book

Index 12

အခန်း(၁၂)

💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔



-----------

မြတ်နိုးသည် နွယ်ဟူသော မမကို သေသေချာချာ ကြည့်

မိသည်။တအားကြီး မလှသော်လည်း အရမ်းကို ချစ်ဖို့

ကောင်းနေသည်။ဆွဲဆောင်မှုအပြည့်ရှိသော မျက်ဝန်း

တစ်စုံနှင့် ထိုမျက်ဝန်းလေး လှပအောင် ပံ့ပိုးကူညီထား

သော မျက်ခုံးမွှေး ထူထူကြီးရှိသည်။ထူးဆန်းသည်က

ထိုမျက်ဝန်းနှစ်စုံသည် ငိုထား၍ ထင်၏။နီရဲနေရှာသည်။


" နင်ငိုထားတာလား "


" ငါ သူနဲ့ပြတ်သွားပြီ "


" ဟာ……တကယ် "


" ဟုတ်တယ်ဇော်……ငါ အားရပါးရ ပေါက်ကွဲချင်တယ်……

ငိုလို့ရမယ့်နေရာ ပို့ပေး"


ပြောရင်း နွယ် ငိုနေပြန်သည်။ငိုတယ်ဆိုရုံလေးသာ……

အသံတော့ မထွက်။ကြည့်ရတာ မြတ်နိုးကို အားနာလို့

ထင်ပါရဲ့။


ငိုလို့ရမယ့်နေရာကို ဇော် အတော်စဉ်းစားယူရသည်။

နောက်မှ အကြံရကာ မြို့ပြင်သို့ မောင်းထွက်လာဖြစ်ပါ

သည်။ကားထဲတွင် သုံးယောက်သား တိတ်ဆိတ်နေကြ

သည်။နွယ်ကတော့ အသံတိတ် ငိုနေရှာသည်။နွယ့်ထံ

မှ ဖုန်းသံကြားရသောအခါ ဇော်ရော မြတ်နိုးပါ နောက်

လှည့်ကြည့်ကြသည်။


ဒေါက်တာရာပြည့်ဆီက ဖုန်း ထင်ပါရဲ့။မကိုင်တဲ့အပြင်

ဖုန်းပါ ပိတ်လိုက်သေးသည်။နွယ် ဘယ်လောက် ပြတ်

သားတယ်ဆိုတာ ဇော် အသိဆုံးဖြစ်သည်။သီဟဝင်းနဲ့

တုံးကလဲ ဒီလိုပဲလေ။


" ဆင်း……အားရပါးရ ပေါက်ကွဲလိုက်……ဟုတ်ပြီလား

ဒီမှာ ဘယ်သူမှ မရှိဘူး……သစ်ပင်တွေပဲရှိတယ် "


ဇော်သည် နောက်ခန်းတံခါးကို သွားဖွင့်ပေးပြီး နွယ့်လက်

ကို ဆွဲလျက် ပြောလိုက်သည်။နွယ်က သစ်ပင်တွေကြား

ထဲ လမ်းလျှောက်သွားသည်။ဇော်နဲ့မြတ်နိုးသည် နွယ့်

အနောက်မှ တစ်လှမ်းချင်း လျှောက်လျက် လိုက်လာကြ

သည်။


" နဲနဲနားအူမယ် မြတ်နိုးရေ……ဂွမ်းတော့မပါဘူး……ကိုယ့်

ကားထဲမှာ နားကျပ်တော့ရှိတယ်……ယူမလား "


နွယ့် အသံနေအသံထား အကြောင်းသိသော ဇော်က

မြတ်နိုး နားမခံနိုင်မှာစိုး၍ သတိပေးလိုက်သည်။မြတ်နိုးက

ဇော့်ကို သွားများပေါ်အောင် ပြုံးပြပြီး ရပါတယ်ဟု ပြော

လေသည်။သူတို့နှစ်ယောက်သည် ငြိမ်ချက်သားကောင်း

နေသော နွယ် ဘယ်တော့များမှ ပေါက်ကွဲလာလေမလဲ

လက်ပိုက်ကြည့်နေကြသည်။


နွယ်ကတော့ အေးအေးဆေးဆေးပင်။အခုထိ ဘာတစ်ခု

မှ လှုပ်လှုပ်ရှားရှားမပြုသေးပါ။ပေါက်ကွဲ လွယ်သူတို့သည်

နာကျင်စရာအဖြစ်အပျက်တွေနှင့် ထိပ်တိုက်ရင်ဆိုင်ရ

သောအခါ တိတ်ဆတ် ငြိမ်သက်သွားကြသည်တဲ့။


နွယ်လည်းလေ……ငိုရလွန်းလို့လား မသိဘူူး။ကျစရာ

မျက်ရည်တွေ မရှိတော့ပါဘူး။


" မမ ချစ်သူနဲ့တကယ်ပြတ်သွားတာလား အက်ို "


" တကယ်ပြတ်သွားတာထင်တယ်……ဘာလို့ပြတ်တာလဲ

ကိုယ်မသိဘူး……ဒါမဲ့ သူ့ဘဲက မတရား မာနကြီးတယ်

သူ့ကို ချစ်လဲချစ်ပါတယ်……နွယ်ကလဲ စွာတေးလန်ဆို

တော့ သူတို့ကြား အဖုအထစ်လေးတွေ ရှိလို့ထင်တာပဲ"


ကိုကို့ကို စချစ်မိတဲ့အချိန်ကစပြီး နွယ် မစွာတတ်တော့တာ

ဇော်မသိပဲကိုး။ကိုကိုနဲ့ ချစ်သူဖြစ်တာ တစ်လမပြည့်သေး

သော်လည်း ကိုကို့ကိုချစ်တဲ့ နွယ့်ရဲ့ အချစ်တွေကတော့

အရမ်းကို တည်တံ့ခိုင်မာနေပါပြီလေ။


" မမက ဒီလောက်ချစ်ဖို့ကောင်းတာ……"


" ဟားးး ဟုတ်လို့လား မြတ်နိုးရ "


" တကယ်အကိုရဲ့……လှတာမဟုတ်ဘူး ချစ်ဖို့ကောင်းတာ

အတည်ပြောတာသိလား အက်ို… မြတ်နိုးတောင်မြင်မြင်

ချင်း မမကိုအရမ်းချစ်သွားတယ် ပြီးတော့…"


" အင်း ပြီးတော့ဘာဖြစ်လဲ "


မြတ်နိုးသည် ဇော့်ကို တစ်ချက်မော့ကြည့်ပြီး အမှန်

တကယ်ပြောချင်နေတဲ့ စကားလုံးကို ထိန်ချန်ထားလိုက်

သည်။


" သနားလဲ သနားတယ် "


တကယ်လဲ မြတ်နိုး မမကို မိန်းခလေးချင်း ကိုယ်ချင်းစာ

ကာ သနားမိပါသည်။ဇော်က မြတ်နိုးပြောသမျှကို ခေါင်း

ညိတ် နားထောင်အပြီးမှာတော့ နွယ့်အနား တိုးသွား

လိုက်သည်။


" ငိုချင်ငိုလေဟာ……သူ့ကို မုန်းနေတယ်မှတ်လား……ရိုက်

သတ်ပစ်ချင်နေတယ်မှတ်လား……ရော့ ငါ့က်ို ရာပြည့်လို့

သဘောထား……ထုချင်သလောက်ထု "


ဇော်သည် နွယ့်လက်တစ်ဖက်ကို ဆွဲကိုင်ပြီး သူ့ရင်ဘတ်

ကို ကော့ပေးရှာသည်။


" ငါသူ့ကိုမုန်းတာမဟုတ်ဘူးဇော်……… ငါ့ကိုယ်ငါမုန်းတာ

မတူညီတဲ့အခြေအနေတွေ……ညှိလို့မရတဲ့အဆင့်

အတန်းတွေ……မောက်မာတတ်တဲ့ သူ့အကျင့်တွေ……

အဆင့်အတန်းခွဲခြားတတ်တဲ့ သူ့ဗီဇတွေ.…… ဒါတွေ

အားလုံးသိတဲ့ငါက နှလုံးသားကိုရှေ့တန်းတင်ပြီး ရွေး

ချယ်ခဲ့မိတယ်……သူ မမှားဘူး……ငါမှားတာ ဇော်……"


" နွယ်ရယ်……"


ဇော်ကိုယ်တိုင်ပင် နွယ့်ကို မည်သို့မည်ပုံ အားပေးနှစ်သိမ့်

ရမလဲ မသိတော့ပါ။သီဟဝင်းနဲ့ လမ်းခွဲတုံးကတော့ သူ့

ကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်ဆိုပြီး ဇော့်

ရင်ဘတ်ကို နွယ့်လက်ဖြင့် တဖျန်းဖျန်း ရိုက်ခဲ့တာကို အမှတ်ရမိသည်။အခုကျ ရာပြည့်က်ို သူမ မမုန်းဘူးတဲ့။

ကိုယ့်ကို ကိုယ်ပဲ မုန်းတာတဲ့။


" နင်တို့ကြားက ပြသာနာကို ငါသေချာမသိဘူး……ဒါမဲ့

တစ်ခုလောက်တော့ပြောချင်တယ်……ညှိလို့ရ ရင်……"


" တော်ပါပြီဇော်ရယ်……သူနဲ့ငါ ဘယ်လိုမှမဖြစ်နိုင်တော့

ပါဘူး……ငါက မုန့်ဟင်းခါသည် မထားရဲ့သမီး ဖြစ်နေ

သရွေ့ သူနဲ့ငါ ရှေ့ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့ဘူး

ငါ့ဘက်က အလျှော့ပေးလို့ တွဲအုံးမယ်ပဲထား……ငါပဲ

နာကျင်ရမှာဇော်ရဲ့……သူက ငါ့ကို သူ့ချစ်သူလို့ပြောရ

မှာ ရှက်နေတာလေ "


မျက်ရည်ခမ်းသွားပြီ ထင်သော မျက်ဝန်းနှစ်စုံတွင် ရေကြည်များ ဖုံးလွှမ်းလာပြန်သည်။လေအလာတွင် မျက်

တောင်ခတ်လိုက်လေရာ မျက်ရည်များ ပါးပေါ်ဒလိမ့်

ခေါက်ကွေး စီးကျလာတော့သည်။


" တောက်စ်……မင်းကို သူ့မာနထက် ပိုမချစ်နိုင်ဘူးဆိုလဲ

ဘာလို့ ချစ်တယ်ပြောခဲ့တာလဲ ဒီလူကွာ……"


ဇော်တစ်ယောက် အဖြစ်မှန်ကို သိသွားပြီးသည့်နောက်

ရာပြည့်ကို သတ်ချင်စိတ်တွေ ပေါက်လာသည်။


" ထားလိုက်ပါဇော်ရယ်……သူ့ကိုအပြစ်မတင်ပါနဲ့…ငါ့ကို

ပဲအပြစ်တင်လိုက်ပါ……မမှီတဲ့ပန်းက်ိုမှ တုံးခုလှမ်းချင်တဲ့

ငါ့ကိုပဲ အပြစ်တင်ပါ "


နွယ် ငိုတော့ မြတ်နိုးပါ လိုက်ငိုချင်လာသည်။မမရဲ့အဖြစ်

ကိုကြားပြီး လောကတွင် ချစ်သူထက် မာနကိုပိုချစ်သော

ယောကျာ်းတွေ ရှိပါလားလို့ တွေးမိသည်။မမအဖြစ်က

သနားစရာ ကောင်းလိုက်ပါဘိ။


" ဘာမမှီတဲ့ပန်းလဲ……လူ လူချင်းပဲ……အသက်ရှုတာချင်း

အတူတူပဲ… ဘာမှမဆိုင်ဘူး "


" ဇော်………နင် ငါ့အကြောင်းသိပါတယ်……ငါ လွယ်လွယ်

ချစ်တတ်တဲ့မိန်းခလေး မဟုတ်ပါဘူး……ငါသူ့ကို

ဆရာဝန်တစ်ယောက်မို့ ချစ်ခဲ့တာလဲမဟုတ်ဘူး……ချမ်း

သာလို့တွဲခဲ့တာလဲမဟုတ်ဘူး……သူက သူဖြစ်နေလို့ကို

ချစ်ခဲ့တာ……ဒေါက်တာရာပြည့်မဟုတ်လဲ အညတျရာ

ပြည့်ဖြစ်ခဲ့ရင်တောင် ငါချစ်နေအုံးမှာ "


" နွယ်ရာ……မချစ်နဲ့ဟ……မတန်လိုက်တာကွာ "


" ဟုတ်တယ်ဇော်…နင်ပြောတာမှန်တယ်……ငါ ဒီနေ့ကစ

ပြီး ဘယ်သူ့ကိုမှ မချစ်တတ်အောင် ငါ့နှလုံးသားကို

သော့ခတ် သိမ်းထားလိုက်တော့မယ်…… ငါတွေ့ခဲ့ရ

တဲ့ အချစ်တွေအကုန်လုံးက အပေါစားတွေချည်းပဲ……

ဇာတာကိုက အပျိူ ကြီးဇာတာပါကွာ ဟားးး "


နာကျင်မှုနဲ့ထပ်တူ ရယ်လိုက်သော အသံသည် အသက်

မဲ့လွန်းလှသည်။အမြစ်တွယ် နေတဲ့ ကိုကို့အပေါ်ထားရှိ

သော သံယောဇဉ်ကို နွယ် ဘယ်လိုဖြတ်ရပါ့မလဲ။


နွယ် ကြိုးစားကြည့်ပေးပါ့မယ်။နွယ့်အတွက်တော့ မဟုတ်

ပါဘူး။ကိုကို စိတ်ချမ်းသာစေဖို့အတွက်………


အက္ခရာ


💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔


အခန်း(😎

-----------


" ဟာ ဟေ့ ဟေ့……ဒီလို ထွက်ပြေးလို့ရကြေးလား "


အသဲကိုချော့ချင်လို့ ဆေးခန်းစောစောသွားဖွင့်ပါမယ်ဆို

မှ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ အောင်ကျော်ဇော် နှင့်

တန်းတိုးလေသည်။ဒီနေ့သူ့မွေးနေ့ဆိုတာ အကုန်လုံးသိ

ထားကြသည့် အလျောက် အားလုံးသည် သူ့အား နှိပ်စက်

ဖို့ အစုလိုက် အဖွဲ့လိုက် အိမ်ကို ရောက်နေကြသည်။


" ကဲပါ သားရယ်……ဒီနေ့ ဆေးခန်းသွားမနေနဲ့တော့

သူငယ်ချင်းတွေကို Dinner လုပ်ပေးလိုက်ပါ "


ဖဲဝိုင်းသွားရန် အဆင်သင့်ဖြစ်နေသော ဒေါ်ပြည့်ပြည့်ဖြိုး

သည် သား မွေးနေ့ကို သူ့အပေါင်းအသင်းတွေ အိမ်ရောက်လာကာမှ သတိရသွားခြင်းပင်။အဲ့လောက်ထိ

ကို မိသားစုအရေး သူမ ခေါင်းတွင် ရှိနေခဲ့သည်သာ။


" Dinner ကအိမ်မှာပေးစရာမလိုပါဘူး……မဟုတ်ဘူး

လား ရာပြည့် "


ရာပြည့် ဘာမှမတတ်နိုင်တော့ပါ။စိတ်ကို ဒုံးဒုံးချလျက် တ

ဖွဲဖွဲရောက်လာသော အပေါင်းအသင်းတွေကို ပြုစုဖို့ ဟို

တယ်သို့ ခြေလှမ်းပြင်ရတော့သည်။


" Happy Birthday မေ့ သားလေး……"


မေမေသည် သူ့ပါးကို ခြေဖျားလေးထောက်လျက် မော့

နမ်းလိုက်သည်။အသက်မပါတဲ့ အနမ်းမို့လို့လား မသိ။

ပျော်ရွှင်ခြင်းတွေ ဆိပ်သုဉ်းနေလေသည်။သားတစ်

ယောက်ရဲ့ မွေးနေ့ကို တစ်နေကုန်မှ သတိရသွားတဲ့

အမေတစ်ယောက်ရဲ့ အနမ်းအတွက် သူ့ဘက်က တကူး

တက ကြည်နူးစရာ မရှိတော့ပါ။


မိသားစုထက် ဖဲချပ်တွေကို ပိုချစ်သွားသော မေမေ…

အပြင်မှာဘယ်လောက်ပွေပွေ အချိန်တန်ရင် ပိုက်ဆံသာ

ပေး……ရှင် ရှုပ်သမျှ ပြုံးပြုံးလေး မသိချင်ယောင်ဆောင်

ပေးတတ်သော မေမေ……မေမေ့ ဘဝမှာ ဖဲချပ်လောက်

ဘာမှ အရေးမပါတော့ဘူးလေ။


" ဒိုးမယ်ဟေ့……ကပ်စေးနဲကြီးဆီက ခွာရမယ်လေ "


တည်တည်တံ့တံ့ဖြစ်နေသော ရာပြည့်မျက်နှာကိုကြည့်ပြီး

မြတ်ပန်းက ဝင်ပြောလိုက်သည်။တင်းမာနေသော အခြေ

အနေတစ်ခုကနေ လွတ်မြောက်ဖို့ ရာပြည့်ကို ဆွဲခေါ်မှ

ဖြစ်တော့မည်လေ။


" ဟ……မွေးနေ့ရှင် မျက်နှာကလဲ မသာမယာနဲ့ပါလား "


အောင်ကျော်ဇော်သည် မှိုင်တိုင်တိုင်ဖြစ်နေသော သူ့

မျက်နှာကိုကြည့်ပြီး ပြောလိုက်လျှင် မြတ်ပန်းကပါ……

သူမ ကလေးကို ထမင်းခွံ့ရင်း ဝင်ပြောသည်။


" ဟုတ်သားပဲ……အန်တီနဲ့ ဖြစ်ပြန်ပြီလား "


သူတို့ လင်မယားသည် ရာပြည့်နဲ့ ငယ်ပေါင်းတွေ မဟုတ်

သော်လည်း အကြောင်းသိ မိတ်ဆွေတွေထဲတွင် ပါသည်။


" မဟုတ်ပါဘူး……"


ထိုတစ်ခွန်းထဲသာ ပြောပြီး စားစရာရှိတာ ဆက်စားနေ

လိုက်သည်။


" ဟော.…ဟိုမှာ ပန်ပန်တို့တောင်လာပြီ "


ပန်ပန်ဆိုသည်နှင့် ကျော်ဇော်တို့လင်မယားရော ကျန်တဲ့

အပေါင်းအဖော်တွေပါ လည်ပြန်ကြည့်ကြသည်။


" ဆရာ……Happy Birthday ပါနော်……ကိုသုတ ဖုန်း

ဆက်လို့……ဆရာတို့ ဒီမှာ တိုးတိုးတိတ်တိတ် dinner

ပေးနေတယ်ဆိုလို့ လိုက်လာတာ ခ်ခ် "


ရာပြည့်သည် အချွန်ဖြင့် မ လိုက်သော သုတ ဆိုတဲ့ကောင်ဆီ အကြည့်စူးစူးတစ်ချက် ပို့ပစ်သည်။ပြီးမှ

ပန်ပန်တို့ကို ထိုင်ဖို့ပြောလိုက်သည်။ပန်ပန်ဆိုတာ တခြား

လူ မဟုတ်ပါ။မျိူ းသစ်စံရဲ့ ညီမ တစ်ဝမ်းကွဲဖြစ်သည်။


သူမကလဲ ဆရာဝန် တစ်ယောက်ပါပဲ။ယူထားတဲ့လိုင်းက

ရာပြည့်နဲ့အတူတူပါပဲ။ရာပြည့်ကို စီနီယာ စီနီယာလို့

ချွဲချွဲပစ်ပစ် ခေါ်တတ်ပြီး ရေလာအောင် မြောင်းဖောက်နေ

သူလဲ ဖြစ်သည်။


" ဆရာ့အတွက်……"


" Thank you "


ဒီညအဖို့ သူ ဆေးခန်းလာဖွင့်နိုင်မယ် မထင်တော့ပေ။

သုတက မိန်းခလေးတွေရှိနေလို့ သူတို့ပြန်သွားမှ KTV

လိုက်ပို့ရမည်ဟု ရာပြည့်အား ခပ်တိုးတိုးလာပြောသော

အခါ ကနဦး စိတ်ညစ်ထားသည့်အရှိန်ကြောင့် တွေဝေ

ခြင်းအလျဉ်းမရှိပဲ လွယ်လင့်တကူ ထောက်ခံလိုက်လေ

တော့သည်။


မူးတယ်……ဒါမဲ့ အသဲကို တစ်စက်ကလေးမှ မေ့မရဘူး။

သူ့အတွေးထဲတွင် အသဲနှုတ်ဖျားက ထွက်ကျလာတဲ့

ရင့်ရင့်သီးသီးစကားလုံးတွေသာ အစဉ်နေရာယူထား

ပါတယ်။


ထိုအခိုက် လွင့်ပျံလာသော သံစဉ်သည် ဟာတာတာ

ဖြစ်နေသော နှလုံးသားကို ဒယိမ်းဒယိုင် ဆွဲရမ်းလှုပ်ခါ

သွားပြန်သည်။ပုံမှန်အနေအထားအရဆို သီဟရဲ့သီချင်း

ဆိုသံသည် အလွန်တရာမှ နားဝင်ဆိုးလှသော အသံ

တည်း။(next)...


rate now: