book

Index 20

အခန်း(20)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔

.............................


နေအုံး……ပြောစရာရှိတယ် "


အကြည့်စက်ဝန်းမှ ပြေးဖို့ကြံရွယ်နေသော ခြေလှမ်းတို့

သည် သူ့စကားကြောင့် ရပ်တန့်သွားပါသည်။


" ငါ့ရဲ့ဝေယျာဝေစ္စတွေအားလုံး ဝါနုလုပ်ပေးစရာမလိုဘူး

မင်းပဲတာဝန်ယူရမယ်……တစ်လကိုဈေးဖိုး အိမ်စရိတ်

တစ်သိန်းခွဲပေးမယ်……အဆင်ပြေလား……"


" …………"


" မင်းကိုရော……တစ်လ ဘယ်လောက်ပေးရမလဲ "


" ပေးစရာမလိုပါဘူး……ရှင်ပေးလဲ ကျမ မယူဘူး……"


" မယူဘူးလား "


" ဟုတ်တယ် မယူဘူး……လက်ဖွဲ့ငွေတွေ ကျမ သိမ်းထား

တယ်……တပြားတချပ်မှမယူထားဘူး……ရှင်သိအောင်

တစ်ခုပြောအုံးမယ်……ငွေကြောင့် ရှင့်ကိုလက်ထပ်ခဲ့

တာမဟုတ်ဘူး……သိက္ခာကို ရှေ့တန်းတင်နေတဲ့လူ

တစ်ယောက်ရဲ့စိတ်ဆင်းရဲမှုကို အရသာရှိရှိ ထိုင်ကြည့်

ချင်လို့ လက်ထပ်ခဲ့တာ "


" ခြူ းသက်နွယ် "


နွယ့်ကို ကိုယ်ထိလက်ရောက် သူထိပါးဖို့ စိတ်ကူးထဲ

တောင် တွေးမထားမိပါ။သို့သော် သူ မထင်မှတ်ထားတဲ့

အပြောအဆိုတွေကြောင့် အသိစိတ်ပျောက်ကာ လက်ဖြင့်

ရွယ်ခဲ့မိပါသည်။


" ဘာလဲ ရိုက်မလို့လား…ရိုက်လေ "


" တောက်စ် "


ပါးအတင်းထိုးပေးလာသော နွယ့်ကို သူစက်စုပ်စွာတစ်

ချက်ကြည့်ပြီး တောက်တစ်ချက်ခေါက်လိုက်သည်။မနက်

စောစော ဒေါသထွက်ရတာမကောင်းမှန်းသူ သိ၏။


ဒီ့ထက်ပိုပြီးလည်း ဒေါသမထွက်ချင်တော့ပါ။ထို့အတွက်သူ

ကပဲ ဦးစွာ ရှောင်ထွက်လာခဲ့ပါသည်။အချိူ းမပြေတဲ့ ဒီ

မိန်းမနဲ့ တစ်အိမ်ထဲ ဘယ်လိုနေရပါ့မလဲ။


သူအခန်းတံခါးကို ဖွင့်ဖွင့်ချင်း ဝါနုမျက်နှာကို တွေ့လိုက်ရ

၍ မျက်နှာလွှဲကာ အောက်ဆင်းလာဖြစ်သည််။ဝါနုက

" ဟိုလေ အကိုလေး" ဟု ခပ်ရှည်ရှည်ရေ ရွတ်လျက်

သူ့နောက်ပါး ကပ်လိုက်လာရာ သူ နောက်လှည့်ကြည့်

လိုက်သည်။


" အောက်မှာလေ……အန်တီကေ ရောက်နေတယ် "


ဒီနေ့သည် သူ့အတွက်ပြဿ. ဒါးပါလား။စိတ်ညစ်ရတဲ့အထဲ

စိတ်ရှုပ်ခြင်းပါ ထပ်တိုးလာတော့ လေပူတစ်ချက်ကိုအား

ပါးတရ မှုတ်ထုတ်လိုက်ပြီး စိတ်မပါတဲ့ခြေလှမ်းတွေနှင့်

အောက်သို့ လှေကားလေးအတိုင်း တထစ်ချင်းဆင်းလာ

သောအခါ သူ့အလာကို စိတ်မရှည်တရှည်ထိုင်စောင့်နေ

တဲ့ အမေ့မျက်နှာကို ကလာကာများကြားမှ ဝိုးတဝါးတွေ့

လိုက်ရပါသည်။


" အဆင်ပြေရဲ့လား သား "


" မေးဖော်ရသေးလို့ Thank you ပါအမေ "


လေသံသာသာ ခပ်ရွဲ့ရွဲ့တုံ့ပြန်လိုက်သော တန်ပြန်စကား

ကိုကြားတော့ အမေပြုံးလေ၏။အဲ့အပြုံးကို သူ သိပ်သိ

တာပေါ့။အမေလိုချင်တာများရှိရင် ဘယ်သူဘာပြောပြော

ပြုံးပြုံးလေး ခံယူဖို့ ကျင့်သားရအောင်လေ့ကျင့်ထားတဲ့

ဟန်ဆောင်အပြုံးလေ။


" ဒါမေးဖို့အတွက် လာတာမဟုတ်ဘူးထင်တယ် "


ရာပြည့်သည် အမေနှင့်မျက်နှာချင်းဆိုင်ခုံတွင် ထိုင်ချလိုက်

ပြီး မေးလိုက်သည်။


" အမေ့သားက သိပ်သဘောပေါက်လွယ်တာပဲ ဟင်းးး

ဟုတ်တယ် အမေလာတာတခြားကိစ္စနဲ့……ပြောရ ရင်

တော့ကွာ…မင်းဒယ်ဒီက ဖော်မြူ လာပြောင်းနေတယ်

အရင်လိုမဟုတ်ဘူး "


" အဟွန်းး……အရင်လိုမဟုတ်ဘူး….တောင်းသလောက်

မပေးတော့ဘူးပေါ့ "


" အင်း……အခု အမေငွေလိုနေတယ်……"


သူ မျက်ခုံးနှစ်ဖက်ပင့်တက်သွားသည်အထိ အမေ့မျက်နှာ

ကို တစိမ့်စိမ့်ကြည့်မိပါသည်။မွေးလာထဲက ဒီအသက်အ

ရွယ်အထိ အမေ့ဆီက ယုယကြင်နာမှု နွေးထွေးဂရုစိုက်မှု

သားလို့ ရင်ထဲကလာတဲ့မေတ္တာနဲ့ခေါ်သံ တစ်ခါမှမရဖူး

မကြားဖူးခဲ့ပါ။


" မနေ့က မင်းမိန်းမနဲ့ ငြိသွားသေးတယ်……သူ မပြောပြ

ဘူးလား "


တွေးလက်စအတွေးများ မုန်တိုင်းထန်သွားသလို လေသာ

ရာ လွင့်စင်ပျောက်ထွက်ကုန်သည်။နွယ်နဲ့ ငြိသွားသေး

တယ်ဟူသော စကားသည် သူ့အတွက် စဉ်းစားစရာလေး

တွေဖြစ်လာသည်။


" မပြောဘူး "


" ထင်သားပဲ…… လက်ဖွဲ့ငွေတွေထဲက တဝက်ပေး "


ရာပြည့် ဘာမှဆက်မပြောပဲ တဒင်္ဂ ငြိမ်သက်သွားသည်။

မနက်က နွယ်ပြောသောစကားကို သတိရကာ ဝါနုအား

အော်ခေါ်လိုက်သည်။


" ဝါနု………"


" ရှင် အကိုလေး "


ထူးသံနှင့်အတူ ဝါနု ဧည့်ခန်းထဲ အပြေးတပ်ိုင်းရောက်လာ

သည်။မြန်တယ်မို့လားလို့ မမေးလိုက်ပါနဲ့။စပ်စုရတာကို

က ဝါနု ဝါသာနာလေ။ကလာကာနောက်ကွယ်ကနေ အသံတိတ်နားထောင်နေတာ။အသက်တောင် ပြင်းပြင်း

မရှုရဲတဲ့အထိပင်။


" နင့်အမကိုသွားခေါ်……"


" ခေါ်စရာမလိုပါဘူး……ရော့ ဒီမှာ……ဖောက်လဲမဖောက်

ရသေးဘူး……မနေ့ကထဲက ဒီအတိုင်းထားထားတာ "


အောက်ထပ်တွင် ဒေါ်ကေသီအသံ တစွန်းတစကြားမိ

သော နွယ်သည် မနေ့ကပြသာနာကိုအရင်းခံပြီး မိမိအား

လက်ညှိုးငေါက်ငေါက်ထိုးဖို့ အကွက်ဆင်တော့မှာကြိုသိ

နေ၍ သူတို့ထက်အရင်ဦးအောင် ရောက်ချလာပြီး ပုံမပျက်

ထည့်ထားသော ငွေထုပ်ကို ဒေါ်ကေသီရှေ့ ချပေးလိုက်

သည်။


" မဆိုးပါဘူး……မနေ့ထဲက အခုလိုလေးသိတတ်မယ်ဆ်ို

ငါအချိန်မကုန်တော့ဘူးပေါ့ "


ပြောပြောဆိုဆိုဖြင့် နွယ်ပုံထားသောငွေထုပ်ကို တမက်

တမော လှမ်းယူနေတဲ့ ဒေါ်ကေသီကိုကြည့်ပြီး ရာပြည့်

စိတ်ပျက်မိပါသည်။


" မင်းအတွက် တဝက်မဖယ်ထားဘူးလား "


" ကျမက ငွေမက်တဲ့လူမှ မဟုတ်တာ……"


ဒီစကားသည် ဒေါ်ကေသီ၏ အရှိုက်ကို ဘာလက်နက်မှ

မကူပဲ ပြင်းရှရှထိစေပါသည်။ရာပြည့်ကတော့ ငွေမက်တဲ့

လူမဟုတ်ဘူးဆိုတဲ့ အပြောကို ဟာသတစ်ခုလိုသဘော

ထားလျက် အရွဲ့တိုက်ရယ်နေ၏။


" ငွေမမက်ပဲ ဘာအတွက်လက်ထပ်သလဲ မမေးတော့ပါ

ဘူး……ထပ်ရယ်နေရမှာစိုးလို့ "


" ရှင်ထပ်မေးလည်း ကျမဘက်က အဖြေတစ်ခုထဲပဲထွက်

မှာပါ……ရှင့်အမေရှေ့ ထပ်ဖြေစေချင်ရင်ပေါ့ "


" မင်း " ဟု လက်ညှိုးထိုးကာ ရာပြည့်မတ်တပ်ထရပ်လိုက်

လျှင် နွယ်ကပါ သူနဲ့ယှဉ်ရပ်လျက် ဘာထပ်ပြောချင်သလဲ

လို့ တိုးတိုးလေးမေးလိုက်သည်။ပြီးမှ ခန္ဓာကိုယ်ကိုအသာ

လှည့်ကာ သူတို့အခြေအနေကို မျက်တောင်မခတ်ကြည့်

နေသော ဒေါ်ကေသီ့အား မဲ့ပြုံးပြုံးပြပြီး နွယ် ထွက်လာ

ဖြစ်ပါသည်။


" နေအုံး ခြူ းသက်နွယ်……"


ခပ်အေးအေး ခေါ်သံကြောင့် လှမ်းလက်စခြေလှမ်းတွေ

ရပ်ပေးလိုက်သည်။နောက်ကိုဖြင့် လှည့်ကြည့်ဖို့ ခေါင်း

လေးနေမိသည်။


" မင်းကိုငါ……တစ်စက်ကလေးမှ ကြည့်မရဘူး "


ဒေါ်ကေသီစကားကြောင့် နွယ် အသံလေးထွက်ပြီး တခ်ခ်

ရယ်မိ၏။ရာပြည့်ကိုယ်တိုင်လည်း သူ့အမေစကားကို နား

မလည်နိုင်ဖြစ်ကာ ငြိမ်သက်နေလေသည်။


" ဒါမဲ့ သဘောကျတယ်……ဘာလို့လဲသိလား……မင်းကို

မြင်ရတာ ငါ့ကိုယ်ငါမှန်ထဲပြန်ကြည့်နေရသလိုပဲ တထေ

ရာထဲ တူနေလို့ "


ဒီတစ်ခါတော့ နွယ်မရယ်နိုင်တော့ပါ။ဒေါ်ကေသီ ဘယ်လို

အဓိပ္ပါယ်နဲ့ပြောသလဲ သိချင်စိတ်တို့ကြောင့် အနောက်ကို

ချက်ချင်း လှည့်ကြည့်မိပါသည်။ဒေါ်ကေသီက ငြင်သာစွာ

ပြုံးပြရင်း နွယ့်ပခုံးကို တိုက်ကာ သီချင်းတအေးအေးညည်း

လျက်ထွက်သွားတော့သည်။


ရာပြည့်ရဲ့အတွေးထဲရော နားထဲမှာပါ တထေရာထဲတူနေ

လို့ ဟူသောစကားကိုသာပဲ့တင်ထပ်သလို ကြားယောင်

ရင်း မတူရဘူး မတူရဘူးဟု စိတ်ထဲအခါခါရေရွတ်လျက်

ကမ်ဘာပျက်မတတ် ထိတ်လန့်နေမိတော့သည်။


" ဟယ် မမ လာတယ် "


ဘာရယ်မဟုတ် ခြေဦးတည့်ရာ လျှောက်လာသောခြေ

လှမ်းတို့၏ အဆုံးသတ်သည် မြတ်နိုးအိမ်တွင် ဂိတ်ဆုံး

လေသည်။ဒီနေ့သည် ပိတ်ရက်ဖြစ်သောကြောင့် မြတ်နိုး

အိမ်တွင်ရှိလိမ့်မည် ခန့်မှန်းလျက် ဖုန်းမဆက်ပဲ ရောက်ချ

လာခြင်းဖြစ်သည်။


နွယ့်ကိုမြင်သည်နှင့် လှည့်လက်စ တံမြက်စည်းကို နံရံတွင်

ထောင်ပြီး အပြေးဆီးကြိုလာသော မြတ်နိုးကို နွယ်က

ပြုံးပြလိုက်သည်။


" လာသာလာရတယ် မြတ်နိုးရှိပါ့မလား စိတ်ပူနေတာ "


" ရှိပါတယ်မမရဲ့……ဒီနေ့ကျောင်းပိတ်တယ်လေ……ညနေ

မှ ကျူ ရှင်သွားရမှာ "


နွယ်သည် အိမ်ထဲသို့ဝင်လာရင်း တစ်ဖက်အခန်းသို့ တစ်

ချက်ကြည့်မိသည်။အပြင်တွင် သော့ခတ်ထားရုံမက လူ

ရိပ်လူငွေ့ပင် မခံစားမိသောကြောင့် နော်ခမ်းမူတို့ဘယ်

ပြောင်းသွားလဲသိချင်လာသည်။


" မခမ်းမူတို့ အိမ်ပြောင်းသွားတာလား "


" ဟုတ်တယ်မမရဲ့……သူတို့အဆင်ပြေသွားပြီလေ "


အဆင်ပြေသွားပြီလေလို့ ပြောလိုက်တဲ့ မြတ်နိုးမျက်နှာ

တွင် တစ်ခုခုကို ဖုံးကွယ်ထားမှန်း သိသာနေသည်။


" အော် "


" ဒီမှာထမင်းစားသွားလေမမ……စားပြီးမှပြန်ရမယ် "


" မစားတော့ဘူး မြတ်နိုးရဲ့……အမလဲညစ်ညစ်နဲ့ထွက်

လာတာ……နောက်ဆုံးမြတ်နိုးဆီရောက်တာပဲ……ဘာ

မှမဟုတ်ဘူး အိမ်မှာမနေချင်လို့……"


" အယ်……အကိုရာပြည့်နဲ့ပြသာနာတက်ပြန်ပြီလား "


မြတ်နိုးမေးတော့ နွယ်က ခပ်ရွဲ့ရွဲ့ပြုံးသည်။ပြသာနာက

မီးခွက်ထွန်းပြီး ရှာစရာမလိုလောက်အောင် သူနဲ့ထိပ်

တိုက်ဆုံတိုင်း တစ်ခုမဟုတ်တစ်ခု ပြသာနာတက်မြဲဖြစ်

သည်။


" အမ အလုပ်ရှာနေတာ……ဇော့်က်ိုတော့ပြောထားတယ်

သူက အမကိုမလုပ်စေချင်ဘူးထင်ပါတယ်……အခုထိ

အင်းမလုပ် အဲမလုပ်နဲ့……ဖြစ်နိုင်ရင် အမ အလုပ်အမြန်

လိုချင်တယ်……"


" အဆင်မပြေလို့လားမမရယ်……အကိုက မမအတွက်

တာဝန်မယူလို့လား "


" တာဝန်မယူခိုင်းတာမြတ်နိုးရဲ့……သူတယောက်ထဲမာန

ရှိတာမဟုတ်ဘူး……အမမှာလဲရှိတယ်……သူ့ကိုယူတာ

ငွေကြောင့်မဟုတ်ဘူး……ဒါကိုသူသိစေချင်တယ်…ပြီး

တော့ အမေ့ကိုလည်း အမကြောင့် စိတ်မဆင်းရဲစေချင်

ဘူး……အမ အလုပ်လုပ်မှဖြစ်မယ် မြတ်နိုး "


မြတ်နိုးသည် နွယ်ပြောသမျှကို ခေါင်းလေးညိတ် နား

ထောင်ရင်း ရင်မောလာသည်။မမကိုလည်း မိန်းမသား

ချင်း ကိုယ်ချင်းစာကာ သနားမိသည်။မိန်းခလေးတစ်

ယောက်အတွက် အိမ်ထောင်ရေးအဆင်မပြေခြင်းသည်

အင်မတန်စိတ်ဆင်းရဲလှပါလား တွေးပြီး ဆင်ခြင်မိပါ၏။


မြတ်နိုးကိုယ်တိုင်လည်း အကိုနဲ့နှစ်ယောက် တဘဝထူ

ထောင်ဖို့ မေမေနှင့် ပြင်းစွာတိုက်ပွဲဝင်ရအုံးမှာကို တွေး

ကာ သက်ပြင်းချမိသည်။


" မမက ဘာအလုပ်လုပ်မယ် စိတ်ကူးထားလဲ "


" အမှန်တိုင်းပြောရင်တော့ အမက သူများစိတ်နဲ့အသက်

ရှင်ရတဲ့ အလုပ်မျိူ းမလုပ်ချင်ဘူး……ဒါမဲ့ အမမှာကိုယ်

ပိုင်အလုပ်လုပ်ရအောင်လည်း အရင်းအနှီးမရှိ..…မတတ်

နိုင်ဘူး မြတ်နိုးရေ……ကံစီမံရာအတိုင်းပဲ……လောလော

ဆယ်အဆင်ပြေဖို့ အလုပ်တစ်ခုရမှဖြစ်မယ် မြတ်နိုးရဲ့"


" ဒါဆိုရင် ဒီလိုလုပ်ပါလားမမ……မြတ်နိုးသူငယ်ချင်းရဲ့အမ

Company မှာ Office Staff တစ်ယောက်လိုတယ်

ပြောတယ်……မမ သွားလျှောက်ကြည့်မလား "


" ဟုတ်လား……လျှောက်ကြည့်တာပေါ့……"


လျှောက်ကြည့်တာပေါ့သာပြောရသည်။တကယ်ကျ အလုပ်ရမှ ဖြစ်တော့မယ့်သဘောဖြစ်နေသည်။မာနကို

ရှေ့တန်းတင်ပြီး သူ့ဆီက တပြားတချပ်မှမယူဘူးလို့

ပြောခဲ့မိသည့်အလျောက် မိမိအသုံးစရိတ်အတွက် မိမိ

ဘာသာ ကြိုးစားရှာရတော့မည်။


" ဒီအလုပ်မရလည်း ဘာမှစိတ်မပူပါနဲ့……မြတ်နိုးထပ်ရှာ

ပေးပါ့မယ်နော် "


" အင်းပါမြတ်နိုးရဲ့……ကဲ အမပြန်အုံးမယ်……နောက်ကြုံ

မှ ထမင်းစားမယ် ဟုတ်ပြီလား "


မြတ်နိုးသည် သူမအိမ်ကို နွယ်လာတိုင်း တစ်ခုခုကျွေး

လိုက်ရမှ ကျေနပ်သူဖြစ်ရာ ယခုလည်း ထမင်းမကျွေးရ

သည့်တိုင် ကော်ဖီသောက်သွားဖို့ ဆွဲခေါ်ထားပြန်သည်။


" ထမင်းမစားရင်လဲ ကော်ဖီတော့သောက်သွား……ခန

လေးမမ ……မြတ်နိုးသွားဖျော်အုံးမယ် "


ဘယ်လိုမှတားမရသောမြတ်နိုးသည် နောက်ဖေးဘက်သို့

ခပ်သုတ်သုတ်ဝင်လျက် ကော်ဖီဖျော်နေတော့သည်။နွယ်

လည်း မငြင်းသာတော့သည်နှင့် မြတ်နိုးအိမ်ကို မျက်လုံး

ဝေ့ကြည့်ကာ သမီးပျိူ လေးအား တယောက်ထဲထား၍

စိတ်ချလက်ချ ပွဲစားလုပ်နေသော သူမ အမေအား မိမိ

အမေနှင့် နှိုင်းယှဉ်ကြည့်မိနေသည်။အမေဆို နွယ့်ကိုတစ်

စက်ကလေးမှ စိတ်မချသည့်အပြင် ဈေးသွားဈေးလာ သွား

ခဲ့ရင်တော့ သော့ခတ်လျက် ဘေးအိမ်ကိုကြည့်ပေးဖို့

အတန်တန် မှာတမ်းခြွေတတ်ပုံကို ပြန်တွေးမိကာ နွယ်ပြုံး

မိပါသည်။သမီးကို ကောင်းစားစေချင်တဲ့ စိတ်တစ်ခုထဲနဲ့

အမေဇွတ်၍ ဖန်တီးခဲ့သော ကံတရားသည် နွယ့်အဖို့

ကြမ္မာဆိုးဖြစ်နေတာ အမေသိမှသိပါလေစ။

ထိုသို့တောင်စဉ်မရေရာ အတွေးတွေ ချဲ့တွေးလျက် စိတ်

မအီမသာဖြစ်နေစဉ် မြတ်နိုးတို့အိမ်ရှေ့ ကားရပ်သံကြား

ကာ ဇော်များလား အထင်စိတ်ဖြင့် ကိုယ်ကိုမတ် ခေါင်းကို

ထောင်ပြီး အိမ်အပြင်ဘက် ငေးကြည့်မိ၏။မိမိထင်ထားတဲ့

လူမဟုတ်သောငြား အိမ်ထဲသို့ တစိုက်မတ်မတ်ဝင်လာ၍

မြတ်နိုးအား " မြတ်နိုးရေ ဧည့်သည်လာတယ် " ဟု အသံ

ပေးလိုက်ပါသည်။


နွယ့်အသံကြားလျှင် ဧည့်သည်က တခြားဘယ်ကိုမှ

မကြည့်တော့ပဲ နွယ့်ကိုသာ စူးစိုက်ကြည့်လျက် ပြုံးယောင်

သမ်းသော နှုတ်ခမ်းတွေတုံရီရင်း အနားတိုးလာပါသည်။


" နွယ်………"


တရင်းတနှီး နွယ်ဟုခေါ်လိုက်ရာ မိမိကိုသိနေပါသလား

အတွေးဖြင့် တခဏငြိမ်သက်သွားပြီးမှ တုံ့ပြန်သည့်

သဘောနှင့် မဝ့ံမရဲပြုံးပြလိုက်ပါသည်။တကယ်တော့

နွယ် သူ့ကို လုံးဝ မသိပါ။(next).



rate now: