💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
------------
" ငါထိုင်တုံးက ဒါမျိူ းတွေမရှိပါဘူး……မင့်ကျမှ ကွာ……
ဆုံတတ်ပါ့ "
မျိူ းသစ်စံက ရာပြည့်ထက် အာ့ဆေးခန်းမှာ ထိုင်တာ စော
တယ်လေ။သူကိုယ်တိုင်ကလဲ ပျော်ပျော်နေတတ်သူ မိန်းမလှလေးတွေမြင်ရင် ရင်ခုန်လွယ်တတ်သူ အဆင့်
အတန်းမခွဲခြားပဲ အရွယ်သုံးပါးလုံးနဲ့ လိုက်လျောညီထွေ
နေတတ်သူမို့ ရာပြည့်လောက် ဆေးစွမ်း မထက်ပေမယ့်
သူ့ကို ချစ်ခင်တဲ့ သူ များတယ်။
" ငါလဲ တစ်သက်နဲ့တစ်ကိုယ်……အာ့လို မိန်းမမျိူ းနဲ့မဆုံ
ဖူးပါဘူး……ရိုင်းချက်က 9လောက်ရှိတယ်.……ဘယ်
အမျိူ းအနွယ်က ဆင်းသက်လာမှန်း မသိ "
" ဟ……မင်းကလဲ……အာ့လောက်ထိ ပိုးစိုးပက်စက်
မပြောစမ်းပါနဲ့……မိန်းမလှလေးတွေထိရင် ငါ့နှလုံးသား
က ခံနိုင်ရည်မရှိဘူး"
လုပ်ပြီ။မျိူ းသစ်စံတို့ကတော့ ရည်းစားပေါင်း ရာနဲ့ချီပြီး
ထပ်တလွဲလွဲ တွဲခဲ့သော်လည်း အိမ်ထောင်ပြုဖို့ သူ မတွေး။သူ့လက်စွဲဆောင်ပုဒ်က.……မိန်းမ ယူရင်တစ်
ယောက်ထဲရမှာတဲ့။မယူတော့ အများကြီး ရတယ်ပေါ့။
" မိန်းမလှဟုတ်လား……ဒီလောက် ဂျွတ်ထ နေတာ……
မလှပါဘူူူး……စွာတာများ ကတ်ကတ်လန်……တကယ့်
အပေအတေစရိုက် "
" ဒါပဲ……မင်းမှာခံစားတတ်တဲ့ နှလုံးသား ပါမလာဘူး
အလှအပမြင်တတ်တဲ့ မျက်လုံးလဲ ပါမလာဘူး "
" နားစမ်းပါကွာ……အာ့လောက်စရိုက်ဆန်တဲ့ မိန်းမကို
ဘာလို့……ခံစားတတ်ပေးရမှာလဲ "
မျိူ းသစ်စံသည် ရာပြည့်၏ အမုန်းတရားကို လက်မှိုင်ချ
ကလကာ ပိတ်ပြီး ဘာမှ ဆက်မပြောဖြစ်တော့ပါ။ဆက်
ပြောလဲ အကျိူ းထူးမည် မဟုတ်။နောက်မှပဲ ဒီစွာတေး
လေးအား လိုက်ကြည့်တော့မည်ဟု မှတ်တေးထားလိုက်
သည်။
" Duty မဝင်သေးဘူးလား "
နားနေဆောင်ထဲသို့ ဒယ်ဒီ ဝင်လာသောအခါ သူတို့ရဲ့
နှစ်ကိုယ်ကြား အစည်းအဝေး ဘရိတ်အုပ်လိုက်ရသည်။
" ဒယ်ဒီ off ပြီလား "
" အင်း "
" အိမ်ပြန်မှာလား "
ဦးဟံသာစိုးသည် အိမ်ပြန်မှာလား ဟူသော ရာပြည့်အမေး
ကို ရုတ်တရက်မဖြေသေးပဲ Duty Coat ကို ချွတ်နေ
သည်။နောက်မှ သက်ပြင်းတစ်ချက်ချပြီး ခေါင်းကို လေးပင်
စွာရမ်းပြသည်။
" အိမ်ပြန်နောက်ကျမယ် ပြောလိုက်……"
ရာပြည့်သည် ဒယ်ဒီမသိအောင် သက်မ တစ်ချက်ရှိုက်ရင်း
ကိုယ့်ဘဝကိုယ် စိတ်ပျက်စွာ စုပ်သပ်လိုက်မိသည်။
ရာပြည့်မျက်နှာကို တစ်ချက်ကလေးတောင် မကြည့်ပဲ
ဒယ်ဒီ ထွက်သွားသည်။
" ညကျရင် ဆိုင်သွားမယ် "
" ဟေ "
ပုံမှန်အခြေအနေ အရဆို ဘီယာဆိုင်ထိုင်ဖို့ကိစ္စသည်
မျိူ းသစ်စံဘက်က မဲဆွယ်ရတာ ဖြစ်သည်။အပါခေါ်တိုင်း
လည်း ရာပြည့်က ငြင်းနိုင်သလောက် ငြင်းခဲ့တာပင်။
အခုများကျ သူ ကိုယ်တိုင် စတင်ကမ်းလှမ်းတာဆိုတော့
ရာပြည့် အင်မတန် စိတ်ကျဉ်းကျပ်နေလို့ ဖြစ်ပေလိမ့်
မည်။
သူတို့အိမ်တွင်းရေးအကြောင်းကို မျိူ းသစ်စံ အတွင်းကျကျ
သိသော်လည်း သိပ်မဆွေးနွေးဖြစ်ပါ။ရာပြည့်ကလဲ ထို
အကြောင်းနဲ့ပက်သတ်ပြီး တစ်ခါမှ ရင်မဖွင့်ဖူးပါဘူး။
ဒီကောင်က သိပ်ကို ပိပိရိရိ သိုသိုသိပ်သိပ်နေနိုင်တဲ့လူလေ………
----------------------------------------------------------------------
" အော်……ခြူ းသက်နွယ်ပါလား……ဈေးကပြန်လာပြီပေါ့"
ကေကေသည် ဈေးခြင်းတောင်းကြီး မနိုင်မနင်းသယ်လာ
သော သူမကို မြင်ပါရဲ့ ခပ်ရွဲ့ရွဲ့မေးလိုက်ပါသည်။အပြော
ကိုက အထာမကျတာ။
" နင့်ကြည့်ရတာ fb အသုံးများပြီး အမြင်အာရုံ အားနဲ
နေတယ် ထင်တယ် "
မသိမသာ အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ကေကေ သူမ
ကို မတူမတန်သလို ကြည့်လိုက်သည်။
" သိပ်နှမြောတာပဲသက်လား……ဘွဲ့ရပြီး ဈေးရောင်းနေ
တဲ့နင့်ကို……"
" အဟတ်……နှမြောရအောင် နင့်ပိုက်ဆံနဲ့ ငါဘွဲ့ရခဲ့တာ
မှ မဟုတ်တာ "
မိနွယ်သည် မနိုင်မနင်းသယ်လာတဲ့ ခြင်းတောင်းကို အောက်ချပြီး လက်နှစ်ဖက်အား အညောင်းဆန့်သလိုနှင့်
ခါပြလိုက်သည်။
" ငါကနင့်အတွက်ပြောတာပါဟယ်……ကိုယ်လဲဘွဲ့ရပြီး
သားပဲဟာကို……အလုပ်လေးဘာလေး ထွက်လုပ်ပါ
လား……ဒီတိုင်း အိမ်မှာနေလို့ကတော့ ဘာမှဖြစ်လာမှာ
မဟုတ်ဘူး "
" စေတနာနဲ့ပြောတာလား… ဖဲ့တာလား မသဲကွဲဘူး.…
ထားပါ……နင်ပြောချင်တာဒါပဲမှတ်လား……"
ကေကေသည် ဈေးကြီးကြီးပေးပြီး တနေ့ကမှ ဖြောင့်လာ
တဲ့ သူ့ဆံပင်တွေကို အနောက် သပ်ချပြီး ခေါင်းညိတ်ပြ
သည်။ရုပ်ကိုက မချိူ မချဉ်ရုပ်နဲ့။
" ဟဲ့……ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ နင့်စကားကို
သေသေချာချာ မှတ်ထား……"
မိနွယ်က ပြောပြီးပြီးချင်း ဈေးခြင်းတောင်း ကောက်ဆွဲကာ
သူမ ပခုံးကို တမင်တိုက်ပြီး လှမ်းလာဖြစ်ပါသည်။ကေကေ
ိစိတ်ထဲတွင်ဖြင့် ဝ မရှိပဲ ဝိလုပ်နေတတ်သော မိန်းမ……
ရပ်ကွက်ရဲ့ အော့ကြောလန် စွာတေးမ……အသားလွတ်
မာနကြီးနေတဲ့မိန်းမ……လို့ပဲ ထင်မိတယ်။
ကျောခိုင်းသွားသော နှစ်ယောက်စလုံးရဲ့ မျက်နှာဟန်ပန်
များသည် သံပုရာသီးစားမိ၍ ချဉ်နေသော ရုပ်တွေနှင့်။
" ဟော……ဘာလို့ ငါ့ကိုမနှိုးတာလဲ "
ဇော်သည် အိပ်မှုံစုံမွှားဖြင့် အပြင်ထွက်လာပြီး လမ်းတစ်
ဝက်တွင် နွယ်နှင့်တိုးလေရာ သူမ လက်ထဲကခြင်းတောင်း
အား လက်လွှဲယူရင်း မေးလိုက်သည်။
" ငါနှိုးမလို့……အမေက အိပ်ပါစေတဲ့ "
" အန်တီထားတို့များ ချစ်ဖို့ကောင်းချက်…"
ကိုယ့်အမေ အကြောင်းသိသော နွယ်က မဲ့ပြုံး ပြုံးလိုက်
သည်။
" နင့်မျက်နှာက ဘာဖြစ်နေတာ "
" ဘာဖြစ်ရမလဲ……အကုသိုလ်မ နဲ့တိုးလာလို့ "
" ဟားးး "
အကုသိုလ်မ ဆိုထဲက ဇော်သိလိုက်ပြီ။ကေကေထွဋ် ကို
ပြောတယ်ဆိုတာ။
သူတို့နှစ်ယောက်က တစ်သက်လုံး တည့်မယ့်လူတွေလဲ
မဟုတ်ဘူး။တွေ့လိုက်တာနဲ့ တစ်ယောက်ကငြိမ်ရင်
တစ်ယောက်က ရန်စတာပဲ။ပုလင်းတူ ဗူးစို့တွေလေ။
" အန်တီထားရော……"
" ဝယ်စရာရှိသေးလို့ ကျန်ခဲ့တယ်……"
" ဆိုင်သိမ်းပြီးရင် နင်ပြောတဲ့ ဟိုဆရာဝန်ကို သွားအကဲ
ခတ်ရအောင်……"
စောစောစီးစီး အဲ့လူအကြောင်း အတွေးထဲဝင်လာအောင်
လှုပ်ဆော်လိုက်သော ဇော့်ကို နွယ် မျက်လုံးထောင့်ကပ်
လျက် ကြည့်လိုက်သည်။
" သွားစမ်းပါ……အချိန်အကုန်ခံပြီး ဘာလို့သွားကြည့်ရမှာ
လဲ……သူ့အကြောင်း စကားထဲ ထည့်ပြောနေရတာကို
က……အချိန်ကုန်တာ……ဟူး "
လမ်းအမြန်လျှောက်လာ၍ နွယ် မောလာသည်။မောတဲ့
ကြားထဲက မနေ့ကအကြောင်းပြန်တွေးမိကာ ဒေါသပါ
အပို ထွက်လာသည်။
" မင်းကလဲ……အချိန်ကုန်တယ်သာပြောတယ်……ညက
အာ့ဆရာဝန်အကြောင်းပဲပြောနေတာ……ငါ့မျက်လုံးကို
ကြည့် "
နွယ်သည် ဇော့်အား လှည့်ကြည့်ပြီး လျှာတစ်လစ်ထုတ်
ကာ ပြုံးလိုက်သည်။ညက ဟိုလူကို စိတ်တိုတာနဲ့ သူ့
အကြောင်း အတင်းတုတ်လိုက်တာ မနက်မိုးလင်းရော
ဆိုပါတော့။
" ဇော်ကလဲ……"
အဲ့လို ချွဲချွဲ နွဲ့နွဲ့ နွယ်ပြောလာလျှင် ဇော်တို့ တင်းသမျှ
ပြန်လျှော့ရတာပဲ။နွယ့်ကို ဇော်အရမ်း သံယောဇဉ် ရှိပါ
တယ်။ထောင့်ငါးရာ မေတ္တာနဲ့တော့မဟုတ်။ဖြူ စင်တဲ့
၅၂၈ မေတ္တာနှင့်သာ နွယ့်အပေါ် ဇော် သံယောဇဉ်ရှိပါ
တယ်။နွယ်ကလဲ ထိုနည်း၎င်းပါပဲ။
" မိနွယ်……ရေတစ်ခွက် ခပ်ခဲ့ပါအုံး……အာ့မလေး
မောထာ……"
မထားသည် ဈေးကပြန်ရောက်ရောက်ချင်း အိမ်အဝ လှေ
ကားရင်းတွင် ငုတ်တုတ်ထိုင်ပြီး လှမ်းအော်လိုက်သည်။
နွယ်က ရေတစ်ခွက်ခပ်လျက် မထား အား လှမ်းပေး
လိုက်သည်။
" ဇော် မနက်စာ မစားရသေးဘူးမို့လား……သူကြိုက်တဲ့
မုန့်တီသုပ် ဝယ်လာတယ် ရော့……ကျွေးလိုက်အုံး "
မထားဆီက အထုပ်ကို နွယ် လှမ်းယူပြီး အနောက်ဘက်
ဝင်သွားပါသည်။ဇော်ကပါ သူမ နောက် လိုက်လာပြီး
သူမ ပြင်ပေးသည့် မနက်စာကို အားပါးတရ ငုံ့ကာစား
ရင်း……
" ခနနေ အပြင်သွားမယ်……လိုက်ခဲ့ "
" ဘယ်လဲဇော်ရဲ့……ဒီမှာ အမေနဲ့ဝိုင်းလုပ်ပေးရအုံးမယ်
နင်သိတဲ့အတိုင်းပဲ ကူမလုပ်ရင် အမေကပွားမှာ "
" ဘယ်သွားမှာမို့လို့လဲ……လိုက်သွားလေ……"
နွယ်က မျက်လုံးလှန်ပြီး အမေ့ကိုကြည့်လျှင် အမေကလဲ
နွယ့်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ဟယ်……ဒီအမေနဲ့တော့ ဒိုးခပါပဲ။ဇော့်ဆီက ဘာတွေနွှာ
အုံးမလဲ မသိ။အရမ်းကို မျက်နှာသာပေးပြီး ချိူ သာ လိုက်
ရောလွန်းနေတယ်။
မထားနဲ့ နွယ်နဲ့က သားအမိဆိုပေမယ့် စိတ်ဓါတ်ချင်းက
တူတာ မဟုတ်ပါ။မထားဟာ ဆင်းရဲတဲ့ ဘဝကနေ ဆင်း
သက်လာသူဆိုတော့ အရမ်းချမ်းသာချင်တာလေ။
ဒါမို့လည်း ဆယ့်ငါးနှစ်နဲ့ ကိုယ့်အဖေအရွယ်လောက်ရှိတဲ့
အဖိုးကြီးနောက် ခိုးရာလိုက်ခဲ့တာပေါ့။ဒါမဲ့ မထား ဘဝ
အကြောင်းမလှခဲ့ပါဘူး။မယားကြီး အရှိန်အဝါနဲ့ ကိုယ်
ရောင်တောက်ခဲ့တဲ့ ဦးလင်းငွေဟာ မထားနောက် လိုက်
ခဲ့ရတဲ့အချိန်ကစပြီး သူ့အရှိန်အဝါတွေ မှေးမှိန် ပျောက်
ကွယ်ခဲ့ရတယ်။
ကုန်ကုန်ပြောရ ရင်တော့ အခုနေတဲ့အိမ်လေးနဲ့ မိနွယ်
သာ မထား ဘဝမှာ အဖတ်တင်ခဲ့ရတယ်။မိနွယ် လသား
အရွယ်မှာပဲ ဦးလင်းငွေက လူကြီးရောဂါနဲ့ဆုံးတော့
ငယ်ငယ်ရွယ်ရွယ် မုဆိုးမ ဘဝ ရောက်ခဲ့ရပြန်တာပေါ့။
ဒါလဲ မထားက စိတ်မပျက်ပါဘူး။နောက်တစ်ယောက် ယူ
လိုက်တာပဲ။ယူတုံးကတော့ သူဌေးသားပါပဲ။မထားလက်
ထဲ ရောက်မှ ဒင်းမိဘတွေက အမွေဖြတ်လိုက်သတဲ့။
ကိုယ့်ထက်လဲငယ်တော့ အားမကိုးခဲ့ရပါဘူး။စိတ်လေ
တယ် အကြောင်းပြချက်နဲ့ အရက်လေး တမြမြဖြစ်လာ
တယ်။ဒင်းလဲ မကြာပါဘူး……ငါးနှစ်လောက်ပေါင်းပြီး
အရက်နဲ့ပဲ လှျှောတာပဲ။ဒီလိုနဲ့ မထားက နှစ်ထပ်ကွမ်း
မုဆိုးမ ဘဝ ရောက်ခဲ့ပြန်ရော။
အဲ့ချိန်ကစပြီး မထား ဘယ်ယောကျာ်းကိုမှ မယူတော့ပဲ
ကိုယ့်အစွမ်းအစနဲ့ မုန့်ဟင်းခါးဆိုင်လေး ဖွင့်လိုက်တာ
ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်ခဲ့ရတယ်လေ။
အာ့မှာ မထား အသိလေးတစ်ခုဝင်လာတယ်။ယောကျာ်း
တစ်ယောက်ရှိမှ ဘဝ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ဒီအသိ
နဲ့ မထား တစ်ကိုယ်တည်း ရှာဖွေစုဆောင်းပြီး မိနွယ်
လေး ဘွဲ့ရအောင် ပညာသင်ပေးခဲ့တယ်။
အလုပ်လုပ်ဖို့ မယ်မင်းကြီးမ ကို နားချပါသေးတယ်။အမေ
တစ်ယောက်ထဲ ပင်ပန်းတာ မကြည့်ရက်ဘူးတဲ့။ပြီးတော့
သူများ မျက်နှာကိုကြည့်ပြီး အလုပ် လုပ်ရတဲ့ ဘဝ မလို
ချင်ဘူးတဲ့လေ။
သူ့မှာ ရည်မှန်းချက်ရှိတယ်တဲ့။အကောင်အထည်ပြနိုင်မှ
အမေ့ကို ပြောမယ်တဲ့လေ။
ဒီတော့လည်း မထားမှာ သမီးအတွက် ရင်လေးရပြန်ရော။
မိနွယ်ကို သူ့လို မဖြစ်စေဖို့ သမီးရဲ့အိမ်ထောင်ရေးကို
မထား သေသေချာချာ တာဝန် ယူရတော့မယ်လေ။
သမီးဘဝ မမှေးမှိန်စေဖို့ အမြဲ အမြင့်ရောက်စေဖို့ မိနွယ်
ဘဝလက်တွဲဖော်ကို မထား စေ့စေ့စပ်စပ် ရွေးပေးရမည်။
ဝါသာနာဆိုတာ သေကာမှ ပျောက်တဲ့အမျိူ းမှတ်လား။
မထားရဲ့ ဝါသာနာက တခြားတော့မဟုတ်။ကိုယ့်ကိုပဲ
လာကပ်ကပ် သမီးကိုပဲ လာကပ်ကပ် ကပ်တဲ့သူဆီက
နဲနဲလောက် ခွာလိုက်ရမှ နေသာ ထိုင်သာ ရှိတာလေ။
ဒီအကျင့်လေးကတော့ မထား ဘယ်သောအခါမှ စွန့်
လွှတ်နိုင်မယ် မထင်ပါဘူးလေ။
----------------------------------------------------------------------
" တောက်စ်……ချိန်းထားပြီးမှကွာ မလာဖြစ်တော့ဘူးတဲ့"
" အာ့ပဲ.……ငါပြောသားပဲ……နင့်ဟာမက ဘယ်တုံးကများ
ချိန်းတိုင်း လာဖူးလို့လဲ "
နွယ်ပြောလဲ ပြောချင်စရာ။တုံလေးက ဘယ်တော့မှ အချိန်
လဲ မတိကျ။ဆယ်ခါချိန်းမှ တစ်ခါလောက် လာတွေ့တာ
မျ်ိူ း။
တစ်ခုတော့ရှိတယ်……လိုချင်တာ ရှိပြီဆိုလျှင် ရောက်
အောင် လာတတ်တယ်။သူမ လိုချင်တာ မှန်သမျှ ဇော်
အကုန် ဝယ်ပေးပြီးရင် ပေါ်မလာတော့ပြန်ဘူး။
" အရက်သွားသောက်မယ်ကွာ "
" ဟ……နေပါအုံး……ငါ အရက်ဆိုင်တော့ မလိုက်နိုင်
ဘူးနော် "
" အော်……မင်းပါတာ ငါကအရက်ဆိုင်သွားစရာလား……
အရက်ရတဲ့ ဆိုင်သွားမှာပေါ့ဟ……လိုက်ခဲ့စမ်းပါ "
ဇော်သည် နွယ့်လက်ကို အတင်းဆွဲပြီး သူ ထိုင်နေကျ
ဆိုင် ခေါ်သွားလေသည်။(next)..........