💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
" နောက်မှ ထပ်လာခဲ့မယ် ဦးရာပြည့် "
အေးစက်စက်အသံတစ်ခုသည် သူ့နားထဲ ခါးသီးစွာ ဝင်
လာသောအခါ ချူ ပ်ထိန်းထားခဲ့သော ဒေါသမီးလျှံများ
တဟုန်းဟုန်း တောက်လောင်လာပြန်သည်။သူ့ တစ်သက်
တွင် ဒီလို တွယ်ကပ်ဖက်တွယ်တတ်သော မိန်းခလေးမျိူ း
တစ်ခါမှ မတွေ့ဖူးသဖြင့် မိမိ ညီမ သာဖြစ်ခဲ့ပါက အရိုး
တစ်ခြား အသားတစ်ခြားဖြစ်အောင် ရိုက်နှပ် ဆုံးမမိ
လိမ့်မည်ဟု စိတ်တွင်အောက်မေ့မိ၏။
သူမသည် ရာပြည့်ကိုကျောခိုင်းလျက် မိမိအလှကို သူ
ငေးလာစေရန် ဆွဲဆောင်သည့်အနေဖြင့် Model မ လေး
တွေလို တစ်လှမ်းချင်း ကြွကြွရွရွ လျှောက်ကာ အခန်းတံ
ခါးကို အသာလေးဖွင့်ပြီး အပြင်ရောက်ကာမှ ဆောင့်ပိတ်
လိုက်လေတော့သည်။
" ဒီလိုယောကျာ်းမျိူ း ပြတိုက်ထဲထားသင့်တယ် "
နှုတ်ဖျားက ပွစိပွစိ ရေရွတ်လျက် သူမ လှမ်းလျှောက်လာ
ရာ လမ်းခုလတ်တွင် နော်ခမ်းမူနှင့် ထပ်တိုးပြန်သည်။အခြေအနေကို တစေ့တစောင်း အကဲခတ်ကြည့်မိရာမှ
ဘယ်လိုမှ နားမလည် သဘောမပေါက်နိုင်သော မိမိအ
ဖြစ်ကို ခမ်းမူ စိတ်ရှုပ်သွားဟန်ဖြင့် ယောင်ယမ်းပြီး ခေါင်း
ခါမိသေးသည်။လွင်မေသွယ်ကတော့ မြေကြီးနဲ့ခြေဖဝါး
လောလောလတ်လတ် ရန်ဖြစ်ထားသည့်နှယ် ဆောင့်
အောက်လျက် ထွက်သွားလေတော့သည်။
" တစ်ခုခုတော့ တစ်ခုခုပဲ "
ဤသို့ မှတ််ချက်ချပြီး ခမ်းမူသည် ကိုယ့်လမ်းကိုယ်ဆက်
လျှောက်လာသည်။လိုရာလမ်းကိုမရောက်ခင် အရုပ်ကြိုး
ပြတ်သကဲ့သို့ ခေါင်းငိုက်စိုက်လျှောက်လာသော ဒေါက်တာရာပြည့်အား စိတ်မချမ်းမသာတွေ့ရပြန်သည်။
" နော်ခမ်းမူ ခန "
မိမိကို သတိမထားမိပဲ ခြေလှမ်းအတော် ရောက်ပြီးကာ
မှ ဒေါက်တာလှမ်းခေါ်သဖြင့် ခမ်းမူသည် အနောက်သို့
ခပ်သွက်သွက် ပြန်လျှောက်လာရသည်။
" ခုနက ကိစ္စတွေ ဘယ်သူမှ မသိပါစေနဲ့……"
ထိုသို့ပြောလျက် ခမ်းမူလက်ထဲ တစ်သောင်းတန်ငါးရွက်
အား အတင်းထိုးပေးကာ လှည့်ထွက်သွားသော သူ့ကို
ကြည့်ရင်း လောကတွင် အရာရာကို ငွေနှင့်ဖြေရှင်းတတ်
သော ဒေါက်တာရာပြည့်လို လူမျိူ း ဘယ်နှစ်ယောက်
တောင် ရှိလေမလဲ ခမ်းမူ တွေးမိပြီး လက်ထဲ သူ့အလိုလို
ရောက်နေသော ငွေငါးသောင်းကို ငုံ့ကြည့်လိုက်ပါသည်။
စင်စစ်အားဖြင့် လကုန်မှာကို ကြောက်နေသော မိမိအဖို့
ဒေါက်တာပေးသွားသော ငွေများသည် ပူပန်လျက်ရှိသော
သောကမီးကို တစ်မျိူ းတစ်ဖုံညှိမ်းသတ်သွားသည်ဖြစ်ရာ
ဖြစ်လာတဲ့အခြေအနေပေါ် ရေလိုက်ငါးလိုက်နေ၍ ပေးတာကိုယူ ဖုံးသင့်တာ ဖုံးရတော့မည် ဖြစ်၏။
ဘယ်သူမှမမြင်အောင် ငွေငါးသောင်းကို ခါးကြားထိုးလျက်
မူလအစီအစဉ်အတိုင်း အိမ်ပြန်ဖို့ ပြင်ဆင်ရတော့သည်။
----------------------------------------------------------------------
" ဟယ် မမလဲပါတယ် "
မြတ်နိုးသည် ၎င်းအိမ်သို့ ဇော်နှင့်အတူ နွယ်ပါရောက်လာ
သဖြင့် အင်မတန်ပျော်နေပုံရသည်။နွယ့်လက်တစ်ဖက်ကို
အတင်းဆုပ်ကိုင်လျက် အိမ်ထဲခေါ်သွားပြီး……
" မမဆီမနေ့ကတောင်ရောက်သေးတယ်……"
ထိုသို့သာပြောနိုင်ပြီး မြတ်နိုး အနောက်ဘက် ခပ်သုတ်
သုတ်ဝင်သွားပြန်သည်။နွယ်သည် ဇော့်လက်ထဲက စာ
အုပ်တွေကို လက်ပြောင်းယူပြီး အနီးနားရှိ စားပွဲပေါ်တင်
ထားကာ အိမ်အခြေအနေကို အကဲခတ်ကြည့်နေမိသည်။
အိမ်လေးသည် ကျဉ်းသောလည်း မြတ်နိုး၏ မိန်းမ ပီသမှု
ကြောင့်ထင်ရဲ့။သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြင့်
ရှိနေသည်။ပေနှစ်ဆယ် အိမ်ကို တစ်ဝက်ခွဲလျက် ဘေး
အခန်းအား ငှားစားထားသည်ဟု ဇော်ပြောပြထားသဖြင့်
သူမတို့စီးပွားရေးသည် အခြေအနေမဟန်လှကြောင်း နွယ်
သိနေသည်။
" မမရေ……စားပါအုံး……ရှိတာလေး လုပ်လာတာ……
ထမင်းစားပြီးမှ ပြန်ရမယ်နော် "
" နေပါစေ မြတ်နိုးရယ်……အိမ်ကနေ အမစားလာတယ်
မနေ့က လာသွားတယ်ဆိုလို့……ဇော်ကလဲ ဒီနေ့မြတ်နိုး
ကျောင်းပိတ်တယ်ပြောတာနဲ့ တစ်ခါထဲထွက်လာဖြစ်
တာ……လာမယ်လာမယ်နဲ့ အခုမှပဲရောက်ဖြစ်တော့
တယ် "
ဇော်သည် နွယ်ပြောသမျှကို ပြုံးပြုံးလေးနားထောင်ရင်း
မြတ်နိုးကို မျက်တောင်မခတ်ကြည့်နေမိသည်။
" ဘယ်ဟုတ်ပါ့မလဲ မမရဲ့…… စားသွားပါ……အကို ဖုန်း
ဆက်ထဲက မမလာမယ်ဆိုတာသိလို့ မြတ်နိုး အဆင်
သင့်လုပ်ထားပြီးပြီ……စားမသွားရင် စိတ်မကောင်းဖြစ်
မှာနော် "
" ဟားး ကဲပါ နွယ်ရာ……နဲနဲလောက်ဖြစ်ဖြစ်စားလိုက်…
မင်းမှ မစားရင် ငိုတော့မယ့်ရုပ်နဲ့ "
ဆန်းကြယ်သောကံတရားလား အတိတ်ဘဝက သံယော
ဇဉ်လက်ကျန်လား မပြောတတ်ပေမယ့် မြတ်နိုးသည် နွယ့်
အပေါ် အင်မတန် သံယောဇဉ်တွယ်နေမိသည်။
" မြတ်နိုးရေ……မြတ်နိုး "
ထိုအသံကို ကြားဖူးသလိုရှိသော နွယ်သည် အချိန်မဆိုင်း
ပဲ အသံလာရာဆီ လည်ကလေးလိမ်ကြည့်မိလိုက်သော်
မနော်ခမ်းမူဖြစ်နေ၍ မျက်ခုံးနှစ်ဖက်ပင့်တက်သွားကာ
တတိယအကြိမ် အံ့သြမိရပြန်သည်။
" လာလေ မမခမ်းမူ……မေမေတော့မရှိဘူး……ဝယ်လက်
တွေလာလို့ အနောက်လမ်းမှာ အိမ်သွားပြတယ် "
" ဟုတ်လား……ဒါဖြင့် မြတ်နိုးကိုပဲပေးခဲ့တော့မယ်……
ဒီည အမကနောက်ကျမယ်လေ……ထုံးစံအတိုင်း ငါ့အကို
ကလဲ ဈာန်ဝင်သွားရင် ထမင်းမေ့ ဟင်းမေ့ရယ်…… သူ့
လက်ထဲသာ အပ်ခဲ့လို့ကတော့ ပိုက်ဆံတောင် ဘယ်နား
ထားမိမယ် သိမှာမဟုတ်ဘူး "
ခမ်းမူသည် ပြောစရာစကားကုန်ပြီးမှ ဧည့်သည်တွေ
ရောက်နေမှန်း သတိထားမိကာ စပ်စုချင်စိတ်ဖြင့် တစ်ချက်
လှည့်ကြည့်ရာမှ နွယ့်ကို လှမ်းမြင်သွားသဖြင့်……
" ဟယ် ညီမလေး……"
" ဟုတ်……အမကို ဝင်လာထဲက ကြည့်နေတာ "
" အော်……မမခမ်းမူနဲ့ မမနဲ့က သိနေကြတာလား "
မြတ်နိုးအမေးကြောင့် နှစ်ယောက်သား ရုတ်တရက်ဘာ
ပြန်ဖြေရမှန်းမသိဖြစ်နေကြသည်။တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကိုယ်စီပြုံးကာ အင်း တစ်လုံးထဲ
ပြိုင်တူ ထွက်မိကြပြန်သည်။
" အမက ဒီမှာနေတာလား "
ခမ်းမူသည် နဂိုထဲကမှ ဒေါက်တာရာပြည့်နှင့် နွယ့်ပက်
သတ်မှုကို သိချင်နေသူဖြစ်ရာ ယခုလို နွယ်နှင့်နောက်တစ်
ကြိမ် ပြန်တွေ့ခွင့်ရသည့် အခွင့်အရေးကို လက်လွှတ်မခံ
ချင်တော့ပါ။ထို့ကြောင့် လက်ထဲက နာရီလေးကို တစ်ချက်
ငုံ့ကြည့်ပြီး အချိန်ရသေးသည်မို့ နွယ့်ဘေးတွင် ကပ်ထိုင်
လျက် စကားအနဲငယ်ပြောမည်ဟု ဆုံးဖြတ်လိုက်ပါတော့
သည်။
" အင်း ဟုတ်တယ် ညီမလေးရဲ့……အမတို့က ဒီမှာငှားနေ
တာလေ……"
" အော်……ဒါက နွယ့်သူငယ်ချင်း ဇော်တဲ့ "
နော်ခမ်းမူနှင့် ဇော့်ကို တကူးတက မိတ်ဆက်ပေးစရာ
မလိုမှန်း နွယ်သိသော်လည်း သူမ က မိမိနှင့်စကားပြော
ရင်း ဇော့်ဆီ အကြည့်ခနခန ရောက်နေ၍ သံသယရှင်း
အောင် ပြောပြလိုက်ခြင်းဖြစ်သည်။
" တွေ့ရတာ ဝမ်းသာပါတယ် အမ……နွယ့်လိုပဲ ကျတော့်
ကိုခင်နိုင်ပါတယ် "
" ဟုတ်ပါပြီမောင်လေး……အမလဲ ခင်တတ်ပါတယ် "
" မမခမ်းမူရေ……မြတ်နိုးရဲ့ မမကို ခနဧည့်ခံပေးထားအုံး
ဟီးးး……မြတ်နိုး ထမင်းပွဲသွားပြင်လိုက်အုံးမယ်……မမ
ခမ်းမူပါ တစ်ခါထဲစားသွားရမယ်နော် "
" အယ် မစားတော့ဘူး မြတ်နိုးရဲ့……အမ စားပြီးပြီ……
နင့်အကို ပြန်မလာသေးလို့ စောင့်နေတာ……ကဲပါ
သွားပြင်ချေ……နွယ့်ကို ကျူ ပ်ဧည့်ခံထားလိုက်မယ် "
ဧည့်ခံမယ်ဆိုတာထက် အမှန်တရားတစ်ခုသိချင်လို့
ရသလောက် စကားနှိုက်ချင်တာလေ။
" ကိုယ်ပါကူပေးမယ် "
ဇော်ကပါ ရှောင်ထွက်ပေးသလိုဖြစ်သွားတော့ ခမ်းမူ
ကျိတ်ပျော်သွားသည်။နှစ်ကိုယ်ကြား မေးချင်နေတာကိုး။
" ဒါ့ထက် မနေ့က အဆင်ပြေရဲ့လား နွယ် "
" ရှင် "
" အော် ဒီလိုပါ……ဟိုမိန်းခလေးက ဆရာ့ကို သိပ်ကပ်နေ
တာ……အမြင်ကတ်စရာ သိပ်ကောင်းတာပဲ……ကိုယ့်
ညီမသာဆို စိတ်ရှိလက်ရှိ လုပ်ပစ်လိုက်ချင်တာ တကယ်"
နွယ်သည် ဘာမှပြန်မပြောပဲ သူမ ပြောသမျှကို ပြုံးပြုံးလေး
နားထောင်နေပါသည်။
" ဘာတွေဖြစ်ကြသေးလဲဟင် "
ဒီတစ်ခါတော့ နွယ်က သူမကို မျက်လုံးအဝိုင်းသားလေး
ဖြင့် ဝင့်ကြည့်လေသည်။
" အမက ငါ့ညီမအတွက် စိတ်ပူလို့ပါ……အမှန်တိုင်းပြောရ
ရင် ပင်လုံမှာတွေ့ထဲက နွယ့်ကို အမက……"
ဆက်ပြောရမယ့်စကားလုံးတွေ အဆင်သင့်ရှိနေရဲ့နဲ့
ခမ်းမူ ဆက်မပြောရဲတော့ပါ။နွယ့်မျက်နှာသည် တွေ့စက
လို ကြည်လင်မနေတော့ပဲ အရောင်ဖျော့လာ၍ ခမ်းမူ
ဘာပြောရမှန်းမသိ ဖြစ်သွားပါသည်။
" အမက ဘယ်လိုထင်လို့လဲ……သူကရော အမကို ဘာ
ပြောထားလဲ "
" ဆရာက ဘာမှမပြောပါဘူး "
" ထင်သားပဲ "
ထင်သားပဲ ဟူသော စကားသုံးခွန်းကို အံကျိတ်သံဖြင့်
နွယ်ပြောလိုက်သည်။
" ဆရာနဲ့ နွယ်နဲ့က……"
" ဒီလိုပါပဲ……ဘာပက်သတ်မှုမှ မရှိပါဘူး "
အတတ်နိုင်ဆုံးတော့ သူ့သိက္ခာကို နွယ် ကာကွယ်ပေးခဲ့
ပါတယ်လေ။ဘာပက်သတ်မှုမှ မရှိပါဘူးဆိုတဲ့စကားကို
ရင်နာနာနဲ့ပြောခဲ့ရတာ ဘယ်သူ သိမတဲ့လဲ။နော်ခမ်းမူ
ဟူသော အမျိူ းသမီးသည် ဘာ့အတွက် ကိုကိုနဲ့နွယ်ရဲ့
ပက်သတ်မှုကို သိချင်နေပါသလဲ။
" အင်း……"
ဆက်မေးချင်သည့် မေးခွန်းများ ကျန်နေသေးပေမယ့် နွယ်
က ဘာပက်သတ်မှုမှမရှိဘူးရယ်လို့ ယတိပြတ်ငြင်းလိုက်
ရာ ခမ်းမူ အခက်တွေ့သွားပါသည်။ဘာ့ကြောင့်မေးသလဲ
နွယ်မသိပါဘူး။သို့သော် သိချင်စိတ်တစ်ခုကို အခြေခံထား
ပြီး သိပါက တစ်စုံတစ်ရာ အကျိူ းထူးနိုင်တယ်ဆိုတာကို
တော့ နော်ခမ်းမူ မျက်နှာကိုကြည့်ခြင်းအားဖြင့် အကဲခတ်
မိပါ၏။
ရှေ့ဆက်မေးလို့မရအောင် ပိတ်ပစ်လိုက်သော နွယ့်အ
ပြောကြောင့် နော်ခမ်းမူ မျက်နှာဖုံးမရအောင် ပျက်သွား
တာ အံ့အားသင့်စရာကောင်းလှသည်။
" မမရေ စားလို့ရပြီနော် "
တိတ်ဆိတ်ခြောက်ကပ်နေသော အခြေအနေတစ်ခုသည်
မြတ်နိုးကြောင့် သူ့နေရာနှင့်သူ နေသားတစ်ကျ ပြန်ဖြစ်
သွားသလိုလို အဝေးရောက်နေသောစိတ်တို့သည် လူ
တစ်ယောက်အကူအညီဖြင့် မိမိခန္ဓာထဲသို့ ပြန်ရောက်
သွားသလိုလို အခုမှပုံမှန် အခြေအနေပြန်ဖြစ်သွားတော့
လေသည်။
" မမခမ်းမူပါ တစ်ခါထဲဝင်စားပါလား "
" မစားတော့ပါဘူးကွယ်……အမ ခနနေ သွားရတော့မှာ
ကဲ……စားကြ စားကြ……အမ သွားပြီဟေ့ အားလုံးပဲ "
နော်ခမ်းမူ ထွက်သွားမှ နွယ့်စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကြီး
တစ်ခု ကျသွားသလို ခံစားရသည်။
ဘယ်သူမှမမြင်အောင်တစ်ဖက်လှည့် သက်ပြင်းခိုးချရင်း မြတ်နိုးအသင့်ပြင်ဆင်ထားသော ထမင်းဝိုင်းထဲ စိတ်မပါ
လက်မပါ ထိုင်ပြီးလျှင် အိမ်ရှင်ကျေနပ်လေအောင် ဟန်ပြ
စားလျက် ဇော်နှင့်အတူ အသက်မပါသော ခြေလှမ်းတို့ဖြင့်
ပြန်လာခဲ့ပါတော့သည်။
----------------------------------------------------------------------
" ခုနက လာသွားတာ ဘယ်သူလဲ ညီမလေး "
ငြိမ်းချမ်းမောင် အမေးကြောင့် မြတ်နိုး လှစ်ခနဲပြုံးမိသည်။
ပြုံးတာလဲ မပြောနဲ့လေ။မမပြန်သွားတာကို တစ်ဖက်ပြ
တင်းပေါက်ကနေ မျက်တောင်မခတ်ခိုးငေးနေတာ သူမ
တွေ့လိုက်ရတာကိုး။
" သမီး မွေးစားထားတဲ့ အမလေ ခ်ခ် "
" ရော် ဒီက အကောင်းမေးနေတာကို……ညည်းကပြောင်
ချောချောနဲ့ "
" မပြောင်ပါဘူူးကိုကြီးကလဲ……မမခမ်းမူနဲ့ခင်သားပဲ
ပြန်လာမှ ကိုယ့်ညီမ ကိုယ်မေးကြည့်ပေါ့ "
ပြောပြီးသည်နှင့် မြတ်နိုး လှည့်ထွက်သွားပါသည်။မသွားပဲ
ဆက်နေလျှင် မမ အကြောင်းမေးလာတော့မှာ မြတ်နိုးသိ
သည်။မမမှာ ပိုင်ရှင်ရှိနေသောကြောင့် မိမိ ဘာတစ်ခုမှ
မကူညီနိုင်တော့မယ်အတူတူ စကားစဖြတ်လိုက်တာ ပို
ကောင်းသည်မို့ မြတ်နိုး အိမ်ထဲကို စကေးရှောင်တဲ့အနေ
ဖြင့် လှည့်ထွက်လာခဲ့ခြင်းအပေါ် ငြိမ်းချမ်းမောင် တစ်
ယောက် ဘယ်လိုများ ယူဆသွားလေမလဲ မသိပါ။
မျက်စိရှေ့တွင် ပျောက်ကွယ်သွားသော ပုံရိပ်လေးအား
သူ့အတွေးထိ ဆွဲငင်ခေါ်ဆောင်လာရင်း မိမိအခန်းဘက်
တစ်လှမ်းချင်းလှမ်းသွားသော သူ့ကိုကြည့်ပြီး မြတ်နိုး
သက်ပြင်းချမိပါသည်။သူကဖြင့် ကိုယ့်အတွေးနှင့်ကိုယ်
တစ်စုံတစ်ခုအား ချက်ချင်းအကောင်အထည်ဖော်မည်ဟု
ဆုံးဖြတ်လျက် အလုပ်ခန်းထဲ တန်းဝင်သွားလိုက်သည်မှာ
ထမင်းမေ့ ဟင်းမေ့ပင်ဖြစ်၏။
မိဘနှစ်ပါးဆုံးသွားပြီးထဲက သူတို့မောင်နှမ နှစ်ယောက်
ဘဝလည်း ကုန်းကောက်စရာမရှိအောင် မွဲသွားတယ်လို့
ပြောရင် ဘယ်သူမှ ယုံမယ်မထင်ပါ။သို့သော် ဒါတွေဟာ
တကယ်ဖြစ်ခဲ့လေသည်။အရင်ကတော့ ဒီအိမ်နှင့် ဒီခြံ
သည် သူတို့ပိုင်ဆိုင်ခဲ့တာ ဖြစ်သော်လည်း အမေတစ်
လှည့် အဖေတစ်လှည့် ကျန်းမာရေး ချိူ ့တဲ့လာတဲ့အခါ
ခမ်းမူ ရှာသမျှ ငွေနှင့်မလောက်ငှတော့၍ အိမ်ရောင်းလိုက်
ရတဲ့အထိ ပိုင်ဆိုင်တာတွေ ဆုံးရံှုးခဲ့ရသည်။
သူတို့အိမ်ကို ဝယ်လိုက်တဲ့သူတွေသည် မြတ်နိုးတို့သား
အမိပင်။နောက်ဆုံး တောင်းတောင်းပန်ပန်နှင့် သူတို့လဲ
အဆင်ပြေ ကိုယ်တွေလဲ အဆင်ပြေအောင် ပေနှစ်ဆယ်
အိမ်လေးကို ဆယ်ပေစီတစ်ကန့်ခွဲ၍ အိမ်ငှားဘဝဖြင့်နေ
ခွင့်ပေးရန် မျက်နှာငယ်လေးနှင့် တောင်းဆိုတော့မှ မြတ်နိုး
အမေ ဒေါ်ကေသီက နေခွင့်ပေးခဲ့တာဖြစ်သည်။
ဒေါ်ကေသီသည် သူ့သမီးနှင့် ငြိမ်းချမ်းမောင်အား အိုးချင်း
ထား အိုးချင်းထိ ကြိုးချင်းထား ကြိုးချင်းညိသလို အနေနီး
စပ်မှုကြောင့် သံယောဇဉ်တွယ်သွားမှာ သိပ်စိုးရိမ်သည့်
အလျောက် သူနှင့်ကင်းကင်းရှင်းရှင်းနေရန် ကြားအောင်
တစ်မျိူ း မကြားအောင်တစ်မျိူ း ဆုံးမ တတ်လေသည်။
သူကိုယ်တိုင်ကလည်း မြတ်နိုးကို သူ ဆွဲလက်စ ပန်းချီကားတစ်ချက်လောက်တောင် စိတ်မဝင်စားပါ။သူ့
မျှော်လင့်ချက်သည် တနေ့နေ့တွင် သေချာပေါက် ပန်းချီ
ဆရာ တစ်ဦးဖြစ်လာလိမ့်မယ်လ်ို့ ယုံကြည်ချက် ပင်။သို့
သော် လောလောဆယ်အခြေအနေမှာဖြင့် သူဆွဲသမျှ
ပန်းချီကားတိုင်း ပြပွဲတွင် အပယ်ခံခဲ့ရသည်။ဒါမဲ့ သူ စိတ်
မပျက်ပါဘူး။တနေ့မှာတော့ သူမျှော်လင့်ထားတဲ့အတိုင်း
ဖြစ်လာရမည်ဟု ယုံကြည်ဆဲသာ။
ခမ်းမူသည်လည်း ရင့်သန်နေသော သူ့ဝါသာနာကိုအား
ပေးသူဖြစ်ရာ အေးအေးသာသာ ပန်းချီဆွဲနိုင်ဖို့ သူမ သာ
အလုပ်ထွက်လျက် မငြီးမငြူ ရှာကျွေးလေသည်။သူ့အတွက်
ဘာမှမလို ထမင်းနှစ်နှပ်စားပြီး အပူအပင်မရှိ ပန်းချီဆွဲနိုင်
ရင် တလောကလုံးကို မေ့ထားနိုင်သည်။
တွေးချင်ရာတွေးပြီး ထိုင်ကောင်းတိုင်းထိုင်နေတာ မည်မျှ
ကြာသွားသည်မသိ။ကားသံကြား၍ ပြတင်းပေါက်နား
လှမ်းလာပြီး အပြင်ကိုခေါင်းထုတ်ကြည့်လိုက်လျှင် ညီမလေးနှင့် တခြားမိန်းခလေးတစ်ဦး စကားပြောနေကြ
တာ လှမ်းတွေ့နေရသည်။
" အမဟာကလည်း ဘာမှရေရေရာရာ မဟုတ်ပါလား "
" သေသေချာချာသိရအောင် အမ ကြိုးစားပေးပါ့မယ်……
ဟိုစပ်စလူးစိန်မကတော့ သေချာတယ် ဆရာ့ကို လိုက်
ကပ်နေတာ "
" သူ ဘယ်ကလဲ သိချင်တယ်……စုံစမ်းပေးပါ…ဒီရက်ပိုင်း
ကိုရာပြည့်ကိုကြည့်ရတာ သိပ်မလန်းဘူး……ပန်ပန့်စိတ်
ထင်တော့ တစ်ခုခုဖြစ်နေတဲ့ပုံပဲ……ကိုရာပြည့်အနား
ဘယ်သူပဲကပ်ကပ် ပန်ပန် လက်ပိုက်ကြည့်နေမှာမဟုတ်
ဘူး……ခုနက အမပြောတဲ့ နွယ်ဆိုတာကရော……"
" သူကတော့ ဘာပက်သတ်မှုမှ မရှိဘူးပြောတာပဲ……"
" ပင်လုံမှာ လာမေးတာ သူဆို "
" ဟုတ်တယ် ပန်ပန်ရဲ့……ကာယကံရှင်တွေက ဘာမှမဟ
တော့ အမစုံစမ်းရ ခက်နေတယ်……ဒါမဲ့ စိတ်ချပါ……ရ
အောင် စုံစမ်းပေးပါ့မယ် "
" သူတို့ပက်သက်မှုကို သေသေချာချာသိချင်တယ် မခမ်းမူ
ဒါမှ အန်တီ့ကိုပြောလို့ရမှာ……"
အန်တီဆိုတာ တခြားသူ မဟုတ်။ဒေါက်တာ ရာပြည့်၏
အမေ ဒေါ်ကေသီပင်။ဒေါ်ကေသီက ပန်ပန် ကို သမီး
သမီးဟု နှုတ်ဖျားလေးနဲ့ခေါ်တတ်ပြီး အက်ိုနဲ့လည်း တိုး
တိုးတိတ်တိတ် သဘောတူထားသူ ဖြစ်သည်။
" ငါ့သမီးနဲ့ ရာပြည့်နဲ့ဆို ဟော…နေနဲ့လ ရွှေနဲ့မြပဲ……
ခက်တာက အန်တီ့သား……အသက်ကဖြင့်ကြီးနေပြီ
အခုထိ ဘာမှရေရေရာရာ မရှိသေးဘူး……"
အန်တီကေသီ အဲ့လိုပြောလာတိုင်း ပန်ပန်သည် ရှက်ပြုံး
လေးဖြင့် ကျိတ်ကာပျော်နေတတ်မြဲပင်။
အက်ို့ကို ပန်ပန်သာလျှင် တနေ့ပိုင်ဆိုင်ရလိမ့်မယ်ဟု ထင်
မြင်ချက်တွေဖြင့် ပေါ့ပေါ့တန်တန် နေမိခဲ့ခြင်း၏ နောက်
ဆက်တွဲပြသာနာသည် ယခုလောက်ဆိုးဝါးမှန်းသိခဲ့ရင်
အန်တီကေသီပြောသလိုပဲ မိန်းမ မာယာသဲကိုးဖြာဟူ
သော မာယာပေါင်းသောင်းခြောက်ထောင်ကို တနေ့တစ်
မျိူ း မရိုးရအောင် ပန်ပန် ကပြခဲ့တာပေါ့။
အခါလွန်နောင်တတဲ့……သွားစမ်းပါ။ပန်ပန့် ဘဝမှာ နောင်
မှ တရမည့် နောင်တဆိုတာ အလျှင်းမရှိ။ခြေတစ်လှမ်း
နောက်ကျသွားသော်လည်း ပန်းတိုင်ဝင်ဖို့ ဖြတ်လမ်းနည်း
တွေ ပန်ပန့်မှာ အများကြီးရှိတယ်။
အကို့အနားမှာ ကပ်နေသော ဆူးငြောင့် ခလုတ်တွေကို
ငွေနဲ့ရှင်းလို့ရရင် ငွေနဲ့ရှင်းမည်။မတရားသော အကြံ
အစည် သုံးရမည်ဆိုလျှင်လည်း သုံးမည်။အရေးကြီးတာက
အကို့ကိုရဖို့ပဲ။
----------------------------------------------------------------------