💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
" မယူနိုင်သေးဘူး ဒယ်ဒီ "
မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့် ဦးဟံသာစိုး မျက်
မှောင်ကြုတ်လိုက်မိသည်။တစ်ဖက်အစွန်းတွင် ခြေစုံရပ်
လျက် သူမှန်တယ်ထင်နေသော သားဖြစ်သူအား အကြည့်
စူးစူးဖြင့် စိုက်ကြည့်ကာ ပြောလာသည်။
" ယောကျာ်းဆိုတာ မိမိလုပ်ခဲ့တဲ့ အမှားတစ်ခုကို
မကြောက်မရွံ့ပြန်ပေးဆပ်ရမယ်……နောက်တစ်ခုထပ်
ပြောမယ် တာဝန်သိစိတ်ဆိုတာ ဘယ်သူကမှ မွေးထဲက
ပါလာတာမဟုတ်ဘူး……လူဆိုတဲ့ခေါင်းစဉ်အောက်က
နေ မိမိကိုယ်မိမိ ငါဟာ လူတစ်ယောက်ပါလားလို့ သိမြင်
တဲ့လူတိုင်း မိမိလုပ်ရပ်ကို တာဝန်ယူရဲရတယ် "
" မဟုတ်သေးဘူး ဒယ်ဒီ…ကျတော်မကျူ းလွန်မိတဲ့အပြစ်
တစ်ခုအတွက်……"
" တော်လောက်ပြီ ရာပြည့်……ငါစီစဉ်တဲ့အတိုင်း မင်း
လက်ခံရမယ်……မင်းကိုနားချနေတာမဟုတ်ဘူး……
ဆွေးနွေးနေတာလဲ မဟုတ်ဘူး……ဖြေရှင်းပေးတဲ့
အတိုင်း တသွေမတိမ်း လိုက်နာစေချင်တာ..…ရှောင်
ပြေးမယ့်လုပ်ရပ်ကို အခုရပ်ပါ……ပြောထားတဲ့အတိုင်း
ဆန့်ကျင်နေမယ်ဆို သားကို တရားပြန်စွဲတဲ့ အဖေတစ်
ယောက်အဖြစ် မင်းနဲ့ ငါ ပြန်ဆုံရလိမ့်မယ် "
" ဒယ်ဒီ……"
ဦးဟံသာစိုးသည် ရာပြည့်ဆက်ပြောလာမယ့်စကားတွေ
ကို လက်တစ်ဖက်ကာပြပြီး ရပ်တန့်စေလျက် ထိုင်ရာမှ
ခပ်လေးလေးထကာ ဖဲတကာလှည့်ရိုက်နေသော ကေသီ
ထံ ဖုန်းဆက်ရန် ၎င်းအခန်းထဲဝင်သွားပါသည်။ရာပြည့်မှာ
သာ ထိုင်လျက်အသက်မဲ့သူပမာ ရှေ့ဆက်လျှောက်ရမယ့်
အနာဂတ်ခရီးကို မှန်းဆကြည့်ရင်း စိတ်မောလာသည်။
ကိုယ်တိုင်မကျူ းလွန်မိတဲ့ အမှားတစ်ခုအတွက် ပေးဆပ်ရ
မယ့်အပြစ်ဟာ ထင်ထားတာထက် ပိုကြီးမားနေပါလား
တွေးမိရင် မဆီမဆိုင် မထားနဲ့နွယ့်ကို မျက်မုန်းကျိူ းမိ
လာသည်။တစ်ခါတစ်ရံ နွယ့်အပေါ်ထားရှိခဲ့တဲ့ ချစ်ခြင်းတွေကို သူ အသဲအသန် ပြန်လိုက်ရှာနေမိ၏။
စိတ်ပျက်စရာကောင်းတာတစ်ခုက နွယ့်မျက်နှာမြင်တိုင်း
ကြောက်စရာကောင်းသော ဖြစ်စဉ်တစ်ခုဟာ မတွေးပါပဲ
ခေါင်းထဲဝင်လာပြီး ထိုဖြစ်ရပ်နှင့်အတူ သူမကိုပါ ရောတွဲ
မုန်းတီးပစ်ချင်လာသည်။သူ့အတွက် အရောင်ခြယ်ထားတဲ့
သိက္ခာတရား ပြယ်လွင့်သွားခြင်းသည် သူမကြောင့်လို့
တထစ်ချ ယုံကြည်နေမိရာ ထိုယုံကြည်မိသည့် ဥပါဒါန်
အစွဲသည် နွယ့်အပေါ်ချစ်ခဲ့တဲ့စိတ်တွေကို တစစီဆွဲဖြုတ်
နှုတ်ယူသွားသလို တစစ ပျောက်ကွယ်သွားလေပြီ။
အခုလည်း ဒယ်ဒီပြောသွားသော အမိန့်ဆန်ဆန် စကား
လုံးတွေကြောင့် နွယ့်ဆီ ဖုန်းဆက်ဖို့ အကြောင်းဖန်လာရ
တော့သည်။အမှန်စင်စစ် သူ့ဖုန်း၏ Contact name
တွင် ခြူ းသက်နွယ်ဟူသော နာမည်လေး ဖျက်ပစ်ခဲ့တာ
ကြာပါပြီ။သို့သော် သူ့ဦးနှောက်တွင်ဖြင့် သူမရဲ့ဖုန်းနံပါတ်
လေးသည် မေ့ချင်ပါသော်လည်း မေ့မရဖြစ်နေခဲ့သည်။
သူမ ဖုန်းနံပါတ်ကို တစ်လုံးချင်းစီနှိပ်မိတဲ့အချိန်တွင် တစ်
ချိန်က ချစ်ခဲ့ကြသော အချိန်လေးသည် အတွေးထဲ ဖိတ်
မခေါ်ပါပဲ တရေးရေးမြင်ယောင်လာသဖြင့် ခေါင်းကိုခါ
လိုက်မိသည်။တစ်ခါခေါ်လဲ မကိုင် နှစ်ခါခေါ်လဲမကိုင်၍
သူ စိတ်ပျက်လာသည်။အရင်ကဆို ဖုန်းတစ်ခါခေါ်လို့
သူမဘက်က ချက်ချင်းမကိုင်လျှင် သူ့မှာ ပျာယာခတ်နေ
တတ်သည်။အခုများ ပျာယာခတ်ဖို့နေနေသာ စိတ်တောင်
တိုနေသေး၍ ရာပြည့်ဆိုတဲ့ ကောင်ဟာ ဘယ်လိုလူစား
လဲ မိမိကိုယ်မိမိ နားမလည်နိုင်ဖြစ်လာသည်။
ဒယ်ဒီပြောသလိုပဲ သူဟာ တစ်ဖက်အစွန်းကိုရောက်နေ
တဲ့ လူလား။မဟုတ်သေးဘူး……သူ့မာန သိက္ခာကို ဘာ
အကြောင်းနဲ့မှ ထိခိုက်အပွန်းပဲ့မခံနိုင်တဲ့ တရားလွန်ရော
ဂါလေးရှိနေတာ။နွယ့်ထက်ကို သူ့မာန သိက္ခာတွေကို
ပိုချစ်သွားတာ။ဟုတ်တယ်..…သူများ တံတွေးခွက်မှာ ပက်
လက်မျောမယ့် ခပ်ညံ့ညံ့ ရာပြည့် တော့ သူမဖြစ်ချင်ပါဘူူး။
" ဟဲလို "
တွေးချင်ရာ လျှောက်တွေးနေသော သူသည် တစ်ဖက်က
ဟဲလိုဟူသော အေးစက်စက်အသံကြောင့် လက်ရှိ စက်
ကွင်းထဲ ပြန်ရောက်သွားကာ မူရင်း အသိစိတ်တို့ပြန်ဝင်
လာသည်။ဒီအသံလေး မကြားရတာ ဘယ်လောက်ရှိသွား
ပြီလဲ။
" မင်းနဲ့ငါ လူချင်းတွေ့ဖို့ လိုအပ်လာပြီ "
" ရှင် "
" မနက်ဖြန်……"
တွေ့နေကျနေရာမှာ ကိုယ်စောင့်နေမယ်လို့ နှုတ်က ထွက်
တော့မည့်ဆဲဆဲ အသိစိတ်တို့၏ ထိန်းချူ ပ်မှုကိုခံလိုက်ရ၍
မနက်ဖြန် တင် တစ်ဆို့သွားရသည်။
" မနက်ဖြန်……"
" ကိုကိုနဲ့ ဆုံနေကျနေရာလေးမှာ နွယ်စောင့်နေပါ့မယ်
အချိန်သာပြောပါ……"
ကိုကိုတဲ့လား……။ဒီခေါ်သံလေးသည် မာတင်းခက်ထန်
နေသော စိတ်တို့ကို တခဏအတွင်း ပျော့ပျောင်းသွား
အောင် ဖမ်းစားနိုင်ခဲ့လေပြီ။
" မနက်ကိုးနာရီ လာခဲ့ပါ "
ပြောပြီးတာနဲ့ သူ ဖုန်းမြန်မြန်ချ လိုက်ရသည်။ဒီ့ထက်ပိုပြီး
ပြောမိလျှင် မေ့ထားသော အတိတ်တို့သည် တစစီပြန်
ပေါ်လာတော့မှာ သေချာသည်။
တော်လောက်ပါပြီ……ရင်နာစရာကောင်းသော အတိတ်ကို သူ မေ့ပစ်ချင်ပါပြီလေ………
----------------------------------------------------------------------
" မင်း သူနဲ့တကယ်သွားတွေ့မှာလား "
ဇော်ကမေးတော့ နွယ် မျက်လုံးလေး ဝင့်ကြည့်လျက်
ခြောက်ကပ်ဖျော့တော့သော နှုတ်ခမ်းလေးဖြင့် ပြုံးပြသည်။
" အင်း……"
နွယ်သည် ကိုကို့ဘက်က ဆက်သွယ်လာမည့် အချိန်တစ်
ခုကို ရိုးရိုးသားသား မျှော်လင့်စောင့်စားနေခဲ့သူဖြစ်သည်။
တကယ်ဆက်သွယ်လာတာဟာ ကောင်းသော ဆက်
သွယ်ခြင်းမဟုတ်မှန်း နွယ်သိခဲ့လျှင် ခံနိုင်ရည်ရှိပါ့မလား
ဇော် တွေးပူမိသည်။
အန်တီထားနဲ့ ဇော်သည် နွယ့်အတွက် ဗီလိန် လုပ်ခဲ့ရတဲ့ ဇာတ်လမ်းကိုတော့ သူမ မသိသေးပါ။သိခဲ့ရင်ရော ဘာ
တွေဆက်ဖြစ်လာနိုင်မလဲ။
" ပျော်နေတာလား နွယ် "
" ပျော်တယ်လဲမဟုတ်ပါဘူး……ငါ့ယုံကြည်ချက်လေး
တကယ်ဖြစ်လာလို့ ပျော်နေတာ "
" နင့်ယုံကြည်ချက် "
" အင်း……ငါ့ယုံကြည်ချက်က ဘာလဲ နင်သိလား……"
ဇော်သည် ခေါင်းကို ဖြေးညှင်းစွာ ခါရမ်းပြရင်း နွယ့်အား
ဂရုဏာသက်ကာ ငေးကြည့်နေဖြစ်သည်။
" ငါ့ယုံကြည်ချက်ကလေ……ကိုကို ငါ့အပေါ် တကယ်ချစ်
ခဲ့တာလို့ စွဲစွဲမြဲမြဲ ထင်မှတ်နေတာပါပဲ……သူ ငါ့ကိုတနေ့
ဆက်သွယ်လာလိမ့်မယ်လို့ငါယုံကြည်နေတာ……ခုတွေ့
လား……သူငါ့ကို ပြန်ဆက်သွယ်ပြီ "
နွယ်သည် ပြောလဲပြော ဇော့်ပါးနှစ်ဖက်ကို သူမ လက်ဖဝါး
လေးဖြင့် ဖိကပ်ကာ ပေါ့ပါးစွာ ပျော်နေဟန်ရှိသည်။ဇော့်
မှာဖြင့် နွယ့်ရှေ့တွင် သက်ပြင်း ဘယ်နှစ်ခါ ချမိမှန်းမသိ
အောင် အာရုံတွေ ထွေပြား၍ နေပါ၏။
" မြတ်နိုးကို အဖော်ခေါ်သွားမလား "
" ဟင့်အင်း……"
" ငါလိုက်ပို့မယ် နွယ် "
" ခ်ခ် ပို့လို့တော့ရတယ်……"
" ဘာရယ် "
" ငါ ကိုကိုနဲ့ပြောစရာတွေအများကြီးရှိတယ်ဇော်ရဲ့……ငါ
လေ သူ့ကိုအရမ်းချစ်တာပဲသိလား……ဒီတော့ သူ တနေ့
ငါ့လက်ကိုဆွဲပြီး လူပုံအလယ် မျက်နှာပြလို့ရအောင် ငါ
ကြိုးစားတော့မယ်……သူ့ကိုငါ့ကြောင့် အရောင်မမှိန်ချင်
တော့သလို ငါကိုယ်တိုင်လည်း အသဲကွဲရမှာကြောက်
သွားပြီ……ပြောရ ရင်တော့ဟာ ငါ့မာနတွေကို ကိုကို့
အပေါ်ပုံအပ်မိတဲ့ ငါ့ချစ်ခြင်းတွေက အနိုင်ယူသွားပြီ "
" အေးပါကွာ "
နွယ်သည် ချောင်ကျနေသော မိမိမျက်နှာကို အလှပဆုံး
ဖြစ်အောင် အနုစိတ်ခြယ်မှုန်းနေသည်။မှန်ထဲတွင်ပေါ်လာ
သောပုံရိပ်ကို မျက်တောင်မခတ်စိုက်ကြည့်ရင်း ငါတော်
တော်ပိန်သွားပါလားတွေးကာ ပြုံးမိသေးသည်။ပြီးလျှင်
ခပ်ဖြေးဖြေးထကာ အိမ်ပြောင်းစဉ်တုံးက ပုံမပျက်သယ်
ဆောင်လာသည့် အဝတ်အိတ်နားသွားကာ သင့်တော်
မည်ထင်သော ဂါဝန်တစ်ထည်ထုတ်ယူလိုက်သည်။
" အဲ့ဂါဝန်မလှဘူး……အရမ်းပွလွန်းတယ် မယုံရင်ဝတ်
ကြည့်……"
နွယ်က မျက်လုံးလေးထောင့်ကပ်လျက် ဇော့်အား ဆရာ
ကြီးလားဟူသည့်သဘောမျိူ းဖြင့်ကြည့်ကာ ဝတ်ရန် ရည်
ရွယ်ထားသော ဂါဝန်ကို ပြန်ထည့်ပြီး တခြားအထည်ငုံ့
၍ ရွေးနေလေသည်။
" ရော့……ဒါလေးဝတ် "
ဇော်ရွေးပေးသော ဂါဝန်လေးကိုကြည့်ပြီး နွယ် ပြုံးလိုက်ပါ
သည်။ပြုံးရတဲ့အကြောင်းက ဒီလိုလေ……။ဇော် ဝတ်ခိုင်း
တဲ့ ဂါဝန်လေးသည် မနှစ်က နွယ့်မွေးနေ့တုံးက မွေးနေ့
လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး နွယ်ကိုယ်တိုင်တစ်ခါ
မှ မဝတ်ရသေးသောကြောင့်ဖြစ်၏။ဂါဝန်လေးမှာ အနီရင့်
ရင့်ရောင်ဖြစ်ပြီး ခါးထိကျပ်ကျပ်လေးနှင့် အောက်ပိုင်းတွင်
ခပ်ဝဲဝဲလေးဖြာကျနေတာ ဖြစ်သည်။နွယ် ဝတ်ဆင်လိုက်
သည့်အခါ ရိုးရိုးလေးနှင့် ဆန်းဆန်းလေး လှနေသည်။
" သွားမယ် "
ကိုယ့်ကိုကိုယ် စိတ်တိုင်းကျလောက်ပြီဟု ယူဆထားမှ
ဇော့်လက်အားဆွဲကာ သွားမယ်ဟုပြောလိုက်သည်။
မထိမတွေ့ရတာကြာပြီဖြစ်သော အပြင်လောကသည်
နွယ့်အား အပြုံးဖြင့် ဆီးကြိုနေသလို ခံစားရ၍ မိမိကိုယ်
တိုင် လန်းဆန်းခြင်းကို အသိအမှတ်ပြုသလို ရင်ထဲသော
ကမီးတွေ ပျောက်ချင်းမလှ ပျောက်ကုန်လေသည်။
ဘယ်နေရာကိုကြည့်ကြည့် အရာရာတိုင်းသည် နွယ့်အ
တွက် တမင်အလှဆင်ထားသလို လှပ သပ်ရပ်နေသည်။
ကို့ကို မျက်နှာကို တဝကြီးငေးကာ စကားတွေ အများကြီး
ပြောပစ်မယ်ဟု စိတ်ကူးလျက် နွယ် ပျော်လာသည်။
ဒီနေ့ကျမှ ဇော့်ရဲ့ကားက မောင်းနှုန်းနှေးသလို ခံစားမိ
သည်။နွယ်ပဲ ရောက်ချင်စိတ် များနေလို့လား မသိပါဘူး
လေ………
---------------------------------------------------------------------
" ငါစောင့်ပေးရမလား "
" ရပါတယ်ဆို……သွားပြီ……တာ့တာ "
နွယ်သည် ကလေးတစ်ယောက်လို ဖြူ စင်တဲ့မျက်နှာလေး
ဖြင့် ဇော့်အားနှုတ်ဆက်ပြီး သူတို့နှစ်ယောက်အမြဲထိုင်
တတ်တဲ့ ကော်ဖီဆိုင်လေးထဲကို သွက်လက်သော
ခြေလှမ်းတို့ဖြင့် တစ်လှမ်းချင်း ဝင်သွားပါသည်။နွယ့်ကျော
ပြင်လေးကို ငေးရင်း ရင်တမမ ကျန်ခဲ့သူမှာ ဇော်ဖြစ်ပြီး
ထိုဆိုင်ကပြန်ထွက်လာသောအခါ အခုလို သွက်သွက်
လက်လက် ပြုံးပြုံးရွှင်ရွှင် ပြန်ထွက်လာပါ့မလား တွေးပူ
နေတာလဲ ဇော်ပင်ဖြစ်သည်။
နွယ်ကတော့ ဒီဆိုင်လေးရောက်လေတိုင်း လူမြင်မှာစိုး၍
ချောင်ကျကျနေရာတွင် ထိုင်တတ်သော ကိုကို့အကြောင်း
ကိုပြန်တွေးမိကာ ယခုလည်းပဲ ကိုကိုအမြဲရွေးထိုင်တတ်
တဲ့ နေရာလေးကို ရွေးကာ ကိုကိုလာမယ့်လမ်းကို ရင်ခုန်
စွာထိုင်စောင့်နေပါသည်။ကိုကိုရော နွယ့်ကိုလွမ်းတဲ့စိတ်
နဲ့ ပိန်သွားလေမလား။ဘာလိုလိုနဲ့မတွေ့ရတာ တစ်လ
ပြည့်တော့မှာပါလား။တစ်လဆိုတဲ့အချိန်ကာလတစ်ခုမှာ
ကိုကို့စိတ်တွေ အနဲထိုင်သွားလောက်ပါပြီ။အနဲထိုင်သွား
တဲ့ စိတ်ထဲမှာ နွယ့်ကိုချစ်တဲ့အချစ်တွေ ပါမသွားပါစေနဲ့
လို့ ဆုတောင်းမိပါရဲ့ ကိုကိုရယ်။
ဟော……ကိုကိုလာပြီ။ကိုကိုသည် ဘယ်သူ့ကိုမှ ဂရုမစိုက်
တဲ့ဟန်ဖြင့် နွယ်ရှိရာဆီ တစ်လှမ်းချင်း လှမ်းလာပါသည်။
ကိုကိုနဲ့နီးလာလေ နွယ် ရင်ခုန်ရလေ။
" ကိုကို့တွက် နွယ် ကော်ဖီမှာထားတယ် "
" ကော်ဖီသောက်ဖို့လာတာမဟုတ်ဘူး ခြူ းသက်နွယ် "
တွေ့တွေ့ချင်း ပြောလိုက်သော စကားဦးကြောင့် နွယ့်ရင်
ထဲ ဆတ်ခနဲ နာကျင်သွားရသည်။
" လိုရင်းတိုရှင်းပဲပြောမယ်……မင်းတို့သားအမိက သိပ်
လောဘကြီးပါလား ခြူ းသက်နွယ် "
" ဘာတွေပြောနေတာလဲ ကျမ နားမလည်ဘူး "
" သြော်……နားမလည်ဘူးတဲ့လား……အင်းပေါ့……
ငါ့ရှေ့ရောက်ရင် မခုတတ်တဲ့ကြောင်လေးပေါ့……ကွယ်
ရာကျမှ မာယာတွေတစ်သီတတန်းကြီးနဲ့ "
" တော်တော့ ဦးရာပြည့်……ရှင်ဘာပြောချင်တာလဲ
တည့်တည့်ပြော……သွယ်ဝိုက်ပြီးပြောမနေနဲ့ "
" ကောင်းပြီ……ဒါဖြင့်လဲပြောရတာပေါ့……ငါမင်းကို
လက်မထပ်နိုင်ဘူး……ငါ့ကိုပိုင်ဆိုင်ဖို့ ကြိုးစားနေတာ
တွေ ရပ်ပါ……မင်းအမေ ဘာခြေလှမ်းတွေ လှမ်းနေလဲ
ငါအကုန်သိတယ်……ငါတို့ချင်းဖြစ်တဲ့ကိစ္စမှာ ဘာ
အတွက် ငါ့အဖေကိုဆွဲထည့်တာလဲ……မင်း ယောကျာ်း
သိပ်ရှားနေလား ဟမ် "
လက်ညှိုးငေါက်ငေါက်ထိုးပြီးပြောသွားသော စကားလုံး
တွေကို စိတ်မနာပေမယ့် အဆုံးသတ်စကားကို
နွယ် ကြားပြီးချိန်မှာဖြင့် ဖွက်ထားသော လက်သည်းတွေ
ထွက်ချင်လာသည်။လူတိုင်းမှာ ကိုယ်စီကိုယ်ငှ အစွယ်လေးတွေ ရှိကြတယ်ဆိုတာ မေ့နေသလား ဦးရာ
ပြည့်။
" သြော……"
သြော တစ်လုံးကို နွယ် ခပ်လေးလေး ဆွဲဆွဲငင်ငင်လေး
ပြောပြီး မတ်တပ်ထရပ်လိုက်သည်။ပြီးမှ အသိစိတ်လွတ်
နေတာလား အစွန်းရောက်စိတ်နဲ့ရူးသွားတာလား မသိတဲ့
တစ်ချိန်က အသက်ထက်မက ချစ်သူကို နောက်ဆုံးအ
ကြိမ် ဆွေးဆွေးမြေ့မြေ့တစ်ချက်ငုံ့ကြည့်လိုက်သည်။ကြည့်လို့ဝမှ နွယ့်ရဲ့မျက်နှာတွင် သူ စော်ကားလိုက်လို့
ဖြစ်ပျက်သွားတဲ့ ဒေါသကို အခြေခံပြီး တစစ နီရဲလာလျက်
အံကိုတင်းတင်းကျိတ်ကာ စူးရှနာကျင်သောအကြည့့်ဖြင့်
မျက်တောင်မခတ် ထပ်ကြည့်သည်။
" စိတ်ချပါ ဦးရာပြည့်……ရှင် မမျှော်လင့်ထားတဲ့ အခြေ
အနေတွေ ရောက်လာအုံးမှာပါ……ရှင်ပြောသလိုပဲ
ကျမအတွက် ယောကျာ်းရှားတယ် ……ခွင့်ပြုပါအုံး "
မဲ့ပြုံးမဟုတ်သော နာကျင်အပြုံးကို သူမြင်အောင် အချိန်
အတော်ကြာအောင် ပြုံးပြပြီး လှည့်ထွက်လာဖြစ်သည်။သူ့
ကိုကျောခိုင်းလိုက်တဲ့အချိန်ကစပြီး ကြိုးစားတည်ဆောက်
ထားသော စိတ်တို့သည် ယိုင်နဲ့ပြိုကွဲချင်လာသည်။တင်းခံ
ထားသော မျက်ရည်တို့သည် ဝဲရာကနေ ဒလဟောစီးကျ
လာသည်။နွယ် လှမ်းလိုက်မိတဲ့ ခြေလှမ်းတို့၏ ဦးတည်ရာ
သည် အဓိပ္ပါယ်မဲ့နေသလိုလို။
ဟူး……ငါယိုင်လဲလို့မဖြစ်သေးပါဘူး။ရှေ့ဆက်ရမယ့် ဘဝ
ခရီးလမ်းတွင် မိမိကိုမလိုလားတဲ့သူနှင့် သူမကမ်းလဲ ကိုယ်
ဖမ်းဆုပ်ထားရအုံးမည်။ကြည်နူးခြင်းတွေ ပျောက်ဆုံးနေ
တဲ့ နှစ်ယောက်တဘဝကို အမုန်းတွေ နာကျင်ခြင်းတွေ
အငြိုးအတေးတွေ လက်တုံ့ပြန်မှုတွေ နှင့် တည်ဆောက်ရ
အုံးမည်။
နာအောင်လုပ်ရင် နာတတ်တဲ့ လူတွေရဲ့သဘောတရား
ကို ဦးရာပြည့်မေ့နေတာ သိပ်သနားဖို့ကောင်းပါရဲ့။
သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆို
ရင် ကျမ ခံစားခဲ့ရတာတွေအတွက် ပေးဆပ်မှုတစ်ခုတော့
ရှင့်ဆီက ရသင့်တယ်ထင်ပါရဲ့။
---------------------------------------------------------------------
ဒီလိုနဲ့ ရာပြည့်နှင့် မိနွယ်တို့၏ မင်္ဂလာပွဲသည် ဦးဟံသာစိုး
အကူအညီကြောင့် မျက်နှာပန်းလှခဲ့သော်လည်း ကာယကံ
ရှင်နှစ်ဦး၏ မျက်နှာတွေမှာဖြင့် ပျော်ရွှင်ခြင်း ပျောက်ဆုံး
လျက် အသက်မဲ့နေသောအပြုံးတုကို မြင်သမျှလူပြုံးပြရင်း
ဧည့်ခံပွဲအမြန်ပြီးပါစေလို့ ကိုယ်စီဆုတောင်းလျက် တစ်
ယောက်ကိုတစ်ယောက် စောင်းချိတ်အကြည့်တွေဖြင့်
မကျေနပ်မှုကို ဖော်ကျူ းနေကြလေသည်။
ရာပြည့် မင်္ဂလာပွဲတွင် မသာမယာမျက်နှာဖြင့် ထိုင်နေကြ
သူသုံးဦးရှိ၏။တစ်ယောက်ကတော့ ဒေါ်ကေသီဖြစ်ပြီး
ကျန်နှစ်ယောက်မှာဖြင့် ပန်ပန်နှင့် သူမရဲ့စပိုင် နော်ခမ်းမူ
သာဖြစ်သည်။ဒေါ်ကေသီမှာ ခင်ပွန်းစကားကိုမလွန်ဆန်
နိုင်၍ နွယ်နှင့် သဘောတူလိုက်ရသော်လည်း စိတ်ထဲတွင်
အောက်သီးအောက်သပ်ဖြစ်ကာ မကျေမနပ်ဖြစ်နေသည်။
တစ်ဖက်ဝိုင်းတွင် သရက်သီးပုပ်ပမာ ညိုမဲစွဲနေသော
မျက်နှာထားပိုင်ရှင် ပန်ပန်ကိုကြည့်ပြီး အားတုံ့အားနာ
ဖြစ်ကာ သက်ပြင်းသာ အတွင်တွင် ချမိတော့သည်။
မထားကဖြင့် ဒေါ်ကေသီ၏ မရှုနိုင်မကယ်နိုင် ဟန်ပန်ကို
ကြည့်လျက် သဘောတွေ့ကာ ဝမ်းတွင်းကျိတ်ရယ်မိပါ
သည်။ထိုသို့သော သူတို့၏ ကိုယ်စီကိုယ်ငှ ခံစားချက်တွေ
ကို သိပါရဲ့နဲ့ မျက်နှာလွှဲထားသူမှာ ဦးဟံသာစိုးဖြစ်၏။
ဦးဟံသာစိုးသည် နွယ့်ကိုမြင်ထဲက သဘောကျသလိုရှိ
သည်။မိန်းမကောင်းတစ်ယောက်ဆ်ိုတာလည်း ယုံကြည်
၏။ယုံကြည်လို့သာ သားဖြစ်သူ ကိစ္စကို သိသော်လည်း
မသိသလို နေပေးခဲ့သည်။တကယ့် တကယ်ဖြစ်လာတော့
သားသမီးချင်းကိုယ်ချင်းစာစိတ်ကြောင့် အမုန်းခံပြီး စီစဉ်
နိုင်တာမှန်သမျှ တာဝန်ကျေအောင် လုပ်ဆောင်ပေးခဲ့
သည်။ထို့အတွက် အဖေတစ်ယောက်အနေဖြင့် အရမ်းကို
ပီတိဖြစ်ရပါသည်။
" မင်းဟာက အချက်လဲမပေး အသံလဲမကြား ဒုန်းစိုင်း
ကြီးပါလားကွ "
" ဟုတ်ပါရဲ့ရှင်……ဖိတ်စာလာမှ မျက်လုံးကိုပြူ းရော……
ဆရာတို့များနော် သိပ်ပိရိနိုင်လွန်းတယ် "
" ပိရိမှာပေါ့ကွ……ရထားတဲ့ ဇနီးလောင်းလေးကလဲ လှသ
ကိုးး …… ဒီလောက်နဲ့မရဘူးဟေ့……ညကျရင် သိတယ်
နော် ရာပြည့် "
တစ်ယောက်တစ်ခွန်းစီပြောနေသော စကားတွေကို
ရာပြည့်ရောနွယ်ပါ ပြုံးလျက် နားထောင်နေကြသည်။
နားထောင်ရင်း ရံဖန်ရံခါ အကြည့်ချင်းဆုံသောအခါ နွယ်က ဦးအောင် တ်ိမ်းရှောင်တတ်သည်။ထိုအခါ သူ့ကို
အမြင်ကတ်ပါတယ်ဆိုသော တစ်ချိန်က စွာတေးလန်မ
လေးကို ရာပြည့် ပြန်မြင်ယောင်လာရပြန်သည်။အတိတ်
နှင့်အတူ ပျောက်ကွယ်သွားတဲ့အချစ်တွေက လက်ရှိ
ပစ္စုပ္ပါန်ထဲ အခိုးအငွေ့အဖြစ် တစ်ဖန် ပြန်လည်လာသော
အခါ သူ မရှုရှိုက်မိအောင် ကြိုးစားလိုက်သည်။
မုန်းပါရဲ့………တစ်ချိန်ဖြစ်လာမယ့် အခြေအနေတစ်ခုကို
အတင်းဖန်တီးယူတာကို သူ မုန်းသလို သူ့သိက္ခာတွေကို
သူတို့ လောဘအတွက် စတေးပစ်လိုက်ရတာကိုလည်း
ပိုမုန်းပါရဲ့။
တန်ရာတန်ကြေး ပြန်ပေးဆပ်ရတဲ့အခါ မင်း ခံနိုင်ရည်ရှိပါ
စေလို့ ငါဆုတောင်းမိပါရဲ့ ခြူ းသက်နွယ်။
----------------------------------------------------------------------
ဦးဟံသာစိုး လက်ဖွဲ့အဖြစ်ပေးသော တိုက်တွင် လက်ဖွဲ့
ငွေနှင့်တကွ ပစ္စည်းများ ရောက်လာလျှင် မထားရော
ဒေါ်ကေသီပါ လိုချင်မျက်စိဖြင့် မျက်တောင်မခတ်ကြည့်
နေကြသည်။အသစ်စက်စက် ဇနီးမောင်နှံကဖြင့် သူတို့
အတွက် ပြင်ဆင်ပေးထားသော အခန်းထဲ ဝင်သွားကြ
လေပြီ။
ရာပြည့်သည် ဘာမှမပြောပဲ အဝတ်လဲကာ ပေါ့ပါးတဲ့
တစ်စုံရွေးဝတ်ပြီး ပြန်ထွက်သွားသည်။နွယ့်မှာသာ သူ
ပေးထားခဲ့သော ဥပေက္ခာတရားကို ပြုံးပြုံးလေးခံယူရင်း
ရင်ထဲအတိုင်းမသိ နာကျင်နေမိသည်။မကြာခင် ကား
စက်နှိုးသံကြားလေရာ သူ အပြင်ထွက်သွားမှန်း မှန်းဆ
မိသည်။နွယ်လဲ သတို့သမီး ဝတ်စုံကို ရင်နာနာဖြင့် ချွတ်
ရင်း ရေချိူ းရန်ပြင်ဆင်လိုက်သည်။အောက်တွင် ဆူဆူညံ
ညံ အသံတွေကြားနေရ၍ ခပ်မြန်မြန်အဝတ်လဲကာ
အောက်ဆင်းလာဖြစ်သည်။
" မင်္ဂလာဆောင်စရိတ်က ကျမတို့ဘက်က ကုန်ထားတာ
လေ……ဒီတော့ငွေတွေ ကျမ ယူမယ်……ရှင် သိပ်လို
ချင်နေရင်တော့ ပစ္စည်းတွေယူလေ "
" ဒီလိုရမလား အမကြီးရဲ့……မင်္ဂလာဆောင်စရိတ်စက
ဆိုတာ သတို့သားဘက်က အကုန်အကျခံရမှာပဲ……
အကုန်ခံရလို့ လက်ဖွဲ့ငွေတွေ သိမ်းတာတော့ အမကြီး
တို့အခြေအနေနဲ့ မဖြစ်သင့်ဘူး ထင်တာပဲ "
" ဘယ်သူ့ကိုမှ မပေးနိုင်ပါဘူး "
မိနွယ် စကားကြောင့် မထားရော ဒေါ်ကေသီပါ ပါးစပ်
အဟောင်းသား ဖြစ်ကုန်သည်။
" ဒါ သမီးတို့ဘဝရှေ့ရေးအတွက် အသုံးချမှာမို့ ဘယ်သူမှ
ထိပိုင်ခွင့်မပေးနိုင်ပါဘူး "
" နေစမ်းပါအုံး……စကားကြီးစကားကျယ်ပြောရအောင်
ဒီမင်္ဂလာပွဲအတွက် ကုန်ကျစရိတ် ဘယ်လောက်ပါထား
လဲ ပြောကြည့်ပါအုံး "
" အစထဲက ရတဲ့လက်ဖွဲ့ငွေတွေ အန်တီအကုန်ယူပါ့မယ်
လို့ ဘာလို့မပြောခဲ့တာလဲ……သိပ်လိုချင်နေတယ်ဆို
အန်ကယ်ကိုအရင်ပြောပါ……အန်ကယ်ကိုယ်တိုင်ပေး
လိုက်ပါပြောရင် တစ်ကျပ်တောင်မချန်ဘူး အကုန်ပေး
လိုက်မယ် "
" သြော်……ညည်းက ငါ့ယောကျာ်းကိုတောင် အပိုင်ကိုင်
ထားနိုင်ပြီပေါ့……အံ့ပါရဲ့ ဘယ်လိုမိဘကမွေးပြီး ဘယ်
လိုတွေသင်ပေးခဲ့သလဲမသိ "
" ဒီမယ် အမကြီး "
" မပြောပါနဲ့အမေ ထားလိုက်ပါ……တစ်ခါ ခေါင်းငုံ့ခံပေး
တိုင်း ဇာတ်ကျိူ းသွားတာမှမဟုတ်တာ……"
နွယ်က အေးအေးဆေးဆေး လေသံလေးဖြင့် ပြောနေ
သော်လည်း ဒေါ်ကေသီပါးစပ်ကထွက်တဲ့ စကားလုံးတိုင်း
သည် ရန်တွေ့သကဲ့သို့ ကျယ်လောင်စူးရှနေသည်။
နောက်ဆုံး ဦးဟံသာစိုးနဲ့ ကိုင်ပေါက်လိုက်မှ ဒေါ်ကေသီ
လက်မှိုင်ချကာ တပ်ဆုပ်သွားတော့သည်။ကောင်းသော
နောက်ဆုပ်ပေးခြင်းနဲ့တော့ ဟုတ်မယ်မထင်ပါ။နင် ငါနဲ့
တွေ့မယ်ဟူသော သဘောဖြင့် ဘီလူးမျက်စောင်းချိတ်
ရင်း ဆုတ်ခွာသွားတာ ဖြစ်သည်။
" အမေ့ကိုလဲ သမီး မပေးနိုင်ပါဘူး "
လက်ဖွဲ့ငွေတွေကို ထိဖို့ကြိုးစားနေသော မထားမှာ လက်
ကလေး တွန့်ဆုတ် တွန့်ဆုတ်ဖြစ်သွားသည်။
" သမီးလဲမယူဘူး အမေ……သူ့ဆီ အကုန်ပေးမှာ "
" ဘာာာာ "
" ……… "
" သူ့ဆီပေးမှတော့ သူ့အမေလက်ထဲ ပြန်ရောက်ပြီ "
" သူ့ကိုယူတာ ငွေကြောင့်မဟုတ်ဘူး…… သိက္ခာကြောင့်
ဆိုတာ သူသိစေချင်လို့……နားလည်ပေးပါအမေ……
အမေဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာပြီပဲ ကျေနပ်ပါတော့
အမေလဲ အမေ့ဘဝနဲ့အမေ ငြိမ်းချမ်းနေပြီပဲ……သမီး
အတွက်မပူပါနဲ့တော့……လူအထင်သေးလဲ မခံပါနဲ့
တော့……သမီး တောင်းပန်ပါတယ် "
နွယ့်စကားအဆုံးတွင် မထားသည် ပုံလျက်ရှိသော လက်ဖွဲ့အချိူ ့နှင့် ဖလားထဲက စာအိတ်အချိူ ့ကို သံယော
ဇဉ်မကုန်သလို အတန်ကြာအောင် စိုက်ကြည့်ပြီးမှ နွယ့်
အား ဇနီးတာဝန်ကျေဖို့နှင့် အစစအရာရာသည်းခံဖို့
ဆုံးမလေသည်။နွယ်သည် အမေ့ကို မကန်တော့ချင်လို့
တမင်ရှောင်သွားတဲ့ အသစ်စက်စက် ခင်ပွန်းကို စောင့်
မနေတော့ပဲ မိမိတယောက်ထဲ လက်အုပ်ကလေးချီကာ
ပြစ်မှားမိဖူးသော အပြစ်တွေရှိလျှင် ခွင့်လွှတ်ပေးဖို့ အသံ
တိတ်ဝန်ချ တောင်းပန်ပြီး အမေ့ခြေဖဝါးအား မိမိလက်နှစ်
ဖက်ဖြင့် တရိုတသေ ဦးတိုက် ရှိခိုးကန်တော့လိုက်ပါတော့
သည်။
မထားသည် နွယ့်ကိုကြည့်ပြီး သနားလဲသနား၏။ကိုယ့်
လုပ်ရပ်ဟာ သိပ်များ အတ္တဆန်သွားသလား တွေးလဲတွေး
မိ၏။သို့သော် ကိုယ်ထင်သလိုဖြစ်လာပြီးမှဖြင့် ဒွိဟစိတ်နှင့် မတွေဝေချင်တော့ပါ။သူ့တ်ို့ဘာသာ သူတို့
တနေ့အဆင်ပြေလိမ့်မည်ဟု ယုံကြည်စိတ်တွေဖြင့် နွယ့်
ကို ထားခဲ့ကာ မထားပြန်လာဖြစ်ပါသည်။
အမှန်စင်စစ် အဆင်မပြေသည့်အပြင် မင်္ဂလာဦးညမှ
ညပြန်မအိပ်တဲ့ ခင်ပွန်းတစ်ယောက်ကို တညလုံးထိုင်
စောင့်လျက် လူမသိ ကျိတ်ငိုခဲ့ရတဲ့အဖြစ်က်ိုတော့ နွယ်က
လွဲရင် ဘယ်သူမှ သိနိုင်လိမ့်မယ် မထင်ပါဘူးလေ……။
ရက်စက်ပါ……အဆုံးစွန်ထိ ရက်စက်နိုင်ပါတယ်။လူတစ်
ယောက်ရဲ့ သည်းခံစိတ်အတိုင်းအတာ ကျော်လွန်လာတဲ့
အခါ ကျမ ထုတ်ပြမယ့် အစွယ်တွေအတွက် ရှင် ရှောင်
တိမ်းနိုင်ပါစေလို့ပဲ ဆုတောင်းမိပါရဲ့………
__________________________________________
အက္ခရာ
အခန်း(19) မျှော်ပေးပါအုံးရှင့် :-* :-*