book

Index 19

အခန်း(19)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔



------------


တစ်ညလုံး မအိပ်ထားသည့်အရှိန်ကြောင့် နွယ့်မျက်လုံး

နှစ်ဖက် ကျိမ်းစပ်နီရဲနေသည်။ခေါင်းသည်လည်း အုံထူ

လာကာ အထိုင်အထတွင် မိုက်ခနဲ မူးချင်လာသည်။


ပုံမပျက်တည်ရှိနေသော မင်္ဂလာဦးကုတင်ကို နွယ်က ခပ်

စူးစူးကြည့်ရင်း တညလုံးပြန်မလာတဲ့လူကို စာရင်းရှင်းဖို့

အခန်းထဲ ငြိမ်သက်စွာ ထိုင်စောင့်နေမိသည်။တစ်မနက်

ခင်းလုံးလဲ ပေါ်မလာ တနေ့ခင်းလုံးလဲ ပေါ်မလာသဖြင့်

စိတ်မောကြီးဖြစ်ကာ အိမ်အကူအဖြစ်ထည့်ပေးလိုက်

သော ဝါနုကို လှမ်းခေါ်လျက် ဒီည သူပြန်မလာတော့မယ့်

အတူတူ ရွှေတိဂုံဘုရားသွားဖူးရန် ပြောလိုက်ပါသည်။


" အာ့မလေး ပျော်လိုက်တာ မမရယ်……ဝါနုဖြင့် ဖူးချင်လှ

တာကြာပေါ့……ရန်ကုန်ရောက်နေတာ တနှစ်ပြည့်တော့

မယ် မဖူးရပါဘူးတော်……မမတို့အိမ်ရောက်မှ ဖူးခွင့်ကြုံ

တော့တယ် "


ပျော်နေသော ဝါနုမျက်နှာကို ကြည့်ပြီး နွယ်လည်း အလိုလို

ပြုံးမိပါ၏။နွယ့်တွင် ကိုယ်ပိုင်ပျော်ရွှင်ခြင်း ဆိတ်သုဉ်းနေ

တာ ကြာပါပြီ။တစ်ပါးသူတွေအတွက် ပျော်ရွှင်စရာလေး

တွေဖန်တီးပေးရင်း သူတို့အပြုံးတွေကိုငေးကာ မိမိကိုယ်

တိုင် ပြုံးတတ်လာအောင် ကြိုးစားနေရသည်မှာလည်း တစ်

မျိူ းအဓိပ္ပါယ် ရှိလှသည်။


" ဟုတ်ပါပြီ……ရေမိုးချိူ းအဆင်သင့်ပြင်ထားလိုက်……ခန

နေသွားမယ် "


" ဟုတ် မမ "


ဟုတ် မမ ဆိုပြီး လှည့်ထွက်ရန် ကျောခိုင်းပြီးမှ တစ်ခုခုက်ို

သတိရဟန်ဖြင့် ဝါနု ပြန်လှည့်လာကာ……


" အကိုလေးကိုမစောင့်တော့ဘူးလား "


မေးသာမေးရတယ်။ညက အကိုလေးပြန်မအိပ်ဘူးဆိုတာ

ရယ် ဒီတမနက်လုံး ပြန်မလာဘူးဆိုတာရယ် မမနဲ့ဆက်

ဆံရေးသည် သိပ်မချောမွေ့ဘူးဆိုတာရယ် သူတို့ကြား

ပြသာနာတစ်ခုခုရှိတယ်ဆိုတာရယ် ဝါနု သိတာပေါ့။

အညာသူဆိုပေမယ့် ခပ်နုံနုံ ခပ်အအ ဝါနု မှ မဟုတ်တာ။


" ဟင့်အင်း……သူ့မှာသော့အပ်ိုရှိတယ်……ယောင်ယမ်းပြီး

ပြန်လာတော့လည်း……"


နွယ် ဆက်ပြောချင်စိတ်မရှိတော့ပြီမို့ စကားကိုတစ်ပိုင်း

တစ်စဖြတ်ထားလိုက်ပြီး ရေချိူ းရန် ပြင်ဆင်နေလိုက်သည်

ဝါနုလဲ ဘာမှဆက်မမေးဖြစ်တော့ပဲ အလိုက်သိစွာ အခန်း

ထဲကနေ အသာ လှည့်ထွက်လာဖြစ်ပါသည်။


ဝါနုစိတ်ထဲတွင်ဖြင့် မမတို့နှစ်ယောက်ဟာ မိဘတွေသ

ဘောတူလို့ လက်ထပ်ခဲ့တာလား ဒါမှမဟုတ် တယောက်

နဲ့တယောက် ချစ်ကြိုက်လို့ ရွှေလက်တွဲခဲ့တာလား ဟူ

သော မေးခွန်းကို တယောက်ထဲအဖြေရှာလျက် မိမိအခန်း

ထဲ ဝင်ကာ ဘုရားသွားဖူးရန် ပြင်ဆင်ပါတော့သည်။


ဝါနု ဖြီးလိမ်းပြင်ဆင်နေချိန်တွင် နွယ်က အဆင်သင့်ဖြစ်နေ

လေပြီ။ဒီညအဖို့ နွယ်သည် ပြန်လာမယ်မထင်သော လူကို

စိတ်အဆင်းရဲခံပြီး စောင့်မနေတော့ပါ။


" ပြီးပြီလား ဝါနု "


နောက်လှည့်မကြည့်ပဲ ဝါနုအထင်ဖြင့် မေးလိုက်ပြီးကာမှ

နှာခေါင်းထဲ အရက်နံ့ရ၍ သူများလား သံသယစိတ်နှင့်

ဇာတ်ခနဲလှည့်ကြည့်လိုက်ရာ ထင်ထားတဲ့အတိုင်း သူ

ဖြစ်နေ၍ တည်ကြည်နေသော စိတ်လေး နောက်ကျိသွား

ရတော့သည်။


" ငါပြန်မလာဘူးထင်ပြီး မင်းက အပျိူ လုပ်နေတယ်……

ဟုတ်လား ခြူ းသက်နွယ် "


ယိုင်တိယိုင်နဲ့ခြေလှမ်းတို့ဖြင့် နွယ့်အနား တစ်လှမ်း

ချင်းတိုးလာသောအခါနွယ်သည် သူတိုးလာသောခြေလှမ်း

အပေါ်မူတည်ပြီး နောက်သို့ မသိမသာ ဆုပ်လိုက်သည်။


နောက်ဆုပ်ရင်း ဆုပ်ရင်း မိမိအနောက်တွင် နံရံသာရှိ

တော့သည်မို့ သူနှင့်ရင်ဆိုင်ဖို့ သတ္တိမွေးကာ လက်သီးနှစ်

ဖက် ကျစ်ကျစ်စုပ်ထားလေ၏။


" ဒါကဘယ်လဲ ဘယ်သွားမှာလဲ……ပြောကြည့်စမ််းပါအုံး "


ရာပြည့်သည် နွယ့်ပါးပေါ်တွင် လိမ်းခြယ်ထားသော ပါးကွက်ကြားလေးကို တွေတွေကြီးစိုက်ကြည့်လျက် မေး

လိုက်ခြင်းဖြစ်သည်။


" ပြောစရာမလိုဘူးထင်တာပဲ……ရှင်တောင် ဘယ်သွား

မယ် ဘာလုပ်မယ် ပြောသွားလို့လား……တညလုံးပြန်

မလာတဲ့လူကို ကျမ ဘက်ကလည်း တရေးတယူလုပ်ပြီး

ရှင်းပြနေစရာမလိုဘူး "


" လိုတာပေါ့……သိပ်လိုတာပေါ့……ငါ……ရာပြည့်ဆိုတဲ့ငါ

အဲ့ငါက……မင်းတို့သားအမိသိပ်လိုချင်လွန်းလို့ ထောင်

ဖမ်းခံရတဲ့ မင်းယောကျာ်းလေ "


" ရှင် တော်လိုက်တော့……"


ထောင်ဖမ်းခံရတာတဲ့လား။စွဲချက်ကပြင်းလှပါလား ဦးရာ

ပြည့်ရယ်။


" တော်ရမှာလား……ဟုတ်ကဲ့ခင်ဗျ……ကျတော် တော်

လိုက်ပါပြီ……ဒေါ်ခြူ းသက်နွယ်အလိုကျပါပဲ……"


တမင်ရွဲ့ပြီးပြောနေမှန်း နွယ်သိသည်။ထပ်ပြီး စကားမများ

ချင်တာနဲ့ သူ့အနားက နွယ်လှည့်ထွက်ရန် ကြိုးစားမိပါ

သည်။ကြိုးစားသော်လည်း ယောကျာ်းတယောက်ရဲ့အား

ကို အံမတုနိုင်သောအခါ နွယ်သည် သူ့လက်ထဲတွင်ရုန်း

မရအောင် မွန်းကျပ်လျက်………


---------------------------------------------------------------------


တစ်ယောက်တစ်ခွန်းစီ အော်နေသော အသံကြားရုံဖြင့်

အကိုလေးပြန်ရောက်နေမှန်း ဝါနုသိလိုက်ပြီ။ထိုအသိနှင့်

အတူ မင်္ဂလာဦးည ပြန်မအိပ်သည့်ကိစ္စကို မမ မကျေနပ်

ဖြစ်ကာ ပြသာနာရှာနေပြီဟု တထစ်ချ တွေးလျက် ဒီညဖြင့် ဘုရားမသွားရတော့ဘူးဟု ထင်ကာ ဝမ်းနဲလာ

သလို ဖြစ်လာသည်။လှလှပပ ပြင်ဆင်ပြီးကာမှ သဲထဲရေ

သွန်သလို မျှော်လင့်ချက်တွေ အရာမထင် ဖြစ်ခဲ့ရပြီ။


အကိုလေးပြန်လာပြီဆိုတော့ ညစားပြင်ဆင်ဖို့ရာ ဝါနု

တာဝန်ဖြစ်လာပြီ။နွှေးသင့်တာနွှေး ပြင်သင့်တာပြင်ရ

အောင် မီးဖိုဆောင်ထဲ လှပအောင်အစွမ်းကုန်ပြင်ထား

သော မျက်နှာလေးဖြင့် မသာမယာ ဝင်သွားလျှင်……


" သွားမယ် ဝါနု "


" ဟင်.……အကိုလေး "


" သူ အိပ်သွားပြီ……လာ သွားမယ် "


ဘုရားသွားဖူးဖြစ်တယ်ဆိုတော့ ဝါနု ကျိတ်ပျော်သွားပါ

သည်။မမရဲ့ မျက်နှာလေးကို ဝါနု မဝ့ံမရဲ ငေးကြည့်ဖြစ်

သည်။ငိုထားလို့လားမသိ……မမရဲ့ပါးမို့မို့တွင် လိမ်းခြယ်

ထားသော ပါးကွက်ကျားလေး ပျက်လုလုဖြစ်နေလေရဲ့။


" ဇော်လာပြီထင်တယ် "


နွယ်သည် ကားဟွန်းသံကြား၍ ဝါနုကို တကူးတက သွား

မဖွင့်ခိုင်းတော့ပဲ မိမိကိုယ်တိုင် ခြံထဲဆင်းကာ ကိုယ်တိုင်

သွားဖွင့်ပေးပါသည်။ကားစက်သတ်၍ ဇော်ကားပေါ်က

ဆင်းလာသည်နှင့် သူ့ကိုဖက်ကာ အားပါတရ ရှိုက်ကာငင်

ကာ ငိုကြွေးလေတော့သည်။ကားထဲတွင် မြတ်နိုးပါသည်

ကိုဖြင့် နွယ် သတိမထားမိခဲ့ပါ။မြတ်နိုးကိုယ်တိုင်ကလည်း

နွယ့်ကို သံယောဇဉ်ရှိသူဖြစ်လေရာ ဘာ့ကြောင့်အခုလို

ဖက်ပြီးငိုသလဲ သိနေ၍ ထွေထွေထူးထူး အူတိုစိတ်မဖြစ်

တော့ပဲ သူမပါ ဆင်းလာပြီး နွယ့်ကျောပြင်လေးအား လူ

ကြီးတစ်ယောက်လို သပ်လျက် ဖေးကူနှစ်သိမ့်ပေးနေပါ

သည်။


" နင်တို့ပြသာနာတက်ထားတာလား "


" ဘယ်လိုဖြေရမှန်းတောင်မသိတော့ဘူး……ပြသာနာက

အမြဲတက်နေတာပဲ……"


နွယ်သည် ဝါနုကို ကားပေါ်တက်ဖို့ မျက်လုံးဖြင့် အသိပေး

လိုက်သည်။အိမ်တံခါးတွေကို ပတ်ပတ်လည်ပိတ်ပြီး ဝါနု

တစ်ယောက် အကိုလေးကိုစိတ်မချဟန်ဖြင့် အပေါ်သို့တစ်

ချက်မော့ကြည့်ပြီး ကားထဲဝင်ထိုင်နေလိုက်ပါသည်။


" အခု ဘုရားသွားမှာလား "


" အင်း……"


" သူ့တယောက်ထဲထားခဲ့လို့ဖြစ်ပါ့မလား……"


" ဘာမဖြစ်စရာရှိလဲ……ငါပြန်လာတာတောင် သူ နိုးမှာ

မဟုတ်ဘူး……လူမှန်းမသိအောင်မူးရူးနေတာ ……ကား

တောင်မမောင်းနိုင်လို့ သူ့သူငယ်ချင်းလိုက်ပ်ို့ရတာ……

လွှတ်ထားလိုက်စမ်းပါ……သွားမယ် "



ဘုရားသွားဖူးဖြစ်တယ်ဆိုတော့ ဝါနု ကျိတ်ပျော်သွားပါ

သည်။မမရဲ့ မျက်နှာလေးကို ဝါနု မဝ့ံမရဲ ငေးကြည့်ဖြစ်

သည်။ငိုထားလို့လားမသိ……မမရဲ့ပါးမို့မို့တွင် လိမ်းခြယ်

ထားသော ပါးကွက်ကျားလေး ပျက်လုလုဖြစ်နေလေရဲ့။


" ဇော်လာပြီထင်တယ် "


နွယ်သည် ကားဟွန်းသံကြား၍ ဝါနုကို တကူးတက သွား

မဖွင့်ခိုင်းတော့ပဲ မိမိကိုယ်တိုင် ခြံထဲဆင်းကာ ကိုယ်တိုင်

သွားဖွင့်ပေးပါသည်။ကားစက်သတ်၍ ဇော်ကားပေါ်က

ဆင်းလာသည်နှင့် သူ့ကိုဖက်ကာ အားပါတရ ရှိုက်ကာငင်

ကာ ငိုကြွေးလေတော့သည်။ကားထဲတွင် မြတ်နိုးပါသည်

ကိုဖြင့် နွယ် သတိမထားမိခဲ့ပါ။မြတ်နိုးကိုယ်တိုင်ကလည်း

နွယ့်ကို သံယောဇဉ်ရှိသူဖြစ်လေရာ ဘာ့ကြောင့်အခုလို

ဖက်ပြီးငိုသလဲ သိနေ၍ ထွေထွေထူးထူး အူတိုစိတ်မဖြစ်

တော့ပဲ သူမပါ ဆင်းလာပြီး နွယ့်ကျောပြင်လေးအား လူ

ကြီးတစ်ယောက်လို သပ်လျက် ဖေးကူနှစ်သိမ့်ပေးနေပါ

သည်။


" နင်တို့ပြသာနာတက်ထားတာလား "


" ဘယ်လိုဖြေရမှန်းတောင်မသိတော့ဘူး……ပြသာနာက

အမြဲတက်နေတာပဲ……"


နွယ်သည် ဝါနုကို ကားပေါ်တက်ဖို့ မျက်လုံးဖြင့် အသိပေး

လိုက်သည်။အိမ်တံခါးတွေကို ပတ်ပတ်လည်ပိတ်ပြီး ဝါနု

တစ်ယောက် အကိုလေးကိုစိတ်မချဟန်ဖြင့် အပေါ်သို့တစ်

ချက်မော့ကြည့်ပြီး ကားထဲဝင်ထိုင်နေလိုက်ပါသည်။


" အခု ဘုရားသွားမှာလား "


" အင်း……"


" သူ့တယောက်ထဲထားခဲ့လို့ဖြစ်ပါ့မလား……"


" ဘာမဖြစ်စရာရှိလဲ……ငါပြန်လာတာတောင် သူ နိုးမှာ

မဟုတ်ဘူး……လူမှန်းမသိအောင်မူးရူးနေတာ ……ကား

တောင်မမောင်းနိုင်လို့ သူ့သူငယ်ချင်းလိုက်ပ်ို့ရတာ……

လွှတ်ထားလိုက်စမ်းပါ……သွားမယ် "


မြတ်နိုးနှင့်ဇော်သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးဝင့်ကြည့်ပြီး မတိုင်ပင်ထားပါပဲ သက်ပြင်းကိုယ်စီ

ချမိလိုက်ကြတော့သည်။ထို့နောက်သုံးယောက်သား ကား

ထဲ အသီးသီးဝင်ထိုင်ပြီး ရွှေတိဂုံဘုရားသို့ ဦးတည်ကာ

တဒင်္ဂ စိတ်ချမ်းသာဖို့ အေးအေးလူလူ ဘုရားဖူးရန် ခရီး

ဆက်ကြလေတော့၏။


----------------------------------------------------------------------


" ခြူ းသက်နွယ်………ဒေါ်ခြူ းသက်နွယ်……"


" ဟို……မမ အိပ်နေတယ်အက်ိုလေး……ဘာခိုင်းမလို့လဲ

ဟင်……ဝါနုကိုခိုင်းပါ "


ခြူ းသက်နွယ် ဟုခေါ်သံကြား၍ ဈေးသွားရန် ပြင်ဆင်နေ

သော ဝါနုသည် အပေါ်ကို ကမန်းကတမ်းတက်လာပြီး

မမတို့အခန်းဝမှနေ၍ လှမ်းပြောလိုက်ပါသည်။အကိုလေး

တစ်ယောက်ထဲရှိနေသည့် အခန်းထဲ ဝါနု မဝင်ချင်သော

ကြောင့် အခန်းဝကနေ လှမ်းပြောလိုက်ခြင်းဖြစ်၏။


" သူ့ကိုသွားခေါ် "


" ရှန် "


" သွားလေ……"


" ဟုတ် ဟုတ် "


သွားလေ ဟု မာထန်ထန် အော်လိုက်သောကြောင့် ဝါနု

ခမျာ မျက်နှာလေးအိုစာလျက် အောက်ဆင်းလာရပြန်

သည်။မမက အကိုလေးနဲ့ တစ်ခန်းထဲမအိပ်ချင်ဘူးဟု

ပြောလာသဖြင့် ဝါနုလဲ မိမိအလုပ်ရှင် စိတ်မချမ်းမသာ ဖြစ်

နေတာ လက်ပိုက်ကြည့်မနေနိုင်၍ ဝါနုအခန်းထဲ အိပ်ခိုင်း

လိုက်တာပင်။


" မမ……"


အိပ်ရေးတစ်ညပျက်ထားလို့ထင်ရဲ့။နွယ် အိပ်မောကျနေ

သည်။အိပ်နေတာများ ကွေးကွေးကလေးရယ်။အသက်က

လေး ပုံမှန်ရှုလျက် နှုတ်ခမ်းစေ့ရင်း မျက်လုံးမှိတ်ထားပုံက

တကယ့်ကို ချစ်စရာလေးရယ်။ဒီလောက်ချစ်ဖို့ကောင်းတဲ့

မိန်းခလေးရထားတာကို အကိုလေးက မကြင်နာပဲ ဘာ့

ကြောင့် ပြသာနာချည်း လှိမ့်ရှာနေပါလိမ့်။


" မမ……မမ "


ပါးစပ်က အော်နှိုးသော်လည်း မရ။မတတ်နိုင်တော့ဘူး

အော်နှိုးမရလည်း လှုပ်နှိုးဖို့သာ ရှိတော့သည်။အပေါ်မှာ

သောင်းကျန်းနေပြီမို့လား။ရာသီဥတုက လှိုင်းထန်အုံးမ

လား လေနီကြမ်းပဲတိုက်အုံးမလား ဒီတိုင်းလေးနဲ့ငြိမ်သွား

မလား မမှန်းဆနိုင်သေးဘူးလေ။


သေးသွဲ့သွဲ့ခါးလေးအား ဝါနုဆုပ်ကိုင် လှုပ်ရမ်းလိုက်မှ

နွယ် နိုးလာရှာသည်။


" အင်း……ဘာဖြစ်လို့လဲ ဝါနု "


အိပ်မှုံစုံမွှားဖြစ်နေသော်လည်း မသာမယာ ဖြစ်နေသော

ဝါနုမျက်နှာကိုကြည့်ကာ နွယ်မေးလိုက်ခြင်းဖြစ်သည်။


" အကိုလေးခေါ်နေတယ်……"


မျက်စိနှစ်လုံးပွင့်တာနဲ့ ပြသာနာရှာဖို့ပဲ ခေါင်းထဲရှိနေလား

်မသိ။နွယ်သည် ခြုံထားသောစောင်ကို ခေါက်ရင်း နှုတ်မှ

ပွစိပွစိ တယောက်ထဲရေ ရွတ်မြည်တီးနေသည်။


" ထားလိုက်ပါ……ဝါနုခေါက်လိုက်ပါ့မယ်……"


" ခြူ းသက်နွယ် "


" ဟော ကြားလား မမ……ခေါ်နေပြီ သွားပါတော့ "


ကိုယ့်ထက်ပင် ပိုကြောက်နေရှာသော ဝါနုကိုကြည့်ကာ

နွယ် ရယ်ချင်မိသည်။ခက်တာက နွယ် သူ့ကိုတစ်စက်

ကလေးမှ ကြောက်လို့မရတာပင်။


" မမ……ရယ်နေတယ်……"


ဝါနုက နားမလည်သလို ကြောင်အမ်းအမ်းကြည့်လျက် မျက်နှာသေလေးဖြင့် မေးလိုက်လျှင် နွယ်က သက်မတစ်

ချက်ရှိုက်ကာ……


" မရယ်ပဲ ငိုနေရမလား ဝါနုရဲ့ "


ထိုသို့ပြောပြီး ပြသာနာရှာရန် စောင့်ဆိုင်းနေသော ရာပြည့်ရှိရာ အပေါ်ကို နွယ် တက်သွားတော့သည်။ထင်

သည့်အတိုင်း တစ်ခန်းလုံးကို ဘယ်တပြန်ညာတပြန်

လျှောက်ကာ နွယ်အလာကို စိတ်မရှည်စွာ စောင့်နေသော

သူသည် နွယ့်ကိုမြင်သည်နှင့် ဝါးစားမတတ်ကြည့်ရင်း

အနားတိုးလာပါသည်။


" နေစမ်းပါအုံး…… မင်းက ငါ့မိန်းမ မဟုတ်ဘူးလား……ဒီ

အခန်းထဲမှာမရှိပဲ ဘယ်သူနဲ့သွားအိပ်နေလဲ……ညက ငါ

မူးတာကိုအခွင့်ကောင်းယူပြီး မင်း ဘယ်တွေသွားလဲ "


အပြစ်မရှိအပြစ်ရှာပြောနေမှန်း နွယ် သိပါ၏။အရေးမပါတဲ့

မေးခွန်းတွေအတွက် ပြန်ဖြေဖို့ နွယ့်မှာအချိန် မရှိပါ။သူထင်

သလို မဟုတ်တာ သေချာသည်။သူ့ဘာသာ ပြောချင်ရာ

ပြောပါစေဆိုပြီး နွယ် ငြိမ်နေလိုက်ပါ၏။


" ဘာလဲ……မင်းကငါ့ကို စကားတောင်ပြောချင်စိတ်မရှိ

ဘူးဆိုတဲ့သဘောလား……မင်းတို့သားအမိ ဖြစ်စေချင်

တဲ့အတိုင်း ဖြစ်သွားပြီဆိုတော့ ဒီကောင်ရာပြည့်ကို

ဂရုမစိုက်လဲ ဘာဖြစ်လဲပေါ့ ဟုတ်လား "


ထစ်ခနဲရှိ ဒီစကားနဲ့ပဲ အနိုင်ယူနေသော သူ့ကို နွယ်စိတ်

ကုန်လာသည်။


" ရှင်ပြောလို့ပြီးပြီလား "


" ဘာာာ "


" အပြစ်ရှာလို့ဝသွားပြီဆိုရင် ကျမ ဘက်ကလည်း ရှင်းစ

ရာရှိသေးတယ် "


" ဘာလဲ ပြော "


တညလုံး တနေ့လုံး သောက်ထားသောအရက်သည်

လူကို စိတ်မကြည်အောင် သွေးထိုးလှုံ့ဆော်ပေးနေရာ

မြင်မြင်သမျှ မိမိစိတ်နှင့်မတွေ့သကဲ့သို့ ဒေါသထွက်လွယ်

နေသည်။


" နေအုံး မပြောနဲ့အုံး……သံပုရာရည်အရင်သွားဖျော်……

ခေါင်းတွေ မတရားကိုက်နေတယ် "


နွယ်က သူ့ကို ဘုကလန့်စိုက်ကြည့်ပြီး ချက်ချင်းမျက်နှာလွှဲ

ကာ ကျောခိုင်း ထွက်လာခဲ့ပါသည်။ကျောခိုင်းလိုက်သည်

နှင့် နွယ့်ရဲ့ ရှည်လျားဖြောင့်စင်းနေသော ဆံနွယ်လေးတွေ

ကို သူလွမ်းမောစွာ ငေးကြည့်နေဖြစ်သည်။တစ်ချိန်က သူ

အလွန်မြတ်နိုးခဲ့ဖူးသော အရာတွေထဲတွင် နွယ့်ဆံနွယ်

လေးသည် ထိပ်ဆုံးက ဖြစ်ခဲ့သည်။


အခုတော့………သူအကြံရသွားပြီ။နွယ်နဲ့ပက်သတ်တဲ့

အရာမှန်သမျှ သူ မုန်းတီးပစ်ချင်လာသည်။တည်နေသော

နှုတ်ခမ်းသည် တွေးနေဆဲအကြံကြောင့် တဖြေးဖြေး ပြုံးမိ

လာသည်။နှုတ်ခမ်းတွင်ပြုံးနေသောလည်း မျက်ဝန်းနှစ်စုံ

ကဖြင့် မကျေနပ်သည့်အသွင် ဖော်ဆောင်လျက် ရှိနေ၏။


မကြာခင် သံပုရာရည်ခွက်ကို ဗန်းလေးထဲထည့်၍ နွယ်

ပြန်ဝင်လာသည်။သူ့ရှေ့ ခွက်ကိုထိုးပေးလိုက်သောအခါ

ချက်ချင်းမယူသေးပဲ နွယ့်ကို မော့ကြည့်လိုက်သေးသည်။

နောက်မှ ကမ်းပေးတဲ့ သံပုရာရည်ကို လှမ်းယူပြီး တစ်ငုံ

သောက်လိုက်သည်။


" ချဉ်စုပ်နေတာပဲ……ဘယ်လိုဖျော်ထားတာလဲ "


အမှန်တော့ ရမယ်ရှာနေတာဖြစ်သည်။အသောက်များ

ထားသည့်အရှိန်သည် အချဉ်ဓါတ်ကဲသော သံပုရာရည်နှင့်

သာ အဆင်ပြေနိုင်မည်ဆိုတာ သူရော စေတနာနဲ့ဖျော်

ပေးသူ နွယ်ရော သိကြသည်။တမင်သက်သက် အပြစ်ရှာ

နေမှန်း နွယ်သိရာ ဘာမှမပြောပဲ မျက်နှာတစ်ဖက်လှည့်

လျက် မသိချင်ယောင်ဆောင်နေလိုက်သည်။


" တော်ပြီကွာ မသောက်တော့ဘူး "


ရာပြည့်သည် ဖန်ခွက်ကို အနီးနားရှိ မှန်တင်ခုံတွင် စောင့်

ချလိုက်ပြီး ဘုဆတ်ဆတ်ကြည့်နေသော နွယ့်အား စူးရှရှ

ပြန်ကြည့်လိုက်သည်။


" မသောက်တော့တာသေချာတယ်နော် "

ထပ်ဆင့်မေးလာသော နွယ့်အမေးကို သူက နှုတ်မှမဖြေပဲ
တင်းမာထားသည့်မျက်နှာအား ပို၍ တည်ထားလိုက်သော
အခါ နွယ်သည် ဖန်ခွက်ကိုလှမ်းယူပြီး ဝရံတာနားသွား
ကာ သွန်ချပစ်လိုက်လေတော့သည်။

အဲ့လိုအရွဲ့တိုက်တတ်တဲ့ အကျင့်လေးတွေသည် နွယ့်မှာ
ရှိနေသေးသည်။လျှပ်တပြတ်အတွင်း နွယ်လုပ်သွားသော
အပြုအမူတွေကို သူကြည့်ပြီး တစ်ချိန်က အဖွားအိုတစ်ဦး
ကို သူ့ဆေးခန်းခေါ်လာလျက် သူ မတင်မကျဆက်ဆံ
သောအခါ အရွဲ့တိုက်ခဲ့ပုံလေးကို မြင်ယောင်လာသည်။

မြင်ယောင်လာသည့်အတိုင်း တမင်တည်ထားသော
မျက်နှာတွင် ခက်ထန်မှုပျောက်ကာ အနဲငယ်ပျော့ပျောင်း
လာလျက် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် မသိမသာကွေး
ကာ သွားပါသည်။တဒင်္ဂအတွင်း ခေါင်းနောက်နေသော
ဝေဒနာသည် ချက်ချင်းပျောက်ကွယ်သွားသည်မှာ ထူးဆန်းလှပါဘိ။

ဟာ……ငါဘာတွေ တွေးနေမိပါလိမ့်။မဖြစ်ဘူး……မဖြစ်ဘူး။

တစ်ယောက်ထဲတွေး တစ်ယောက်ထဲခေါင်းတွေခါလျက်
အလုပ်ရှုပ်နေသော သူ့ကို နွယ်က ဝရံတာနားကနေ လက်
ပိုက်ကြည့်နေမိသည်။

" သူနဲ့ငါ တသက်လုံး ဒီလိုနေသွားလို့ ဖြစ်ပါ့မလား……
အရွဲ့တိုက်မိတာ မှားပြီထင်ပါရဲ့ "

ထိုသို့တွေးပြီး နွယ်ကလဲ သူ့ကိုကြည့်စဉ် သူကလဲ နွယ့်ကို
ပြန်ကြည့်စဉ်နှင့် အကြည့်နှစ်ခု ထိပ်တိုက်တွေ့ဆုံကာ
နှစ်ယောက်သား ရှောင်လွှဲဖို့ မေ့နေကြတော့သည်။(next)...


rate now: