက်ပြောလာမည့်

စကားကို နားထောင်နေချင်မိပါသည်။


" မြတ်နိုးဆီ လွန်ခဲ့တဲ့ လအနဲငယ်လောက်က နွယ်လာ

တယ်လေ……အဲ့တုံးက နွယ်က ကျတော့်ကိုမမြင်ပေ

မယ့် ကျတော်ကတော့ နွယ့်ကိုအမှတ်တမဲ့မြင်လိုက်ရ

တယ်……ကာယကံရှင်ရဲ့ ခွင့်ပြုချက်မတောင်းပဲ ကျတော့်

အာရုံထဲ စွဲနေတဲ့ပုံရိပ်ကို ပန်းချီအဖြစ်အသက်သွင်းခဲ့မိ

လို့ အရင်ဆုံး ကျတော် နွယ့်က်ိုတောင်းပန်ပါရစေ……"


" ရှင် "


တယောက်နဲ့တယောက် အချိန်ကြာအောင် မျက်လုံးချင်း

ဆုံနေမိကြသည်။နွယ့်အကြည့်က အံ့သြစိတ်တို့ဖြင့် မယုံ

နိုင်အောင် ကြည့်တဲ့အကြည့်ဖြစ်ပြီး သူ့အကြည့်ကတော့

မြတ်နိုးစိတ်ကိုအရင်းခံပြီး အချစ်စိမ့်ဝင်နေသော မေတ္တာ

အကြည့်ပင် ဖြစ်လေ၏။


" ဟယ် ကိုကြီး……"


မမ လှမ်းအသံပေးသောဧည့်သည်ကို မေမေနှင့်ပက်သတ်

တဲ့လူထင်၍ အေးအေးဆေးဆေး ကော်ဖီဖျော်နေမိသော

မြတ်နိုးသည် အပြင်ထွက်လာမှ မျက်လုံးအပြူ းသားဖြစ်ရ

တော့သည်။


" ဘယ်ကနေ ဘယ်လို……"


" ဒီဘက်ရောက်တာနဲ့ ခနဝင်လာတာ……ကိုယ်ကံ

ကောင်းတယ်……နွယ်နဲ့တွေ့ခွင့်ရလိုက်တယ် "


သူ့အပြောကြောင့် နွယ့်မှာ မြတ်နိုးရှေ့ မျက်နှာမထား

တတ်အောင် ထူပူသွားသည်။ပြောတဲ့လူကဖြင့် ဘာမှ

ဖြစ်ခြင်းမရှိ အေးအေးသာသာ ပြုံးပြုံးလေးနှင့် နွယ့်ကို

ကြည့်လျက် ပြောသွားတာဖြစ်သည်။


" ဟို ကော်……ကော်ဖီသောက်…သွားအုံး "


" တော်ပြီ မသောက်တော့ဘူး……ဒီအချိန်မှာ ဘာမှမစား

လဲ ဗိုက်ကသူ့အလိုလိုပြည့်နေတော့တာ "


သူ့စကား သူသဘောကျဟန်ဖြင့် သွားတက်ကလေးပေါ်

သည်အထိ ပြုံးလိုက်သေးသည်။နွယ်နှင့် မြတ်နိုးသည်

တယောက်မျက်နှာတယောက်ကြည့်ပြီး မေးခွန်းကိုယ်စီ

ထုတ်နေကြသည်။ရှိုးတို့ရှန်းတန်းဖြစ်နေသော အခြေအနေ

တစ်ခုကို စတင်ဖြိုခွဲဖို့ မြတ်နိုး စကားရှာရတော့သည်။


" ကိုကြီးက အရမ်းပြောတတ်တာပဲ……အဲ့မို့ မိန်းခလေး

တွေ ဝိုင်းနေတာဖြစ်မယ် "


" ဟားးး မြတ်နိုးကတော့ အကို့ကိုဆေးထိုးပြီ..…ဘယ်

လောက်ပဲဝိုင်းဝိုင်းပါ ကိုယ်ချစ်နေတဲ့လူက ကိုယ်ချစ်နေ

မှန်းမသိတဲ့ ဘဝကဆိုးတယ်ကွ "


နွယ်သည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်ပြီး……


" အခုမှ သတိရတယ်……အမ သွားစရာရှိသေးလို့……

နောက်မှလာမယ်နော် "


" ဟုတ် ဟုတ် မမ "


မမ ဘာလို့ထွက်ပြေးလဲ မြတ်နိုးသိသဖြင့် မိမိကိုယ်တိုင်

တံခါးဖွင့်ပေးသည့်အလား လောကွတ်ချောမနေတော့ပဲ

ခေါင်းညိတ်ပေးလိုက်ပါသည်။


" ခနလေးပါ နွယ်……"


ပြန်ဖို့ပြင်နေသော ခြေလှမ်းတို့သည် တစ်ဖက်လူ၏ တောင်းပန်တိုလျှိူ းသော အသံကြောင့် ဆက်လှမ်းဖို့

ဝန်လေးသွားရပြီ။


" ကျတော်လေ……"


နွယ်သည် တံတွေးကို မသိမသာ မျိူ ချရင်း အသက်ပုံမှန်

ရှုနေရသည်။


" နွယ့်ဆီက ခွင့်ပြုချက်မယူပဲ နွယ့်ပုံနဲ့ ပန်းချီပြိုင်ပွဲဝင်ခဲ့မိ

တယ်……စိတ်ထဲစွဲနေတော့ ပန်းချီက အသက်ဝင်သွား

တယ်……ကျတော် အထူးဆုရခဲ့တယ်နွယ်……နွယ့်

ကြောင့် အခုဆို ကျတော်ဖြစ်ချင်တဲ့ ပန်းချီဆရာ

တယောက် ဖြစ်ခွင့်ရခဲ့တယ်……ဒီ့အတွက် နွယ့်ကို

တောင်းပန်ရင်း ကျေးဇူးတင်စကားပြောရင်း……ဘယ်သူ့

ကိုမှ မပေးရက်ခဲ့တဲ့ ပုံတူပန်းချီကားလေးကို နွယ့်ကို

လက်ဆောင်ပေးချင်လို့ပါ "


" အို……မဟုတ်တာပဲရှင်……ကိုငြိမ်းချမ်းမောင်ပဲ သိမ်း

ထားပါ……ဘဝအတွက် မှတ်တိုင်တစ်ခုလိုပေါ့……

နောက်ပြီး နွယ့်ကိုတောင်းပန်စရာလဲမလိုပါဘူး……

ကျေးဇူးတင်စရာလဲမလိုပါဘူး……ဒါတွေအားလုံးက

ကိုငြိမ်းချမ်းမောင်ရဲ့ ပါရမီ ကြိုးစားမှုကြောင့်ဖြစ်လာတာ

ပါ "


နွယ်သည် ပြတ်နိုင်သလောက် စကားကိုအပြတ်ဖြတ်၏။


" ဘဝရဲ့မှတ်တိုင်တစ်ခုဆိုရင်တောင် အဲ့မှတ်တိုင်လေး

စိုက်ထူနိုင်ဖို့ အလင်းပြခဲ့တာ နွယ်ပါ……"


" ရှင် "


မြတ်နိုးသည် ကြက်သေ သေနေသော မျက်နှာလေးဖြင့်

မမ ကိုမော့ကြည့်မိသည်။တကယ်ဆို မြတ်နိုးသည်

ဘာမှကိုမငဲ့ပဲ ကိုကြီးတယောက် မမကိုလာမေးထဲက

မမ အိမ်ထောင်ကျသွားပြီဆိုတာ ပြောပြသင့်ခဲ့သည်။


အခုတော့……ဘယ်က စပြောရမလဲ မသိအောင် နှုတ်

လေးနေခဲ့ပြီ။


" ဟုတ်တယ်နွယ်ရဲ့……ကျတော့် ကမ်းလှမ်းမှုကို နွယ်

လက်ခံစေချင်တယ်……ဖြစ်နိုင်ရင် လာမယ့် Sunday

ကျတော့် ပန်းချီပြပွဲကို နွယ် လာစေချင်တယ်……"


" ဟို ဟိုလေ……"


" မငြင်းပါနဲ့နွယ်……နွယ် မလာရင် ကျတော်ကိုယ်တ်ိုင်

လာခေါ်ရပါလိမ့်မယ် "


နွယ်သည် စိတ်အိုက်စွာဖြင့် လာခဲ့ပါမယ်ဟု ကတိပေးပြီး

မြတ်နိုးအိမ်မှ စိတ်မသက်သာစွာ ပြန်လာခဲ့ပါတော့သည်။


ဘယ်လိုကံတရားပါလဲ……


" ဒါ ဘယ်ကပြန်လာတာလဲ "


ရောက်ရောက်ချင်းဆိုသလို နွယ့်လက်မောင်းကို တင်း

တင်းကျပ်ကျပ် ဆုပ်ကိုင်လျက် သူ့ဘက်သို့လှည့်စေကာ

လေသံမာမာဖြင့် ပြောလိုက်သည်။


" ဘယ်ကပြန်လာတယ်ထင်လဲ……ရှင်ထင်တဲ့အတိုင်းပဲ "


အဲ့အပြောတွေ သူ မုန်းတာဖြစ်သည်။စကားဆယ်ခွန်း

ပြောရင် ကိုးခွန်းလောက်က ဖျက်ရိုက်ချင်စရာကောင်း

လောက်အောင် နားမခံသာသည့်စကားလုံးတွေ ဖြစ်နေ

တတ်သည်။


" နေ့ခင်း ပြန်လာတယ် မင်းမရှိဘူး……ဝါနုကိုလဲ ပြော

မသွားဘူး……ညနေ ငါပြန်ရောက်နေပြီ……မင်းပြန်

မလာသေးဘူး……မင်း အခုပြန်လာတဲ့အချိန်ကိုကြည့် "


" အဲ့တော့……"


" ဘာာ!! အဲ့တော့ဟုတ်လား……မင်းကငါ့မိန်းမနော်……

လူသိရှင်ကြား လက်ထပ်ယူထားတဲ့ ငါ့တရားဝင်ဇနီး

အခုလို ဘယ်သွားမှန်းမသိ အချိန်မဟုတ်မှပြန်လာ

ဒါ မင်းငါ့ကိုစော်ကားနေတာနဲ့အတူတူပဲ "


ကိစ္စသေးသေးလေးကို အကြီးကြီးပုံချဲ့လျက် ချဲ့ကားအပြစ်

ရှာနေသော သူ့ကို နွယ် မျက်လုံးထောင့်ကပ်ပြီးကြည့်ကာ

မဲ့ပြုံးပြုံးရင်း……


" ကျေနပ်ပါတယ်……ကျမ ကို ရှင့်ဇနီးရယ်လို့မြင်ပေးတဲ့

အတွက်……"


" ခြူ းသက်နွယ်……မင်းငါ့ကိုမရွဲ့နဲ့……ငါမင်းထက်ပိုရွဲ့

တတ်တယ် "


" အို……ကောင်းတာပေါ့ ကောင်းတာပေါ့……တယောက်

ထဲအရွဲ့တိုက်ရတာပျင်းစရာကြီးလေ "


" မင်း……မင်း "


လက်ညှိုးကို နွယ့်မျက်စိရှေ့ နီးသထက်နီးအောင် ထိုးရင်း

ပြောလျှင် နွယ်က ဘာမထီအကြည့်ဖြင့် သူ့ကိုစူးစိုက်ပြန်

ကြည့်ရင်း ပြောလေဟူသော သဘောနှင့် မေးဆတ်ပြ

လေတော့သည်။


ဖြစ်နိုင်ရင် နွယ့်ကို သူ ပိုးစိုးပက်စက် အနိုင်ယူပစ်လိုက်

ချင်သည်။သို့သော် သူ့ရဲ့မသိစိတ်ထဲတွင် သူတောင်မသိ

ပဲ နွယ်ဦးထားတဲ့ နေရာလေးရှိနေသေးသည်။ထိုစိတ်

ကြောင့်ပဲ သူ လျှောခဲ့ရပေါင်းများပြီ။ရန်မဖြစ်ချင်ဘူးဟု

အကြောင်းပြချက် လှလှပေးကာ သူရှောင်ထွက်ခဲ့ရတာ

လည်း မနည်းတော့ပြီ။မသိမသာ အလျှော့ပေးလာလို့

လားမသိ နွယ်က သိသိသာသာ အနိုင်ယူလာသည်။


" တစ်ခါထဲအပြတ်ပြောမယ်……အပြင်ထွက် အလုပ်လုပ်

မယ့်အစီအစဉ်ဖြတ်……မင်းကငါ့ဇနီးဖြစ်နေသရွေ့ ဘယ်

အလုပ်မှ လုပ်ခွင့်မရှိဘူး……အဲ့ဒါ မင်းကိုမလုပ်စေချင်လို့

မဟုတ်ဘူး……ငါ့သိက္ခာအတွက် "


" သိက္ခာအတွက်………ဟားးးးး……ရှင့်နာမည်ကိုပါ ပြောင်း

ပေးရမယ် ဦးသိက္ခာလို့ "


" တိတ်စမ်း……မဆိုင်တာတွေ လာလှောင်မနေနဲ့……

ဘာလဲ မင်းအမေက ငါ့ကိုအပိုင်ကြံ မင်းလက်ထဲထည့်

ပြီးရင် ကြိုက်သလိုနေလို့ မှာထားလို့လား "


" ဒီမှာ……ထစ်ခနဲရှိ ဒါနဲ့ပဲကိုင်ပေါက်နေတော့မှာလား "


ဒီလိုကျပြန်တော့လည်း သူ ဆက်ချေပစရာ စကားလုံးရှား

သွားပြန်သည်။ဟုတ်တယ်လေ……သူမ ကိုမနိုင်တိုင်း ဒါ

နဲ့ပဲ ကိုင်ပေါက်နေမိတာကိုး။


" ထပ်ပြောမယ်……မင်း သိပ်အလုပ်လုပ်ချင်ရင် အိမ်မှာ

လုပ်……ဝါနု ထက်လစာပိုပေးမယ် Ok "


" ဘာာာရှင့် "


" နားလေးနေလား……မင်းကို ပိုထူးတဲ့ငါ့အတွက် သီးသန့်

အိမ်အကူရာထူးပေးတာလေ "


" ရှင်……"


" ရှင်တွေ ဘာတွေလုပ်မနေနဲ့……တလ သုံးသိန်းရမယ်

ငါမင်းကိုတောင်းဆိုနေတာမဟုတ်ဘူး……အမိန့်ပေးနေ

တာ……မင်းကငါ့မိန်းမ……ထားရာနေ စေရာသွားပဲ……

အထွန့်မတတ်နဲ့……ဒီနေ့ကစပြီး ဘယ်သွားမယ် ဘာ

လုပ်မယ်ဆိုတာ ငါ့ကိုပြော……ငါကသွားဆို သွားခွင့်ရှိ

မယ်……သဘောပေါက်သလား "


သူသည် လက်ကိုပိုက်လျက် ခံပြင်းနေသူ နွယ့်မျက်နှာ

လေးကို အရသာခံကြည့်ရင်း အေးအေးဆေးဆေးပြော

ပြနေသည်။သဘောပေါက်လား ဟူသောအဆုံးသတ်

စကားတွင် ပိုက်ထားသော လက်ကိုဖြည်ချလျက် နွယ့်

နားထင်ကို လက်ညှိုးဖြင့် ဖိထိုးကာ ပြောလိုက်လှျှင် နွယ်

သည် အံတင်းတင်းကျိတ်လျက် " ပေါက်တယ် " လို့

အော်ပြောကာ အဝတ်လဲခန်း ဝင်သွားတော့သည်။


ဒီတစ်ခါတော့ သူ ဟန်မဆောင်နိုင်တော့ပါ။အားပါးတရ

ခေါင်းကိုမော့ကာ တဟားဟားရယ်နေမိသည်သာ။


----------------------------------------------------------------------


ရေချိူ းခန်းထဲမှ ထွက်လာသော နွယ့်ကို သူမ မသိအောင်

မခို့တရို့ငေးကာ စာဖတ်ချင်ယောင်ဆောင်နေလိုက်သည်။

သူ ကြည့်နေမှန်းသိသော နွယ်က အဝတ်လဲခန်းဝင်ပြီး

ညဝတ်အထည်လဲပြီးမှ ပြန်ထွက်လာပါသည်။ပြီးမှ အိမ်

က သယ်လာသည့် ကျောက်ပြင်ကို ထုတ်ကာ သနခါး

သွေးလေ၏။သနခါးသွေးရင်းဖြင့် ခုတင်ပေါ်တွင်ခြေဆန့်

လျက် စာအုပ်ထိုင်ဖတ်နေသော သူ့ဆီ တစ်ချက်တစ်ချက်

မော့ကြည့်ကာ သူ မသိဘူးအထင်နှင့် မျက်စောင်းထိုး

တတ်သေးသည်။


" မပြီးသေးဘူးလား "


ရုတ်တရက်မေးလာသော မေးခွန်းကြောင့် ရှုပ်နေတဲ့ဆံပင်

ကို ဘီးနဲ့ဖြီးရင်း နွယ် လှည့်ကြည့်ဖြစ်သည်။


" ရေချိူ းတာက တနာရီ……ဖြီးလိမ်းပြင်ဆင်က တနာရီ

မင်းဟာက မလွန် လွန်းဘူးလား "


နွယ်သည် ဘာတစ်ခုမှ ခွန်းတုံ့ပြန်ခြင်းမရှိပဲ ပြန်မပြော

နားမထောင် ဒီဇိုင်းနှင့် လုပ်စရာရှိတာ ဆက်လုပ်နေသည်။


" ငါ ညစာ မစားရသေးဘူး.… မင်းပြီးတာကို ထိုင်စောင့်

နေတာ……ထမင်းလက်စုံစားချင်လွန်းလို့တော့ မထင်နဲ့

ငါစားဖို့ မင်းပြင်ဆင်ပေးရမယ် "


ဖြီးလက်စ ဘီးကို မှန်တင်ခုံပေါ် အသံမြည်အောင် စောက်

ချလိုက်ပြီး မတ်တပ်ရပ်လိုက်ဤ၏။သူ့ကို ခပ်စွေစွေကြည့်

ကာ အခန်းအပြင် ထွက်သွားသော နွယ့်နောက်သို့ သူ

သီချင်းညည်းလျက် လိုက်ပါလာခဲ့ပါသည်။


နွယ် ထမင်းစားခန်းထဲ ခြေလှမ်းကျဲကြီးတွေဖြင့် ဝင်သွား

တာကို လှမ်းမြင်လိုက်သော ဝါနုသည် ကြည့်ဆဲ ကိုရီးယားကားကို ပစ်ထားခဲ့ပြီး နွယ့်အနောက် အပြေး

လေး လိုက်သွားပါသည်။


" မမ ထမင်းစားတော့မလား……ဝါနု ပြင်ပေးမယ်လေ "


" သူ့ဘာသူ လုပ်ပါစေ……ဝါနုကို တစ်ခါထဲပြောရအုံးမယ်

ငါ အိမ်အကူအသစ်ခေါ်ထားတယ်……"


" ရှင်……မဟုတ်တာပဲ……အိမ်မှာလူလေးက နဲနဲလေးရယ်

ဝါနုတယောက်ထဲ လုပ်နိုင်သား "


နွယ်သည် သူစားဖို့ ထမင်းပန်ကန်ပြားကို ဘေစင်မှာရေ

ဆေးရင်း နားစွင့်နေသည်။စိတ်ထဲမှာဖြင့် အသဲတယား

ယား တနုံ့နုံ့ဖြင့် ခံရခက်နေသည်။


" တယောက်ထဲလုပ်နိုင်တာ သိတယ်……ငါခေါ်ထားတဲ့

အိမ်အကူအသစ်က ဘယ်သူလဲ မသိချင်ဘူးလား "


ဝါနုက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ပြုံးစစ

ပြောနေသော သူ့ကို ပါးစပ်အဟောင်းသားငေးကာ

ကြည့်နေပါသည်။


" ဒေါ်ခြူ းသက်နွယ် တဲ့ "


" အလိုတော် မဟုတ်တာပဲ "


ဝါနုသည် ပြောလည်းပြော လက်ကလေးနှစ်ဖက် ခါပြရင်း

ခေါင်းကိုပါ ယမ်းခါနေလေသည်။နွယ်ကဖြင့် သူတို့ပြော

နေတာကြားသော်လည်း မကြားချင်ယောင်ဆောင်ကာ

ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နေလိုက်သည်။


" ဘာမဟုတ်ရမလဲ……ငါ့ဝေယျဝေစ္စ အကုန်လုံး သူလုပ်

ရမယ်……မတတ်တာရှိရင် သင်ပေးလိုက်……ညည်းရဲ့

လက်ထောက်ဆိုလဲမမှားပါဘူး...."


" အယ် မဟုတ်တာ အကိုလေးရယ် "


" ကဲပါ ဝါနုရယ်……ပြောမနေနဲ့တော့……ရုပ်ရှင်ကြည့်နေ

တာမို့လား သွားကြည့်……နင်ကြားတဲ့အတိုင်း ငါက

အိမ်အကူလေ……ငါလုပ်ပေးလိုက်မယ် သွား "




သွားဟု ပြောသည့်တိုင် ဝါနုမှာ စိတ်ချလက်ချ မသွားနိုင်
သေးပဲ နွယ့်ကို ရရဲ့လားဟူသော သဘောဖြင့် ကြည့်
နေလေသည်။နွယ်က ခေါင်းညိတ်ပြလိုက်မှ ဝါနုသည်
သက်ပြင်းရှည်ကြီးချကာ အပြင်သို့ ထွက်သွားလေတော့
သည်။

" နောက်နေ့ကစပြီး ဝါနုနဲ့အတူ မင်း ဟင်းချက်ရမယ်
အိမ်အလုပ် လုပ်ရမယ်……ပြီးတော့ရှိသေးတယ်……
မင်းရဲ့ဆံပင်တွေ……အခုလိုဖြန့်ချထားမယ် စိတ်ကူးရှိ
ရင် သွားညှပ်လိုက်တော့……ငါကရွံတတ်တယ် "

" ဘာရယ်……ဒီဆံပင်တွေကို ရှင်……ညှပ်ခိုင်းတယ်ပေါ့
ဟုတ်လား "

တစ်ချိန်တုံးကတော့ ကိုကိုမြတ်နိုးလှတဲ့ ဆံပင်တွေကို
လက်နဲ့တောင်မထိပါနဲ့ဆို။ဆံပင်ညှပ်မယ်ဆိုတဲ့ စကား
တသက်လုံ မပြောမိပါစေနဲ့ဆို။အခုတော့ သူ့ပါးစပ်က
ဒီဆံပင်တွေကိုရွံသတဲ့။တယ်လဲ အပြောင်းအလဲမြန်တဲ့
လူတွေပါလား။တကယ်ပဲ ကိုကို့ရင်ထဲမှာ နွယ်နဲ့ပက်
သတ်တဲ့ ခံစားချက်တွေ မြူ တစ်မှုံစာတောင် မရှိတော့ဘူး
လား။

နွယ်သည် တွေးရင်းဖြင့် ငိုချင်လာသည်။မျက်ရည်မကျမိ
အောင် ထိန်းထားတာတောင်မှ ရှိုက်သံ သဲ့သဲ့ထွက်လာ
သေးရာ ထမင်းငုံ့စားနေသော ရာပြည့်မှာ နွယ့်မျက်နှာကို
မော့ကြည့်မိ၏။ရာပြည့်ကိုယ်တိုင်လည်း စိတ်ထဲကမပါပဲ
ပြောလိုက်မိတဲ့ စကားတစ်ခွန်းအတွက် များစွာနောင်တ
ရဟန်ဖြင့် ထမင်းဆက်မစားနိုင် နင်နေမိသည်။

" ကိုယ်ပြောတာက……ဟင်းချက်တဲ့အချိန် ဆံပင်းစည်း
ထားဖို့……"

" စိတ်ချ……ရှင် ရွံပါတယ်ဆိုတဲ့ ဟော့ဒီဆံပင်တွေ မနက်
ဖြန်မမြင်စေရဘူး "

နွယ်သည် ဖားလျားချထားသော မိမိဆံပင်တွေကို တင်း
ကျပ်စွာဆုပ်ကိုင်ရင်း ဝမ်းနဲသံ ခံပြင်းဒေါသထွက်သံတို့
ဖြင့် ပြောလိုက်သောအခါ ရာပြည့်တစ်ယောက် မနေတတ်
တော့ပါ။နွယ့် ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း……

" ညှပ်ရဲ ညှပ်ကြည့်လိုက်လေ……မင်း ဆံပင်ညှပ်တဲ့နေ့
ငါ့အကြောင်းကောင်းကောင်းသိစေရမယ် "

စကားဆုံးသည်နှင့် ဆုပ်ကိုင်ထားသော ပခုံးနှစ်ဖက်ကို
ဖြေးဖြေးချင်းလွှတ်ကာ တွေတွေကြီးငေးကြည့်ပြီးမှ တစ်
လှမ်းချင်း ထွက်သွားလေတော့သည်။

စိတ်ထဲမှာတော့ နွယ့်ကို လေသံလေးဖြင့် ခယ တောင်း
ဆိုနေမိသည်။

" နွယ်ရယ် မညှပ်ပါနဲ့……ကိုယ်တန်ဖိုးထားတဲ့ ဆံနွယ်
လေးတွေကို……ဟူး "

ငါဘာဖြစ်သွားတာပါလိမ့်။နီးစပ်မှုသည် ရှိနေဆဲ သံယော
ဇဉ်ကို ပျောက်ကွယ်မသွားပဲ တစတစ တိုးလာခဲ့ပြီလား။
စိတ်ထဲရှိတဲ့အတိုင်း နွယ့်ကို ဆက်ဆံချင်မိသည်။သို့သော်
သူ ဖျောက်ဖျက်မရတဲ့ အတိတ်တွေထဲက ဖြစ်စဉ်တစ်ခု
သူ့အတွေးထဲဝင်လာတိုင်း မြတ်နိုးချင်တဲ့စိတ်များ ကြက်
ပျောက် ငှက်ပျောက်ဖြစ်ကုန်၏။

သူသည် စိတ်နှစ်ခုဖြင့် အသက်ရှင်နေရသောလူလို မသိ
စိတ်ထဲတွင် နွယ်ရှိနေပြီး သိစိတ်ကတော့ နှလုံးသားထဲ
အဝင်မခံပဲ အခါခါမောင်းထုတ်နေမိသည်။

သေချာတာကတော့ နွယ်ဟာ သူ့နှလုံးသား တံခါးဝတွင်
ပေပေတေတေ မျက်နှာထားဖြင့် ရပ်နေခဲ့သည်သာ……

__________________________________________

အက္ခရာ

အခန်း(22) မျှော်ပေးပါအုံးရှင့် 


----------------------------------------------------------------------


rate now: