book

Index 13

အခန်း(13)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔


သို့့သော် မိမိနှင့် တိုက်ဆိုင်မှုရှိနေသော သီချင်းဖြစ်နေရာ

နာကျင်နေသော နှလုံးသားနှင့် လွမ်းဖျားလွမ်းနာကျနေ

သော စိတ်တို့ကို အစဖော် နှိုးဆွလျက် ရှိနေသည်။


🎶🎶လူလိမ် လူညာကြီးပေါ့ကွာ အာရွှီးတဲ့ကိုကို🎵🎵

🎶🎶ဘာညာသာရကာသူပြောပြီးတော့🎵🎵

🎶🎶သူများအသဲကို ဒီလို အချစ်က🎵🎵 🎶🎶မိုးလောက်ကြီးတယ်လို့🎵🎵

🎶🎶ပြောတဲ့ကိုကို ပြောတဲ့ကိုကို🎵🎵


ကိုကို အာမရွှီးခဲ့ပါဘူး အသဲရာ……ဟော့ဒီ ရင်ဘတ်ကြီး

နဲ့ မဆံ့လောက်အောင်ကို ချစ်တာပါ။အသဲကို ဟိုးပင်ယံ

ထက်မှာ ပွင့်ဖူးနေတဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် ကိုကို

ရေလောင်းပေါင်းသင်ပေးချင်တာ။တကယ့်ကို နန်းထိုက်

တဲ့ တော်ဝင်ဖြစ်မှ အများရှေ့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ခေါင်း

မော့ ရင်ကော့ပြီး ဒါ ငါယူမယ့် အမျိူ းသမီးလို့ လက်မ

ထောင်ချင်တာ။


ဒေါက်တာ ဟံသာစိုးရဲ့သား သူ့အဖေလိုပဲ ဖြစ်မှာပါဆိုတဲ့

စကားလုံးတွေကို အမြစ်ကမကျန် ဆွဲနှုတ် သက်သေပြ

ချင်တာ။မင်း အမေက ဖဲဂျိူ းပါကွာ……မင်းလဲကြီးလာရင်

မင်းအမေလိုပဲ ဖြစ်မှာပါဆိုတဲ့ စကားလုံးကို MBBS ဘွဲ့

နှင့်အတူ တွန်းပ မြေလှန်နိုင်ခဲ့တဲ့ ကိုကိုက ကိုယ်လက်

ထပ်မယ့် အိမ်ထောင်ရေးတစ်ခုကို လူအများ ကဲ့ရဲ့လက်

ညှိုးထိုးမှာ မခံလိုဘူးအသဲရယ်။


ကိုကို့ရဲ့ ခံစားချက်တွေကို အသဲ နားလည်ပေးရင်ကောင်း

မယ်။


လူတစ်ယောက်ဆီမှာ စိတ်အစွဲ တစ်မျိူ းစီ ရှိတတ်ကြလေ

သည်။ကျတော့်ရဲ့ စွဲကပ်နေသော အစွဲက လူတွေ လက်

ညှိုးထိုးကဲ့ရဲ့မှာကို သေမလောက် ကြောက်တာပါပဲ။


အဆင်မပြေတဲ့မိသားစု ဆက်ဆံရေးမသာယာတဲ့ မိဘ

နှစ်ပါးကနေ ပေါက်ဖွားလာတဲ့ ကျတော်ဟာ အတွေးအ

ခေါ် အပိုင်းမှာ အနဲငယ် တစ်ဖက်သတ် ဆန်နေနိုင်ပါ

သည်။ဒါသည်လည်း ကျတော့် ခံစားချက်နှင့် ကျတော်မို့

ပါ။


ကျတော့်ရဲ့ အိမ်ထောင်ရေးသည် လူတကာ မောကြည့်ရ

်မယ့် လူတကာ အားကျရမယ့် အိမ်ထောင်ရေးပဲ ဖြစ်စေ

ရမည်။ဒါ ကျတော့် မျှော်လင့်ချက်သာ……


" ကျတော် သူနဲ့တွေ့မှ ဖြစ်မှာမို့လို့ပါ……ဖြစ်နိုင်ရင် သူ

ရှိတဲ့နေရာလေး ပြောပြပါဗျာ "


မထားသည် မိမိရှေ့တွင် ညှိုးငယ်သော မျက်နှာထားဖြင့်

ရိုကျိူ းစွာခွင့်တောင်းနေသော ရာပြည့်ကိုလဲ သနားမိသလို

မနေ့က တညလုံး အခန်းပုန်းငိုနေရှာသော မိနွယ့်ကိုလဲ

ကိုယ်ချင်းစာမိသည့် အားလျော်စွာ မည်သူ့ဘက် ရပ်ရမလဲ

စဉ်းစားမတတ်အောင် ဝေခွဲမရ ဖြစ်၍နေသည်။


" အန်တီ တကယ်မသိတာပါ……ညကတော့ တညလုံး

အခန်းအောင်း ငိုနေတာပါပဲ……မနက် အန်တီဈေးသွား

တော့ သူ့စားပွဲမှာ ဒီစာလေးပဲ တွေ့တယ် "


ပြောလဲပြော တံတွေးလဲမျိူ ချကာ မိနွယ်ပေးသွားသော

စာအား သူ့လက်ထဲ ကမ်းပေးလိုက်သည်။ကမ်းပေးစဉ်

မိနွယ် တားသွားသော စကားလုံးတွေ သတိရမိလေ၏။


" သူလာမေးရင် ဒီစာသာပေးလိုက်ပါအမေ……သမီး

ဘယ်မှာဆိုတာ သူ့ကို လုံးဝ မပြောပါနဲ့……သူ သိသွား

ရင် သမီးကိုယ်သမီး တစ်ခုခုလုပ်မိလိမ့်မယ်……အမေ့

သမီးအကြောင်း အမေအသိဆုံးပါ "


မထားသည် ရာပြည့် မသိအောင် သက်မတစ်ချက်ရှိုက်

ရင်း သူ့အနေအထားကို တစ်စေ့တစ်စောင်း အကဲခတ်

နေမိ၏။အမှန်စင်စစ် စာဆိုသည်မှာလည်း သူ ယုံအောင်

ဇာတ်လမ်းဆင်ထားခြင်းသာ။စာထဲ ရေးထားသည်ကရှင်း

၏။ဖတ်ရသူ အဖို့မှာသာ စူးခနဲ နာကျင်ရသည်။


!! သမီးကို လိုက်ရှာဖို့ မကြိုးစားပါနဲ့ အမေ……

အချိန်တန်ရင် သမီးဘာသာပြန်လာခဲ့ပါ့မယ်……

အရင်ခြူ းသက်နွယ် ပြန်ဖြစ်လာတဲ့အချိန်ထိ

အဝေးမှာ နေခွင့်ပေးပါ……… !!


သြော်……အရင်ခြူ းသက်နွယ် ပြန်ဖြစ်မှ ပြန်လာမယ်တဲ့

လား။စာအရဆို အသဲသည် သူ့ကို အင်မတန်မှ စိတ်နာ

သွားပုံပင်။


ပုန်းပါအသဲ……လုံအောင်ပုန်းပါ။ကိုကိုကလဲ အသဲကို

မတွေ့ တွေ့အောင် ရှာအုံးမှာပါ။လွယ်လွယ်ချစ်ခဲ့တဲ့

အချစ်မဟုတ်တဲ့အတွက် ကိုကို့ဘက်က လွယ်လွယ် အဆုံးသတ်စေမှာ မဟုတ်ပါဘူး။


" သူပြန်လာခဲ့ရင်ပြောပေးပါ အန်တီထား……ကျတော်

သူ့ကို မရ ရအောင် မတွေ့ တွေ့အောင် ရှာမယ်လို့ "


" ခနလေးပါဆရာ……မထားတစ်ခုလောက်ပြောပါရစေ"


ပြန်ရန် ထလိုက်သော ခြေလှမ်းတို့သည် မထားစကား

ကြောင့် တုံ့ဆိုင်းသွားကာ ခပ်လေးလေး ပြန်ထိုင်လိုက်ပါ

သည်။


" ဘယ်ဘက်ကပဲကြည့်ကြည့် မိနွယ်နဲ့ဆရာ……ရှေ့ဆက်

ဖို့ မဖြစ်နိုင်တော့ပါဘူး……"


ရှေ့ဆက်စေချင်တာပေါ့……အမေတစ်ယောက်ရဲ့ သမီး

အပေါ်ထားရှိတဲ့ မေတ္တာလေ။ဒီလို လူကောင်းလေးနဲ့

သိပ်ရှေ့ဆက်စေချင်သေးတာပေါ့။ဒါမို့လဲ ရာပြည့်အတွင်း

စိတ်ကို တီးခေါက်ကြည့်ချင်လို့ မဖြစ်နိုင်ဘူးဆိုတဲ့စကား

ကို လှလှပပ မထား သုံးခဲ့တာပေါ့။


" ဖြစ်နိုင်ပါတယ် အန်တီ……ကျတော့်ဘက်က နောက်ဆုပ်

ပေးမှာမဟုတ်ဘူး……ရှေ့ဆက်တိုးမှာပါ……မဖြစ်နိုင်ဘူး

ဆိုတာ ဘာမှမရှိပါဘူး……ဖြစ်နိုင်အောင် ကျတော့်ဘက်

က ကြိုးစားနေတဲ့အချိန်မှာ အခုလို မထင်မှတ်တာတွေ

ဖြစ်ကုန်တာပါ……နွယ့်ကိုပြောပေးပါ.…ကျတော် သူ့ကိုပဲ

လက်ထပ်ချင်တာပါလို့ ပြောပေးပါ "


မထားသည် ရာပြည့်အပြောတွေ နားထောင်အပြီးမှာ

တော့ အပျော်တွေ ထွက်အံမကျလာအောင် မနဲမျိူ ချနေ

ရသည်။မိနွယ်တော့ မပြောတတ်……မထားမှာဖြင့်

ကြွေဆင်းစရာ သူ့အပြောတွေကြောင့် ရင်ထဲတလှပ်လှပ်

ဖြင့် ဝမ်းနဲသလို လှိုက်ခါလာလေသည်။


ထွက်သွားသော ရာပြည့်ကို မထား မျက်စိ တစ်ဆုံးကြည့်

ကာ နွယ့်အတွက် ပီတိစိတ်ဖြာလျက် အခုချက်ချင်းပဲ နွယ့်

ဆီလိုက်သွားပြီး ရာပြည့်လက်ထဲ အပ်နှင်းချင်စိတ်တွေ

ပေါက်လာလေတော့သည်။


" ခုနက ဘယ်သူလာသွားတာလဲ အထား……"


" ဟယ် အကိုကြီး……အသံမပေး ဘာမပေးနဲ့……ဘယ်က

ဘယ်လို……"


" ဘာလဲ အထား……ဟော့ဒီကောင်ရောက်လာလို့ ကြည်

နူးတဲ့စိတ်တွေ လေနဲ့အတူ ပျောက်ကုန်သွားတာလား

ဒါဖြင့် အနှောင့်အယှက်ပေးမိသလိုဖြစ်သွားတဲ့ ကျူ ပ်ကို

ခွင့်လွှတ်ပေးဗျ……"


" မဟုတ်ဘူး……အကိုကြီး ထင်သလို မဟုတ်ဘူး "


" အကိုကြီးရဲ့ မျက်လုံးနှစ်ဖက် အကောင်းပကတိအတိုင်း

ရှိနေဆဲပါ အထားရယ် "


" မဟုတ်ပါဘူးဆို……အထား နှလုံးသားထဲမှာ အကိုကြီး

တစ်ယောက်ထဲရှိတာပါ……ခုနကကောင်လေးက

မိနွယ် ကောင်လေးပါ…… မိနွယ်လေ သူ့ချစ်သူနဲ့စိတ်

ကောက်ပြီး ပဲခူးရောက်နေတယ်..…အဲ့ဒါ ကောင်လေးက

လာမေးရှာတာပါ "


ဦးတင်မောင်လတ်သည် အထားမျက်နှာကို စာအုပ်တစ်

အုပ်လို ပြည့်စုံစွာ ဖတ်ပြီးသကာလ သက်ပြင်းချကာ

ယုံကြည်ပေးလိုက်ပါသည်။


" ကြည့်ပါအုံး…… အခုထိ မယုံသေးဘူးလား "


" ယုံလိုက်ပါ့မယ်လေ……တင်မောင်လတ်ဆိုတဲ့လူကြီး

ကလဲ အထားနဲ့တွေ့မှ မနေနိုင်မထိုင်နိုင်တွေ ဖြစ်ကုန်

ပြီ……ပြောပါအုံး အထားရဲ့……အကိုကြီးသဘောအရဆ်ို

မနက်ဖြန်မနက် ဇော်နဲ့အတူ အထားကို လာတောင်း

ပစ်လိုက်ချင်တာပဲ "


" နေပါအုံး အကိုကြီးရယ်……မိနွယ်ကို အရင်နေရာချပေး

ပြီးမှ အထားတို့ကိစ္စ စဉ်းစားကြတာပေါ့"


မထားသည် တတိယကြိမ်မြောက် အိမ်ထောင်ပြု ခြင်း

ကိစ္စကို အရင်ကလို အလောသုံးဆယ် မလုပ်ချင်သေးပါ။

ကိုယ်က အိမ်ထောင်ရေးကံမကောင်းခဲ့တာ ဆိုတော့

အကိုကြီးနဲ့ ထပ်ယူမယ့် အရေးကိုလည်း တွေးပူလျက်

ရင်လေးနေမိသည်။


သို့ဖြစ်၍ မိနွယ်အရေးကိုသာ မထား အာရုံစိုက်ထား

သည်။မိနွယ် ဘဝ ပူပင်ကြောင့်ကြမှုကင်းကင်းနဲ့ အေး

အေးချမ်းချမ်းလေးဖြစ်မှ ကိုယ့်အတွက် စဉ်းစားပါတော့

မယ်လေ။


---------------------------------------------------------------------

" မိနွယ်ရှိတယ်မို့လား……"

ဒီအသံကြောင့် နွယ် စိတ်ညစ်သွားသည်။ခါတိုင်းဆို အန်တီစိန်လာရင် အမေနှင့်အတူ နွယ်သည်လည်း
စိတ်လိုလက်ရဖြင့် ဆီးကြိုတတ်ကာ အန်တီစိန့်အကြိုက်
စကားလက်ဆုံ ကျပေးနေမြဲဖြစ်သည်။

" ရှိတယ်မမစိန်……"

" ဆေးခန်းရက်ချိန်းသွားပြရအုံးမယ်ဟေ့……ညက ဒူးရင်း
သီးစားတာများပြီး ကျပ်တတ်တတ်ဖြစ်နေတယ် "

မမစိန်သည် ၎င်းခန္ဓာကိုယ် ဝဝဖိုင့်ဖိုင့်ကြီးဖြင့် အင့်ခနဲ
ထိုင်ချလိုက်ပြီးလျှင် အသက်ပြင်းပြင်းမှုတ်ထုတ်ကာ ရေ
တစ်ခွက် လှမ်းတောင်းလေသောကြောင့် မထားသည်
အနောက်သို့ ခပ်သွက်သွက်ဝင်ပြီး ကြောင်အိမ်ထဲက ခွက်
သန့်သန့်တစ်လုံး ထုတ်လျက် ရေအပြည့်ထည့်ကာ အိမ်
ရှေ့ထွက်လာလေသည်။

" ဟူး……ခုမှပဲ အမောပြေတော့တယ်……မိနွယ် ဘယ်မလဲ"

" ရှိ ရှိတယ် မမစိန် "

" ရှိတယ်ဆိုခေါ်အုံး……ခနနေ သွားမယ် "

" ဟုတ် "

ဟုတ်လို့သာ ပြောရသည်။ဒေါက်တာရာပြည့်နှင့်တူ ဆေးရုံ ဆေးခန်းတွေကိုပါ စိတ်နာနေသော နွယ်သည်
အန်တီစိန်နဲ့ ရာပြည့်ရှိရာ ဆေးရုံကို လိုက်ပေးချင်စိတ်ရှိ
ပါ့မလား မထား တွေးပူနေမိသည်။မနက်က ရာပြည့်တစ်
ယောက် နွယ့်ကိုအပါခေါ်လျက် အိမ်ပြန်ပို့ပေးခဲ့သည်ဆို
သော်လည်း နွယ်သည် အရင်လို ပျော်ရွှင်ခြင်းဆိတ်သုဉ်း
ကာ ငိုင်တိုင်တိုင်ဖြစ်နေသည်မှာ မထား မျက်မြင်ဖြစ်၏။

" မိနွယ်ရေ……အိမ်ရှေ့မှာ မမစိန်ရောက်နေတယ်…ဘယ့်
နှယ်တုံး……လိုက်ချင်ရဲ့လား……အမေ ဆိုင်မထွက်ပဲ
လိုက်ပေးလိုက်ရမလား "

မထားသည် မိနွယ်အခန်းထဲသို့ဝင်လာပြီး နှစ်ကိုယ်ကြား
ကြားနိုင်လောက်တဲ့ လေသံလေးဖြင့် အသံတိတ်မေး
လိုက်လေသည်။

" ရပါတယ်……သမီးလိုက်သွားလိုက်မယ် "

" လိုက်မယ်ဆိုလဲ ရေချိူ းတော့ ..… ဟိုမယ် စောင့်နေ
တယ်……မြန်မြန်လုပ်ပြီး ထွက်ခဲ့ "

အမေထွက်သွားတာကို နွယ် မျက်စိတစ်ဆုံး လိုက်ကြည့်
ပြီးမှ သက်မ ရှိုက်ကာ ကိုကိုနဲ့မတွေ့ပါစေနဲလို့ဆုတောင်း
ရင်း ရေချိူ းရန်ပြင်ဆင်လေတော့သည်။

" ထမင်းစားသွားမလား မမစိန် "

" မစားတော့ဘူး……ညည်းကိုတိုင်ပင်စရာလေးရှိတယ်
ဆေးခန်းကအပြန် ဒီပဲပြန်လာမယ် "

" ဟုတ် မမစိန်……ဒါဖြင့် ပြန်လာမှ ထမင်းစားတော့ "

" ရပါတယ်……ထမင်းကအဓိက မဟုတ်ပါဘူး…ငါ ဝိတ်ချ
နေတယ် အထားရေ "

" ရှင် "

အန်တီစိန်ပြောစကားကြောင့် ဘေးတွင်ထိုင်နေသော
မထားရော အခန်းထဲ အဝတ်အစားလဲနေသော နွယ်ပါ
အံ့အားသင့်သွားကြသည်။

" အန်တီစိန်သွားတော့မလား "

" ပြီးရင်သွားကြတာပေါ့……ဟဲ့ အထား……ငါ့တူမ မျက်နှာ
သိပ်မကောင်းလှပါလား……ညည်း ကလေးကိုဆူထား
ပြန်ပြီလား "

" မဟုတ်ပါဘူူး အန်တီစိန်……သမီး နဲနဲနေမကောင်းချင်
သလိုဖြစ်နေလို့ "

" ဒါဆို အန်တီပြနေတဲ့ ဆရာဆီ တစ်ခါထဲဝင်ပြပါလား…
ဒီတစ်ခါတော့ သေချာမေးရတယ် မိနွယ်ရေ……အဖေ
ထိုင်လား……သားထိုင်တာလားလို့ မေးရတယ် "

" မပြတော့ပါဘူး……ဆေးသောက်ထားတယ် "

သည်လိုနှင့် နွယ်သည် အန်တီစိန်ပြောသကဲ့သို့ အဖေ
ထိုင်သလား သားထိုင်သလား အကြိမ်ကြိမ်စဉ်းစားရင်း
အဖေထိုင်ပါစေလို့ ကျိတ်ဆုတောင်းရုံမက ကိုကိုနဲ့မျက်နှာ
ချင်းဆိုင် မဆုံစေရန် ထပ်တိုး ဆုတောင်းရင်း အန်တီစိန်
ကားပေါ်သို့ စိတ်မပါလက်မပါ တက်ထိုင်လိုက်တော့သည်

ရှေ့ဆက်တိုးရင် နွယ် နာကျင်ရမှာ သိပါတယ်..…သို့သော်………

" အကို……မမနဲ့တွေ့ဖြစ်သေးလား "

ကျောင်းကို ဇော်ရောက်ရောက်ချင်းဆိုသလို မြတ်နိုးသည်
နွယ့်အကြောင်းဆီးမေးလာသဖြင့် သူ ပြုံးလိုက်သည်။ထို့
နောက် သူ့ချစ်သူလာခေါ့် ၍ ရန်ကုန်ပြန်ရောက်နေ
ကြောင်းနှင့် သူတို့အဆင်ပြေ ပြန်ကြည်သွားကြောင်းစီ
ကာပတ်ကုံး ပြောပြသောအခါ မြတ်နိုးသည် နွယ့်ထက်ပင်
ပိုပျော်နေသကဲ့သို့ ရှိ၏။

" ဒါဆို မမတော့ပျော်နေမှာပဲနော် "

" ဟုတ်မှာပေါ့ "

ဟုတ်မှာပေါ့ ဟူသော အသံသည် မတင်မကျလေသံ
ပေါက်နေ၍ မြတ်နိုး သက်ပြင်းခိုးရှိုက်လိုက်သည်။

" သြော်……ဇော်တို့က ဒီရောက်နေတာကိုး "

လွင်မေသွယ်တစ်ယောက် အခုနောက်ပိုင်း ဇော့်ထံအာရုံ
မရှိပဲ ဘာတွေအလုပ်ရှုပ်နေလဲ မသိပါ။တခြားဘက် သူမ
အာရုံရသွားတာလည်း တစ်မျိူ းတော့ကောင်းပါသည်။ခုဆ်ို
ဘယ်သူက အဖြူ ဘယ်သူကအမဲဆိုတာ ဇော်ကောင်းစွာ
အကဲခတ်တတ်ရုံမက မြတ်နိုးရဲ့အတွင်းစိတ်နေစိတ်ထား
ကို အတွင်းကျကျမြင်ခွင့်ရ၍ လွင်မေသွယ့်လောက် ဆွဲ
ဆောင်မှုမရှိသော်လည်း မြတ်နိုးကို ဇော် နှစ်လိုစိတ်ဖြစ်
လာပါသည်။

" နင် ဘယ်တွေသွားနေတာလဲ "

" ဒီလိုပဲပေါ့ ခ်ခ်……"

ဇော်နဲ့ မြတ်နိုးသည် အူးမြူ းလျက် တက်ကြွနေသော သူမ
ဆီ အကြည့်တစ်ချက်ပို့ုုပြီး ကိုယ်စီအတွေးဖြင့် ရမ်းသမ်း
ထင်မြင်ချက်ပေးနေကြသည်။ကော်ဖီတစ်ခွက်ဟေ့ဟု
သူမ လှမ်းမှာလိုက်ပြီး ကိုင်ထားဆဲဖုန်းကို အသဲအသန်
ငုံ့ကြည့်လျက် လက်ညှိုးတစ်ချောင်းဖြင့် အလုပ်များလို့နေ
သည်။Message သံတဒေါင်ဒေါင်ကို နားထောင်ရခြင်း
အားဖြင့် တစ်ဖက်လူနဲ့အပြန်အလှန် စာတွေပို့နေခြင်းဖြစ်
ပေလိမ့်မည်။

" မမအိမ်သွားရင် မြတ်နိုးကိုပါ ခေါ်ပါလား……စာအုပ်တွေ
ပြန်ပေးရင်း ထပ်ငှားချင်လို့ "

" ဒါဆို မြတ်နိုး အတန်းချိန်ပြီးတဲ့ထိ ကိုယ်စောင့်ပေးမယ်
အပြန်တစ်ခါထဲသွားမယ် "

" အယ်……အာ့ဆို အိမ်ခနဝင်အုံးမယ်နော်……စာအုပ်တွေ
က အိမ်မှာ "

" အင်းပါ……"

" ခ်ခ် "

တခစ်ခစ်ရယ်သံကြောင့် သူရော မြတ်နိုးပါ လွင်မေသွယ့်
အား ပြိုင်တူ ကြည့်ဖြစ်ကြပါသည်။သူမကတော့ ကိုင်ထား
သည့်ဖုန်းကို ကြည့်ရင်း ရယ်သံတွေ တဖြေးဖြေးကျယ်လာ
လျက် အားပါတရ သဘောကျနေပုံပင်။

မကြာခင် လွင်မေသွယ့်ဆီမှ ဖုန်းသံကြားရလေသည်။

" ဟုတ်ကဲ့ရှင့် "

".…………"

" ဟားးးး ဘယ်သူလဲ သိချင် လာတွေ့ကြည့်ပေါ့…… ကိုက်
မစားပါဘူးရှင့် ခ်ခ် "

"……………"

" သြော် ခက်ပြီ………ဒီခေတ်ကြီးထဲ ဖုန်းနံပါတ်တစ်ခုသိ
ရဖို့ဆိုတာ ငှက်ပျော်သီးအခွံနွှာစားတာထက်တောင်
လွယ်သေးတယ် သိလား "

" …………"

" ဖုန်းမချနဲ့အုံး……ပြော……ဟာ ဖုန်းချ သွားပြီ ကျစ်……
ဘယ်လိုလူလဲ မသိဘူး "

သူမသည် စိတ်ပျက်ပျက်ဖြင့် ကျစ်စုပ်သပ်ကာ ထုံးစံအ
တိုင်း message လှမ်းပို့နေပြန်သည်။ထူးဆန်းတာက
တစ်ဖက်လူရဲ့ ပြန်စာ မရတော့တာပါပဲ။စားပွဲခုံကို လက်
သီးစုပ်ဖြင့် တစ်ချက်ထုရင်း လွင်မေသွယ် မတ်တပ်ထ ရပ်
လိုက်သည်။သူမ ပါးစပ်ကလည်း တွေ့မယ် ဟု တစ်စုံ
တစ်ယောက်ကို ကျိမ်းဝါးနေလိုက်သေးသည်။

" အကြွေမပါလို့ ကော်ဖီဖိုး နင်ပဲရှင်းလိုက် "

အထက်စီးက အမိန့်ပေးသလိုအသံနှင့် မြတ်နိုးကို အုပ်မိုး
ကြည့်ပြီး ပြောလိုက်လှှျှင် ဇော်ကပါ ပေးစရာမလိုဘူးဟူ
သောသဘောဖြင့် တန်ပြန်ထပ်ဆင့်ကြည့်နေရာ မြတ်နိုး
တစ်ယောက် ခေါင်းညိတ်ရမလို ခေါင်းခါရမလိုဖြင့် ဂျောင်
ပိတ်မိနေသည်။အဆုံးတွင် ဇော်ကပဲ အလျှော့ပေးသည့်
သဘောမျိူ းဖြင့် မျက်နှာတစ်ဖက်လွှဲထားလိုက်မှ မြတ်နိုး
ဆီမှ အသံတိမ်တိမ်လေးတစ်ခု ထွက်ပေါ်လာသည်။


rate now: