💝💝တိုးတိတ်ပျောက်ကွယ်သွားသောအချစ်💔💔
-----------
ဒီနေ့သည် ကိုကို့မွေးနေ့ဖြစ်သည်။မနေ့ညက စိတ်ကောက်
ထားတဲ့အရှိန်ကြောင့် မွေးနေ့ကို တမင်မေ့ပစ်ထားမည်ဟု
စိတ်ကူး မိသော်လည်း နွယ့် စိတ်ကမရ။အိပ်ယာထဲ လူး
လှိမ့်ကာ နေမထိထိုင်မသာဖြစ်နေသော နွယ့်ကို အခန်း
ပေါက်ကနေ ခေါင်းပြူ လျက် မထားကြည့်လိုက်သည်။
" သူ့ဆေးရုံလိုက်သွားပါလား မိနွယ်ရဲ့……တကယ်လဲ
ကောက်နေတာမဟုတ်ပဲ……ကိုယ့်ကိုကိုယ် နှိပ်စက်မနေ
နဲ့……လိုက်ချင်လိုက်သွား "
အမေပြောတော့ နွယ်သည် လှဲနေရာမှ ငုတ်တုတ်ထ ထိုင်
လိုက်သည်။မနေ့ညက ဆေးခန်းမှအပြန် နွယ့်ဆီ ဝင်လာ
မယ်ထင်ခဲ့တာ။အထင်နဲ့ လက်တွေ့ တက်တက်စင် လွဲခဲ့
ရပါသည်။ကိုကို ပေါ်မလာခဲ့ပါဘူး။မနက်ကျပြန်တော့
လည်း ဖုန်းတော့ဆက်ပါရဲ့။နွယ် ဘုရားရှိခိုးတဲ့အချိန်မှရွေး
ပြီး ဆက်သလား မှတ်ရတယ်။
Miss call ဝင်ထားလို့ နွယ်ချက်ချင်း ပြန်ခေါ်ပါသေး
တယ်။Operation ခန်း ဝင်နေလို့လား မသိ။ဖုန်းမကိုင်
ဘူးရယ်။
" အာ့ဆို သမီး လိုက်သွားမယ်နော် "
" အော် သွားပါဆိုအေ……"
မိနွယ်သွားမှ အကိုကြီးဆီ ဖုန်းဆက်ရမှာ။အက်ိုကြီးက
ပြောတယ်။ထား ချက်ကျွေးတဲ့ ထမင်းတစ်နပ်လောက်
တော့ စားချင်သေးရဲ့တဲ့။
" ငါဈေးသွားအုံးမယ်……ညည်းအပြင်သွားမယ်ဆို ငါပြန်
မလာသေးရင်……ဘေးအိမ် သော့ပေးထားခဲ့ "
" ဟုတ် "
နွယ်သည် အဝတ်အစား ခပ်သွက်သွက်ချွတ်ပြီး ရေချိူ းဖို့
ပြင်သည်။နွယ်ရေချိူ းချိန်တွင် အမေက ဈေးခြင်းတောင်း
ဆွဲလျက် အပြင်ထွက်သွားလေပြီ။သမီးအပျိူ လေးကို တစ်
ယောက်ထဲ ထားခဲ့ရသည်မို့ တံခါးကို အပြင်ကနေသော့
ခတ်သွားပြီး သော့အား သံဇကာအပေါက်ကနေ အိမ်ထဲ
သို့ လှမ်းပစ်လိုက်သည်။
ရေချိူ းပြီးသကာလ နွယ်သည် မိမိ မျက်နှာကို လှပကြော့
ရှင်းနေအောင် အနုစိတ်ပြင်ဆင်သည်။ဇော်ဝယ်ပေးထား
သည့် ပမ်းနုရောင် ဂါဝန်အတိုလေးကို ဖျာပေါ် ခေါက်တင်
ထားသည်။အသေးစိတ်ပြင်ဆင်ပြီးသည့်နောက် ချည်ထား
သော ဆံပင်ကို ဖြည်ချလိုက်လျှင် ကိုကိုပြောခဲ့ဖူးသော
စကားလေး သတိရသွားသည်။
" အသဲကို ကိုကိုတစ်ခုပဲတောင်းဆိုချင်တယ်……အသဲရဲ့
ဆံပင်တွေ ဘာအကြောင်းမျိူ းနဲ့မှ မညှပ်ပါနဲ့ "
နွယ်သည် ကိုကိုပြောခဲ့ဖူးသော စကားလေးကိုသတိရပြီး
ပြုံးမိ၏။အပြုံးနှင့်အတူ ရှည်လျားသော နွယ့်ဆံပင်ကို လက်
တစ်ဖက်ဖြင့် စုထွေးကိုင်ရင်း နမ်းမိသည်။
ဇော် ဝယ်ပေးသော ပမ်းနုရောင် ဂါဝန်တိုလေးကိုဝတ်
ဆင်သောအခါ ရှည်လျားသွယ်တန်းသော ခြေထောက်
နှစ်ဖက်သည် အပြစ်အနာ အဆာမရှိ ဖြူ ဖွေးချောမွေ့နေ
သဖြင့် နွယ် ကျေနပ်သွားသည်။နွယ့်ပေါင်တံလေးသည်
တုတ်တုတ်ခိုင်ခိုင်မရှိပဲ အချိူ းကျ လှပနေသည်။ပေါင်တစ်
ဝက်သာသာ ရှိသော ဂါဝန်ကို ပထမဆုံးဝတ်ဖူးသည်မို့
နွယ်နေ ရခက်နေလေရဲ့။
အိမ်ရှေ့သို့ နွယ်ထွက်လာသောအခါ အမေ ပစ်သွားခဲ့
သည့်သော့အား တက်နင်းမိလေသည်။
" အာ့မလေး "
နွယ်သည် သော့ကို ကောက်ယူပြီး ဖိနပ်အပါးလေးရွေးစီး
ကာ အပြင်ထွက်လာဖြစ်ပါသည်။ဘေးအိမ်သို့ဝင်ရန်
နွယ် သတိမရတော့ပါ။သော့ကို ယောင်ယမ်းပြီး ပိုက်ဆံ
အိတ်ထဲ နွယ် ထည့်မိခဲ့လေသည်။
နွယ်ဖြတ်လျှောက်ရာ လမ်းတစ်လျှောက်တွင် မြင်မြင်သမျှ
လူတိုင်းသည် နွယ့်အား မျက်လုံးအဝိုင်းသားဖြင့် ငေး
ကြည့်သွားကြသည်။သူတို့ကြည့်လေ ကိုယ့်စိတ် ကိုယ်
မလုံလေဖြစ်ကာ အသက်ရှုကျပ်မိသည်။
ဖြတ်တောင့်ဖြတ်ခဲ Taxi တစ်စီးကို တွေ့လိုက်ရ၍ နွယ်
ဝမ်းသာသွားသည်။
" ဘယ်သွားမှာလဲ ညီမ……"
" SSC "
" သုံးထောင်ပဲပေး "
" နှစ်ထောင့်ငါးရာပါ……သမီးသွားနေကျ……ဘယ်ကား
ငှားငှား ၂၅၀၀ ပဲပေးရတယ် "
" သုံးထောင်တော့ပေးပါဗျာ……ကားလမ်းတွေက အရင်နဲ့
တူတာမဟုတ်ဘူး……ကျပ်ပိတ်သပ်နေတာ "
လမ်းလျှောက်ရမှာထက်စာရင် ကားထဲထိုင်ပြီး လိုက်စီးရ
တာကမှ အသက်ရှုချောင်အုံးမည်။
" အင်းပါ အင်းပါ……သွားမယ် "
စိတ်မရှည်တဲ့လေသံလေးဖြင့် နွယ် ကားထဲဝင်ထိုင်လိုက်
သည်။လမ်းထိပ်ထွက်ပြီး ကားငှားလျှင် ၂၅၀၀ တင်မဟုတ်
၂၀၀၀ နဲ့တောင် ငှားလို့ရသေးသည်။သို့သော် လမ်းလျှောက်ဖို့ ဝန်လေးနေတာနဲ့ ရ ရာကားငှားလိုက်ရ
တော့သည်။
နွယ်သည် ပိုက်ဆံအိတ်ထဲက နာရီဗူးလေးကို ထုတ်ကြည့်
မိသည်။ကိုကို့အတွက် နွယ့်ရဲ့ လုပ်အားခလေးတွေစုပြီး
ဝယ်ထားတာ ဖြစ်သည်။နွယ့် စိတ်ထဲ ကိုကိုမှ သဘောကျ
ပါ့မလား တွေးမိသည်။ကိုကိုကတော့ နွယ် ဘာပေးပေး
တန်ဖိုးထားမှာ သေချာပါတယ်လေ---
SSC ထဲသို့ နွယ် ဝင်လိုက်သည်နှင့် ကိုကို့ဆီ ဖုန်းခေါ်နေ
လိုက်သည်။ဘယ်လောက်ခေါ်ခေါ် မက်ိုင်၍ နွယ် စိတ်
ပျက်လာသည်။ကောင်တာသို့ လျှောက်သွားပြီး……
" ဒေါက်တာရာပြည့် ရှိလား အမ "
" ရှင်……ဒီနေ့ ဆရာ ဆေးခန်းမထိုင်ပါဘူး……ဒီမှာလဲမရှိ
ဘူူး ညီမ………နေ့မှားလာတာလား……ဆရာက
တင်္နလာ ကြာသာပတေး စနေ ပဲ ထိုင်တာပါ "
" သြော်………ဒါဆို ဆရာ ဘယ်မှာ ရှိမလဲ မသိ "
" ခနလေးနော်……မေးကြည့်ပေးမယ် "
မေးကြည့်မယ်ဟုဆိုကာ အထဲဝင်သွားပြန်သည်။မကြာ
ခင် ပြန်ထွက်လာပြီး……
" ပင်လုံမှာ ရှိတယ်တဲ့ ညီမ "
" ဟုတ်မမ……ကျေးဇူးပါနော် "
" ရပါတယ် ညီမလေး "
နွယ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ပင်လုံဆေးရုံ
သို့ ခရီးဆက်ရပေအုံးမည်။ရ ရာ ကားတစ်စီး ငှားလျက်
ပင်လုံသို့ နွယ် ရောက်လာပြန်သည်။ကနဦးအတိုင်း
ကောင်တာသို့ သွားကာ……
" အမရေ……ဒေါက်တာရာပြည့် ရှိလား မသိ "
" Operation ခန်းထဲရောက်နေပါတယ်……ဘာကိစ္စ
ရှိလို့လဲရှင့်……"
" ဆရာနဲ့တွေ့မှ ဖြစ်မှာမို့လို့ "
" ဒါဆို ခနထိုင်စောင့်အုံးနော် "
" ဟုတ်ကဲ့ "
နွယ်သည် လူနာတွေထိုင်စောင့်သည့်နေရာတွင် ဝင်
ထိုင်လိုက်ပါသည်။ခွဲစိတ်ခန်းထဲ ဝင်နေသည်မို့ ကိုကို
နွယ့်ဖုန်းကို မကိုင်နိုင်တာလား။မဟုတ်သေးပါဘူး……
ခွဲစိတ်ခန်းဆိုတာမျိူ းက တနေကုန်ဝင်နေရတာမှ မဟုတ်
တာ။နားချိန်လေးတော့ ရှိမှာပဲလေ။
တွေးရင်းနှင့် နွယ် ငိုချင်လာသည်။မကိုင်မှန်းသိတဲ့ဖုန်းကို
အခါခါ ခေါ်နေမိသည်။မဖတ်ဖြစ်မှန်းသိတဲ့ message
တွေ အစောင်တစ်ရာမက ပို့နေမိသည်။ဇွဲရှိရှိနဲ့ နွယ်
စောင့်နေလိုက်တာ ညနေသုံးနာရီတောင် ထိုးလေပြီ။
ဗိုက်ဆာတာလဲ နွယ်မသိ ရေငတ်နေတာလဲ ထ မဝယ်
အား။ကိုကိုနဲ့လွဲသွားမှာ စိုး၍ ပေတေထိုင်နေမိသည်။
ချစ်ရတဲ့ ဒုက္ခကလဲ မလွယ်ပါလားနော်……
" ဆရာ……ဆရာနဲ့တွေ့ချင်လို့ ဧည့်သည်တစ်ယောက်
စောင့်နေပါတယ် "
နော်ခမ်းမူ စကားကြောင့် ရာပြည့် မျက်လုံးပြူ းသွားသည်။
နွယ်များလား……။
" မိန်းခလေးလား……ယောကျာ်းလေးလား "
" မိန်းခလေးရှင့်..…ဟိုမှာ ထိုင်နေတဲ့ ကောင်မလေး "
ထင်ထားတဲ့အတိုင်းပဲ နွယ်ဖြစ်နေ၍ သူ စိတ်အိုက်သွား
သည်။ခြေလှမ်းတွေကို မသိမသာ နောက်ဆုပ်လိုက်ရင်း
နွယ်မမြင်အောင် ဘယ်ဘက်သို့ ခပ်သွက်သွက် ဝေ့လျှောက်လိုက်ပြီး……
" ကျတော် ပြန်သွားပြီလို့ တစ်ချက်လောက်သွားပြောပေး
ပါ "
" ရှင် "
" အဲ့တိုင်းပဲပြောလိုက်ပါ "
ရာပြည့်သည် သက်ပြင်းတစ်ချက် ချပြီး နားနေဆောင်ထဲ
သို့ ဝင်သွားကာ အဝတ်အစား လဲလိုက်သည်။တကယ်ဆ်ို
နွယ် သူ့ဆီ လိုက်မလာသင့်ဘူး။စားပွဲပေါ်တွင် တင်ထား
သောဖုန်းကို ရာပြည့်လှမ်းယူလိုက်သည်။
Miss call ပေါင်းနှစ်ရာနီးပါးတွေ့လိုက်ရသဖြင့် သူ
စိတ်မကောင်းဖြစ်သွားသည်။နွယ်ရယ်.……ကိုကို့ကိုနား
လည်ပေးပါ။နွယ်နဲ့ လူသိရှင်ကြား တွဲဖို့ ကိုကို့ဘက်က
မဖြစ်နိုင်သေးဘူး။
ဒီအချိန်မှာ နွယ့်ဆီ ဖုန်းဆက်လိုက်လျှင် သူ ဘယ်လိုမှ
ရှောင်တိမ်းရမှာမဟုတ်။ထို့ကြောင့် ဆေးခန်းရောက်မှပဲ
နွယ့်ကို ချော့တော့မည် ဟု စိတ်ကူးလျက် အနောက်
ပေါက်ကနေ လစ်ထွက်လာခဲ့တော့သည်။
ကားအနားဆီသို့ သူ တစ်လှမ်းချင်း လှျှောက်လာဖြစ်
သည်။
" ဒေါက်တာ ရာပြည့် "
" ဟင် အသဲ "
သွားပြီ။နွယ်သည် သူ ပြန်သွားပြီလို့ ဆရာမလေး လာ
ပြောတာကို မယုံသောကြောင့် ဆရာဝန်ကားများသာ
ရပ်ရန်ဆိုတဲ့ ဆိုင်းဘုဒ်အနားသွားပြီး သူ့ကားရှိ မရှိ
ကြည့်မိသည်။သူ့ကား ရပ်ထားတာ တွေ့သဖြင့် အံ့သြ
စိတ်လဲဖြစ်မိသည်။ညာရက်တဲ့အတွက် စိတ်မကောင်းလဲ
ဖြစ်မိသည်။ကိုယ်က သူ့အတွက် ဘာမှမဟုတ်သေးမှန်း
သိလိုက်ရ၍ ဝမ်းလဲနဲမိသည်။
" ကျမကိုရှောင်ပြေးစရာမလိုပါဘူး……ရှင့်ပါးစပ်က သွား
တော့လို့ တစ်ခွန်းပြောရင် ထွက်သွားမယ့် လူပါ……အခု
တော့……ဘာမပြောညာမပြောနဲ့ လူကို တစေၦသရဲလို
ပုန်းနေတာ ဘာအထာလဲ "
" ကိုကို..…"
" ရပြီ……ကျမက ရှင့်အတွက် ဘာမှအရေးမပါတဲ့လူတစ်
ယောက်မှန်း သိလိုက်ရပြီ "
ရာပြည့်သည် ဘယ်ကနေ ဘယ်လို စ ရှင်းပြရမလဲ အစ
ရှာရခက်နေခဲ့သည်။နွယ် ထင်သလိုမဟုတ်ပေမယ့် နွယ်
ပြောတာ မှန်နေသဖြင့် သူ ခေါင်းမဖော်ရဲနိုင်ဖြစ်နေသည်။
နွယ်ရယ် ကိုကိုတောင်းပန်ပါတယ်လို့ စိတ်ထဲက အကြိမ်
ကြိမ်ပြောမိသော်လည်း တကယ့်လက်တွေ့ကျ နှုတ်လေး
နေခဲ့သည်။
" ဆရာ……"
နော်ခမ်းမူ ရောက်လာသဖြင့် ရာပြည့် သည် ပျက်နေသော
မျက်နှာကို ချက်ချင်းတည်လိုက်သည်။နွယ်ကလဲ သူတို့ကို
ကျောပေးရပ်ရင်း ကျနေဆဲမျက်ရည်များကို လက်ဖမိုးဖြင့်
ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ ပိုက်ဆံအိတ်ထဲက နာရီဗူးကို
သူ့ကားခေါင်းပေါ်တင်ထားလိုက်ပြီး နွယ် ထွက်လာခဲ့
တော့လေသည်။
" သူနဲ့တွေ့သွားပြီလား……အားနာလိုက်တာ "
နော်ခမ်းမူသည် ထွက်သွားသော နွယ့်ပုံရိပ်ကို လှမ်းမြင်
ပြီး အားနာစိတ်နှင့် ရေ ရွတ်မိပါသည်။
" ရပါတယ် ဘာမှမဖြစ်ပါဘူး "
ဘာမှမဖြစ်ဘူးဟုပြောလာသော ဒေါက်တာရာပြည့်မျက်
နှာကို သူမ အကဲခတ်ကြည့်မိသည်။ပြီးလျှင် ဆရာပြန်သွား
ပြီလို့ပြောခဲ့တုံးက မျက်ရည်အဝိုင်းသားဖြစ်သွားရှာသော
ကောင်မလေး၏ မျက်နှာကို ပြန်မြင်ယောင်မိကာ သူတို့
နှစ်ယောက်ရဲ့ ပက်သတ်မှုအား မဝံ့မရဲ ကောက်ချက်ချ
နေမိပါသည်။
" ဟုတ်……ဆရာ့ ဖိုင်တွဲတွေ ကျန်ခဲ့လို့ "
" ဟုတ်သားပဲ……"
ရာပြည့်သည် ခမ်းမူကမ်းပေးသော ဖိုင်တွဲကို လှမ်းယူပြီး
လှည့်ထွက်လာဖြစ်ပါသည်။ကားနားတွင် နွယ် မရှိတော့
ပါ။သို့သော် နွယ်တင်ထားပေးခဲ့သော ဗူးလေးကတော့
ရာပြည့်ကို လွမ်းမောစွာ ဆီးကြိုနေသလိုလို……။
ဗူးလေးကို ရာပြည့်လှမ်းယူပြီး ကားထဲဝင်ထိုင်လိုက်ပါ
သည်။နွယ်ပေးသွားသော သူ့အတွက်မွေးနေ့လက်ဆောင်
ကို ဖွင့်ကြည့်ဖြစ်လျှင် သူ့ရင်ထဲ အပ်နဲ့ထိုးသလို တဆစ်
ဆစ်နာကျင်သွားရပြီ။
!! ကိုကို့အတွက်………
ဒီနာရီလေးကိုပတ်တဲ့အချိန်တိုင်း
နွယ့်ကို သတိရပေးရမယ်နော်
ကိုကို့ကို အများကြီး အားကြီး
ချစ်တဲ့ နွယ် !!
နာရီဗူးလေးပေါ်က ကပ်ထားသော စာလေးသည် သူ့
ရဲ့ရင်ကို လှံတစ်ရာနှင့်ထိုးသလို အင်မတန်မှ နာကျင်ရ
ပါသည်။
နွယ်ရယ်………ကိုကိုတောင်းပန်ပါတယ်။ကိုကို့ကို ရှင်းပြ
ခွင့်လေးပေးပါ။
နွယ့်ကို သေမတတ်ချစ်တဲ့ အချစ်တွေကတစ်ဖက် ပတ်ဝန်း
ကျင်က လက်ညှိုးထိုးကဲ့ရဲ့မှာစိုး၍ လူသိရှင်ကြား မတွဲလို
သေးသော ဆန္ဒက တစ်ဖက်ဖြင့် ရာပြည့်မှာ ခေါင်းမီး
တောက်လို့နေသည်။
သူ့အခက်အခဲတွေကို နွယ် နားလည်ပေးရင် ကောင်း
မည်။နွယ်ရယ်……မင်းကို အရာအားလုံးထက်ပိုချစ်ပေမယ့်
ကိုယ့်စိတ်ကိုယ် မပြတ်သားနိုင်ဘူးဖြစ်နေတယ်ကွာ……
---------------------------------------------------------------------
" နင် ဘယ်မှာလဲဇော် "
"…"
" ငါ့ကို လာခေါ်ပေ"
" …"
" ငါအခု ပင်လုံဆေးရုံအနားမှာ……စောင့်နေမယ် "
ငိုသံကြီးနဲ့ဖုန်းဆက်လာသော နွယ့်အသံကြောင့် ဇော်
ပြာယာခတ်သွားသည်။မြတ်နိုးကိုလည်း အားနာစိတ်
ဖြင့် ကြည့်ကာ……
" မြတ်နိုးရယ်……အားနာလိုက်တာ..…နွယ် တစ်ခုခုဖြစ်
နေတယ်ထင်တယ်……"
" သွားပါအကိုရဲ့……မြတ်နိုးက ရပါတယ် "
မြတ်နိုး အမေဆုံးတာ ဒီနေ့လေးနှစ်ပြည့်တဲ့။ဘုရားသွား
ပြီး ကုသိုလ်ကောင်းမှု လုပ်ချင်တယ်ဆိုလို့ ဇော် အဖော်
လိုက်ပေးခဲ့တာ။အခုဖြင့် ဘုရားတောင်မရောက်သေး။
နွယ် လှမ်းခေါ်လို့ မဖြစ်မနေ ဇော် သွားရတော့မည်။
" ဒီလိုလုပ်ပါလား……မြတ်နိုးပါတစ်ခါထဲလိုက်ခဲ့လေ……
နွယ်နဲ့လည်း မိတ်ဆက်ပေးရင်း "
" ရတယ်လေ……မြတ်နိုး လိုက်ခဲ့မယ် "
နွယ် ဟူသောမမကို မြတ်နိုး မြင်ဖူးချင်တာ ကြာပြီလေ။
အခုတော့ အတော်ပဲ ဖြစ်သွားပြီ။
ဒီလိုနဲ့ ဘုရားသို့ဦးတည်နေသော လမ်းကြောင်းပြောင်း
ပြီး ပင်လုံဆေးရုံသို့ မောင်းနှင်လာဖြစ်ပါသည်။ဇော်
ဘယ်လောက်စိတ်ပူပြီး ပြာယာခတ်နေလဲဆိုတာ
ကီလိုခြောက်ဆယ်ထက်ကျော်နေသော မောင်းနှုန်းကို
ကြည့်ရင် သိနိုင်ပေသည်။
ပင်လုံဆေးရုံနားရောက်လျှင် နွယ့်ဆီ ဖုန်းခေါ်လိုက်
သည်။
" ငါ ရောက်နေပြီ……နင် ဘယ်နားမှာလဲ……အော်……
တွေ့ပြီ တွေ့ပြီ……အာ့မှာစောင့်နေ ငါလာပြီ "
နွယ်သည် လမ်းဘေးပလပ်ဖောင်းတွင် ငုတ်တုတ်လေး
ထိုင်စောင့်နေသည်။ဇော့်ကားကို မြင်မှ မတ်တပ်ထရပ်
လိုက်သည်။ကားရပ်သည်နှင့် မြတ်နိုးက ကားပေါ်မှဆင်း
ရန် တံခါးဖွင့်လိုက်သည်။အနောက်ခန်းမှာ ပြောင်းထိုင်
မယ် စိတ်ကူးနဲ့ပါ။
" မဆင်းနဲ့ညီမလေး……အနောက်မှာပဲ ထိုင်လိုက်မယ်"(next)