book

Index 16

အခန်း(16)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔


" တော်ပါတော့ အမေရာ "


" ဟယ့် ဘယ့်နှယ်တော်ရမှာလဲ……ကိုယ့်ဘက်မှာရှိတုံး

ယူဖို့ပြောရမှာလေ "


" ပြောပြီးပြီလေအမေရဲ့…… သူနဲ့သမီး အဆင်မပြေတဲ့

အခြေအနေတစ်ခုကနေ ပြေလည်ကာစ ပဲရှိသေးတယ်

ဒါတောင် အဖုအထစ်လေးတွေနဲ့……ယူဖို့ကိစ္စမပြောနဲ့

ရှေ့ဆက် သူ သမီးကိုဘယ်လိုပုံစံနဲ့ တွဲမလဲတောင် မ

တိုင်ပင်ရသေးဘူး……အမေ……သမီးမှာလဲ သူ့လောက်

နီးနီး မာနရှိတယ်အမေရဲ့……တိုးတိုးတိတ်တိတ်ချစ်သူ

ဘဝနဲ့တော့ သူ့အနား မနေချင်ဘူး……ဒါတွေကိုအမေ

သိရဲ့နဲ့ အတင်းယူခိုင်းနေတယ်……အမေသိလား……

ယူရင်တောင် သမီးက ပွဲတက်မယား မဖြစ်နိုင်လောက်

သေးဘူး "


နွယ်သည် ပြောရင်းဖြင့် မိမိအဖြစ်ကို ရင်ကျူံ းမရဖြစ်ကာ

ချူံ းပွဲကျ ငိုနေလေသည်။သူ့ကို မချစ်မိလျှင် နွယ် ခုလောက်

ထိ ခံစားရမှာမဟုတ်။


" နွယ် "


ငုံ့နေသော ခေါင်းသည် သူ့အသံကြောင့် ချက်ချင်းထူမတ်

လာပြီး အိမ်တံခါးဝဆီ လှမ်းမျှော်ကြည့်လိုက်သည်။ကိုယ့်

သောကနှင့်ကိုယ်မို့ သူ ရောက်နေတာ နွယ်တို့သားအမိ

သတိမထားမိခဲ့ပါ။ကြည့်ရတာ ဆေးခန်းကအပြန် ဝင်

လာတာပဲဖြစ်ရမည်။မထားကိုယ်တိုင် သူ လာချင်တိုင်းလာ

လို့ရအောင် ခြံတံခါးကို တမင် မပိတ်ထားခဲ့တာ ဖြစ်သည်။


" ဆေးခန်းပိတ်လိုက်ပြီလား "


နွယ်က မလှုပ်သဖြင့် ဆိတ်ငြိမ်နေသော အခြေအနေတစ်

ခု အသက်ဝင်သွားအောင် မထားရှာကြံပြီး စကားရှာလိုက်

သည်။


" ပိတ်လိုက်ပြီ အန်တီ……"


" မိနွယ်…… စကားလေးဘာလေးပြောလိုက်အုံးလေ.."


ကျောက်ရုပ်သဖွယ်ငြိမ်သက်နေသော နွယ့်အား ပခုံးမှ

ကိုင်လျက် ဆွဲလှုပ်ပြီး ပြောလိုက်မှ နွယ် မထားကိုစောင်း

ကြည့်ကာ အမေကလဲဟု ခပ်တိုးတိုးပြောလိုက်ပါသည်။


ထိုစဉ် ရာပြည့်သည် သူ့ကြောင့် စိတ်ချမ်းသာခြင်း ပျောက်

ဆုံးနေသော ချစ်သူလေးကို အားပေးနှစ်သိမ့်ဖို့ သူမ အနားတွင် အပြစ်ရှိသူပမာ ကပ်လျက်ထိုင်ပြီး မျက်ရည်

တွေစို့နေသောမျက်ဝန်း ငိုရလွန်းလို့ရဲနေသော နှာခေါင်း

နှင့် ပါးတစ်ဝိုက် သူ့ကိုမကျေနပ်လို့ စူထားသော နှုတ်ခမ်းပါးလေး ထိုအရာတွေကို တစ်ခုချင်းစီငေးရင်း

ဒီမိန်းခလေးကိုမှ မပိုင်ဆိုင်ရ ရင် ရူးနိုင်တယ်လို့ တွေးမိ

လာသည်။


" စကားပြောကြအုံး……ရာပြည့် မပြန်သေးဘူးမို့လား "


" မပြန်သေးပါဘူး အန်တီ "


မပြန်သေးပါဘူးဆိုတော့ နွယ်က မျက်စောင်းလေးခဲလျက်

သူ့ကိုစိုက်ကြည့်သည်။နွယ့်အကြည့်ကို မသိချင်ယောင်

ဆောင်ပြီး အသာငြိမ်နေလိုက်လျှင်……


" ပြန်တော့ "


" ပြန်လို့မရသေးဘူး "


နွယ့်လက်ဖဝါးလေးကို သူအရဲစွန့်ပြီးကိုင်လိုက်သောအခါ

အေးစက်တဲ့အထိအတွေ့ကို ခံစားရသည်။လက်ဖျားတွေ

အေးစက်နေသလို နွယ့်ရဲ့ ရင်ခုန်သံတွေရော အေးစက်

သွားပြီလားတွေးပူကာ သူ သက်ပြင်းချလိုက်မိသည်။


" ထမင်းရော စားပြီးပြီလား……"


" စားပြီးပါပြီ အန်တီ "


" ဒါဖြင့်ကော်ဖီလေးတော့သောက်သွားအုံး……အန်တီ

သွားဖျော်လိုက်အုံးမယ် "


အလိုက်တသိဖြင့် ရှောင်ထွက်ပေးသွားသော ယောက္ခမ

အား ကျေးဇူးတင်သည့်အကြည့်ဖြင့် ရာပြည့်တစ်ချက်မော့

ကြည့်လိုက်သည်။မထား အနောက်ဘက်ဝင်သွားမှ ဘေး

တွင် မလှုပ်မယှက်ထိုင်နေသော နွယ့်ကို စကားစရသည်။


" ဘာလို့ ဆေးခန်းမလာတာလဲ "


" လာတာထက်စာရင် မလာတာပိုအဆင်ပြေမယ်ထင်လို့"


" အေးစက်လှပါလား နွယ်ရယ်…ကိုကို့အပေါ်အဲ့လောက်

တောင် အေးစက်သွားပြီလား "


" အေးစက်သွားတာ မဟုတ်ပါဘူး နေတတ်သွားတာပါ "


" အဲ့လိုနေခွင့် ကိုကိုမပေးနိုင်ဘူး နွယ်……နွယ့်ကို ကိုကို့

ဘက်က မျှော်လင့်ထားတာတွေ……"


" တော်ပါတော့ကိုကို……ကိုကို့ဘဝကို ကိုကိုကြိုက်သလို

ပုံဖော်ခွင့်ရှိတယ်……ဒါမဲ့ နွယ့်ဘဝကိုတော့ ကိုကိုဖြစ်စေ

ချင်တဲ့ ပုံစက်ခွက်ထဲ ပုံသွင်းခွင့်မရှိဘူး……"


" နွယ်……"


နွယ် ဟုခေါ်လိုက်ပြီးကာမှ မထား ထွက်လာသဖြင့် ဘာမှ

ဆက်မပြောဖြစ်ပဲ ငြိမ်နေလိုက်ရပြန်သည်။


" မိနွယ်……အမေ မမဲတို့အိမ် ခနသွားအုံးမယ်… "


နွယ်သည် အမေ ဘာတွေကြံစည်နေလဲဟူသော မသင်္ကာ

အကြည့် ကြည့်ကာ သက်မ ရှိုက်မိသည်။


" ရာပြည့် သောက်နော်……အေးအေးဆေးဆေးစကား

ပြောနှင့်ကြ……အမေကတော့ ဘာမှဝင်မပြောချင်ဘူး

ဒါမဲ့လည်း အကြံတော့ပေးချင်တယ်……ချစ်သူရယ်လို့

ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် နားလည်ပေး

ရမယ်… တစ်ဖက်သတ်ဆန်လို့မရသလို မာနချင်းပြိုင်တာ

လည်း မကောင်းဘူး……တင်းလွန်းတဲ့ကြိုးဟာ တစ်ချိန်

မဟုတ် တစ်ချိန် ပြတ်မှာပဲ……အမေ ဒါပဲပြောချင်တယ်

ကဲ ကဲ……ကော်ဖီတွေအေးကုန်မယ် သောက်ပြီးမှ

စကားပြောကြ …… မိနွယ် အမေသွားပြီနော် "


မထားသည် ရာပြည့်တို့ရှေ့တွင် နေရာယူထားသော

ကော်ဖီနှစ်ခွက်ကို စွေပြီးကြည့်လိုက်သည်။ထို့နောက် မသိ

မသာ ပြုံးကာ ထိုင်ရာမှ ထလျက် လက်စွဲတော် ပိုက်ဆံအိတ် ခါးကြားထိုးပြီး ထွက်သွားလေတော့သည်။


ခြံပြင်သို့ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ဝေ့လည် အကဲ

ခတ်ကာ သော့ခတ်လိုက်သည်။ကလင် ကလင် ဟူသော

ဘဲလ်တီးသံကြောင့် ဖိုးစိန် သစ်ပင်နောက်တွင်ရောက်နေ

ပြီဖြစ်ကြောင်း သိလိုက်၏။


" နင့်မျက်နှာ ဘာဖြစ်နေရပြန်တာလဲ "


" မျက်နှာပူလို့ပေါ့ အမရ……ကိုယ့်တူမ ကိုယ် ဟာ……

ပြောရမှာတောင် မျက်နှာပူတယ် "


" ဟင်းး ပူမနေစမ်းပါနဲ့ဟယ်……နင့်တူမ ကောင်းစားဖို့

တို့နှစ်ယောက် ဗီလိန် လုပ်ခဲ့ရတာပဲဟာ……ကြံဖန်ဂုဏ်

ယူလိုက်စမ်းပါ "


" ဟ ဂုဏ်ယူတာကနောက်……လောလောဆယ် ကော်

ဖီမသောက်ပဲ ထိုင်စကားပြောနေရင် ဘယ့်နှယ်လုပ်မ

တုံး "


" ဒီတစ်ခါမအောင်မြင် နောက်တစ်ခါပေါ့ "


" နေစမ်းပါအုံးအမရဲ့……သူတို့ချင်းလဲ ချစ်နေကြသားပဲ

တနေ့နေ့တော့ ယူဖြစ်မှာပေါ့……ဘာလို့ နင့်ဘက်က

အသဲအသန်ပေးစားချင်နေရတာလဲ "


ဖိုးစိန်အမေးကြောင့် မထားပြုံးလိုက်သည်။ထိုအပြုံးသည်

နင်နားမလည်တာတွေ အများကြီးရှိသေးတယ်ဟူသော

အဓိပ္ပါယ်မျိူ းဖြင့် လှောင်လိုက်သော အပြုံးဖြစ်သည်။


" ငါမှကြားမဝင်ရင် သူတို့ဒီတစ်သက် ယူဖြစ်မယ်မထင်ဘူး

မိနွယ်အကြောင်း နင်သိပါတယ် သိပ်ခေါင်းမာတဲ့ကလေး

ရာပြည့်ကရော ဘာထူးသလဲ……သိပ်အတွေးခေါင်တဲ့လူ

နောက်ပြီး ရာပြည့်အသိုင်းအဝိုင်း စည်းစိမ်ဥစ္စာ……နင်

ဒါတွေ ဘာမှမသိပါဘူး…… ရာပြည့်လို အစစအရာရာ

ပြည့်စုံတဲ့လူကို မိနွယ် အဆုံးရံှုးခံနိုင်ပေမယ့် ငါလက်မ

လွှတ်နိုင်ဘူး……ဒါအမေတစ်ယောက်ရဲ့ သမီးအပေါ်ထား

တဲ့ လောဘပဲ "


မထားပြောတာ လုံးစေ့ပက်စေ့ နားထောင်ကြည့်ပြန်တော့

လည်း ဟုတ်သလိုလိုရှိနေရာ ဖိုးစိန် တစ်ခွန်းမျှ အထွန့်မ

တက်ရဲတော့ပဲ ဖြစ်နေသည်။မိမိတို့လုပ်ရပ်သည် တရားပါ့

မလား။ထိုသို့ အတွေးဝင်လာတိုင်း မိနွယ်ဘဝ ကောင်းစား

ဖို့ပဲလေဟု ဖြည့်တွေးလျက် သူတို့နှစ်ယောက်ပေါင်းစည်း

ရေး အစီအစဉ်တွင် ဖိုးစိန်ပါ ကြံရာပါ ဖြစ်ခဲ့ရလေတော့

သည်။


အင်း……ကော်ဖီတွေ ကုန်အောင်သောက်မှ အကြံအစည်

အောင်မြင်မယ်။

--

" ဟင်……မိနွယ် ဟဲ့ ထစမ်းပါအုံး……ထစမ်းပါအုံးဟဲ့ "

မထားသည် အပီပြင်ဆုံးသော အိုက်တင်နှင့်အတူ အတတ်နိုင်ဆုံး လေသံကိုတင်းလျက် တကယ့်ကိုအံ့သြ
ဟန်ဖြင့် နွယ့်အား လှုပ်နိုးလိုက်လေသည်။နွယ့်ဘေးတွင်
ဖိုးစိန်အကူအညီဖြင့် ဖေးကူတွဲလာသည့် ရာပြည့်ဟာ
ပုံစံမပျက် အိပ်၍ ပျော်နေရှာသည်။

မထား၏ အသံကြောင့် အရင်ဦးဆုံး နွယ် နိုးလာပြီး အိပ်
မှုံစုံဖွားရုပ်နှင့် အကယ်ဒမီရှော့ခ်ရိုက်နေသော မထားအား
ကြည့်ကာ……

" ဘာလဲ အမေရာ……ဝှားးး…အိပ်လို့တောင်မဝသေးဘူး"

" သြော……တော်တော်များ အိပ်ကောင်းနေကြတယ်ပေါ့
ညက ငါပြန်မလာဖြစ်တာနဲ့ အခြေအနေတွေ ဒီလောက်
ဖြစ်သွားစရာလား ဟမ် "

" ဘာတွေပြောနေတာလဲ အမေ……သမီး နားမလည်……"

" နားမလည်ဘူးဟုတ်လား……နားမလည်ရင် အဲ့မှာကြည့်"

မထားသည် နွယ့်ရဲ့လည်ကုတ်ကို ခပ်ကြမ်းကြမ်းဆုပ်
ကိုင်ထားလျက် နွယ် သတိထားမိပုံမရသော မြင်ကွင်းတစ်
ခုကို ပြလိုက်လေရာ ပါးစပ်အဟောင်းသားဖြစ်သွားရ
တော့သည်။နှုတ်ဖျားမှလည်း ဟာ ဟူသော အာမေဋိတ်
အသံကို ခပ်တိုးတိုးရေ ရွတ်လျက် မိမိခုတင်ပေါ်မှ ယောင်
ယမ်းစွာဆင်းပြီး အမေ့အနားကပ်ကာ ခေါင်းသာ ဇွတ်ရမ်း
ပြနေမိပါသည်။

" မဟုတ်ဘူး မဟုတ်ဘူး အဲ့ဒါ မဟုတ်ဘူး "

" တိတ်စမ်း…… နှိုးစမ်းပါ ညည်းအကောင်ကို နှိုးလေ "

" မဟုတ်ဘူး အမေရဲ့ မဟုတ်ဘူး "

" ကဲ ဖယ်စမ်းပါ……ရာပြည့် ရာပြည့် "

မထားရှေ့တွင် ကာဆီးကာဆီးလုပ်နေသော နွယ့်ကိုတွန်း
ဖယ်ပြီး ရာပြည့်အနားကပ်ကာ လှုပ်ပြီးနှိုးလိုက်မှ သူအသက် ဝင်လာတော့သည်။နွယ်ကတော့ အားလုံးကို
ကျောခိုင်းပြီး မျက်နှာအုပ်လျက် တရံှု့ရံှု့ ငိုနေလေသည်။

" ကျတော် ဘယ်……"

" သြော် ဘယ်ရောက်နေတာလဲ ဟုတ်လား……ငါ့သမီး
အခန်းထဲရောက်နေတာလေ……ရာပြည့်ရယ် မင်းကိုဒီ
လို အခွင့်အရေးယူတတ်မယ် မထင်လို့ ငါ စိတ်ချလက်ချ
ထားခဲ့တာ……မင်းမို့လုပ်ရက်တယ် ဒီကိစ္စ ဘယ်လိုဖြေ
ရှင်းပေးမှာလဲ……ငါ သေသာသေလိုက်ချင်တယ် "

အိုင်တင်ကောင်းလွန်းနေသော မထားသည် ရာပြည့်နှင့်
နွယ့်ကို မျက်လုံးလေးဖြင့် ခပ်စွေစွေကြည့်ရင်း ၎င်း မျက်နှာ
ကို အုပ်လျက် ဟန်ဆောင်ငိုနေလေသည်။အရေးဆိုမျက်
ရည်က မထွက်သဖြင့် မျက်နှာအုပ်ထားပြီး လေသံနှင့် ရှိုက်
နေရခြင်းဖြစ်သည်။

ရာပြည့်သည် ဖြစ်ပျက်သွားသော အခြေအနေတစ်ခုကို
ဘာမှစဉ်းစားနိုင်စွမ်းမရှိအောင် ခေါင်းတွေထူပူလာသည်။

" ဒါ ဒါ ဒါဘယ်လိုဖြစ်နေကြတာလဲ အမ "

" အာ့မလေး ဖိုးစိန်ရယ်……ငါတော့အရှက်ကွဲပါပြီ "

ဇာတ်တိုက်ထားသည့်အတိုင်း ခနကြာလျှင် ဖိုးစိန်ရောက်ချ
လာပြီး လေ့ကျင့်ထားသော ဇာတ်ကွက်ထဲ အံဝင်ဂွင်ကျ
ဖြစ်အောင် အပီပြင်ဆုံးသရုပ်ဆောင်လိုက်သောအခါ မ
ထားသည် အထက်ပါအတိုင်း ရေရွတ်ပြောဆိုလျက် မိမိ
ရင်ဘတ်ကိုထုရင်း ဖိုးစိန်လက်မောင်းအား ခိုတွဲကာ အား
ပါးတရ ငိုနေပြန်သည်။

" ခနလေးနေကြပါအုံးဗျာ……ကျတော်တောင် ဒီအခန်းထဲ
ဘယ်လိုရောက်လဲ "

" ဆရာ ရာ……အခုလိုလုပ်တာတော့ မကောင်းပါဘူး
အမလဲ သဘောတူထားရဲ့နဲ့ဗျာ……ကျူ ပ်တူမက အပေါ
စားမဟုတ်ပါဘူး "

တစ်ယောက်တစ်ခွန်း ဝိုင်းဝန်းအပြစ်တင်နေတဲ့ စကားလုံး
တွေကို ရာပြည့် ကြားပါ၏။သို့သော် စိတ်နဲ့ကိုယ်မကပ်သ
ကဲ့သို့ နားထဲတွင် စကားလုံးတွေ ရောထွေးနေသည်။မနေ့
ညက အဖြစ်အပျက်ကို သေသေချာချာ ပုံဖော်ခွင့်မရ
လောက်အောင် သူတို့စကားသံတွေက စိုးမိုးလွန်းနေပါ
သည်။

" မထားရေ……ဟယ် ဒါ ဒါ "

ပေါင်းစည်းရေး စစ်ဆင်ရေးတွင် တတိယလူအဖြစ် ဝင်လာ
သူကတော့ မမဲတုံပင်ဖြစ်သည်။ညက မဲတုံအမေ ဆေးရုံ
တက်ရလို့ မထား အိမ်ပြန်မလာနိုင်ကြောင်း နွယ့်အား
လူကြုံနဲ့ပြောခိုင်းပြီးသားဖြစ်သည်။အဲ့အချိန်ထိ သူတို့နှစ်
ယောက်မှာ မထားစီမံထားခဲ့သော ကော်ဖီကို မထိရသေး
ပါ။

" ညည်းမြင်တဲ့တိုင်းပဲ အဟင့် "

" မိနွယ်ရယ် မိုက်လှပါလားကွယ်……ကဲ ဖြစ်ပြီးတာတွေ
လည်း ဖြစ်ပြီးပြီ ဘာမှလုပ်လို့မရတော့ဘူး……ဒီတော့
ရှေ့ဆက် ဘာလုပ်မလဲ တိုင်ပင်ကြ "

" ဟ……ဘာတိုင်ပင်ရမှာလဲ……ကျူ ပ်တူမလေးကို ဆရာ
တာဝန်ယူရမှာပေါ့ "

တာဝန်ယူရမှာပေါ့ ဟူသောစကားသည် ရာပြည့်ခေါင်း
အထက် မိုးကြိုးပစ်ခံလိုက်ရသလို ထူပူသွားကာ တစ်ကိုယ်လုံး သွေးမရှိသကဲ့သို့ ဖြူ ဖွေးစွတ်သွားပါသည်။

" ဖိုးစိန်ပြောတာမှန်တယ် မထား……ကဲပါ ဘာမှငိုမနေနဲ့
တော့……ကျမ ရပ်ကွက်လူကြီးတွေသွားခေါ်မယ်……
မထားဘက်က ပြင်ဆင်စရာရှိတာပြင်ထား……နွယ်က
မိန်းခလေးဆိုတော့ သူ့သိက္ခာကို အဖတ်ဆယ်တဲ့အနေ
နဲ့ လူကြီးစုံရာရှေ့ လက်မှတ်လေးတော့ထိုးခိုင်းရမယ်
နောက်မှ မင်္ဂလာကိစ္စ စီစဉ်ပေါ့ "

တဖြေးဖြေးနဲ့ ပိုဆိုးလာသော အခြေအနေတွေကြောင့်
ရာပြည့် ထွက်ပြေးချင်စိတ်များ ပေါက်လာသည်။အပိုင်
ချည်တယ်ဆိုတာ ဒါမျိူ းလား တွေးမိလျှင် သူတို့မျက်နှာတွေ
ကိုမကြည့်ချင်လောက်အောင် စက်ဆုပ်ရွံရှာလာမိသည်။
သူတို့သမီး သူတို့တူမ ရဲ့ သိက္ခာတရားအတွက် အနှစ်နှစ်
အလလ အပွန်းပဲ့မခံခဲ့တဲ့ သူ့သိက္ခာတွေကို မြောင်းထဲ
လွှတ်ပစ်ရတော့မတဲ့လား။သိပ်ကို တရားကျဖို့ ကောင်းနေ
ပါလား။

မထားရော ကိုဖိုးစိန်ရော ဘယ်ကမှန်းမသိပေါ်လာသော
မမဲတုံဆိုတဲ့ အမျိူ းသမီးပါ အခန်းထဲက ထွက်သွားတော့မှ
ငိုဖို့ပဲ တတ်နိုင်သည့် နွယ့်အား ပခုံးမှ လှမ်းကိုင်ကာ မျိူ သိပ်ထားမိသည့် စကားလုံးများ ထွက်အန်ချမိလိုက်လေ
သည်။

" ဒါ ဘယ်လိုဖြစ်တာလဲ "

စူးရှတဲ့ မျက်ဝန်းထဲ ပျောက်ဆုံးသွားသော အချစ်တို့ကို
နွယ်ကြိုးစားပြီး ရှာဖွေနေမိသည်။သူ့မျက်ဝန်းထဲတွင်အချစ်
ရိပ် အချစ်ယောင်မပြောနှင့်။နှောင်တွယ်ဖူးသော သံယော
ဇဉ် အတိမ်အမျှင်လေးတောင် မတွေ့ရတော့တာ အံ့သြ
ဖို့ ကောင်းလှသည်။

" ငါမေးနေတာဖြေလေ……ဒါဘယ်လိုဖြစ်ကုန်တာလဲ"

" ကျမလဲ မသိဘူး……ဘာတစ်ခုမှ စဉ်းစားမရဘူး……
ဘာမှ မသိဘူး "

" မသိလို့မရဘူး……တစ်ခုခုကိုအဖြေရှာရမယ် သိကိုသိရ
မယ် "

စို့နင့်လာသော ဝမ်းနဲမှုကို နွယ် မနဲမျိူ ချလိုက်ရင်း သူ့အနား
မှ ထွက်သွားရန်ခြေလှမ်းပြင်စဉ်……

" ဒါဘယ်လဲ……ငါရှင်းရှင်းပဲပြောမယ် ခြူ းသက်နွယ်……
ငါမင်းကို ချစ်တယ်……ဒါမဲ့ အခုတော့ မယူနိုင်သေးဘူး
ဘာလို့လဲဆိုပြီး ထပ်မမေးနဲ့……မင်းတို့နားလည်အောင်
ငါမရှင်းပြတတ်ဘူး "

ပြတ်သားလှသော အပြောကြောင့် နွယ် မဲ့ပြုံးပြုံးလိုက်
သည်။

" မင်းငါ့ကိုမရွဲ့နဲ့……ငါတို့ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာ အား
လုံးသိအောင် ရှင်းပြရမယ် "

" ဟုတ်တယ် ကျမတို့ဘာမှမဖြစ်ခဲ့ကြဘူး……ဘယ်မလဲ
သက်သေ……ရှင် ကျမကို လက်မထပ်နိုင်ဘူးမို့လား
ရှင့်ဘက်ပဲ ရှင်ကြည့်ပါ……ပျက်စီးသွားတဲ့ ကျမရဲ့သိက္ခာ
က အဖိုးမတန်ပါဘူး……ထွက်သွားပါ……ထွက်သွား "

အံကိုတင်းပြီးပြောလိုက်သော်လည်း နှလုံးသားထဲက ဒဏ်
ရာကြောင့် လှိုက်ဖိုဝမ်းနဲလာကာ သူ့ရှေ့ မျက်ရည်ခံထိုးမိ
သလို ဖြစ်နေလေသည်။သုတ်လို့မနိုင်လောက်အောင်ကျ
နေတဲ့ မျက်ရည်တွေကို နွယ် ခပ်ကြမ်းကြမ်းသုတ်လိုက်ပြီး

" ထွက်သွားပါ ဦးရာပြည့်……ကျန်တဲ့ကိစ္စကို ကျမ တာဝန်
ထားပါ "

" မင်း တကယ်ရ ရဲ့လား……"

ဟာ ဟူသော အသံကို စိတ်ထဲကနေ နွယ်ရွတ်လိုက်တာ
ဖြစ်သည်။တကယ့်ကို သူ့ဘက်သာ သူကြည့်တတ်တဲ့
တစ်ကိုယ်ကောင်းသမားပဲ။ရ ရဲ့လားတဲ့။

" ရတယ် သွား "

ထိုစကားသုံးလုံးသာပြောပြီး သူ ထွက်ပြေးနိုင်မယ့် အခြေ
အနေတစ်ခုကို နွယ်ဖန်တီးပေးလိုက်တော့သည်။ဘယ်
လောက်တောင် ထွက်ပြေးချင်လဲ မသိသည့် သူဟာ
နွယ့်ကို တစ်စက်ကလေးမှ လှည့်ကြည့်ဖော်မရပဲ ကျော
ခိုင်းသွားလိုက်တာ သူ့အရိပ်ပျောက်ကာမှ မိမိရင်ထဲ အလွန်ကြီးမားသည့် ဒဏ်ရာတစ်ခုကို ဆားနဲ့သိပ်သလို
စပ်ဖျင်းဖျင်း နာကျင်သွားရမှန်း သိလေတော့သည်။


rate now: