💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
" ရာပြည့်ရော……"
" သူ ထွက်သွားပြီ "
" ဘာာ "
" ………"
" နင်မတားဘူးလား မိနွယ်…… ဒါတွေက နင့်အတွက်လေ
နင့်သိက္ခာအတွက်လေ……နင် မျက်နှာပြရဲဖို့အတွက်လေ
နင် အဲ့လောက်ထိ အသိညဏ်မဲ့ရလား မိနွယ်ရယ်……
ခနနေ လူကြီးတွေရောက်လာတော့မယ်……နင်မရှက်
ပေမယ့် ငါရှက်တယ်……ငါ ဘယ်လိုမျက်နှာပြရမလဲ
ပြောစမ်းပါမိနွယ်ရဲ့ "
ငုတ်တုတ်လေးထိုင်နေသော နွယ့်ကို မထားစိတ်ရှိလက်ရှိ
ထုရိုက်ရင်း ပြောနေသော်လည်း နွယ်သည် အရုပ်ကြိုး
ပြတ်သကဲ့သို့ ဇာတ်ကြိုးကျကာ ကြမ်းပြင်ကိုသာ တွေတွေ
ကြီးစိုက်ကြည့်နေမိတော့သည်။
နွယ့်မျက်ဝန်းထဲတွင် အချစ်ရိပ်တွေ သံယောဇဉ်အငွေ့တွေ
ပျောက်ဆုံးသွားသော ကိုကို့မျက်နှာကို မြင်ယောင်ရင်း
အရူးတစ်ယောက်လို အသံတိတ်ရယ်လျက် ဘယ်လိုနဖူး
စာလွဲခဲ့လဲ ပြန်တွေးကာ မိမိကံတရားကို အပြစ်တင်နေမိ
ပါ၏။
----------------------------------------------------------------------
" ငါမပြောဘူးလား……အတင်းလုပ်ယူထားတဲ့အခြေအနေ
တွေဟာ ကြာကြာမခံပါဘူးလို့……အခု ဘယ့်နှယ့်လုပ်မ
တုံး……နင်ဖန်တီးတာ နင့်သမီး အရှက်ကွဲဖို့အတွက်ဖြစ်
နေပြီ……တရပ်ကွက်လုံးလဲ မမဲတုံပါးစပ်ကြောင့် နွယ့်
အကြောင်းတွေ ရေပန်းစားနေပြီ……"
မထားသည် မိမိစီစဉ်ထားသည့် အကြံအစည်တွေ လွဲချော
သွားလို့ စိတ်ပျက်ရခြင်းထက် ကိုယ့်အလိုလောဘကြောင့်
နွယ် အရှက်ကွဲခဲ့ပုံကို တွေးကာ သမီးအတွက် စိတ်မကောင်းဖြစ်နေရသည်။
" ငါဘာဆက်လုပ်ရမလဲ ဖိုးစိန်ရယ်……နင့်တူမဆို အခုထိ
ငါ့ကိုစကားမပြောဘူး……ဇော်လာတာတောင် ထွက်မ
တွေ့ဘူး……ထမင်းလဲ ထွက်မစားဘူး……ကြာရင်တစ်ခု
ခုဖြစ်မှာစိုးရတယ်……ပိုဆိုးတာက ရာပြည့်ဆီ ငါသွား
မယ်ပြောတော့ နာရေးသတင်းစာထဲ သူ့နာမည်ပါစေချင်
ရင် သွားပါတဲ့……ငါတော့ သိပ်စိတ်ညစ်တာပဲဟယ် "
" အင်း……တကယ်တော့ မယူနိုင်လို့ထွက်ပြေးတဲ့ဆရာ့ကို
လည်းအပြစ်တင်လို့မရသလို……ခေါင်းမာတဲ့ နွယ့်ကို
လည်း အပြစ်တင်လို့မရဘူးဟ……ကဲပါအမရယ်……ဖြစ်
ပြီးတာတွေလည်း ပြီးပြီပဲ……လောလောဆယ် နင်တို့
သားအမိ ဘာဆက်လုပ်မလဲ စဉ်းစား "
" ဘာဆက်လုပ်ရမလဲ……ကိုကြီးကို ယူလိုက်ရုံပေါ့ "
" ဟောဗျာ "
ဖိုးစိန်သည် သူ့နှဖူးကို သူ့လက်နဲ့တစ်ချက်ရိုက်ကာ တယ်
လဲတတ်နိုင်တဲ့ အမဖြစ်သူအား မျက်လုံးအဝိုင်းသားဖြင့်
ငေးကြည့်နေမိပါသည်။
" ဟုတ်တယ်……ကိုကြီးနဲ့ယူလိုက်ရင် ဒီပြသာနာတွေပြီး
သွားလိမ့်မယ်……ကိုကြီးကလဲပြောတယ် သူ့သာအား
ကိုးလိုက်ပါတဲ့……ဒီမှာဆက်နေလဲ ငါ့သမီး အရှက်ပိုရ
တာပဲ အဖတ်တင်မယ်……"
" အင်းလေ..…ဒါလဲမှန်တာပါပဲ……နင့်ဇာတ် နင်နိုင်အောင်
ကပေါ့ "
ဒီလိုနဲ့ မထားသည် ဦးတင်မောင်လတ်နှင့် ပေါင်းဖို့ကံပါ
လာလေရာ နွယ့်အား သေသေချာချာ နားဝင်အောင်
ဖျောင်းဖျပြီး ဒီရပ်ကွက်ထဲမှ မထားတို့သားအမိ ခြေရာ
ဖျောက်သွားခဲ့ပါသည်။
နွယ်သည်လည်း ကောင်းသည်ဆိုးသည် မခွဲခြားနိုင်တော့
ပဲ အမေဆုံးဖြတ်တဲ့အတိုင်း နာခံကာ ဇော့်အိမ်ပေါ်သို့
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့သည်။
" နွယ် "
ဇော့်အိမ်သို့ နွယ်ရောက်တာ တစ်လတင်းတင်းပြည့်တော့
မည်။
နွယ့်အတွက် စီစဉ်ပေးထားသော အခန်းလေးထဲ ဘယ်သူ
မှမသိတဲ့ ဝေဒနာကို တစ်ကိုယ်တည်း ကျိတ်ဖြေနေတာ
လည်း တစ်လပြည့်တော့မည်။
" အရင်တုံးက ခြူ းသက်နွယ်ကို ငါဘယ်မှာရှာရမလဲ နွယ်"
ဒီနေ့ဖို့ ဇော်သည် နွယ်ရှိရာ အခန်းထဲကို အရဲစွန့်ဝင်မည်
ဆုံးဖြတ်လျက် သူမ အား ခွင့်မတောင်းပဲ တိတ်တဆိတ်
ဝင်လာခဲ့ခြင်းဖြစ်သည်။နွယ်သည် တစ်ယောက်ထဲရှိတဲ့
အချိန်တွေကို ပျင်းရိခြောက်ကပ်စွာ ဖြတ်သန်းနေသည်
ထင်၏။ထိုင်ပြီးလျှင်လည်း ထဖို့ခက်ခဲသလို အိပ်ပြီးရင်လည်း ထိုင်ဖို့ခက်ခဲနေသယောင်ယောင်။
နွယ်၏စိတ်သည် သူမ ခန္ဓာကိုယ်တွင်မရှိ။လွင့်ချင်ရာလွင့်
ပျံ့ချင်ရာ ပျံ့နေတတ်သည်။တစ်ခါတစ်လေ နွယ် အသက်
တောင်ရှုသေးရဲ့လားဟု ယောင်ယမ်းပြီး သူမ နှာခေါင်း
နား လက်ညှိုးတေ့မိသည့်အထိပင်။ဘယ်သူနဲ့မှ စကားမ
ပြောသလို အစားလည်း ဟုတ်တိပက်တိ မစားပါ။
ထိုသို့မစားခြင်း၏ဆိုးကျိူ းသည် အားအင်မရှိသော လူမ
မာကဲ့သို့ အိပ်ယာထက် ဗုန်းခနဲလဲခြင်းဖြစ်လာသည်။ဒီ
လိုသာ ဆက်သွားလျှင် နွယ့်ကို မကြာခင် သူတို့လက်ထဲ
က အကြွေပန်းလို စွန့်လွှတ်ရမယ့်ကိန်းဆိုက်နေရာ ဇော့်
ခမျာ လက်ပိုက်ကြည့်မနေနိုင်တော့ပဲ နွယ်ရှိရာ ရောက်
လာခဲ့ခြင်းဖြစ်သည်။
" ကိုယ်ပြောတာကြားလား နွယ်……မင်း အဲ့လောက်ထိ
ခံစားဖို့လိုလား……တန်ရော တန်ရဲ့လား "
ဖြူ ဖတ်ဖတ် နှုတ်ခမ်းလွှာသည် တစ်ခုခုပြောဖို့ အားယူနေ
တာလား ဒါမှမဟုတ် ဝမ်းနဲလွန်းလို့ တုန်ရီနေတာလား
ဇော် မခွဲခြားတတ်ပါ။သေချာတာတစ်ခုကတော့ နွယ့်အ
တွက် သူ တစ်ခုခုလုပ်ရလိမ့်မည် ဆိုတာပါပဲ။
" ငါ……ငါ ခံစားနေရတာလေ သူ ပစ်သွားလို့ မဟုတ်ဘူး
ငါဆိုတဲ့မိန်းမက ယောကျာ်းတစ်ယောက်အတွက် ဘာ
တန်ဖိုးမှမရှိပါလားဆိုတဲ့ အသိတရား တစ်ခုရသွားလို့
အဲ့အစွဲတွေ ငါ့ကိုနှိပ်စပ်နေတယ်ဇော်……ငါ့ရဲ့ မာထန်
နေတဲ့စိတ်ကို အခါခါသတ်နေတယ်……ငါ မနဲထူမတ်ဖို့
ထက် အဲ့အစွဲတွေကို အမြစ်ကမကျန် ဆွဲနှုတ်ဖို့က ပိုခက်
နေတယ်……ငါ ဘာဆက်လုပ်ရမလဲ ဇော် "
" ငါလုပ်ခိုင်းတာ နင်တကယ်လုပ်မှာလား "
" ဟင် "
မှေးမှိန်အရောင်ဖျော့နေသော မျက်ဝန်းတွေသည် ဇော့်
စကားကြောင့် အသက်ဝင်လှုပ်ရှားသလို မျက်တောင်များ
တစ်ချက်နှစ်ချက် ပုတ်ခတ်သွားသည်။
" အဲ့အစွဲတွေ ဖျောက်လို့ရမယ့် နည်း တစ်နည်းပဲရှိတယ် "
" ဘာလဲ "
နွယ့်အသံသည် အရင်တုံးကလိုပင် ပြန်မာလာသဖြင့်
ဇော် ကျေနပ်သွားသည်။
" မင်းက သူ့အတွက်ပဲကြည့်ခဲ့တာကိုး……အဲ့ဒါမို့ မင်းရံှုး
ခဲ့တာ……အခု မင်းအတွက်မင်းကြည့်ရမယ် နွယ်……
မင်းရဲ့ပျောက်ဆုံးနေတဲ့ စိတ်ကို မင်းပြန်ရှာရမယ်……"
" ငါ့ရဲ့စိတ်……"
" အင်းလေ "
နွယ်သည် ထိုင်ရာမှ ထပြီး ဒီစရောက်ထဲက မထိတွေ့ဖူး
ခဲ့သော ဝရံတာဘက် ခြေဦးလှည့်လိုက်သည်။နေ့တွေည
တွေ ပျောက်ဆုံးနေသော နွယ့်အတွက် ပြင်ပလေထုသည်
လန်းဆန်းခြင်းကို စတင်ခံစားမိစေသည်။ဝရံတာကို လက်
ထောက်လျက် တရွေ့ရွေ့လိမ့်နေဆဲ တိမ်တွေအား မော့
ကြည့်လိုက်သည်။ဘာမှ မတည်မြဲပါလားဟူသော အသိ
ကို ကောင်းကင်ပေါ်ရှိ တိမ်စိုင်တိမ်လိပ်တွေဟာ သက်သေပြနေသလိုလို။ဒီနေရာတွင် ရပ်၍မရ တလှိမ့်လှိမ့် ရွေ့ကာမှ အသစ်အဆန်းတွေနှင့် မြင်တွေ့
ခွင့်ရမယ်ဟူသော အသိတရားကိုလည်း ပေးစွမ်းနေလေ
သည်။
ဟုတ်တယ်……ဇော် ပြောသလိုပဲ ကျွန်မရဲ့ ပျောက်ဆုံးနေ
သော စိတ်တွေ ရိုက်ချိူ းခံလိုက်ရတဲ့ မာနတွေ အဖတ်ဆယ်လို့မရတော့တဲ့ အရှက်တွေ တန်ဖိုးမဲ့သလို
ဖြစ်သွားရတဲ့ သိက္ခာတရားတွေ……ကျွန်မ ပြန်ရှာရမယ်။
ဟုတ်တယ်……
--------------------------------------------------------------------
" တော်ပါတော့လား ထားရယ်……ထားကိုကြည့်ရတာ
ကိုကြီးပင်ပန်းလှပြီ……ပြီးခဲ့တာတွေကို ဆက်မလိုက်ပါ
နဲ့တော့……ခု ထားတို့သားအမိဘဝ ဘာများပူပင်စရာ
ရှိသလဲဟင် "
" ဒါတော့ဒါပေါ့ ကိုကြီးရဲ့……ဒါပေမယ့် မိနွယ့်အတွက်
မိနွယ်ဂုဏ်သိက္ခာအတွက် သူ့ကိုတာဝန်ယူခိုင်းရမယ်
ကိုကြီး "
" မဟုတ်သေးဘူးထား……ကိုယ်ဖြစ်ချင်တာပဲ ကြည့်လို့မရ
ဘူး……ဒီလမ်းကိုရွေးလိုက်လို့ သူတို့နှစ်ယောက် အထူး
သဖြင့် ထားရဲ့သမီး တသက်လုံး စိတ်ချမ်းသာမယ်ထင်
လား ပြောစမ်းပါထားရဲ့ "
စိတ်မချမ်းသာရင်တောင် ကိုယ်တော့ ချမ်းချမ်းသာသာနေ
ရမှာသေချာတယ်ကိုကြီးရဲ့။အဖုအထစ်တွေများနေတဲ့ကြိုး
စဟာ ဘယ်သောအခါမှ ကြိုးဖြောင့် ဖြစ်လာမှာမဟုတ်ဘူး
ဆိုတာ ထား သိပါတယ်။သို့သော် သူတို့နှစ်ယောက်ရဲ့ လက်ကျန်သံယောဇဉ်တွေကို ထား ယုံကြည်နေတယ် မြင်
နေရတယ်။တစ်ချိန်ချိန်မှာဖြင့် ပျောက်ကွယ်သွားတဲ့ ချစ်ခြင်းတရားတွေ သူတို့ကိုယ်တိုင် ပြန်လည်တူးဖော်နိုင်
ကြမယ်လို့လဲ ထား မုချ ယုံကြည်တယ်။
ထိုယုံကြည်ချက်တွေနဲ့ ထား လူမိုက်ဇာတ် ကရင်လည်း
က ပြရမှာပဲ။မိန်းမကြမ်းတစ်ယောက် ဖြစ်ချင်လဲ ဖြစ်သွား
မှာပဲ။အကိုကြီးပြောသလို ခုချိန်မှာ ထားတို့သားအမိ မပူ
မပင် နေရတာမှန်သော်လည်း ထား မရှိတော့တဲ့အချိန်ကျ
ရင် မိနွယ်လေး ဘယ်လိုနေမလဲ။မဖြစ်သေးဘူး ကိုကြီးရယ်။
မိနွယ်ကို ရာပြည့်လက်ထဲ ထည့်ပေးခွင့်ရမှ အရာအားလုံး
အတွက် စိတ်ချနိုင်မယ်။
" အာ့လောက်ဖြစ်နေတဲ့လူဗျာ……ရအောင်တာဝန်ယူခိုင်း"
ဘယ်အချိန်ထဲက ရောက်နေမှန်းမသိသော ဇော်သည်
ဦးတင်မောင်လတ် စကားအဆုံးတွင် မထား၏ ကနဦး
ဆုံးဖြတ်ချက်အား အဆိပ်ပင်ရေလောင်းသလို ရာနှုန်းပြည့်
ထောက်ခံချက်ပေးလိုက်သောအခါ မထားပို၍ အားရှ်ိသွား
သည်။
" ဇော်လဲ ဒီလိုပဲမြင်တယ်မို့လား "
" ကျတော်မြင်တာနဲ့ အန်တီထားမြင်တာ တူတော့တူ
တယ် ဒါမဲ့ကွဲပြားနေသေးတယ်……ကျတော်က နွယ့်ကို
သူ့လက်ထဲရောက်အောင်ထည့်ပေးမယ်……သူ့လက်ထဲ
ရောက်သွားတာနဲ့ နွယ့်ကို ပျောက်ဆုံးနေတဲ့ သူ့စိတ်
ပြောရ ရင်တော့ အရင်ခြူ းသက်နွယ်ကို ပြန်ရှာခိုင်းထား
တယ်……သူ လုပ်နိုင်မှာပါ သေချာတယ် "
မထားသည် ဇော့်အား မျက်တောင်မခတ် စိုက်ကြည့်ပြီးမှ
အဓိပ္ပါယ်ပါစွာ ပြုံးပြလိုက်သည်။ဇော် ပြောတာမှန်တယ်။
မိနွယ် လုပ်နိုင်မှာပါ။
ဒီလိုနဲ့ ထင်မြင်ချက်ကိုယ်စီပိုက်လျက် မထားရယ် ဇော်
ရယ် ဒေါက်တာဟံသာစိုးအား အေးအေးလူလူတွေ့နိုင်
ရန် ခေါင်းချင်းဆိုင် ကြံစည်ရလေတော့သည်။ဒေါက်တာနဲ့
အေးအေးဆေးဆေး စကားပြောခွင့်ရဖို့ဆိုတာ လွယ်တဲ့
ကိစ္စ မဟုတ်မှန်း သူတို့သိသည်။ထို့ကြောင့် စိန်မမဆီ
အကျိူ းအကြောင်း ရှင်းပြလျက် ကူညီပေးရန် တောင်းဆို
သောအခါ မိနွယ်အစား မခံမရပ်နိုင် ဒေါသပုန်ထလျက်
စိန်မမသည် ဒီလိုလုပ်လို့ရကြေးလား ဟူသော ခပ်မာမာ
စကားသံနှင့်အတူ ငါကူညီမယ်ဟု တလက်စထဲ ထွက်လာ
သဖြင့် ဇော်ရော မထားရော ကိုယ်စီ ပြုံးလိုက်ကြတော့
သည်။
အဲ့နေ့က စိန်မမသည် ဒေါက်တာဟံသာစိုးအား မိမိအိမ်
တွင် ထမင်းစားကြွရန် ဖိတ်ထားခဲ့သည်။ဒေါက်တာသည်
လည်း ငြင်းရမှာ အင်မတန်အားနာသူဖြစ်ရာ စိန်မမ ကမ်း
လှမ်းချက်ကို ခေါင်းညိတ်လက်ခံပြီး သူမ အိမ်သို့ ရောက်
လာပါသည်။ထမင်းစားနေတုံးမို့ မထားရော ဇော်ရော
စိန်မမပါ မိနွယ်တို့အကြောင်း စကားမဟသေးပဲ ဧည့်ဝတ်
ကျေဖို့သာ ဆန္ဒပြင်းပြနေတော့၏။
စားပြီးသောက်ပြီးမှ ဒေါက်တာအား ဧည့်ခန်းထဲ တစ်ဖန်
ခေါ်ကာ လေးယောက်သား တညီတညွတ်ထိုင်လျက်
ဘယ်က စပြောရကောင်းမလဲ အကြည့်ဖြင့်တိုင်ပင်နေကြ
သည်။
" စိန်မမနဲ့အတူပါလာတဲ့ တူမလေးရော မတွေ့ပါလား "
ဒေါက်တာမေးခွန်းကြောင့် မထား မျက်ခုံးနှစ်ဖက် နဖူးပေါ်
သို့ ပင့်တက်သွားရပြီ။စိန်မမ ကိုယ်တိုင်လည်း ပြောစရာ
လမ်းစ တွေ့သွားသဖြင့် တံတွေးမျိူ ချကာ တသီတတန်း
ကြီးပြောချရန် ချောင်းတစ်ချက် ဟတ်လိုက်လေသည်။
" ပြောရမှာဖြင့် အားနာပါတယ်ဒေါက်တာရယ်……မပြော
လဲ ပြီးမယ့်ကိစ္စ မဟုတ်လေတော့ "
" ပြောပါ စိန်မမ……ကျတော့်ကို ထမင်းစားဖိတ်တဲ့
အကြောင်းဟာ ဒီ့ထက်မက စိတ်ဝင်စားစရာတွေ ရှိနေ
လိမ့်မယ်လို့ ကျတော်တွက်ပြီးသားပါ "
သုံးယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် လှည့်
ပတ်ကြည့်မိလိုက်ကြသည်။
" ဒေါက်တာသားနဲ့ ကျမ တူမလေးနဲ့……"
" မေတ္တာရှိနေတယ်ဆိုပါတော့……ဒါလဲ ကျတော်သိပြီး
သားပါပဲ……ဒါမို့လဲ စိန်မမနဲ့ ပါလာတဲ့နေ့က ဘာတော်
လဲ မေးခဲ့တာ "
အစက ဒေါက်တာကို ပြောရဆိုရ ခက်လိမ့်မယ်လို့ တွက်ဆထားခဲ့သောအတွေးတို့သည် တက်တက်စင်လွဲ
နေသဖြင့် မထားရော ဇော်နဲ့စိန်မမပါ မသိမသာ သက်ပြင်းရှိုက်လျက် ရင်ထဲကအပူလုံးကို လေပူတစ်ချက်
နှင့်အတူ ပြင်ပသို့ မှုတ်ထုတ်လိုက်ကြတော့သည်။
" ဒေါက်တာသိတယ်ဆိုတော့ ကောင်းတာပေါ့လေ……
ပြောရမှာမျက်နှာပူပါတယ် ဒေါက်တာ……တနေ့ညက
ဒေါက်တာသားနဲ့ ကျမတူမလေး လွန်လွန်ကြူ းကြူ းဖြစ်
ခဲ့ကြပါတယ်……ဒါကို သူ့အမေ သိသွားပါတယ် တာဝန်
ယူဖို့ပြောပေမယ့် ဒေါက်တာသားက ရှောင်ပြေးနေပါ
တယ် "
စိန်မမ၏ စကားလုံးတွေကို နားထောင်ရင်း နားထောင်
ရင်း ဦးဟံသာစိုး ဒေါသထွက်လာသည်။ဒေါသထွက်ရ
ခြင်းအကြောင်းမှာ မိမိလုပ်ခဲ့တဲ့အပြစ်ကို တာဝန်မယူဖို့
ရှောင်ပြေးဖို့ကြိုးစားနေတဲ့ ရာပြည့်ကိုဖြစ်၏။ခုလည်း
ကုသိုလ်ယူချင်ပါတယ် ဘာညာဆိုပြီး နယ်ပြောင်းပေးဖို့
ဆေးရုံအုပ်နဲ့ တိုင်ပင်နေတယ်။ဒါ သူ သက်သက်ရှောင်
ထွက်ဖို့ ကြိုးစားနေခြင်းပါလား။
" တကယ်တမ်း မျက်နှာပူရမှာ စိန်မမတို့ မဟုတ်တော့ဘူး
ကျတော်ဖြစ်သွားပြီ……တာဝန်မယူတတ်တဲ့ သားတစ်
ယောက်ရဲ့ဖခင် အဖြစ်မခံပါဘူး……ဒီ့အတွက်စိတ်ချပါ
မျက်နှာနာစရာမရှိအောင် ကျတော့်ဘက်က မင်္ဂလာကိစ္စ
ကို အမြန်ဆုံးစီစဉ်ပေးပါ့မယ်……ကဲ ရှက်ရှက်နဲ့ပဲ နှုတ်
ဆက်ပါရစေ……ခွင့်ပြု ပါအုံး……ကျတော့်ဘက်က စီစဉ်
စရာလေးတွေ အခုကစ လုပ်ပါတော့မယ်…… "
ထိုသို့ ပြတ်သားလှစွာသော ကတိတစ်လုံးကို ပိုင်ပိုင်နိုင်
နိုင်ပေးခဲ့ပြီး ဦးဟံသာစိုး ထွက်သွားလေတော့သည်။ခုမှပဲ
မထားရင်ထဲက အပူလုံး တဖြေးဖြေး လျော့ကျကာ ငြိမ်းချမ်းသော အရသာကို စတင်ခံစားမိတော့သည်။
တော်ပါသေး၏။အဆင်မပြေတဲ့ အခြေအနေတစ်ခုကနေ
ရုန်းထွက်ဖို့ လမ်းစတင်မက သေချာရေရာတဲ့ အဖြေတစ်ခု
ပါ အဆစ်ရလိုက်သည့်အတွက် မထားရော ဇော်ပါ ကျေနပ်မှု ပီတိတွေဖြင့် စိန်မမ အိမ်မှ ပြန်လာဖြစ်ခဲ့ကြ
တော့သည်။
ဇော့်စိတ်ကူးထဲတွင် နွယ်သည် သူမ၏ ပျောက်ဆုံးနေ
သော ခြူ းသက်နွယ်ရဲ့စိတ်ကို ပြန်လည်ရှာဖွေနိုင်လိမ့်
မည်ဟု ယုံကြည်နေသလို မထားစိတ်ကူးထဲတွင်လည်း
သူတို့နှစ်ယောက်၏ တိုးတိတ်ပျောက်ကွယ်သွားသော
အချစ်တွေကို နီးစပ်မှုသံယောဇဉ်တွေဖြင့် ပြန်လည်ဆောက်တည်နိုင်လာလိမ့်မည်ဟု ယုံကြည်လျက်……………